Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.6
Chapter (6) - လူမျက်နှာပုံရှိတဲ့  ကြက်ဥဖြူဖြူ (zawgyi+Unicode)

Hayden သည် သူ့ရဲ့ကြောက်လန့်မှုကို ကျော်လွှားပြီး အရမ်းကောင်းတဲ့ ဓါတ်ပုံတွေကို ရိုက်နိုင်ခဲ့တာကြောင့် သူ့စိတ်ခံစားချက်က  အရမ်းတက်ကြွနေ ပေမယ့်  online ပေါ်မှာတော့ ဘယ်သူကမှ အဲလိုမတွေးဘဲ သူက မုန်းစရာ၊ စက်ဆုပ်စရာလူ ဖြစ်နေခဲ့သည်။ သူနဲ့ Emily တို့ရဲ့ စည်းမဲ့ကမ်းမဲ့အပြုအမှုက ပရိသတ်တွေကို အကြီးအကျယ် မကျေမနပ်ဖြစ်စေခဲ့သည်။

တိုင်ကြားစာတွေ လက်ခံရရှိတော့ Gustav အရမ်းအံ့သြသွားခဲ့သည်။ ပထမ သုံးပိုင်းလွှင့်တဲ့အချိန် သူတို့နှစ်ယောက်ရဲ့ ပတ်သက်ဆက်သွယ်မှုက ပရိသတ်အများစုရဲ့ ကောင်းချီးပေးခြင်း ခံခဲ့ရသည်။ သူတို့နှစ်ယောက်ရဲ့ ရင်းနှီးလွန်းတဲ့ ပတ်သက်မှုက ပရိတ်သတ်ကို ချစ်စရာကောင်းတယ်လို့ ခံစားရစေတာကြောင့် သူတို့ ချစ်ခင်ကြင်နာပုံကို လူတိုင်း နှစ်သက်ကြသည်။ ပြီးတော့ ဒီအစီအစဉ်က ကလေးတွေအတွက် မဟုတ်တာကြောင့် ကိုယ်ကျင့်တရားနဲ့ ဆန့်ကျင်တယ်လို့လည်း ပြောလို့မရဘူး။

ဒါပေမယ့် တိုင်ကြားစာတွေကို သေချာဂရုတစိုက် ဖတ်ပြီးချိန်မှာတော့ Gustav အံ့သြလွန်းလို့ မှင်တက်သွားခဲ့သည်။

ပရိသတ်တွေရဲ့ ပြောကြားချက်တွေက

" Romeo ရဲ့ စိတ်ဓာတ်ကျနေတဲ့ပုံစံကို မမြင်ဘူးလား။ စိတ်ထင်တိုင်းလုပ်နေတဲ့ နှစ်ယောက်အတွက်နဲ့ ကလေးကို မဖိနှိပ်ပါနဲ့။ ဒီနှစ်ယောက်ကို သူနဲ့ ဝေးရာကို ပို့ထားလိုက် "

စသည့် အကြောင်းတွေသာ ဖြစ်နေသည်။

တချို့က  Hayden နဲ့ Emily တို့ရဲ့ အပြုအမှုက Romeo အပေါ် စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် လုပ်နေသည်။ Romeo က ကလေးပဲရှိသေးသဖြင့် အရွယ်ရောက်စအချိန် စိတ်ဓါတ်ရင့်ကျက်ဖို့ လုံခြုံကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရှိဖို့ လိုသည်။ ဒါကြောင့် စီစဉ်သူအဖွဲ့က သူ့အသက်အရွယ်လို ကလေးကို အလေးထားသင့်သည်ဟု ရေးထားကြသည်။

Hayden က Romeo အတွက် အန္တရာယ်ရှိသည်ဟု စာအားလုံးမှာ ဖော်ပြထားခဲ့သည်။ ကြည့်ရတာ ကောင်လေးက လိင်တူချင်း နှစ်သက်တဲ့အကြောင်း ရဲရဲဝံ့ဝံ့ ဖွင့်ဟဝန်ခံလိုက်တာကြောင့် လူတိုင်းရဲ့ သဘောကျထောက်ခံမှုကို ရရှိခဲ့ပုံပေါ်သည်။ ဒီချာတိတ်လေးအတွက်   Gustav တကယ်ပျော်ရွှင်မိပေမယ့် Hayden နဲ့ Emily တို့ရဲ့ အချစ်ကိုတော့ တားဆီးမည်မဟုတ်ပေ။ ဒါကလည်း ထိုနှစ်ယောက်၏ လူ့အခွင့်အရေး ဖြစ်ပြီး  လူ့အသိုင်းအဝိုင်းသတ်မှတ်ထားတဲ့ စည်းမျဉ်းကို မချိုးဖောက်သရွေ့ အခြားလူကို မနှောင့်ယှက်သရွေ့ ကာလပတ်လုံး သူတို့ ချစ်ကြိုက်ချင်တဲ့သူနဲ့ ချစ်ပိုင်ခွင့်ရှိသည်။

Gustav သည် ဝေဖန်တိုင်ကြားစာတွေကို သင့်တော်စွာ အကြောင်းပြန်ရန် ပြည်သူ့ဆက်ဆံရေး Public Relation ဌာနဆီ ပို့လိုက်ပြီး ကုတ်အင်္ကျ ီဝတ်ကာ စတူဒီယိုခန်းဆီ ဦးတည်လိုက်သည်။  ကြောင်လေး စိတ်ရှုပ်နေလား၊ ကြောက်နေလား ဆိုတာ သူ သိချင်လှပြီဖြစ်သည်။

ဒါပေမယ့် MOT ရဲ့ marketing directorဖြစ်သူက ရုတ်တရတ် သူ့ဆိကို ရောက်လာသည်။

" Gustav သူငယ်ချင်း... မင်း ငါ့ကို ခေါင်းကိုက်အောင် လုပ်လိုက်တာပဲ ။ "

ပုံမှန်ပျော်ပျော်နေတတ်တဲ့ marketing director သည် သူ့ကို ခေါင်းကိုက်အောင် လုပ်နေတဲ့ ဓါတ်ပုံများကြောင့် ခြေကုန်လက်ပန်းကျနေပုံပေါ်နေသည်။

" ဘာဖြစ်လို့လဲ "

Gustav  ကော်ဖီတစ်ခွက်ကို ဒါရိုက်တာအတွက် ကိုယ်တိုင် ထည့်ပေးရင်း မေးလိုက်သည်။

" မင်း ငါ့ကိုပေးလိုက်တဲ့ ကြော်ငြာအတွက် ဓါတ်ပုံတွေက ငါ လိုချင်တဲ့ပုံတွေ မဟုတ်ဘူး "

Emily နဲ့ Romeo တို့ရဲ့ ပုံတွေကို စားပွဲပေါ်ချပြရင်း ဒါရိုက်တာ ပြောလိုက်သည်။ Emily ကို ထောက်ပြရင်း ဆက်ပြောလိုက်သည်။
" သူမရဲ့ပုံက အရမ်းကောင်းပါတယ်။ တကယ်လို့ Romeo သာ မရှိရင် ဒါမှမဟုတ် Romeo ရဲ့ပုံကိုသာ ကြိုတင်မမြင်ထားရင် သူမပုံကို ပျော်ပျော်ကြီး ငါ အသုံးပြုမိမှာပါ။ ဒါပေမယ့် သူငယ်ချင်း... မင်း ငါ့ အကြောင်း သိတယ်မလား ။ ငါက အကောင်းဆုံးကိုပဲ လိုချင်တာ။ လုံးဝ perfect  ဖြစ်ပြီး ပြောစရာမရှိအောင် အရမ်းကောင်းတဲ့ ပုံ ဒီမှာ ရှိနေတာကို မင်းက ဘာကြောင့် မကောင်းတဲ့ပုံကို သုံးဖို့ ပေးလိုက်တာလဲ။ ဒါကို  ငါ လက်မခံနိုင်ဘူး။ "

ကောင်လေးဓါတ်ပုံကို Gustav စိုက်ကြည့်ရင်း အနည်းငယ်အံ့သြသွားပေမယ့်  ကြော်ငြာအရေးကိစ္စကို သူ လေးနက်စွာ ကိုင်တွယ်လိုက်သည်။

" ဒါပေမယ့် ငါတို့ပေးတဲ့ ဓါတ်ပုံကိုပဲ ကြော်ငြာအတွက်အသုံးပြုမယ်လို့ သဘောတူစာချုပ်မှာ ကြိုတင်လက်မှတ်ထိုးထားတယ်လေ။ "

" အဲဒါက မင်းတို့အဖွဲ့ကို ငါ ယုံကြည်စိတ်ချလို့ပဲ။ ပြီးတော့ မင်းက သေချာပေါက် ငါ့ကို အကောင်းဆုံးဓါတ်ပုံကို ပေးမယ်ဆိုတာ သိနေလို့။ ဒါပေမယ့် ဒါကိုကြည့်။  ဒီပုံကို  ရွေးတာဆိုရင်တော့ မင်း မျက်စိ ကန်းနေတာပဲ ဖြစ်ရမယ်။ "

အထင်အမြင်သေးစွာနဲ့ ဒါရိုက်တာက အားမနာတမ်း ပြောလိုက်သည်။

Ariel ကန်းနေပြီ ဆိုတာ Gustav ဝန်ခံလိုက်သည်။ ကောင်လေး နဲ့ Emily တို့ ရလဒ်က တစ်မှတ် နှစ်မှတ်လောက်ပဲ ကွာတာဖြစ်ပြီး တစ်ကယ်လို့ Ariel သာ မျှတတဲ့အမှတ်ကို ပေးခဲ့မယ်ဆိုရင် ဒီနေ့ အငြင်းအခုံကိစ္စ ဖြစ်လာစရာအကြောင်းမရှိဘူး။ Ariel ဘာလို့ အဲလိုလုပ်တယ်ဆိုတာ သိနေပေမယ့် အပြင်ကလူ သိအောင်မလုပ်ချင်ဘူး။ အပြင်လူသာ ဒီလိုဟာကို သိသွားရင် သူတို့စီစဉ်တဲ့ ရှိုးပွဲရဲ့ ဂုဏ်သတင်းကျဆင်းသွားနိုင်သည်။ ဒါရိုက်တာကို သူ ထပ်တလဲလဲ တောင်းပန်ပြီးနောက် သင့်တော်တဲ့ နစ်နာကြေးငွေပေးလိုက်ဖို့ သဘောတူညီလိုက်ရသည်။

ဒါရိုက်တာသည် တခဏလောက် စဉ်းစားလိုက်ပြီး ညှိနှိုင်းလာသည်။

" သဘောတူစာချုပ်ကို ဖောက်ဖျက်စရာမလိုဘူး။ ဒါပေမယ့် ဒီပုံကို ငါတို့စတိုးဆိုင် တစ်ဆိုင်ချင်းစီအတွက် Poster အဖြစ် ငါ မမြင်ချင်ဘူး။  Emily ရဲ့ poster ကို အဓိကစတိုးဆိုင်မှာပဲ ပြထားပြီး ကျန်တဲ့ဆိုင်တွေနဲ့ ကုမ္ပဏီကို ချန်ထားလိုက်မယ်။ မင်း ဘယ်လိုထင်လဲ။ ပြီးတော့ နောက်ပိုင်းမှာ ငါတို့ကုမ္ပဏီရဲ့ ထုတ်ကုန်နဲ့ ပတ်သတ်တဲ့ အစီအစဉ်အားလုံးအတွက် ငါတို့ဖာသာ ရွေးချယ်ထားတဲ့ အကောင်းဆုံးဓါတ်ပုံကိုပဲ လိုချင်တယ်။ ဒါဆို ဒီနေ့လို အခက်ခဲဖြစ်စရာ  မလိုတော့ဘူး။ မင်းဘက်က ပြောစရာမရှိရင် အရင်စာချုပ်မှာ ဒီအချက်ကို ငါ ထည့်ရေးချင်တယ်။ "


MOT က ငွေကြေးထောက်ပံ့ပေးနေတာကြောင့် သူတို့ရဲ့လိုအပ်ချက်ကို စီစဉ်သူအဖွဲ့ကလည်း အလိုက်တသိ လိုက်လျောပေးချင်သည်။  ကုမ္ပဏီရဲ့အကျိုးအမြတ်အတွက် Ariel ရဲ့ စိတ်ခံစားချက် အတိုင်း ရှေ့တန်းတင်ပြီး ရွေးချယ်တာ မဟုတ်သည့်  အကောင်းဆုံးကိုပဲ ပေးသင့်သည်။ ဒီလိုပြောင်းလဲလိုက်ခြင်းက ပြိုင်ပွဲကို အနှောက်ယှက်မဖြစ်စေသောသောကြောင့် Gustav စဉ်းစားပြီး သဘောတူလိုက်သည်။ နှစ်ယောက်သား စာချုပ်အသစ် ပြုလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် နူတ်ဆက်လိုက်ကြသည်။ ဒါရိုက်တာကို ပြန်လိုက်ပို့ပြီးနောက် Gustav ပထမထပ်စတူဒီယိုခန်းဆီ ဆက်လာခဲ့သည်။
ဒီနေ့အစီအစဉ်က ပြိုင်ပွဲဝင်သူတွေကိ ပုံစံပြောင်းပေးခြင်း ဖြစ်သည်။ Hayden သည် ကင်မရာကို ရှောင်တိမ်းပြီး Ariel ကို စကားပြောရန် ထောင့်တစ်နေရာကို ဆွဲခေါ်သွားလိုက်ပြီး သူ ပြန်လာတော့ Emily ကို ထူးဆန်းလွန်းတဲ့အပြုံးဖြင့်ပြုံးပြလိုက်သည်။

" မင်းတို့ကိုယ်ထဲ နှစ်မြှုပ်တဲ့ စူပါမော်ဒယ်စွမ်းရည်ကို ရှာဖွေတွေ့ရှိနိုင်ဖို့ နဲ့  ခေတ်မှီတဲ့ပုံစံကို ဖန်တီးနိုင်ဖို့ ဒီအစီအစဉ်က ကမ္ဘာ့ထိပ်တန်း အလှပြင် ဒီဇိုင်နာတွေကို မင်းတို့ရဲ့ပုံစံတွေ ပြောင်းလဲဖို့ ဖိတ်ခေါ်ထားတယ်။ ဆံပင်ဆေးဆိုးတာ၊ လှိုင်းတွန့်တွေလုပ်ပေးတာ၊ ဆံပင်ဖြတ်တာတွေ လိုအပ်သလို လုပ်လို့ရတယ်။ မင်းတို့တစ်ယောက်စီအတွက် အကောင်းဆုံး ပြောင်းလဲဖို့အတွက် ငါ စီစဉ်ထားပြီးပြီ။ အဲဒါကို ကြည့်လိုက်ရအောင် "

သူမတင်ပါးကို လှုပ်ခါရင်း တက်ကြွတဲ့ အကကို ကရင်းပြောလိုက်သည်။

လူတိုင်း လက်ခုပ်တီးပြီး  သူတို့ရဲ့ပုံစံအသစ်ကို သိဖို့ အရမ်းစိတ်အား ထက်သန် နေကြသည်။

ကြီးမားကျယ်ဝန်းလှတဲ့ စတူဒီယိုတစ်ခုလုံး ခေါင်းလျှော်၊ ဖြတ်ညှပ် နဲ့ တစ်ခြားကိရိယာတွေ ဆံပင်ဆိုးဆေး၊ ကောက်ဆေးတွေရဲ့  ဓါတုဆေးအနံ့တွေ ရောနှောသွားပြီး လူတိုင်းကို မူးဝေစေသည်။ ကျူးယွင်ရှန့်သည် ဖျော့တော့ပြီး ထောင့်တစ်ထောင့်တွင် ပုန်းကာ သူ့အတွက် Ariel စီစဉ်ပေးထားတဲ့ stylist အနား စိတ်မပါစွာ ရပ်နေသည်။

" ဘာဖြစ်နေတာလဲ "

Ivana သည် သန့်ရှင်းသပ်ရပ်တဲ့ဆံပင်တိုလေးနဲ့ သူ့အနား လျှောက်လာ ရင်း မေးလိုက်သည်။  သူမပုံစံက ပိုသွက် ပိုကြည့်ကောင်း လာပြီး ရဲရဲတောက်ထက်မြက်လို့နေသည်။

" သူတို့က ငါ့ကို ဆံပင်ရိတ်ခိုင်းနေတယ်။ ငါ မလုပ်ချင်ဘူး။ "

Romeo ငိုမဲ့မဲ့နှင့် ပြောလိုက်ပုံက သနားစရာကောင်းလွန်းလှသည်။

" အဲဒါ အရမ်းလွန်သွားပြီ။ Ariel နဲ့တွေ့ဖို့ နင့်ကို ငါ ခေါ်သွားမယ်။ "

Ivana သူ့ကို Ariel ဆီ ဆွဲခေါ်သွားတော့ ကင်မရာသမားကလည်း သူတို့နောက်က အလျင်အမြန် လိုက်လာသည်။

" ဆံပင်ကို မရိတ်ချင်ဘူး ဟုတ်လား? ဘာဖြစ်လို့လဲ အချစ်လေး"

Ariel အံ့သြသလိုကြည့်လာပြီး ကောင်လေးရဲ့နောက်ကျောကို ဖွဖွပုတ်ကာ နှစ်သိမ့်ပေးရင်း ကြင်နာစွာ ပြောလိုက်သည်။

" ကျွန်တော့ဆံပင်တွေ အားလုံးရိတ်လိုက်ရင် အရမ်းရုပ်ဆိုးသွားမှာ။ ပိုပြီး  ခေတ်ဆန်တဲ့ ကိုယ်ပိုင်စတိုင်ဖြစ်အောင် ပြောင်းလဲပေးမယ်လို့ ပြောတယ်မလား။ အဲဒါက လုံးဝ ဖက်ရှင်မဆန်ဘူး။ "

ဆယ်ကျော်သက်လေးက  လေမှုတ်ထုတ်ရင်း ရဲရင့်စွာ ပြန်လည်ချေပ လိုက်သည်။

" ကတုံးပြောင်နဲ့  မင်း မလိုက်ဖက်ဘူးဆိုတာ ဘယ်လိုသိတာလဲ။ မင်း မျက်နှာက ချောတယ်။ ကတုံးတုံးလိုက်တာက လှပတဲ့ မျက်နှာကောက်ကြောင်းကို ပိုပေါ်လိမ့်မယ်။ ငါ မော်ဒယ်လုပ်လာတာ 10 နှစ်ရှိနေပြီ။ ငါ့ အတွေ့အကြုံနဲ့  ငါ့ရဲအမြင်ကို ယုံကြည်လိုက်စမ်းပါ "


Ariel သည် ပထမတော့ အားပေးပြီး နောက်ပိုင်း ခြိမ်းခြောက်လိုက်သည်။
" ပြီးတော့ မော်ဒယ်တစ်ယောက်က customer ရဲ့တောင်းဆိုချက် ဘာပဲဖြစ်နေပါစေ။ လုံးဝ ငြင်းဆန်ခြင်းမရှိ လက်ခံပေးရမယ်။ ဒီနေ့ မင်းရဲ့ အပြုအမှုက လုံးဝ ပညာရှင်မဆန်တာ သိတယ်မလား။ ဒီဇိုင်းနာအများစုက သူတို့ဖက်ရှင်ရှိုးပွဲအတွက် မော်ဒယ်တွေကို ထူးဆန်းတဲ့ တောင်းဆိုမှုတွေ လုပ်တတ်တယ်။ မင်း အဲ့ဒီတောင်းဆိုချက်အတိုင်း မလုပ်ချင်တာနဲ့ပဲ  ဒီအသက်မွေးဝမ်းကျောင်း အလုပ်ကို ငြင်းပယ်မလို့လား။ ဒါဆိုရင် စောစောကတည်းက ဒီလမ်းကြောင်းကို စွန့်လွှတ်လိုက်တော့။ မော်ဒယ်အလုပ်က မင်း နဲ့ မကိုက်ညီဘူး။  "


အဲခြိမ်းခြောက်မှုကြောင့် မူလ Romeo က ဆံပင်ရိတ်ဖို့ သဘောတူလိုက်ပေမယ့် ကျူးယွင်ရှန့်ကတော့ သူမက အရမ်းရွံ့စရာကာင်းတာ သိနေခဲ့သည်။ သူသည် မျက်ရည်တွေနဲ့ စွတ်စိုနေတဲ့မျက်ဝန်းတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ဂရုတစိုက် ပြန်ပြောလိုက်သည်။

-
" ဟုတ်ပါတယ်။ ဒါပေမယ့် ဒီနေ့ရည်ရွယ်ချက်က ဖက်ရှင်ပြပွဲအတွက် အသင့်ပြင်ဖို့ မဟုတ်ဘဲ ပြိုင်ပွဲဝင်တွေကို သူများနဲ့ ယှဉ်ရင် အရမ်းကြည့်ကောင်းတဲ့ ပုံစံရအောင်လုပ်ဖို့ပါ။ လူတိုင်း အရမ်းချောမောနေတဲ့အချိန်မှာ ဘာလို့ ကျွန်တော် တစ်ယောက်တည်းကို ရုပ်ဆိုးအောင်လုပ်နေတာလဲ။ ဒီလိုလုပ်ရတာ အကြောင်း တခုခုရှိလို့လား "

သူ့စကားက အတော်အတန်ရိုင်းသွားပေမယ့် မျက်နှာအမှုအရာကတော့ အပြစ်ကင်းစင်လှသဖြင့် ဘေးမှ ဝိုင်းကြည့်နေသူအားလုံးလည်း ရင်ထဲရှိတဲ့ အတိုင်း ချာတိတ်လေး ပြောနေတယ်လို့ ထင်နေတာကြောင့် ဘယ်သူမှ သံသယမရှိကြပေ။

" ဘာကြောင့် ကတုံးက မင်းကို ရုပ်ဆိုးအောင်လုပ်မယ်လို့ ထင်နေတာလဲ။ မကြိုးစားကြည့်သေးပဲ ဘာဖြစ်မယ်ဆိုတာ မသိနိုင်ဘူး မဟုတ်လား။ "

Ariel သူမရဲ့စိတ်မရှည်တဲ့ပုံကို ကြိုးစားဖုံးကွယ်ရင်း ဆက်ပြော လိုက်သည်။


" ကျွန်တော် လုပ်ကြည့်ပြီးသွားပြီ "

ကျူးယွင်ရှန့်သည် ကြီးမားတဲ့မျက်ဝန်းပြာပြာတွေကို မျက်တောင်ခတ် ကာ ပြောလိုက်ရင်း အကူအညီမဲ့စွာတွဝေနေချိန် Gustav ဝင်လာတာကို သတိထားမိလိုက်သည်။ သူသည် Ariel ဆီ အဓိပ္ပာယ်ရှိတဲ့မျက်ဝန်းနဲ့ ကြည့်လိုက်ပြီး တောင်းဆိုမှု ပြုလုပ်ရန် အလျင်အမြန် လျှောက်လာခဲ့သည်။

" Mr.Acheson ကျွန်တော် ခင်ဗျားရဲ့ Tablet PC ကို အသုံးပြုလို့ရမလား "

Romeo က ရဲတင်းစွာနဲ့ Gustav  ရဲ့Tablet PC ကို ဆွဲကိုင်ကာ မေးရင်း အားကိုးတကြီးနှင့် ကြည့်လိုက်သည်။

Gustav သူ့ လည်စည်းကို လျော့လိုက်ပြီး ညင်သာစွာပြောလိုက်သည်။

" မင်း သုံးလို့ရပါတယ် "


သူ့မျက်စိရှေ့မှာ ဒီကြောင်လေး က သူရဲ့ကြီးမားတဲ့ မျက်ဝန်းပြာပြာတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်နေပုံက သူ့နှလုံးသားကို လက်သည်းတွေနဲ့ ကုတ်ခြစ်ခံလိုက်ရသလိုကို အူယားသွားစေသည်။


ကျူးယွင်ရှန့်သည် ကျေးဇူးတင်စွာ ပြန်ပြုံးပြလိုက်ပြီး အချိန်အတန်ကြာTablet ပေါ် သူ့လက်ချောင်းတွေ လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။ ပြီးတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့ လူအုပ်နဲ့ ကင်မရာဆီ Tablet ကို ထောင်ပြရင်း ပြောလိုက်သည်။

" ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ... ဒါက ကျွန်တော် ကတုံးတုံးထားတဲ့ပုံ။ လူမျက်နှာရှိတဲ့ ကြက်ဥဖြူဖြူနဲ့ တူနေတာ ဖက်ရှင်ကျ ခေတ်မှီတာလား။ ကျွန်တော် တကယ့်ကို သံသယရှိလာပြီ။ "

လူမျက်နှာရှိတဲ့  ကြက်ဥဖြူဖြူ။ ဒီဥပမာက တကယ်ကို ကိုက်ညီနေတာကြောင့် လူတိုင်းက မနေနိုင်တော့ပဲ ရယ်မောလိုက်မိသည်။

ကောင်လေးရဲ့ပုံစံက ပါးနပ်ပြီး ချစ်စရာကောင်းပုံပေါ်နေပေမယ့် ကင်ဆာနောက်ဆုံးအဆင့် လူနာနဲ့တူနေပြီး အားနည်းပြီး ထူးဆန်းတယ်လို့ ခံစားရစေသည်။ ဒီပုံစံနဲ့ မော်ဒယ်ပြိုင်ပွဲမှာ ဝင်ပြိုင်မယ်ဆိုရင် ရယ်စရာတစ်ခုပဲ။ ဒါက အတွေ့အကြုံရှိ စူပါမော်ဒယ်ရဲ့အမြင်တဲ့လား။

ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ Ariel ကို Gustav ဖြတ်ခနဲ တစ်ချက်လှမ်းကြည့်လိုက်ရင်း လူငယ်လေးရဲ့ ငွေမျှင်ရောင်ဆံပင်တွေကို ပွတ်သပ်ပြီး ခိုင်မာစွာ ကတိပေးလိုက်သည်။


" မင်းဆံပင်ကို ဘယ်သူမှ မရိတ်စေရဘူးဆိုတာ ငါ အာမခံတယ် "

ဒီ ချောမွေ့နူးညံ့တဲ့ဆံပင်တွေကို ရိတ်တာက တကယ့်ကို ဆိုးတဲ့အချက်ပဲ!
Gustav သည် Romeo ရဲ့ဆံပင်တွေကို ပွတ်သပ်လိုက်ရတဲ့အတွက် ပျော်ရွှင်သွားပြီး Ariel ရဲ့ ယုတ်မာမှုကို ဒေါသထွက်သွားသည်။

" ကျွန်တော် ဘယ်လိုစတိုင် ပြောင်းရမလဲ။ ကတုံးတုံးတာကလွဲလို့ ဘာပဲဖြစ်ဖြစ် ကျွန်တော်လက်ခံတယ်။ "

လူငယ်လေးသည် ကွန်ပြူတာကို ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် သူ့ဆံပင်တွေကို ပင့်တင်ရင်း ပြောလိုက်သည်။ ရှုပ်ပွနေတဲ့ သူ့ဆံပင်တွေ ပွသွားတာတောင် ဆံနွယ်လေးတွေက နဖူးပေါ် ဝဲကျလာပြီး လေထဲ တလွင့်လွင့်ဖြစ်သွားပုံက သူ့ကို အရူးလေးပုံပေါက်လာစေပေမယ့် ဒီပုံလေးက ကမ္ဘာ့ချစ်စရာအကောင်းဆုံး အရူးလေးပုံဖြစ်မယ်ဆိုတာ သေချာသည်။

Gustav ရဲ့ နှလုံးခုန်သံ မြန်လာပြီး လက်သီးဆုပ်ကို နှုတ်ခမ်းနားကပ်ကာ ချောင်းဟန့်ရင်း ပြောလိုက်သည်။

" ဒီတိုင်း အရမ်းကြည့်ကောင်းတယ်။ ဒီစတိုင်ကို လုံးဝ မပြောင်းနဲ့။ တကယ်လို့ လုက်ချသ်ရင်တော့ ဆံပင်ပေါင်းတင်ပေးဖို့ပဲ stylist ကို ပြောလိုက်။ ဒါက မင်းဆံပင်ကို ပိုပျော့ပျောင်းလာစေလိမ့်မယ်။ "

ပြီးတော့ ပွတ်တဲ့အခါလည်း ပို အရသာရှိလိမ့်မယ်ဆိုတဲ့ နောက်ဆုံး စကားကိုတော့ ချန်လှန်ထားပြီး Gustav သည် Ariel ကိုခေါ်ပြီး ထွက်လာခဲ့သည်။

ကျူးယွင်ရှန့်နဲ့ Ivana သည် အောင်မြင်မှုအထိမ်းအမှတ်အနေနဲ့ လက်ဝါးချင်းရိုက်လိုက်ကြသည်။

ိထိုနေ့ ညနေ  စူပါမော်ဒယ် တရားဝင် official website  တွင် အချိန်မပေးနိုင်သောကြောင့်  Ariel သည် အစီအစဉ်အဖွဲ့၏ ဒိုင်အဖြစ်ကနေ ရပ်နားပြီး သူမနေရာတွင် ခုတလော လူကြိုက် များနေသော စူပါမော်ဒယ် Bonnie အစားထိုးမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

Jeffrey နဲ့ Bonnie သည် ပြိုင်ပွဲဝင်တွေ နေထိုင်သော villa ကို အလည်လာပြီး Hayden နဲ့ တစ်နာရီကျော်ကြာအောင် စကားပြောကြသည်။ သူတို့သုံးယောက် ဘာအကြောင်းပြောမှန်း ဘယ်သူမှ သေချာမသိပေမယ့် အခန်းအပြင်ထွက်လာတော့ Hayden ရဲ့ မျက်နှာအမူအရာက တော်တော်အကျည်းတန်နေသည်ကို လူတိုင်း  တွေ့လိုက်ရသည်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі