Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 6.9
အခန်း (၆၀) အိုးစစ်နန်ဘဝ+
ဖျော်​ဖြေပွဲပြီး​နောက်​နေ့မှာ လင်းစစ်​ချင်း နဲ့ ကောမုန့်​ရှူဟာ ဖြစ်​နေတဲ့ ကိစ္စ​တွေအတွက်​ဖြေရှင်းချက်​ထုတ်​ဖို့​တွေ့ဆုံပွဲ​တွေမှာဖိအား​ပေးခံရသည်​။ ဒါ​ပေမယ့်​ဒီကိစ္စ မှာ ဂီတနတ်​ဘုရား​သေဆုံးမှု ပါဝင်​နေတာရယ်​စွင်းရွှီမု ရဲ့တက်​ကြွမှု​တွေရယ်​ကြောင့်​သတင်း​ထောက်​တွေက ဒီလူနှ​စ်ေ​ယာက်​ကို ကြမ်းကြမ်းတမ်းတမ်း ပဲ​ပြောဆိုဆက်​ဆံကြသည်​။ ထက်​ရှတဲ့​မေးခွန်းတစ်​ခုပြီး တစ်​ခု​မေးကာ ဒီလူနှစ်​ယောက်​ကို​ပြောစရာ မရှိသည့်​အဖြစ်​ရောက်​အောင်​တွန်း​ပို့​တော့သည်​။

​လင်းစစ်​ချင်းက​ခေါင်းညွှတ်​ပြီး​တောင်းပန်​ဖို့အကြိမ်​ပေါင်းများစွာ ကြိုးစားခဲ့​သော်​လည်း သူ့ရဲ့​တောင်းပန်​မှုထဲမှာ ဆင်​ခြေ​ပေးပြီး ခွင့်​လွှတ်​မှုရရှိ​အောင်​ဘယ်​လို​ပြောရမလဲဆိုတာ သူ မစဉ်းစားနိုင်​ပေ။ ဒါကို သူ ဘယ်​လို ညှိရင်​ရနိုင်​မလဲ။ သူတင်​ပြခဲ့တဲ့ စာချုပ်​စာတမ်း​တွေကလည်း တရားရုံး မှာသာမက သူ့ဘ​လော့်​ဂ်​မှာပါ တင်​ပြီးသားဖြစ်​နေသည်​။ လှည့်​စားထားတဲ့ သူ့လက်​ရေးမူ​တွေကလည်း သူဟာ လူလိမ်​တစ်​ယောက်​ဖြစ်​ကြောင့်​ကျေးဇူးမသိတတ်​တဲ့လူယုတ်​မာ တစ်​ယောက်​ဆိုတာကို သက်​သေပြ​နေသည်​။
"ကျွန်​တော့်​ရဲ့ အမှား​တွေကို ရင်​ထဲက နားလည်​သ​ဘော​ပေါက်​နေပါပြီ...​ကျေးဇူးပြု ပြီး ကျွန်​တော့်​ကို ခွင့်​လွှတ်​ပါ...​ကျေးဇူးပြု ပြီး ကျွန်​တော့်​ကို အခွင့်​အ​ရေး တစ်​ခု​လောက်​ထပ်​ပေးပါ..."
သူဆို့ဆို့နင့်​နင့်​နှင့်​စာတစ်​ကြောင်းလုံး​ပြောချလိုက်​သည်​။ သီချင်းနတ်​ဘုရားက ခု​တော့ဖြင့်​မျက်​ရည်​တွေကျကာ ဆို့နင့်​စွာ ငို​ကြွေး​နေသည်​မှာ က​လေးတစ်​ယောက်​လိုပင်​။
"ခွင့်​လွှတ်​မှု ဆိုတာမရှိဘူး...ငါတို့ မင်းကို ဘယ်​တော့မှ ခွင့်​မလွှတ်​ဘူးကွ..."
လူအုပ်​ထဲမှာ ပုန်း​နေတဲ့ အိုးစစ်​နန်​ရဲ့ ပရိသတ်​က ကျယ်​လောင်​စွာ​အော်​ပြောလိုက်​သည်​။​နောက်​တော့ တစ်​စုံတစ်​ယောက်​ရ အ​ပြေးအလွှား နဲ့​ခွေး​ချေးအိတ်​ကို လင်းစစ်​ချင်းဆီပစ်​လိုက်​သည်​။
လုံခြုံ​ရေးက အဲ့လူကို အမြန်​သယ်​ထုတ်​သွားသည်​။ လင်းစစ်​ချင်း ရဲ့ ရှက်​နေတဲ့ မျက်​နှာကြီးကသာ ကင်​မရာ​ပေါ်မှာ ကျန်​နေခဲ့​တော့သည်​။သူ့ရဲ့ ဂုဏ်​သတင်း က ခု​တော့ ပုပ်​သိုး​နေတဲ့ အ၀တ်​လိုပင်​ဆိုတာ​နောက်​ဆုံး​တော့ သူသ​ဘော​ပေါက်​သွားသည်​။ ဘယ်​လောက်​ပဲ သူ​လျှော်​လျှော်​ထပ်​၀တ်​နိုင်​တော့မှာ မဟုတ်​ပေ။ ။သူ့စိတ်​ထဲမှာ အမြဲတမ်း ညစ်​ပတ်​နေတယ်​လို့ပင်​မြင်​နေ​တော့မှာ ဖြစ်​သည်​။
အားငယ်​မှု​တွေ ကို သည်းမခံနိုင်​တော့​ပေ။ သူ ပြိုလဲလုနီးပါးပင်​...ဒါ​ပေမယ့်​သူ ကြံ့ကြံ့ခံထားသည်​။ သူ ကော​မုန့်​ရှူကို အရင်​ကယ်​ဖို့လိုသည်​။ ကောမုန့်​ရှူဟာ အမှန်​တရားကို ဘယ်​တုန်းကမှမသိခဲ့ဘူး။ သူမက အပြစ်​ကင်းသည်​။သူမ ရဲ့ အနာဂတ်​ကို သူမဖျက်​ဆီးနိုင်​။
သူ့ မန်​နေဂျာ က သူ့ကိုတွန်းထုတ်​ဖို့ ကြိုးစား​ပေမယ့်​သူက ထွက်​သွား ဖို့ ငြင်းဆန်​လိုက်​သည်​။ ကော​မုန့်​ရှူရဲ့ နာမည်​ကို ရှင်း​ပေးဖို့ရာ သူမိနစ်​အနည်းငယ်​အသုံးချလိုက်​သည်​။​နောက်​ပိုင်းမှာ ခယ်​မုန့်​ဆုလည်း​ဖြေရှင်း ချက်​တွေ​ပေးဖို့ ဖိအား​ပေးခံရသည်​။ ဒါ​ပေမယ့်​သူအဲ့ဒါကို မသိလိုက်​။​နောက်​ဆုံး မှာ သူ ဂရုတစိုက်​နဲ့ အိုးစစ်​နန်​နဲ့ အိုးပိုင်​ပေါ်ကို​တောင်းပန်​လိုက်​သည်​။
ကြည့်​ရတာ ပရိသတ်​တွေက​တော့ အဲ့ဒါကို မယုံကြည်​ကြ။ သူမရဲ့ အရင်​က​ကောင်းကင်​ထိ​လောင်​တဲ့ များစွာ​သော ပရိသတ်​တွေဟာ​ချောင်​ကပ်​ကုန်​ပြီး​ထောင်​ကျော်​လောက်​သာ ကျန်​တော့သည်​။ အသစ်​က​လေး​တွေက​တောင်​မှ သူမထက်​ပရိသတ်​ပိုများ​နေ​သေးသည်​။+
ကောမုန့်​ရှူ ပျက်​စီး လာ​တာကို ကြည့်​ရင်း ယွင်ကျစ်ယွမ်​သတိဝင်​လာသည်​။ အခု သူ စွင်းရွှီမုကိုရှာဖို့လုပ်​ရ​တော့မည်​။

သူတို့ ရုံးခန်း ထဲကို​လျှောက်​သွားပြီး သူတို့ဘာသာ ခုံတန်းရှည်​မှာ ထိုင်​ချလိုက်​သည်​။ ကောမုန့်​ရှူ မိတ်​ကပ်​အထူကြီး လိမ်းထား​ပေမယ့်​မျက်​တွင်းကျ​နေတာကို​တော့ မဖုံးကွယ်​နိုင်​ပေ။ သူမက စွင်းရွှီမု ကို နှုတ်​ဆက်​လိုက်​ပြီး​နောက်​ဆိုဖာမှာမှီထိုင်​နေတဲ့ အိုးစစ်​နန်​ကို မြန်​မြန်​ဖြတ်​ခနဲလှမ်းကြည့်​လိုက်​သည်​။
လူငယ်​လေးက လက်​ဘက်​ရည်​သောက်​နေပြီး သူ့ရဲ့​ကြွေလို ဖြူ ၀င်းလှတဲ့ အသားအရည်​ဟာ​ဖျော့​တော့​တော့​နေ​ရောင်​ခြည်​အောက်​မှာ လင်းလက်​လို့​နေသည်​။ သူ့ရဲ့ ညွတ်​ကွေး​နေတဲ့ မျက်​ခုံး​တွေက တိတ်​ဆိတ်​ခြင်းကို ထုတ်​ဖော်​နေပြီး သွင်​ပြင်​မှာ အားငယ်​ညှိုး​ယော​နေသ​ယောင်​နှင့်​အလှပန်းချီကားတစ်​ချပ်​အလားပင်​။ ဒီလို ရှက်​တတ်​တဲ့ လူက ခုလိုမျိုး ခြိမ်း​ခြောက်​နိုင်​တဲ့ သွင်​ပြင်​ရှိလာသည်​မှာ ပုံ​ဖော်​နိုင်​ရန်​ခဲယဉ်းလှသည်​။ သူက လူသန်း​ပေါင်းများစွာကို သူ့အတွက်​အား​ပေးဖို့​အော်​ဟစ်​ဖို့ ငို​ကြွေးဖို့နဲ့ သူ့ကို ဘယ်​တော့မှ မ​မေ့​စေဖို့ရာ လုပ်​ဆောင်​နိုင်​သည်​။

သူဟာ သူ့ကို ဆန့်​ကျင်​တိုက်​ခိုက်​နေတဲ့​ကောလာဟလ​တွေကို​ပျောက်​အောင်​လုပ်​နိုင်​ကာ သီချင်း မ​ရေးနိုင်​ဘူးလို့​ပြောတဲ့ သူ​တွေကို့ သူ့ရဲ့​ဖျော်​ဖြေပွဲ အပြီးမှာ ဘာမှ မ​ပြောနိုင်​တော့​အောင်​လုပ်​နိုင်​သူ ဖြစ်​သည်​။ သူ့ရဲ့ ဘ​လောဂ့်​မှာ​ပြောထားသလိုပင်​သူဟာ အရည်​အချင်း မရှိတာမဟုတ်​။ သူ့အ​ဖေကို ကိုးကွယ်​မှုက က ခိုင်​မြဲလွန်းတာ​ကြောင့်​သူကိုယ်​တိုင်​အကျဉ်းချထားသလို ဖြစ်​နေခြင်းသာ။ သူ့အ​ဖေရဲ့​ရှေ့ကို ဘယ်​တော့မှ​ရောက်​နိုင်​မှာ မဟုတ့ဘူးလို့ သူထင်​ခဲ့သည်​။ ဒါ​ပေမယ့်​သူ့အ​ဖေရဲ့​သေဆုံးမှုက သူ့ ၀ိညာဉ်​ကို ဖုံးကွယ်​ထားတဲ့ အခွံကို ခွဲလိုက်​သလိုဖြစ်​ကာ ခု​တော့ဖြင့်​သူဟာ​ကောင်းကင်​ကြီးထဲ လွတ်​လွတ်​လပ်​လပ်​ပျံသန်း ဖို့ရာ သတ္တိ ရှိ​နေပြီဖြစ်​သည်​။
ယွင်ကျစ်ယွမ်​လည်း အိုးစစ်​နန်​ကို မြင်​လိုက်​တော့​ဝေခွဲမရ ၀ိ​ရောဓိ ဖြစ်​နေသည်​။ ကမ္ဘာ့ အမိုက်​ဆုံး ဂီတပညာရှင်​တွေထဲက တစ်​ယောက်​အဖြစ်​လူငယ်​လေးက​ပြောင်းလဲသွားသည်​။ သူ့ သီချင်း​တွေက လူကြိုက်​အများဆုံး စာရင်းမှာ top 10 ၀င်​ပြီး​နေရာတိုင်းမှာ သူ့ရဲ့အကြီးစား fan​တွေရှိသည်​။ သူ့ကို​ရော့ခ်​ခေါင်း​ဆောင်​၊ ဂီတ မျိုးဆက်​သစ်​ရဲ့ဧကရာဇ်တစ်​ဆူ ဟု​ခေါ်ကြသည်​။ သူက သူ့အ​ဖေထက်​ပင်​ကြီးကျယ်​ခမ်းနားလှတဲ့ အသစ်​အသစ်​တွေကို ဖန်​တီးနိုင်​မည့်​သူဖြစ်​သည်​။
ပြီး​တော့ ဒီလိုရွက်​ပုန်းသီး က Time Record ရဲ့ မဆိုင်းမတွ ဖယ်​ရှား ခြင်းခံလိုက်​ရပြီး သူ့ကို​တောင်​တားမြစ်​ချက်​ထုတ်​ပြခဲ့ပြီး ပြိုင်​ဘက်​အဖြစ်​အဆုံးထိ တွန်းပို့ခဲ့​သေးသည်​။ ဒါ​တွေ​ကြောင့်​ယွမ်​ကျိယွမ်​က သူ့အ​ဖေဆူတာခံခဲ့ရသည့်​အပြင်​ဘုတ်​အဖွဲ့ဝင်​တွေ အပြစ်​ရှာတာကိုလည်း ခဏခဏခံခဲ့ရသည်​။တချို့က သူ့ကို ရာထူးက ထုတ်​ပြစ်​ဖို့​တောင်းဆိုကြ​သေးသည်​။+
အိုးစစ်​နန်​က ရှင်းပြဖို့ရာ​သူ့ရုံးခန်းကိုခဏခဏလာခဲ့​ပေမယ့်​ယွ​င်ကျစ်ယွမ် က အမြဲ နှင်​ထုတ်​ခဲ့သည်​။ အခု​တော့ သူ့အလှည့်​ကို ပြန်​ရောက်​လာခဲ့ပြီ။ သူ ငြိမ်​ငြိမ်​လေး နား​ထောင်​ရမည်​။ မဟုတ်​လျှင်​Time Recordက ဒီ အကျပ်​အတည်းက​နေ နလန်​ထူနိုင်​မှာ မဟုတ်​ပေ။
သူ့စိတ်​ထဲ​နောင်​တရ​နေတာကို မြိုသိပ်​ပြီးစွင်းရွှီမု ကို နှုတ်​ဆက်​လိုက်​သည်​။
"ထိုင်​...."
စွင်းရွှီမု က သာမန်​ကာလျှံကာပဲလက်​ယမ်းပြလိုက်​ပြီး​ဆေးပြင်းလိပ်​ကိုယူကာ သူ့အချစ်​လက်​ထဲ​ပေးလိုက်​သည်​။

ကျိုးယွင့်​ရှန်​က​ဆေးပြင်းလိပ်​ကို ယူလိုက်​ပြီး​သေ​သေသပ်​သပ်​ဖြတ်​ကာ မီးညှိ လိုက်​ပြီး​ဆေးလိပ်​ငွေ့​တွေကို​ရှောင်​ဖို့ရာ​ခေါင်းကို မြန်​မြန်​ရွှေ့လိုက်​သည်​။
စွင်းရွှီမု က သူ့ကို ကြည့်​ပြီး ပြာခွက်​ထဲက​ဆေးလိပ်​ကို တစ်​ချက်​ကြည့်​ကာ အသံတိုးတိုးနှင့်​ပြောလိုက်​သည်​။
"​ဆေးလိပ်​နံ့ကို မုန်းမှန်း ကိုယ်​မသိခဲ့ဘူး...ကိုယ်​ဆေးလိပ်​ဖြတ်​လိုက်​တော့မယ်​နော်​..."

"မလုပ်ပါ​နဲ့...ဒါကခင်​ဗျားရဲ့ဝါသနာ​လေ....ဖြတ်​နိုင်​မှာ မဟုတ်​ဘူး..."

ကျိုးယွင့်​ရှန်​က ရယ်​မောပြီး​ခေါင်းခါလိုက်​သည်​။ အတိတ်​တုန်းက သူ့ကို​ဆေးလိပ်​ဖြတ်​ပေးဖို့ ကြိုးစားခဲ့ဖူးတယ်​။ တစ်​လ နှစ်​လအတွက်​မဟုတ်​...သုံး​လေးဘ၀​ပြောင်းသည့်​အထိ သူဘယ်​တော့မှ မ​အောင်​မြင်​ခဲ့​ပေ။​နောက်​ဆုံး သူလက်​လျှော့လိုက်​သည်​။​ဆေးလိပ်​ဖြတ်​ပေးဖို့ဆိုတာ သူဘယ်​တော့မှ​အောင်​မြင်​မှာ မဟုတ်​သည့်​အလုပ်​ပင်​။
ယွင်​ရှန့်​သူ့လက်​မောင်း​တွေနား စွင်းရွှီမု ရဲ့ လည်​တိုင်​ကို ဆွဲယူကာ​ခေါင်းကို နှိမ့်​လိုက်​ပြီး​စောင်းလိုက်​ကာ နားနားကို တိုးတိုး​လေး ကပ်​ပြောလိုက်​သည်​။
"မဖြတ်​နဲ့....ခင်​ဗျား ကျွန်​တော့်​ကို နမ်းရင်​ရတဲ့​ဆေးရွက်​ကြီးအနံ့ကို ကြိုက်တယ်​..."
စွင်းရွှီမု မျက်​နှာက ဘာအမူအရာမှ မပြ​သော်​ငြား သူ့ ခန္ဓာကိုယ်​အောက်​ပိုင်းက အလျင်​အမြန်​ပဲ တင်းမာလာ​လေသည်​။ သူ သည်းခံ ပြီးရင်း သည်းခံ​သော်​လည်း မထိန်းနိုင်​တော့။ သူ့ချစ်​သူရဲ့ ပါးကို ထိလိုက်​ပြီး နဖူး​လေးကို မြတ်​နိုးစွာ နမ်းရှိုက်​လိုက်​ပြီး​နောက်​သူ့ရဲ့ အရမ်းကို ရိုးသားလွန်း​နေတဲ့ ခန္ဓာကိုယ်​အစိတ်​အပိုင်း ကို ဖုံးကွယ်​နိုင်​ဖို့ရာ သူ့ရဲ့ သွယ်​လျတဲ့​ခြေ​ထောက်​တွေကို ထပ်​ထိုင်​လိုက်​သည်။  သူ ယွင်ကျစ်ယွမ်​ကို ကြည့်​လိုက်​ပြီး​မေးလိုက်​သည်​။

"သူ​ဌေး ယွင်ကျစ်ယွမ်​.. .တစ်​ခုခုလိုတာရှိလို့လား..."

​ကောလာဟလ​တွေအရ စွင်းရွှီမု က​အေးတိ​အေးစက်​နိုင်​ပြီး စာနာစိတ်​မဲ့သည့်​သွေး​အေး သတ္တ၀ါ ဖြစ်​သည်​။ ဒါ​ပေမယ့်​သူတို့​ရှေ့ကလူက​တော့ အ​ပျော်​တွေ ပြည့်​နေသည်​။ သူက လုံးဝ တခြားလူတစ်​ယောက်​လိုပင်​။ ယွင်ကျစ်ယွမ် စကားမ​ပြောခင်​ခဏသတိ​မေ့​သွားသည်​။
"စွင်း သူ​ဌေး...​ကောမုန့်​ရှူက သီချင်းကို တခြားသူ​ဆီက ကူးထားတယ်​ဆိုတာ လုံးဝ မသိဘူးဆိုတဲ့ အ​ကြောင်းကို မစ္စတာအိုး အ​နေနဲ့ ကျွန်​တော်​တို့နဲ့ ပူး​ပေါင်းပြီ ရှင်းပြ​ပေးမယ်​လို့​မျှော်​လင့်​ပါတယ်​...သူမကိုယ်​တိုင်​လည်း လင်းစစ်​ချင်းလိမ်​တာခံခဲ့ရတာပါ...သူတို့ ပတ်​သက်​မှုကလည်း ခု​တော့ ပြီးသွားပါပြီ...ဒီ ပြစ်​မှုက သူမ အနာဂတ်​ကို ဖျက်​ဆီးပစ်​နိုင်​လို့ပါ..."

ဒီလို​ပြောရုံနဲ့ စွင်းရွှီမု ဆီက အထင်​တကြီးနဲ့​ကောင်းကျိုးရဖို့ဆိုတာ မလုံ​လောက်​မှန်းသူသိသည်​။ အဲ့တာ​ကြောင့်​ခပ်​မြန်​မြန်​လေး ထပ်​ပြောလိုက်​ကာ
"ကျွန်​တော်​သတင်​ကြားတာက စွင်းသူ​ဌေး က မြစ်​အ​နောက်​ဘက်​က​မြေ​တွေ ၀ယ်​ချင်​နေတယ်​ဆိုလားပဲ ...ကျွန်​တော့ သတင်းအတွက်​ဈေးအနည်းဆုံးနဲ့ ၀ယ်​လို့ရ​အောင်​ဆုံးဖြတ်​ပေးပါ့မယ်​...ကောမုန့်​ရှူကို မစ္စတာအိုး အ​နေနဲ့ ခွင့်​လွှတ်​ဖို့ ဆန္ဒရှိတယ်​ဆိုတာကို သူ့ ဘ​လောဂ့်​မှာ​ဖော်​ပြ​ပေးမယ်​ဆိုရင်​မုန့်​ရှူက ထပ်​စတင်​ဖို့ အခွင့်​အ​ရေး ရမှာပါ..."သူ့ချစ်​သူရဲ့ အနာဂတ်​အတွက်​ဘယ်​လို​ဈေးမဆို​ပေးရန်​သူ ဆန္ဒရှိသည်​။
ကော​မုန့်​ရှူ စိတ်​အရမ်းလှုပ်​ရှားသွားသည်​။ သူမ သူ့လက်​ကို တင်းကျပ်​စွာ ဆုပ်​ကိုင်​ထားမိချိန်​သူမမျက်​လုံး​တွေ နီရဲ​နေသည်​။+
စွင်းရွှီမု သူ့ချစ်​သူကို လှည့်​ကြည့်​လိုက်​သည်​။ သူ့အဲ့ဒီ​မြေကို တကယ်​လိုချင်​ခဲ့​ပေမယ့်​အဲ့ဒါက သူ့ချစ်​သူရဲ့ ဆန္ဒကို ဆန့်​ကျင်​နေမယ်​ဆိုရင်​သူ့ကို တစ်​ကမ္ဘာလုံးက ချမ်းသာ ကြွယ်​၀မှု​တွေပုံ​ပေးရင်​တောင်​သူလုပ်​မှာမဟုတ်​ပေ။
ကျိုးယွင့်​ရှန်​ခဏ​လောက်​စဉ်းစားပြီး​တော့​ခေါင်းဖြည်းဖြည်းချင်း ခါလိုက်​သည်​။
"ခွင့်​လွှတ်​တယ်​ပြောဖို့က အရမ်းလွယ်​ပေမယ့်​ကျွန်​တော်​မလုပ်​နိုင်​ဘူး..sorry​နော်​...​အဆုံးမှာ ကော​မုန့်​ရှူ က အပြစ်​မကင်းဘူး​လေ...ဒီသီချင်းက​ကောင်းတယ်​မလား...ဒီသီချင်းကို ကြားကြားချင်း မင်းလိုချင်​ခဲ့တာပဲ မဟုတ်​ဘူးလား...ဒီသီချင်းကို​ရေးခဲ့တဲ့သူက သူမကို သ​ဘောကျ​နေတာ မဟုတ်​ဘူးလား...သူက သူမ အတွက်​ဘာမဆိုလုပ်​ဖို့်​ဆန္ဒရှိတယ်​လေ... အဲ့​တော့...မစ္စကော​က သူ့ကို ဆွဲ​ဆောင်​ခဲ့တယ်​လေ...သူမ သူ့ကို​တောင်းဆိုပြီးရင်း​တောင်းဆိုတယ်​လေ...ဒီသီချင်းကို သူမအတွက်​ပေးဖို့​ပေါ့...ကျွန်​တော့အကိုက ကျွန်​တော့်​အတွက်​ပြန်​ပြင်​ပေးမယ်​လို့​သေချာ​ပြောခဲ့တာ​လေ...​နောက်​တော့ ရုတ်​တရက်​ကြီး ကျွန်​တော့်​ကို စ​ရှောင်​လာပြီး​နောက်​ဆုံး​တော့ သူက မင်းကို သီချင်း​ပေးခဲ့တာပဲ​လေ..မင်း​ကျေနပ်​ဖို့ သူက ဘာမဆို လုပ်​ပေးချင်​ခဲ့တာ​လေ...မင်းရဲ့​လောဘနဲ့ အ​နှောင့်​အယှက်​မ​ပေးခဲ့ရင်​အရာအားလုံး ဒီလို ဖြစ်​လာမှာ မဟုတ်​ဘူး ...ငါ့အကိုကို ဘယ်​တော့မှ ခွင့်​လွှတ်​နိုင်​မှာ မဟုတ်​ဘူး...ပြီး​တော့..​ပြောရရင်​မင်းကို ဘယ်​တော့မှ ခွင့်​မလွှတ်​ဘူး.. .​ကျေးဇူးပြု ပြီး ထွက်​သွား​ပေးပါ.. ."+

လူငယ်​လေးရဲ့ စကား​တွေကကောမုန့်​ရှူရဲ့​နောက်​ဆုံး သစ်​ရွက်​ကို​ကြွေကျသွား​စေသည်​။ တကယ်​တော့ လင်​စစ်​ချင်း သူမကို ရှင်းပြခဲ့သည်​။ ဒီသီချင်းက အိုးစစ်​နန်​အတွင်​ပြင်​ပေးတာလို့ သူ​ပြောခဲ့သည်​။ ဒါ​ပေယ့်​ဒီသီချင်းက နာမည်​ကြီးလာပြီး ထိပ်​ကို​ရောက်​မယ်​ဆိုတာ သူမသိ​နေခဲ့သည်​။ ဒါ​ကြောင့်​သူမ လက်​မ​လျှော့နိုင်​။ လင်းစစ်​ချင်းရဲ့မန်​နေဂျာကို သူမနဲ့လင်းစစ်​ချင်းကို သီးသန့်​ချိန်းဆို​ပေးဖို့ ဖိအား​ပေးခဲ့သည်​။ သူမတို့ နှစ်​ယောက်​ပဲ ရှိတဲ့ အချိန်​ကျမှ သူ့ကို​မျှော်​လင့်​ချက်​လေး နည်းနည်း​ပေးပြီး သူ့ကို ဆွဲ​ဆောင်​ကာ...။

ဒီလိုနဲ့ သူမ ဆန္ဒပြည့်​ခဲ့သည်​။

မီဒီယာ​ရှေ့မှာ သူမ အပြစ်​ကင်း​ကြောင်း​ကြေညာခဲ့​ပေမယ့်​သူမစိတ်​ထဲက​ကြောက်​ရွံမှုနဲ့ လိပ်​ပြာမသန့်​တာကို​တော့ ခံစား​နေရ​သေးသည်​။ စိတ်​ပျော့သည့်​အိုးစစ်​နန်​က အလွယ်​တကူပဲ သူမကို ခွင့်​လွှတ်​မယ်​လို့ သူမထင်​ခဲ့သည်​။ ဒါ​ပေမယ့်​အားလုံး ဆုတ်​ယုတ်​လာတုန်း သူက မာ​ကြောဖို့နဲ့​အေးစက်​ဖို့ကိုသင်ယူနိုင်ခဲ့သည်။
​သူမ​နောင်​တရခဲ့​ပေမယ့်​ကတိအတိုင်း ပြုလုပ်​ဖို့ရာ အခန်း ရှာမ​တွေ့ခဲ့။ သူမ အိုးစစ်​နန်​ဆီကခွင့်​လွှတ်​မှုကို မရရင်​ဒီအနုပညာလောကမှာဆက်​ရပ်​တည်​ဖို့က မဖြစ်​နိုင်​ပေ။

ငါ အနာဂတ်​မှာ ဘာလုပ်​ရမလဲ။ ယွင်ကျစ်ယွမ်​ပြောသလို ဒီ​လောကက ထွက်​ပြီး သူနဲ့ လက်​ထပ်​လိုက်​ရမလား။ သူမ မထွက်​ဘူး​ပြောခဲ့​ပေမယ့်​သူ့အ​ဖေက ပြင်းပြင်းထန်​ထန်​ဆန့်​ကျင်​ခဲ့သည်​။ ယွင်မိသားစုက သူမလို အနုပညာရှင်​ကို သူတို့ မိသားစုထဲ အ၀င်​မခံ​ပေ။

ကော​မုန့်​ရှူဟာ သူမ​ရေခဲ​ချောက်​ထဲ ကျသွားသလို ခံစား​နေရပြီး ယွင်ကျစ်ယွမ် ဘယ်​လိုခံစား​နေရသလဲဆိုတာ​တော့ သူမ မသိ​ပေ။
ယွင်ကျစ်ယွမ်  လည်းပဲ အနုပညာ အသိုင်းအဝိုင်းမှာ အင်အားကြီး ပုဂ္ဂိုလ် ဟု မှတ်ယူနိ်ုင်သော်လည်း ဒီတစ်ခေါက်တော့ သူ့ မိန်းကလေး ကိုတောင်မကာကွယ်နိုင်ဘူး။ကောမုန့်ရှူရဲ့ အဆိုတော် career က လုံးဝ အဖျက်စီးခံရတာကို မြင်ရတဲ့အပြင်​လင်း​စစ်​ချင်းအဝေးနိုင်ငံရပ်ခြား ကို ရွေ့ပြောင်းနေပြီး ဘယ်တော့မှ ပြန်မလာဖို့သေချာနေသလောက်ရှိသည့်အတွက် သူ့နှလုံးသားတို့ ဟာ မီးတောက်ထဲမှာ ဖိနှိပ် လောင်ကျွမ်းနေပြီ။သူ စွန့်စားဖို့ နေရာတစ်နေရာရှာဖို့ လိုနေပြီ။+

ပြီးတော့ အိုးစစ်​နန်​က သူ့ဆုံးရှုံးမှုအတွက်​လျော်​ကြေးယူဖို့ရာ အဓိက  ဖြစ်လာတယ်။ သူက ဓာတ်ပုံ အချို့ကို ဝယ်ယူရန် ပိုက်ဆံအများကြီး သုံးခဲ့လိုက်ရပြီး လူတွေကို အင်တာနက်ပေါ်မှာ အလျင်အမြန် ဖြန့်စေလိုက်တယ်။

ဒီဓာတ်ပုံ ထဲမှာ အမျိုးသားနှစ်ယောက် နမ်းနေတဲ့ပုံတွေပဲဖြစ်ပြီးအိုးစစ်​နန်​ရဲ့ မျက်နှာ က မြင်သာနေသော်လည်း ကျန်တစ်ယောက်ကတော့ အမှောင်ထဲမှာ ကွယ်နေတယ်။ အဲ့အမျိုးသား အရပ်ရှည်ပြီး ခန္ဓာကိုယ်က လည်း ကြံ့ခိုင်တယ်၊ သူက အိုးစစ်နန်​ကို သူ့လက်မောင်းထဲမှာ တင်းကြပ်စွာ ထွေးပိုက်ထားတယ်၊ လက်တစ်ဖက်ကလည်း သူရဲ့ ခေါင်း နောက်စိကို ဖိထားပြီးကျန်တစ်ဖက်ကလည်းသူ့ရဲ့ ခါး ကို တင်းတင်းကြပ်ကြပ် ဖက်ထားတယ်၊ သူတို့ ခန္ဓာကိုယ်အောက်ပိုင်းတွေက ယှက်နွယ်နေလေတယ်...

မီးမှိန်မှိန်အောက်မှာတောင် သူတို့ နှစ်ဦး ရဲ့ စိတ်ချင်းဆက်နွယ်မှုတို့ ကတော့ မဖျောက်ဖျက်နိုင်ပါ။

ခေါင်းစီးကလည်း အရမ်းကို  ဆွပေးနိုင်လွန်းနေတယ် — သီချင်း နတ်ဘုရား​သစ် က လူမြင်ကွင်းမှာ ရွံရှာဖွယ်နမ်းတဲ့ အခြောက် ဘုရင် ဖြစ်နေတယ်။2

ပြီးနောက်  လောလောလတ်လတ် ခန့်အပ်ထားတဲ့ ပုံ ပန်း ရုပ်ဖတ်သူတွေက board​တွေမှာ အိုးစစ်​နန်​က အမျိုးသား အများကြီး တွေနဲ့ လူမြင်ကွင်းမှာ နမ်းပြီး fuck တာကိုတောင် မျက်မြင် ကိုယ်တွေ့ မြင်ခဲ့ရကြောင်း၊ သူက ဒီအတိုင်း သားရဲ တိရိစ္ဆာန် ဖြစ်ကြောင်း တင်ပြခဲ့ သေးတယ်။

ပြည်သူတွေဟာ အုတ်အုံသောင်းနင်းနဲ့ ဆူဆူညံညံဖြစ်နေကြတယ်။ အမှန်တရားကို တောင်းခံ ရင်း အံ့သြတုန်လှုပ်၊ ဒေါသပုန်ထစွာဖြင့် အိုးစစ်​နန်ရဲ့အဖွဲ့ ကို သူတို့ ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်။
သူတို့ ဟာ ဖြေရှင်းချက်ရရန် ဟွမ်​ယာ ဖျော်ဖြေရေးအဖွဲ့ ကို လည်းဖိတ်ခေါ်ခဲ့ပါသေးတယ်။လိင်တူဆက်ဆံရေးကို မုန်းတီးသူတွေ ကတော့ဓာတ်ပုံတွေက ရွံရှာဖွယ်ကောင်းတယ်၊ သူတို့ မြင်လိုက်တုန်းကဆိုရင် ညစာတောင် မစားနိုင်ဖြစ်ရတယ်လို့ ဆိုကြတယ်။

ဒါပေါ့၊ တစ်ချို့လူတွေက ယောက်ျားလေးတွေကိုပဲ ချစ်ချစ်၊ မိန်းကလေးတွေကိုပဲ ချစ်ချစ် ဒါဟာ အိုးစစ်နန်ရဲ့ လွတ်လပ်ခွင့်ပါပဲ ဟုဆိုပြီး မတ်တပ်ရပ်ထောက်ခံအားပေးကြတယ်။ ဒါပေမဲ့ C တိုင်းပြည်ကတော့ လုံးဝကို ရှေးရိုးစွဲ တိုင်းပြည်ဖြစ်တဲ့အတွက် ဒီ စကားသံတွေ၊ ဆူပူသံတွေကတော့ အသေးအဖွဲ့ပါပဲ။ ရှေးဟောင်းအယူအဆတွေကိုကြိုက်နှစ်သက်တဲ့ သရုပ်ဆောင်တစ်ယောက်ကတော့ ဒီပြသာနာကို အကြီးစား ရာဇဝတ်မှုဟု ယူဆတယ်။ သူက အဲ့ဒါကို ရောဂါတစ်မျိုးဟု နာမည်တပ်ပြီး အိုးစစ်​နန်ကိုတောင် မြန်မြန် ရောဂါကုထုံးရှာပြီးကုသမှုခံယူဖို့ တိုက်တွန်းလိုက်ပါသေးတယ်။
အိုးစစ်​နန် ရဲ့ ပေါ်ကာစ သီချင်းခြင်း အသက်မွေးမှုဟာလည်း အကြီးအကျယ်ဖျက်ဆီး ခံလိုက်ရပါတော့တယ်။ သူရဲ့  ဖိုမလက္ခဏာ၊ ကိုယ်ပိုင်ဘဝတွေဟာ လူတွေရဲ့ အတင်းအဖျင်းပြောစရာဖြစ်လာပါတော့တယ်။ပြီးနောက် သူနဲ့ လင်းစစ်​ချင်း တို့ရဲ့ ငယ်ငယ်တုန်းက ရင်းနှီး စွာအတူရှိနေတဲ့ဓာတ်ပုံအချို့ တွေကလည်း ပေါ်ထွက်လာပြီး ရက်စက်တဲ့ ကောလဟာလတွေ လည်းစတင်လာပါတော့တယ်။+

ကောမုန့်ရှူ ကို လူတွေ အာရုံမစိုက်မိတော့တဲ့အတွက် ယွင်ကျစ်ယွမ် က အိုးစစ်​နန်​ရဲ့ ဂုဏ်သိက္ခာကို ပျက်စီးစေခြင်းဖြင့် သူမကိုသန့်စင်အောင်လုပ်ခဲ့တယ်။ သူဟာ ပြည်တွင်းက အတော်ဆုံး ဂီတပညာရှင်တွေကို ဆက်သွယ်ခဲ့ပြီး သူမကို album အသစ် ထုတ်ပေးရန် ကြံရွယ်ပါတော့တယ်၊ ဒါမှသာ သူမလည်း တတ်နိုင်သမျှ အမြန်ဆုံး ပြန်ပြီး ထင်ရှားကျော်ကြားနိုင်မှာဖြစ်တယ်။

လီလိ(ဟွမ်ယာ ဖျော်ဖြေရေး အဖွဲ့ အစည်းဥက္ကဠ) က စွန်းရွှီမု  ဆီ သတင်းစာအထပ်လိုက်ကို ပုံပေးလိုက်ကာ သူက မျက်မှောင်ကြုတ်လိုက်ပြီး '' Boss, ကျွန်တော်တို့ ဘာလုပ်ကြမလဲ? ကျွန်တော်တို့ ဖြေရှင်းဖို့ သတင်းစာရှင်းလင်းပွဲ လုပ်လိုက်ရမလား? ဒါမှမဟုတ် ကျွန်တော်တို့မြန်မြန် အိုးစစ်​နန်​က ကျွန်တော်တို့ company က အမျိုးသမီး အနုပညာရှင်တွေထဲက တစ်ယောက်ယောက်နဲ့တွဲနေတဲ့ သတင်း ထွက်အောင် လုပ်လိုက်ရမလား? အဲ့ဒါဆို သူအကုန်ဖြေရှင်းပြီးဖြစ်ပြီ..."

လီလိ​ပြော​နေရင်း နောက်ဆုံးတစ်ကြောင်းမှာ​သူရဲ့ Boss က သူကို လူသတ်တော့မယ့် မျက်လုံးတွေနဲ့ ကြည့်နေတာ​ကြောင့်​တောင့်​သွား​လေသည်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі