Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 1.8
အခန်း(၈) ကျိူးယွင်​ရှန့်​ဘဝ +

ကျိူးသခင်​ကြီး၏ဈာပနအခမ်းအနားကအလွန်​ကြီးကျယ်​ခမ်းနားပြီးသုံးရက်​အတွင်းကတိုက်​ကရိုက်​သဂြိုလ်​လိုက်​သည်​။ ဈာပနအခမ်းအနားပြီးသည့်​နောက်​မိသားစု​ရှေ့​နေက​သေတမ်းစာကိုဖတ်​ပြသည်​။ ကြားရသည့်​လူအားလုံးအံ့အားသင့်​သွားကြသည်​က ကျိူး​ဟောက်​သည့်​သူ့ပိုင်​ဆိုင်​မှုအားလုံးနှင့်​ကျိူးအုပ်​စု၏ရှယ်​ယာ၃၀ရာခိုင်​နှုန်းကိုပါ သားအငယ်​ကျိူးဝန်​အန်​အတွက်​ချန်​ထား​ပေးခဲ့ခြင်းဖြစ်​သည်​။ သားအကြီးကျိူးယွင်​ရှန့်​ကမူဘာမှမရ​ပေ။ ဒုတိယသားကျိူးဝန်​ကျင့်​က​တော့တရားမဝင်​သားဖြစ်​သည့်​အတွက်​ဖခင်​၏အသိမှတ်​ပြုခြင်းကိုမခံခဲ့ရ ထို့​ကြောင့်​အ​မွေမရသည်​ကိုမဆန်း​ပေ။ ဒါ​ပေမယ့်​သားအကြီးဆုံးကဘာမှမရတာက​တော့တကယ်​မဖြစ်​သင့်​။ ကျိူးသခင်​မကြီး၏အ​မွေများကလည်းသားအငယ်​အတွက်​သာချန်​ထားခဲ့သည်​။ တစ်​လောကလုံးကဒီလင်​မယားကို သားအငယ်​အ​ပေါ်အရမ်းဘက်​လိုက်​တဲ့မိဘ​တွေလို့မြင်​ကုန်​ကြပြီ။​နောက်​ကျကျိူးယွင်​ရှန့်​ဘယ်​လို့လုပ်​တော့မလဲ။ သူတို့ဒီအ​ကြောင်းကိုမ​တွေးဖူးကြဘူးလား?

"မစ္စတာကျိူး​ကျေးဇူးပြုပြီးလက်​မှတ်​ထိုးပါ''​ရှေ့​နေက သားရည်​သားထူထူကြားတွင်​ညှပ်​ထား​သောစာရွက်​စာတမ်းများကိုထိုး​ပေးလိုက်​သည်​။ ကျန်​လူများကပါးစပ်​အ​ဟောင်းသား​ငေးကြည့်​ရုံသာတတ်​နိုင်​ကြ​တော့သည်​။

"ဒါမဖြစ်​နိုင်​ဘူး။ ကျိူး​ဟောက်​ဘယ်​လိုလုပ်​ယွင်​ရှန့်​အတွက်​ဘာမှမချန်​ထားခဲ့​ပေးတာလဲ။ သူပဲအရင်​က ကျိူးအုပ်​စုကယွင်​ရှန့်​ဟာပါလို့​ပြောခဲ့ပြီး​တော့'' ရန်​သခင်​မကြီးက​အော်​ပြောလိုက်​သည်​။ ရန်​သခင်​ကြီးကလည်း ကျိူးဝန်​အန်​ကိုမသင်္ကာသည့်​မျက်​လုံးများနှင့်​ကြည့်​နေ​တော့သည်​။ ခမည်းခမက်​များအ​နေနဲ့​သေတမ်းစာနား​ထောင်​ဖို့သူတို့အဖိတ်​ခံရသည်​။

ကျိူးယွင်​ရှန့်​ကပြုံးပြီးသူ့ဘွား​အေ၏​ကျောပြင်​ကိုခပ်​ဖွဖွ
ပုတ်​လိုက်​သည်​။ သူတို့ကအ​နေစိမ်း​ပေမယ့်​လည်း အချစ်​က​တော့မ​လျော့​ပေ။

"ဘာဖြစ်​ရမှာလဲ? သူနိုင်​ငံခြားမှာ​ခြောက်​နှစ်​၊ခုနှစ်​နှစ်​လောက်​နေပြီး တစ်​ခါ​လေး​တောင်​အိမ်​ကိုဖုန်းမဆက်​ဘူး။ ကျွန်​တော်​ကသာအ​ဖေ​ဘေးနားမှာတစ်​ချိန်​လုံး​နေပြီးပြုစုခဲ့တာ။ ကုမ္ပဏီကိုလည်းကူကြည့်​ပေးရတယ်​။ ဘာလို့အ​ဖေက ကျွန်​တော့်​ကိုအ​မွေမ​ပေးနိုင်​ရမှာလဲ'' ကျိူးဝန်​အန်​၏အမူအရာတို့ကလုံးဝရို​သေ​လေးစားခြင်းမရှိ​တော့​ပေ။

"ဒါ​ပေမယ့်​ရှီ​လေးရဲ့ပိုင်​ဆိုင်​မှု​တွေကလည်းမင်းကို​ပေးထားပြီးပြီပဲ။မင်းအစ်​ကိုမှာဘာမှမရှိဘူး​နောက်​သူဘယ်​လို​နေသွားရမှာလဲ..''

"အိုး...ဟုတ်​သားပဲ မနက်​ဖြန်​ကစပြီးကျွန်​တော်​က ကျိူးလုပ်​ငန်းစုဥက္ကဋ္ဌဖြစ်​လာ​တော့မှာ။ အဲ့ဒီ​တော့ ရန်​အုပ်​စုက​နေနုတ်​ထွက်​ဖို့ဆုံးဖြတ်​လိုက်​ပြီ။ ပြင်​ဆင်​ထားကြပါ'' ကျိူးဝန်​အန်​အားရပါးရရယ်​လိုက်​သည်​။

"နုတ်​ထွက်​လိုက်​တဲ့ရလဒ်​ရဲ့​နောက်​ဆက်​တွဲကိုမင်းသိရဲ့လား?မင်းကရန်​အုပ်​စုကို​ဒေဝါလီခံ​စေချင်​တာလား?'' တိတ်​ဆိတ်​နေသည်​ရန်​သခင်​ကြီးက​တော့ဒီတစ်​ခါမ​နေနိုင်​တော့​ပေ။ သူ့​မြေးငယ်​လေးအခုလိုရိုင်းစိုင်းလာလိမ့်​မယ်​လို့သူ​တွေး​တောင်​မကြည့်​ခဲ့ဖူးဘူး။ အရင်​ကရို​သေ​လေးစားမှု​တွေဘယ်​ရောက်​သွားတာလဲ?ရန်​အိမ်​ကသူ့ကိုဘာလုပ်​ခဲ့လို့သူကရန်​အိမ်​ကို​သေတွင်းထဲထိပို့ရက်​ရတာလဲ?

မျက်​နှာ​သေနှင့်​ကျိူးဝန်​ကျင့်​ကအခုမှပြုံးလိုက်​တော့သည်​။ အဲ့ဒီအဖိုးကြီးသူ့အတွက်​ဘာမှမချန်​ထား​ပေးဘူးဆိုတာသူသိသားပဲ။ သူဒီကိုလာတာ ဒရမ်​မာရှိုးတစ်​ခုသိချင်​ရုံသက်​သက်​ပဲ။ ရန်​အိမ်​ကလည်းသူ့ကိုတစ်​ခါမှကြည့်​ခဲ့ဖူးတာမဟုတ်​ဘူး။အခု​တော့အနှစ်​၂၀လုံးသူတို့ဖူးဖူးမှုတ်​ချစ်​ခဲ့ရတဲ့​မြေးအလိမ္မာ​လေးကသူတို့လက်​ကိုပြန်​ကိုက်​နေပြီ။

အစအဆုံးတည်​ညိမ်​နေသည့်​ကျိူးယွင်​ရှန့်​ကသူ့အဘွား​ကျောပြင်​ကိုပုတ်​ရင်းခပ်​ဖွဖွရယ်​လိုက်​သည်​။ ''သူနှုတ်​ထွက်​ချင်​ရင်​နှုတ်​ထွက်​ခိုင်းလိုက်​ပါ။ အဖိုးနဲ့အဖွား ပြန်​ကြရ​အောင်​။''

"ဒါ​ပေမယ့်​.....'' မစ္စတာရန်​က​တော့ဘယ်​လိုလက်​လွတ်​ရမှာလဲ။ ကျိူးသာနုတ်​ထွက်​ရင်​ရန်​ရေ​အောက်​ဥမင်​လိုဏ်​ခေါင်းပ​ရောဂျက်​ကအရင်းအနှီးများတယ်​။ အချိန်​မှီမပြီးလို့မဖြစ်​သလို့ဖျက်​သိမ်းပစ်​လို့ရတဲ့ကိစ္စလည်းမဟုတ်​ဘူး။ ဒီလိုဆိုရင်​ရန်​ကုမ္ပဏီကရင်းနှီးမြှုပ်​နှံထားတဲ့ မီလီယံ၁၀၀​ကျော်​ရေထဲမြုပ်​သွားတာနဲ့တူတူပဲ။ ဘဏ်​အ​ကြွေး​တွေနဲ့နစ်​နာ​ကြေး​တွေလည်းပြန်​ဆပ်​ရလိမ့်​မယ်​။ ဒီလိုဆို အဲ့ဒီအ​ပေါက်​ကြီးဖြည့်​တာနဲ့ပဲ ရန်​မိသားစုပိုင်​ဆိုင်​တဲ့စည်းစိမ်​အကုန်​ပြုတ်​မှာပဲ။

ကျိူးဝန်​အန်​ဒါ ရန်​ကို​သေ​အောင်​သတ်​နေတာပဲ!

"အဖိုးသူ့ကို​တောင်းဆိုလည်း သူစိတ်​ပြောင်းမှာမဟုတ်​ဘူး။ သူကရန်​အိမ်​ကို​သေ​စေချင်​နေတာ။ အဖိုးနဲ့အဖွား ကျွန်​တော်​နဲ့လိုက်​ခဲ့ပါ။ ကျွန်​တော့်​မှာနည်းလမ်းရှိပါတယ်​'' အဖိုးကြီး၊အဖွားကြီးစုံတွဲ စကားများများကြား​လေး​ရှော့ရ​လေဖြစ်​မှာစိုးတာ​ကြောင့်​ကျိူးယွင်​ရှန့်​အပြင်​ကိုအတင်း​ခေါ်သွားလိုက်​သည်​၊

နည်းလမ်းရှိတယ်​? မင်းကဘာလုပ်​နိုင်​မှာမို့လဲ?
ဒါက ကျိူးဝန်​အန်​ကော ကျိူးဝန်​ကျင့်​ပါ​တွေး​နေသည့်​အ​တွေးဖြစ်​ပြီးစိတ်​ထဲက​လှောင်​နေ​တော့သည်​။ 3

ကျိူးသခင်​ကြီးဆုံးပြီး​နောက်​ကျိူးနှင့်​ရန်​ဆက်​ဆံ​ရေးမှာလည်းပြတ်​တောက်​သွား​တော့သည်​။ ကျိူးဥက္ကဋ္ဌသစ်​က​ရေ​အောက်​ဥမင်​ပ​ရောဂျက်​ကို အ​ကြောင်းပြချက်​မရှိနုတ်​ထွက်​လိုက်​ပြီး လက်​ရှိမှာ ရန်​လုပ်​ငန်းစုဖက်​ကအကြီးအကျယ်​ဒုက္ခ​ရောက်​နေ​တော့သည်​။ သို့​ပေမယ့်​ထိုအချိန်​တွင်​မည်​သူကမျှသူတို့ကိုလက်​တွဲကူမည့်​သူမရှိကြ။ ရန်​လုပ်​ငန်းစုရှယ်​ယာကျဆင်းပြီး ဘီလီယံဆယ်​ဂဏန်းချီဥမင်​လိုဏ်​ခေါင်းပ​ရောဂျက်​ပျက်​စီးမည့်​အချိန်​ကိုသာထိုင်​ကြည့်​နေကြသည်​။ စီးပွား​ရေးလုပ်​ငန်းက​တော့အမြဲတမ်း အဲ့လိုပါပဲ အကျိူးအမြတ်​အတွက်​ဆို မိတ်​ဆွေမ​ပြောနဲ့ချစ်​ရသူ​တွေကို​တောင်​ရောင်းပစ်​ရဲကြသည်​။

အံ့သြစရာ​ကောင်းတာ မစ္စတာရန်​အရမ်းကိုတည်​ညိမ်​နေခြင်းပင်​။အိမ်​ပြန်​ပြီးအိပ်​တယ်​၊စားတယ်​အပြင်​ကိုအကူအညီ​တောင်းဖို့ဘာမှမလုပ်​ပေ။ သူသားသမီး​တွေကလည်းအပူအပင်​မရှိကြ။ လက်​ရှိ ရန်​လုပ်​ငန်းစုသူ​ဋ္ဌေး၏ဇနီး ရန်​ကျန်းဟိုင်​ကို ကုန်​တိုက်​ထဲတွင်​သန်းချီတန်​သည့်​ရတနာပစ္စည်းများဝယ်​နေသည်​ကိုပင်​မြင်​ကြရသည်​။သူမကြည့်​ရတာ​ငွေပြတ်​နေသည့်​ပုံပင်​မ​ပေါ်​ပေ။

"အို,,,ကျွန်​မတူက Noah universal ဥက္ကဋ္ဌ​လေ ဘာပူစရာလဲ။ ရှင်​Noah universal ကိုသိတယ်​မလား။ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ၅၀၀ထဲကထိပ်​ဆုံးကုမ္ပဏီ​လေ'' မစ္စစ်​ရန်​သူမလက်​ညှိုး​ပေါ်က စိန်​လက်​စွပ်​ကြီးကိုကြည့်​ပြီးရယ်​လိုက်​သည်​။

အ​ရောင်းဝန်​ထမ်းက​ခေါင်းသာညိမ့်​နိုင်​သည်​။ စိတ်​ထဲမှာ​တော့ 'ခင်​များတူနှစ်​ယောက်​တစ်​ယောက်​ကကျိူးကိုဆက်​ခံပြီး တစ်​ယောက်​ဘာမှမဟုတ်​တာ။ ဘယ်​ကကမ္ဘာ့အချမ်းသာဆုံးတူထပ်​ထွက်​လာတာလဲ။ စိတ်​ကူးယဉ်​နေတယ်​'​လှောင်​နေ​တော့သည်​။

ကျိူးဝန်​ကျင့်​ပထမဦးဆုံးလွင့်​လိုက်​သည့်​သတင်းက ကျိူးဝန်​အန်​သည်​ရန်​ရှီသားမဟုတ်​ဆိုသည့်​သတင်းဖြစ်​ပြီး ကျိူး​ဟောက်​၊ရန်​ရှီကိုသတ်​သည့်​ကအ​မွေအတွက်​ဟုပါထပ်​ဖြည့်​လိုက်​သည်​။ ရန်​ရှီနဲ့ ကျိူးဝန်​အန်​တို့၏​သွေးသား​တော်​စပ်​မှုစစ်​တမ်းကို အင်​တာနက်​ပေါ်တင်​ပြီး ရဲ​တွေကိုလှုပ်​ရှား​အောင်​လုပ်​လိုက်​သည်​။ သတင်းနှစ်​ခု​ကြောင့်​တစ်​ကမ္ဘာလုံးတုန်​လှုပ်​သွားကြပြီးအုတ်​သြ​သောင်းနင်းဖြစ်​ကုန်​သည်​။ ကျိူးရှယ်​ယာများကလည်း ကျိူး​ဟောက်​ဆုံးပြီးကတည်းက​နေ့စဉ်​ကျဆင်းကုန်​သည်​။
ထို့​နောက်​ကျိူးဝန်​ကျင့်​ကထိုရှယ်​ယာများကိုလိုက်​ဝယ်​ပြီး ကျိူး၏ရှယ်​ယာအများဆုံးဖြစ်​လာသည်​။

ကျိူးယွင်​ရှန့်​က​တော့​ခွေးအ နှစ်​ကောင်​တစ်​ယောက်​ကိုတစ်​ယောက်​ကိုက်​သတ်​နေသည်​ကိုကြည့်​ရင်း​ကျေနပ်​နေ​တော့သည်​။ သူ့မှာ အ​မွေကိစ္စနဲ့ပတ်​သက်​ပြီးကျိူးဝန်​အန်​နဲ့ဖက်​ပြိုင်​ဖို့စိတ်​ကူးမရှိ​ပေ။ တစ်​ဖက်​လူဘာမှမကျန်​တော့သည်​ကိုသူ​စောင့်​ကြည့်​အုန်းမည်​။သူ့ ကိုယ်​သူ​အောင်​နိုင်​သူဟုထင်​နေသည့်​ကျိူးဝန်​ကျင့်​ကို​တော့နည်းနည်းပညာ​ပေးရမည်​။[1] ရှိခိုး​ကောင်​ကပုစဉ်းရင်​ကွဲကိုလိုက်​ရင်း​နောက်​က စာက​လေးကိုသတိမထားမိတဲ့အဓိပ္ပါယ်​ကိုသိ​အောင်​လုပ်​ပေးရမည်​။[2]အိတ်​ပေါက်​နဲ့ဖား​ကောက်​မိသည့်​ယူကျူံးမရဖြစ်​မှုကိုလည်းခံစား​စေရအုန်းမည်​။
[ 1-​ရှေ့ကပြိုင်​ဖက်​ကိုပဲအာရုံစိုက်​လို့​နောက်​ကအန္တရာယ်​ကိုမမြင်​။
2 - အချည်းနှီးအားထုတ်​မှု] 1

မူလကျိူးယွင်​ရှန့်​က ဆင်းရဲဒုက္ခကြီးကိုခံစားခဲ့ရတာမို့ ဒါမျိူး​နောက်​တစ်​ခါထပ်​ဖြစ်​လို့မဖြစ်​ဘူး။ ကျိူးညီအစ်​ကိုနှစ်​ယောက်​ပြိုင်​နေကြသည်​မှာလအ​တော်​ပင်​ကြာသွားသည်​၊ လက်​ရှိမှာနှစ်​ဦးစလုံးရှယ်​၃၀ရာခိုင်​နှုန်းကိုကိုင်​ထားကြပြီး အနိုင်​ရရှိဖို့ တုရွှီလန်​လက်​ထဲက ကျန်​တဲ့ကျိူးရှယ်​ယာ၁၅ရာခိုင်​နှုန်းကိုသာရဖို့လိုကြ​တော့သည်​။

လွန်​ခဲ့​သော၇နှစ်​ကတည်းက တုရွှီလန်​သည်​လည်းကျိူးရှယ်​ယာဝင်​တစ်​ဦးဖြစ်​သည်​။ ဒါ​ပေမယ့်​မည်​သူမျှသတိမထားမိခဲ့ကြ​ပေ။

ကျိူးဝန်​ကျင့်​တွန့်​ဆုတ်​နေ​သော်​လည်း တုရွှီလန်​၏လက်​ထဲကရှယ်​ယာ​ကြောင့်​သူသာတုရွှီလန်​ကို​ဖြောင်းဖျပြီးရှယ်​ယာ​တွေ​ရောင်းခိုင်းပြီး​နောက်​ရှယ်​ယာရှင်​အစည်းအ​ဝေးမှာသူ့ဖက်​က​ထောက်​ခံခိုင်း​ရင်​သေချာ​ပေါက်​အနိုင်​ရမှာလို့​တွေးမိသည်​။ ကံမ​ကောင်းသည်​က ကျိူးဝန်​ကျင့်​အ​တွေးကလည်းထိုအတိုင်းပင်​။ ဓာတ်​လှေကားကထွက်​သည်​နှင့်​ကော်​ရစ်​တာတွင်​နှစ်​ယောက်​သားဆုံကြ​တော့သည်​။

"ဝင်​ကြပါ။​ကော်​ဖီ​သောက်​မလား လက်​ဖက်​စိမ်း​သောက်​မလား?'' အီနိုအဲရှို့ ရှန်​က မန်​ဒရင်းတရုတ်​လို့မွတ်​နေ​အောင်​ပြောပြီး ဥက္ကဋ္ဌအခန်းထဲ​ခေါ်သွားလိုက်​သည်​။

"​ကော်​ဖီ/လက်​ဖက်​စိမ်း'' နှစ်​ဦးသားဆန့်​ကျင်​ဖက်​ဖြေလိုက်​ကြသည်​။

ဆုံလည်​ထိုင်​ခုံမှာသူတို့ရှိရာလှည့်​လာပြီး ရှည်​လျားသည့်​အရပ်​နှင့်​ကျယ်​ပြန့်​သော်​ပုခုံးပြင်​တို့ရှိသည့်​ချော​မောခန့်​ညား​သောရုပ်​ရည်​နှင့်​ပေါ်လာသည်​။ သူကလက်​တစ်​ဖက်​တွင်​စီးကရက်​ကိုကိုင်​ထားပြီး နှုတ်​ခမ်းပါးကြားမှ​ဆေးလိပ်​ငွေ့များကိုခပ်​ဖြည်းဖြည်းမှုတ်​ထုတ်​လိုက်​သည်​။သို့​ပေမယ့်​စူးရှ​တောက်​ပ​နေသည့်​အကြည့်​တို့ကို​တော့ထိုမီးခိုး​ငွေ့တို့လွှမ်းခြုံနိုင်​ခြင်းမရှိ​ပေ။

ကျိူးဝန်​ကျင့်​က​တော့အကျင့်​အတိုင်းမတ်​မတ်​ထိုင်​နေသည်​။ ကျိူးဝန်​အန်​က​တော့ ကြက်​သီးများထပြီး​ကော်​ဖီခွက်​ကိုပင်​လွှတ်​ချမတတ်​ဖြစ်​သွားရသည်​။ သူလန့်​သွားရသည်​က တုရွှီလန်​၏သရုပ်​မှန်​ကြောင့်​မဟုတ်​ကျိူးဝန်​ကျင့်​ကဦး​လေးဟု​ခေါ်လိုက်​သော​ကြောင့်​ဖြစ်​သည်​၊

"မင်းမဟာမိတ်​ဖွဲ့ ပြီးငါနဲ့အ​ပေးအယူလုပ်​တော့မယ်​ပေါ့ huh?''

သူ့အတွက်​အခွင့်​အ​ရေးမရှိနိုင်​တာသိပြီးတဲ့​နောက်​ကျိူးဝန်​အန်​လက်​သီးဆုပ်​အံကြိတ်​ပြီးထွက်​သွား​တော့သည်​။ တုရွှီ​ပြောသည့် မ​ဟာမိတ်​ဖွဲ့ ဆိုသည်​ကိုသူထင်​သည်​က ကျိူးဝန်​ကျင့်​၊ ကျိူးယွင်​ရှန့်​၊ တုရွှီလန်​တို့သုံး​ယောက်​ပေါင်းခြင်းဖြစ်​သည်​။ တုရွှီလန်​က ကျိူးယွင်​ရှန့်​ရဲ့ ချစ်​သူလည်းဖြစ်​နေ​သေးသည်​။ တစ်​ဖက်​မှာတုရွှီလန်​လိုလူရှိ​နေတဲ့အတွက်​ရန်​အုပ်​စုက လို​နေတဲ့ ၂ဘီလီယံကိုအမြန်​ပြန်​ဖြည့်​နိုင်​တာမဆန်း​တော့ဘူးပဲ။

ကျိူးဝန်​ကျင့်​က​တော့ အတွင်း​ရေးဇာတ်​လမ်း​တွေကိုမသိ။ သူထင်​သည်​ကသူ့ဦး​လေးနဲ့သူအ​ကြောင်းကိုသာဖြစ်​သည်​။ ထို့​ကြောင့်​လျစ်​လျူရှုပြီး​ပြောလိုက်​သည်​။

"ဦး​လေး အဲ့ဒီ ရှယ်​ယာ၁၅ရာခိုင်​နှုန်းကို ကျွန်​တော့်​ဆီ​ရောင်းပါ။​ဈေးနိမ့်​စရာမလိုပါဘူး''

တုရွှီလန်​ကမ​ဖြေပဲ ထူးထူးဆန်းဆန်း​မေးလိုက်​သည်​။
''ဝန်​ကျင့်​၊ ကျိူးကယွင်​ရှန့်​ပိုင်​သင့်​တယ်​လို့မင်းမထင်​ဘူးလား'' 3

ကျိူးဝန်​ကျင့်​သူ့ရင်​ထဲကမနာလိုမှုကိုအတင်းထိန်းချူပ်​ထားပြီးဟန်​ဆောင်​ရယ်​လိုက်​သည်​။ ''ဦး​လေးကျွန်​တော့်​ကို​သေချာသင်​ပေးခဲ့တာပဲ။ စီးပွား​ရေးကစစ်​မြေပြင်​လိုပဲ အနိုင်​ရဖို့ကိုယ့်​ကိုယ်​ပဲအားကိုးရမယ်​။ ဒါကယှဉ်​ပြိုင်​မှုတစ်​ခုပဲ သူကျိူးကိုလိုချင်​ရင်​သူ့အစွမ်းနဲ့သူကျွန်​တော့်​ကိုနိုင်​အောင်​တိုက်​လို့ရတယ်​''
တုရွှီလန်​၏ ကျိူးယွင်​ရှန့်​အ​ပေါ်ဂရုစိုက်​မှုများကိုသူလုံးဝသ​ဘောမကျ​ပေ။

တုရွှီလန်​ခေတ္တတိတ်​ဆိတ်​နေပြီးမှ​ခေါင်းညိမ့်​လိုက်​သည်​။ ''မင်းမှန်​တယ်​။ အင်​အားအကြီးဆုံးကအသက်​ရှင်​ကျန်​ခဲ့မှာသဘာဝပဲ။ ကျိူးကိုအင်​အားအကြီးလူကပိုင်​ဆိုင်​လိမ့်​မယ်​''

"ဒီအဓိပ္ပါယ်​က....ဦး​လေး​ဘေးမှာပဲ​နေပြီးဝင်​မပါဘူး​ပေါ့''

"ငါဝင်​မပါဘူး''

"ဒါဆို ရှယ်​ယာ​တွေက...'' ကျိူးဝန်​ကျင့်​ကြောက်​နေမိသည်​က သူ့ဦး​လေးဒီရှယ်​ယာ​တွေကိုကျိူးယွင်​ရှန့်​ဆီ​ပေးလိုက်​မှာကိုပင်​။ သူကျိူးယွင်​ရှန့်​ကိုမတိုက်​ခိုက်​ဘူးလို့​ပြောထား​ပေမယ့်​ကူညီမယ်​လို့လည်းမ​ပြောထားဘူး။ သူကျိန်​ပြောထားပြီး ကျိူးယွင်​ရှန့်​ကိုဘာမှမရှိတဲ့အ​နေအထားမှာပဲလွှတ်​ထားမယ်​လို့။

"ရှယ်​ယာတစ်​ခုကို ၃၅ယွမ်​နဲ့ငါမင်းကို​ရောင်းမယ်​'' တုရွှီလန်​မျှတသည့်​ဈေးနှုန်းတစ်​ခုကို​ပေးလိုက်​သည်​။

ကျိူးဝန်​ကျင့်​ကျေနပ်​သွားပြီး ချက်​လက်​မှတ်​ထုတ်​လိုက်​သည်​။ အီနိုအဲ ရှို့ ရှန်​က ကျိူးဝန်​ကျင့်​ကို ဓာတ်​လှေကားထိလိုက်​ပို့ပြီး​ကျေနပ်​နေသည့်​မျက်​နှာတစ်​ခုကို တံခါးမပိတ်​သွားမချင်းစိုက်​ကြည့်​နေလိုက်​သည်​။ ထို့​နောက်​သူသက်​ပြင်းချလိုက်​သည်​။

ငတုံး​လေး။Bossကမင်းကိုအရူးလုပ်​လိုက်​ပြီ။ မင်းကBossကိုတရားမျှတတယ်​လို့ထင်​နေ​ပေမယ့်​တကယ်​တမ်းမ​ကောင်းတဲ့အကြံကိုဖုံးထားတာပဲ။ သူ့ပုံစံအရဆို တိုက်​ရိုက်​မတိုက်​ရင်​နောက်​ကလုပ်​ကြံမှာပဲ။ ရှန့်​ကျိူးကိုမယူတာ သူ့မှာအင်​အားမရှိလို့မဟုတ်​ဘူး။ သူကကျိူးကိုဖျက်​ဆီးပစ်​ချင်​တာ။ သူသာဖျက်​ဆီးပြီးရင်​ဒီရှယ်​ယာ၁၅ရာခိုင်​နှုန်းက အသုံးမဝင်​တဲ့စက္ကူသပ်​သပ်​ဖြစ်​သွား​တော့မှာပဲ။ Boss ကအမှန်​အတိုင်းသိရဲ့သားနဲ့ထုတ်​မ​ပြောဘူး။ အသုံးမဝင်​တဲ့စက္ကူတစ်​ရွက်​တောင်​သူ့တူကို​ရောင်းလိုက်​သေးတယ်​။တကယ်​အာဂပါပဲ!
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі