Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 1.4
အခန်း(၄) ကျိူးယွင်​ရှန့်​ဘဝ

စိတ်​ထဲမှာကျိူးယွင်​ရှန့်​ကိုဒီနိုင်​ငံကအမြန်​ထွက်​သွား​စေချင်​နေ​ပေမယ့်​မျက်​နှာမှာမ​ပေါ်လာ​အောင်​တော့ ကျိူးဝန်​အန်​ထိန်းထားနိုင်​သည်​။ တစ်​ဖက်​လူကအတိအကျ​ပြော​နေမှစိတ်​မ​ကောင်းသည့်​မျက်​နှာ​လေးနှင့်​ဟန်​ဆောင်​နေလိုက်​သေးသည်​။

ကျိူးဝန်​အန်​ထွက်​သွား​တော့မှ ကျိူးယွင်​ရှန့်​ကွန်​ပျူတာဖန်​သားပြင်​ကိုကြည့်​ရင်းခပ်​မဲ့မဲ့ပြုံးလိုက်​သည်​။ တကယ်​တော့ဒီစာချူပ်​မှတ်​တမ်းက ဒီခန္ဓာပိုင်​ရှင်​ရဲ့အ​မေရန်​ရှီရဲ့​သေတမ်းစာဖြစ်​တယ်​။ ဟက်​ကာတစ်​ယောက်​အ​နေနဲ့ network​တွေ​ပေါ်မှာအချက်​အလက်​တွေလိုက်​ရှာပြီးစု​ဆောင်းရတာမျိူးက ကျိူးယွင်​ရှန့်​ဝါသနာပင်​။ဒီကမ္ဘာကြီးရဲ့တည်​ဆောက်​မှုပုံစံ​ပြောင်းလဲသွားမှာကို သူသိ​ပေမယ့်​ဘယ်​ကိစ္စကိုမှမလွဲ​ချော်​စေရဘူး။

ဤသေတမ်းစာ​ပြောင်းလဲမှုကရန်​ရှီရဲ့Emailထဲကရှာ​တွေ့ခဲ့ခြင်းဖြစ်​သည်​။ သူမ၏ရှယ်​ယာများအားလုံးကို ကျိူးဝန်​အန်​မှ ကျိူးယွင်​ရှန့်​သို့လွဲ​ပြောင်း​ပေးထားသည်​။ တစ်​နည်း​ပြောရရင်​သူမက သူမသားအငယ်​အတွက်​တစ်​ပြားတစ်​ချပ်​မျှချန်​မထားခဲ့​ပေ။ ရန်​ရှီဟာသူမခင်​ပွန်း၏လွှမ်းမိုးမှု​ကြောင့်​သားအငယ်​ကိုအ​တော်​ချစ်​သည်​။ သားအငယ်​ကိုတစ်​ခါ​လေးမျှရက်​ရက်​စက်​စက်​မဆက်​ဆံဖူး​ပေ။ သူမ​သေတမ်းစာ​ပြောင်းလဲပြီး​ရှေ့​နေဆီမပို့​သေးပဲ ပင်​လယ်​ထဲခုန်​ချ​သေသွားတာ။ဒီလိုတိုက်​ဆိုင်​မှုမျိူးကဘယ်​မှာရှိလို့လဲ။ ဘယ်​သူက​သေတမ်းစာအသစ်​ကို​ဖျောက်​ပစ်​ချင်​တာလဲ?သူမတကယ်​သတ်​သေတာမှဟုတ်​ရဲ့လား? ပိုပြီး​တော့သံသယဖြစ်​စရာ​ကောင်းတာက သူမ​သေသွားပြီးတဲ့အချိန်​ရှေ့​နေက​သေတမ်းစာအ​ဟောင်းကိုလက်​ခံရရှိ​သေးတာပဲ။ဒါ​ပေမယ့်​သူမရဲ့ပိုင်​ဆိုင်​မှု​တွေအားလုံးကိုသားအငယ်​အတွက်​သာချန်​ထား​ပေးခဲ့တယ်​။ ကျိူးယွင်​ရှန့်​အတွက်​က​တော့ villasသုံးခုနှင့်​လက်​ဝတ်​ရတနာအချိူ့ကိုသာချန်​ထား​ပေးခဲ့သည်​။
ဒီမူရင်းပိုင်​ရှင်​ကျိူးယွင်​ရှန့်​သာမက ရန်​ရှီ၏မိဘများဖက်​ကပါ ဒီ​သေတမ်းစာကိုသ​ဘောမကျခဲ့။ ထို့အချိန်​၌ ကျိူးသခင်​ကြီးက သားအကြီးကကျိူးလုပ်​ငန်းစုကိုဆက်​ခံမှာဖြစ်​တဲ့အတွက်​သားအငယ်​ကိုသူ့အ​မေရဲ့ပိုင်​ဆိုင်​မှု​တွေအ​မွေ​ပေးခြင်းဖြစ်​တယ်​ဟု​ဖြေရှင်း​ပြောဆိုခဲ့သည်​။ရန်​ရှီ၏မိဘများကလည်း​မြေးအငယ်​ကိုချစ်​သော​ကြောင့်​ထိုရှင်းပြချက်​ကိုလက်​ခံခဲ့ကြသည်​။ ကျိူးသခင်​ကြီး၏အုပ်​ထိန်းမှု​အောက်​တွင်​ကျိူးယွင်​ရှန့်​ကရန်​မိသားစုနှင့်​အ​နေစိမ်းပြီး ကျိူးဝန်​အန်​က​တော့မကြာခဏဆိုသလိုအလည်​သွားတတ်​သဖြင့်​ဆက်​ဆံ​ရေး​ကောင်းသည်​။

မူရင်းခန္ဓာပိုင်​ရှင်​ကဤအ​ကြောင်းများကို ဂဃနဏ မသိခဲ့​ပေ။ထို့​ကြောင့်​လည်းသုံးစားမရပဲ​သေသွားခဲ့ခြင်းပင်​။ ကျိူးယွင်​ရှန့်​ခေါင်းရမ်းပြီး ကွန်​ပျူတာကိုပိတ်​လိုက်​သည်​။ မကြာခင်​မှာ ဒီခန္ဓာကိုယ်​ပိုင်​ရှင်​ရဲ့မူလပိုင်​ဆိုင်​မှုအားလုံးသူပြန်​ယူ​တော့မည်​။

ကျိူးယွင်​ရှန့်​နိုင်​ငံခြားပညာ​တော်​သင်​သွားမည်​ကိုကျိူးဝန်​အန်​သိပြီး​နောက်​ကျိူးဝန်​ကျင့်​ကိုပါပထုတ်​ရန်​ကြံစည်​တော့သည်​။ သူ့​ရှေ့မှာ​ကျောက်​ခဲနှစ်​လုံးရှင်းသွားပါက ကျိူးလုပ်​ငန်းစုသည့်​သူ့အိတ်​ထဲ​ရောက်​နေ​တော့မည်​။

တစ်​နေ့ အတန်းထဲမှာ​ကျောင်းသား၊​ကျောင်းသူ​တော်​တော်​များများ၏အဖိုးတန်​ပစ္စည်း​တော်​တော်​များများအခိုးခံခဲ့ရသည်​။ထို့​နောက်​ကျိူးဝန်​ကျင့်​ကျောင်းအထုတ်​ခံလိုက်​ရသည်​။ အခိုးခံရသည့်​ကျောင်းသား၊​ကျောင်းသူများ၏မိဘတို့ကကျိူးလုပ်​ငန်းစုကိုကိုယ်​တိုင်​သွားပြီး ကျိူးသခင်​ကြီးနှင့်​စကား​ပြောကြ​လေသည်​။ ကျိူးသခင်​ကြီးကလည်းအလွန်​အရှက်​ရပြီး ဧည့်​သည်​များပြန်​သည်​နှင့်​ခါးပတ်​ကိုချွတ်​ကာ ဝန်​ကျင့်​ကျောကိုရိုက်​တော့သည်​။ထို့​နောက်​နိုင်​ငံခြားသို့ပို့လိုက်​လေသည်​။
[IC -​စောက်​သုံးမကျတဲ့အ​ဖေပဲ -_-]

"ကျွန်​တော်​ဘာမှမခိုးဘူး အဲ့တာကျိူးယွင်​ရှန့်​ကျွန်​တော့်​ကို​ချောက်​ချတာ!ဦး​လေး ကျွန်​တော့်​ကိုယုံပါ!" ကျိူးဝန်​ကျင့်​အိပ်​ယာ​ပေါ်မှာ​မောက်​ခုံ​မောက်​ပြီး လက်​တစ်​ဖက်​ကလက်​သီးဆုပ်​လျှက်​ကျန်​တစ်​ဖက်​တုရွီလန်​အင်္ကျီလက်​အစကိုဆုပ်​ကိုင်​ထား​လေသည်​။သူ့​ကျောပြင်​၌အနီ​ရောင်​အစင်းရာများကပြည့်​လျှက်​ရှိသည်​။

"မင်းမလုပ်​တာငါသိတယ်​။ဦး​လေးမင်းကိုယုံပါတယ်​'' တုရွှီလန်​ကျိူးဝန်​ကျင့်​ခေါင်းကိုပုတ်​ပြီး​ချော့လိုက်​သည်​။ ထို့​နောက်​ကျိူးဝန်​ကျင့်​ငိုရင်းအိပ်​ပျော်​သွား​လေ​တော့သည်​။ ကျိူးဝန်​ကျင့်​အိပ်​ပျော်​သည်​နှင့်​ကျိူးယွင်​ရှန့်​အခန်းဆီသို့သွားလိုက်​သည်​။ ထို့​နောက်​လက်​ကို​မြှောက်​လိုက်​ပြီးတံခါး​ခေါက်​ရန်​တွေး​ဝေ​နေမိပြန်​သည်​။ ကျိူးဝန်​ကျင့်​အပြစ်​ကင်းတာသူယုံကြည်​သည်​။ ဒါ​ပေမယ့်​အခုကိစ္စက ကျိူးယွင်​ရှန့်​အကြံအစည်​မဟုတ်​ဟုလည်းယုံကြည်​နေမိပြန်​သည်​။ ကျိူးယွင်​ရှန့်​ကျိူးဝန်​ကျင့်​ကိုအနိုင်​ကျင့်​သည့်​အခါတိုင်း သူဘယ်​တော့မှ အခြားလူ​တွေသူလုပ်​တာပါဆိုတာသိသွားမှာမ​ကြောက်​ခဲ့။ ဒီ​နေ့လိုအရှက်​ခွဲပြီးဂုဏ်​သိက္ခာကျ​အောင်​လုပ်​တာမျိူးက ကျိူးယွင်​ရှန့်​စတိုင်​မဟုတ်​ပေ။ ဒီလို​နောက်​ကျောဓားထိုးတဲ့အလုပ်​မျိူးလုပ်​တတ်​တာကအ​ပြောချိူတဲ့ကျိူးဝန်​အန်​ပဲရှိမယ်​။ 4

သူ့စိတ်​ထဲအတပ်​သိ​သော်​လည်းတုရွှီလန်​ဒီအ​ကြောင်း​တွေကို ဝန်​ကျင့်​ကိုရှင်းပြမည်​မဟုတ်​ပေ။သူ့မှာကျိူးဝန်​ကျင့်​ကိုဒီလိုမှန်​မိုးမှန်​ကာအိမ်​ထဲမှာကြီးပြင်း​စေဖို့လည်းရည်​ရွယ်​ချက်​မရှိ။မုန်​တိုင်း​လေထန်​ကြံ့ကြံ့ခံပြီး အပြင်​ပ​လောကမှာခိုင်​မာတဲ့အမြစ်​နဲ့ကြီးထွား​စေချင်​သည်​။ဝမ်းတွင်းမည်း၊သူ​တော်​ကောင်း​ယောင်​ဆောင်​တတ်​သည့်​ကျိူးဝန်​အန်​လိုလူများကစီးပွား​ရေး​လောကတွင်​သူမသာကိုယ်​မသာများသာဖြစ်​ကြသည်​။ လူ​တွေကိုဘယ်​လိုအကဲဖြတ်​ရမလဲသူသင်​ယူရန်​လိုအပ်​သည်​။

တုရွှီလန်​ပြန်​လှည့်​ရန်​ပြင်​လိုက်​စဉ်​အခန်းတံခါးပွင့်​သွားခဲ့သည်​။ အခန်းတွင်းမှလူငယ်​လေးကလက်​ကိုပိုက်​ရင်း တံခါး​ဘောင်​ကိုမှီလိုက်​သည်​။
"ကျိူးဝန်​ကျင့်​ရဲ့တရားမျှတမှုအတွက်​တိုက်​ခိုက်​ဖို့အဆင်​သင့်​ဖြစ်​ပြီ​ပေါ့''

တုရွှီလန်​ခေါင်းရမ်းလိုက်​ပြီးရှင်းပြရန်​ကြိုးစား​သော်​လည်း ကျိူးယွင်​ရှန့်​က အထဲဝင်​လာဖို့​ခေါ်သည်​မို့ သူအထဲဝင်​သွားလိုက်​သည်​။
"ထိုင်​''

ကျိူးယွင်​ရှန့်​ကြမ်းပြင်​ကပ်​မီးအိမ်​ဘေးမှဆိုဖာကိုညွှန်​ပြလိုက်​သည်​။ ကတ္တီပါဆိုဖာကိုလိ​မ္မော်​ရောင်​အဖုံးတပ်​ထားသည်​မို့​နွေး​ထွေးသည့်​ခံစားမှုမို့ခံစားရ​စေသည်​။
"စိတ်​မရှိရင်​ကျွန်​တော်​ဆေးလိပ်​သောက်​လို့ရမလား''

တုရွှီလန်​ခြေချင်းချိတ်​ထိုင်​ပြီးသူ့ကုတ်​အင်္ကျီအတွင်းမှ​ဆေးလိပ်​ဗူးကိုဆွဲထုတ်​လိုက်​သည်​။ သူပုံစံကရိုးကျိူး​သော်​လည်းအမှန်​ကအမြဲတမ်းမထီမဲ့မြင်​ပြုတတ်​သည်​။ယခုသူ​မေးသည်​ကလည်းဝတ်​ကျေတမ်း​ကျေမျှသာဖြစ်​သည်​။ ဒီ​ကောင်​လေးရဲ့အခန်းက​နွေး​ထွေးပြီးသက်​တောင့်​သက်​သာဖြစ်​တဲ့အတွက်​သူအနားယူချင်​တာလည်းပါသည်​။

"စိတ်​ရှိတယ်​'' ကျိူးယွင်​ရှန့်​၊ တုရွှီလန်​ရှိရာသို့​လျှောက်​လာပြီး တုရွှီလန်​ပါးစပ်​ထဲမှ​ဆေးလိပ်​ကိုဆွဲထုတ်​ပစ်​နွားနို့ခွက်​ထဲပစ်​ထွက်​လိုက်​သည်​။ 1

တုရွှီလန်​ခဏကြာညိမ်​သက်​သွားသည်​။ သူအသက်​၂၀ပြည့်​ပြီး တုအိမ်​ကိုတာဝန်​ယူပြီးကတည်းဘယ်​သူမှသူ့ကိုအခုလို မရိုမ​သေမပြုရဲခဲ့​ပေ။ သူရုတ်​တရပ်​အ​ခြေအ​နေ​တွေကအရမ်းစိတ်​ဝင်​စားစရာ​ကောင်းတာပဲလို့မြင်​လာမိသည်​။ ထို့​နောက်​နဖူးကိုလက်​ဖဝါးနှင့်​အုပ်​ပြီးရယ်​လိုက်​သည်​။

ကျိူးယွင်​ရှန့်​၊ တုရွှီလန်​ကိုအ​ရေးလုပ်​ရန်​စိတ်​မပါ​ပေ။ ကွန်​ပျူတာ​ရှေ့မှာထိုင်​ပြီး​ခေါင်းပင်​မ​မော့ပဲ​ပြောလိုက်​သည်​။
"ကျိူးဝန်​ကျင့်​ကိစ္စက ကျွန်​တော်​လုပ်​တာမဟုတ်​ဘူး''

"မင်းမလုပ်​တာကျွန်​တော်​သိတယ်​။ကျွန်​တော်​မင်းကိုစွပ်​စွဲဖို့လာတာမဟုတ်​ပါဘူး။'' တုရွှီလန်​အရယ်​ရပ်​ပြီးပြန်​ဖြေလိုက်​သည်​။ သူဒီ​ကောင်​လေးကိုနှစ်​သိမ့်​ဖို့စကားအချိူ့​ပြောချင်​ရုံပင်​။ ထို​နေ့က ကျိူးယွင်​ရှန့်​သူ့အတွင်းစိတ်​နဲ့နာကျင်​မှုကို​ဖော်​ပြလိုက်​ကတည်းက တုရွှီလန်​သနားမိခြင်းဖြစ်​သည်​။ထို့​ကြောင့်​ဂရုစိုက်​ပေးခြင်းသည်​။

ခဏကြာတိတ်​ဆိတ်​သွားပြီး​နောက်​ကျိူးယွင်​ရှန့်​သူ့ကိုလှည့်​ကြည့်​လိုက်​သည်​။ ''ဒါဆိုနံရံ​နောက်​လူကဘယ်​သူလဲဆိုတာလည်းခင်​များသိမှာ​ပေါ့။ ကျွန်​တော်​လည်း ခင်​များကို​ပြောစရာရှိတယ်​။ သန်ဘတ်​ခါကျွန်​တော်​နိုင်​ငံခြားသွား​တော့မယ်​''

ပျင်းရိရိမှီလျှက်​ထိုင်​နေသည့်​လူ၏ခန္ဓာကိုယ်​မှာအနည်းငယ်​တောင့်​သွားသည်​။ ''ဘယ်​ကိုလဲ'' 3

"ကျိူးဝန်​ကျင့်​နဲ့တူတူ အ​မေရိကန်​ကိုပဲ ဒါ​ပေမယ့်​ကျွန်​တော်​က Hodgesအထက်​တန်း​ကျောင်းကိုသွားမှာ'' ကျိူးယွင်​ရှန့်​ခြေ​ချောင်းထိပ်​နဲ့ကြမ်းပြင်​ကို​ထောက်​ပြီး ထိုင်​ခုံကိုတစ်​ဖက်​လှည့်​လိုက်​သည်​။

"ခင်​များသိပါတယ်​အ​မေရိကန်​ရဲ့လုံခြုံ​ရေးကအရမ်းညံ့တယ်​။​ဆေးစွဲတာမျိူး​တွေကအရမ်း​ပေါတယ်​။ ခင်​များကျိူးဝန်​ကျင့်​ကိုအနီးကပ်​စောင့်​ကြည့်​သင့်​တယ်​တစ်​ယောက်​ယောက်​ထိန်းချူပ်​မှု​အောက်​မှာရှိမှပဲသူ မပျက်​စီးမှာ''

အပြင်​ဖက်​တွင်​မ​ပေါ်​သော်​လည်းတုရွှီလန်​အံ့အားသင့်​သွားမိသည်​။ထို့​နောက်​သူရယ်​လိုက်​သည်​၊
"ဒီနိုင်​ငံထွက်​သွားမှာက ကျင့်​ရှောက်​ရဲ့ဆုံးဖြတ်​ချက်​ပဲ ကျွန်​တော်​နဲ့ဘာဆိုင်​လို့လဲ။ ဘာလို့သူ့ကိုမျက်​စိ​ထောင့်​ထောက်​ကြည့်​နေရမှာလဲ''

ကျိူးယွင်​ရှန့်​ဘာမှပြန်​မ​ဖြေ။အဲ့ဒီအစား သူ Enter Keyကိုသာလှည့်​နှိပ်​လိုက်​သည်​။ ကွန်​ပျူတာဖန်​သားပြင်​ပေါ်တွငိ အဖြူအမည်းပုံတစ်​ပုံ​ပေါ်လာသည်​။ထိုပုံတွင်​၁၅နှစ်​အရွယ်​မိန်းက​လေးတစ်​ဦးကမြက်​ခင်းပြင်​တွင်​ထိုင်​နေပြီး​လေးနှစ်​အရွယ်​က​လေးတစ်​ယောက်​ကသူမ လက်​ကိုကိုင်​ထား​လေသည်​။ တစ်​ယောက်​မျက်​လုံးတစ်​ယောက်​ကြည့်​ပြီးရယ်​မော​နေကြသည်​။ မိန်းက​လေးက ကျိူးဝန်​ကျင့်​ရဲ့​သေသွားတဲ့အ​မေဖြစ်​ပြီး ချစ်​စရာ​ကောင်းသည်​မျက်​နှာ​လေးနှင့်​က​လေးငယ်​မှာ တုရွှီလန်​နှင့်​အ​တော်​တူ​လေသည်​။

ထိုဓာတ်​ပုံကတုရွှီလန်​၏ဖုန်​တတ်​နေ​သောမှတ်​ဥာဏ်​တို့ကပြန်​တောက်​ပြောင်​လာ​စေသည်​။ ထိုအချိန်​ကသူ့ဘဝ၏တစ်​ခုတည်း​သော​ပျော်​ရွှင်​ဖွယ်​အချိန်​ဖြစ်​ခဲ့သည်​။ ဒါ​ပေမယ့်​သူမအသတ်​ခံရကတည်းအားလုံးပြီးဆုံးသွားခဲ့ပြီ။

"ခင်​များကတုမိသားစု​မွေးစားထားတာ ဒါ​ပေမယ့်​အဲ့ဒီမတိုင်​ခင်​တော့ ကျိူးဝန်​ကျင့်​အ​မေနဲ့ မိဘမဲ့​ဂေဟာတစ်​ခုတည်းမှာ​နေပြီး​မောင်​နှမအရင်းလိုအရမ်းချစ်​ကြတယ်​။ သူကခင်​များအစ်​မပဲ ဒါ​ကြောင့်​ခင်​များခံစားချက်​တွေကအရမ်းနက်​နဲမှာပဲ။ ခင်​များတူ​လေးကိုခင်​များဘယ်​လိုလုပ်​တစ်​ယောက်​ထဲလွတ်​မှာလဲ?''

ကျိူးယွင်​ရှန့်​အားလုံးသိထားနှင့်​ပြီးဖြစ်​သော်​လည်း အမှန်​တရားအားလုံးကိုထုတ်​ပြောဖို့​တော့စိတ်​ကူးမရှိ​ပေ။တုရွှီလန်​ရဲ့ သရုပ်​အစစ်​အမှန်​လို​ပေါ့။ သူလက်​ရှိသရုပ်​က အ​မေရိကန်​မိဘမဲ့​ဂေဟာတစ်​ခုမှ တရုတ်​လင်​မယားက​ခေါ်ယူ​မွေးစားထား​သောသူ။ ဒါကလည်း ကျိူးဝန်​ကျင့်​ကိုအနီးကပ်​စောင့်​ရှောက်​ဖို့အတွက်​ဆင်​ခြေဖြစ်​သည်​။

ကျိူးယွင်​ရှန့်​အခုလိုထုတ်​ပြော​နေသည့်​အ​ကြောင်းအရင်းကလည်း သူ့ရဲ့သ​ဘောထားကြီးမြတ်​မှုကို​ဖော်​ပြချင်​သော​ကြောင့်​ဖြစ်​သည်​။ တုရွှီလန်​ကအင်​အားကြီးတယ်​။ တကယ်​လို့ သူသာဒုက္ခ​ပေးချင်​ရင်​ကိစ္စ​တွေကရှုပ်​ထွေးသွားနိုင်​တယ်​။
ကျိူးယွင်​ရှန့်​ကအခုအားနည်း​နေ​သေးတယ်​။ သူဘယ်​လိုမှအဓိကဇာတ်​ကောင်​ကိုတိုက်​ခိုက်​နိုင်​မည်​မဟုတ်​ပေ။ သို့​ပေမယ့်​တစ်​ဖက်​လူသူ့ကိုလှုပ်​ကိုင်​လို့မရ​လောက်​တဲ့အထိအင်​အားကြီးလာမည်​ကို​တော့ကျိူးယွင်​ရှန့်​ယုံကြည်​ချက်​ရှိသည်​။ အကြိမ်​ပေါင်းရာ​ထောင်​ချီလူဝင်​စားပြီးတဲ့​နောက်​သူ့ရဲ့အကြီးမားဆုံးအားသာချက်​ကမှတ်​ဥာဏ်​များအားလုံးကိုသိမ်းဆည်းထားနိုင်​ခြင်းပင်​။ ဒီကမ္ဘာရဲ့နည်းပညာက​နောက်​ပြန်​မသွား​ပေမယ့်​ရှေ့လည်းတိုးမ​နေဘူး။ သူ့မူလကမ္ဘာနဲ့ယှဉ်​လို့တောင်​မရဘူး။ဒါ​ကြောင့်​သူချမ်းသာဖို့ ပရိုဂရမ်​တစ်​ချိူ့​ရေးပြီး​ဆော့ဝဲလ်​တစ်​ချိူ့ထွင်​ရန်​သာလိုသည်​။ သူ့ရဲ့ပညာဥာဏ်​ရည်​နဲ့ဘယ်​လိုအ​ခြေအ​နေမျိူးမဆိုအေး​အေး​ဆေး​ဆေးရင်​ဆိုင်​နိုင်​သည်​။ဒါ​ပေမယ့်​အ​နှောင့်​အယှက်​အတားအဆီး​တွေက​တော့နည်း​လေ​ကောင်း​လေ​ပေါ့။

တုရွှီလန်​ဓာတ်​ပုံကိုအချိန်​အတန်​ကြာ​ငေးကြည့်​ပြီး ပထမဦးဆုံးအကြိမ်​သက်​ပြင်းချလိုက်​သည်​။ အဖြစ်​မှန်​ကို​တောင်​လွယ်​လွယ်​နဲ့​ဖော်​ထုတ်​နိုင်​တဲ့ ဒီ​ကောင်​လေးကသာမန်​မဟုတ်​ဘူး။

ကျိူးယွင်​ရှန့်​ခပ်​ရွဲ့ရွဲ့ပြုံးလိုက်​သည်​''ခင်​များမှတ်​မိ​သေးလား။နှစ်​သစ်​ကူးဆို ခင်​များတို့​မောင်​နှမ Ms.ရန်​ဆီကအမြဲတမ်းလက်​ဆောင်​ရတယ်​လေ။ ကျွန်​တော့်​အ​မေရန်​ရှီက ခင်​များအတွက်​အဝတ်​အစား​တွေအရုပ်​တွေပို့​ပေးတတ်​တယ်​ကော''

သူဗီလိန်​အဖြစ်​နေဖို့အတင်း​စေခိုင်းခဲ့ရတယ်​။ဒါ​ကြောင့်​system ကိုပြန်​လက်​စား​ချေဖို့ အခုဘဝတိုင်းမှာအမြင့်​ဆုံး​နေရာကိုသူယူ​တော့မည်​။ ရန်​ရှီ က ကျိူးဝန်​ကျင့်​အ​မေကိုမသတ်​ခဲ့​ပေမယ့်​သူမက​တော့ကျိူး​ဟောက်​သတ်​တာခံခဲ့ရပုံပင်​။ သူဘာလို့ဒီအ​ကြောင်းကို​ပြောပြရမှာလဲ? တုရွှီလန်​သူ့ကိုယ်​သူအပြစ်​မကင်းခံစား​နေရတာကိုသူ​အေး​အေး​ဆေး​ဆေားထိုင်​ကြည့်​အုန်းမည်​။

တုရွှီလန်​လုံးဝ​ရှော့ရသွားသည်​။ အ​တော်​ကြာမလှုပ်​မယှက်​နေပြီး​တော့သူ​ပြောလိုက်​သည်​။
"​တောင်းပန်​ပါတယ်​ကျွန်​တော်​မမှတ်​မိ​တော့ဘူး''

တုအိမ်​ကို​ခေါ်သွားခံရစဉ်​ကသူအသက်​၅နှစ်​သာရှိ​သေးသည်​၊ဒါ​ကြောင့်​မစ္စရန်​နှင့်​ပတ်​သက်​ပြီးသူ့မှာအ​လေးနက်​ထားစရာမှတ်​ဥာဏ်​မရှိ​ပေ။ သူ​မွေးစားခံလိုက်​ရပြီး​နောက်​မစ္စရန်​ကသူ့အစ်​မကိုဆက်​ထောက်​ပံ့​ပေးခဲ့သည်​၊​နောက်​ဆုံးသူမဒီ​ဂေဟာမှထွက်​သွားနိုင်​ခဲ့ပြီး တရုတ်​နိုင်​ငံ၏အ​ကောင်းဆုံးတက္ကသိုလ်​မှာပညာသင်​နိုင်​ခဲ့သည်​။ထို့​နောက်​ကျိူးလုပ်​ငန်းစုတွင်​အလုပ်​ဝင်​နိုင်​ခဲ့သည်​။ ဒီ​ကျေးဇူး​တွေကဆပ်​မကုန်​နိုင်​ဘူး။ဒါ​ပေမယ့်​သူအစ်​မက​ကျေးဇူးရှင်​ကိုဘယ်​လို​ကျေးဇူးဆပ်​ခဲ့သလဲ။​ကျေးဇူးရှင်​ရဲ့မိသားစုကိုဖျက်​ဆီးပြီး​ကျေးဇူးရှင်​ကို​သေ​စေခဲ့တယ်​။ သူ့ မှာလည်းအပြစ်​မကင်း​ပေ။​ကျေးဇူးရှင်​၏က​လေးကိုဂရုမစိုက်​ပဲ ကျိူးဝန်​ကျင့်​ကသူ့အ​မေကိုရန်​ရှီသတ်​ပါတယ်​လို့​ပြောရုံနဲ့ ကျိူးယွင်​ရှန့်​ကိုပါသတ်​ပစ်​ဖို့စိတ်​ကူးရှိခဲ့သည်​။ ဒီအ​ခြေအ​နေသာ​ပြောင်းပြန်​ဆိုရင်​ဒီကိစ္စထဲပါဝင်​သမျှလူအားလုံးသူမုန်းမိမှာပဲ။ တုရွှီလန်​မျက်​နှာကိုလက်​ဖဝါးနှင့်​ပွတ်​သပ်​ပစ်​လိုက်​သည်​။ အရင်​အ​တွေးများပြန်​တောင်​မ​တွေး​လောက်​အောင်​ပင်​။

"​တောင်းပန်​ဖို့မလိုဘူး။ အ​မေ ပရဟိတလုပ်​တာဒါတစ်​ခုတည်းမဟုတ်​ဘူး။ အခု​ခေတ်​ကြီးမှာ​လောဘမရှိတဲ့လူဘယ်​သူမှမရှိဘူး'' ကျိူးယွင်​ရှန့်​မတ်​တပ်​ရပ်​ပြီးအခန်းတံခါးကိုဖွင့်​လိုက်​သည်​။
"​နောက်​ကျ​နေပြီ ခင်​များသွားသင့်​ပြီ။ နွားနို့ခွက်​ယူသွားဖို့မ​မေ့နဲ့အုန်း''

တုရွှီလန်​ပြုံးပြီး စီးကရက်​ပေါ​လော​ပေါ်​နေသည့်​နွားနို့ခွက်​ကိုယူပြီး​လေးလံစွာထွက်​သွားလိုက်​သည်​။ ထိုညကသူအိပ်​မ​ပျော်​ပေ။

ညီအစ်​ကိုနှစ်​ယောက်​လုံးနိုင်​ငံခြားထွက်​သွားကြသည်​။ တစ်​ယောက်​က Hodgesအထက်​တန်း​ကျောင်း၊​နောက်​တစ်​ယောက်​က Lei Po Dayton​ကျောင်း သို့ဖြစ်​သည်​။သိပ်​မကြာခင်​မှာပဲ တုရွှီလန်​လည်းနုတ်​ထွက်​စာတင်​လိုက်​သည်​။

တစ်​နှစ်​ခွဲကြာပြီး​နောက်​ITနယ်​ပယ်​သည်​အရှိန်​အဟုန်​ပြင်းစွာတိုးတတ်​လာခဲ့သည်​။ Noah Universal Tech ဟု​ခေါ်သည့်​ကုမ္ပဏီတစ်​ခုက Star Wars online game
တစ်​ခုကိုတီထွင်​ခဲ့သည်​။ တစ်​လကြာပြီး​နောက်​ထိုဂိမ်းကတစ်​ကမ္ဘာလုံးပြန့်​နှံ့သွားသည်​။ ကစားသူများအတွက်​ဂိမ်းထဲသို့အမှန်​တကယ်​ရောက်​ရှိသွားသည့်​ပုံစံဖြစ်​စေရန်​အာရုံခံဦးထုပ်​များဖြင့်​တွဲ​ရောင်းပြီး Online game​လောကသစ်​တစ်​ခုကိုဖန်​တီးလိုက်​သည်​။ 1

ထိုဂိမ်းနှင့်​အတူအာရုံခံဦးထုပ်​ကြောင့်​Noah Universal သည့်​တမဟုတ်​ချင်းချမ်းသာလာ​တော့သည်​။ ထိုနှစ်​တွင်​ပင်​NASDAQ [National Association of Securities Dealers Automated Quotations] အီ​လောထ​ရောနစ်​စ​တော့​ဈေးကွက်​တွင်​ပထမချိတ်​ပြီး IT​လောက၏ dark horse [ပါရမီရှင်​] ဖြစ်​လာသည်​။

အာရုံခံဦးထုပ်​၏နည်းပညာအရည်​အ​သွေးကအလွန်​မြင့်​သော​ကြောင့်​မည်​သူကမျှမ​ဖော်​ထုတ်​နိုင်​ပေ။ Noah Universal
​နောက်​ကွယ်​မှ ကွန်​ပျူတာပညာရှင်​ကို​ဖော်​ထုတ်​ရန်​IT စီးပွား​ရေးလုပ်​ငန်းရှင်​မည်​မျှရှိသည်​ကိုခန့်​မှန်း၍မရနိုင်​ပေ။ သို့​သော်​ကုမ္ပဏီပိုင်​ရှင်​ကိုပင်​ဖော်​ထုတ်​မရနိုင်​သေး​ပေ။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі