Arc 3.5
အခန်း(၂၆) ရှမ်းရိပင်းဘဝ+
အိမ်ပြန်ရောက်တော့ ကျိူးယွင်ရှန့်သူ့အဖေကို စားသောက်ပွဲကအကြောင်းနဲ့အဖြစ်အပျက်တွေကိုပြန်ပြောပြလိုက်သည်။
"မင်း အိမ်ရှေ့မင်းသား ရဲ့ မျက်လုံးထဲဝင်သွားလိမ့်မယ်လို့ ငါထင်တောင်မထင်ဘူး။ မင်းအတော်ကံကောင်းတယ်ဒီနှစ်တွေမှာ ထိုက်စစ်တျန့်ရှ ရဲ့စိတ်ကအမြဲလိုခက်ထန်နေတာ။ သူစိတ်ကြည်တဲ့အချိန်ကရှားတယ်'' ရှမ်းသခင်ကြီးက မုတ်ဆိတ်သပ်ရင်းတွေးတွေးဆဆပြောသည်။ သူ့စိတ်ထဲမှာတော့ သားအတွက်အတော်စိုးရိမ်နေ၏။ မင်းသားကစိတ်လွှတ်လေ့ရှိပြီး ဒီနှစ်တွေမှာ နန်းတွင်းအမှုထမ်းတွေကို အမှိုက်လိုသဘောထားဆက်ဆံနေတာ။ သူ့သားကလမ်းဆုံးကိုလျှောက်နေတာပဲ။
ကျိူးယွင်ရှန့်ကလည်းသူ့အဖေအတွေးကိုသိသည်။ ''သားအမှတ်တမဲ့ အိမ်ရှေ့မင်းသား ကိုစိတ်ဆိုးအောင်လုပ်မိတုန်းက သတ္တမ မင်းသားက ထိုင်ကြည့်နေတာ။ သူ့မျက်နှာကပျော်နေတယ်လို့တောင်ပြောလို့ရတယ်။ အဖေမြင်ပြီလား ။ သတ္တမ မင်းသားက သားတို့နဲ့ မဟာမိတ်မဟုတ်ဘူး''
ရှမ်းသခင်ကြီး၏မျက်လုံးများက မည်းမှောင်နေပြီး သူနှုတ်ဆိတ်နေလေသည်။
ကျိူးယွင်ရှန့်အခန်းကိုပြန်ရောက်တော့ အစေခံတွေကို သူ့ကိုမနှောက်ယှက်ဖို့သတိပေးပြီး ဖယောင်းတိုင်ရှေ့မှာထိုင်ပြီး တရားထိုင်လိုက်သည်။ သူအများကြီးဝင်စားခဲ့ဖူးတယ်အဲ့ထဲမှာ သူက မကောင်းဆိုးဝါးမှော်ပညာရှင်လည်း ဖြစ်ခဲ့ဖူးတယ်။ သူ့ရဲ့သိုင်းပညာကမြင့်မားရုံမကဆေးပညာကလည်းလောကမှာ ပြိုင်ဖက်မရှိဘူး။ မင်းသားရဲ့ကိုယ်ပေါ်ကဆေးအနံ့ ကအရမ်းပြင်းသည်။ သူဆေးကိုနေ့တိုင်းသောက်နေပုံရသည်။
အဲ့ဒီဆေးနံမည်က ဟန်ရှစ်စန်း လို့ခေါ်ပြီး ငါးကျောက်တုံးမှုန့်လို့နံမည်ကြီးသည်။သောက်ပြီးရင်စိတ်ရွှင်စေသည်။
ပုံမှန်အားဖြင့်တော့ အူရောင်ငန်းဖျားရောဂါအတွက်ကုသပြီး အသက်ကယ်ဆေးဖြစ်သည်။ သင့်တော်သည့်ပမာဏသာအသုံးပြုမည်ဆိုပါက အူရောင်ငန်းဖျားရောဂါကိုပျောက်ကင်းစေပြီးဆေးများပါက အဆိပ်ဖြစ်သွားနိုင်သည်။+
ဟန်ရှစ်စန်း ကိုသောက်တာက အဖျားကြီးစေသည်။ အပူချိန်အမြန်ကျအောင်မလုပ်နိုင်ပါကသေနိုင်သည်။ အပူကျအောင်လုပ်ရမည့်နည်းများက ထမင်းအေးစားခြင်း၊အဝတ်ပါးဝတ်ခြင်း၊အေးသည့်ကုတင်ပေါ်တွင်အိပ်စက်ခြင်း၊ရေအေးချိူးခြင်း စသည်အေးစေသည့်နည်းမှန်သမျှသုံးရသည်။ ခန္ဓာကိုယ်ကို အရမ်းပူစေလို့မဖြင့်ထိုအထဲတွင်သေရည်သောက်သုံးခြင်းပါဝင်ပြီး အထူးသဖြင့်ဝိုင်နွေးနွေးများဖြစ်သည်။ အရက်မူးနေသည့်အခြေအနေက အပူကိုပိုပြန့်နှံ့စေနိုင်သည်။
ဆေးအကြာကြီးသုံးပြီးရင်ပြောင်းလဲမှုတွေဖြစ်လာပြီးဒေါသကြီးခြင်းကလည်း ဆိုးကျိူးတစ်ခုဖြစ်သည်။ အပူချိန်များသည့်အတွက်ခန္ဓာကိုယ်ကအလွယ်တကူလည်းဒဏ်ရာရနိုင်သည်။ ဒါကြောင့်နူးညံ့သည့်အဝတ်ပါးများလိုအပ်ပြီး အဝတ်သစ်ဝတ်လို့မရပေ။ အဝတ်တွေကချောင်ချိပြီးနေလို့ကောင်းရမည်။ခြေဖဝါးအနာရမှုမှကာကွယ်ရန်ဖိနပ်ကိုလည်း ပိတ်သားနုနုဖြင့်ချူပ်သည့်ဖိနပ်ကိုသာစီးရမည်။
ဒါကြောင့်အိမ်ရှေ့မင်းသား ရုတ်တရပ်စိတ်ကြီးလာရတာကဘေးထွက်ဆိုးကျိုးကြောင့်ပဲ။+
ဒါကိုတွေ့ပြီး ကျိူးယွင်ရှန့်007နဲ့ ဟန်ရှစ်စန်း ကိုရှာလိုက်သည်။ ခဏကြာပြီးတော့ သက်ပြင်းချလိုက်သည်။ ကျိူးမင်းဆက်မှာ ဟန်ရှစ်စန်းဆေးမရှိဘူး။မှောင်ခိုဈေးကွက်ကလာတာလည်း မဟုတ်သလို ဒီခေတ်မှာရှိကိုးမရှိနေတာ ။ ဒီတိုင်းပြည်မှာ ဒီဆေးသုံးတာ အိမ်ရှေ့မင်းသား တစ်ယောက်ပဲရှိမယ်။
ဒီလက်သည်ကဘယ်သူဖြစ်မလဲဆိုတာကတော့ ကျိူးယွင်ရှန့်တွေးစရာတောင်မလိုဘူး။
အိမ်ရှေ့မင်းသားက အသက်၂၇။ အရွယ်ကောင်းပဲ။ ထျန်းချန်မင်းကြီးက ကျန်းမာနေတယ်ဆိုပေမယ့်သက်တော်၆၅ရှိပြီ။ ဒီရှေးခေတ်မှာ အတော်အသက်ရှည်တယ်လို့ပြောရမယ်။ သူလည်းမကြာခင်ဂျော်ဒန်မြစ်ကိုဖြတ်ရမှာပဲ။ ထျန်းချန်မင်းကြီးက အိမ်ရှေ့မင်းသား ကိုအမြဲတမ်းချစ်တယ်။ မင်းသားကလည်း အုပ်ချူပ်ရေးနဲ့ ပတ်သက်ပြီး ပါရမီရုံမက အားလုံးမှာ ပါရမီပါပြီးသား။ အစောကြီးကတည်းက မင်းကြီးနဲ့အမတ်တွေရဲ့ထောက်ခံမှုကိုရထားတယ်။
ဒီလို ဆက်ခံသူကောင်းတစ်ယောက်ကို ဘယ်သူကမကျေနပ်ပဲနေပါ့မလဲ။ မင်းသားသာ ပြန်ကောင်းသွားရင်ထီးနန်းပြန်ရဖို့ကမခက်ခဲဘူး။ တစ်ယောက်ယောက်က မင်းသားရဲ့အပြင်ဖက်ကို ဖြိုဖျက်လို့မရတော့ အတွင်းဖက်ကနေဖျက်ဆီးဖို့လုပ်တာပဲ။
ဒီလုပ်ရပ်က သိပ်ပညာသားပါတာတော့ သူဝန်ခံတယ်။ ခွန်အားအကြီးဆုံးရန်သူကို စစ်သည်တစ်ယောက်မသုံးပဲ သတ်တာ။+
ဇာတ်လိုက်မိန်းကလေးကဆေးဝိညာဉ်နယ်မြေနဲ့ ဝိညာဉ်စမ်းရေ ရှိတော့ ဟန်ရှစ်စန်း က ရှဲ့ယွိရို နဲ့ သတ္တမမင်းသား လက်ချက်ပဲဖြစ်မှာ။ သူတို့က အိမ်ရှေ့မင်းသားကိုဖျက်ဆီးချင်ရင်ကျိူးယွင်ရှန့်ကသူတို့အကြံအစည်ကိုဖျက်ဆီးပြီး အိမ်ရှေ့မင်းသား ကိုနန်းတင်ပေးလိုက်မည်။
ဆုံးဖြတ်ပြီးနောက်ကျိူးယွင်ရှန့်ဖယောင်းမီးမှုတ်ပြီး အိပ်လိုက်သည်။
~~~~~~~~~~~~~~~~
အိမ်ရှေ့မင်းသားက ဂုဏ်ထူးဆောင်လေးဟာ အရမ်းကိုစိတ်ဝင်စားစရာကောင်းသည်ဟုထင်သည်။ သူဟာ လှရုံမကဘူးသတ္တိလည်းမခေဘူး။ သူ့ရဲ့မကြောက်မလန့်တဲ့အမူအရာက မင်းသားနဲ့ အဆင်ပြေတယ်။
"ထိုက်စစ်တျန့်ရှ ၊မေးစရာရှိပါသေးလား'' ကျိူးယွင်ရှန့်'ပြောင်းလဲခြင်းဝိသေသ'စာအုပ်ကို ကိုင်ရင်း ဦးညွှတ်လျှက်မေးလိုက်သည်။
မင်းသားက စာနားထောင်နေပုံရသော်လည်း အမှန်က ဖွင့်ချည်ပိတ်ချည်လှုပ်ရှားနေသည့်ပန်းနုရောင်နှုတ်ခမ်းလွှာများကိုသာငေးကြည့်နေခြင်းဖြစ်သည်။ မက်မွန်ဝတ်လွှာမျက်ဝန်းအစုံတို့ သူ့ဆီကိုရောက်မှ အသိပြန်ဝင်လာပြီး လက်ကိုဝေ့ရမ်းလိုက်သည်။ ''ဟင်အင်း ၊ ထိုင်အုန်း ။ ကိုယ်တော်လေ့ကျင့်ဖို့ ကူညီပေးအုန်း''4
ခဏကြာအတူစကားပြော စာဖတ်ပြီးနောက်သူတို့အရမ်းရင်းနှီးလာကြသည်။ ကျိူးယွင်ရှန့်ထိုင်ချပြီး မင်းသားအတွက်မင်သွေးပေးလိုက်သည်။ မင်းသားက အရင်က တစ်ဝက်လက်ရေးဆက်ရေးနည်းကိုရေးခဲ့သည်။ ဒါပေမယ့်လွန်ခဲ့တဲ့သုံးနှစ်ကစပြီး လက်ရေးဆက်နည်း သို့လုံးလုံးကူးပြောင်းခဲ့သည်။ ထိုနည်းကရေးသားရန်အခက်ဆုံးနည်းဖြစ်သည်။
သူမှာ သာလွန်ထူးခြားတဲ့ အရည်အချင်း ရှိတာကြောင့်လအနည်းငယ်အတွင်းမှာ လုံးဝကျွမ်းကျင်သွားသည်။+
ကျိူးယွင်ရှန့်မင်းသား၏ လက်ရေးကိုကြည့်လိုက်သည်။ သူ့လက်ရေးက အားပါပြီး လျင်မြန်သည်။ စာလုံးများက လျင်မြန်စွာစာရွက်ပေါ်တွင်စီးဆင်းသွားကြသည်။
'ဆုံးရှုံးခဲ့ရတာ များခဲ့ပြီပေါ့
အိုး...တွေ့ခဲ့ဆုံခဲ့ရတဲ့ရောင်းရင်းအပေါင်းမိတ်ဆွေကောင်းတို့ပျောက်ကွယ်ခဲ့ပါပြီကော
အခုတော့ ဘယ်လောက်ကျန်ပါသေးရဲ့လဲ
လန်ပေါင်းသုံးထောင်ဆံဖြူခေါင်းနဲ့ ကြိုးပေးသော်အချည်းနှီး
တစ်လောကလုံးကို ဟားတိုက်မိပါရဲ့။
ဘာများကျန်ပါသေးရဲ့လားလို့ မင်းမေးရင်ကျူပ်ကိုအားပေးရာကျနိုင်ပါ့မလား
စိမ့်ညို့ညို့တောင်ပြာတန်းမှာ ညှို့အားရှိတာမြင်ရတော့
ကျူပ်ကိုလည်း နည်းတူ မြင်ကြဖို့မျှော်လင့်မိရဲ့
စိတ်ထဲကရော အပြင်ပန်းကရော
ကျူပ်တို့ ဆင်တူကြတယ်။
ခွက်ကိုကိုင်ရင်း အရှေ့ရပ်ကပြတင်းရှေ့ခေါင်းမူထားမိတယ်
တာအိုယွမ်ရင်း သူ့ရဲ့ 'တုန့်ဆိုင်းမိုးတိမ်'ကိုအပြီးသတ်ပြီးပြီထင်ရဲ့
ကျူပ်လည်း အဲ့လိုပါပဲ။
ရန်ဇီတောင်ပိုင်းက အကျိူးအတွက်သာသောက်သုံးကြသူတွေ
သူတို့ဘယ်လို နှစ်ချိူ့ဝိုင်ကိုသောက်ဖူးပါ့မလဲ။
လေကိုတိုးလျှိူးပြီး တိမ်တွေကို ရွက်လွင့်စေတယ်
ဘိုးဘေးတွေကို မတွေ့ရလို့နောင်တမရဘူး
ဒါပေမယ့်ဘိုးဘေးတွေက ကျူပ်ရဲ့ကြမ်းကြုတ်မှုကို မမြင်နိုင်တော့ဘူး။
ကျူပ်ကိုနားလည်ကြတဲ့လူတွေ
သုံးလေးယောက်ထက်မပိုပါဘူး။ '
[မူရင်း ကဗျာက Xin Qijiရေးတဲ့ 'congratulating the bridegroomပါတဲ့။ ICကတော့ ရွှီးဖြန်းပြီး ပြန်ရေးထားတာပါ -,-]
ဘိုးဘေးတွေကိုမမြင်ရလို့နောင်တမရဘူး။ ဘိုးဘေးတွေကတော့ ကျူပ်ရဲ့ကြမ်းကြုတ်မှုကိုမမြင်နိုင်တော့ဘူး။ ကျိူးယွင်ရှန့်ထိုစားသားကို ပြန်ရွတ်ဆိုမိပြီး အိမ်ရှေ့မင်းသားကိုကြည့်လိုက်စဉ်နားထင်နားမှ အရွယ်မတိုင်ခင်ဖြူစပြုနေသည့်ဆံဖြူစတစ်ချိူ့ကိုမြင်လိုက်ရသည်။ ဒီကဗျာမျိူးကိုတောင်အရမ်းလှတဲ့လက်ရေးနဲ့ရေးနိုင်တာ။ မင်းသားမှာ ဒီလို သရဲတစ္ဆေလိုရုပ်မျိူးရှိမနေသင့်ဘူး။1
မင်းသားက စုတ်တံကိုချလိုက်ပြီးတော့ရေသောက်ရန်ခွက်ကိုလှမ်းလိုက်သည်။ ကျိူးယွင်ရှန့်သည်းမခံနိုင်တော့ပဲ သူ့စိတ်ထဲကစကားကိုထုတ်ပြောလိုက်သည်''ထိုက်စစ်တျန့်ရှ အခုလိုဆက်နေသွားလို့မဖြစ်ပါဘူး''
မင်းသားက စိတ်မဆိုးပဲ သူ့ကိုကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလေသည်။
ကျိူးယွင်ရှန့်ဆက်ပြောလိုက်သည်''ကျေးဇူးပြုပြီး ထိုက်စစ်တျန့်ရှ ခွင့်လွှတ်ပေးပါ။ အရှင့်အမှုထမ်းငယ်အရှင့်ရဲ့ဆေးကိုခေတ္တငှါးရမ်းလိုပါတယ်''
"ဘာလဲ။မောင်မင်းလည်းသောက်ကြည့်ချင်လို့လား'' မင်းသားက ခွက်ကိုချပြီး မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ တစ်စုံတစ်ယောက်ကသူ့ရဲ့ နတ်ဆေးကိုတပ်မက်လာရင်သူထိုလူကိုချက်ချင်းခေါင်းဖြတ်ပစ်မည်။ ဒါပေမယ့်လည်း လိုချင်တဲ့လူက သူ့ရဲ့ဂုဏ်ထူးဆောင်လေးဖြစ်နေတော့ဒေါသတောင်မထွက်ရက်ဘူး။
"မဟုတ်ပါဘူး။ ကျွန်တော်မျိူးသာသောက်သုံးလိုရင်အခုချိန်ထိစောင့်မနေပဲ ကိုယ်ဘာကိုယ်ဖော်စပ်လိုက်မှာပါ''
"မောင်မင်း ဘယ်လိုလုပ်မှာလဲ။ ဒီဆေးအညွှန်းကိုလူတစ်ယောက်ပဲသိတာ''
မင်းသားမှာ သာလွန်သည့်အရည်အချင်း နှင့်ရုပ်ရည်ရှိပါသော်လည်း အရာတစ်ခုကသူ့ကိုအမြဲစိတ်အနှောက်အယှက်ပေးသည်။ ထိုအရာက ချူချာလွန်းသည့်ခန္ဓာကိုယ်ပင်။ဆောင်းတွင်းကာလတစ်လျှောက်လုံး ပြင်းထန်သည့်ချောင်းဆိုးဝေဒနာကို ခံစားရသည်။ ဒါပေမယ့်ကံကောင်းစွာနဲ့ပဲ တစ်နေ့သူ့အမဲလိုက်သွားတော့ အဖိုးအိုတစ်ယောက်ကိုကယ်လိုက်ပြီး အဲ့ဒီအဖိုးအိုက အသက်ကယ်ဆေးကိုပေးခဲ့သည်။ ငါးနှစ်ကြာပြီးနောက်မှာ သူ့ရောဂါလည်းပျောက်သွားခဲ့သည်။+
ထိုအဖိုးကြီးကတော့ မင်းသားသူ့ကိုလအတော်ကြာကယ်တင်ထားသော်လည်း အခြားဒဏ်ရာနှင့်သေသွားသည်။ဆေးကိုအခြားလူတွေနဲ့ စမ်းကြည့်တော့ အကျိူးထူးတာလည်းမြင်ရသည်။
မင်းသားကလည်း သူ့ရဲ့ချူချာတဲ့ခန္ဓာနဲ့ ပလ္လင်မှာထိုင်ဖို့ခက်ခဲမှန်းသိသည်။ သူ လူဆယ်ယောက်ထက်မက အဲ့ဒီဆေးကိုစမ်းသပ်ကြည့်သည်။ သူတို့ခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ သန်မာလာတာမြင်ရတော့ သူမယုံတော့ပဲဘယ်နေပါတော့မလဲ။ဆေးကို လွန်ခဲ့သော သုံးနှစ်ကတည်းက အသုံးပြုခဲ့တာကြောင့်ဆေးစွဲနေပြီးဖြတ်မရတော့ပေ။
ပြောရရင်ထိုဆေးကအဆိပ်ဟုဆိုသော်လည်း အမှန်တကယ်အသက်ကယ်ဆယ်လည်းဖြစ်သည်။သောက်ပြီးတာနဲ့ ခန္ဓာကိုယ်က ပူလာပြီး ထိုအပူနဲ့အတူ အဖျားများကိုပါ တစ်ပါးထဲယူဆောင်သွားပြီးနေပြန်ကောင်းစေသည်။
လွန်ခဲ့သောသုံးနှစ်က အိမ်ရှေ့မင်းသားက အရမ်းကိုပိန်သည်။ ဒါပေမယ့်အခုတော့ ကြွက်သားတွေတောင့်တင်းနေသည့်ကို ဟနေသည့်အင်္ကျီကော်လန်ကြားမှမြင်နိုင်သည်။ ဒါကြောင့်ဆေးရဲ့ဆိုးကျိူးကိုသတိမထားမိတာလည်းနေမည်။
ကျိူးယွင်ရှန့်သူ့စကားကိုစီလိုက်ပြီး ဦးညွှတ်လိုက်သည်'' ထိုက်စစ်တျန့်ရှ ၊ အရှင့်ကျွန်ရဲ့ အနံ့ ခံအာရုံကအရမ်းကောင်းပါတယ်။ တစ်ချက်နမ်းကြည့်ရုံနဲ့ဆေးအမျိူးအစားတွေအကုန်ခွဲပြနိုင်ပါတယ်။ ကျွန်တော်ကဆေးပညာမှာလည်း ဗဟုသုတ နှံ့စပ်ပါတယ်။ မင်းသားကဆေးကိုတစ်နှစ်ပတ်လုံးသုံးနေတော့ မင်းသားက ခန္ဓာကဆေးနံ့တွေနဲ့ပြည့်နေတယ်။ဆေးထဲမှာ ဘာတွေပါသလဲ သလဲ ဘယ်လောက်ပမာဏပါလည်းဆိုတာပါ သိပါတယ်''
မင်းသားက စိတ်ဝင်စားသွားပြီး နှုတ်ခမ်းတို့ကအပေါ်သို့ကော့တက်သွားသည်။ ပြီးမှ ရယ်လိုက်သည်။ ''ဒါဆိုပြော။ မှားရင်မင်းကိုအပြစ်ပေးမယ်'' သူ့လက်ကို အမျိူးသားငယ်လေးရဲ့ လည်ပင်းကို ပွတ်သပ်နေပြီး အပြုအမှုက အန္တရာယ်အငွေ့အသက်များရှိနေသည်။+
ကျိူးယွင်ရှန့်လည်းခေါင်းညိမ့်ပြီး တစ်ခုပြီးတစ်ခု အစဉ်လိုက်ပြောလိုက်သည်။ ''ကျောက်စက်ပန်းဆွဲ ၃အောင်စ၊ သလင်းဖြူအောင်စဝက်၊ ဆာလဖာ ၃အောင်စ၊ ....''
ကျိူးယွင်ရှန့်ဆက်ရွက်လေ မင်းသား၏မျက်နှာကပိုတင်းမာလေဖြစ်နေသည်။
ကျိူးယွင်ရှန့်ကလည်းအကြောက်အလန့်မရှိ အစအဆုံးပြောပြီး ''ထိုက်စစ်တျန့်ရှ ၊ ဒီဆေးက တကယ်ကိုဆေးကောင်းပါ ဒါပေမယ့်ကြာကြာသုံးမယ်ဆိုရင်တော့ အရှင့်သားရဲ့ အသက်အတွက်စိုးရိမ်ရပါတယ်။.ဒီနှစ်တွေမှာ အရှင့်သားစိတ်တွေလွှတ်လာတာ ဒီဆေးရဲ့ဆိုးကျိူးကြောင့်ပါ''
မင်းသားရဲ့မျက်လုံးတွေကနီရဲလာပြီး သူ့လက်ကဓားလက်ကိုင်ဆီရောက်နှင့်နေပြီ။ အချိန်မရွေးသတ်ပစ်နိုင်သည့်အနေအထားတွင်ရှိနေသည်။
ကျိူးယွင်ရှန့်သူ့ကိုတိုက်ခိုက်လာမှာကို မစောင့်ပဲဆက်ပြောလိုက်သည်။ ''ထိုက်စစ်တျန့်ရှ အရင်ကဆေးကိုစမ်းသပ်ခဲ့ပြီးလောက်ပြီမှန်း ကျွန်တော်မျိူးသိပါတယ်။ ဒါပေမယ့်ဒီအဆိပ်က ကာလရှည်အဆိပ်ပါ။ အရှင့်အမှုထမ်းငယ်မှာ စမ်းသပ်ဖို့အခြားနည်းရှိပါတယ်။ အရှင့်သားရောဂါကိုကုသလို့ရနိုင်ပါသေးတယ်။ ဒီနေ့ပြောတဲ့စကားတွေကမပြောသင့်မှန်းသိပါတယ်။အရှင့်သားလက်နဲ့သေရမှာလည်းကြောက်ပါတယ်။ ဒါပေမယ့်အရှင့်သား လူမသိသူမသိ အသတ်ခံလိုက်ရမှာကိုတော့ ကျွန်တော်မျိူးညိမ်မကြည့်နေနိုင်ပါဘူး။ ထိုက်စစ်ကျွန်တော့ကိုအခွင့်အရေးပေးဖို့တောင်းဆိုပါတယ်''
မင်းသားကကောင်ငယ်လေးရဲ့မေးရိုးကိုညစ်ထားပြီး ရှမ်းရိပင်း ကလည်းသူ့မျက်လုံးတွေကို ပြန်စိုက်ကြည့်နေသည်ကိုသူမြင်ရသည်။ ထိုမျက်ဝန်းထဲ၌ အမှန်တကယ်စိုးရိမ်ပူပန်မှုများကိုမြင်ရသည့်အခါမှာတော့ သူ့ရင်ထဲတသိမ့်သိမ့်လှုပ်ခါသွားသည်။7
"ဒါဆိုလည်း ကိုယ်တော်မင်းကို အခွင့်အရေးပေးလိုက်မယ်''
ခဏအကြာမှကောင်လေးရဲ့မေးကိုလွှတ်ပေးလိုက်ပြီး နှုတ်ခမ်းပါးတို့ကအေးစက်စက်ပြုံးလိုက်သည်။
ကျိူးယွင်ရှန့်ရဲ့အညစ်ခံထားရဲ့ပါးက ခရမ်းရင့်ရောင်လက်မရာထင်းနေသည်။ သူ့နောက်ကိုနှစ်လှမ်းလောက်ဆုပ်လိုက်ပြီး မျက်လုံးတို့ကငိုမဲ့မဲ့ဖြစ်နေတော့သည်။7
သနားစရာကောင်းပြီးချစ်စရာကောင်းတဲ့ အမူအရာလေးကြောင့်မင်းသား၏စိတ်ရိုင်းတို့လွင့်ပြယ်သွားသည်။5
နောက်တစ်နေ့မှတော့ သူ့ရဲ့အမှုထမ်းငယ်လေးက နန်းတော်ကို ကြွက်ဖြူကလေးနှစ်ကောင်ယူလာပေးသည်။ မင်းသားက သူတို့ကိုရက်အတော်ကြာ ဂရုတစိုက်မွေးမြူပြီး အရမ်းကိုသဘောကျနေလေသည်။
နောက်တစ်နေ့ သူ့ညီလာခံကပြန်လာတော့ မိန်းမစိုးတစ်ဦးက အလောတကြီးပြေးလာပြီးလျှောက်တင်သည်။ ''ထိုက်စစ်တျန့်ရှ ကြွက်ကလေးနှစ်ကောင်မတော်တဆဖြစ်ပါတယ်''
မင်းသားမျက်နှာကအေးစက်သွားပြီး အဆောင်ထဲကိုခြေလှမ်းကျဲဖြင့်ဝင်သွားလေသည်။
ကြက်နှစ်ကောင်ကရူးနေပြီးရွှေလှောင်အိမ်ကိုကိုက်ဖျက်ကာရှေ့သွားများကျိူးသည်အထိမရပ်ကြပေ။ တစ်ကောင်နဲ့တစ်ကောင်လည်း တိုက်ခိုက်ကြသည်။ အမွှေးတစ်တိုင်စာကုန်တော့လှောင်အိမ်ထဲတွင်သွေးများရွဲနေပြီး ဟိုတစသည်တစ ပြန့်ကြဲနေသည့်အသားစများသာကျန်ရစ်တော့။ ချစ်စရာကောင်းသည့်ကြွက်ကလေး နှစ်ကောင်မှာပျောက်ကွယ်သွားလေပြီ။
မင်းသားကရွှေလှောင်အိမ်ကိုကြည့်ရင်း သူ့မျက်နှာက ဖြူရာမှစိမ်း၊ စိမ်းရာမှခရမ်းရောင်သန်းကာဒေါသများကအဆုံးအစွန်ထိရောက်သွားလေသည်။+
အဘိုးကြီး၊ နတ်ဆေး၊ကျေးဇူးဆပ်တယ်! ဒါဘယ်သူကြိုးကိုင်တာလဲ။ ဒုတိယ မင်းသား? စတုတ္ထ မင်းသား? ဒါမှမဟုတ်သူတို့အားလုံးပေါင်းပြီး သူ့ကိုသတ်ဖို့ ကြိုးစားနေကြတာလား?
မင်းသား စားပွဲဆီကိုဖြည်းဖြည်းလျှောက်သွားပြီး ဝိုင်နွေးနွေးတစ်လုံးလုံးသောက်ပစ်လိုက်သည်။နောက်တော့အားရပါးရ ရယ်လိုက်သည်။ ဘယ်သူဖြစ်ဖြစ်ဝိညာဉ်တစ်ခုတောင်မကျန်စေရပဲ အကုန်လုံးကိုသတ်ပစ်လိုက်မယ်!

Коментарі