Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 2.3
အခန်း (၁၄)​ဝေ့ရှီရန်​ဘဝ
+

ကျိူးယွင်ရှန့်နဲ့ ယှဉ်ရင် နဉ်ဝမ်ရှုရဲ့ ခန္ဓာကိုယ်က တောင့်တင်းနေပြီး သူရဲ့ခြေထောက်လေးတွေက ထွက်ပြေးဖို့ အဆင်သင့်ပြင်ထားသည်။ ဒါပေမယ့် ကျိူးယွင်ရှန့်က သူ့ကို ဂရုတစိုက်ရှောင်သွားကာ သူ့ဘေးက စုတ်တံနဲ့ ဆေးစပ်တဲ့ချပ်ပြားလေးကိုပဲ ကောက်ကိုင်ပြီး တစ်ခြား ဘာအမှုအရာမှ မပြဘဲ ပန်းချီဆွဲဖို့ ပြန်ပြင်ဆင်လိုက်သည်။ နဉ်ဝမ်ရှုသည် တစ်ဖြည်းဖြည်း ကြောက်စိတ်ပြေလာပြီး ကျူးယွင်ရှန့်ရဲ့ အနားသို့ လျှောက်သွားကာ တောက်ပတဲ့မျက်လုံးလေးနဲ့ ခေါင်းလေးလှည့်လို့ ကမ်းဗတ်ကို ကြည့်နေခဲ့သည်။

ကျူးယွင်ရှန့်သည် သူ့ခြေထောက်နားမှာ ရှိနေတဲ့ ကလေးငယ်လေးကို လုံးဝမေ့သွားခဲ့သည်။ သူက ဝေ့ရှီရန်ရဲ့ ပန်းချီအပေါ် တန်းတန်းစွဲချစ်မြတ်နိုးတဲ့စိတ်ကို အပြည့်အဝ လက်ခံထားပြီး သူ့စုတ်တံက အဆက်မပြတ် ရွေ့လျားရေးဆွဲနေခဲ့သည်။

ဝေ့ရှီရန်သည် အဓိကအချက်တွေကို ကင်းဗတ်ပေါ်မှာ တိုက်ရိုက်ဆွဲပြီးမှ တဖြည်းဖြည်းချင်း ဆေးရောင်ချယ်တဲ့ ပန်းချီဆွဲခြင်းမှာ တော်တယ်။ ဒါပေမယ့် ကျူးယွင်ရှန့်ကတော့ ဆေးစပ်တဲ့ဆီနဲ့ ရောနှောထားတဲ့ အဖြူရောင်မဟုတ်တဲ့ ဆေးရောင်တွေကို တစ်လွှာပြီး တစ်လွှာ ရေးဆွဲရတဲ့ ရှေးကျတဲ့ ပန်းချီဆွဲခြင်းမှာ ပိုတော်သည်။ ပထမတစ်လွှာ ခြောက်သွားမှ နောက်ထပ်တစ်လွှာ ရေးဆွဲရမှာ ဖြစ်တယ်။ အဲဒါကြောင့် ပန်းချီ စ,မဆွဲခင်ကတည်းက ကိုယ့်ရဲ့စိတ်အာရုံထဲမှာ ပန်းချီကား တစ်ကားလုံး ရေးဆွဲပြီးသားဖြစ်နေရမယ်။

တစ်လွှာချင်းစီရဲ့ ဆေးရောင်ကို ဖျော့ဖျော့လေးပဲ ရေးဆွဲထားတာကြောင့် အောက်ဆုံးကဆေးရောင်က မှိန်မှိန်လေးဖြစ်နေပြီး အပေါ်ကဆေးရောင်တွေနဲ့ ရောနှောကာ သိမ်မွေ့နက်နဲတဲ့ အရောင်စပ်တွေကို ဖြစ်ပေါ်စေသည်။ ဒါကြောင့် ဒီလိုပန်းချီဆွဲတဲ့နည်းလမ်းက အတွေ့အကြုံ ကျွမ်းကျင်နက်နဲမှု၊ အရောင်တွေရဲ့လိုက်ဖက်ညီမှုကို မှန်မှန်ကန်ကန် တိတိကျကျ နားလည်သဘောပေါက်မှု နဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ ပို၍လိုအပ်သည်​။

ဝေ့ရှီရန်ရဲ့ ပန်းချီကားက နွေးထွေးတဲ့အရောင်ကို အများကြီးသုံးထားပြီး ဆေးတွေလည်း ခြောက်နေပြီ။ ကျူးယွင်ရှန့်က အပြာရောင်၊ ခရမ်းနုရောင်နဲ့ အစိမ်းရောင်ကို ထပ်ထည့်လိုက်တာကြောင့် နွေးထွေးတဲ့အရောင်က တစ်ဖြည်းဖြည်းနဲ့ အေးချမ်းတဲ့အရောင်သို့ ပြောင်းလဲသွားသည်။ ထပ်ပြီး ထင်းရူးစေး အရောင်တင်ဆီနဲ့ သုတ်လိမ်းလိုက်သောကြောင့် မီးခိုးရောင်တွေ တစ်ခုနဲ့တစ်ခု ထပ်နေတဲ့ပုံ ဖြစ်ပေါ်လာသည်။

နာရီဝက်ကြာပြီးနောက် မူလက ဥယျာဉ်ထဲမှာ ပွင့်လန်းစိမ်းစိုနေတဲ့ နွေဦးရာသီပန်းလေးက တောအုပ်ထဲမှာ ကြယ်လေးတွေ တပြိုင်တည်းကြဲချနေတဲ့ ပန်းချီကားလေး ဖြစ်လာတယ်။ မှိတ်တုတ် မှိတ်တုတ်ဖြစ်နေတဲ့ ကြယ်လေးတွေက မှေးမှိန်တဲ့အလင်းရောင်ကို ပေးနေပုံက ကိုယ်နဲ့လက်လှမ်းမှီပြီး လက်ချောင်းလေးတွေနဲ့ ကောက်ယူလို့ ရနိုင်တယ်လို့ ခံစားရစေတယ်။ အဲဒါက ပန်းချီကားနဲ့ မတူပဲ တစ်ခြားကမ္ဘာကို ဝင်လို့ရနိုင်တဲ့အပေါက်တစ်​ခုလို အရမ်းကို လှပပြီး 'အစစ်အမှန်' ဟု ထင်ယောင်ထင်မှားဖြစ်စေတယ်။

ကျူးယွင်ရှန့်သည် အနောက် နည်းနည်းဆုတ်ပြီး ပန်းချီကားကို ကြည့်လိုက်စဉ် အံသြစရာအသံတိုးတိုးလေး သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ့စိတ်အာရုံကို ပန်းချီကားမှ ခွာလိုက်ပြီး သူ့ခြေထောက်နားက ကလေးကို ငုံ့ကြည့်လိုက်သည်။

နေ့ကနေ ည၊​နေ အလင်း​ရောင်​က​နေ ကြယ်​အလင်း​ရောင်​၊ ဥယျာဉ်​က​နေ သစ်​တော အဲဒါ​တွေကို ခံစားနားလည်ဖို့ ဝမ်ရှုက အရမ်းငယ်ရွယ်သေးတာတောင်မှ ဦးငယ်လေးရဲ့ ထိပ်တန်းပန်းချီပညာက သူ့ကို လွှမ်းမိုးသွားခဲ့သည်။
သူရဲ့ဦးငယ်လေးကို အနှောင့်အယှက်ပေးသလို ဖြစ်သွားတာ သိသွားတော့ နဉ်ဝမ်ရှုက ကြောက်စိတ်တွေပြည့်နေတဲ့မျက်လုံးလေးနဲ့ ကြည့်ကာ ဖောင်းမို့နေတဲ့လက်ကလေးနဲ့ သူ့ပါးစပ်ကို မြန်မြန်ဆန်ဆန် ပိတ်လိုက်သည်။

ကျူးယွင်ရှန့်သည် ကြည့်ရုံပဲကြည့်ပြီး ပြန်လှည့်ကာ ပန်းချီကားကို ဆက်ကြည့်နေလိုက်သည်။ ပြီး စုတ်တံကို ကောက်ကိုင်ကာ လိုအပ်တဲ့ပြင်​ဆင်​ဖြည့်​စွတ်​မှု​တွေ လုပ်​နေလိုက်​သည်​။

နဉ်ဝမ်ရှုသည် စိတ်သက်သာရာရသွားပြီး သူ့ဦးလေးက သူ့ကို ထွက်သွားစေချင်ပုံမပေါ်တော့ မကြောက်တော့ဘဲ ပစ္စည်းကိရိယာတွေနဲ့ စုတ်တံတွေကို ရှာဖွေတော့သည်။ ရှာလိုက် ဆွဲထုတ်လိုက် ပြန်ထားလိုက်နဲ့ အချိန်အတော်ကြာ ရှာဖွေပြီးနောက် စုတ်တံတစ်ခုကို ယူလိုက်သည်။

ကြမ်းပြင်မှာ အဖြူရောင်ပိတ်စနဲ့ စုတ်တံတွေ ဆေးကြောဖို့ စည်ပိုင်းရှိနေသည်။ နဉ်ဝမ်ရှုသည် စုတ်တံကို ဆီဆေးတဲ့ အလျင်အမြန် နှစ်လိုက်ပြီး ကြမ်းပြင်မှာ ဆောင့်ကြောင့်ထိုင်ကာ အဖြူရောင်ပိတ်စပေါ်မှာ ဆေးရောင် စခြယ်တော့သည်။ သူက ကြယ်အနည်းငယ်ကို ဆွဲဖို့ ကြိုးစားလိုက်သည်။ ဒါပေမယ့် သူ့ကြယ်တွေက သူ့ဦးလေးပန်းချီကားလို မလင်းနေတော့ နေကို ဆက်ဆွဲဖို့ ကြိုးစားလိုက်သည်။ 3

သူက ပျော်ပျော်ရွှင်ရွှင်ကြီး ဆော့ကစားနေတာကြောင့် ကျူးယွင်ရှန့် နောက်ဆုံး ပြုပြင်မွမ်းမံမှု ပြီးဆုံးပြီး ကိုယ်ကိုကိုင်းကာ သူ့ကို စိုက်ကြည့်နေတာကို သတိမထားမိလိုက်ဘူး။

" မလုပ်နဲ့ အဲဒါတွေနဲ့ မဆော့ရဘူး " လူငယ်လေးရဲ့အသံက ရေ ဖြည်းဖြည်းချင်းစီးဆင်းသွားသံနဲ့ တူနေပေမယ့် စုတ်တံကို ဆွဲယူလိုက်တဲ့ အားကတော့ ပြင်းတယ်။

နဉ်ဝမ်ရှုသည် အထိတ်အလန့်ဖြစ်သွားပြီး နှင်းဆီသွေးရောင်လွှမ်းနေတဲ့မျက်နှာက ချက်ချင်း ဖျော့တော့သွားပြီး ငုံးလေးလို ထောင့်တစ်နေရာသို့ ကျုံ့ဝင်သွားသည်။ ကျူးယွင်ရှန့်က မနှစ်သိမ့်ဘဲ စုတ်တံနဲ့ ဆီဆေးတွေကို ကလေး မမှီနိုင်တဲ့ ပြတင်းပေါက်အောက်ခြေဘောင်မှာ တင်ထားလိုက်ပြီး စတူဒီယိုအပြင်သို့ ထွက်သွားလိုက်သည်။

နဉ်ဝမ်ရှုသည် ကြီးမားစွတ်စိုနေတဲ့ အဖြူရောင်ပိတ်စဘေးမှာ ရပ်ပြီး မျက်နှာကို အုပ်ကာ စပြီး ငိုတော့သည်။ သူ့ကို ကြည့်ရတာ တကယ့်ကို သနားဂရုဏာသက်စရာကောင်းလှသည်။ သိပ်မကြာခင်မှာပဲ လူငယ်လေးက လက်ထဲမှာ ရေနဲ့ဖျော်ရသည့် ပန်းချီရေးတဲ့ ဖောင်တိန်သေတ္တာနဲ့ အဖြူရောင်စာရွက် အထပ်လိုက် ယူပြီး ပြန်ရောက်လာခဲ့သည်။ သူက ကိုယ်ကို ကိုင်းပြီး ပြောလိုက်သည်။
" ပန်းချီဆွဲဖို့ ဒါတွေကို သုံးလိုက် ဆေးတွေနဲ့ ဆီဆေးတွေမှာ အဆိပ်တွေပါတယ်။ ကလေးငယ်ငယ်လေးတွေ မထိရဘူး နေမကောင်းဖြစ်လိမ့်မယ်။ "

ကလေးက မျက်ရည်တွေကျနေပြီး သူ့ကို ကြည့်ဖို့ ငြင်းဆန်နေပေမယ့် ကျူးယွင်ရှန့်က မနှစ်သိမ့်ဘူး။ ဆေးရောင်စုံတွေနဲ့ စာရွက်တွေကို ကြမ်းပြင်ပေါ် ချထားလိုက်ပြီး ပန်းချီဆက်ဆွဲဖို့ လှည့်ထွက်သွားလိုက်သည်။ သူကိုယ်တိုင်ကလည်း စိတ်ခံစားမှုနဲ့ ပတ်သက်ပြီး အနည်းငယ် ပြဿ  နာ ရှိနေတာကြောင့် အများကြီး လုပ်တာနဲ့ စကားပြောတာက တကယ့် အံသြစရာဖြစ်ရပ်ပဲ။

သူ့ဦးလေးက သူ့ကို အထင်မသေးတာကြောင့် နဉ်ဝမ်ရှုရဲ့ ဝမ်းနည်းနေတဲ့ စိတ်ခံစားမှုက သက်သာလာသည်။ သူက သူ့မျက်လုံးတွေကို ပွတ်လိုက်ပြီး တိတ်တဆိတ်ကြည့်လိုက်သည်။ သူ ဆေးရောင်စုံတွေ လှမ်းယူဖို့ လက်လှမ်းလိုက်တဲ့အချိန် လူငယ်လေးက သူ့ဘက်ကို ရုတ်တရတ် လှည့်လာခဲ့သည်။ သူက ခုန်လိုက်ပြီး ပင်လယ်လိပ်လေးလို သူ့ကိုယ်သူ ဝှက်လိုက်သည်။

ကျူးယွင်ရှန့်သည် နည်းနည်းသဘောကျ ပြုံးသွားသော်လည်း စောင့်ကြည့်ကိရိယာကြောင့် သူက သန်မာပြီး စိတ်ရှည်ရမယ်။ သူသည် အသက်ပြင်းပြင်းရှုလိုက်ပြီး ပန်းချီကားတင်တဲ့ဒေါက်မှာ ချိတ်ဆွဲထားသောအဖြူရောင်ရှပ်အင်္ကျီကို ဖယ်ရှားကာ ကလေးကို ဝတ်ဆင်ပေးလိုက်သည်။ သူက " ဒါကို ဝတ်ထားလိုက် ဒါမှ အင်္ကျီ မညစ်ပတ်မှာ" ဟု လေသံ​အေး​အေးလေးနဲ့ ပြောလိုက်သည်။

နဉ်ဝမ်ရှုသည် ရုန်းကန်နေတာ ရပ်လိုက်ပြီး သူ့အပေါ် အဝတ်ဝတ်ခွင့် ဦးငယ်လေးကို ပေးလိုက်သည်။ ရှပ်အင်္ကျီက အရမ်းကြီးနေပြီး အင်္ကျီလက်တွေက ငယ်ရွယ်နူးညံ့သေးငယ်တဲ့ လက်လေးတွေ ပေါ်ရုံမျှသာဖြစ်နေသည်။ ခေါက်ချုပ်ထားတဲ့ အနားကလည်း တရွတ်တိုက်ဆွဲနေသည်။
ကျူးယွင်ရှန့်သည် ဂါဝန်ပုံစံ လုပ်ပေးလိုက်ပြီး တောင့်တင်းနေတဲ့ခေါင်းလေးကို ဖွဖွပုတ်ကာ ပန်းချီဆက်ဆွဲဖို့ လှည့်ထွက်သွားလိုက်သည်။

နဉ်ဝမ်ရှုလည်း သူ့နဖူးကို ထိလိုက်တော့ ပပျောက်နေတဲ့နွေးထွေးမှုကို ခံစားလိုက်ရပြီး သူ့နှလုံးသားကလည်း ချိုမြိန်သောနွေးထွေးမှုကို ခံစားလိုက်ရသည်။ ရယ်တော့မရယ်ပေမယ့် မျက်လုံးတွေက တောက်ပပြီး စုတ်တံကို ကောက်ကိုင်ကာ သူ့ဦးငယ်လေရဲ့ ပန်းချီကားလို ဟိုခြစ် ဒီခြစ်နဲ့ လျှောက်ရေးခြစ်တော့သည်။

တိတ်ဆိတ်လွန်းတဲ့ စတူဒီယိုထဲမှာ အပ် ပြုတ်ကျသံတောင် ကြားနိုင်တယ်။ ဦးလေးနဲ့ တူလေး ဘေးချင်းယှဉ် ပန်းချီဆွဲနေတဲ့ပုံက မြင်သူတိုင်းရဲ့ နှလုံးသား နွေးထွေးသွားစေဖို့ အရမ်းကြည်နူးစရာ ကောင်းလှသည်။

အမှုမဲ့အမှတ်မဲ့နဲ့ အချိန်တွေကုန်လွန်သွားလိုက်တာ ညနေ လေးနာရီ ငါးနာရီရောက်တဲ့အထိပဲ။ အဲအချိန် ဝမ်မားသည် ဟင်းသီးဟင်းရွက်တွေ ထည့်ထားတဲ့ခြင်းကို ကိုင်ပြီး ဖြည်းဖြည်းချင်း အိမ်ကို ပြန်လာသည်။ အိမ်မှာ သန့်ရှင်းရေးကို တာဝန်ယူထားတဲ့ အိမ်အကူတစ်ယောက်ရှိသည်။ သူမက ပိုအသက်ကြီးပြီး ကလေးတွေကို ပိုပြီး သည်းမခံနိုင်ဘူး။ နေ့တိုင်း နဉ်စစ် အပြင်ထွက်သွားတာနဲ့ သူမက ဟင်းသီးဟင်းရွက်ဝယ်ဖို့ အကြောင်းပြပြီး အပြင်ကို ထွက်တယ်။ ဒါပေမယ့် သူမ တကယ်သွားတာက အနီးနားက ပန်းခြံဖြစ်ပြီး အဲနေရာမှာ တစ်ခြားအိမ်အကူတွေနဲ့ ဖဲ ကစားနေတာ ဖြစ်တယ်။

အရင်ကတော့ ကျောက်ရှင်းဖန်းရဲ့ရှေ့မှာ မပျင်းရိသလို ဟန်ဆောင်နေပေမယ့် အခုတော့ သူတို့နှစ်ယောက်က အတူတူအလုပ်လုပ်နေတာ ဖြစ်ပြီး သူမက ပို ပိုပြီး မရိုးမဖြောင့် လုပ်လာတော့သည်။ ကျောက်ရှင်းဖန်းကလည်း နဉ်စစ် တွေးထားသလောက် ကောင်းတဲ့သူ မဟုတ်ဘူး။ သူမကလည်း အိမ်မှာ မိထွေးတစ်ယောက်အနေနဲ့ မရှိနေဘူး။ သူမက မကြာခဏ အပြင်ထွက်လိုက် ပြန်လာလိုက် ဈေးဝယ်သွားလိုက် ဒါမှမဟုတ် ဖဲဆော့လိုက် ဒါမှမဟုတ် အလှပြင်ဆိုင်သွားလိုက် အဲဒါတွေနဲ့ပဲ အလုပ်ရှုပ်နေတယ်။

နဉ်စစ်နျန်က အလုပ်များပြီး အိမ်ကို တခါတလေမှ စောစောပြန်လာတတ်တယ်။ သူမနဲ့ ဝမ်မား အပြင်သွားတယ်ဆိုရင်တောင် ခြောက်နာရီမတိုင်ခင် အိမ်ကို ပြန်လာပြီး ဘယ်မှမသွားသလို ဟန်ဆောင်ကြတယ်။

ဒီနေ့က တနင်္ဂနွေနေ့ ဖြစ်လို့ မိဘမဲ့ဂေဟာမှာ ကူညီရန် သွားဖို့ အကြောင်းပြချက် ရှိတာကြောင့် သူမက အိမ်ကို နောက်ကျမှ ပြန်လာလိမ့်မယ်။
ဝမ်မားက အိမ်အကူကို ကျောက်ရှင်းဖန်း ပြန်လာပြီလား မေးပြီးနောက် နဉ်ဝမ်ရှုကို ရှာရန် အပေါ်ထပ်သို့ တက်လာခဲ့သည်။ စတူဒီယိုထဲက နဉ်ဝမ်ရှုသည် ဝမ်မားရဲ့အော်ခေါ်သံကို ကြားပြီး ကြောက်လန့်သွားတဲ့ သူမျက်နှာက ဖြူဖွေးလာပြီး ခန္ဓာကိုယ်ကလည်း ရပ်ဖို့ခက်ခဲလောက်အောင် တုန်ခါလာသည်။

ကျူးယွင်ရှန့်သည် သူ့ကို အားပေးနှစ်သိမ့်ရန်အလို့ငှာ ခေါင်းလေးကို ဖွဖွလေး ပုတ်ပြီး ရှပ်အင်္ကျီကို ချွတ်ပေးကာ လက်တွေကို ဆေးကြောပေးလိုက်သည်။ အရင်က ဝေ့ရှီရန်သည် နဉ်ဝမ်ရှုရဲ့ ထူးဆန်းမှုကို မသိခဲ့​ပေ။ ဒါပေမယ့် နဉ်ဝမ်ရှုရဲ့ အသည်းခိုက်အောင် ငိုကျွေးသံကို ကြားတော့ အကျိုးအကြောင်းမေးဖို့ ပြေးသွားခဲ့တယ်။

ဝမ်မားက သူ့ကို ကလေးက သွားအရမ်းကိုက်နေတာမို့ အရမ်းနာကျင်လွန်းလို့ အော်ငိုနေတာလို့ ဆင်ခြေပေးခဲ့တယ်။ ဝေ့ရှီရန်က သံသယ ရှိနေတုန်းဖြစ်ပေမယ့် မျက်နှာနီရဲလာကာ ' ဟုတ်ပါပြီ ' လို့ မပြောခင်အထိ အကြာကြီးရပ်နေခဲ့တယ်။ နောက်ဆုံး ဝမ်မားရဲ့စူးစိုက်တဲ့အကြည့်အောက်ကနေ နောက်ကြောင်းပြန်ခဲ့ရသည်။

သူ ထွက်သွားတာနဲ့ ဝမ်မားက တံခါးပိတ်ပြီး သူမရဲ့မျက်လုံးထဲ သူ တခါမှ မဝင်လာသလို ဝမ်ရှုကို ဆက်ပြီး ရိုက်နှက်တော့သည်။

အခု ကျူးယွင်ရှန့်လည်း သူ့မျက်လုံးထဲမှာ ဝမ်မားမရှိဘူး။ သူက ညင်သာစွာနဲ့ ကလေးကို ကိုင်ထားပြီး နောက်ကျောလေးကို စိတ်ရှည်လက်ရှည်နဲ့ ပွတ်သတ်ပေးနေခဲ့သည်။ ဝမ်မား ကလေးကို ရှာဖို့ တံခါးနား ရောက်လာတာနဲ့ သူက ကလေးကို အပြင်မထုတ်တဲ့အပြင် ဝမ်မားရဲ့နှာခေါင်း ကျိုးသွားလောက်တဲ့အရှိန်နဲ့ သူမရဲ့မျက်နှာရှေ့ တံခါးကို အရှိန်နဲ့ ပိတ်ချလိုက်သည်။ 2

" ဟေ့ မိမစစ် ဖမစစ် မင်းဘာလုပ်တာလဲ။ မကြာခင်ပဲ မစ္စတာကို ပြောပြီး မင်းကိုမောင်းထုတ်မယ်"
ဝမ်မားက တံခါးကို တံတွေးနဲ့ထွေးရင်း အော်ပြောလိုက်သည်။

ကျူးယွင်ရှန့်သည် တံခါးအပြင်ဘက်က ဆဲဆိုသံကို ကြားပြီး ကလေးကို လွှတ်ကာ ပန်းချီဆက်ဆွဲနေလိုက်သည်။

ဦးလေးတစ်ယောက်ပဲ သူရဲ့ကြောက်ရွံ့မှုနဲ့ စိတ်အားငယ်မှုကို မြင်တယ်။ ဦးလေးပဲ သူ့ကို ဝမ်မားဆီ မပို့တာ။ ဦးလေးကပဲ သူ့ကို ကာကွယ်ပေးတာ။ ဒါက တံခါးပိတ်ထားရုံပဲ ဖြစ်ပေမယ့် သူ့ကို အန္တရာယ်အားလုံးကနေ ကာကွယ်ပေးထားသလိုပဲ။ နဉ်ဝမ်ရှုက သုံးနှစ်ပဲ ရှိသေးပေမယ့် ကိုယ့်ကိုယ်ကို နားလည်သဘောပေါက်နေပြီ ဖြစ်လို့ ဒီအဖြစ်အပျက်က ကျူးယွင်ရှန့်အပေါ် ချစ်ခင်အားကိုးစိတ်ဖြစ်ပေါ်စေတယ်။ ဒါပေမယ့် ဝိုးတိုးဝါးတား နားလည်သဘောပေါက်ခဲ့လို့ သူ့အဖေရှေ့မှာ ဆန့်ကျင်ဘက်စကားတွေကို ပြောခဲ့မိသည်​။

ဝမ်ရှုက အရမ်းပျော်ရွှင်သွား​တော့သည်​။ တစ်ချိန်တည်းမှာပဲ ဝမ်းနည်းမှုကို ခံစားမိပြီး သူ့ဦးလေးရဲ့ပေါင်ကို ဂရုတစိုက် ဆုပ်ကိုင်ထားလိုက်တယ်။

ကျူးယွင်ရှန့်သည် သူ့ကို လွှတ်အောင် ကြိုးစားပေမယ့် အပြုအမူကတော့ အရမ်းညင်သာတယ်။
နဉ်ဝမ်ရှုက ဒီအချိန်မှာတော့ မကြောက်လန့်နေဘူး မြဲမြဲဆုပ်ကိုင်ထားဖို့ပဲ စိတ်ဆုံးဖြတ်ထားတယ်။

ကျူးယွင်ရှန့်သည် ကလေးကို မပထုတ်နိုင်တဲ့အပြင် ရွေးချယ်စရာလည်း မရှိတော့ သူ့ကို အနီးနားမှာ နေခွင့်ပေးလိုက်သည်။ ကျူးယွင်ရှန့် ဘယ်ဘက်သွားရင် ကလေးကလည်း ဘယ်ဘက်ကို ယိမ်းယိုင်လာတယ်။ ညာဘက်ကို သွားရင် ကလေးလည်း ညာဘက်ကို ယိုင်တိယိုင်တိုင် လမ်းလျှောက်တယ်။ တိုင်းရင်းဆေးပလာစတာလိုပဲ ကလေးကို ခွာရခက်နေတာကြောင့် အဲမြင်ကွင်းက ရယ်စရာကောင်းနေခဲ့တယ်။

ဦးလေးနဲ့ တူလေးက ပျော်ရွှင်နေတယ်။ ဝမ်မားကလည်း အလုပ်မလုပ်ရလို့ ပျော်ရွှင်နေပြီး အိမ်အကူက ညစာကို ကမန်းကတန်း ချက်ပြုတ်နေခဲ့သည်။ ငါးနာရီမခွဲခင်မှာပဲ အပြင်ဘက်က ကားအင်ဂျင်စက်သံကို ကြားရပြီး မမျှော်လင့်ဘဲ နဉ်စစ်နျန် အိမ်ကို စောစောပြန်ရောက်လာခဲ့သည်။

ဝမ်မားက စတူဒီယိုအခန်းထဲက နှစ်ယောက်ကို သတိရသွားပြီး စိုးရိမ်ကြောင့်ကျစွာနဲ့ အပေါ်ထပ်ကို အလောတကြီးတက်သွားပြီး အော်ပြောလိုက်သည်။
" ဝေ့ရှီရန် ကလေးကို မြန်မြန်အပြင်ထုတ်လိုက်တော့။ မစ္စတာနဉ် ပြန်လာပြီ။ ကလေးနဲ့မင်း အတူတူရှိနေတာ သိသွားရင် မင်းကို အိမ်ကနေ ကန်ထုတ်လိမ့်မယ်။ "

နဉ်စစ်က ပိုပိုပြီး အေးစက်လာပြီး မနှစ်မြို့တဲ့သဘောထားရှိတာကြောင့် နဂိုဝေ့ရှီရန်က ဝမ်ရှုနဲ့ နီးနီးကပ်ကပ်နေဖို့ တခါမှ မစဉ်းစားဖူးဘူး။ ကျူးယွင်ရှန့်က အမှန်တရားကို သိနေပေမယ့် ဝမ်မားအကြောင်းကို ထုတ်ဖော်ဖို့ မရည်ရွယ်ထားဘူး။ သူက တံခါးကို ဖွင့်လိုက်ပြီး နဉ်ဝမ်ရှုကို အခန်းအပြင် ပို့ပေးလိုက်သည်။

နဉ်ဝမ်ရှုရဲ့နဖူးကို ဦးလေးက ပွတ်လိုက်လို့ အကြောက်တရားတွေ တော်တော်လျော့ကျသွားသည်။ ပြီးတော့ သူ့အဖေ ပြန်ရောက်လာရင် ဝမ်မားက သူ့ကို မရိုက်နှက်တော့ဘူး သိနေတော့ စိတ်မပါလက်မပါနဲ့ အဝေးကို လမ်းလျှောက်ထွက်သွားလိုက်သည်။

ဝမ်မားသည် ကလေး သူမအနားရောက်လာတဲ့အထိ မစောင့်နိုင်တော့ဘဲ ဆွဲလိုက် တွန်းချလိုက်နဲ့ လှေကားအောက် ဆွဲခေါ်လာလိုက်သည်။ သူမပါးစပ်ကနေလည်း ခြိမ်းခြောက်စကားကို တိုးတိုးလေး ပြောလိုက်သည်။
" နင် အဲမိမစစ် ဖမစစ်ကောင်နောက် ထပ်မလိုက်နဲ့ မဟုတ်ရင် နင့်ကို အရေခွံနွှာပစ်မယ်။ "

" ဦးလေးက မိမစစ် ဖမစစ် မဟုတ်ဘူး " စကားပြောခဲတဲ့ နဉ်ဝမ်ရှုက ရုတ်တရတ်ကြီး ကြည်လင်ပြီး ပြိုင်ဘက်ကင်းတဲ့အသံနဲ့ ပြန်လည်ချေပလိုက်သည်။

ဝမ်မားသည် စက္ကန့်ပိုင်းလောက် သတိလက်လွတ်ဖြစ်သွားပြီးနောက် သူမရဲ့မျက်နှာက ညိုပုတ်သွားပြီး နဉ်ဝမ်ရှုရဲ့နားကိုဆွဲဖို့ လက်ကို ဆန့်ထုတ်လိုက်သည်။ နဉ်ဝမ်ရှုသည် အလိုအလျောက် ပခုံးတွန့်သွားပြီ တိတ်တိတ်လေးစောင့်နေလိုက်သည်။ ကံကောင်းစွာနဲ့ စစ်နျန်က သူ့သားကို မြင်ချင်လွန်းလို့ လှေကားပေါ်သို့ ကတိုက်ကရိုက် ပြေးတက်လာတာကြောင့် ဝမ်မားသည် သူမလက်ကို ချလိုက်ပြီး ကလေးကို လက်မောင်းကြားထဲ ဆွဲခေါ်ကာ မျက်နှာမှာ အပြုံးတစ်ပွင့် ပန်ဆင်ရင်း သွားကြားထဲက အသံနဲ့ တိုးတိုးလေး ပြောလိုက်သည်။
" ဝေ့ရှီရန်ပဲ မဟုတ်ဘူး နင်လည်း မိမစစ် ဖမစစ်ပဲ။ ငါ့စကားကို နားမထောင်ဘူးဆိုရင် မြစ်ထဲမှာ ရေနစ်သွားအောင် နင့်ကို သွားပစ်လိုက်မယ်။ နင့်အဖေမှာ ဇနီးအသစ်ရှိနေပြီ။ အနာဂါတ်မှာ ကလေးတွေအများကြီး ရှိလာတော့မှာ။ နင့်အကြောင်းကို မြန်မြန်မေ့သွားမှာပဲ။ " 11

နဉ်ဝမ်ရှုသည် ကြောက်လန့်သွားပြီး မျက်လုံးကို အတင်းမှိတ်ကာ အသံမထွက်ဘဲ မျက်ရည်ပေါက်ကြီးတွေ တစ်စက်ချင်း တစ်စက် ကျလာခဲ့သည်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі