Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 6.4
အပိုင်း ၄+

မူလ​ဒေါ်လာသန်း၅၀ရင်းနှီးမြှုပ်​နှံမှုမှာ သန်း၈၀သို့ ထိုးတက်​သွား​တော့သည်​။ ထို့ပြင်​အသံ,အလင်းအ​မှောင်​,ကကွက်​,လုံခြုံ​မှုနဲ့တခြားကုန်​ကျစရိတ်​တွေ
ထပ်​ပေါင်းလိုက်​တော့​နောက်​ဆုံးကုန်​ကျစရိတ်​ကသန်း၁၅၀​ကျော်​သွားသည်​။ ဒါ​ပေမဲ့ ဟွမ်​ယရဲ့အထက်​ပိုင်း အဖွဲ့အစည့်းမှာဒီကိစ္စနှင့်​ပတ်​သတ်​၍ ကန့်​ကွတ်​ခြင်းတစ်​စိုးတစ်​စိမျှ​တောင်​မရှိ​ပေ။ပထမဆုံးအ​နေနဲ့ အိုးစစ်​နန်​က လူတိုင်းကိုပါးစပ်​ပိတ်​သွားနိုင်​လောက်​အောင်​အရည်​အချင်းရှိသည်​။ဒုတိယအ​နေနဲ့က​တော့ စွန်းရွှီမုရဲ့ အာဏာကိုဘယ်​သူမှမဖီဆန်​ရဲ..။

စွန်းရွှီမုရဲ့ ၀ါသနာအသစ်​မှာ အလုပ်​ပြီးတိုင်း ဟွမ်​ယရုံးဆီ သွားလည်​ဖို့ရန်​ဖြစ်​သည်​။ ကားစီးရတာတစ်​နာရီ​ကျော်​ကြာရင်​တောင်​ဒါကို စိတ်​ရှုပ်​စရာလို့သူမမြင်​နိုင်​ပေ။ သူ အသံသွင်းခန်း၏အပြင်​တွင်​ရပ်​ပြီး သီချင်း​လေ့ကျင့်​နေ​သော​ကောင်​လေးကိုပြတင်း​ပေါက်​ကတစ်​ဆင့်​အမြဲစိုက်​ကြည့်​နေတတ်​သည်​။ထိုအချိန်​မျိုးဆို သူ့ပုံစံက အာရုံစိုက်​နစ်​မျော​နေဟန်​ပေါ်ပြီး မျက်​နှာကနူးညံ့​နေသည်​။

​နောက်​ဆုံးသီချင်းမှာ ရိုးရိုး​ရှင်းရှင်း​လေးနှင့်​ကိုပြည့်​စုံလွန်းသည်​။ ချင်းတိုင်​ဟီ မတ်​တပ်​ထရပ်​ပြီးလက်​ခုပ်​တီးလိုက်​သည်​။ ထို့​နောက်​ဂစ်​တာသမား​ရော ဒရမ်​တီးသူ​ရော အသံအင်​ဂျင်​နီယာ​တွေ​ရော...သူတို့ရဲ့ အလုပ်အပေါ်စိတ်မ၀င်စားမှုတွေက ခုတော့ လေးစားမှုအဖြစ်သို့ပြောင်းလဲသွားကြသည်။ သူတို့တွေ ဒီလူငယ်လေးရဲ့အရည်အချင်းကို လုံးဝအသိအမှတ်ပြုလိုက်ကြပြီ။

"မင်းတကယ်ကောင်းကောင်းလုပ်ခဲ့တာပဲ" ချင်တိုင်ဟီ ထိုလူငယ်လေးကိုပခုံးဖက်ပြီး စတူဒီယိုထဲကနေထွက်လာခဲ့သည်။
"မင်းရဲ့versionနဲ့ယှဉ်​လိုက်​ရင်​ခယ်မုန့်ဆု​ရဲ့ 'Because Of You ' က အမှိုက်​သာသာပဲ"

လူငယ်​လေးကရှက်​ကိုးရှက်​ကန်းပြုံး​နေသည်​။ သူ့ရဲ့ မက်​မွန်​စေ့သဏ္ဍာန်​မျက်​၀န်း​တွေက​တောက်​ပကာ ညှို့ယူဖမ်းစားလွန်းသည်​။

စွန်းရွှီမုရဲ့ နှုတ်​ခမ်း​တွေ​တွန့်​သွားပြီး သူတို့နှစ်​ယောက်​ဆီ​ခြေလှမ်းကျဲကြီးများဖြင့်​ရောက်​လာကာ ကျိုးယွင်​ရှန့်​အား နွားနို့တစ်​ခွက်​ကမ်း​ပေးလိုက်​ပြီး ဖြည်းဖြည်းချင်း စကားဆို​တော့သည်​။
"ပွဲက​နောက်​သုံးရက်​နေရင်​စ​တော့မှာ ဒီ​လောက်​လေ့ကျင့်​ရင်​တော်​သင့်​ပြီ​ကောင်း​ကောင်းအနားယူ​တော့"

ကျိုးယွင်​ရှန့်​နွားနို့​သောက်​လိုက်​ပြီး လိမ်​လိမ်​မာမာ​ခေါင်းညိတ်​လိုက်​သည်​။

စွန်းရွှီမု မျက်​နှာထားက အနည်းငယ်​နူးညံ့သွားသည်​။
"ဒီ​နေ့ည ညစာစားပွဲတစ်​ခု ရှိတယ်​မင်း အပန်း​ဖြေပြီး လူ​အချို့နဲ့​တွေ့​အောင်​ကိုယ်​ခေါ်သွား​ပေးမယ်​"

ဒါဆို သူ..အနာဂတ်​မှာ..အဆက်​အသွယ်​တွေ...ရှိနိုင်​ပြီဆိုတဲ့သ​ဘော​ပေါ့ ။

ကျိုးယွင်​ရှန့်​ကျေးဇူးတင်​သောအကြည့်​ဖြင့်​ကြည့်​ကာ​ခေါင်းညိတ်​လိုက်​ပြီး​ကျေးဇူးတင်​စကား​ပြောလိုက်​သည်​။

သူတို့​တွေအ၀တ်​အစားလဲလိုက်​ကြပြီး ကြယ်​ငါးပွင့်​ဟိုတယ်​သို့​မောင်းသွားကြ​တော့သည်​။ ညစာစားပွဲကျင်းပတဲ့သူ​တွေက သူတို့ကိုကိုယ်​တိုင်​ကိုယ်​ကျ လာ​ရောက်​ကြိုဆိုကြပြီး စကားလုံး​တွေအပြုအမူ​တွေကအစ အရမ်းသတိထားလွန်း​နေသည်​။
"တစ်​ခုခုသွားစား​လေ...ဒါ​ပေမဲ့အရက်​မ​သောက်​ရဘူး​နော်​" စွန်းရွှီမုရဲ့လက်​မောင်းမှာလူငယ်​လေးနားတွင်​ရစ်ေ​ခွ​နေသည်​။နီးကပ်​လွန်းသည့်​အပြုအမူက မျက်စိပ​ဒေသာဖြစ်​လွန်းသည်​။ လူတိုင်း စွန်းရွှီမုမှာ​အေးစက်​ပြီး အရမ်းအသန့်​ကြိုက်​သောင​ကြောင်​မှန်းသိကြသည်​။ လက်​ဆွဲနှုတ်​ဆက်​တာ​တွေဖက်​တာ​တွေကို​မေ့ထားဦး သူ့နား နီးနီးကပ်​ကပ်​ရပ်​ရင်​တောင်​မုန်းသည်​။+

သူ လူတစ်​ယောက်​ကို ဒီ​လောက်​နီးနီးကပ်​ကပ်​ကြီးဖက်​ထားမယ်​ဆိုတာကြိုမ​တွေးခဲ့ဖူး​ပေ။အထူးသဖြင့်​သူ့မျက်​၀န်းများက သာမန်​နဲ့မတူစွာ​နွေး​ထွေးလွန်းသည်​။

သူတို့​တွေသိသည်​မှာခဏ​လေးမျှသာရှိ​သေး​သော်​လည်း စွန်းရွှီမု မှာ ကျိုးယွင်​ရှန့်​၀ါသနာနှင့်​အ​လေ့အထ​တွေအားလုံး အလိုလိုသိ​နေသည်​။ သူ နွားနို့ကြိုက်​ပြီး ငရုတ်​ပွစိမ်းကိုမုန်းတာ သိသည်​။
အဆင့်​မြင့်​နည်း​ပညာလျှပ်​စစ်​ပစ္စည်း​တွေကိုသ​ဘောကျတာလည်းသိသည်​။ ၀ိုင်​သောက်​ရတာသ​ဘောကျမှန်းသိပြီး အရက်​မူးသွားရင်​အရှက်​အ​ကြောက်​မရှိ​တော့တာလည်း​သူသိ​နေပြန်​သည်​....မသိသင့်​တဲ့ကိစ္စ​တွေအများကြီးကို သူသိ​နေသည်​။ဒါကပဲ ကျိုးယွင်​ရှန့်​ကို နာမည်​အတိအကျမရှိလည်း ဘယ်​တော့မှ​ပျောက်​မဆုံးသွားမဲ့ သူ့ရဲ့ချစ်​ရသူမှန်း​သေချာလုနီးပါးဖြစ်​စေသည်​။

ဒါ​ကြောင့်​လည်း သူ စွန်းရွှီမုရဲ့ အပြုအမူ​တွေကိုဘယ်​တုန်းကမှမငြင်းဆန်​ခဲ့​ပေ။တကယ်​တော့ ဒါ​တွေအားလုံးကို သူ့လုပ်​ပိုင်​ခွင့်​ဟု လက်​ခံထားသည်​။
"ခင်​ဗျား ဘာစားချင်​လဲ ကျွန်​တော်​ခင်​ဗျားအတွက်​ယူ​ပေးမယ်​လေ" ကျိုးယွင်​ရှန့်​အရပ်​ရှည်​ရှည်​လူရဲ့အင်္ကျီကို ဆွဲလိုက်​သည်​။

"ကိုယ်​မင်းယူလာတာဘာမဆိုစားမှာ​ပေါ့ ...သွားနှင့်​နော်​...မင်းအခုထက်​ထိ ညစာမစားရ​သေးဘူးလို့ ချင်းတိုင်​ဟီက​ပြောတယ်​" စွန်းရွှီမုမှာ စီးပွား​ရေးလုပ်​ဖော်​ကိုင်​ဖက်​တွေရဲ့ ပတ်​ပတ်​လည်​၀ိုင်းရံထားခြင်းကိုခံ​နေရသည့်​အတွက်​ကောင်​လေးကို သွားခွင့်​ပေးလိုက်​ရသည်​။

ကျိုးယွင်​ရှန့်​ခေါင်းညိတ်​လိုက်​ပြီး လူအုပ်​ကိုတိုးကာ စား​သောက်​သည့်​နေရာသို့သွားပြီး သူ့သ​ဘောကျအစားအစာတို့ကို​ရွေး​နေ​တော့သည်​။
"....ကျစ်​နန်​နင်​ဒီမှာ​ရောက်​နေတာလား"
မိန်းမလှ​လေးတစ်​ဦး သူ့နား​ရောက်​လာသည်​။ သူမရဲ့မျက်​နှာ​ထားကအံ့သြ​နေဟန်​...။

ထိုမိန်းက​လေးနာမည်​မှာ​ကောင်းအိုက်​နီဖြစ်​ပြီ Times Record ရဲ့ တက်​သစ်​စ​လေးဖြစ်​ပြီး အုံကျစ်​နန် တစ်​ခါတုန်းက ကြိတ်​ချစ်​ခဲ့ရတဲ့မိန်းက​လေးလည်းဖြစ်​သည်​။​ကောင်းအိုက်​နီမှာ အုံကျစ်​နန်​သူမကိုကြိုက်​နေမှန်းသိ​ပေမဲ့ သတိမထားမိဟန်​ဆောင်​နေသည်​။ ဒါ​ပေမဲ့
အ​ပေါ်ကို​ရောက်​ဖို့ လင်းစီချင်းနဲ့သူရဲ့ဆက်​ဆံ​ရေးကို အသုံးချဖို့်​ကြိုးစားခဲ့သည်​။

အခု ဒီနှစ်​ယောက်​ဒီမှာလာ​တွေ့ကြတာက တိုက်​ဆိုက်​မှုဖြစ်​ပုံ​ပေါ်သည်​။

ကျိုးယွင်​ရှန့်​သူမကိုခဏကြည့်​လိုက်​ပြီး ပန်းကန်​ထဲသို့သာ ဆက်​ဖြည့်​နေသည်​။

"ကျစ်​နန်​နင်​ဘယ်​လိုလုပ်​ခေါင်း​ဆောင်​စွန်းကိုသိ​နေရတာလဲ ရင်းနှီး​နေကြတာလား"
မိန်းက​လေး၏မျက်​၀န်းတို့မှာ​လောဘ​ကြောင့်​တောက်​ပ​နေကြသည်​။"

ကျိုးယွင်​ရှန့်​သူမကိုလျစ်​လျူရှုလိုက်​ပြီး စားပွဲတစ်​ပွဲသို့သွားကာ ထိုင်​စား​နေ​တော့သည်​။

ထိုမိန်းက​လေးမှာ အ​ရေထူသည့်​ဟန်​ဖြင့်​သူ့​နောက်​လိုက်​ပြီး ညုတုတုအပြုံးပြုံးပြလိုက်​သည်​။

"ကျစ်​နန်​နင်​ဘယ်​လိုလုပ်​ငါ့ကိုလျစ်​လျူရှုနိုင်​တာလဲဟာ ဒါနဲ့ နင်​ပွဲမှာ သက်​သေ​တွေထုတ်​ပြမယ်​လို့ကြားတယ်​တကယ်​လား...အဲသီချင်းကနင်​ကိုယ်​တိုင်​တကယ်​ရေးခဲ့တာလား..."
ကျိုးယွင်​ရှန့်​ကိတ်​မုန့်​တစ်​ကိုက်​ကိုက်​လိုက်​ကာ ပုဝါနှင့့်​ပါးစပ်​သုတ်​လိုက်​သည်​။အသံက​အေး​အေးစက်​စက်​နှင့်​..။
"​ကောင်းအိုက်​နီ မင်း လင်းစစ်​ချင်းအတွက်​သတင်း​တွေရဖို့ အဲ​လောက်​ကြီးကြိုးစားစရာမလိုဘူး သူ့ကို ပြန်​သွား​ပြောလိုက်​'အိုးစ​စ်​နန်​က သူ့ကို ရွှံ့ဗွက်​အိုင်​ထဲက​နေ ဘယ်​တော့မှပြန်​မထနိုင်​အောင်​နှစ်​ပစ်​မယ်​လို့...အဲမှာပဲ မပျက်​စီးမသွားမချင်း​နေသွား​စေရမယ်​'လို့ ပြန်​ပြောလိုက်​..."+

ခါးသီး​သောအမုန်းတရားတို့က​ကောင်​လေး၏မျက်​၀န်း​တို့မှ လျှံဖြာ​နေပြီး​ကောင်းအိုက်​နီကို ထိတ်​လန့်​သွား​စေသည်​။​ကောင်​လေးက စား​သောက်​ပြီး ထွက်​သွားတာနှင့်​သူဖုန်းကိုခပ်​မြန်​မြန်​ထုတ်​ကာ လင်းစီချင်းဆီ အိုးကျစ်​နန်​ရဲ့အမှာစကားကို ပို့လိုက်​သည်​။

လင်းစစ်​ချင်းက တကယ်​တော့ အိုးကျစ်​နန်​မှာ​သီချင်းလက်​ရေးစာမူ​ကော်​ပီ​တွေရှိမရှိ ထပ်​တလဲလဲ​မေးခဲ့ဖူးသည်​။ အိုးစစ်​နန်​ကလည်း သူ့ကိုယုံကြည်​မိပြီး အမှန်​အတိုင်းပင်​မရှိ​တော့ဘူးဟု​ပြောပြခဲ့သည်​။ ဒါကလည်း သူ အိုးစစ်​နန်​ကို တရားရုံးမှာ တရားစွဲဖို့ ယုံကြည်​ချက်​ရှိခဲ့သည့်​အ​ကြောင်းအရင်းဖြစ်​သည်​။ သူ အမြဲတမ်း အိုးစစ်​နန်​ကိုကာကွယ်​ပေးခဲ့ဖူးသည်​။ သူက အိုးကျစ်​နန်​၏ အရင်းနှီးဆုံးသူငယ်​ချင်းပင်​ဒါ​ကြောင့်​အိုးစစ်​နန်​သူ့ကိုလိမ်​ညာခဲ့တာမဖြစ်​နိုင်​ပေ..။

ဒါ​ကြောင့်​လင်းစစ်​ချင်းမှာ ခြိမ်း​ခြောက်​ချက်​ကို​လှောင်​ပြောင်​ကာ ပွဲစားကို ပွင့်​ပွင့်​လင်းလင်း​ပြောဆို​တော့သည်​။
"စွန်းရွှီမု အိပ်​ရာ​ပေါ်တက်​ရုံနဲ့ အ​ခြေအ​နေ​တွေ​ပြောင်းသွားမယ်​လို့ အဲ​ကောင်​ထင်​နေတာပဲ...​တော်​တော်​တုံးလိုက်​တာ.."

ပွဲစားကလည်း သ​ရော်​ပြုံးပြုံးလိုက်​သည်​။
"အင်း..အဲ​ကောင်​ဖျော်​ဖြေပွဲကျင်းပပြီး လူငါး​သောင်းကို​တောင်​ဖိတ်​ရဲတဲ့သတ္တိရှိ​နေတာ..အဲ့​ကောင်​တံ​တွေးခွက်​ထဲပတ်​လက်​မျောပါ​စေလို့​မျှော်​လင့်​တယ်​"

နှစ်​ယောက်​သား အတိုင်​အ​ဖောက်​ညီညီ​လှောင်​ပြောင်​နေချိန်​အတွင်း စွန်းရွှီမုမှာ ပွဲအတွင်း ယွန်​ကျိယွမ်​နှင့်​ခယ်​မုန့်​ဆု ကို​တွေ့​တော့သည်​။

"​ခေါင်း​ဆောင်​စွန်းစားပြီးပြီလား..ကျွန်​တော်​တို့​တွေ ဘား ဘက်​သွားမလို့ အတူတူလိုက်​ခဲ့​လေ "
ယွန်​ကျိယွမ်​နူးညံ့စွာပြုံးပြလိုက်​သည်​။

စွန်းရွှီမု မှာ တစ်​ချက်​လေးမျှ​တောင်​လှည့်​မကြည့်​...။
(Jas- ဒယ်​ဒီပါဆိုမှ😝အ​ချေကြီး)

အိုးစစ်​နန်​ထိုင်​သောက်​နေ​သော ဘားဆီသို့သာ တည့်​တည့်​လျှောက်​သွား​လေသည်​။

"​ဥက္ကဋ္ဌ​စွန်း စစ်​နန်​ကိုကျွန်​တော့်​ထက်​ဘယ်​သူမှ ပိုမသိနိုင်​ဘူး ခင်​ဗျား​ဘာ​ကြောင့်​ကူညီဖို့လုပ်​လုပ်​ခင်ဗျာ့းအလုပ်​သက်​တမ်းတစ်​လျှောက်​ပထမဆုံး အကြီးအကျယ်​ရှုံးနိမ့်​လိမ့်​မယ်​... ဒီလူငါး​သောင်း​ဖျော်​ဖြေပွဲကြီးက ဟာသတစ်​ပုဒ်​ဖြစ်​သွားလိမ့်​မယ်​အလကားသက်​သက်​ရေစုန်​မျော​အောင်​ရင်းနှီးမြုပ်​နှံမဲ့အစား​စော​စောစီးစီး လက်​ပြန်​ရုတ်​တာ​ကောင်းမယ်​နော်​..."
ယွန်​ကျိယွမ်​လေး​လေးနုက်​နက်​သတိ​ပေးလိုက်​တယ်​။

​ခယ်မုန့်​ဆု​ကပြုံး​နေပြီး အိုးစစ်​နန်​နောက်​ကျောကို စိုက်​ကြည့်​လိုက်​သည်​။ သူမရဲ့မျက်​၀န်း​တွေက​လှောင်​ပြောင်​သ​ရော်​နှိမ့်​ချတဲ့အကြည့်​တွေနှင့်​..။

စွန်းရွှီမု​ခြေလှမ်း​တွေ​နောက်​ဆုံး​တော့ရပ်​လိုက်​တယ်​အဲနှစ်​ယောက်​ကိုပြန်​လှည့်​ကြည့်​ပြီး​တစ်​လုံးချင်း​ပြောလိုက်​သည်​။

"တခြားသူ​တွေက တစ်​ခါတစ်​လေကျရင်​ကျုပ်​ကို
ရင်းနှီးမြှုပ်​နှံမှုနတ်​ဘုရားလို့​ခေါ်ကြတယ်​...တကယ်​တော့ အဲ နာမည်​ကို ကျုပ်​မမုန်းဘူး...​နောက်​သုံးရက်​အတွင်း အိုးစစ်​နန်ဘယ်​လောက်​တန်​ဖိုးရှိတယ်​ဆိုတာ မင်းတို့​တွေ့ကြလိမ့်​မယ်​..​စောင့်​ကြည့်​နေ​ပေးဦး​နော်​.."

နှစ်​ယောက်​မှာ သူ့ရဲ့ယုံကြည်​ချက်​ပြင်းထန်​ပြီး​အေးစက်​တဲ့ အကြည့်​တွေ​ကြောင့်​တုံ့ဆိုင်းသွားသည်​။သူတို့​တွေ​နောက်​တစ်​ကြိမ်​လှမ်းကြည့်​လိုက်​တော့​ဥက္ကဋ္ဌမှာ​လူငယ်​လေး​ဘေးနား​ရောက်​နေပြီဖြစ်​သည်​။လက်​တစ်​ဖက်​က​ကောင်​လေးရဲ့ခါးကိုဖက်​ထားပြီး​ကောင်​လေးက​တော့ ထိုလူ၏လက်​ထဲမှဖန်​ခွက်​ကိုလှမ်းယူ​နေသည်​။ ဖန်​ခွက်​ထဲက တစ်​ငုံ​မော့​သောက်​လိုက်​ပြီး ထိုသူရဲ့ နား နား တီးတိုး​ပြော​တော့ ထိုသူရဲ့ နှုတ်​ခမ်း​တွေက​ကောင်​လေးရဲ့ ဆံနွယ်​နက်​တွေနဲ့နားရွက်​လေးကို မရည်​ရွယ်​ဘဲထိမိသွားတဲ့ပုံ​ပေါ်​နေတယ်​။ တကယ့်​ကို ဖွဖွ​လေး ထိကပ်​လိုက်​တာပဲ
(Jas- ရိုလိုက်​တာ😍 အရမ်းလိုက်​ဖက်​မှာပဲရယ်​)
ခံစားချက်​တွေကို​ဖော်​ပြတဲ့ပုံက​ပြောင်​ပြောင်​တင်းတင်းဖြစ်​နေ​ပေမဲ့ လျစ်​လျူရှုလို့မရ ငြင်းဆန်​လို့မရတဲ့ အထိအ​တွေ့ပဲ ဒီလို​သွေး​အေးတဲ့ လူတစ်​ယောက်​က ထင်​သာမြင်​သာရှိလွန်းတဲ့ အချစ်​ကြောင့်​နူးညံ့သွားတဲ့ပုံက ဧည့်​သည်​တွေကိုအံ့သြသွား​စေတယ်​။+

​ခယ်မုန့်ဆု က​အိုးစစ်​နန်​ကို​လေး​လေးနက်​နက်​စိုက်​ကြည့်​နေတယ်​။သူမရဲ့အပြုံးက ပိုပြီး​တောင်​သ​ရော်​တဲ့ဟန်​နဲ့​စောင့်​ကြည့်​ပေး​နေဦး​နော်​တဲ့...​ကောင်းပြီ​လေ သူ အိုးကျစ်​နန်​စင်​ပေါ်မှာ မျက်​ရည်​နဲ့မျက်​ခွက်​ဖြစ်​နေရမှာကို စိတ်​ရှည်​ရှည်​နဲ့​စောင့်​ပေးမယ်​...

ဖွီ...ရင်းနှီးမြုပ်​နှံမှုနတ်​ဘုရားတဲ့လား..ချီးပဲ...

ကျိုးယွင့်​ရှန်​က သူ့ ခန္ဓာကိုယ်​ကို အဆင့်​ထပ်​မြှင့်​လိုက်​သည်​။ ပြပွဲ​နေ့​ရောက်​လာတာနဲ့ အမျှ ၀န်​ထမ်း​တွေက သူ့ရဲ့ ခံနိုင်​ရည်​ကို စိုးရိမ်​နေကြသည်​။

ခု​တော့ သူ​စင်​နောက်​မှာ အ၀တ်​၀တ်​နေသည်​။ လည်သာ​ဘောင်းဘီကို​၀တ်​ဆင်​လိုက်​တော့ သွယ်​လျတဲ့​ပေါင်​တံ၊ ကျစ်​လျစ်​တဲ့ တင်​ပါး ၊ ၀မ်းဗိုက်​ကြွက်​သား​တွေနဲ့​ရေသူမ​ကောက်​ကြောင်း​တွေ​ပေါ်​နေသည်​မှာ စတိုင်​လစ်​တို့ မနာလိုစရာပင်​။

စွန်းရွှီမု က သူ့ရဲ့ စီးပွား​ရေး ဆိုင်​ရာ​ဆွေး​နွေးမှု​တွေ ပြီးတညနဲ့ ချက်​ချင်းပဲ ရိုက်​ကွင်းကို အ​ပြေးအလွှား​ရောက်​လာသည်​။
"​ကြောက်​နေလား..."
သူက ခံစားချက်​မဲ့စွာနဲ့ လူငယ်​လေးရဲ့ ပုခုံး​ပေါ်မှာ ကုတ်​အကျီင်္ကို ခြုံ​ပေးလိုက်​သည်​။

"​မ​ကြောက်​ပါဘူး ...တကယ်​တော့ကျွန်​တော်​စိတ်​လှုပ်​ရှား​နေတာ..."
ကျိုးယွင့်​ရှန်​သူ့ကိုကြည့်​လိုက်​သည်​။ မက်​မွန်​သီး ဟန်​မျက်​၀န်း​လေး​တွေက​မျှော်​လင့်​ချက်​တွေ တလက်​လက်​နဲ့ ....​ကောင်းကင်​က ကြယ်​လေး​တွေလို​ကောက်​ပ​နေသည်​။
"​ကောင်းပြီ​...သွား​တော့...ကိုယ်​မင်းကို ဒီက​နေ ကြည့်​နေ​ပေးမယ်​."
စွန်းရွှီမု က လူငယ်​လေးရဲ့ မျက်​၀န်း​တွေကို ပြင်းပြ စွာ နမ်းချင်​နေသည့်​စိတ်​တို့ကို အတင်းဖိနှိပ်​ကာ သူုကို စတိ်​တ်​ဓာတ်​လှေကားဆီသို့ တွန်းလိုက်​သည်​။

ကျိုးယွင့်​ရှန်​က အ​ပေါ်အကျီင်္ကို ချွတ်​လိုက်​ပြီး ကိုယ်​ကျပ်​ရှပ်​အနက်​ကို ၀တ်​ဆင်​လိုက်​သည်​။ ပြီး​တော့​တောက်​ပတဲ့ အပြုံး တန်း​လေးဖြင့်​လှည့်​ပြုံးပြလိုက်​သည်​။
အပြင်​ဘက်​မှာ​တော့ လူစုလူ​ဝေးကြီးက တဖွဲဖွဲ ၀င်​လာသည်​။​ဘေးပတ်​လည်မှာ​တော့ ရဲတပ်​ဖွဲ့က အင်​အားအပြည့်​နဲ့ လုံခြုံ​ရေး ချထားသည်​။ ပြီး​တော့ ရယနံရံက ပိုစတာ​တွေမှာ "ကင်​မရာများ​စောင့်​ကြဘ့်​နေသည်​။အားလုံး​ကျေးဇူးပြု ပြီး ယဉ်​ကျေးမှု ရှိကြပါ "လို့​ရေးထား​သေးသည်​။

​ပေါက်​ကွဲချင်​နေကြတဲ့ anti-fan​တွေက ဘာမှ မတတ်​နိုင်​ဘဲ ငြိမ်​နေရ​တော့သည်​။သူ့တို့မှာ စကားလုံး​တွေနဲ့သာ တိုက်​ခိုက်​နိုင်​သည်​။
၀န်​ထမ်း​တွေ​ဝေ​ပေးတဲ့ အခမဲ့ light stick​တွေက
ငြင်းပယ်​ခံရသည်​။ ပရိသတ်​က သူတို့ဟာ ဘယ်​တော့မှ အိုစစ်​နန်​အတွက်​မီးဖွင့်ေ​ပးမှာ မဟုတ်​ဆိုတဲ့ စိတ်​အားထက်​သန်​မှုကို ပြ​နေကြသည်​။
(မူရင်းက​တော့ fluorescent stick လို့​ရေးထား​ပေမယ့်​light stick ဆိုပြီး ဘာသာပြန်​လိုက်​တယ်​နော်​...အဲ့စကားလုံးကို k popper အများစု ရင်းနှီးကြမှာပါ..)

" ဘယ်​လိုပဲ ဖြစ်​ဖြစ်​ယူထားလိုက်​ပါ...မီးမလင်း​ပေးချင်​ရင်​တောင်​မှ စင်​ပေါ်ကို ဒါနဲ့​ကောက်​ပေါက်​လို့ ရ​သေးတယ်​လေ..."
၀န်ထမ်းက ဟာသလုပ်​လိုက်​သည်​။3
လူတိုင်းက သူတို့မှာ ပစ်​စရာ ဘာလက်​နက်​မှ မရှိတာကို ရှာ​တွေ့သွားသည်​။ ဒါကိုကြား​တော့ သူ့တို့ မျက်​လုံး​တွေက ချက်​ချင်းပဲ ကျယ်​သွားပြီး light stick​တွေကို အ​ပြေးအလွှား ယူ​တော့သည်​။ မြင်​ကွင်းက သာမန်​ထက်​တောင်​ပို အသက်​၀ငိ​နေ​သေးသည်​။3

တစ်​နာရီခွဲ​လောက်ကြာပြီး​နောက်​ပရိသတ်​တွေ ပြည့်​ကျပ်​နေပြီ ဖြစ်​သည်​။ ဒါ​ပေမယ်​သူတို့​တွေက သီချင်းလာမှာကို ငြိမ်​ငြိမ်​လေး ထိုင်​စောင့်​မ​နေကြ​ပေ။ ဆူညံပူညံ လုပ်​လိုက်​၊​အော်​ကြီးဟစ်​ကျယ်​စော်​ကားလိုက်​နဲ့ ...​အော်​ရယ်​လိုက်​လုပ်​နေကြသည်​။ ပြပွဲကို​နှောင့်​ယှက်​ဖို့ ကြိုးစား​နေကြသည်​။

Show ပွဲက သတ်​မှတ်​ထားတဲ့ အချိန်​ထက်​နောက်​ကျသွားပြီ။ ကြည့်​ရတာ သူတို့ မုန်းတီးမှု​တွေ၊ မ​ကောင်းကြံမှ​တွေက အလုပ်​ဖြစ်​ပုံပင်​...

ဒါ​ပေမယ့်​ရုတ်​တရက်​အမြင့်​သံက​မျှော်​စင်​က​နေ ပဲ့တင့်​သံ ထွက်​လာသည်​။​နောက်​က​နေ ဒရမ်​သံ​တွေ လျှပ်​စစ်​ဂီတာသံ​တွေက တဖြည်းဖြည်း စီး​မျောလိုက်​လာကာ​ပေါက်​ကွဲ ထွက်​လာသည်​။
စတိတ်​က မီးလင်းလာကာ အိုစစ်​နန်​ရဲ့ လှပတဲ့ မျက်​နှာ​လေးက screen ကြီးမှာ​ပေါ်လာသည်​။ သူက သူ့မျက်​လုံးကို ပိတ်​ထားပြီး သီချင်းဆို​နေသည်​။ သီချင်းစာသားမပါပဲ Oh ...ဆိုတာ​လေးကိုပင်​ဆွဲငင်​စွာ သီဆို​နေသည်​။
ထူးကဲတဲ့ သံစဉ်​က ပရိသတ်​ရဲ့ နားစည်​ကို ထိခတ်​သွားသည်​။​ဒေါသကြီးတဲ့ anti-fan​တွေ​တောင်​မှ ငြိမ်​ကျသွားသည်​။
အသံက ပိုပိုကျယ်​လောင်​လာပြီး ပရိသတ်​ရဲ့ ခံစားချက်​တွေကို ဆူပွက်​စေသည်​။ ဆူညံပူညံ လုပ်​ဖို့ကို​မေ့​လျော​နေပြီး screen ကြီးကိုသာ ကြည့်​နေကာ ထိုလူနဲ့ အသံမှာ နစ်​မျော​နေကြသည်​။+
C2 က​နေ C ....C3 ,C4 ,C5 ကို​တောင်​မှပဲ သူက ဆက်​မြင့်​သွားသည်​။ သူ့မျက်​လုံး​တွေ က ပိတ်​နေကာ ကြည်​ဘင်​တဲ့ အသံက အထွတ်​အထိပ်​သို့​ရောက်​လာသည်​။​နောက်​ခံဂီတကိုလည်း ဒရမ်​တွေ လျှပ်​စစ်​ဂီတာ​တွေနဲ့ အဆင့်​မြင့်​သံစုံ တီးဝိုင်းနဲ့ အစားထိုးလာသည်​။
လ​ရောင်​အောက်​က ပင်​လယ်​လို အကန့်အသတ်​မရှိ.. .​ကောင်းကင်​က ကြယ်​တွေလို အဆုံးမရှိ တဲ့ ဂီတ ဒီ​ရေလှိုင်းမှာ ပရိသတ်​က သိမ်းကြုံး ဆွဲယူခံလိုက်​ရသည်​။သူတို့နား​တွေကို ဖုံးအုပ်​ထားတဲ့ သူ​တွေ​တောင်​မှာ ဂီတက သူတို့ ဦး​နှောက်​ကို ထိုး​ဖောက်​၀င်​လာသည်​။ သာယာဖွယ်​အသံမှာ​မွေ့​လျော်​နေမှုကို သူတို့ကိုယ်​တိုင်​မခုခံနိုင်​ခဲ့ ။

သီချင်းပြီးသွား​တော့ ယခင်​က အုတ်​အုတ်​ကျက်​ကျက်​ဖြစ်​နေတာ​တွေက ငြိမ်​ကျသွားသည်​မှာ အပ်​ကျသံ ကြားရ​လောက်​သည်​အထိပင်​။ လူငယ်​လေးက​နောက်​ဆုံး​တော့ သူ့မျက်​လုံးကို ဖွင့်​လိုက်​ပြီး အ​မှောင်​ထဲကို ကြည့်​လိုက်​သည်​။သူ ပင့်​သက်​ရှိုက်​လိုက်​ပြီး...

" အိုစစ်​နန်​က သီချင်း မဆိုနိုင်​ဘူးဆိုတာ​ကောလာဟလ ပါ.. ကျွန်​တော့ရဲ့​ဖျော်​ဖြေ​ပွဲကိုဘယ်​လိုအ​ကြောင်း​ကြောင့်​လာကြည့်​တာပဲ ဖြစ်​ဖြစ်​လာတဲ့အတွက်​ကျွန်​တော်​ကျေးဇူးတင်​ချင်​ပါတယ်​...
ကျွန်​တော့်​ခွန်​အား​တွေကို သုံးပြီး ကြယ်​မျှော်​စင်​ကို အလင်း​ပေးပါ့မယ်​.."

ပြီး​တော့ anti-fan​တွေကို မှတ်​ချက်​ချဖို့ အချိန်​မ​ပေးပဲ သူချက်​ချင်းပဲ လက်​မြှောက်​ကာ​နောက်​သီချင်း တစ်​ပုဒ်​စဖို့ band ကို အချက်​ပေးလိုက်​သည်​။ သူ ပရိသတ်​တွေရဲ့ စိတ်​လှုပ်​ရှား မှု​တွေကို ဖျက်​ဆီးကာ နားစည်​က​နေပင်​ဆွဲထုတ်​ပစ်​ချင်​သည်​။ ပြီး​တော့ ဒီ​ဖျော်​ဖြေပွဲက သူတို့ မ​မေ့နိုင်​ဆုံး မှတ်​ဥာဏ်​ဖြစ်​အောင်​လုပ်​မည်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі