Arc 5.2
အခန်း(၄၃)ကျူးစစ်ယွိဘဝ+
အတိတ်မေ့ပြီး အခုလိုရွာငယ်ဇနပုဒ်မှာရောက်နေပေမယ့်လို့ ရှန်းဝေ့ဟုံရှီးစစ်ဆိုတဲ့အရှိန်အဝါကြီးကတော့နည်းနည်းလေးမှမပြောင်းလဲဘူး။
သူက မျက်မှောင်ကုပ်ပြီး နှုတ်ခမ်းပါးကို တင်းတင်းစေ့ကာ ကျိူးယွင်ရှန့်ရှိရာကိုစူးစူးစိုက်စိုက်ကြည့်နေသည်။ သူ့အကြည့်က လူကိုရှိန်စေသောအကြည့်မျိူးပင်။
ဒါပေမယ့်သူ့ကြည့်နေတာကဘယ်သူမို့လဲ ကျိူးယွင်ရှန့်လေ။ ကျိူးယွင်ရှန့်ဆိုတာ သာမန်ငတိလေးမှမဟုတ်ပဲ။ သူမေးကိုမော့ လက်ကိုရှေ့ဆန့်ထုတ်ပြီး လှမ်းအော်လိုက်တယ်
''ဟေ့လူ! ခင်များနဲ့ကျူပ်ပြဿ နာရှိလား''
နေရောင်အောက်မှာ ထိုအမျိူးသား၏အသားအရည်သည်ဖြူဖွေးနေပြီးသေသပ်စွာထုဆစ်အချောသပ်ထားသည့်ကျောက်စိမ်းရုပ်တုနှင့်ပင်တူလှသည်။ အသားအရည်ကဖြူလွန်းတာကကြောင့်မျက်နှာပေါ်မှာ နီရဲနေတဲ့နှုတ်ခမ်းတစ်ခုကပဲထင်းနေပြီး လူတွေရဲ့အာရုံကိုဆွဲဆောင်ထားနိုင်သည်။ သူ့ရဲ့ချောမောတဲ့အဆင်းအင်္ဂါက တဖိတ်ဖိတ်တောင်နေသည့်အပြင်မက်မွန်ဝတ်လွှာသဏ္ဌာန်မျက်လုံးတို့ကပါ လှပလွန်းသည်။ သူ့မျက်လုံးတွေကအရမ်းလှပေမယ့်လို့မောက်မာပြီးအထက်စီးဆန်သည့်ဟန်အပြည့်ရှိနေသည်။
သူသာကော တစ်ယောက်ဆိုလျှင်သူကိုလက်ထပ်ချင်ကြသူတွေ ကျူးအိမ်ရှေ့မှာပြည့်နေလိမ့်မည်။
ချင်းစယ်ထိုအမျိူးသားကိုကြည့်ရင်း သူ့ခေါင်းထဲ အကြောင်းအရာနှစ်ချက်ဝင်လာသည်။ကျောက်စိမ်းလိုလှတယ်၊ အတုမရှိဘူး။
ကံမကောင်းစွာနဲ့ပဲ အပြင်ကလှသလောက်အတွင်းစိတ်ကအော့နှလုံးနာစရာကောင်းနေတယ်။
ဒါကိုတွေးပြီး ချင်းစယ်အကြည့်လွဲကာမြေကိုသာဆက်ပေါက်လိုက်သည်။
ကျိူးယွင်ရှန့်လည်း သူ့ကိုအနိုင်ကျင့်ဖို့အကြံအစည်မရှိတာကြောင့်ကိုယ့်အလုပ်ကိုယ်ပြန်လုပ်နေလိုက်သည်။ ဆွထားတဲ့မြေဆီလွှာတစ်ချိူ့ကိုသူကောက်ပြီး လက်ထဲမှာစမ်းကြည့်သည်။ ပြီးတော့ မိုးခေါင်မယ့်အချိန်ကိုခန့်မှန်းကြည့်လိုက်သည်။ထို့အချိန်ရုတ်တရပ်နွေထွေးသည့်အသံတစ်ခုက သူ့နောက်မှာထွက်ပေါ်လာသည်။+
"ရှောင်ဟေးရေ....ညစာစားရအောင်''3
ချင်းစယ်ကအတိတ်မေ့နေပြီး အသားညိုတာကြောင့်ကျန်းရှုလင်းက သူ့ကို မည်းနက်လို့နံမည်ပေးထားသည်။ ချင်းစယ်က သန်မာပြီးထွားကြိုင်းတော့ သူ့မိသားစုရဲ့ကူဖော်လောင်ဖက်ရအောင်ခေါ်ထားခြင်းဖြစ်သည်။
ဒါကြောင့်သူချင်းစယ်ကိုကယ်ကတည်းက အရမ်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံပြီး အသေးစိတ်ဂရုစိုက်သည်။ ချင်းစယ်ကခေါ်သံကြားတာနဲ့ပေါက်တူးကိုချက်ချင်းပစ်ချလိုက်သည်။သူ့ရဲ့အေးစက်နေတဲ့ မျက်လုံးတွေကနွေးထွေးသွားသည်။ ဒါကိုကြည့်ပြီး ကျိူးယွင်ရှန့်စိတ်ထဲ ချင်းစယ်ကသူ့ချစ်သူများလားလို့ မယိုးမရွဖြစ်မိသည်။
အဲ့ဒီလူကအရမ်းထူးဆန်းတယ်။ သူ့မှတ်ဥာဏ်သူဘယ်တော့မှလည်းသိမ်းမထားဘူး။ တစ်ခါတစ်လေ ဇာတ်လိုက်၊ တစ်ခါတစ်လေ အရံ၊ တစ်ခါတစ်လေတော့ဖြင့်ဗီလိန်ဖြစ်လိုက်နဲ့ သူဘယ်သူလည်းခန့်မှန်းရခက်လွန်းတယ်။ အနီးကပ်ဆက်သွယ်မှုတစ်ခုတည်းကပဲ သူသိနိုင်တယ်။7
အခုသူချင်းစယ်ရဲ့ သရုပ်မှန်ကိုစမ်းသပ်ချင်တယ်ဆိုပေမယ့်ချက်ချင်းပြေးသွားပြီးကော်လန်ဆွဲနမ်းလိုက်လို့ကလည်းမဖြစ်တာပဲ။ သူအဲ့လိုလုပ်ရင်ကျူးစစ်ယွိ ဘဝကပိုဆိုးသွားနိုင်တယ်။ ဒါဆို သူဒီကမ္ဘာကိုလာတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။2
ကျိူးယွင်ရှန့်ချင်းစယ်ကိုကြည့်လိုက်တော့ သူ့ဆီကိုအေးစက်စက်အကြည့်ပြန်ရောက်လာသည်။ ဇာတ်လိုက်ကိုကြည့်နေခဲ့တဲ့နွေးထွေးအကြည့်ဆိုတာ ကြက်ပျောက်ငှက်ပျောက်။ ကျိူးယွင်ရှန့်ရင်ထဲအောင့်သွားသည်။ အဲ့ဒီလူကသူ့ကိုဘယ်တော့မှအေးစက်စက်ဆက်ဆံမှာမဟုတ်ဘူး။ သူမဟုတ်ဘူး။
ဇာတ်လိုက်ရဲ့ရုပ်ရည်ကသာမန်ထက်နည်းနည်းပိုတယ်လို့ပဲပြောလို့ရသည်။ ဒါပေမယ့်သူ့ရဲ့နွေးထွေးပြူငှါတဲ့စိတ်ဓာတ်က အရမ်းကိုဆွဲဆောင်မှုရှိသည်။ အရောင်တောက်နေတဲ့ကျူးရှားကျစ်နဲ့ ထည့်ပေါင်းလိုက်တော့ သူကအဖိုးတန်လေးပေါ့။ ဒါပေမယ့်သူမိသားစုကအရမ်းဆင်းရဲပြီး အကူညီမဲ့တဲ့ဆွေမျိူးတွေလည်းရှိနေတော့ သူ့ခင်မျာ ခင်ပွန်းကောင်းမရနိုင်ရှာသေးဘူး။
အဲ့ဒီအချိန်ဇာတ်လိုက်ကသူ့ကိုမြင်တော့ အပြုံးကနေ မဲ့ပြုံးပြောင်းသွားပြီး သူ့ကိုမလိုသလိုကြည့်လေသည်။ ကျိူးယွင်ရှန့်လက်ကိုခါလိုက်ပြီး မျက်ခုံးကိုပင့်လိုက်သည်။ '' မင်းကော ကျူပ်နဲ့ ပြသာနာရှိလို့လား''
"ကျွန်တော်က ကျန်းရှုလင်း ''
"ကျန်းရှုလင်း ၊ ကျူပ်မင်းကိုသိဖို့လိုလို့လား?'' ကျိူးယွင်ရှန့်မေးကိုအသာပွတ်ပြီး ပြန်မေးလိုက်သည်။ သူ့ရဲ့မျက်နှာအမူအရာကပြေးကန်ချင်စရာကောင်းလောက်အောင်စိတ်ကြီးဝင်မာန်တက်နေဟန်ပေါ်သည်။
သူ့ရဲ့ဆေးဘဲဥလုပ်နည်းကို လုယူသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ မသိတော့ဘူးဆိုတော့ သူ့သေရေးရှင်ရေး က မျက်စိထဲထည့်ချင်စရာတောင်မကောင်းဘူးလား။ ဘယ်လိုတောင်ကောက်ကျစ်တဲ့သူဋ္ဌေးလဲ! ကျန်းရှုလင်းပြေးသွားပြီး အင်္ကျီကော်လန်ကိုသွားဆွဲချင်မိသည်၊ ဒါပေမယ့်ချင်းစယ်ကသူ့လက်ကိုကိုင်ပြီးသတိပေးလိုက်တာကြောင့်စိတ်လျော့လိုက်ရသည်။
''ခင်များကအလုပ်များတဲ့လူပဲ ကျွန်တော့်ကိုဘယ်မှတ်မိမလဲ။ ခင်များ ဒီကိုလာတာမြင်တော့ တိုက်ဆိုင်တာနဲ့နှုတ်ဆက်ဖြစ်တာပါ။ စားပြီးပြီလားမြေရှင်ကြီး ။ မစားရသေးရင်ကျွန်တော်နဲ့အတူဝင်စားပါလား'' သူကအဝတ်အုပ်ထားတဲ့ခြင်းကိုဖွင့်ပြရင်းမေးလိုက်သည်။ ခြင်းထဲမှာတော့ နှမ်းကပ်မုန့်၊ ချဉ်ဖက်၊ကြက်ဥပြုတ်နဲ့ အခြားစားစရာတစ်ချိူ့ရှိသည်။
ကျိူးယွင်ရှန့်က သူ့ကိုမတူသလိုမတန်သလိုကြည့်ပြီး ဘာမှပြန်မပြောပဲ ထွက်သွားလိုက်သည်။ ကျန်းရှုလင်းဒေါသထပ်ထွက်လာပြန်သည်။ ဒါပေမယ့်ချင်းစယ်က သူ့လက်ကောက်ဝတ်ကိုကိုင်ပြီး ကျူးရှားကျစ်ကိုခပ်ဖွဖွပွတ်ရင်း သတိပေးလိုက်သည်။
နှစ်ယောက်သား နှမ်းကပ်မုန့်ကိုစားရင်း ယိုင်တိုင်ယိုင်တိုင်နဲ့ခနော်ခနဲလမ်လျှောက်နေတဲ့မြေရှင်ကြီးကိုသရော်အကြည့်နဲ့ကြည့်နေကြသည်။+
"ငါသူ့ ကိုမကြာခင်မိုးခေါင်တော့မယ့်အကြောင်းပြောမလို့ ပဲ။ သူရေလှောင်ထားလို့ရအောင်ပေါ့။ အခုကြည့်ရတာတော့နောက်ကျသွားပုံပဲ'' ကျန်းရှုလင်း ရယ်လိုက်သည်။
"ကျူးအိမ်ကချမ်းသာပြီးသား။ သူတို့လှောင်ထားတဲ့ဆန်စပါးတွေရှိမှာပဲ။ မင်းစိတ်ပူပေးစရာမလိုပါဘူး'' ချင်းစယ်က သူ့ရဲ့ဆံပင်ကိုပွတ်သပ်ရင်းပြောသည်။
"ဟုတ်တယ်၊ ဘာလဲ...သဘာဝဘေးကျတာတောင်ဆင်းရဲတဲ့လူတွေပဲခံစားရတယ်'' ကျန်းရှုလင်း မကျေမနပ်အသံနဲ့လိုက်သည်။ ဒါပေမယ့်ဒီကမ္ဘာရဲ့ကောင်းတဲ့အချက်ကိုပြန်တွေးကြည့်တော့ သူစိတ်ချမ်းသာရသည်။ သူက လိင်တူချစ်သူ။ အခုလိုယောက်ျားနဲ့ယောက်ျားချင်း အတားအဆီးမရှိ အတူတူပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီး ကလေးလည်းယူလို့ရတဲ့ကမ္ဘာကိုရောက်လာရတော့သူပျော်တာပေါ့။4
ချင်းစယ်ကဘာမှပြန်မဖြေနောက်ဆုံးကြက်ဥကိုအခွံခွာပြီး တစ်ဝက်သူစားလိုက်သည်။ ကျန်တစ်ဝက်ကိုတော့ ကျန်းရှုလင်း ပါးစပ်ထဲထည့်ပေးလိုက်သည်။
ဇာတ်လိုက်တွေရိုနေကြတဲ့အချိန်မှာတော့ ကျိူးယွင်ရှန့်ကလှည်းကလည်းလှုပ်တုပ်လှုပ်တုန်နဲ့အိမ်ပြန်လာသည်။ သူအဝတ်စားလဲပြီး ထမင်းစားခန်းထဲဝင်လိုက်သည်။
"သခင်လေး ဒါ လို့မေ လို့ခေါ်တဲ့ဟာတဲ့။ ကျန်းအိမ်က ဒါမျိူးတွေအများကြီးရောင်းနေတာ ကျွန်မတစ်ခုစီဝယ်ခဲ့တယ်။ မြည်းကြည့်ပါအုန်း''လုရှီက ဟင်းခွက်တွေကို စားပွဲပေါ်ချရင်းဆိုသည်။
[Mr.Google မှာပြတာကတော့ lomei က တရုတ်စပါကတီနဲ့တူတယ်:3ခေါက်ဆွဲတွေအသားတွေနဲ့အသီးတွေ]
"ဒါက ဝက်စတူး ၊ ဒါက တို့ဖူးစတူး၊ ဒါက ချန်ကျန်းစတူး''
လုရှီပြောတဲ့ ဟာတွေကိုတစ်ခုချင်းစီ ကျိူးယွင်ရှန့်မြည်းကြည့်နေစဉ်ဥသြလေးကတော့ သွားရည်ကျနေသည်။
"ကျွန်မတော့ဖြင့်အဲ့မိသားစုဘယ်လိုလုပ်ဒီလိုဟင်းချက်တွေရလားသလဲမသိပါဘူး။ ဒါတွေကိုဟင်းထဲထည့်ချက်လို့ရမှန်းတောင်ကျွန်မ မသိဘူး။ဆေးဘဲဥကိုအသာထား ဒီ လို့မေကအရမ်းကိုအရသာရှိတယ်။ တကယ်မှတ်ကျောက်တင်စရာပဲ။ ကျန်းအိမ်ကြောင့်သာမဟုတ်ရင်ဒီအနံ့ဆိုးတဲ့အရွက်တွေကဒီလို အရသာရှိအောင်ချက်လို့ရမှန်းသိမှာတောင်မဟုတ်ဘူး။ ကျွန်မကြားတာ သူတို့ဟော့ပေါ့လို့ခေါ်တဲ့ဆိုင်သစ်တစ်ခုထပ်ဖွင့်ထားတယ်တဲ့။ တစ်နေ့လောက်ကျွန်မကိုခေါ်သွားပါလားဟင်''
"ဒါကအရသာရှိတယ်ပေါ့'' ကျိူးယွင်ရှန့်တူကိုချပြီး ရယ်လိုက်သည်။ ''ငါတော့မထင်ဘူး သူတို့စမုန့်စပါးပေါ်လိမ့်ပြီး သစ်ကြမ်းပိုးခေါက်မှုန့်များများထည့်သင့်တာ။တောက်တဲ့ရွက်နဲ့အချဉ်ရည်စိမ်ပြီး နံနံရည်ငါးဇွန်းလောက်ထပ်ထည့်ရအုန်းမှာ။ ဒါမှပေးရတဲ့ဈေးနဲ့တန်မှာ''
ဥသြလေးကစားချင်စိတ်ပျောက်သွားပြီး သူမမျက်နှာကစိမ်းသွားသည်။ ''သခင်လေး အခုပြောလိုက်တာတောက်တဲ့လား။ တကယ်တောက်တဲ့! သူတို့ကအဆုတ်လေပွရောဂါမှာသုံးတဲ့ဆေးမဟုတ်ဘူးလား ဘယ်လိုလုပ်ဟင်းချက်လို့ရတာလဲ။ အိုးမှာကပ်မနေဘူးလား?''
[IC - translatorကတောက်တဲ့ ဆိုတာအကောင်မဟုတ်ဘူး ပရဆေးတစ်မျိူးတဲ့။ အနော်ကတော့တောက်တဲ့ရွက်ဆိုတာကြားဖူးတော့ အဲ့အရွက်ထင်တာပဲ။ ဒါပေမယ့်သူတို့တရုတ်စကားက အယူအဆပဲဆင်တူရိုးမှားတာလားမသိ ဥသြလေးပြောတာက အကောင်အစစ်နဲ့တူတယ်]
"ဒီကောင်မလေးတော့ တကယ်အမြင်မရှိဘူး'' ကျိူးယွင်ရှန့်လက်သုတ်ပဝါကိုချလိုက်ပြီး ရယ်လိုက်သည်။ ''လို့မေ ထဲသုံးထားတာတွေက ရိုးရာဆေးတွေချည်းပဲ။ ဒါပေမယ့်သူတို့ကဆေးနဲ့မတူဘူး။သေချာသုံးတတ်ရင်အရသာရှိတဲ့အစားအစာဖြစ်နိုင်တယ်။ ကျန်းအိမ်ကအရမ်းနံမည်ကြီးနေတော့ ငါကသူတို့ရဲ့အစားအစာတွေငါ့ကိုကျေနပ်စေလိမ့်မယ်ထင်ထားတာ။ ကြည့်ရတာတော့ သူတို့ဘာလုပ်နေလည်းသူတို့သိပုံမရဘူး။ ငါ့ကိုမင်နဲ့စာရွက်ယူလာပေး ချက်နည်းကိုပြင်ပေးမယ်''
ဥသြလေးက ချက်ချင်းစာရွက်နဲ့စုတ်တံပေးယူပြီးမေးသည်။ ''သခင်လေး ဘယ်လိုလုပ်လို့မေထဲဘာပါလဲပြောနိုင်တာလဲ။ အရင်က စားဖူးလား''
"ငါမင်းကိုမပြောဖူးဘူးထင်တယ်။ ငါ့မှာအရမ်းကောင်းတဲ့လျှာရှိတယ်။ လို့မေ မပြောနဲ့ ဒီလက်ဖက်ရည်ခွက်ထဲရေဘယ်မြစ်ကလာသလဲတောင်ပြောနိုင်တယ်''
ဥသြလေးကလည်း သူမ သခင်ပြောသမျှယုံသည်။ မင်ကိုသွေးပြီး သူမသခင်စာရေးတာကိုကြည့်နေသည်။
ကျိူးယွင်ရှန့်ဟင်းချက်နည်းကိုပြန်ပြင်လိုက်ပြီး တိကျတဲ့လှီးဖြတ်နည်း၊ချက်ဖို့ကြာချိန်စတာတွေကအစ အသေးစိတ်ရေးပေးလိုက်သည်။
သူရေးပြီးသွားတော့မှ အလုပ်ပြန်လုပ်သည်။ သူကျူးလောင်စစ်ကိုခေါ်ပြီး ဒီလမြေဌားခကို ၅၀ရာခိုင်နှုန်းကနေ၃၀ကိုလျော့ခိုင်းလိုက်သည်။
၅၀ရာခိုင်နှုန်းတိုင်းတွင်ကျူးလောင်စစ်က ၂၀ရာခိုင်နှုန်းဖြတ်စားသည်။ အခု ၃၀ရောက်သွားတော့ သူအမြတ်ဘယ်ကျန်မလဲ။အခြားလူဆို ခဏလောက်ခြေတစ်လှမ်းဆုတ်လောက်ပေမယ့်သူ ကကျူးစစ်ယွိ နံမည်နဲ့လုပ်စားနေတာကြာပြီ။ ဒါကြောင့်မလျော့တဲ့အပြင်နောက်တစ်ဆယ်ထပ်တိုးပြီး ၆၀ရာခိုင်နှုန်းလုပ်လိုက်သည်။ ၆၀ဆိုတာ အရမ်းများတဲ့ပမာဏပဲ ဒါကြောင့်ရွာသားတွေ မကျေပ်မနပ်ဖြစ်ကုန်ကြသည်။
ဒါတွေအားလုံး ကျိူးယွင်ရှန့်သိပေမယ့်မတား။ ကျူးလောင်စစ်က သူ့ရဲ့ငါးစာပဲ။ တစ်ဖက်လူရဲတင်းလေလေ သူကတော့ပိုပြုံးလေပဲ။
စားဖိုမှူးက ဟင်းချက်နည်းရတော့သုံးရက်လုံးကြိုးစားချက်သည်။ ချက်ပြီးတိုင်းလည်းအံ့အားသင့်ရသည်။
"လို့မေက ကျန်းအိမ်က လုပ်တာဆိုပေမယ့်လောင်ပိုင်ကပြန်ပြင်လိုက်တော့ ဟင်းကအတုမရှိတော့ဘူး။ ကျူပ်အမြင်မှာတော့ မင်းကြီးကိုတောင်ဆက်သလို့ရနိုင်တယ်'' စာဖိုးမှုးက ဥသြလေးကိုပြောသည်။ ဥသြလေးကတော့ ကြက်လည်ပင်းကိုက်နေတာနဲ့ ပြန်မဖြေနိုင်။2
ပြီးသွားတော့မှ သက်ပြင်းချပြီးနောက်ထပ်ဟင်းချက်နည်းတစ်ခုထပ်ပေးလိုက်သည်။ ''ဒါကဟော့ပေါ့ချက်နည်း။ မြန်မြန်ကြည့်ပြီး ညကျရင်ဟော့ပေါ့ချက်စားရအောင်''
"ကောင်းတယ်ဟဲဟဲဟဲ ။ ဥသြလေး ကလေးမဒါတွေထမင်းစားခန်းထဲသွားပို့ပေးချည်'' စားဖိုမှုးကဟင်းအသစ်စမ်းချက်ဖို့မစောင့်နိုင်တော့ပေ။+
မွှေးကြိုင်နေတဲ့ ဟင်းခွက်တွေကို ထမင်းစားခန်းထဲသယ်သွားပြီး ဥသြလေးသူမ သခင်ကိုမေးလိုက်သည်။ ''သခင်လေး ဟင်းလျာကိုပြန်ပြင်လိုက်တော့ အရသာကပိုကောင်းသွားတယ်။ ကျန်းအိမ်ကလို့မေနဲ့အဲ့လောက်ပိုက်ဆံရနေမှတော့ သခင်လေးလည်း ဘာလို့ လို့မေဆိုင်မဖွင့်ကြည့်တာလဲ။ဟော့ပေါ့လည်းပဲ အရမ်းအရသာကောင်းမှာဟော့ပေါ့ဆိုင်ကော?''
"မင်းအတွေးတွေကအရမ်းဆိုးတာပဲကောင်မလေး'' ကျိူးယွင်ရှန့်ဝိုင်တစ်ခွက်ငှဲ့ပြီးပြောလိုက်သည်။ '' ဆင်းရဲသားတွေကိုစီးပွားဖျက်တာ သူတို့အမိအဖကိုသတ်တာနဲ့တူတူပဲ။ လို့မေနဲ့ဟော့ပေါ့ က ကျန်းအိမ်ကလုပ်တယ်ဆိုမှတော့ ဘာလို့ငါတို့သူတို့နဲ့ရန်ဖက်ပြိုင်နေအုန်းမလဲ။ ဒါက ငါတို့စားဖို့သက်သက်ပဲ။ငွေရဖို့မဟုတ်ဘူး။ ကမ္ဘာကြီးကအကျယ်ကြီး ပိုက်ဆံအတွက်နဲ့ပဲ ဘာလို့စိတ်ဆင်းရဲခံနေမှာလဲ။ သက်တောင့်သက်သာ အရှိအတိုင်းနေစမ်းပါ''
ဥသြလေးကလည်း အကျိူးအကြောင်းနားထောင်ပြီးခေါင်းညိမ့်လိုက်သည်။
ဝိုင်နဲ့အရသာရှိတဲ့ လို့မေ ကျိူးယွင်ရှန့်နည်းနည်းတောင်မူးလာသလိုပဲ။ သူ ဇာတ်လိုက်ရဲ့အားသာချက်ကိုပြန်ကြည့်လိုက်သည်။ ဇာတ်လိုက်က modern ကမ္ဘာမှာစားဖိုမှုးတစ်ယောက်။ သူဟင်းချက်နည်းကိုအကြာကြီးသင်ခဲ့တယ်။ ချူယွင်ကော်ကအရမ်းခေတ်နောက်ကျပြီး သူတို့အစားအစာတွေကဖြစ်သလိုပဲ။ လို့မေ မပြောနဲ့ဟော့ပေါ့တို့ပေါက်စီတို့ ဆန်မုန့်တို့လိုအစားအစာတွေနဲ့ ရိုးရာအစားအစာတွေ။ ပဲငါးပိ တို့ ပဲပိစပ်တို့တောင်မရှိသေးဘူး။ ဇာတ်လိုက်ကဒါကိုသတိထားမိတော့ အစားအသောက်နဲ့ဝိုင်ချက်နည်းကို တိုးတတ်အောင်လုပ်တယ်။ဒါနဲ့ပဲလမ်းဘေးကနေသူဋ္ဌေးဖြစ်လာတယ်။ ဒီအားသာချက်ကပဲ သစ္စာစောင့်ခွေး ရဲ့နှလုံးသားကိုရသွားတာပဲ။ သူကအစားအသောက်ချစ်သူ ဒါကြောင့်ဇာတ်လိုက်ကအနိုင်ရသွားတာပေါ့။7
ကျိူးယွင်ရှန့်ထင်ခဲ့တာ ဇာတ်လိုက်ဟင်းချက်စကေးကအရမ်းမြင့်လောက်မယ်ပေါ့။ ဒါပေမယ့်လုရှီယူလာတဲ့အစားအစာတွေစားကြီးတော့ ထူးဆန်းတဲ့အစားအစာ ဆိုတာကြီးက လမ်းဘေးစာအဆင့်လောက်ပဲရှိနေတယ်။ ကျန်းရှုလင်းက ဟင်းချက်နည်းသင်ခဲ့ပေမယ့်သူကအလယ်အလတ်မိသားစုကပဲ။ ဒါကြောင့်ဈေးကြီးပြီးအရသာရှိတဲ့ အစားအသောက်တွေကို မတတ်နိုင်ဘူး။+
ဒါဆိုသူကဒီလို အပေါစား အစားအစာလောက်နဲ့အနိုင်ရသွားတယ်ပေါ့။ ကျိူးယွင်ရှန့်ဝိုင်ကိုသောက်ပြီးနောက်ထပ်အရေးကြီးတာကိုထပ်တွေးမိသည်။ ချင်းစယ်ကြည့်ရတာ ကျန်းရှုလင်းကိုချစ်နှင့်နေပုံပဲ။ အဲ့လူသာဆို သူကလွဲရင်အခြားလူကိုချစ်မှာမဟုတ်ဘူး။ ဒါကြောင့်ချင်းစယ်က သူ မဖြစ်နိုင်ဘူး။ ဒါဆိုသူကဘယ်သူလဲ။ ဖြတ်လျှောက်တော့မဟုတ်နိုင်ဘူးမလား။ ကမ္ဘာကြီးကအကျယ်ကြီးကို ဘယ်နားသွားရှာရမှာလဲ။

Коментарі