Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 1
နိဒါန်း
+

​အေးစက်​သောဓားအသွား​ဖြင့်​လည်​တွင်​တေ့ခံထားသည့်​အမျိူးသားတစ်​ဦးသည်​မြေပြင်​ပေါ်တွင်​ဒူး​ထောက်​လျှက်​ရှိသည်​။ သူ၏မျက်​လုံးတို့ကနီမြန်း​နေပြီးအမုန်းတရားများနှင့်​လည်းပြည့်​လျှံ​နေသည်​။
တစ်​ဖက်​မှမတ်​တပ်​ရပ်​နေသူကား အနက်​ရောင်​ဝတ်​ရုံကိုဝတ်​ဆင်​ထားပြီး​ချော​မောခန့်​ညား​သောရုပ်​ရည်​ရှိသည်​။သို့​သော်​သူ့နှုတ်​ခမ်းတို့ကတွန့်​ကွေးလိုက်​စဉ်​၁သိန်း၂သောင်းပွိုင့်​ရှိ ယုတ်​မာခြင်းတို့​ပေါ်လာ​လေသည်​။သူ၏နှလုံးသားကား ''သတ်​လိုက်​၊သတ်​လိုက်​''ဟု​အော်​မြည်​နေသည်​။သို့​သော်​ဓားရိုးကိုကိုင်​ထား​သောလက်​ကားလှုပ်​ရှားခြင်းမရှိ ထိုအစား မိမိ​ရှေ့မှလူ၏မိသားစုကိုသူမည်​သို့ဖျက်​ဆီးခဲ့​ကြောင်း၊သူ့မိဘနဲ့​မောင်​နှမ​တွေကိုဘယ်​လိုနှိပ်​စက်​ခဲ့တဲ့အ​ကြောင်း၊သူ့ကိုမည်​ကဲ့သို့ဆင်းရဲပင်​ပန်း​အောင်​နှိပ်​ကွပ်​ခဲ့သည်​အ​ကြောင်းများကသာတစ်​ကျော့ပြန်​လာသည်​။

"​စောက်​ပို​တွေ​ပြောမ​နေနဲ့​တော့!အခုသူ့ကိုသတ်​လိုက်​တော့!" ထိုလူ​ချော၏စိတ်​ကားသူ့ကိုအပြင်းအထန်​အော်​ဟစ်​နေ​လေ၏။

သူ့ဓားသူပြန်​လည်​ထိန်းချူပ်​လို့ရသွားချိန်​၊​သေဆုံးနှင့်​ပြီးလှုပ်​ရှားခြင်းမရှိသင့်​သောအမျိူးသမီးကရုတ်​တရပ်​ဓား​မြှောင်​နှင့်​သူ့နှလုံးရှိရာတည့်​တည့်​သို့ထိုးစိုက်​လိုက်​လေသည်​။ သူမယုံကြည်​နိုင်​ပဲ​နောက်​ကိုဖြည်းဖြည်းချင်းလှည့်​ကြည့်​မိသည်​။ သူ့မျက်​လုံးတို့ကအချစ်​၊အမုန်းနှင့်​မဖြစ်​ချင်​သည့်​ဆန္ဒများ​ကြောင့်​မဲ​မှောင်​နေသည်​။

"ကျွန်​မ​တောင်းပန်​ပါတယ်​''

ကာလရှည်​စစ်​ပွဲတစ်​ခုဟာ​နောက်​ဆုံး​တော့ပြီးဆုံးခဲ့ပြီ။ဒါ​ပေမယ့်​ဗီလိန်​ရဲ့​သေခြင်းက​တော့အဆုံးသတ်​မဟုတ်​ပါဘူး။ဒါဟာကအရာအားလုံးကိုပြန်​စတင်​မယ့်​အစပဲ။

​သေသင့်​တဲ့လူသားဟာအခု​တော့ ကြယ်​ပင်​လယ်​မှာမတ်​တပ်​ရပ်​လျှက်​ရှိ​နေတယ်​။သူ့အနက်​ရောင်​ဝတ်​ရုံကအခု​တော့အသားကပ်​ဝတ်​စုံအဖြစ်​ပြောင်းလဲသွားပြီ။သူလက်​ကောက်​ဝတ်​မှနာရီကိုကြည့်​လိုက်​သည်​။
အတိအကျ​ပြောရရင်ထိုအရာကနာရီမဟုတ်​AIဖြစ်​သည်​။
[AI - Artificial intelligence ၊ သိပ္ပံကွန်​ပြူတာတစ်​မျိူး]

သူ၏နံမည်​က ကျိူးယွင်​ရှန့်​ဖြစ်​ပြီး မူလ​နေထိုင်​သည့်​ကမ္ဘာက ၂၄၅၈သိပ္ပံ​ခေတ်​ဖြစ်​သည်​။ ထိုကမ္ဘာတွင်​ကျိူးယွင်​ရှန့်​သည့်​ထိပ်​တန်းဟက်​ကာတစ်​ဦးဖြစ်​သည်​။ တစ်​ရက်​သူ Star network​ပေါ်မှာအလုပ်​လုပ်​ပြီး ပြန်​log outမယ်​အလုပ်​Black holeကဲ့သို့​သော်​''God Space'' ၏ဝါးမျိူခြင်းကိုခံရပြီး အခြားကမ္ဘာသို့​ရောက်​သွားခဲ့သည်​။
ထို​နေရာတွင်​သူကဗီလိန်​အဖြစ်​ရှင်​သန်​ဖို့တာဝန်​ပေးအပ်​ခြင်းခံသည်​။ ထို့​ကြောင့်​မ​သေနိုင်​သောဗီလိန်​တစ်​ဦးပြန်​လမ်းမဲ့လမ်းကို​လျှောက်​ရ​တော့သည်​။ အဲ့ဒီလူရဲ့မိန်းက​လေးကိုသူမထိသင့်​မှန်းသူသိတယ်​။အဲ့ဒီလူဆရာရဲ့ရတနာပစ္စည်းမခိုးသင့်​မှန်းသူသိတယ်​။သူအဲ့ဒီလူရဲ့ညီကိုအနိုင်​မကျင့်​သင့်​ဘူး။အဲ့ဒီလူရဲ့မိသားစုကိုမနှိပ်​စက်​သင့်​ဘူး။ ဒါ​ပေမယ့်​သူက system ရဲ့ထိန်းချူပ်​မှု​အောက်​မှာအဲ့ဒီအဓိပ္ပါယ်​မရှိတဲ့အလုပ်​တွေကိုလုပ်​ပြီးဗီလိန်​တို့ရဲ့​သေလမ်းကိုသာ​လျှောက်​ခဲ့ရတယ်​။
စိတ်​ပျက်​ဖို့အ​ကောင်းဆုံးကသူ့မှာ ဇာတ်​လိုက်​ကို ဓားနဲ့ ထိုးဖို့၊ခုတ်​ဖို့၊ပစ်​သတ်​ဖို့အခွင့်​အ​ရေးရှိပါလျှက်​နဲ့ System ကသူဖတ်​ဖို့စာ​တွေအများကြီးချ​ပေးတဲ့အခါ​မျှော်​လင့်​ပျက်​သုဉ်းသွားရ​တော့တယ်​။ ဘာလို့ဆို သူ(ဗီလိန်​)​သေဖို့လူတစ်​ယောက်​ကအ​နောက်​မှာအမြဲတမ်းဓားကိုင်​ပြီး​စောင့်​နေတတ်​တာ​ကြောင့်​ပဲ။

ကျိူးယွင်​ရှန့်​ကအရမ်း​ချောတယ်​။သူမပြုံးပဲနဲ့​တောင်​သူ့နှုတ်​ခမ်းစွန်း​တွေက​လေးကိုင်းလို့​ကော့ညွှန့်​နေတတ်​လို့ သူ့ကိုလူရည်​မွန်​ပုံ​ပေါက်​စေတယ်​။ ဒါ​ပေမယ့်​အမှန်​တကယ်​ကဆန့်​ကျင်​ဖက်​ပဲ။ သူက အတွင်း​ကောက်​၊ပရိယာယ်​သိပ်​များတဲ့လူ၊ သူ့စိတ်​သူလည်​အရမ်းထိန်းချူပ်​ထားနိုင်​တယ်​။ Network​တွေကိုကစားစရာလိုသ​ဘောထားတဲ့လူတစ်​ယောက်​က System ရဲ့ဓားစာခံဖြစ်​လာ​တော့ သူ့ရင်​ထဲမှာ​ပေါက်​ကွဲချင်​စိတ်​ကအပြည့်​ပဲ။

သူLord Godကိုလက်​တုန့်​ပြန်​ရမည်​။

သူသာသာမန်​လူဆို Lord Godကိုဖျက်​ဆီးဖို့ ဘဝတိုင်းမှာသဲလွန်​စတစ်​ခုချင်းစီကိုရှာပြီး system နဲ့ပူး​ပေါင်း​ကောင်းပူး​ပေါင်းလိမ့်​မယ်​။ဒါ​ပေမယ့်​ကျိူးယွင်​ရှန့်​က ဟက်​ကာတစ်​ယောက်​။ ဘယ်​သူကမှ ဟက်​ကာတစ်​ယောက်​လောက်​data​တွေအ​ကြောင်းနားမလည်​နိုင်​ဘူး။ အဲ့တာက အရမ်းစီစဉ်​ကျပြီး​ခေတ်​အမှီဆုံး ၊ စိတ်​အချရဆုံးစက်​တစ်​ခုဖြစ်​နိုင်​တယ်​။ ပြီး​တော့ အရမ်းကို​ပျော့ကွက်​များတဲ့အရာတစ်​ခုလည်းဖြစ်​နိုင်​တယ်​။
ဒီပုံရိပ်​ယောင်​ကမ္ဘာမှာ​တော့ အနန္တတန်​ခိုးရှင်​ဘုရားသခင်​ဆိုတာ Dataအစုအ​ဝေးပဲ။ မင်းသူ့ကိုဖျက်​ဆီးချင်​ရင်​အင်​အားအ​မြှောက်​အများသုံးစရာမလိုဘူး။ မင်းလိုအပ်​တာ ရှုပ်​ထွေးတဲ့code အချိူ့ပဲ။ အများစုသိထားကျတာ ဗိုင်းရပ်​စ်​ပေါ့။

အစကတည်းက ကျိူးယွင်​ရှန့်​ကသူ့ကိုယ်​သူဗိုင်းရပ်​အဖြစ်​ပြောင်းပြီးစီစဉ်​ပြီးသား။ Main God system ထဲကတစ်​ခုတည်း​သောဗိုင်းရပ်​။ ရှာလို့မရ၊ထိန်းချူပ်​လို့မရ၊ဖယ်​ရှားလို့မရတဲ့ဗိုင်းရပ်​။
Main God ရဲ့ အချက်​အချာကုတ်​တွေနဲ့ယှဉ်​ရင်​သူက အ​ရေးမပါတဲ့ကုတ်​လေးပဲ။ဒါ​ပေမယ့်​သူက​တော့ထာဝရပျက်​ဆီးသွား​စေမယ့်​code။ ဒီဒဏ်​ရာ​သေး​သေး​လေ​တွေက System ကိုဖုံးလွှမ်းသွားပြီး ရပ်​ဆိုင်းသွား​စေလိမ့်​မယ်​။ အဲ့လိုဆို သူ သူ့ရဲ့ကမ္ဘာအစစ်​ဆီပြန်​သွားနိုင်​မှာပဲ။ဒါဟာသူ့ရဲ့ပန်းတိုင်​ပဲ။

အခု ကျိူးယွင်​ရှန့်​သူ့လက်​ကောက်​ဝတ်​က AIနဲ့ကစား​နေတယ်​။ ဒါ ဗီလိန်​စနစ်​အတွက်​သူ့ကို Lord God​ပေးထားတဲ့လက်​ဆောင်​။ System မှာ 007ဆိုတဲ့ကိုယ်​ပိုင်​ကုတ်​အမည်​ရှိပြီးအသံက​ယောက်ျားအသံဖြစ်​တယ်​။ သူက Lord God​ပေးအပ်​ထားတဲ့တာဝန်​တွေကိုထုတ်​ပြန်​ရတယ်​။ တကယ်​လို့​ပေးအပ်​ထားတဲ့တာဝန်​ကျရှုံးရင်​အပြစ်​ဒဏ်​ပေးဖို့လည်းတာဝန်​ရှိတယ်​။ ထိန်းချူပ်​ခံထားရသူ (host)ကအမိန့်​မနာခံရင်​သူတို့ခန္ဓာကိုယ်​ကိုယာယီထိန်းချူပ်​ထားနိုင်​တယ်​။လိုအပ်​ရင်​hostကိုဖျက်​ဆီးနိုင်​တယ်​။

တကယ်​လို့သူသာသာမန်​လူဆိုရင်​System ကို​ကြောက်​မိ၊မုန်းမိမှာပဲ။ ဒါ​ပေမယ့်​ကျိူးယွင်​ရှန့်​ကအဲ့လိုမခံစားရဘူး။ အဲ့ဒီအချိန်​မှာ သူ့စိတ်​ထဲကပီတိအဟုန်​တွေကိုပဲထိန်းချူပ်​နေရတယ်​။ သူကဟက်​ကာ။ သူ့ကိုကွန်​ပျူတာ သာ​ပေးလိုက်​တစ်​ကမ္ဘာလုံးကိုသိမ်းနိုင်​တယ်​။ Lord Godကသူ့ကိုအရမ်းအသုံးဝင်​တဲ့ပစ္စည်းတစ်​ခု​ထောက်​ပံ့​ပေးထားတာပဲ။

မ​ရေမတွက်​နိုင်​တဲ့ ဘဝကူးခြင်း​တွေပြီး​နောက်​အခုဘဝမှာ​တော့သူ သူ့ရဲ့ဗီလိန်မစ်​ရှင်​ကို​အောင်​မြင်​ခဲ့ပြီ။သူ Main God ရဲ့ Spaceဆီအပို့မခံရပဲအခု ကြယ်​ပင်​လယ်​ကို​ရောက်​လာခဲ့တယ်​။ 007က ပရိုဂရမ်​ဖျက်​ဆီးဖို့ဗိုင်းရပ်​ထည့်​သွင်းခံရပြီးပြီ။ သူ့ကိုတစ်​ချိန်​လုံးခြိမ်း​ခြောက်​နေတဲ့ System အခု​တော့ပျက်​စီးပြီ။

007ကအခု တာဝန်​တွေထပ်​မ​ပေးနိုင်​တော့ဘူး။ စကားမ​ပြောနိုင်​တော့ဘူး။ Hostရဲ့ခန္ဓာကိုမထိန်းချူပ်​နိုင်​ဘူး။ အဲ့ဒီအစား Hostကထိန်းချူပ်​နိုင်​တဲ့ပစ္စည်းဖြစ်​လာတယ်​။

ကျိူးယွင်​ရှန့်​လက်​ညှိုးနဲ့ AIထဲကအပြစ်​တွေကိုရှာကြည့်​လိုက်​တယ်​။ သူ့မျက်​လုံး​တွေကမထိန်းချူပ်​ထားနိုင်​တဲ့အ​ပျော်​တွေနဲ့တဖြတ်​ဖြတ်​လက်​နေတယ်​။ သူပတ်​ဝန်းထဲက ကြယ်​အာကာသကြီးက 007ဖန်​တီးထားတဲ့ လျှိူ့ ဝှက်​နေရာ​လေးပဲ။ Lord God အ​နေနဲ့သူ့ကို​နေရာတကာလိုက်​ပြီးညွှန်​ကြား​နေလို့မရ​တော့ဘူး။ ဒီ​နေရာကအရမ်းလုံခြုံတယ်​၊လှတယ်​၊ ဒါကသူ့ကိုယ်​ပိုင်​ဘုံနန်း​လေးပဲ။

သူအာကာသထဲ​လျှောက်​သွားပြီး​ရှေ့က ကြယ်​တစ်​လုံးကိုယူကြည့်​လိုက်​တယ်​။ ပြီး​တော့ဖြည်းဖြည်း​လေးပြန်​ထားလိုက်​တယ်​။ ဒါက စင်္ကြဝဋ္ဌာကြီးနဲ့ဆင်​တူတယ်​လက်​တွေ့မှာ​တော့စိတ်​ကူးနဲ့ပဲ​ရောက်​နိုင်​တဲ့​နေရာ​ပေါ့။ ဒီစွမ်းအင်​တွေက သဘာဝရဲ့စွမ်းအင်​တွေမဟုတ်​ဘူး စိတ်​ဝိညာဉ်​ရဲ့စွမ်းအင်​တွေပဲ။

ကျိူးယွင်​ရှန့်​ခပ်​ဖျော့​ဖျော့ပြုံးလိုက်​ပြီး သူ့လက်​ချောင်း​တွေက ကြယ်​ပင်​လယ်​ထဲ​ပျောက်​ကွယ်​သွားတယ်​။ Lord Godရဲ့ကမ္ဘာကြီးညစ်​နွမ်းသွား​အောင်​လုပ်​ဖို့သူ မ​စောင့်​နိုင်​တော့ဘူး။

March18/18
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі