Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 5.6
အခန်း(၄၇) ကျူးစစ်​ယွိဘဝ

ကျန်းရှုလင်း တစ်​ယောက်​တောင်​ပေါ်မှာသုံးရက်​သုံးညတိုင်​ခါးသည်းစွာ​စောင့်​ဆိုင်း​နေ​လေသည်​။ သူ့မျက်​လုံး​တွေကမို့​နေပြီးမျက်​အိတ်​တွေလည်း​ဖောင်း​နေပြီ။ စတုတ္ထ​မြောက်​ရက်​ရောက်​တော့ သူဆက်​ပြီးသည်းမခံနိုင်​တော့ ပဲ ဓားကိုဆွဲပြီး​တောင်​အောက်​ဆင်းရှာဖို့ကြိုးစား​လေရာ သူ့မိသားစုများကတားယူရသည်​။

"​လောင်​ပိုင်​ခင်​များမှာအ​စောင့်​တွေအများကြီးရှိတာ လူနည်းနည်း​လောက်​လွှတ်​ပြီး​ရှောင်​ဟေးကိုရှာ​ပေးလို့မရဘူးလား?​နောက်​ကျရင်​ကျူပ်​ခင်​များ​ကျေးဇူးကိုပြန်​ဆပ်​ပါ့မယ်​'' ကျန်းကျား​လွေ့ က ကျိူးယွင်​ရှန့်​ကို​တောင်းဆိုလိုက်​သည်​။

သူကတကယ်​ကိုထက်​မြတ်​တဲ့​ကောင်​လေးပဲ။ အသက်​၁၅နှစ်​မင်းမှုထမ်းဖြစ်​ဖို့စာ​မေးပွဲ​ဖြေဖို့ပြင်​ဆင်​နေပြီ။ သူ့မှာကိုယ့်​ကိုယ်​ကိုအထင်​ကြီးတဲ့​ရောဂါရှိ​နေပြီး​အောင်​မြင်​မည်​ဟုလည်း ယုံကြည်​သည်​။​တောင်းဆိုမှုပြု​သော်​လည်း သူ့အမူအရာက​တော့ ရိုးကျိူးခြင်းမရှိဘူး။ [IC-​သွေးနားထင်​ကောင်​Vs လေဘဝင်​ဟပ်​:") ]3

အထင်​လွဲများစွာ​ကြောင့်​သူသိက္ခာကကျနှင့်​ပြီး​နေပြီ။ ဒါ​ကြောင့်​ကျူးစစ်​ယွိ ဆီက တစ်​ခုခု​တောင်းဆိုဖို့ခက်​နေတယ်​။ ပြီး​တော့ ကျူးစစ်​ယွိ ကအပြစ်​မရှိတာသိပြီးတာ​တောင်​မှ သူစိတ်​ထဲက အဆိုးမြင်​မှုက​လျော့မသွားသလို ကျူးစစ်​ယွိ ကိာ ပိုလို့​တောင်​မုန်းလာ​သေးတယ်​။ ဒါ​ကြောင့်​သူ့နှုတ်​ဖျားစကားက ပျားရည်​လိမ်းထားသည်​အခါ စိတ်​ထဲက​တော့ဓား​သွေး​နေသည်​။

ကျိူးယွင်​ရှန့်​က ဒီလိုပါမွှားအင်းဆက်​လေး​တွေနဲ့ဖက်​ပြိုင်​ရမှာအရမ်းပျင်းသည်​။ ပြီး​တော့ မူလဇာတ်​ညွှန်းအရဆို ဇာတ်​လိုက်​က​တောင်​အောက်​ဆင်းပြီး ဒဏ်​ရာရလို့ သစ္စာ​စောင့်​ခွေး က သူ့ကိုပြန်​ကယ်​လိမ့်​မည်​။ သူတို့ဂူတစ်​ခုရှာနားပြီး​နောက်​မှာ သူတို့ဆက်​ဆံ​ရေးက ခိုင်​မြဲလာလိမ့်​မည်​။

သစ္စာ​စောင့်​ခွေး က သူ့အတွက်​နဲ့​တောင်​အောင်​ဆင်းရှာတာကိုမြင်​ပြီး အရမ်းရင်​ထဲထိသွားသည်​။ အဲ့ဒီ​နောက်​မှာ ကျန်းရှုလင်း အ​ပေါ်သူ့အပြုအမူ​တွေက ပိုမိုချစ်​မြတ်​နိုးပြီး လင်​မယား​တွေလိုကြင်​နာလာကြလိမ့်​မည်​။
ကျိူးယွင်​ရှန့်​မှာ သူတို့ကို ဖျက်​ဖို့စိတ်​ကူးမရှိ​ပေမယ့်​သူတို့ခံစားချက်​တွေကို ပိုအဆင်​ပြေသွားတာမျိူးလည်း မဖြစ်​စေချင်​ဘူး။ ခဏ​လောက်​စဉ်းစားပြီး​တော့ သူလူအချိူ့လွှတ်​ပြီး ကိုယ်​တိုင်​လိုက်​သွားလိုက်​သည်​။ ဒါကလည်း သူ့အတွက်​သစ္စာ​စောင့်​ခွေးဆီက မျက်​နှာသာရဖို့အခွင့်​အ​ရေးလည်းဖြစ်​သည်​လေ။+
သူအ​စောင့်​တစ်​ချိူ့​ခေါ်သွားပြီး ညအ​မှောင်​အောက်​မှာ​တောင်​အောက်​ကိုမြန်​မြန်​ဆင်းလိုက်​ကြသည်​။​တောင်​ပေါ်လမ်းကအရမ်းကြမ်းပြီး​မြေပြင်​ပေါ်မှာ ထိုး​ထောင်​နေတဲ့သစ်​ကိုင်း​တွေလည်းအများကြီးရှိတာ​ကြောင့်​သိပ်​ပင်​မကြာလိုက်​သူ့ဆံပင်​နဲ့ အဝတ်​တွေအကုန်​ဖွာကုန်​သည်​။ သူ့ရဲ့လှပတဲ့မင်းသားရုပ်​သွင်​လေး​ပျောက်​ဆုံးသွားသည်​။
ညအ​မှောင်​လမ်းက ဘာမှမမြင်​ရသည့်​အပြင်​ဓားပြရန်​က​ရှောင်​ဖို့ လ​ရောင်​ဖျော့​ဖျော့ကိုပဲ အားကိုးသွား​နေရသည်​။ သူ့ ခန္ဓာကိုယ်​ကြံ့ခိုင်​ရင်​တောင်​မှ မျက်​လုံးက​တော့ညအ​မှောင်​မှာမမြင်​ရတာ​ကြောင့်​သိပ်​ပင်​မကြာလိုက်​ကျောက်​တုံးတစ်​တုံးကိုနင်းမိပြီး​တောင်​အောက်​ကိုလိမ့်​ကျသွား​တော့သည်​။
အ​စောင့်​တွေကလည်း သူ့​နောက်​ကို 'သခင်​လေး' ဟု​အော်​ရင်းလိုက်​လာကြသည်​။
ချင်းစယ်​က​တောင်​ကြားလမ်းက​အေး​ဆေးလမ်း​လျှောက်​လာချိန်​အ​ပေါ်က​နေလူတစ်​ဦးပျံကျလာတာကိုမြင့်​ပြီး လက်​ဆန့်​ကာလှမ်းဖမ်းလိုက်​သည်​။ သစ်​ကိုင်းများကြားမှ လ​ရောင်​က လှပသည့်​ကျောက်​စိမ်းလိုမျက်​နှာ​လေး​ပေါ်​ရောင်​ပြန်​ကျလာသည်​။
"စစ်​ယွိ?'' သူလန့်​သွားသလို အံ့အားလည်းသင့်​သွားသည်​။ သူ့နှလုံးသားကပြင်းပြင်းထန်​ထန်​ခုန်​ပေါက်​နေပြီး လက်​ထဲ တင်းတင်းကြပ်​ကြပ်​ပွေ့ထားတဲ့သူကို ရင်းနှီးစွာ​မေးလိုက်​သည်​။ ''မင်းဘာလို့ဒီ​ရောက်​နေတာလဲ''
"အိုး...ခင်​များကိုး'' ကျိူးယွင်​ရှန့်​ခေါင်းကချာချာလည်​နေသည်​။ သူအားရုံစုစည်းပြီးမှ သူ့ကိုယ်​သူ သစ္စာ​စောင့်​ခွေး လက်​ထဲ​ရောက်​နေမှန်းသတိထားမိလိုက်​သည်​။ ကျယ်​ပြန့်​သည့်​ရင်​အုပ်​ကျယ်​ကို အသာတွန်းပြီး သူပြန်​ဖြေလိုက်​သည်​။ ''ခင်​များပြန်​မလာတာကြာ​တော့ အ​စောင့်​တစ်​ချိူ့​ခေါ်ပြီး ခင်​များကိုပြန်​လာရှာတာ​လေ''

"မင်းမြင်​တဲ့အတိုင်း ကျူပ်​ဘာမှမဖြစ်​ဘူး။ '' ချင်းစယ်​၏နှုတ်​ခမ်းပါးက​ကော့တတ်​သွားပြီး အမျိူးသားငယ်​လေးကိုတွဲ​ပေးကာ​ခေါင်းစ​ခြေဆုံး ကြည့်​လိုက်​သည်​။ ''မင်းဘယ်​နား ထိသွားလဲ''

"ဒီမှာ...ကျူပ်​ခြေကျင်းဝတ်​လွဲသွားတယ်​'' ကျိူးယွင်​ရှန့်​ခြေကျင်းဝတ်​ကိုလှုပ်​ပြပြီး​နောက်​ဖိလိုက်​သည်​။ အ​စောင့်​တွေကမှီလာပြီး သူတို့​ဘေးနားကာဝိုင်းရန်​ကာ စိုးရိမ်​တကြီး​မေးကုန်​ကြသည်​။

ချင်းစယ်​က​တော့ အ​စောင့်​တွေရဲ့စက်​ဝိုင်းအပြင်​ဖက်​ထွက်​လာပြီး တိမ်​တိုက်​ကြားက တဖြည်းဖြည်း ထွက်​ပေါ်လာသည့်​လမင်းကို​ငေးကြည့်​နေသည်​။
"ကျူပ်​ကျူးကုန်းဇီ​ကျောပိုးသွားလိုက်​မယ်​။ ကျူပ်​က လူကြမ်းမို့​တောင်​တတ်​တာပို​ခြေမြဲတယ်​'' ချင်းစယ်​ကမှတ်​ဥာဏ်​ပြန်​ရပြီးဖြစ်​သော်​လည်း အရှက်​မရှိလိမ်​ပြောလိုက်​သည်​။8

အ​စောင့်​တွေကလည်း သူတို့​ခြေ​ထောက်​သူတို့သိသည်​။ သခင်​လေးပြုတ်​ကျသွားတာ​တောင်​မတားလိုက်​နိုင်​တာ ဒါ​ကြောင့်​မို့ ချင်းစယ်​အကူအညီကိုလက်​ခံလိုက်​သည်​။ ကျန်းမိသားစုက ကျူးစစ်​ယွိ နဲ့​ရှောင်​ဟေးတို့ နာရီပိုင်းအတွင်းပြန်​ကောက်​လာတာမြင်​တော့​ပျော်​နေကြသည်​။

"အစ်​ကို​ရှောင်​ဟေး ဘယ်​တွေ​လျှောက်​သွား​နေတာလဲ'' ကျန်းရှုလင်း က ချင်းစယ်​ကိုလှမ်းခုန်​ဖက်​လိုက်​တာ​ကြောင့်​သူကျူးစစ်​ယွိကို​တောင်​ပစ်​ချမိ​တော့မလို ဖြစ်​သွားသည်​။ သူအတိတ်​မေ့တုန်းက ကျန်းရှုလင်းက အရမ်းကြင်​နာတတ်​ပြီး အိမ်​ကိုထိန်းသိမ်းရမှာလည်း​တော်​သည်​ဒါ​ကြောင့်​မို့ အတူ​နေရင်​အကြံ​ကောင်းဟုထင်​ခဲ့သည်​။ အခု​တော့ သူငြီး​ငွေ့လာပြီး ကျန်းရှုလင်း ကိုကြည့်​တိုင်း စိတ်​ထဲလိပ်​ပြာမသန့်​ဖြစ်​လာသည်​။

ဒါ​ပေမယ့်​သူ့မျက်​နှာကအမြဲလိုလိုတစ်​ပုံစံထဲဖြစ်​နေတတ်​တာ​ကြောင့်​သူ့ခံစားချက်​ကိုလွယ်​လွယ်​ကူကူပြ​လေ့မရှိ။ သူဓားပြ​တွေကင်းလှည့်​တာကို​ရှောင်​ပြီး စစ်​တပ်​ထဲကိုသွားလိုက်​သည်​ဟုသာပုံ​ပြောပြီး ကျူးစစ်​ယွိ ကို​ကျော​ပေါ်က​နေ​ကောက်​ရိုးပုံ​ပေါ်ဖြည်းဖြည်းချလိုက်​သည်​။
"ဘယ်​နားအဆစ်​လွဲတာလဲ ကျူပ်​ကြည့်​ပေးမယ်​'' သူ အမျိူးသားငယ်​လေး​ဘေးမှာ ထိုင်​ချပြီး ဖိနပ်​ကိုချွတ်​ပစ်​လိုက်​သည်​။

လုရှီနဲ့ဥသြ​လေးက သူတို့သခင်​လေး ခန္ဓာကိုယ်​ကိုကြည့်​တာလှမ်းတားဖို့ပြင်​လိုက်​ပေမယ့်​သူ့တို့ပါးစပ်​ထက်​ချင်းစယ်​လက်​ကပိုမြန်​နေတယ်​။ အခြားလူ​တွေ သူတို့သခင်​လေးအ​ကြောင်းကိုသိသွားမှာ​ကြောက်​ပြီးစကားမဟရဲပဲ စိုးရိမ်​စွာနဲ့ရပ်​ကြည့်​နေရ​တော့သည်​။ ချင်းစယ်​ကြည့်​ရတာ​တော့ အနာကိုပဲ တစိုက်​မတ်​မတ်​ကြည့်​နေပုံရသည်​။ ဘာထူးဆန်းတာမှသတိထားပုံမရ​ပေ။

"ဟစ်စ်​....ခင်​များညင်​ညင်​သာသာလုပ်​စမ်းပါ'' ကျိူးယွင်​ရှန့်​system ရဲ့ ထိန်းချူပ်​မှု​အောက်​ကလွတ်​ပြီးကတည်းက တစ်​ခါမှကြီးကြီးမားမားဒဏ်​ရာမရဖူးတာ။ အခုလို ရုတ်​တရက်​နာ​တော့ မခံနိုင်​တော့ဘူး။

ချင်းစယ်​ထုံထိုင်းစွာနဲ့ သူ့လက်​ထဲက​ခြေ​ထောက်​ကိုကြည့်​နေမိသည်​။ သူဒီလို​ကျောက်​စိမ်းလိုဖြူသွယ်​ပြီးလှပတဲ့​ခြေဖဝါးမျိူး တစ်​ခါမှမမြင်​ခဲ့ဖူးဘူး။ ပန်းနု​ရောင်​ချစ်​စရာ​ကောင်းတဲ့​ခြေ​ချောင်းလုံးလုံး​တွေ ၅ခုက နာကျင်​မှု​ကြောင့်​တုန်​ရီ​နေပြီး​ကွေး​နေသည်​။ သူ ပါးစပ်​အပြည့်​တံ​တွေးမြိုချလိုက်​ပြီး ဒီ​ခြေ​ချောင်း​လေး​တွေကို စုပ်​ပြီးလျှက်​ကြည့်​ရရင်​ဘယ်​လိုများ​နေမလဲဟု​တွေးကြည့်​မိသည်​။ ဒါ​ပေမယ့်​ခါတိုင်းလိုပဲ သူ့မျက်​နှာက အ​သေကြီးနဲ့​ခြေ​ချောင်း​တွေကို​သေ​သေချာချာကိုင်​ပြီး စစ်​ဆေး​နေသည်​။25

"ကြည့်​ရတာ အရိုး​တော့ထိမသွားဘူး။ ကျူပ်​ဆေးလိမ်း​ပေးမယ်​။ သုံး​လေးရက်​လောက်​နားလိုက်​ရင်​သက်​သာသွားမှာပါ'' သူ​ဆေးပုလင်းကို ထုတ်​လိုက်​တော့ အနံ့ ပြင်းပြင်းကပြန့်​လွင့်​လာပြီး​ရောင်​ရမ်း​နေတဲ့​နေရာကို နှိပ်​နယ်​ရင်းပွတ်​သပ်​ပေးလိုက်​သည်​။

ကျိူးယွင်​ရှန့်​အံကြိတ်​ပြီး​တောင့်​ထားရသည်​။ အရမ်းနာတာ​ကြောင့်​သူ့မျက်​လုံး​တွေက မျက်​ရည်​ကြည့်​ဝေ့​နေသည်​။ အရည်​လဲ့​နေသည့်​မျက်​ဝန်းများကိုကြည့်​မိသူတိုင်း ရင်သပ်​ရှု​မောရ​လောက်​သည်​။

ချင်းစယ်​ကျိူးယွင်​ရှန့်​မျက်​နှာကိုတစ်​ချက်​လှမ်းကြည့်​ပြီး​ခြေ​ချောင်း​တွေမှာပြန်​အာရုံစိုက်​လိုက်​သည်​။ ဒီလို အရသာရှိမယ့်​ယောက်ျားမျိူးသူတစ်​ခါမှမမြင်​ခဲ့ဖူးဘူး။9

လူ​တွေအားလုံးက စိတ်​ပူပြီးဝိုင်းအုံကြည့်​လာတာ​ကြောင့်​ကျိူးယွင်​ရှန့်​ခြေ​ထောက်​ကိုအားလုံးမြင်​နေရသည်​။ ချင်းစယ်​စိတ်​တိုလာပြီး​ဆေးကိုခပ်​မြန်​မြန်​ပွတ်​လိုက်​သည်​။ ပြီးမှ​ခြေစွပ်​နဲ့ဘွတ်​ဖိနပ်​ကိုအမြန်​ဝတ်​ပေးလိုက်​သည်​။3
အားလုံးပြီး​တော့ ခပ်​တည်​တည်​နဲ့"ဟုတ်​သား ဒီဒဏ်​ရာကမင်းကိုအကြာကြီးအ​နှောင့်​အယှက်​ပေး​နေရင်​မ​ကောင်းဘူး။ ဒီ​ဆေးကိုယူထား​နောက်​တော့အသုံးဝင်​လိမ့်​မယ်​''
ကျိူးယွင်​ရှန့်​ဆေးပုလင်းကိုယူပြီး ရယ်​လိုက်​သည်​။ ''စစ်​ကျင်း ချွီ့ ယွိ လိမ်း​ဆေးပါလား။ တစ်​ပုလင်းကို​ငွေစ၂၂စ​ပေးရတာ။ ဒီလို​ဆေးမျိူး ခင်​များဘယ်​ကရခဲ့တာလဲ''

ချင်းစယ်​ကမျက်​တောင်​ပင်​မခတ်​''လမ်း​ဘေးက​ကောက်​ရတာ''2

'ဒီသစ္စာ​စောင့်​ခွေးက မျက်​တောင်​တစ်​ချက်​မခတ်​ပဲ အတည်​ပေါက်​ညာနိုင်​လိမ့်​မယ်​လို့ ငါမထင်​ခဲ့မိဘူး' ကျိူးယွင်​ရှန့်​အဓိပ္ပာယ်​ပါပါနဲ့ တစ်​ဖက်​လူကို စိုက်​ကြည့်​နေလိုက်​သည်​။

"ကျူပ်​ကအမြဲ ကံ​ကောင်းတယ်​လေ '' ချင်းစယ်​က သူ့ကိုပြန်​ကြည့်​ပြီး​အေး​ဆေး​ဖြေလိုက်​သည်​။

ကျန်းတစ်​မိသားစုလုံးမှာ ကျန်းကျား​လွေ့အပါအဝင်​အကုန်​လုံးယုံသွားကြသည်​။

"စစ်​တပ်​က ဓားပြ​တွေကိုနှိမ်​နင်း​ပေးမယ်​ဆို​တော့ ကျွန်​တော်​တို့ဘယ်​တော့ အိမ်​ပြန်​လို့ရမှာလဲ'' ကျန်းရှုလင်း စိတ်​လှုပ်​ရှားစွာ​မေးလိုက်​သည်​။ သူ ချင်းစယ်​နဲ့ ကပ်​ထိုင်​ပြီး မျက်​နှာကလည်း​မျှော်​လင့်​ချက်​အပြည့်​တောက်​ပ​နေသည်​။

ချင်းစယ်​ကထိုစကားကိုမျက်​မှောင်​ကြုတ်​သည်​။ ကျူးစစ်​ယွိနဲ့နီးကပ်​ဖို့ကမလွယ်​ဘူး။ သူ့မှာသာ နည်းလမ်းရှိရင်​ဒီဂူထဲမှာ အနည်းဆုံးဆယ်​ရက်​ကျော်​လောက်​နေပစ်​ချင်​သေးတာ။ သူအတန်​ကြာတိတ်​ဆိတ်​နေပြီးမှ... ''မနက်​ဖြန်​ကျူပ်​တို့ပြန်​ကြတာ​ပေါ့''

ကျန်းညီအစ်​မနှစ်​ယောက်​က​တော့ အံ့သြလွန်းလို့​အော်​မိသွားကြသည်​။
​နောက်​တစ်​နေ့ နံနက်​စော​စောမှာ ချင်းစယ်​က ကျူးစစ်​ယွိ ကို​ကျောပိုးပြီး အဖွဲ့ကိုဦး​ဆောင်​ကာ​တောင်​အောက်​ဆင်းလာ​တော့ အခြားရွာသား​တွေကိုပါ​တွေ့သည်​။ သူတို့ပုံစံကအရမ်း ကိုနုံးချိ​နေသည်​။ အိမ်​တိုင်းရဲ့တံခါး​တွေက ပျက်​စီး​နေပြီး​ရေစည်​တွေအကုန်​ကွဲကုန်​သလို ပန်းကန်​ခွက်​ယောက်​တွေလည်း တစ်​ခုမှရစရာမရှိ​တော့။ စပါးနဲ့ ကြက်​တွေဘဲ​တွေလည်းအကုန်​ပျောက်​ကုန်​သလို​နေရာအနှံ့ ပျက်​စီးအစုတ်​အပျက်​တွေမွစာကြဲ​နေသည်​။

"​မြေရှင်​ကြီး ဘာဖြစ်​တာလဲ။ ဒဏ်​ရာရထားတာလား'' ရွာလူကြီး လူအုပ်​စုကို ဦး​ဆောင်​လာသည်​။ သူ့မျက်​နှာက ဆုံးရှုံးမှု​ကြောင့်​နှ​မြောတသဖြစ်​နေ​သော်​လည်း အသက်​ရှင်​နေ​သေးတာ​ကြောင့်​ပို​ပျော်​နေသည်​။

"လမ်းမှာ​ခြေ​ခေါက်​သွားတာ... ဒဏ်​ရာကြီးမဟုတ်​ပါဘူး။ ခင်​များ​ကော ဘယ်​နဲ့လဲ'' ကျိူးယွင်​ရှန့်​အောက်​ချ​ပေးရန်​သ​ဘောဖြင့်​ချင်းစယ်​ပုခုံးကိုပုတ်​လိုက်​သည်​။

ချင်းစယ်​ကမလှုပ်​မယှက်​သစ်​သားငုတ်​တိုင်​ကြီးလိုဆက်​ရပ်​နေသည်​။7

ရွာသူကြီးကသက်​ပြင်းချပြီး ''​လောင်​ပိုင်​သတိ​ပေးလို့​ပေါ့ဗျာ...ကျူပ်​တို့အသက်​ရှင်​နေတာ။​တော်​သေးတယ်​ကျူပ်​တို့က ရိက္ခာ​တွေအကုန်​မယူသွားခိုင်းလို့ နို့မို့ဆိုရင်​တော့ ကျူပ်​တို့ပိုခံစားရမှာပဲ။ ယန်​ကျားရွာကလည်း​ဘေးလွှတ်​ရာ​ရွေ့ဖို့​တောင်​ပေါ်တက်​လာတာ ဒါမယ့်​သူတို့ရိက္ခာ​တွေအကုန်​သယ်​သွားလို့ ဓားပြ​တွေစိတ်​ဆိုးပြီး တစ်​ရွာလုံးမီးရှို့ ပစ်​လိုက်​တယ်​။​တောင်​ပေါ်မှာ​တွေ့သမျှလူအကုန်​လည်း သတ်​ပစ်​တယ်​တဲ့။ တကယ်​ကိုဆိုးဆိုးဝါးဝါးပဲဗျာ....စစ်​တပ်​သာမ​ရောက်​လာရင်​တစ်​ယောက်​မှအသက်​ရှင်​နိုင်​မှာမဟုတ်​ဘူး''

သူအသံက​ဖျော့သွားပြီး​နောက်​ခံစားခဲ့ရတဲ့ရွာသား​တွေအတွက်​သက်​ပြင်းချလိုက်​တော့သည်​။ ရိက္ခာ​တွေထပ်​သယ်​ဖို့ ကြိုးစားခဲ့ကြတဲ့ရွာသား​တွေကလည်း ရှက်​ရွံမှု​ကြောင့်​ခေါင်းငုံ့ ကုန်​သည်​။ သူတို့ခဏခဏပြန်​လာပြီး လာပြန်​ယူတာ အခြားအိမ်​ကပစ္စည်း​တွေ​တောင်​ပါတယ်​။ သူတို့ ဓားပြနဲ့မ​တွေ့တာကံ​ကောင်းတယ်​ထင်​ထားတာ။ အခု ယန်​ကျားရွာအ​ကြောင်းကြား​တော့ ကိုယ်​လုပ်​ခဲ့တာကို​သေ​လောက်​အောင်​ရှက်​ကုန်​ကြသည်​။

ကျိူးယွင်​ရှန့်​ရွာသူကြီးကိုစကားတစ်​ချိူ့​ပြောပြီး​နောက်​သူ့လှည့်​ရောက်​လာတာမြင်​တော့ နှုတ်​ဆက်​လိုက်​သည်​။

ချင်းစယ်​က သူ့ကို လှည်းထဲ​သေချာချ​ပေပြီး မြင်​ကွင်းထဲက​ပျောက်​သွားတဲ့အထိ ရပ်​ကြည့်​နေပြီးမှ ကျန်းအိမ်​သို့ပြန်​ခဲ့သည်​။

"​ရှောင်​ဟေး...ဒီမှာကြည့်​ကျွန်​တော်​တို့အိမ်​ကအစားအစာ​တွေကို ဓားပြ​တွေမ​တွေ့သွားဘူး'' ကျန်းရှုလင်းက တံခါးအပျက်​နောက်​ကထွက်​လာပြီး ဆန်​အိတ်​တစ်​ချိူ့ကိုဆွဲလာသည်​။

ချင်းစယ်​က ခုံပု​လေးမှာတိတ်​ဆိတ်​စွာထိုင်​နေပြီး စိတ်​ဝင်​စားမှုမရှိ။
ကျန်းကျား​လွေ့က​ကြွေအကွဲစ​တွေကိုစုပုံပြီး​ဂေါ်ပြားကိုသွားလာကာ ပြုံးလျှက်​ပြောသည်​။ ''ကျူပ်​တို့အစ်​ကိုကြီးကသိပ်​တော်​တာပဲ ဓားပြ​တွေမမြင်​အောင်​အိတ်​တွေကို​ကောင်း​ကောင်းဝှက်​ထားနိုင်​တယ်​။ ပြီး​တော့ ကျူပ်​တို့အိမ်​ကစုတ်​ပြတ်​နေတာ သူတို့တစ်​ခုခုရှာ​တွေ့လိမ့်​မယ်​လို့လည်း ထင်​ထားမှာမဟုတ်​ဘူး။ ခဏ​လောက်​ရှာပြီး​တော့အခြားအိမ်​ကူးသွားပုံပဲ။ ကျူးအိမ်​လို အိမ်​ကြီးအိမ်​ကောင်းမျိူးက​တော့ ဓားပြ​တွေတစ်​ချက်​ကြည့်​ရုံနဲ့​ပျော်​သွားကြမှာပဲ။ ကျူပ်​တော့ သူ့အိမ်​ပျက်​စီး​နေတာသူမြင်​ရင်​ဘယ်​လိုရုပ်​ဖြစ်​သွားမလည်း သိချင်​မိရဲ့။ တကယ်​လို့များ မီးရှို့ ခဲ့ရင်​....''

"တကယ်​လို့ ကျူးကုန်းဇီသာ အချိန်​မှီသတိမ​ပေးရင်​မင်းတို့ရွာကလူ​တွေအကုန်​သေ​နေ​လောက်​ပြီ။ အခုမင်းက​ကျေးဇူးနည်းနည်း​တောင်​မတင်​ပဲနဲ့....'' ချင်းစယ်​က ခပ်​တန်းတန်း​ပြောလိုက်​သည်​။

အရင်​က ကျန်းကျား​လွေ့ ကို ဇွဲရှိပြီးပါရမီပါတယ်​လို့ခံစားရတာ​ကြောင့်​သူ့လက်​အောက်​ခေါ်ထားဖို့စဉ်းစားထားတာ။ ဒါ​ပေမယ့်​အခုလို သ​ဘောထား​သေးသိမ်​ညံ့ဖျင်းတာမြင်​ရ​တော့ သူက ပျိူး​ထောင်​ဖို့မတန်​ဘူး။
ကျန်းကျား​လွေ့ က ချင်းစယ်​ရဲ့အရှိန်​အဝါ​အောက်​မှာရှိန်​သွားသည်​။ သူအမြဲတမ်းချင်းစယ်​ကို အထက်​တန်းလွှာကလူတစ်​ယောက်​ဖြစ်​မယ်​လို့ သံသယရှိ​နေတာ။ ဒါမယ့်​သူ့ဟာလွယ်​လွယ်​လက်​လျော့တတ်​သူမဟုတ်​''ကျူးအိမ်​ကရွာသား​တွေကို နှစ်​တွေအကြာကြီး ဖိနှိပ်​ထားတာ။ ကျူပ်​မှာလည်းနစ်​နာချက်​တွေရှိထားတာ ။ဘာလို့မ​ပြောရဲရမှာလဲ''
"ရွာသား​တွေဖိနှိပ်​တာ ကျူးကုန်းဇီအ​ဖေနဲ့ သူ့ဘဏ္ဍာထိန်းပဲ။ ကျူးကုန်းဇီနဲ့ဘာဆိုင်​လို့လဲ'' ချင်းစယ်​က သူ့ကိုခပ်​စူးစူးပြန်​ကြည့်​လိုက်​သည်​။+

"ဒါ​ပေါ့ သူက​တော့ သူနဲ့မဆိုင်​ဘူး​ပြောမှာ​ပေါ့ အစ်​ကို​ရှောင်​ဟေး က သူ့ကိုယုံလို့လား။ ဒီရွာထဲမှာ ကျူးစစ်​ယွိ က သူ့အ​ဖေထက်​ပိုအမြတ်​ကြီးစားတာ မသိတဲ့လူဘယ်​မှာရှိလို့....''

သူ့အသံက​အော်​သံတစ်​ခုရဲ့လွှမ်းမိုးမှု​ကြောင့်​ပျောက်​ကွယ်​သွားသည်​။ ''ကျူး​လောင်​စစ်​ကို​မြေရှင်​ကြီးက ရုံး​တော်​အပ်​လိုက်​ပြီ။ ရွာသား​တွေအ​ပေါ်အမြတ်​ကြီးစားတာ ငါးခိုးတာ အခွန်​တိုး​ကောက်​တာအကုန်​သူ့လက်​ချက်​ပါလို့ဝန်​ခံပြီးပြီ။ ဒီပြစ်​မှုက ခွင့်​လွှတ်​လို့မရဘူး!​မြေရှင်​ကသူ့စာရင်းစာအုပ်​တွေအကုန်​ရုံး​တော်​ယူသွားပြီး ကျူး​လောင်​စစ်​ကို ရင်​ဆိုင်​ဖို့ ခုံရုံး​ရောက်​နေပြီ! လာ သွားကြည့်​မယ်​''

ချင်းစယ်​နှလုံးသား​လေးတုပ်​ခနဲလှုပ်​သွားပြီး ရုံး​တော်​ကိုအမြန်​ပြေး​တော့သည်​။1
ကျူးစစ်​ယွိ ကို မ​ကောင်း​ပြော​နေသည့်​ကျန်းကျား​လွေ့က​တောင့်​ခဲသွားသည်​။ သူ့ပါးပြင်​ကနီရဲ​နေပြီး ပူထူကာ အကြိမ်​ပေါင်းများစွာ အရိုက်​ခံလိုက်​ရသလိုပင်​။

© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі