Arc 7.5
အခန်း(၆၆) ချီရှိုးကျဲ့ဘဝ
ဆဋ္ဌမမင်းသားငယ်ဟာစုတ်ပဲ့ပဲ့အနောက်ဆောင်ဝန်းထဲကနေ ဇီချန်နန်းတောင်ကိုနေ့မဆိုင်းပဲပြောင်းလာခဲ့သည်။ သယးအဖနှစ်ဦးသားပင်မဆောင်များမှာနေထိုင်ကြပြီးကြားထဲတွင်ခန်းမတစ်ခုသာခြားသည်။ ဇီချန်နန်းဆောင်၏နံရံများကတော့နန်းတော်မှအပြင်သို့ခွဲထွက်နေဟန်ရှိပြီးတော်ဝင်နန်းငွေ့များနှင့်ကင်းစင်၍တသီးတသန့်ဖြစ်တည်နေသည်။ လီကျင်းထျန်းက နန်းဆောင်ကိုလူလွှတ်ပြင်ဆင်ခိုင်းခဲ့ပြီးဆုလာဘ်တော်များလည်းချီးမြင့်လိုက်သေးသည်။
ဆဋ္ဌမမင်းသားငယ်၏ထမင်းကိုခိုးစားသော အစေခံမှာသေဒဏ်ပေးခြင်းခံရပြီး ဤသည်ကလီကျင်းထျန်းထိုသားအဖအပေါ်အရေးပေးကြောင်းဖော်ပြနေဟန်သက်ရောက်သွားလေသည်။ အဲ့ဒီအချိန်ကစလို့ ဇီချန်နန်းဆောင်အစေခံတွေဟာ အပိုးကျိူးပြီး ချီရှိုးကျဲ့ကိုအစေခံလိုမဆက်ဆံရဲကြတော့ပေ။ လီကျင်းထျန်းဟာ ချီရှိုးကျဲ့ကိုမြတ်နိုးလို့အသက်ချမ်းသာခွင့်ပေးခဲ့သလို မင်းသားတစ်ပါးကိုလည်းမွေးစားခွင့်ပြုထားသေးတယ်။ ချီကွေ့ကျွင်းဟာ သာမန်ကိုယ်လုပ်တော်လေးမဟုတ်ကြောင်းလူတိုင်းကနှလုံးသွင်းထားကြကုန်သည်။
ကျိူးယွင်ရှန့်ဟာ လီရွှီသုန်းနဲ့ရင်းနှီးလာအောင်ကြိုးစားနေတဲ့အချိန်တပြိုင်နက်ထဲမှာအရှေ့နန်းတော်ရာကသတင်းကိုလည်းနားစွင့်နေသည်။ လီကျင်းထျန်းဟာ systemကဖော်ပြတဲ့အတိုင်းကောင်းမင်ကိုအင်မတန်ချစ်ပြီး သံသယများနေတာတောင်မှ သူတို့သားအဖဆီတစ်နေ့တစ်ခေါက်သွားလည်ဖို့မပျက်ကွက်ပေ။ အခြားကိုယ်လုပ်တော်တွေကို မျက်နှာသာမပေးသည်ကလည်းအရင်တိုင်းပင်။+
သူဟာအချစ်ကိုလက်မလျော့နိုင်သလို ဒါကိုလည်းကောင်းမင်ကသတိထားမိတော့ပိုအတင့်ရဲနေသေးသည်။ ထားပါတော့ ဒါကဘယ်လောက်များကြာနိုင်မှာမို့လဲ ၊ အနက်ရှိုင်းဆုံးဆိုတဲ့ခံစားချက်တွေတောင်မှအရောင်မှိန်သွားနိုင်သေးတာပဲ။ တစ်ဖက်ကသိပ်ချစ်နေပါလျက်နဲ့တစ်ဖက်ကသိပ်စိမ်းကားနေရင်ဘယ်လောက်ဇွဲကောင်းတယ်ဆိုထားအုန်း ဘယ်လောက်များကြာနိုင်မှာမို့လဲ။ အချစ်နဲ့အမုန်းဆိုတာခေါင်းနဲ့ပန်းလိုပဲမို့ သူတို့ပြတ်စဲမှုဟာအချိန်တစ်ခုလိုနေသေးရုံသက်သက်ပဲ။
သူ့ရဲ့ဆန်းကျယ်တဲ့ချစ်သူကိုရှာဖို့ကတော့ သူများမျက်စိအောက်နေနေရသ၍ဖြစ်နိုင်အုန်းမှာမဟုတ်ဘူး။ ဒါပေမယ့်သူ့သားသာတိုင်းပြည်ဥသျှောင်ဖြစ်လာတဲ့အခါ လူတစ်ယောက်ကိုရှာဖို့ကဘာများခက်မှာလဲ။ ဒါကြောင့်မို့ကျိူးယွင်ရှန့်ဆန္ဒကိုအချိန်မကျသေးသ၍မြုံထားဖို့ဆုံးဖြတ်လိုက်သည်။7
တစ်နေ့သူညောင်စောင်းမှာထိုင်ရင်းစာဖတ်နေတဲ့အချိန်အစေခံတစ်ဦးကခပ်သွက်သွက်တိုးကပ်လာပြီး သူ့အားတီးတိုးပြောသည်။ ''သခင်ဆဋ္ဌမမင်းသားလေးရဲ့အထိန်းတော်ကြီးကသခင့်ကိုအဆောတလျင်တွေ့ချင်နေပါတယ်။ မင်းသားလေးမကောင်းတာတစ်ခုခုလုပ်ထားတယ်လို့ဆိုပါတယ်''
"ဘာမကောင်းတာလုပ်ထားတာလဲ'' ကျိူးယွင်ရှန့်စာအုပ်ကိုချပြီးဖိနပ်စီးကာ အထိန်းတော်အမျိူးသမီးကိုကျော်ပြီး မင်းသားခြောက်အခန်းရှိရာဦးတည်သွားလိုက်သည်။
"ကွေကွေ့ကျွင်း ၊ မင်းသားခြောက်လေ သူ..သူရူးနေပြီထင်တယ်!မြန်မြန်သွားကြည့်ပါအုန်း!"
ရူးတယ်? လူကောင်းကနေဘယ်လိုလုပ်ရုတ်တရက်ရူးရမှာလဲ။ ဒါပေမယ့်ကောင်းမင်ဟာချီရှိုးကျဲ့ကိုအဆိပ်ခပ်ခဲ့သလို မင်းသားခြောက်ရဲ့အစေခံတွေထဲမှာလည်း သူလျှိုထည့်ထားတာပြန်သတိရလိုက်သည်။ ထိုအပြုအမူများက ဂုဏ်အသရေရှိစစ်သူကြီးကောင်းနှင့်ပင်မတူ မလိုတမာစိတ်များသောကိုယ်လုပ်တော်ခပ်ညံ့ညံ့တစ်ယောက်၏စရိုက်ဆန်လှသည်။ ကျိူးယွင်ရှန့်သတိလက်လွှတ်နေမိတာပဲ သူလျှိုတွေကိုအစောကတည်းကရှင်းပစ်သင့်တာ။
ဒါကိုတွေးရင်း လီရွှီသုန်းအဆောင်နားရောက်လာတော့ အစေခံတွေကခပ်သွက်သွက်သူ့ထက်အရင်လျှောက်ပြီး တံခါးရွက်ကိုဘေးသို့တွန်းပေးလိုက်သည်။ ထို့အတူသွေးညှီနံ့တို့ကလေထဲပြန့်လွင့်လာ၏။ ကျိူးယွင်ရှန့်ခြေချလိုက်တယ်ဆိုရုံတင်ပဲ ဆူးကြာပွတ်ကိုကိုင်ထားသည့်လီရွှီသုန်းနှင့်ဒူးထောက်နေသည့်အစေခံသုံးယောက်ကို အံ့အားသင့်စွာမြင်လိုက်ရသည်။ အရိုက်ခံထားရသည့်အစေခံများမှာ အညိုအမည်းနဲ့သွေးများစွန်းနေပြီး အသက်ပင်လုရှူနေရသည်။
"အရှင်ကယ်ပါ! မင်းသားခြောက်ရူးနေပြီ!" အစေခံတစ်ဦးက ကျိူးယွင်ရှန့်ကို မြင်သည်နှင့်အော်ဟစ်အကူအညီတောင်းလေသည်။ သူ့ခန္ဓာမှဒဏ်ရာများကပွင့်ဟနေပြီးသွေးများတစက်စက်ကျနေသေးသည်။
လီရွှီသုန်း၏မျက်နှာမှာမည်းမှောင်နေပြီး လက်တွင်ကိုင်ထားသည့်ကြာပွတ်မှာတဆတ်ဆတ်တုန်နေသည်။ ဒီလူတွေကိုသူသည်းခံခဲ့တာကြာလှပြီ။ သူ့အစားအသောက်နဲ့ငွေတွေခိုးယူရုံမကဘူး သူ့ကိုလည်းခွေးတစ်ကောင်လိုအနိုင်ကျင့်ရိုက်နှက်တတ်သေးတာ။ သခင်ကိုအနိုင်ကျင့်ပျော်ရွှင်နေတာ ဘယ်မှာအစေခံလို့ခေါ်ရမှာလဲ။ ဦးကုန်းတိုက်ပြီးဖိနပ်ကိုအတင်းလျှက်ခိုင်းခံရသလိုဆောင်းချမ်းချမ်းမှာရေအေးအေးပဲချိူးရပြီးလေထန်ထန်ညမှာအနွေးထည်မပါဘဲရပ်နေခဲ့ရတယ်။ အဲ့ဒီအပြင်ဂွကြားကဖြတ်တွားသွားခိုင်းပြီးနောက်တစ်ယောက်ကလှောင်ပြောင်နေတတ်သေးတာ။ သူရုန်းကန်ချင်ပေမယ့်အညတရမင်းသားတစ်ပါးမို့ ဘယ်အားကိုးနဲ့မာန်လုပ်ရဲရမှာလဲ။ သူ့အဆင့်ကမင်းသမီးတစ်ပါးရဲ့အချစ်တော်အစေခံလောက်မှမရှိတာလေ။ အမုန်းတရားတွေကိုတောင်ထုတ်မပြနိုင်ဘဲ ဆာလောင်မှုတွေအေးစက်မှုတွေနဲ့နှိပ်စက်မှုတွေကိုသည်းခံခဲ့တာ။ တစ်နေ့တော့ဒီလူတွေကိုသတ်ပြီး သူပါသေပစ်ဖို့တွေးမိတဲ့အထိပဲ။+
ဒါပေမယ့်သူ့ဒုက္ခတွေဟာ ချီကွေ့ကျွင်းပေါ်လာတဲ့နောက်အနည်းငယ်လျှော့ပါးသွားပြီး ငရဲပြည်ထဲနေအလင်းတဖျကျလာသလိုလေနုအေးတစ်ချက်ဝှေ့တိုက်လာသလို သူ့ကိုခံစားရစေတယ်။ သူ့ကိုကာကွယ်မယ်လို့ပြောခဲ့ပြီး သူထပ်မသိမ်ငယ်ရတော့ဘူးလို့ကတိပေးထားတာကြောင့်မျှော်လင့်ချက်အမျှင်တန်းရှည်ခဲ့ရသည်။
ချီကွေ့ကျွင်း ထိုစကားများပြောစဉ်ကသူ့သွေးတွေပွက်ပွက်ဆူပြီးပျော်ရွှင်မှုကနှလုံးသားထိပေါက်ကွဲထွက်လာခဲ့သည်။ သူ့မှာနောက်ဆုံးတော့မိသားစုရှိလာပြီ ဘယ်သူ့ကိုမှကြောက်စရာမလိုတော့ဘူးဟု၍ သူထင်ခဲ့သည်။ ဒါပေမယ့်လို့သူ့ကိုနှိပ်စက်တဲ့အစေခံတွေဇီချန်နန်းဆောင်ကို လိုက်ပါလာတော့ဒေါသမထိန်းနိုင်ဘဲကိုယ်တိုင်အသေသတ်ဖို့လက်ပါသွားမိသည်။
သူဟာသွေးဆာသူတစ်ယောက်မှန်းသူ့ကိုယ်သူသိပါသည်။ ညနက်တွေတိုင်းမှာ ဒီလူတွေကိုနည်းမျိူးစုံနဲ့ညှင်းပမ်းနှိပ်စက်နေသောအိမ်မက်များ ရက်ဆက်မက်နေခဲ့ပြီး ထိုအိမ်မက်အပေါ်စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့သည်။ သူ့အတွေးတွေဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ သူသိတာကြောင့်သရဲဘောကြောင်တဲ့မျက်နှာဖုံးနဲ့စိတ်ရင်းကိုဖုံးကွယ်ထားရသည်။ ချီကွေ့ကျွင်း ကိုတော့ သူ့ရဲ့အကျည်းတန်တဲ့မျက်နှာကိုဘယ်သောအခါမှမတွေ့စေခဲ့လိုပါ။
ဒါပေမယ့်ကလေးသာသာလီရွှီသုန်းဟာ သူ့ရဲ့တိတ်တဆိတ်ညှင်းပမ်းနေမှုကိုအခြားအစေခံတစ်ဦးက သူမသိစေချင်တဲ့လူကိုပြန်ပြောပါလိမ့်မယ်လို့ဘယ်တွေးမိပါ့မလဲ။
အခု သူ့ကိုယ်သူပါးကွပ်အောက်ကရာဇဝတ်သားလို ချီကွေ့ကျွင်းခေါင်းဖြတ်မယ့်အချိန်ထိုင်စောင့်ရသည်ဟုခံစားနေရသည်။
ကျိူးယွင်ရှန့်ဖြည်းဖြည်းချင်းလျှောက်လာပြီးဆူးကြာပွတ်ကိုဆွဲယူကာ လီရွှီသုန်းလက်ကိုလွှဲရိုက်လိုက်သည်။ ချွန်မြသောဆူးချွန်တို့က အသားတွန်းစိုက်ဝင်ပြီးသွေးများစိမ့်ထွက်လာသည်။ အခန်းတွင်းမှအစေခံကမျက်နှာကိုအလျင်အမြန်လွှဲလိုက်သောငြား နှုတ်ခမ်းတွင်တော့အပြုံးရှိနေသည်။
လီရွှီသုန်းကတော့ ချီကွေ့ကျွင်းသူ့ကို ဘာဖြေရှင်းမှမတောင်းဘဲရိုက်နှက်လိုက်သည်မို့စိတ်ပျက်သွားပြီးစွန့်ပစ်တော့မည်ဟုတွေးမိလိုက်သည်။ ဒါက ကာကွယ်ပေးခြင်းတဲ့လား၊ အချစ်? မှီခိုရာ? ကျူပ်ကခင်များနေရာမြဲဖို့ရုပ်သေးလား? လီရွှီသုန်း အံကိုကြိတ်ထားပြီးအစော်ကားခံရမှုအတွက်မျက်ရည်ကျမလာအောင်တင်းခံထားလေသည်။ ဘယ်သူကမှသူ့ကိုငိုအောင်မလုပ်နိုင်သလိုရင်နာအောင်လည်းမလူပ်ခဲ့နိုင်ကြဘူး။ ဒါပေမယ့်သူ့ကိုမျှော်လင့်ချက်တစ်လှေကြီးပေးခဲ့တဲ့ ဒီလူကတော့ အသူတရာချောက်နက်ထိတွန်းပို့နိုင်ပြီး နှလုံးသားကိုနာကျင်အောင်အလွယ်တကူလုပ်နိုင်သည်။
သူချီကွေ့ကျွင်းကိုချစ်ခင်လေးစားမှုနဲ့အမြဲမြင်ခဲ့ပေမယ့်အခုတော့နာကျည်းချက်ဝင်လာခဲ့ပြီ။ဒါပေမယ့်သူ့ကိုအနိုင်ကျင့်ခဲ့လူတွေနဲ့တစ်တန်းထဲထား ပြန်လည်လက်စားချေနာကျင်အောင်လုပ်ဖို့ကသူတွေးလို့ပင်မရပေ။
"မင်းဘာအမှားလုပ်လိုက်လဲသိလား?'' ကျိူးယွင်ရှန့်၊ လီရွှီသုန်းမေးကိုဆွဲညစ်ပြီး သူ့နဲ့မျက်လုံးချင်းဆိုင်ခိုင်းလိုက်သည်။
လီရွှီသုန်း လက်သီးဆုပ်ကိုအကြိမ်ကြိမ်ဖြေလျော့တင်းဆုတပလုပ်ပြီးမှပြန်ဖြေလိုက်သည်။ ''ကျွန်တော်ဘာမှားလဲသိပါတယ်''
"မင်းဘာမှားလဲပြောစမ်းပါအုန်း''
"ကျွန်တော်မရက်စက်သင့်ဘူး''
"ငတုံး!" ကျိူးယွင်ရှန့်၊ လီရွှီသုန်း မျက်နှာခပ်နာနာထပ်ညစ်လိုက်သည်။
အခုမှပဲ လီရွှီသုန်းမျက်နှာကနာကျင်ဟန်ပြတော့သည်။
ကျိူးယွင်ရှန့်က ဆက်ပြီး ''မင်းကတော်ဝင်မင်းသားတစ်ပါး သူတို့ကအစေခံ။ မင်းကကြွေထည်၊ သူတို့ကမြေထည်အစအနတွေသက်သက်ပဲ။ မင်းနဲ့သူတို့အဆင့်အတန်းကမိုးနဲ့မြေမှာ ဘယ်လိုလုပ်နှိုင်းယှဉ်မှာလဲ။ မင်းသာစိတ်ထဲသဘောမကျရင်အမိန့်သာပေးလိုက်အခြားလူကမင်းအစားရှင်းပေးမှာပဲ။ ဘာလုပ်ဖို့ကိုယ့်လက်ကိုယ်ညစ်ပတ်အောင်လုပ်ပြ သိက္ခာအကျခံရသလဲ။နောက်တစ်ချက်မင်းရဲ့အားနည်းချက်ကိုသူများတကာအလွယ်တကူရှာတွေ့အောင်ပြထားလို့ဖြစ်မလား။ မင်းအခုလုပ်နေတာတွေကအရမ်းဦးနှောက်မရှိရာကျတယ်မထင်ဘူးလား'' ကျိူးယွင်ရှန့်တံခါးဝနားမှအစေခံမကိုဝေ့ကြည့်ရင်းစကားကိုအဆုံးသတ်လိုက်သည်။+
လီရွှီသုန်း အံ့သြမျက်လုံးများနှင့်ကျိူးယွင်ရှန့်ပြေားကားများကိုအဓိပ္ပါယ်ကောက်နေမိတော့သည်။
ကျိူးယွင်ရှန့်၊ လီရွှီသုန်းမေးကိုလွှတ်ပေးလိုက်ပြီးလက်ပေါ်ကသွေးတွေကိုသုတ်လိုက်ကာအေးစက်စက်အမိန့်ပေးလိုက်သည်။ ''လာကြစမ်း ၊ ဒီလေးယောက်ကမင်းသားခြောက်ကိုမရိုမသေပြုတာမို့သေဒဏ်ပေးလိုက်''
လီကျင်းထျန်းဟာ ချီရှိုးကျဲ့ကိုမချစ်ပေမယ့်လို့အပြစ်မကင်းစိတ်ရှိနေတာကြောင့်တတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင်ထားပေးထားသည်။ ဇီချန်နန်းဆောင်အတွင်းအပြင်မှာ အစောင့်တစ်ရာထက်မနည်းရှိပြီး အားလုံးကချီရှိုးကျဲ့အမိန့်အောက်တာဝန်ထမ်းဆောင်ကြရသည်။ အသံဆုံးသည်နှင့်အစောင့်များကဓားဝင့်လျှက်ဝင်လာပြီး ငိုယိုနေသောအစေခံများကိုဆွဲထုတ်သွားကြသည်။
"ခမည်းတော်'' လီရွှီသုန်း လက်ရှိအခြေအနေသို့စိတ်ပြန်ရောက်လာပြီးပျော်ရွှင်မှုကြောင့်နှလုံးသွေးများ တထိတ်ထိတ်တိုးလာသည်။ လူတစ်ကိုယ်လုံးလည်းလေပေါ်မှာမြောလွင့်နေသလိုမျိူး။ သူကျိူးယွင်ရှန့်လက်ကိုဆုပ်ကိုင်လိုက်သည်။ ဒီလူကသူ့ကိုမြေကြီးနဲ့တသားထဲကပ်အောင်လုပ်နိုင်ပါစေအုန်း၊ သူ့ရဲ့တစ်ခုတည်းသောခိုကိုးရာဖြစ်ပါစေအုန်း သူလက်မလွှတ်တော့ဘူး။ ခမည်းတော်သူ့ကိုမုန်းနေမယ်စွန့်ပစ်သွားမယ်လို့ဘာလို့တွေးပစ်ရတာလဲ။ ခမည်းတော်ကသူ့မိသားစု သူ့ကိုအမြဲချစ်နေမှာ။ ခမည်းတော်ပြောတာမှန်တယ်သူတကယ်ရူးမိုက်ရာကျသွားခဲ့တယ်။3
လီရွှီသုန်း ဟာ အပျော်လုံးဆို့နေတာကြောင့်အခြားဘာမှမပြောနိုင်ဘဲ ကျိူးယွင်ရှန့်လက်ကိုဖမ်းဆွဲပြီး ခမည်းတော်တစ်ခွန်းသာဆိုနိုင်တော့သည်။
"ဒါကဘာပုံစံလဲ အစောကမိစ္ဆာကောင်လေးကဘယ်နားရောက်သွားတာလဲ။'' ကျိူးယွင်ရှန့်လက်ကိုခါထုတ်ပြီး ''မင်းအပြစ်ဒဏ်ကိုမင်းမေ့သွားပြီလား''
"သားတော်မှတ်မိပါတယ်'' လီရွှီသုန်းအမြန်ဖြေလိုက်သည်။ ဒါပေမယ့်တကယ်လို့ သူ့မှာအမြှီးသာရှိရင်ပျော်လွန်းလို့တရမ်းရမ်းဖြစ်နေလိမ့်မှာအသေချာ။ ထိုအချိန်မှာသူဟာ သခင့်အနားကချစ်စရာခွေးပေါက်ကလေးလိုကြောက်စရာဝံပုလွေကြီးသည်ကားဘယ်သောအခါမှမရှိခဲ့သည့်အလား။4
အမှန်ပြောရရင်ကျိူးယွင်ရှန့်၊ လီရွှီသုန်း၏ရမ်းကားမှုကိုကျေနပ်သည်။ရှေးခေတ်မှာထီးနန်းရဖို့ ကြာပွတ်တစ်ချက်နဲ့ လူသတ်နိုင်ဖို့မလိုအပ်ဘူးလား? လီရှစ်မင်၊ ဝူဇဲထျန်း၊ကျူးတိ၊ယုံကျန့်..... တစ်ယောက်မှသွေးနဲ့မကင်းခဲ့ဘူး။ ရည်မှန်းချက်ကြီးရင်သွေးများများစွန်းရမှာဖြစ်သလို ရက်စက်မှုနဲ့လဲလှယ်ရမှာပဲ။5
"ဒါဆိုအခုသွား ပြီးရင်တော့ ငါနဲ့ညစာလာစားဖို့မမေ့နဲ့'' ဒီနန်းဆောင်ကြီးထဲတစ်ယောက်ထဲထမင်းစားရတာ အရမ်းအထီးကျန်စရာကောင်းတာတော့ကျိူးယွင်ရှန့်ဝန်ခံသည်။
လီရွှီသုန်း ပုံစံကဆုကြီးကြီးချီးမြှင့်ခံရသလို ကျယ်လောင်စွာသဘောတူပြီးရေချိူးဖို့ပြေးသွားတော့သည်။ သူခမည်းတော်ကိုသဘောကျသည်။ အမြဲဘေးနားအတူနေချင်သည်။ဒါပေမယ့်အခုလိုသွေးစွန်းစေတဲ့အလုပ်တွေလုပ်ထားပြီး ဘယ်လိုလုပ်နေရမှာလဲ။ ခမည်းတော်ကအတုမရှိသန့်စင်ပြီး အရာအားလုံးထက်အမြင့်မြတ်ဆုံးနေရာမှာပဲနေသင့်တယ်။
ကောာင်းမင်မဟာအသရေခနိးမဆောင်ထဲအရိုအသေတစ်ချက်မပေးပါဘဲ ဝင်လာပြီး လီကျင်းထျန်းကိုတိုက်ရိုက်မေးလိုက်သည်။ ''ဆဋ္ဌမမင်းသားကအစေခံလေးယောက်အကြောင်းမရှိသတ်လိုက်တာ ခင်များသိလား''+
"ဘာအကြောင်းမရှိရမှာလဲ သူတို့မင်းသားခြောက်ကိုဘယ်လိုဆက်ဆံသလဲဆိုတာကော မင်းသိရဲ့လား'' လီကျင်းထျန်းကချက်ချင်းချေပသည်။ သူသာတိတ်တဆိတ်မစုံစမ်းရင်ကိုယ့်ကလေးအနိုင်ကျင့်ခံနေရတာတောင်သိမှာမဟုတ်ဘူး။ မင်းသား၁၂သေပြီဆိုတာသိကတည်းက သူကလေးတွေကိုလျစ်လျူမရှုရဲတော့ဘူး။ တကယ်လို့များတစ်ယောက်ပြီးတစ်ယောက်အသတ်ခံရလို့ မင်းသားငါးတစ်ပါးပဲကျန်ရင်ဒါကတမင်သက်သက်လား တိုက်ဆိုင်မှုဖြစ်အုန်းမလား။
ကောင်းမင်မျက်လုံးလက်သွား၏။ဘာမှမဖြေသော်ငြားအားလုံးကရှင်းလင်းနေပြီ။
ပြန်မွေးဖွားလာပြီးနောက်လီကျင်းထျန်း စိတ်ပျက်မိတာကကောင်းမင်ရဲ့နဂိုရဲရင့်ဖြောင့်မတ်တဲ့အကျင့်စရိုက်ဟာအေးစက်၊အတ္တဆန်ပြီးကြမ်းကြုတ်လာတာပဲ။ မင်းသားငါးနဲ့ကောင်းအိမ်အတွက်ကလွဲရင်သူဟာဘာကိုမှဂရုမစိုက်တော့ဘူး။ အဆုံးမှာဒီလိုဖြစ်စေတဲ့တရားခံကဘယ်သူလဲစစ်တော့ သူကိုယ်တိုင်ဖြစ်နေတာပဲ။
ကောင်းမင်လည်းသူခေါင်းရှောင်ဖို့စကားလမ်းလွှဲလိုက်သည်။ ''အနောက်ယီဒေသနှိမ်နင်းရေးမှာငါ့ကိုတာဝန်ပေးဖို့ဆုံးဖြတ်ပြီးပြီလား''
"မင်းကိုယ်နဲ့ပဲနေလို့မရဘူးလား''
ကောင်းမင်ကမဖြေ။ မျက်လုံးကတော့ နားကျည်းချက်နှင့်မလိုလားမှုအပြင်ရည်မှန်းချက်မီးလျှံများပါတောက်လောင်နေသည်။ ဒီနန်းတော်လှောင်အိမ်ကြီးထဲကထွက်ပြီးသွေးညှီနံ့ လွှမ်းတဲ့စစ်မြေပြင်ဆီသူပြန်သွားချင်လှပြီ။ အရင်ဘဝကနန်းတော်မှာပိတ်လောင်နေခဲ့ရသမျှ အခုဘဝမှာလွတ်မြောက်ချင်သည်။
ရည်းမှန်းချက်? လီကျင်းထျန်းအဲ့ဒီရည်မှန်းချက်ကြီးကို စိတ်ထင်တာလို့ပဲယုံနေချင်တော့တယ်။နောက်ဆုံးမှာ မချိမတင်ပြုံးပြီး လက်ကိုဝေ့ရမ်းလိုက်၏။ ''သွား.. လုပ်ချင်တာလုပ်တော'' ငါမင်းကိုခုပျံခိုင်းလိုက်မယ်ဒါပေမယ့်တစ်နေ့တော့မင်းအတောင်တွေကိုချိူးပစ်လိုက်မယ်။3
ကောင်းမင်အရမ်းပျော်သွားပြီးကျေးဇူးတင်စကားဆိုကာစိတ်ကြည်စွာထွက်သွားလေသည်။

Коментарі