Arc 4.10
အခန်း(၄၀) လင်းချန်စယ်ဘဝ
Translator - Mayhoney127
ကားပေါ်မှာ ကျိုးယွင်ရှန့် က သူ့မျက်နှာကိုလက်နဲ့အုပ်ပြီး အသံမထွက်အောင်ထိန်းကာ တိတ်တိတ်လေး အသေရယ်နေတယ်။ သူပိုက်ဆံ သိန်း၃ထောင်လိုတယ်ပြောရုံလေးနဲ့ အကုန်ပြောင်းလဲသွားပြီး အချေမျက်နှာနဲ့ ပိုက်ဆံထုတ်တွေကို တစ်ယောက်ယောက်ကို ပစ်ပေါက်ရတဲ့ခံစားချက်က တကယ်မိုက်တယ်။ အထူးသဖြင့် ကျီဟန်ယွိရဲ့ နောင်တအပြည့်နဲ့ ပူဆွေးနေတဲ့ မျက်နှာကြီးက ကြည့်ရအကောင်းဆုံးပဲ။5
လင်းချန်စယ်က မကောင်းတဲ့အကောင် ဖြစ်ခဲ့ရတော့ ကျိုးယွင်ရှန့် က သူ့အန္တရာယ်ကို ကူရှောင်ပေးပြီး သူ့အဆင့်အတန်းကို တချိန်တည်းမှာ စင်ကြယ်အောင် မြှင့်တင်ပေးလိုက်တယ်။ ကျီဟန်ယွိက ဖန်းယို့ရမ်နဲ့ အေးအေးဆေးဆေးနေနိုင်မှာလည်း မဟုတ်သလို သူ့ကိုလည်း တစ်သက်လုံးမေ့နိုင်မှာ မဟုတ်တော့ဘူး။ သူဒီလောကကြီးမှာ ရှောင်မရနိုင်အောင် ဒုက္ခရောက်ချိန်တိုင်း သူအတိတ်ကိုပြန်တမ်းတပြီး လင်းချန်စယ်ရဲ့ ပေးဆပ်နိုင်စွမ်းနဲ့ အချစ်တွေက သူ့ဘဝမှာရခဲ့ဖူးသမျှ ကိုယ်ကျိုးမဖက်တဲ့ တန်ဖိုးအရှိဆုံးပဲလို့ ခံစားနေရတော့မှာ။ လင်းချန်စယ်ရဲ့ နာကျင်မှုဒဏ်ရာတွေအတွက် သူဘာလုပ်ခဲ့လုပ်ခဲ့ အခုကစပြီး လင်းချန်စယ်က သူ့ရဲ့ဖြူစင်တဲ့လရိပ်အောက်က ချိုမြိန်တဲ့နှလုံးသားပိုင်ရှင်လေး ဖြစ်သွားပြီ။ ဝဋ်လည်တယ်ဆိုတာ ဒါကအကောင်းဆုံးသက်သေပဲ။1
ချောင်းမို့ခွန်းက သူမျက်နှာကိုအုပ်ပြီး ပုခုံးတွေတုန်နေတာမြင်တော့ ငိုနေတာလို့ပဲ ထင်သွားတယ်။ သူဘယ်လိုလုပ်ပေးရမှန်းမသိတော့ သူရင်ခွင်ထဲဆွဲသွင်းပြီး2
"ကလေး မငိုနဲ့တော့။ ဒီလိုလူမျိုးက ကလေးရဲ့မျက်ရည်တွေနဲ့ မတန်ဘူး"
ကျိုးယွင်ရှန့်က ခဏတောင့်သွားပေမယ့် ဘာမှပြန်မပြောဘူး။ ချောင်းမို့ခွန်းက ဆက်ပြီး
"ကလေးက အိမ်မွေးတိရိစ္ဆာန်လေး မဟုတ်ပါဘူး။ တကယ်ပါကွာ။ ပြီးတော့ ဦးက အဖိုးကြီးမဟုတ်ပါဘူး။ အခုအသက်
၃၀တောင် မပြည့်သေးဘူးလေ"8
ကျိုးယွင်ရှန့်က သူ့ကိုမော့ကြည့်လိုက်တဲ့အချိန်မှာ မျက်ရည်ဥလေးညှစ်ထုတ်လိုက်တော့ မျက်ရည်ဥလေးတွေက မျက်တောင်မှာ တွဲကျနေတယ်။ ချောင်းမို့ခွန်းက နည်းနည်းလန့်သွားပြီး နောက်ဘာဆက်ပြောရမလဲတောင် မသိတော့ဘူး။ သူစီးကရက်ထုတ်သောက်ချင်ပေမယ့် ကောင်လေးက စီးကရက်အနံ့မခံနိုင်တော့ သူဆက်ပြီး2
"ကလေး ကိုယ်တို့ ကြားမှာ . . . ဟာကွက်တွေများခဲ့ပေမယ့် အဆင်ပြေပြေပျော်ပျော်ရွှင်ရွှင်နဲ့ ဘယ်သူမှအနိုင်မယူတဲ့RSတစ်ခုကို ပြန်စကြရအောင်။ ကလေးရော ဘယ်လိုထင်လဲ"
ကျိုးယွင်ရှန့်က သူ့ကိုအကြာကြီးစိုက်ကြည့်နေပြီးနောက် သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ကာ မကြားတကြားနှင့်
"အလုပ်ဖြစ်မယ်လို့တော့ ကျွန်တော်မထင်ဘူး။ လူတိုင်းက ချောင်းဦးလေးဘယ်သူ့ကိုပဲဖြစ်ဖြစ် ၃လပဲခေါ်ထားတာ သိနေတာကို။ ဦးလေးတူတောင် ဦးလေးကြီးနားကြာကြာမနေနိုင်တာ။ ကျွန်တော်က ဘယ်လိုယုံကြည်ချက်နဲ့နေရမှာလဲ? အခုကျွန်တော် စာကြိုးစားပြီး တက္ကသိုလ်ကောင်းကောင်းတက်မယ်။ ပြီးရင် လုံလုံခြုံခြုံအလုပ်တစ်ခုနဲ့ အခြေချနေချင်တော့တယ်"
အခုသူကျီဟန်ယွိကြောင့် အသဲကွဲသွားပြီး ဘယ်သူ့မှမယုံတော့တာ ချောင်းမို့ခွန်းသိပါတယ်။ ဆံပင်တွေကိုသပ်တင်ကာ စိတ်ညစ်စွာ သက်ပြင်းချရင်း1
"မိတ်ဆွေတွေအနေနဲ့ ပြန်စရင်ရော ဘယ်လိုလဲ? ဒါဆို ကိုယ်ဘယ်လောက် ကလေးကို စောင့်နိုင်လဲဆိုတာ သိမှာပါ။ ကိုယ်တွေက အစအကောင်းခဲ့ပေမယ့်လည်း အနာဂတ်ကောင်းတော့ ရှိနိုင်ပါသေးတယ်"
ကျိုးယွင်ရှန့်က ခဏငြိမ်နေပြီးမှ ခေါင်းငြိမ့်တယ်။ ပြီးတော့ သူ့ငွေကြေးအခြေအနေက ချောက်တွင်းထဲမှာပဲရှိသေးပြီး သူမွဲနေသေးတော့ မြန်မြန်ပဲ
"ဒါဆို ကျွန်တော့် ကြေညာရိုက်ခကို အရင်ပေး"1
ချောင်းမိုခွန်းက စိတ်သက်သာရာရသွားပြီး မရယ်ဘဲမနေနိုင်စွာ ရယ်တော့တယ်။ ပြီးတော့မှ သူကောင်လေးရဲ့ ဆံနွယ်ပျော့ပျော့လေးတွေကို နမ်းရင်း ကတိပေးလိုက်တယ်။ [ IC - အာရှမှာမိတ်ဆွေချင်းမနမ်းပါ 🙂 ]4
~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~
ကျီဟန်ယွိက ချောင်းမို့ခွန်းအိမ်ရှေ့မှာ နှစ်သစ်ကူးတောင်မပြန်ဘဲ ထိုင်စောင့်နေတာ တစ်လကျော်ပြီ။ ပိတ်ရက်တွေပြီးလို့ ချောင်းမို့ခွန်းနဲ့အတူပြန်လာတော့ ကျိုးယွင်ရှန့် ရှေ့မှာ လာပိတ်ရပ်တယ်။
"ကလေး အရင်ဝင်နှင့်။ ကိုယ်သူနဲ့ စကားပြောလိုက်မယ်"
ကျီဟန်ယွိက သူ့ချစ်သူကို စွဲလမ်းနေတဲ့ မျက်လုံးတွေနဲ့ကြည့်တာ ချောင်းမို့ခွန်းမကြိုက်ဘူး။ ကျိုးယွင်ရှန့် က ခေါင်းငြိမ့်ကာ ကျီဟန်ယွိကို တစ်ချက်ငဲ့ကြည့်ပြီး အရင်ဝင်သွားတယ်။ ကျီဟန်ယွိက သူ့နောက်ပြေးလိုက်ချင်ပေမယ့် သူ့ဦးလေးရဲ့ အေးတိအေးစက် အကြည့်တွေအောက်မှာခြေလှမ်းတွေအေးခဲသွားတယ်။
"ထိုင်ဦး။ အခုတလော မင်းရည်းစားကောင်လေးနဲ့ အခြေအနေဘယ်လိုလဲ?"
"ကျွန်တော် သူနဲ့မနေတော့ဘူး"
ချောင်းမို့ခွန်းက တအံ့တဩပုံစံမျိုးနဲ့ လှောင်ရင်း
"ဘာလို့လဲ? မင်းပဲသူ့ကိုချစ်တယ်ပြောပြီး"
ဒါတွေပြီးသွားတဲ့နောက် သူဖန်းယို့ရမ်နဲ့ ဘယ်လိုလုပ် အဆင်ပြေပြေနေရမလဲ? သူ့ကိုကြည့်မိတိုင်း ပြန့်ကျဲနေတဲ့ပိုက်ဆံတွေနဲ့ လင်းချန်စယ်ရဲ့ ဝမ်းနည်းစိတ်ပျက်နေတဲ့ မျက်ဝန်းရဲရဲတွေပဲ ရုတ်တရပ်သတိရမိတယ်။ ဒါတွေက ကျီဟန်ယွိကို အမြဲဒုက္ခပေးနေပြီး ညဘက်တွေလည်း အိပ်မပျော်တော့ဘူး။ သူမျက်နှာရဲရဲနဲ့ အိတ်ကပ်ထဲက ချက်လက်မှတ်ထုတ်ပေးရင်း
"ဦးလေး ဒါ၁သန်းပါ။ ကျေးဇူးပြုပြီး ချန်စယ်ကို လွှတ်ပေးပါတော့"
ချောင်းမို့ခွန်းက ပြုံးလိုက်ပြီး သက်ပြင်းချကာ
"ဟန်ယွိ မင်းက တကယ်ကိုရိုးအတာပဲ။ သူ့ကိုပြန်ဝယ်လို့ရမယ် ထင်တယ်ပေါ့။ ပြီးတော့ ငါဒီလိုပိုက်ဆံမျိုးလည်း မလိုပါဘူး။ အမှန်အတိုင်းပြောရရင် မင်းအချစ်ကို သိန်း၃ထောင်နဲ့ဝယ်ရတာက ငါ့ဘဝမှာ အအောင်မြင်ဆုံး ရင်းနှီးမြှပ်နှံမှုပဲ။ ငါဒါကိုတွေးမိလိုက်တိုင်း ရှန်ပိန်ပုလင်းဖောက်ပြီး အောင်ပွဲခံချင်စိတ်တွေ တဖွားဖွားပဲ"6
ချောင်းမိုခွန်းရဲ့မျက်နှာက သာယာပျော်ရွှင်မှုတွေက ကျီဟန်ယွိကို အကူအညီမဲ့စွာ ဓားနဲ့မွှန်းနေသလိုပဲ။ သူအကြာကြီးရပ်နေပြီးတော့ သူ့ချက်လက်မှတ်ကို ပြန်ယူကာ ချောင်းမိုခွန်းရှေ့ကနေ ထွက်သွားတော့တယ်။
~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~
နောက်နှစ်ဝက်စတက်တာနဲ့ ညစ်ညမ်းတဲ့ အတင်းအဖျင်းကြီးတွေ ထွက်လာတယ်။ သူဌေးသားတစ်သိုက်ရဲ့ ကြမ်းပြင်ပေါ်မှာ အရက်ပုလင်းတွေ ဆေးတွေ ကွန်ဒုံးတွေနဲ့ ညစ်ညမ်းတဲ့ အခြေအနေကို ရိုက်ထားတဲ့ပုံတွေကို တင်ပြီးတိုင်ထားတယ်။ ဒီအတိုင်းအတာက အတော်လွန်လွန်းတယ်။ ရွေးကောက်ပွဲနီးနေတဲ့အချိန်ဆိုတော့ တရားရေးရာက ဒီပုံတွေအပေါ်အာရုံသေချာစိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စလာတယ်။ ကျိုးယွင်ရှန့် က ကလပ်ရဲ့systemကို hackပြီး သူနဲ့ချောင်းမို့ခွန်းပါတဲ့အပိုင်းကို ဖျက်ထားတော့ သူတို့ကတော့ ဘာမှမဖြစ်ဘူး။ ဝမ်ကျဲ့က ဆေးသုံးမှုနဲ့ ဆေးဖြန့်ဝေမှုတွေကြောင့် ကျောင်းထုတ်ခံလိုက်ရတယ်။ ကျောင်းသားတွေအတွက်ကတော့ အတင်းပြောစရာအကြီးကြီး ရသွားတာပေါ့။+
ကျီဟန်ယွိက ဒီပုံတွေကိုမြင်တော့ သူ့ဦးလေးသာ အဲ့ဒီကိုအချိန်မှီမရောက်ခဲ့ရင် လင်းချန်စယ် ဒီလိုခန္ဓာကိုယ်တွေအောက် ဆွဲသွင်းခံရမယ်လို့ တွေးမိတာနဲ့ ချွေးအေးတွေပျံပြီး ကြေကွဲသွားတယ်။ သူအခု လင်းချန်စယ်ကို ဖျက်စီးပစ်ဖို့ ဘာလို့ဒီလိုရက်စက်တဲ့လမ်းကို ရွေးခဲ့လဲဆိုတာ တကယ်မသိတော့ဘူး။
ဒါစိတ်ရူးပေါက်နေတဲ့သတ်ပွဲပဲ!
လင်းချန်စယ်ရဲ့ စိတ်ပျက်နေတဲ့အကြည့်တွေကို တွေးမိလိုက်တာနဲ့ ရင်ဘတ်တစ်ခုလုံး နောင်တတွေနဲ့ အေးစက်သွားတယ်။ လင်းချန်စယ်ကို တောင်းပန်ဖို့မျှော်လင့်ပြီး ကျောင်းကိုသတ္တိမွေးသွားခဲ့ပေမယ့် ထိုင်ခုံနေရာကလွတ်နေတယ်။ နောက်အတန်းတွေမှာလည်း သူစောင့်နေခဲ့ပေမယ့် ပေါ်မလာတော့ဘူး။ အတန်းပြီးတော့ သူလျှောက်မေးတော့မှ သူလျှောက်ထားတဲ့ နိုင်ငံခြားပညာတော်သင်ဆုက အရင်ရက်တွေကရသွားတယ်လို့ သိလိုက်ရတယ်။
သူတမင်သူ့ကိုဘယ်တော့မှ မတွေ့ရအောင် ထပ်လုပ်သွားပြန်တာလား?
ကျီဟန်ယွိက အုံ့ ဆိုင်းနေတဲ့ မီးခိုးရောင်ကောင်းကင်ကို မော့ကြည့်ရင်း စိတ်အားငယ်တယ်ဆိုတဲ့ ခံစားချက်ကို နောက်ဆုံးတော့ နားလည်သွားပြီ။
~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~
၅နှစ်ကြာပြီးနောက် တရုတ်နိုင်ငံ ကြယ်၅ပွင့်အဆင့်ရှိဟိုတယ်တစ်ခုတွင်
သိပ်မကြာသေးခင်ကမှ ချမ်းသာလာတဲ့ သူဌေးတစ်ဦးဖြစ်တဲ့ ကျီဟန်ယွိက အတွင်းရေမှူးနဲ့အတူ hallထဲဝင်လာတော့ ပွဲစီစဉ်သူတွေက ပန်းစည်းတွေနဲ့ ကြိုဆိုကြတယ်။ အသက်
၂၂နှစ်ရှိပြီးဖြစ်တဲ့သူက magazineထဲကမော်ဒယ်တွေလို ခန္ဓာကိုယ်နဲ့ အရပ်က188cmအထိ ရှည်လာပြီးတော့ ကလေးဆန်တဲ့မျက်နှာကနေ ရင့်ကျက်ခန့်ညားတဲ့ပုံကို ပြောင်းလာတယ်။ ရှန်ပိန်ခွက်ကိုင်ရင်းရပ်နေတဲ့သူရဲ့ ညိုးငယ်နေတဲ့မျက်ဝန်းတွေက အခန်းထဲကလူတွေကို ယစ်မူးစေတယ်။ သူက တံခါးဝကို ခဏခဏကြည့်နေရင်းနဲ့ သူ့အတွင်းရေးမှူးကို ခပ်တိုးတိုးမေးလိုက်တယ်။
"Necktieရွဲ့နေလား?"
"မရွဲ့ပါဘူး။ အရမ်းကြည့်ကောင်းပါတယ်။ ကျွန်မမြင်ဖူးသမျှထဲမှာ အခန့်ညားဆုံးbossပါပဲ"
အတွင်းရေးမှူးက အရမ်းမြောက်ပင့်ပြောပေမယ့် ကျီဟန်ယွိက ဘယ်လိုမှမနေဘူး။ သူတံခါးဝကို ထပ်ကြည့်နေရင်းက မျက်နှာကြီးမည်းသည်းသွားတယ်။
"ဟိုနားသွားလိုက်ဦးမယ်"
သူခွက်ကိုချလိုက်ပြီး ထောင့်နားက ဗန်းကိုင်ထားတဲ့ waiterကို ဆွဲခေါ်သွားတယ်။ သူဒေါသတကြီးနဲ့
"မင်းဒီကိုဘာလို့ရောက်နေတာလဲ? မင်းဘာလုပ်မလို့လဲ"
ဖန်းယို့ရမ်က ငိုတော့မလို မျက်လုံးရဲရဲလေးနဲ့ သနားစရာပုံကောင်းစွာ
"ငါ . . .ငါချန်စယ် ဒီကိုလာမယ်ကြားလို့။ ငါသူ့ကိုတွေ့ပြီး ခွင့်လွှတ်ဖို့ တောင်းပန်မလို့"
သူ့ဝမ်းနည်းနေတဲ့ပုံက ကျီဟန်ယွိကို မထိတဲ့အပြင် ဆူဟောက်လိုက်သေးတယ်။
"မင်းသူ့ကို ကျော်ဖြတ်ရခက်တဲ့ အတိတ်တွေ ပေးခဲ့တာ မင်းတောင်းပန်မှုကို သူကမလိုဘူးကွ။ သူ့ကိုသွားမနှောင့်ယှက်နဲ့ ဟုတ်ပြီလား? ငါ့ကိုရောပဲ ငါတောင်းပန်ပါတယ်ကွာ"
ဖန်းယိုရမ်ကလည်း အလျှော့မပေးဘဲ
"တကယ်လို့ ငါကသူ့ကိုအတိတ်ဆိုးတွေ ပြန်တွေးမိအောင်လုပ်ရင် မင်းကရော? သူ့စိတ်ထဲမှာ မင်းကရော ဘာဖြစ်မလဲ? ဒီအတိတ်ဆိုးတွေကို စခဲ့တာ မင်းပဲလေ"
ကျီဟန်ယွိက သူ့ကိုဘာမှပြန်မပြောနိုင်ဘဲ ဆွဲထားတဲ့အင်္ကျိကော်လံကို လွှတ်ပေးကာ ဖြူဖတ်ဖြူလျော်မျက်နှာနဲ့ ပြန်လာတယ်။
"Boss အဆင်ပြေရဲ့လား?"
သူမက စိုးရိမ်တကြီး သူ့လက်မောင်းကို ကိုင်မေးလိုက်တယ်။ သူမက နားနေခန်းမှာသွားနားနေဖို့ တိုက်တွန်းမလို့ပဲရှိသေး သူမနောက်က အော်သံတွေအကျယ်ကြီး ကြားလိုက်ရတယ်။ သူမလှည့်ကြည့်လိုက်တော့ တစ်ယောက်ယောက်က ပြောလိုက်တယ်။
"ချောင်းနဲ့ လင်းချန်စယ်တို့ လာကြပြီ"
အတွင်းရေးမှူးက ချောင်းကိုစိတ်မဝင်စားပင်မယ့် သူမက လင်းချန်စယ်ရဲ့fanလေ။ သူမbossကို မေ့သွားပြီး လူအုပ်ကြီးဘက်ကိုလည်ဆန့်ကာ fangirlingလုပ်တော့တယ်။
"အား!!! လင်းချန်စယ်ပဲ!!! Top 1မော်ဒယ်လင်းချန်စယ်ပဲ!!! အား Oh My God!"1
ပွဲစီစဉ်သူတွေက လူစုကိုခွဲလိုက်တော့မှ ငယ်ရွယ်ပြီး အလွန်အကြူးကိုလှလွန်းတဲ့ ကောင်လေး မျက်နှာပေါ်လာတယ်။ သူနဲ့ သူထက်အရပ်ပိုရှည်တဲ့လူကြီးက ဝတ်စုံဆင်တူ နာရီဆင်တူနဲ့ လက်စွပ်ဆင်တူဝတ်ထားကြတယ်။ သူတို့တစ်ယောက်ကိုတစ်ယောက် နူးညံ့စွာကြည့်နေကြတာက တခြားသူတွေ ဝင်စွက်ဖက်ဖို့ခက်ခဲလွန်းတယ်။
အတွင်းရေးမှူးက သူမရင်ဘက်အပေါ်လက်ကလေးဖိကာ သူ့bossကို ရေလည်ပွားတော့တယ်။
"Boss လင်းချန်စယ်ရဲ့ debutကြော်ညာကို မှတ်မိလား? အဲ့ဒါက နာမည်ကြီး Extravagentရေမွှေးအတွက်လေ! ဘုရားရေ သူကိုဘယ်လိုတောင် လှအောင် ဖန်ဆင်းနိုင်ရတာလဲ! ဒီကြော်ညာစလွှင့်ပြီးတာနဲ့ Extravagentရေမွှေးက ပစ္စည်းပြတ်တဲ့အထိ တန်းရောင်းကုန်သွားတာရယ်။ ဝယ်လို့ရတုန်းမှာ မဝယ်မိတာကို အရမ်းနောင်တရတာပဲ!"
မှတ်မိလား? ဘယ်လိုလုပ် မမှတ်မိဘဲ နေမလဲ? ဒီကြေညာကိုရိုက်ရတာက ငါ့အတွက်လေ။ ကျီဟန်ယွိက ဆုံးရှုံးလိုက်ရတဲ့ မျက်နှာဖြစ်နေတယ်။ ဒီကြေညာက ပြည်တွင်းမှာ မလွင့်ပေမယ့် USနဲ့ ဥရောပဈေးကွက်ကို အတော်တုန်လှုပ်သွားတာ။ သူ့အောင်မြင်မှုက တရုတ်နိုင်ငံမှာပါ လုံးဝရှိတာပေါ့။ ဒါကိုonlineမှာ တွေ့တည်းက သူ့ဒါကိုပြန်မကြည့်ရမချင်း အိပ်ပျက်ညတွေအများကြီးပဲ။ သူဒီကောင်လေးရဲ့ အကြည့်တွေကိုမြင်ရမှ သူအိပ်လို့ရတယ်။ လင်းချန်စယ်က သူ့စားမယ့်အထဲမှာ ငရုတ်သီးအစိမ်းကို မကြိုက်ဘူး။ သူနွားနို့ကို နှုတ်ခမ်းအပေါ်မှာ ပေနေအောင် သောက်တာလေးတွေ၊ အိပ်ပြန်ရောက်တိုင်း ဖိနပ်ကိုဖြစ်သလို ထောင့်ကိုချွတ်ပစ်တာလေးတွေ၊ သူအတွေးထဲ မျှောနေတိုင်း ဘောပင်ကို ကိုက်နေတာလေးတွေ . . .
သူတို့အတူရှိခဲ့တဲ့ နှစ်လအတွင်းမှာ လင်းချန်စယ်ကို သူစိတ်မဝင်စားဘူးထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ သူဒီကောင်လေးဆီမှာ လုံးဝဆွဲဆောင်ခံလိုက်ရပြီးတော့ သူ့သိမ်မွေ့လွန်းတဲ့ အပြုအမူတွေနဲ့ အမူအယာတွေက သူ့နှလုံးသားထဲမှာ တကယ်ကိုစွဲထင်နေမိတယ်။ သူဂရုမစိုက်ဘဲ သူ့ကိုအထင်သေးနေခဲ့ပေမယ့် အခုသူ့ခံစားချက်တွေက ရှင်းသွားတော့ နောင်တတွေက ပြင်မရတော့ဘူး။ သူ့ကိုဆုံးရှုံးသွားကာမှ သူဘယ်လောက် ချစ်ဖို့ကောင်းပြီး ညဏ်ကောင်းလွန်းတဲ့ ကောင်လေးမှန်း သိတော့မယ်။ သူ့ကိုသာချစ်မြတ်နိုးခဲ့ရင် သူ့မှာသာ အခွင့်အရေးရှိခဲ့ရင် သူတို့အခုဘယ်လောက်ပျော်နေရမလဲ?
ကျီဟန်ယွိက နောင်တအပြည့်နဲ့အတိတ်ထဲမှာ ပိတ်မိနေတုန်း သူ့အတွင်းရေးမှူးက နောက်စကားက သူ့ရင်ဘတ်ထဲကို နောက်ဆုံးသံတစ်ချက်ရိုက်ထည့်လိုက်သလိုပဲ။
"ဘုရားရေ သူကလေ အပြင်ကသာ စင်းလုံးချောတာ မဟုတ်ဘူးနော်။ စိတ်ထားလေးကလည်း အရမ်းကောင်းတာပဲ။ ချောင်းမို့ခွန်းကြီး ကားအက်စီးဒန့်ဖြစ်တုန်းကလေ ဆရာဝန်တွေက သူလမ်းဘယ်တော့မှ ပြန်မလျှောက်နိုင်တော့ဘူး ထင်ခဲ့တာ။ သူက သတင်းစာရှင်းလင်းပွဲလုပ်ပြီး သူ့ဘဝတစ်သက်လုံး ချောင်းမို့ခွန်းကိုပဲ စောင့်ရှောက်သွားပါ့မယ်တဲ့။ ဘယ်လိုတောင် Romanticဆန်လွန်းတာ!!! ကျွန်မ မှတ်မိသေးတယ်သလား။ ပွဲတစ်ခုမှာလေ ချောင်းမို့ခွန်းကို ဘယ်လိုပြန်ရပ်တည်နိုင်ခဲ့တာလဲလို့ မေးတုန်းကလေ သူကသူ့ချစ်သူရဲ့ဖုန်းမှာ သူ့ကိုမှတ်ထားတာကို အမှတ်တမဲ့မြင်လိုက်တယ်တဲ့။ မှတ်ထားတာက "ထာဝရချစ်သူ"ဆိုပြီးတော့တဲ့။ သူကအရမ်း အားပေးခဲ့ပြီး အကောင်းဆုံး ကြိုးစားပေးခဲ့တယ်တဲ့။ ဒါကိုသိတုန်းက ကျွန်မမှာ ငိုလိုက်ရတာ ဆိုတာလေ။ ဒီလိုအခက်အခဲတွေ ကြုံရတာတောင် လင်းချန်စယ်က သူ့ကိုပစ်မသွားဘူး။ ချောင်းက သူ့ကိုရတာ အရမ်းကံကောင်းတာပဲနော်။ Bossရော အဲ့လိုမထင်ဘူးလား?"+
အတွင်းရေးမှူးက တမေ့တမောနဲ့ပြောနေမိပြီး သူ့bossကို လှည့်ကြည့်လိုက်တော့ မျက်ရည်တွေအပြည့်နဲ့ မှေးမှိန်ပြီး နီရဲနေတဲ့မျက်ဝန်းတွေ တွေ့လိုက်ရတော့ လန့်သွားတယ်။
"သန့်စင်ခန်းသွားလိုက်ဦးမယ်"
ကျီဟန်ယွိက hallထဲကနေ အခန်းလွတ်တစ်ခုကိုရှာဖို့ အမြန်ထွက်သွားပြီး နှလုံးတွေ ထွက်ကျမတက် ငိုတော့တယ်။ နောက်ဆုံးသူ နွေးထွေးပြီးစစ်မှန်တဲ့ ခံစားချက်တွေကနေ လွှင့်ပစ်ခံလိုက်ရတာ သိလိုက်ပြီ။ ပျော်ရွှင်မှုက လက်ဖျားလေးမှာ ရှိနေခဲ့ဖူးပေမယ့်သူကဒါကို အသုံးမကျစွာ စွန့်ပစ်မိတယ်။ အခုကစပြီး ဘယ်သူမှ ဒီကောင်လေး သူ့ကိုပေးခဲ့တဲ့အချစ်မျိုးနဲ့ ယှဉ်လို့မရတော့ဘူး။ သူနောင်တတွေ နက်နက်နဲနဲရနေပေမယ့်လည်း အတိတ်ကိုပြန်ပြင်ဆင်ဖို့က မဖြစ်နိုင်တော့ဘူး။

Коментарі