Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 1.10
အခန်း(၁၀)ကျိူးယွင်​ရှန့်​ဘဝ +

ကျိူးအုပ်​စုလုံးဝချိတ်​ပိတ်​ခံလိုက်​ရပြီး နှစ်​ပေါင်းတစ်​ရာနီးပါးရပ်​တည်​ခဲ့သည့်​စီးပွား​ရေးလုပ်​ငန်းများအားလုံးနှစ်​လအတွင်းပြာပုံအဖြစ်​သို့​ရောက်​ရှိသွားသည်​။ ကျိူးဝန်​ကျင့်​၏ ရှင်းလုံအုပ်​စုလည်းအထိအခိုက်​များပြီးရှယ်​ယာများကျဆင်းကုန်​သည်​။ စီးပွား​ရေးလုပ်​ငန်းအတွင်းတရားမဝင်​ကူးသန်း​ရောင်းဝယ်​ရေးနဲ့အကျင့်​ပျက်​ခြစားမှု​တွေအကုန်​အထူးတပ်​ဖွဲ့​တွေက​မြေလှန်​စုံစမ်းစစ်​ဆေး​နေပြီး ပြိုင်​ဖက်​များ၏တိုက်​ခိုက်​ခြင်းကိုလည်းခံရသည်​။ ထိုအရာများအားလုံးက ကျိူးဝန်​ကျင့်​ကိုချူံးချူံးကျ​စေဖို့လုံ​လောက်​သည်​။

ကျိူးယွင်​ရှန့်​သူ့လက်​ကောက်​ဝတ်​ကAIကိုစိုက်​ကြည့်​နေလိုက်​သည်​။ Bar တန်းက ၉၉%ကို​ဖော်​ပြ​နေသည်​။ ဒီ​လောကရဲ့ကံကြမ္မာ​ပြောင်းလဲသွားတယ်​ဆိုတဲ့အတိုင်း Lord Godရဲ့ထိန်းချူပ်​မှုကလည်းလွှတ်​ထွက်​ပြီး ခန့်​မှန်းလို့မရသည့်​အ​ခြေအ​နေကို​ရောက်​သွားသည်​။ ပုံမှန်​လောကကြီးကိုပြန်​ရဖို့က၁ရာခိုင်​နှုန်းရှိ​နေ​သေးသည်​။ ဒါ​ပေမယ့်​ကျိူးယွင်​ရှန့်​စိတ်​မဝင်​စားတော့။ ဒီကမ္ဘာမှာသူဘယ်​လောက်​ကြာကြာ​နေမလဲသူ​ရွေးချယ်​လို့ရတယ်​။ ဒါ​ကြောင့်​အချိန်​တွေအများကြီးရှိ​သေးတယ်​။

လွန်​ခဲ့သည့်​လဝက်​က CBS နဲ့ Noahဥက္ကဋ္ဌတို့ရဲ့အင်​တာဗျူးကိုတရုတ်​နိုင်​ငံတကာသတင်းချန်​နယ်​တွင်​လွင့်​ခဲ့သည်​။ ဂန္တဝင်​တွင်​လောက်​သည့်​လူ၏သရုပ်​မှန်​ကတစ်​ကမ္ဘာလုံးကိုပြန့်​နှံ့သွားပြီး​ဒေဝါလီခံရလုဆဲဆဲ ရန်​မိသားစုက တရုတ်​နိုင်​ငံ၏ပထမတန်းမိသားစုဖြစ်​လာသည်​။

ဒီက​နေ့က​ကောမိသားစု၏သခင်​ကြီး​ကောလီချွန်​ရဲ့ ဇနီး​ကောလင်းတန်ဖျင်​၏ အသက်​၆၀ပြည့်​မွေး​နေ့ဖြစ်​သည်​။​ကောမိသားစုရဲ့ထုံးစံအရ ရန်​ကျန်းဟိုင်​နဲ့သူ့ဇနီး တို့နဲ့အတူရန်​မိသားစုကိုလာ​ရောက်​ဖို့ဖိတ်​ခေါ်ကြသည်​။​ကောမိသားစု၏အဓိကရည်​ရွယ်​ချက်​က ရန်​မိသားစုက​နေကျိူးယွင်​ရှန့်​နှင့်​တွေ့ဆုံရန်​သာဖြစ်​တော့သည်​။ ဘယ်​သူကရန်​ကျန်းဟိုင်​ကိုကျိူးယွင်​ရှန့်​ဦး​လေးအဖြစ်​ရှိ​စေခဲ့ပြီး သူတို့ဆက်​ဆံ​ရေးကိုရင်းနှီး​စေခဲ့သလဲ? တကယ်​လို့သာဒီကမ္ဘာရဲ့မူရင်းဇာတ်​ညျွန်းအတိုင်းသာဆို ကျိူး​ဟောက်​သေပြီး ကျိူးအုပ်​စုကကျိူးဝန်​ကျင့်​၊ကျိူးဝန်​အန်​တို့လက်​ထဲ​ရောက်​သွားတာ​ကြောင့်​ရန်​အုပ်​စုကလည်းအလဲအကွဲဖြစ်​ရမည်​။ ထို့​ကြောင့်​မူလကျိူးယွင်​ရှန့်​ကသူ့ဦး​လေး၏ကာကွယ်​မှုကိုမရခဲ့​ပေ။ဒါ​ပေမယ့်​အခု​တော့ ရန်​သည်​အန္တရာယ်​အ​ခြေအ​နေ၌မရှိ​တော့။

ရန်​အုပ်​စုဖက်​က အကျိူးတူဖက်​စပ်​လုပ်​ငန်းမှာ​ငွေလိုအပ်​နေတဲ့အချိန်​ရန်​ကျန်းဟိုင်​ဇနီး​ကောရှုဖန်းကသူမအိမ်​ကိုပြန်​ပြီးအကူအညီ​တောင်းခဲ့သည်​။သို့​သော်​ကောလီချွန်​ကငြင်းလိုက်​သည်​။​ကောလီချွန်​က​ကောလီတန်​ဖျင်​နှင့်​လက်​ထပ်​ပြီးသမီးနှစ်​ယောက်​မွေးသည်​။ သို့​ပေမယ့်​သူကသားလိုချင်​တာ​ကြောင့်​အငယ်​အ​နှောင်း ထပ်​ထားသည်​။ ထိုအငယ်​ကအမြွှာမွေး​ပေးခဲ့သည်​။ ထို့​ကြောင့်​ကောလီတန်​ဖျင်​မှာ​ဒေါသထွက်​သော်​လည်းဘာမှလုပ်​၍မရခဲ့​ပေ။
​ကောအိမ်​၏သက်​ကြီးစုံတွဲက​မြေး​တွေကိုချစ်​တာ​ကြောင့်​ကောလီတန်းဖျင်​နဲ့သူ့သမီးနှစ်​ယောက်​ခံစားချက်​ကိုထည့်​မတွက်​ပဲ အမြွှာက​လေးနှစ်​ယောက်​ကိုအိမ်​ထဲ​ခေါ်သွင်းပြီး ပညာသင်​ပေးသည်​။​ကောအိမ်​၏အ​မွေခံအစစ်​များအဖြစ်​ပျိူး​ထောင်​ခဲ့ကြသည်​။ ဒီအ​ခြေအ​နေက​ကောရှုဖန်းအတွက်​ဘယ်​လောက်​ရှက်​စရာ​ကောင်းမလဲ မြင်​ယောင်​ကြည့်​ရုံနှင့်​သိသာသည်​။တရားဝင်​ဇနီးမှ​မွေး​သော်​လည်းဘာခံစားခွင့်​မှမရှိ​ပေ။​ကောသက်​ကြီးစုံတွဲကသနား​ပေမယ့်​လည်း သူတို့သားရဲ့​တောင်းဆိုမှု​ကြောင့်​ရေ​အောက်​ဥမင်​ပ​ရောဂျက်​ကို​ဈေးနှိမ်​ပြီးပြန်​ဝယ်​လိုက်​သည်​။ ထို့​ကြောင့်​ရလဒ်​က ထူးမခြားနား​ပေ​။​ကောရှုဖန်းသေ​လောက်​အောင်​ဒေါသထွက်​သော်​လည်းဘာမှမလုပ်​နိုင်​ရှာ​ပေ။ သူမအ​မေ​ကောလီတန်​ဖျင်​နှင့်​သူမညီမတို့က လက်​ဝတ်​ရတနာများ​ရောင်းပြီး​တော့ပင်​သူမကိုကူညီကြ​သေးသည်​။ ထို့​ကြောင့်​သူမ တူကလိုအပ်​နေတဲ့​ငွေ​တွေပြန်​ဖြည့်​ပေးတဲ့အခါ ကုန်​တိုက်​သွားပြီး သူမအ​မေနဲ့ ညီမအတွက်​လက်​ဝတ်​ရတနာများအစားပြန်​ဝယ်​ပေးခဲ့ခြင်းဖြစ်​သည်​။ 2

အချူံ့​ပြောရလျှင်​ကောလီတန်​ဖျင်​မရှိပါက​ကောအိမ်​နှင့်​ရန်​အိမ်​သည်​ရန်​သူများဖြစ်​သွားနိုင်​သည်​။​ကောလီတန်ဖျင်​သည်​အသက်​၆၀ဖြစ်​သော်​လည်းသူမ၏အလှအပထိန်းသိမ်းမှုက​တော့တကယ်​ကို​ကောင်းသည်​။ အသက်​အရွယ်​ကြီးရင့်​နေပြီဖြစ်​သော်​လည်း ကျက်​သ​ရေရှိ​သောအလှကိုပိုင်​ဆိုင်​ထားသည်​။​ကောလီချွန်​ကသူမ​ဘေးမှာရပ်​ပြီး​ရောက်​လာတဲ့ဧည့်​သည်​တွေကိုအပြုံးနဲ့လိုက်​နှုတ်​ဆက်​နေသည်​။

"ရန်​အိမ်​ကကား​ရောက်​လာပြီ''

ဆင်​ဝင်​အောက်​သို့တဖြည်းဖြည်းဆိုက်​ကပ်​လာသည့်​ဇိမ်​ကားကိုမြင်​သည်​နှင့်​ကောလီချွန်​မျက်​လုံးတို့အ​ရောက်​တောက်​သွားသည်​။ ထို့​နောက်​သူ အမြွှာနှစ်​ယောက်​နှင့်​အတူ တံခါးဝကိုသွားပြီးခရီးကြိုလိုက်​သည်​။​ကောလီတန်​ဖျင်​နှင့်​သူသမီးအငယ်​က​တော့​လှောင်​ပြုံးနှင့်​နောက်​မှလိုက်​လာကြသည်​။

ရန်​ကျန်းဟိုင်​တို့ဇနီး​မောင်​နှံနဲ့အတူလူငယ်​တစ်​ယောက်​ပါကားထဲမှထွက်​လာသည်​။ ထိုလူငယ်​က​ချော​မောခန့်​ညားပြီး သိမ့်​မွေ့သည့်​အရှိန်​အဝါနှင့်​တောက်​ပသည့်​မက်​မွန်​ပွင့်​သဏ္ဌာန်​မျက်​ဝန်းတို့ကိုပိုင်​ဆိုင်​ထားသည်​။ သူ့ ကိုကြည့်​မိသူတိုင်း ရင်​မခုန်​မိလျှင်​ညာရာကျလိမ့်​မည်​။ 1

"ဒါတို့ တူကြီး​ပေါ့။ တကယ်​ချောတာပဲကွာ''​ကောလီချွန်​ကအားရပါးရပြုံးပြီးသူ့အမြွှာ​လေးနှစ်​ယောက်​နဲ့ရှန့်​ကိုမိတ်​ဆက်​ပေးဖို့လည်းကြိုးစားလိုက်​သည်​။

ကျိူးယွင်​ရှန့်​က​ခေါင်းတစ်​ချက်​ညိမ့်​ပြီးထိုသုံး​ယောက်​ကို​ကျော်​လျှက်​ကောလီတန်​ဖျင်​၏လက်​ကိုဆွဲပြီးနှုတ်​ဆက်​လိုက်​သည်​။ ''​မွေး​နေ့မှာ​ပျော်​ရွှင်​ပါ​စေ ဖွားဖွား''

"ဒီမှာရပ်​မ​နေကြပဲ အထဲဝင်​ရ​အောင်​''​ကောရှုဖန်း​ကရင်းရင်းနှီးနှီးပင်​သူမတူနှင့်​အ​မေကိုဆွဲပြီးအိမ်​ထဲသို့ဝင်​သွား​လေသည်​။​ကောလီချွန်​အရမ်းရှက်​သွား​သော်​လည်းအခွင့်​အ​ရေးကိုလက်​လွှတ်​မခံနိုင်​တာ​ကြောင့်​ကျိူးယွင်​ရှန့်​နောက်​ကိုဆက်​လိုက်​သွားလိုက်​သည်​။အခုမှ​ရောက်​လာတဲ့ကျိူးယွင်​ရှန့်​ကဧည့်​သည်​တွေရဲ့အာရုံကိုဖမ်းစားထားပြီး​ကောအိမ်​ကိုကံ​ကောင်းမှုကိုတိတ်​တိတ်​လေးသက်​ပြင်းချကြသည်​။

"ယွင်​ရှန့်​ဒါမင်းရဲ့တူ​ကောစစ်​နန်​။ သူကအခုငါ့လက်​အောက်​မှာပညာသင်​နေတယ်​မင်းအချိန်​ရရင်​သူ့ကိုလည်းသင်​ပေးပါအုန်း။ ဒါကမင်းရဲ့တူမ​ကော​ပေါင်​ရိ သူကအခု​ဘေကျင်းအနုပညာ​ကျောင်းမှာ အဆိုပညာသင်​နေတယ်​''​ကောလီချွန်​က အမြွှာနှစ်​ယောက်​ကိုလက်​ဆွဲပြီး ကျိူးယွင်​ရှန့်​ရှေ့တွန်းပို့လိုက်​သည်​။

​ကော​ပေါင်​ရိကပြုံးပြ​ပေမယ့်​ကောစစ်​နန်​က​တော့ မျက်​ခုံးများကြုတ်​ပြီးမျက်​လုံးတို့ကမလိုလားသည့်​အရိပ်​အ​ယောင်​များထင်​နေသည်​။ ကျိူးယွင်​ရှန့်​သူ့ကိုကြည့်​ပြီးပြုံးပြလိုက်​သည်​။

"ဝန်​အန်​နဲ့သူငယ်​ချင်း​ကောင်း​တွေလို့ ငါကြားတယ်​''

အခုအချိန်​ဘယ်​သူက ကျိူးညီအစ်​ကိုသုံး​ယောက်​ရဲ့ဆက်​ဆံ​ရေးကိုမသိပဲ​နေမလဲ။အစက​တော့ အပြင်​လူ​တွေက ကျိူးတရားမဝင်​သား​တွေကအကြီးဆုံးသားကို​ချောင်​ပို့ခဲ့ကြတယ်​လို့ထင်​ခဲ့ကြသည်​။ ဒါ​ပေမယ့်​သားအကြီးက အရိပ်​ထဲကနတ်​ဆိုးဖြစ်​နေသည်​။ သူ့လက်​တစ်​ဖက်​မြှောက်​လိုက်​ရုံဖြင့်​တရားမဝင်​က​လေးတို့၏ကြိုးစားသမျှပျက်​စီးကုန်​ရသည်​။ ထို့​ကြောင့်​ကျိူးယွင်​ရှန့်​သည်​ချော​မော၍နူးညံ့ပုံ​ပေါ်​သော်​လည်း သူ့ပါဝါကို​တော့အထင်​သေး၍မရ​ပေ။

​ကောစစ်​နန်​မျက်​နှာကဖြူဆုတ်​သွားပြီး​ကောလီချွန်​ကရှက်​ရှက်​နဲ့ဖာ​ထေး​ပြောလိုက်​သည်​။ ''သူကငယ်​သေးတာ​ကြောင့်​အမြင်​မကျယ်​သေးဘူး။ ဒါ​ကြောင့်​လူ​ပေါင်းမှားတာပါ။ ငယ်​သူရဲ့အပြစ်​ကိုခွင့်​လွှတ်​ရမယ်​လို့ဆိုးရိုးစကားရှိတယ်​မလား''

ကျိူးယွင်​ရှန့်​ပြုံးလိုက်​ပြီး''လူငယ်​တွေမှာအမှားလုပ်​ခွင့်​ရှိပါတယ်​။ဒါ​ပေမယ့်​အမှားတိုင်းကခွင့်​လွှတ်​ဖို့​တော့မထိုက်​တန်​ဘူး။​ကော ခင်​များစကား​တော့သိပ်​မ​ကောင်းဘူး။ ခင်​များသားကိုစည်းကမ်းတင်းကြပ်​သင့်​တယ်​သူ့အမှားတိုင်းကိုခွင့်​မလွှတ်​ပေးသင့်​ဘူး။ ကျွန်​တော့်​ညီဝန်​အန်​က​ထောင်​ကထွက်​လာရင်​အသက်​၅၀​လောက်​ရှိပြီ။သူ​သေ​လောက်​အောင်​ပြန်​ကြိုးစားလည်းအခွင့်​အ​ရေးက​တော့ဆုံးရှုံးသွားပြီ​လေ။ မဟုတ်​ဘူးလား''

အ​ပေါ်ယံတွင်​တော့ကျိူးအုပ်​စုပျက်​စီးခြင်းကဥပ​ဒေချိူး​ဖောက်​မှုဟုသာသိထားကြ​သော်​လည်း အမှန်​တကယ်​နောက်​ကွယ်​ကလူကဘယ်​သူမှန်းဘယ်​သူကမခန့်​မှန်းမိပဲ​နေပါလိမ့်​မလဲ။ အကြီးဆုံးသားကသူ့လက်​ချောင်းများနှင့်​ပင်​ကျိူးကိုညစ်​သတ်​ပစ်​နိုင်​သည်​။​ကောအိမ်​လိုတတိယတန်းစားမိသားစုအတွက်​သူအချိန်​ပေးရန်​မလိုအပ်​ပေ။
​ကောစစ်​နန်​ခန္ဓာကိုယ်​ကတုန်​ရီ​နေ​တော့သည်​။​ကောလီချွန်​ကရှက်​ရှက်​နဲ့​ခေါင်းညိမ့်​ပြီးနဖူး​ပေါ်က​ချွေး​စေး​တွေကိုလက်​ကိုင်​ပဝါနှင့်​သုတ်​လိုက်​သည်​။​ကောလီတန်​ဖျင်​နှင့်​သူ့သမီး​တွေက​တော့ စကား​ပြောရင်​သောက်​စားကြရင်းနဲ့ဘာမှမကြားရသလို​နေ​နေကြသည်​။ စိတ်​ထဲတွင်​လည်းဘာသနားစာနာမှုမှမဖြစ်​မိ​ချေ။
ထိုအချိန်​က တံခါးမကြီးကရုတ်​တရပ်​ပွင့်​လာပြီး အရပ်​ရှည်​ရှည်​နှင့်​လူတစ်​ယောက်​ဝင်​လာသည်​။​ကောတစ်​မိသားစုလုံးနှင့်​ဧည့်​သည်​များပါတအံ့တသြ​ငေးကြည့်​နေမိကြ​တော့သည်​။ ထိုလူကအနက်​ရောင်​အ​နောက်​တိုင်းဝတ်​စုံကိုသပ်​ရပ်​စွာဝတ်​ဆင်​ထားပြီး အိတ်​ကပ်​ထဲတွင်​ငွေဖြူ​ရောင်​လက်​ကိုင်​ပဝါကိုတစွန်းတစ​ပေါ်​အောင်​ထည့်​ထားသည်​။ ဆံပင်​တို့ကိုသပ်​ရပ်​စွာလှန်​တင်​ထား​သော​ကြောင့်​ချော​မောခန့်​ညားသည့်​မျက်​နှာနှင့်​စူးရှသည့်​မျက်​လုံးအစုံတို့ကို​ပေါ်လွင်​စေသည်​။

ယ​နေ့ တုအိမ်​သည်ကမ္ဘာနံ​ပေါက်​တစ်​လက်​နက်​အ​ရောင်းအဝယ်​လုပ်​ငန်းဖြစ်​သည်​။ တုရွှီလန်​သည်​တုအိမ်​၏အင်​အားအကုန်​ကိုထိန်းချူပ်​ထားရ​သော​ကြောင့်​လူအနည်းစုနှင့်​သာ​တွေ့ဆုံ​လေ့ရှိပြီး လူမြင်​ကွင်းတွင်​ထွက်​လာသည်​မှာရှားပါးလွန်းသည်​။တရုတ်​နိုင်​ငံ၌လူကုန်​တန်​အသိုင်းအဝိုင်းတိုင်းသူ့အ​ကြောင်းကိုသိထားကြသည်​။ မဖိတ်​ပဲဘာ​ကြောင့်​ရောက်​လာသလဲ​ကောလီချွန်​မသိ​ပေမယ့်​လက်​ထဲကဝိုင်​ခွက်​ကိုချပြီးနှုတ်​ဆက်​ဖို့သွားလိုက်​သည်​။ သူ့ကိုမနာလို​နေကြသည့်​အကြည့်​များ၌လည်းသာယာ​နေ၏။

တုရွှီလန်​က​တော့​ကောလီချွန်​ကိုဂရုပင်​မစိုက်​ရှန့်​ရှိရာကိုတန်းတန်းမတ်​မတ်​လျှောက်​သွားပြီးပြုံးလိုက်​သည်​။
"Baby ဘာလို့ကိုယ့်​ကိုမ​စောင့်​တာလဲ'' 11

"ကျွန်​တော်​ကအ​ဒေါ်နဲ့လက်​ဆောင်​ဝယ်​ပေးဖို့လိုက်​သွားတာ'' ကျိူးယွင်​ရှန့်​ကတုရွှီလန်​ကိုဖက်​လိုက်​ပြီး သူ့လက်​ထဲကခွက်​ကိုထည့်​ပေးလိုက်​သည်​။သူက​တော့အခြားတစ်​ခွက်​ကိုယူလိုက်​သည်​။ 1

"​မွေး​နေ့မှာ​ပျော်​ရွှင်​ပါ​စေ အဖွား'' တုရွှီလန်​သူ့ချစ်​သူကိုဖက်​ထားရာကလွှတ်​ပေးလိုက်​ပြီး မစ္စ​ကောလင်းတန်​ဖျင်​ကိုနှုတ်​ဆက်​လိုက်​သည်​။ သူ့ရဲ့တရင်းတနှီး​ခေါ်သံ​ကြောင့်​လူ​တွေအားလုံးသတိပြန်​ဝင်​လာ​တော့သည်​။

"မစ္စတာတု နဲ့ယွင်​ရှန့်​က....''

"သူကကျွန်​တော့်​ချစ်​သူ'' ကျိူးယွင်​ရှန့်​၏အမှတ်​တမဲ့မိုင်းဗုံးကတုရွှီလန်​ကိုပြုံးသွား​စေသည်​။ သူ့လက်​တွဲ​ဖော်​လေးရဲ့အ​ကြောင့်​အလန့်​ကင်းမှုနဲ့ပွင့်​လင်းမှုကို သူတကယ်​သ​ဘောကျသည်​။ ကိုယ့်​ချစ်​သူကိုယ်​မ​ဖော်​ပြရဲရင်​ဘာလို့သူတို့အတူ​နေကြအုန်းမလဲ။ 1

​ကောလင်းတန်းဖျင်​က​တော့သူ့သမီးရဲ့မထူးခြားတဲ့အမူအရာ​ကြောင့်​အကြီးအကျယ်​လန့်​မသွားပဲ ခပ်​မြန်​မြန်​ပင်​ပြန်​ထိန်းလိုက်​နိုင်​သည်​။​ကောလီချွန်​ကမူ​နောင်​တ​ကြောင့်​မျက်​နှာမှာဖြူဆုတ်​လျှက်​ရှိသည်​။ Noah မှာကလုံ​လောက်​တဲ့အင်​အားရှိပြီးသား၊ တကယ်​လို့ တုမိသားစုရဲ့ကြွယ်​ဝမှုနဲ့ထပ်​ပေါင်းလိုက်​ရင်​ဒီကမ္ဘာမှာသူတို့ရန်​စတဲ့လူက​တော့​သေလမ်းရှာတာနဲ့တူတူပဲဖြစ်​ရော့မည်​။ ရန်​အိမ်​ကိုအရင်​ကဆက်​ဆံခဲ့သည့်​ပုံစံ​ကြောင့်​ကောလီချွန်​မျက်​နှာမထားတတ်​တော့​ပေ။ ဒီအ​ခြေအ​နေအားလုံးကိုမြင်​တဲ့သူ့မယားအငယ်​က​တော့ လူကွယ်​ရာမှာရိုက်​ပုတ်​တော့သည်​။

​ဘေးကလူ​တွေက​တော့ တုနဲ့နိုအာရဲ့လက်​ရှိလက်​နက်​သစ်​တီထွင်​မှု အ​ကြောင်းကို​တွေး​နေမိကြသည်​။​ကောအိမ်​က​တော့အခု ရန်​အိမ်​အလင်း​အောက်​မှာဖုံးသွားပြီ။ သိပ်​မကြာခင်​မှာပဲ ကျိူးဝန်​ကျင့်​ကရုပ်​သန့်​သန့်​မိန်းက​လေးတစ်​ယောက်​နဲ့လက်​ချိတ်​ပြီးဝင်​လာသည်​။ လက်​ရှိအ​ခြေအ​နေ​တွေ​ကြောင့်​သူ့ရဲ့ပုံစံကလူ​တွေအတွက်​သိပ်​မထင်​ရှား​တော့။ အရင်​က သူ့ကို ငယ်​ရွယ်​ပြီးပါရမီရှိတဲ့သူလို့​ခေါ်ခဲ့ကြ​ပေမယ့်​အခုကျိူးယွင်​ရှန့်​ထွက်​လာ​တော့ ဘယ်​သူကအ​တော်​ဆုံးဖြစ်​ရအုန်းမှာလဲ?

နီးကပ်​နေသည့်​စုံတွဲကိုမြင်​သည်​နှင့်​ကျိူးဝန်​ကျင့်​မျက်​လုံးများအ​မှောင်​လွှမ်းသွားသလို သူ့နံ​ဘေးကမိန်းက​လေးကလည်း မုန်းတီးသည့်​အရိပ်​အ​ရောင်​များပါသည့်​အကြည့်​များဖြင့်​ကြည့်​လာသည်​။ 2

"အဲ့တာ ခင်​များ ဒုတိယဦး​လေးရဲ့​သမီးမဟုတ်​ဘူးလား''

ထိုမိန်းက​လေးက ကျိူးဝန်​ကျင့်​မောင်းမ​တော်​များထဲမှတစ်​ယောက်​အပါအဝင်​ဖြစ်​သည်​။ သူမ​နောက်​ကြောင်းကသိပ်​မရှင်း​ပေ။ သူမအ​ဖေကတုရွှီလန်​၏ဦး​လေးဖြစ်​ပြီး တုအိမ်​၏ဆက်​ခံပိုင်​ခွင့်​အလားအလာအရှိဆုံးသူလည်းဖြစ်​သည်​။ သို့​သော်​တုရွှီလန်​ကိုရှုံးခဲ့ရသည်​။ ထိပ်​တိုက်​ရင်​ဆိုင်​မှု​တွေအ​တော်​များပြီးတဲ့​နောက်​တူဝရီးနှစ်​ယောက်​ဆက်​ဆံ​ရေးကအရင်​လိုမ​ကောင်း​တော့ တစ်​ယောက်​နဲ့တစ်​ယောက်​ဘယ်​သူပြိုလဲမလဲ ကြည့်​ချင်​နေကြသည့်​အ​ခြေအ​နေ​ရောက်​နေခဲ့ပြီ။ ကျိူးဝန်​ကျင့်​မိန်းမတစ်​ယောက်​နှင့်​ပါတီပွဲတက်​လာသည်​က တုရွှီလန်​ဝုန်းတိုင်း​ရောက်​ချလာသည့်​အ​ခြေအ​နေနှင့်​အတူတူပင်​။

တုရွှီလန်​သူတို့ကိုကြည့်​လိုက်​တော့ ကျိူးဝန်​ကျင့်​ကမျက်​နှာလွှဲသွားသည်​။အပြုအမူတို့က​အေးစက်​စက်​နိုင်​လှ၏။ တုရွှီလန်​ရယ်​လိုက်​သည်​။ ''ကိုယ့်​အမှားပါ ။ ကိုယ်​သူ့ကိုအရမ်းအလိုလိုက်​မိသွားတယ်​'' 1

တကယ်​လို့ သာမူရင်းဇာတ်​အညွှန်းအတိုင်းဆို တုရွှီလန်​ကသူ့တူကိုလွယ်​လွယ်​နဲ့ခွင့်​လွှတ်​လိုက်​မှာဖြစ်​ပြီး​ကောင်​မ​လေး​ကြောင့်​ဒဏ်​ရာအကြီးအကျယ်​ရရမှာဖြစ်​သည်​။ ကျိူးဝန်​ကျင့်​ကလည်း လက်​တုန့်​ပြန်​တဲ့အ​နေနဲ့​ကောင်​မ​လေးရဲ့အ​ဖေကိုသတ်​ပစ်​လိုက်​ပြီး သူတို့တူဝရီးရဲ့ဆက်​ဆံ​ရေးကပိုရင်းနှီးလာမှာဖြစ်​သည်​။
အခု​တော့တုရွှီလန်​မှာချစ်​သူရှိ​နေပြီးမိသားစုအ​ပေါ်သံ​ယောဇဉ်​ကမရှိ​တော့။ပြီး​တော့ကျိူးဝန်​ကျင့်​နဲ့သူကလည်း​သွေးအရင်း​အခြာမဟုတ်​။ ဒီ​လောက်​အများကြီးထိပ်​တိုက်​ရင်​ဆိုင်​ခဲ့ပြီးမှ​ဆွေမျိူးလည်းလိုက်​စပ်​ကြ​တော့မည်​မဟုတ်​ပေ။ ကျိူးအုပ်​စုပြိုလဲပြီး​နောက်​သူကျိူးဝန်​ကျင့်​ကိုသနားပြီးကူညီခဲ့​သေးသည်​။ တု ၏အကူအညီသာမပါလျှင်​သူယ​နေ့လိုနလန်​ထူနိုင်​မည်​မဟုတ်​ပေ။ တုရွှီလန်​စိတ်​ထဲမှာ​တော့သူ့တူအတွက်​သူလုပ်​ပေးသင့်​တာအားလုံးလုပ်​ပေးခဲ့ပြီးပြီဟုထင်​သည်​။ သူကအ​ဖေလည်းမဟုတ်​ပဲ​အောက်​ခြေသိမ်းကိစ္စ​တွေအထိစိတ်​ပူ​ပေးဖို့လည်းမလိုအပ်​ဘူးပဲ။ အခုလိုတစ်​ဖက်​က​သွေး​အေးပြလာပြီဆိုမှ​တော့ သူကလည်းဆက်​ပြီးဒီသံ​ယောဇဉ်​ကိုဆုပ်​ကိုင်​မထား​တော့ပါဘူး။ ထိုအ​တွေးများအ​နောက်​၌တုရွှီလန်​သူလက်​ထဲကခွက်​ကို​မြှောက်​ပြပြီး သူ့တူရှိရာဖက်​ကိုသွန်​ချလိုက်​သည်​။

ကျိူးယွင်​ရှန့်​AI​ပေါ်မှ100%ပြည့်​သွားသည့်​Barကိုကြည့်​ပြီးအံ့သြသွားသည်​။ အ​ကြောင်းအရင်းက​တော့ သူ့​ရှေ့မှာပင်​ရှိ​နေ၏။ တုရွှီလန်​က ကျိူးဝန်​ကျင့်​ရဲ့အကြီးဆုံးကျား​စေ့ဖြစ်​ပြီး သူ့မိန်းမ​တွေအားလုံးရဲ့​နေရာကိုထည့်​ပေါင်းရင်​တောင်​တုရွှီလန်​ရဲ့အင်​အားကိုမမှီနိုင်​ပေ။ တုရွှီလန်​သူ့ကိုပံ့ပိုးလို့သာ ဒီအခက်​အခဲအားလုံးကိုသူ​ကျော်​ဖြတ်​နိုင်​ခဲ့ဖြစ်​ပြီးအခုတုရွှီလန်​ဖက်​က လမ်းခွဲလိုက်​တော့​နောက်​ပိုင်းပြသာနာကြုံလျှင်​ဖြေရှင်းရလွယ်​တော့မည်​မဟုတ်​ပေ။ 100%ပြည့်​သွားခြင်းဟာသူ့ရဲ့မစ်​ရှင်​အားလုံးပြီးဆုံးသွားပြီလို့ဆိုနိုင်​သည်​။ အဓိကဇာတ်​လိုက်​ရဲ့ကံကြမ္မာကို​ပြောင်းလဲပစ်​လိုက်​ခြင်းက ဒီ​လောကရဲ့ကံကြမ္မာကို​ပြောင်းလဲခြင်းပင်​ဖြစ်​သည်​။ အဓိကဇာတ်​ကောင်​သာသူ့ကိုပြန်​လည်​မတိုက်​ခိုက်​လျှင်​ကျိူးယွင်​ရှန့်​လည်းတိုက်​ခိုက်​ရန်​ဆန္ဒမရှိပါ။ ကျိူးဝန်​ကျင့်​ကျရှုံးရခြင်းက ကိုယ့်​ထောင်​ချောက်​ကိုယ်​မိခြင်းသာဖြစ်​သည်​။ အဓိကဇာတ်​လိုက်​၏ကံကြမ္မာကို​ပြောင်းလဲပြီး​နောက်​ကျိူးယွင်​ရှန့်​သမိုင်းကိုပါ​ပြောင်းလဲပစ်​လိုက်​သည်​။ နည်းပညာ​လောကကြီးကို​ပြောင်းလဲပြီး အရံဇာတ်​ကောင်​များ၏ကံကြမ္မာကိုပါ​ပြောင်းလဲလိုက်​သည်​၊ ထို့​နောက်​သူ့ကိုယ်​ပိုင်​ကံကြမ္မာကို​ပါပြောင်းလဲပြီး Main Godကိုပြန်​လည်​တိုက်​ခိုက်​လိုက်​သည်​။
သူအဓိကဇာတ်​ကောင်​ကိုတိုက်​ခိုက်​ရန်​မလိုအပ်​ပေ။

​ပြောရရင်​တုရွှီလန်​ကလည်းသူ့ကိုအ​တော်​ကူညီခဲ့သည်​။ ပြသာနာအများကြီးလည်း​ဖြေရှင်း​ပေးခဲ့ပြီး ပြတ်​သားသည့်​ရွေးချယ်​မှုကိုလည်းပြုလုပ်​ခဲ့သည်​။ ကျိူးယွင်​ရှန့်​ရုတ်​တရပ်​စိတ်​ပျော်​လာပြီး တုရွှီလန်​လည်​ပင်းကိုသိုင်းဖက်​ရင်းပါးကိုနမ်းလိုက်​သည်​။
"​ကျေးဇူး ဒါလင်​ကျွန်​တော့်​ကိုအများကြီးကူညီခဲ့တယ်​'' 6

တုရွှီလန်​တောင့်​သွားသည်​။ ထို့​နောက်​ရှန့်​၏​ခေါင်းကိုလှမ်းကိုင်​ပြီး ခပ်​ပြင်းပြင်းအနမ်းတစ်​ခုကိုဖန်​တီးလိုက်​သည်​။ နမ်း​နေရင်းပင်​လက်​စွပ်​တစ်​ကွင်းကို တိတ်​တိတ်​လေးရှန့်​လက်​သန်းကြွယ်​ဆီသို့စွပ်​ပေးလိုက်​သည်​။ 24

ဧည့်​သည်​တစ်​ချိူ့ ကပါးစပ်​အ​ဟောင်းသားကြည့်​နေကြပြီး တစ်​ချိူ့က​အော်​ဟစ်​လိုက်​မိကြ​တော့သည်​။​နောက်​တစ်​နေ့၌ စီးပွား​ရေးလုပ်​ငန်းစုကြီးနှစ်​ခု၏​ကောလဟာလသတင်းက သတင်းမီဒီယာတစ်​လျှောက်​ပြန့်​လွင့်​နေ​တော့သည်​။ သို့​သော်​နှစ်​ဖက်​စလုံးက​တော့လူသိရှင်​ကြားရှင်းလင်းခြင်းမရှိ​ပေ။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі