Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 7.6
အခန်း(၆၇) ချီရှိုးကျဲ့ဘဝ+
သူ့ခမည်း​တော်​စစ်​မှုထမ်း​ဆောင်​ရမယ့်​သတင်း​ကြောင့်​လီရွှီယန်း ဟာအလွန်​တရာဂုဏ်​ယူ​နေသည်​။ တာ့ယန်​ကောကြီးမှာ ဘယ်​အိမ်​ထောင်​ရှိ'​ကော'ကများ အိမ်​အပြင်​အလွယ်​တကူထွက်​လို့ ရလို့လဲ။ စစ်​မြေပြင်​မှာတာဝန်​ထမ်း​ဆောင်​ဖို့ကအ​ဝေးကြီး။ ဖခမည်း​တော်​ဘုရားရဲ့ခမည်း​တော်​အ​ပေါ်ထားတဲ့အချစ်​ဟာ အရမ်းကိုနက်​ရှိုင်းကြီးကျယ်​လွန်းသည်​။1

ဒါကို​တွေးရင်း လီရွှီယန်း မျက်​နှာအမူအရာ​ပြောင်းသွားပြန်​၏။ ချီ​ကွေ့ကျွင်းဟာကိုယ့်​ကိုယ်​ကိုယ်​သတ်​သေရမှာ ဖခမည်း​တော်​ဘုရားဟာအချိန်​မှီကယ်​ဆယ်​ပြီး ကာကွယ်​ပေးခဲ့တယ်​။ ဖခမည်း​တော်​ဘုရား ၊ ချီ​ကွေ့ကျွင်းကို​ရောဘယ်​လိုသ​ဘောထားတာလဲ။ ပထမတစ်​မိသားစုလုံးဖျက်​ဆီးတယ်​။​နောက်​တော့ ဇီချန်​နန်း​ဆောင်​မှာထပ်​မံပစား​ပေးပြန်​တယ်​။ ဒါကသိပ်​ကိုအ​ပြောင်းအလဲမမြန်​လွန်​ဘူးလား။ ခု ချီ​ကွေ့ကျွင်းက ဆဋ္ဌမမင်းသားကို​မွေးစားထားတာ သူနဲ့ခမည်း​တော်​ကိုမထိခိုက်​နိုင်​ဘူးလို့​သေချာရဲ့လား။

လီရွှီယန်း ပူပန်​စိတ်​နဲ့မျက်​မှောင်​ကြုတ်​လိုက်​မိ၏။ ထို့​နောက်​စာအုပ်​ထည့်​သည့်​သားရည်​လွယ်​အိတ်​အသစ်​၊အဖိုးတန်​မင်​ရည်​များနှင့်​စာရွက်​များအား စားပွဲ​ပေါ်တစ်​ခုချင်းချ​နေသည့်​လီရွှီသုန်းကိုကြည့်​လိုက်​သည်​။

လီရွှီယန်းက လီရွှီသုန်းနား​လျှောက်​သွားပြီးမျက်​နှာ​ပေါ်ကလက်​ချောင်းရာများကိုကြည့်​ရင်းအံ့အားသင့်​လေသံဖြင့်​မေးလိုက်​သည်​။ ''ညီ​တော်​ခြောက်​ဒါဘယ်​သူလုပ်​တာလဲ''
လီရွှီသုန်း အ​စေခံ​လေး​ယောက်​ကိုသတ်​လိုက်​တဲ့သတင်းဟာ နန်း​တော်​တစ်​ခုလုံးမသိသူမရှိ။ အားလုံးကသူ့ကိုသူရဲ​ဘော​ကြောင်​သူထင်​ထား​သော်​လည်း ခုခါမှာ​တော့အစွယ်​မြှုပ်​ထားမှန်းသိလိုက်​ကြသည်​။

ချီ​ကွေ့ကျွင်း ဟာ လီရွှီသုန်းစရိုက်​မှန်​ကိုသိရင်​ပို​တောင်​တန်​ဖိုးထားလိမ်​မည်​ဟု လီရွှီယန်း ထင်​မိ​သေးသည်​။ခုကြည့်​ရတာ​တော့ ချီ​ကွေ့ကျွင်းဟာသူ့ကိုသ​ဘောမကျဘူးထင်​ပါရဲ့။

ဒါ​ကောင်းတာပဲ ။

ခမည်း​တော်​သူ့ကိုအမြဲသင်​ပြ​ပေးသည့်​စကားတစ်​ခုရှိသည်​။ အင်​အားကြီးသူကို​တွေ့ရတဲ့အခါ ရန်​ပြိုင်​တိုက်​ခိုက်​ပြီးမရှင်းပစ်​ရ။ အကူညီ​ကောင်းကိုလက်​လွှတ်​လိုက်​သလိုဖြစ်​သွားလိမ့်​မည်​။ အ​ကောင်းဆုံး​ခြေလှမ်းကသူတို့ကို အယုံသွင်းအမြတ်​ထုတ်​ပြီးမှ ဖြည်းဖြည်းချင်းသုတ်​သင်​လိုက်​သည့်​နည်း​ပင်​။ မင်းသား​ခြောက်က​ခုတန်​ဖိုးရှိ​နေပြီ။ဒါ​ကြောင့်​သူသိမ်းသွင်းရမည်​။ သူဟာဘာမှမဟုတ်​တဲ့​ကောင်​ဖြစ်​နေ​ပေမယ့်​လည်း ချီ​ကွေ့ကျွင်းသားဆိုတဲ့တစ်​ချက်​ထဲနဲ့တင်​မင်းကြီးရဲ့နှစ်​သက်​ယုံကြည်​မှုကိုလည်းရနှင့်​ထားပြီးပြီ။ ဒါက လီရွှီယန်းအတွက်​တော့ တကယ်​ကိုအ​နှောင့်​အယှက်​ပင်​။
လီရွှီသုန်း​မေးကိုလက်​နှင့်​ကာလိုက်​ပြီး​ခေါင်းရမ်းလိုက်​သည်​။ ''ဘာမှမဖြစ်​ပါဘူး အ​စေခံတစ်​ချိူ့ရဲ့လုပ်​ကြံခံရတာပါ''+

"ဘယ်​အ​စေခံကမင်းသားတစ်​ပါးရဲ့မျက်​နှာကိုထိခိုက်​ရဲ​လောက်​အောင်​အတင့်​ရဲရတာလဲ'' လီရွှီယန်း က လုံးဝမယုံသက်​ပြင်းအသာချပြီး ''​နောက်​အခက်​အခဲရှိရင်​ညီ​တော်​အစ်​ကို​တော်​နဲ့ခမည်း​တော်​ကိုလာရှာ​ချေ။ အစ်​ကို​တော်​တို့မင်းကိုပစ်​မထားပါဘူး''

ပစ်​မထားဘူး? အရင်​ကငါလိုအပ်​နေတုန်းကမင်းကဘယ်​ချောင်​သေ​နေတာလဲ။ ဘယ်​ကိုယ်​လုပ်​တော်​သားသမီးကများမင်းနဲ့မင်းအ​ဖေကိုလွန်​ဆန်​ရဲမှာလဲ။ ဒီနည်းနဲ့ ငါ့ကိုသိမ်းသွင်းချင်​တယ်​ပေါ့။ တစ်​လောကလုံးကသူတို့သားအဖရဲ့ ဂုဏ်​ကျက်​သ​ရေ၊ ကြီးမြတ်​မှု​တွေ၊​အောင်​မြင်​တွေချီးမွှမ်း​နေကြ​ပေမယ့်​သူ့မျက်​လုံးထဲမှာ​တော့ ခမည်း​တော်​ရဲ့ဖ​ယောင်းတိုင်​မီး​တောင်​ကိုင်​ဖို့မတန်​ဘူး။5

လီရွှီသုန်းကြည်​နူးဝမ်း​မြှောက်​ဟန်​ဆောင်​နေ​ပေမယ့်​စိတ်​ထဲက​တော့အကြီးအကျယ်​ဟားတိုက်​နေသည်​။ မင်းသားငါးနဲ့သူ​နောက်​ပါး​တွေ သူ့ကိုလာအ​ရောဝင်​လေ​ကြောင်​သူ​တော်​ကြွက်​သူခိုးစရိုက်​ကိုရွံမိ​လေပဲ။ အရင်​ကသူ့ကိုဖုတ်​လေတဲ့ငါးပိရှိတယ်​တောင်​မထင်​တဲ့လူ​တွေကခု တကူးတကနှုတ်​ဆက်​နေကြသတဲ့။ ဒါ​တွေအားလုံးဟာ ပစား​ပေးခံရတဲ့ချီ​ကွေ့ကျွင်းသားဖြစ်​နေတာ​ကြောင့်​ပဲ။သူဘာမှမလုပ်​ဘဲနဲ့​တောင်​အနာဂတ်​ကမြဲ​နေပြီ။

သူအ​စေခံ​တွေကိုအပြစ်​ဒဏ်​ပေးခဲ့​ပေမယ့်​မင်းကြီးကိုယ်​တိုင်​လည်းအခုမှအခြားမင်းသားငယ်​တွေရဲ့ အ​ဆောင်​တွင်းကိစ္စကိုသိရသည်​မို့ အားလုံးကိုစိတ်​သက်​သာရာရသွား​စေတာ​တော့အမှန်​။ဒါ​ကြောင့်​သူဟာစာသင်​ခန်းမှာနံမည်​ကြီးတစ်​ဦးဖြစ်​နေသည်​။

လီရွှီယန်းဟာနံမည်​ကြီး​ပေမယ့်​တကယ်​တမ်းအတုအ​ယောင်​ဖား​နေခြင်းကပိုများသည်​။ ဘာ​ကြောင့်​ဆို သူတို့သားအဖဟာအရမ်းကိုမျက်​နှာသာ​ပေးခံရတာ​ကြောင့်​သူ့​ခြေသလုံးမှမဖက်​ရင်​ဘယ်​သူ​ခြေသလုံးဖက်​မလဲ။ ဒါ​ကြောင့်​ကြိတ်​မုန်း​နေရာက ကပ်​ဖားရပ်​ဖားလုပ်​နေကြရသည်​။

ချီ​ကွေ့ကျွင်း မိသားစုဟာပျက်​စီးပြီး သူ့အ​ခြေအ​နေကဆိုးဝါး​ပေမယ့်​မင်းကြီးရဲ့အာရုံစိုက်​မှုခံရတာဟာ​ကောင်းမင်းနဲ့လီရွှီယန်းတို့ထက်​မ​လျော့ဘူး။

.လီရွှီသုန်း ကိုယ့်​အဆင့်​အတန်း​နေရာ​ပြောင်းသွားသလိုခံစားရ​ပေမယ့်​ဘာ​ပျော်​ရွှင်​မှုဂုဏ်​ယူမှုမှမခံစားရ​ပေ။ အခြားလူ​တွေသူ့ကိုဘာထင်​သလဲကအ​ရေးမကြီး ခမည်း​တော်​သူ့ကိုစိတ်​မပျက်​သွား​စေဖို့ကသာအ​ရေးကြီးသည်​။ ဒါ​ကြောင့်​အတန်းကိုမှန်​အောင်​တက်​ပြီး စာကို​သေချာလုပ်​သလို​နေ့လယ်​စာမဆိုင်​ခင်​အထိ လက်​ထဲကစုတ်​တံကိုမချဘဲကြိုးစား​နေရသည်​။

အ​စေခံ​တွေသက်​ဆိုင်​ရာ​နေ့လည်​စာကိုယူ​ဆောင်​လာကြတဲ့အချိန်​ဇီချန်​အ​ဆောင်​ကအ​စေခံယူလာတဲ့စထမင်းဗူးက​တော့အကြီးဆုံးမို့ အာရုံစိုက်​စရာဖြစ်​နေသည်​။
"ဘာလို့အများကြီးလဲ'' လီရွှီသုန်း ငါးလွှာထမင်းဗူးကိုကြည့်​ရင်​အံ့အားသင့်​နေ​တော့သည်​။
"ဒါ​တွေအားလုံးအရှင်​ကိုယ်​တိုင်​ပြင်​ဆင်​ပေးထားတာပါ။ သူက အရှင်
့သားဟာအစားကြီးသူမို့သာမန်​လူထက်​ပိုစားဖို့လို​ကြောင်း​ပြောပါတယ်​၊ ဒါ​ကြောင့်​မဝမှာစိုးတာနဲ့ဒီလိုထည့်​ပေးလိုက်​တာပါ'' အ​စေခံကပြုံးရင်း ထမင်းဗူးလွှာတစ်​ခုစီကို​သေသပ်​သွာခင်းကျင်းလိုက်​သည်​။​မွှေးကြိုင်​ဆွဲ​ဆောင်​မှုပြင်းတဲ့ဟင်းလျာရနံ့တို့က အခန်းတွင်းပြန့်​လွင့်​သွားပြီး အားလုံးကိုလာကြည့်​စေရ​လောက်​အထိဖြစ်​စေသွားသည်​။+

"ခမည်း​တော်​ကိုယ်​တိုင်​ချက်​တယ်​?'' လီရွှီသုန်းလုံးဝ အံ့အားသင့်​စွာ မျက်​လုံးပြူး​နေမိ​တော့သည်​။ ခမည်း​တော်​ဟာအားနွဲ့ပုံ​ပေါက်​ပေမယ့်​တကယ်​တမ်းအရမ်းသန်​မာသည်​။ သူ့ကိုရိုက်​တုန်းက​တောင်​အတတ်​နိုင်​ဆုံးအားကို​လျော့သုံးရိုက်​ခဲ့ခြင်းဖြစ်​သည်​။ ဒီလိုခွန်​အားရှိလူတစ်​ယောက်​က အိမ်​အလုပ်​တွေတစ်​ခါမှမလုပ်​ပါဘဲ သူ့အတွက်​ထမင်းချက်​ပေးတယ်​....

လီရွှီသုန်း​ပျော်​သလိုနည်းနည်းလည်းရှက်​မိသည်​။ အမှန်​ပင်​သူသည်​အစားကြီးသည်​။ အ​စေခံ​တွေသူ့ထမင်းကိုခိုးစားတဲ့အခါ သူ့မှာမဝမလင်​ဖြစ်​ခဲ့ရသည်​။ ဇီချန်​နန်း​ဆောင်​ကို​ပြောင်းလာ​တော့ ခမည်း​တော်​ငြိုငြင်​မှာစိုးလို့ထိန်းခဲ့​ပေမယ့်​တကယ်​တမ်း ခမည်း​တော်​ဟာသတိထားမိ​နေခဲ့တာပဲ။2

ချီ​ကွေ့ကျွင်းစိတ်​ထဲကသူ့ရဲ့ဖြစ်​တည်​မှုက ထင်​ထားတာထက်​ပိုကြီးတာပဲ။ ဒါကို​တွေးရင်​လီရွှီသုန်းမစားဘဲနဲ့​တောင်​အ​ပျော်​လုံးဆို့​နေပြီ။ ဖြည်းဖြည်းချင်း အစားအ​သောက်​အားလုံးကိုစားပြီး​နောက်​မှ သူသက်​ပြင်းချလိုက်​မိပြန်​သည်​။ အရင်​ကဆို အမြဲဆာ​လောင်​နေတာ​ကြောင့်​ခြေလက်​တွေဟာ​ပျော့ဖက်​နေခဲ့ပြီး မြင်းစီး၊​လေးပစ်​အတတ်​ကိုသင်​ကြားဖို့ခက်​ခဲခဲ့သည်​။ယ အခုအခါမှာ​တော့ သူဟာအဆုံးမဲ့ခွန်​အားနဲ့ဖွံ့ဖြိုးစကျားတစ်​ကောင်​လိုဖြစ်​နေပြီ။

​ကျောင်းဆင်းတာနဲ့ဇီချန်​နန်း​ဆောင်​ကိုတန်းပြန်​ပြီး အပြင်​ဖက်​တစ်​နေရာမှာထိုင်​လျက်​အပ်​များဖြင့်​အလုပ်​ရှုပ်​နေ​သော ခမည်း​တော်​ဆီ​ခြေလှမ်းခပ်​သွက်​သွက်​ချည်းကပ်​လိုက်​သည်​။

ထိုအမျိူသားကည​နေဆည်းဆာ​ရောင်​အောက်​တွင်​အသားအရည်​ကဖြူစင်​ဝင်းမွတ်​နေပြီး ထိကိုင်​လိုက်​သည်​နှင့်​ပျောက်​ပြယ်​သွားမယ့်​မြူခိုးများအလာထင်​မှတ်​ရသည်​။ လီရွှီသုန်း မိမိ၏ရုတ်​တရက်​အ​တွေးကိုလှန့်​သွားပြီး​ကြောက်​ရွံ့ခြင်းများအစားထိုးဝင်​လာခဲ့​လေသည်​။5
"ခမည်း​တော်​'' စိတ်​က​ယောင်​ခြောက်​ခြားမို့အသံကအလျင်​စလိုဆန်​သွား​သော်​လည်း ကျိူးယွင်​ရှန့်​က​မော့မကြည့်​။

"ဘာလဲ'' ဟုပြန်​ထူးကာ​အေး​ဆေးတည်​ညိမ်​စွာဖြင့်​အဝတ်​ကိုဆပ်​ချူပ်​နေသည်​။

"သား...ဆရာကအိမ်​စာ​ပေးလိုက်​တာ။ သား​တော်​နားမလည်​တာတစ်​ချိူ့ရှိလို့ ခမည်း​တော်​ကြည့်​ပေးလို့ရမလား'' လီရွှီသုန်း ထိတ်​လန့်​သွားသည့်​စိတ်​ကိုဆင်​ခြေတစ်​ခု​ပေးထိန်းချူပ်​လိုက်​ရသည်​။

"ကြည့်​ရ​အောင်​'' ကျိူးယွင်​ရှန့်​က အပ်​နဲ့အဝတ်​ကိုချပြီးစားပွဲကိုရှင်းလိုက်​သည်​။

လီရွှီသုန်းကစားပွဲ​နေရာအလွတ်​တွင်​စာအုပ်​ကိုဖြန့်​ချလိုက်​ပြီး​ဒေါင်​လိုက်​စာ​ကြောင်းတစ်​ချိူ့ကို​ထောက်​ပြလိုက်​သည်​။ ကျိူးယွင်​ရှန့်​က ထိုစာ​ကြောင်းများကိုတစ်​ချက်​မျှကြည့်​ပြီး​နောက်​ပြုံးလိုက်​သည်​။ ''မင်းတကယ်​ဒါကိုနားမလည်​တာလား''

လီရွှီသုန်း က မဆုတ်​မကြာ​ခေါင်းညိမ့်​လိုက်​သည်​။

"နို့ဖြင့်​ဒီစာ​ကြောင်းအတွက်​မင်း​ရေးထားတဲ့မ​နေ့ညကစာကဘာလဲ။ ငါ့အမြင်​တော့မင်းအ​တွေးအမြင်​တွေကသိပ်​ထူးခြားပါတယ်​''
လီရွှီသုန်း​ကြောင်​အသွားရ​တော့သည်​။ မ​နေ့ကညကသူစာ​ရေး​နေတာကိုခမည်း​တော်​တစ်​ချက်​သာလာကြည့်​ခဲ့သည်​။ ဒါ​တောင်​မှ အကုန်​လုံးကိုမှတ်​မိ​နေတယ်​။ ခမည်း​တော်​ကဘယ်​လောက်​တောင်​ထက်​မြတ်​တာလဲ။ ဖခမည်း​တော်​ဘုရား သာ သူ့ကိုနှိပ်​ကွပ်​မထားခဲ့ရင်​ဘယ်​အထိပျံတက်​မယ့်​ဇာမဏီတစ်​ကောင်​ဖြစ်​နေမှာလဲ။ လူတိုင်းက​ကောင်း​ကွေ့ကျွင်းကို ဇမ္ဗူမှာတစ်​လူရှားပါးတဲ့ထူးချွန်​လူသားလို့ဆိုကြ​ပေမယ့်​သူ့အမြင်​မှာ​တော့ ခမည်း​တော်​နဲ့ယှဉ်​ရင်​သာမည​လေးသာ။+

ခမည်း​တော်​ဘုရားဘာ​ကြောင့်​ခမည်း​တော်​ကိုလျစ်​လျူရှုပြီး​ကောင်း​ကွေ့ကျွင်းကို ဤမျှမြတ်​နိုး​နေရသလဲလီရွှီသုန်းနားမလည်​ပါ။ ခမည်း​တော်​ဟာကမ္ဘာ​ပေါ်မှအဖိုးထိုက်​ဆုံးအရာဖြစ်​ပါလျက်​နဲ့။ ဒါ​ပေမယ့်​လည်း ဖခမည်း​တော်​မင်းကြီး ၊ ခမည်း​တော်​ရဲ့အရည်​အချင်းကိုမသိလည်းကိစ္စမရှိ။ သူတစ်​ယောက်​သိရင်​လုံ​လောက်​ပြီမို့ လူမသိ​လေပို​ကောင်း​လေပဲ။12

ကျိူးယွင်​ရှန့်​က​တော့ ဝံပု​လွေ​ပေါက်​လေးသူ့အ​ပေါ်စုံလုံးကန်းကိုးကွယ်​ယုံကြည်​နေပြီဆိုတာကိုမသိရှာ။ အ​ကောင်​ပေါက်​၏နားရွက်​ကိုဖျက်​ခနဲလှမ်းဆွဲလိုက်​ကာ​ဒေါသမပါသည့်​လေသံဖြင့်​မေးလိုက်​သည်​''​တော်​ဝင်​စာသင်​ဆောင်​မှာဆရာ​မေးတိုင်း​နားမလည်​ပါဘူးလို့​ဖြေ​နေတာမလား''4

လီရွှီသုန်း မညာရဲ​ခေါင်းအသာညိမ့်​ဝန်​ခံလိုက်​သည်​။ အနိုင်​ကျင့်​ခံရသည့်​နှစ်​များ​အောက်​တွင်​ကိုယ့်​ကိုယ်​ကိုယ်​ချိူးနှိမ်​ထားပြီးအရည်​အချင်းကိုဖွက်​ထားခဲ့သည်​။ထုတ်​ပြလိုက်​ရင်​အခြားကိုယ်​လုပ်​တော်​များကသူ့အသက်​ကိုရန်​ရှာလာမည်​မဟုတ်​လား။ သူအသုံးချခံလက်​နက်​တစ်​ခုမဖြစ်​လိုပါ။

ဒါ​ပေမယ့်​ချီ​ကွေ့ကျွင်း​ကတော့ သူဟာဘာတန်​ဖိုးမှမရှိတဲ့အချိန်​မှာသူ့ကို​ရွေးချယ်​ခဲ့ပြီး ကာကွယ်​မည်​ဟုကတိ​ပေးခဲ့သည်​။ ချီ​ကွေ့ကျွင်း သူ့ကိုချစ်​ချင်​ယောင်​နေရင်​တောင်​မှ၊အသုံးချဖို့​တွေးထားတယ်​ဆိုရင်​တောင်​မှ လီရွှီသုန်းအ​နေဖြင့်​ခမည်း​တော်​အတွက်​သာဘာမဆိုလုပ်​ဝံ့သည်​။ သူစိတ်​ပူတာက အသုံးမကျ​သေးတဲ့သူ့ကိုခမည်း​တော်​ပစ်​သွားမည်​ကိုသာ။1

ကျိူးယွင်​ရှန့်​အ​ကောင်​ပေါက်​၏နားကိုလွှတ်​လိုက်​ပြီး ''အရှိကိုအရှိတိုင်း​နေ။ ငါ့မှာ​ကျော​ထောက်​နောက်​ခံမရှိ​တော့​ပေမယ့်​ငါမင်းတစ်​ယောက်​တော့ကာကွယ်​နိုင်​တာမို့ဘယ်​သူမှမင်းကိုမထိခိုက်​စေရဘူး။ မှတ်​ထား ငါ့သားဟာနတ်​ဆိုးလည်းဖြစ်​လို့ရသလို နတ်​မြတ်​လည်းဖြစ်​လို့ရတယ်​။ ဒါ​ပေမယ့်​အထု​ထောင်းခံ​တော့မဖြစ်​ရဘူး။ မင်းထွန်း​တောက်​လာလို့ လီရွှီယန်းနဲ့​ကောင်းမင်​တိုက်​ခိုက်​လာရင်​တောင်​ငါ့မှာသူတို့ကိုရှင်းပစ်​ဖို့နည်းလမ်းရှိပြီသား။2

ခမည်း​တော်​ရဲ့အသံကြည်​လင်​သာယာလွန်း​ပေမယ့်​လို့ ကြီးမားတဲ့အားအင်​တစ်​ခုပါဝင်​နေသည်​ကိုလီရွှီသုန်းခံစားရသည်​။ ထို​လေသံကမည်​သူတစ်​ဦးတစ်​ယောက်​မှသူ​ရှေ့ပိတ်​နေလို့မရသလို ထိုအင်​အားကသူ့(လီရွှီသုန်း)ကိုကာကွယ်​ဖို့သက်​သက်​ရည်​ရွယ်​ထားသလိုလည်းခံစားရသည်​။ လီရွှီသုန်း အ​ပျော်​လုံးဆို့ပြီး ကျိူးယွင်​ရှန့်​ဝတ်​ရုံစကိုဆွဲကိုင်​ကာ​ခေါင်းညိမ့်​လိုက်​သည်​။

"အဲ့လိုအသုံးမကျတဲ့လူမျက်​နှာ​ပေးမျိူးမလုပ်​နဲ့ ခုချက်​အဲ့စာ​ကြောင်းကိုအကြိမ်​တစ်​ရာကူး​ချေ။မပြီးမချင်းမအိပ်​ရဘူး။​နောက်​ဆိုတကယ်​နားမလည်​မှ​မေး။ မဟန်​ဆောင်​နဲ့'' ကျိူးယွင်​ရှန့်​ဟာ လီရွှီသုန်းကိုအနာဂတ်​မင်း​လောင်းအဖြစ်​လျာထားတာမို့ပဲ့ပြင်​ဆုံးမသည့်​အခါလည်းညှာ​နေလို့မဖြစ်​ပေ။1
လီရွှီသုန်း က မရှက်​မရွံချက်​ချင်းကိုစာရွက်​နှင့်​မင်​တံ၊မင်​ခွက်​များကိုဖြန့်​လိုက်​သည်​။ ''သား​တော်​ကူးပါ့မယ်​။ သား​တော်​အကြိမ်​သုံးရာတိတိကူးမှာမို့ခမည်း​တော်​စစ်​ဆေး​ပေးပါ''

"​ကောင်းပြီ'' ကျိူးယွင်​ရှန့်​ကလီရွှီသုန်းရဲ့နာခံမှုကို​ကျေနပ်​စွာသ​ဘောတူလိုက်​ပြီး​ခေါင်းကိုအသာပွတ်​လိုက်​သည်​။ ထို့​နောက်​အဝတ်​ကိုဆက်​ချူပ်​လေ၏။
လီရွှီသုန်း က​တော့စာ​ရေးရင်​ကျိူးယွင်​ရှန့်​ကိုခိုးခိုးကြည့်​နေသည်​။ စိတ်​ထဲမှာလည်းခမည်း​တော်​ဟာဘယ်​လိုမှကြည့်​မဝ​ပေ။ အခါငါးဆယ်​မြောက်​ကူးအပြီးမှာ​တော့ စုတ်​တံကိုချပြီး​ခေတ္တအနားယူကာ ကျိူးယွင်​ရှန့်​ချူပ်​နေသည့်​အဝတ်​ကိုကြည့်​ရင်​မေးလိုက်​သည်​။+

"ခမည်း​တော်​အဝတ်​ချူပ်​နေတာလား။ ဖခမည်း​တော်​ဘုရား အတွက်​လား''​မေးသာ​မေးလိုက်​ရ၏ ထိုဖခမည်း​တော်​ဘုရားဆိုသည့်​လူကိုစိတ်​ထဲတွင်​တော့ မနှစ်​မြို့ခြင်းများကအလုံးအရင်းပြည့်​သိပ်​နေသည်​။4
"သူလား။ သူကငါ့အချိန်​ပေးဖို့တန်​တယ်​ထင်​လို့လား'' ကျိူးယွင်​ရှန့်​ကခပ်​မဲ့မဲ့ပြုံးလိုက်​ပြီး အ​ကောင်​ပေါက်​၏နဖူးကို​တောက်​လိုက်​သည်​။ ''ဒါမင်းအတွက်​ခုမကြည့်​သေးနဲ့အုန်း ။ မပြီး​သေးဘူး ''

လက်​ထပ်​ပြီးသား​ကောတစ်​ယောက်​အ​နေနဲ့ ချီရှိုးကျဲ့ဟာအချူပ်​အလုပ်​ကျွမ်းကျင်​ပြီးသားမို့ ကျိူးယွင်​ရှန့်​ကထိုအရည်​အချင်းကိုလက်​ဆင့်​ကမ်းရထားသည်​။ ဒီဝံပု​လွေကို​မွေးမယ်​ဆိုမှတော့ သူတို့ကြားတဲ့ခိုင်​မာ​လေးနက်​တဲ့ သံ​ယောဇဉ်​ရှိရမယ်​မလား။ သူဒီက​လေးကိုဂရုစိုက်​ရမယ်​လေ။1
လီရွှီသုန်း ရင်​ထဲခံစားသွားရပြီးစိုလာသည့်​မျက်ရည်​များကိုအမြန်​မျက်​တောင်​ဖြင့်​ပုတ်​ခပ်​လိုက်​သည်​။ထို့​နောက်​ကျိူးယွင်​ရှန့်​လက်​မောင်းကိုဖက်​ပြီး​ခွေးက​လေးတစ်​ကောင်​လိုအနားမှာ​ကွေး​နေ​တော့သည်​။2

ကျိူးယွင်​ရှန့်​ရယ်​မောလိုက်​သည်​။ ဒီက​လေးဟာအ​တော်​ချစ်​ဖို့​ကောင်းသည်​ဟုသူထင်​သည်​။ သူ့ကိုပျိူး​ထောင်​ပေးတာတကယ်​ဆုံးဖြတ်​ချက်​ကောင်းပဲ။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі