Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 3.4
အခန်း(၂၅) ရှမ်းရိပင်းဘဝ

အိမ်​ရှေ့မင်းသား ရဲ့ ညံ့ဖျင်းတဲ့ အုပ်​ချူပ်​မှု​ကြောင့်​အခုလိုအလိမ်​အညာကြီးကိုဖြစ်​တာမို့ သတင်းပြန့်​သွားပြီး​နောက်​အိမ်​ရှေ့မင်းသားလည်း သိက္ခာကျပြီး အမတ်​တွေနဲ့ စာ​ပေ ပညာရှိကြားတွင်​မျက်​နှာပျက်​ရကာ သူ့ရဲ့ဆက်​ခံသူ​နေရာကလည်း ယိမ်းယိုင်​စပြုလာသည်​။ 2

ကံ​ကောင်းတာက ထျန်းချန်​မင်းကြီးက သူ့ကိုလုံးဝစိတ်​ကုန်​သေးတာမဟုတ်​တာပဲ။ သူက အိမ်​ရှေ့မင်းသား ကို ဦး​ဆောင်​ပြီး ချူံးလင်​စား​သောက်​ပွဲကြီးကျင်းပ​စေတယ်​။ ဒါမှပဲ နည်းနည်းသိက္ခာပြန်​ဆယ်​နိုင်​အောင်​ပေါ့။

ဒါ​ပေမယ့်​လည်း အိမ်​ရှေ့မင်းသားက မ​ကျေနပ်​။ ထျန်းချန်​မင်းကြီး စား​သောက်​ပွဲကပြန်​ကြွသွားတာနဲ့ သူ့ခွက်​သူဝိုင်​ဖြည့်​ပြီး ဧည့််သည်​တွေကို လျစ်​လျူရှုကာသောက်​နေ​တော့သည်​။
လက်​တ​လောအဖြစ်​အပျက်​ကြောင့်​နောက်​လိုက်​အ​တော်​များဆုံးရှုံးခဲ့ရပြီး ခမည်း​တော်​ရဲ့အပြစ်​တင်​ခြင်းကိုခံရတာ​ကြောင့်​သူမျက်​နှာပျက်​ရပြီ။ ဘယ်​လိုလုပ်​ဒီ​ကျောင်းသား​တွေ​ရှေ့မှာ မျက်​နှာ​ကောင်းယူရမှာလဲ။

ကျိူးယွင်​ရှန့်​က အနီးနားမှာ ထိုင်​ပြီး​မောက်​မာပြီးရိုင်းစိုင်းပါတယ်​ဆိုတဲ့နံမည်​ကြီး အိမ်​ရှေ့မင်းသား ကိုအကဲခတ်​နေလိုက်​သည်​။ သူကအရမ်းကို​ချော​မောပြီး ငှက်​ကြီး​တောင်​ဓားလိုမျက်​ခုံး​တွေက နားထင်​စောင်းထိ​ကော့တက်​နေပြီး ကျဉ်း​မြောင်းသည့်​ဇာမဏီမျက်​ဝန်းအစုံက​တောက်​ပသလို ရီ​ဝေ​ဝေဖြစ်​နေသည်​။ လူ​တွေအားလုံးကို အထက်​စီးကပဲ ကြည့်​လေ့ရှိတာ​ကြောင့်​အလိုလို​ကြောက်​စရာ​ကောင်း​နေသည်​။ 5

သူက အနက်​ရောင်​အဝတ်​ဟောင်းကိုဝတ်​ထားပြီး သူ့ဝတ်​ရုံကအရမ်းပါးတာ​ကြောင့်​အတွင်းကဝတ်​ရုံအဖြူကိုပင်​မြင်​နေရသည်​။ အဝတ်​သားကအရမ်းပါးတာ​ကြောင့်​အသားဖြင့်​ကပ်​နေပြီး ကြွက်​သားးလိုင်းများကိုပင်​မြင်​နေရသည်​။ အ​ဝေး​နေရာကပင်​သူ့ကိုယ်​မှ အရှိန်​အဝါကြီးတစ်​မျိူးကိုခံစားရသည်​။ သူ့ပုံစံကအရမ်းကို ပျင်းရိ​နေပြီး ဒူးတစ်​ဖက်​ထောင်​ကာလက်​တစ်​ဖက်​က ခွက်​ကိုကိုင်​ရင်း အဆက်​မပြတ်​သောက်​နေသည်​။ သူ့မျက်​ဝန်း​တွေက ရီ​ဝေ​နေ​ပေမယ့်​လို့ တည်​ညိမ်​ပုံမရပဲ ပိုလို့အရိုင်းဆန်​စေသည်​။

သူကပျင်းလာတာ​ကြောင့်​မေး​ထောက်​ပြီး အပြုံးစစဖြင့်​ကျောင်းသား​တွေကိုလိုက်​ကြည့်​သည်​။ ဒါ​ပေမယ့်​လို့ သူ့ရဲ့​အေးစက်​စက်​အကြည့်​မှာ အားလုံးက​ကြောက်​ပြီးမျက်​နှာလွှဲသွားကြသည်​။

မင်းသားရဲ့စိတ်​ကြီးတဲ့အ​ကြောင်းက အရမ်းကိုနံမည်​ကြီးသည်​။ စကားတစ်​ခွန်းမဆိုပဲနဲ့​တောင်​သူ့ကိုစိတ်​ဆိုး​အောင်​လုပ်​နိုင်​သည်​ဟုဆို၏။ သူက ထျန်းချန်​မင်းကြီးရဲ့ကိုယ်​လုပ်​တော်​တွေနဲ့​လည်း​ပွေရှုပ်​ပြီး ပဏ္ဍာ​တော်​တွေကိုလည်း ကိုယ်​ကျိူးအတွက်​အသုံးပြုရဲသည်​ဟုဆိုသည်​။ သူ့ကို​ဒေါသထွက်​အောင်​လုပ်​သည့်​အမတ်​များကိုလည်း​တွေ့ရာ သချူင်္ိင်းဓားမဆိုင်းဟုဆိုသည်​။ သူ့ရဲ့ပုံစံကို ရှင်းရှင်း​ဖော်​ပြရင်​'အရူး' ဟုသုံးနိုင်​ပြီး ပိုထင်​ရှား​အောင်​ဖော်​ပြရရင်​'သွပ်​သွပ်​ခါ​အောင်​ရူး​နေသည့်​အရူး' ဟုဆိုရမည်​။ 12

သူ့အကြည့်​အောက်​မှာ ဧည့်​သည်​တွေဟာ စကားမ​ပြောရဲကြသလို အသက်​ပင်​မရှူရဲ ကြ​ပေ။

ထိုအချိန်​၌ စား​သောက်​ပွဲတွင်​ဂီတသံမှတစ်​ပါး မည်​သည့်​အသံမှမရှိ​ပေ။ ကျိူးယွင်​ရှန့်​မင်းသား၏ရုပ်​ရည်​ကိုချီးကျူးမိသည်​။ ဒီကမ္ဘာရဲ့ ဇာတ်​လိုက်​သတ္တမ မင်းသား​တောင်​သူ့ကိုမမှီဘူး။ 15

တစ်​ချိန်​ထဲမှာပဲ မင်းသားကလည်း ပထမအဆင့်​ဂုဏ်​ထူး​ဆောင်​ကိုကြည့်​နေသည်​။ မင်းသားဟာ အလှပ​ဂေး​တွေကို နှစ်​သက်​မှန်း တစ်​လောကလုံး သိသည်​။ သူသ​ဘောကျပြီဆိုပါက​ယောက်ျား​သော မိန်းမ​သောအ​ရေးမကြီး အကုန်​စားသည်​။ ရှမ်းရိပင်း က ပထမတန်းအလှပ​ဂေး ငယ်​ရွယ်​ထက်​မြတ်​ပြီးဆွဲ​ဆောင်​မှုရှိတဲ့ လုံကျွီဖုန့်​ချူ လိုလူ။ မက်​မွန်​ဝတ်​လွှာလို့မျက်​ဝန်း​တောက်​တောက်​တစ်​စုံက အနည်းငယ်​သောက်​အပြီးမှာ​တော့ အရည်​လဲ့နေသည်​။ သနားစရာ​ကောင်းသည့်​သတ္တဝါငယ်​လေးတစ်​ကောင်​နှင့်​ပင်​တူလှသည်​။ 3

သူ့အသက်​ကအငယ်​ဆုံး​ပေမယ့်​လို့ ပထမအဆင့်​ဂုဏ်​ထူး​ဆောင်​ဝတ်​ရုံနီကိုဝတ်​ဆင်​ထားပြီး မုတ်​ဆိတ်​ရှည်​လူစုကြားတွင်​ထိုင်​နေသည်​။ သူဟာ ညနက်​ကြားက ပိုးစုန်းကြူး တစ်​ကောင်​ကဲ့သို့ပဲ အ​ရောင်​တောက်​ပကာ လျစ်​လျူရှုဖို့ခက်​သည်​။

အိမ်​ရှေ့မင်းသား က မျက်​ဝန်း​မှေးကျဉ်းလျှက်​စိုက်​ကြည့်​နေပြီး လက်​ထိပ်​က ကရားလက်​ကိုပွတ်​သပ်​နေ​လေသည်​။ သူ့ပုံစံက​တွေ​ဝေ​နေဟန်​ရှိ၏။

အနီးနားကမိန်းမစိုးက မင်းသား၏ အလိုကိုမြင်​ပြီး ခါးကိုင်းလျှက်​မေးသည်​''ထိုက်​စစ်​တျန့်​ရှ ၊ ဂုဏ်​ထူး​ဆောင်​ကို မင်းသားနဲ့အတူ​သောက်​ဖို့ဖိတ်​ခေါ်လိုပါသလား''

"ဟင်​အင်း'' အိမ်​ရှေ့မင်းသား ကလက်​ကိုရမ်းလိုက်​ပြီး အခြား​နေရာကိုညွှန်​ပြ၍ ''တတိယအဆင့်​ဂုဏ်​ထူး​ဆောင်​ကို ဒီကူစစ်​နျန်​အတွက်​ခေါ်ခဲ့ချည်​''

သူမူး​နေ​ပေမယ့်​လည်း ရှမ်းရိပင်း က သူ့ခမည်း​တော်​မျက်​နှာသာ​ပေးထားသည့်​သူဆိုတာသိသည်​။ ဒါ​ကြောင့်​ချူံးလင်​စား​သောက်​ပွဲတွင်​သူ့ကိုချည်းကပ်​လို့မဖြစ်​။ 1

တတိယအဆင့်​ဂုဏ်​ထူး​ဆောင်​သည့်​အသက်​၂၅နှစ်​ရှိပြီး ရှမ်းရိပင်း​လောက်​မ​ချော​သောငြား ကြည့်​ကောင်း​၍ ခန့်​ညားသောရုပ်​ရည်​ရှိသည်​။ အိမ်​ရှေ့မင်းသားက သူ့ကိုလက်​ညှိုးထိုးပြသည့်​အခါ သူ့မျက်​နှာက ချက်​ချင်းပဲ ဖြူ​ရော်​သွားသည်​။ 2

"တတိယအဆင့်​ဂုဏ်​ထူး​ဆောင်​၊ ထိုက်​စစ်​တျန့်​ရှ က သင့်​ကိုအလိုရှိပါတယ်​'' စိတ်​ကြောင့်​ပဲလားမသိ တတိယအဆင့်​ဂုဏ်​ထူး​ဆောင်​မှာ မိန်းမစိုး၏ အသံထဲတွင်​မ​ကောင်းသည့်​အ​ငွေ့အသက်​ကိုခံစားမိသည်​။ သူငြင်းချင်​ပေမယ့်​လည်း မင်းသားက ကြည့်​နေတာ​ကြောင့်​အသံထွက်​ဖို့မ​ပြောနဲ့ မတ်​တပ်​ရပ်​ဖို့​တောင်​အင်​အားမရှိ​ပေ။ ဒါ​ကြောင့်​မို့ ဝိုင်​ခွက်​ကိုတိုက်​မိပြီး ဝတ်​ရုံကိုစို​အောင်​လုပ်​မိသွားသည်​။

အားလုံးက သူ့ကိုသနားသည့်​မျက်​လုံးဖြင့်​ကြည့်​နေကြ​တော့သည်​။

"ကုန်းကုန်း ကို​မေးပါရ​စေ။ ရှမ်းရိပင်း ထိုက်​စစ်​နဲ့အတူ​သောက်​ခွင့်​ရနိုင်​မလား'' ရုတ်​တရပ်​ကျိူးယွင်​ရှန့်​ပြုံးပြီး​မေးလိုက်​သည်​။

အနီးနားက မိန်းမစိုးက သူ့ကိုကြည့်​ပြီး ချက်​ချင်းဆိုသည်​'' ဂုဏ်​ထူး​ဆောင်​ဒါက ပြသာနာမရှိပါဘူး။ ကြွပါ''

တတိယအဆင့်​ဂုဏ်​ထူး​ဆောင်​လည်း ချာတိတ်​လေး ကိုကြည့်​ပြီး စိတ်​ထဲတွင်​ဒီ​ကျေးဇူးကိုမှတ်​လိုက်​သည်​။ အခြားသူများက​တော့ ဂုဏ်​ထူး​ဆောင်​၏ သတ္တိရှိမှုကို​လေးစား​နေကြသည်​။ သူတို့​ပြောကြတာက မင်းကြီးနဲ့ရင်​ဆိုင်​ရတာကျားနဲ့ ရင်​ဆိုင်​ရသလိုပဲ ဆိုရင်​အိမ်​ရှေ့မင်းသား က​တော့ ကျားထက်​ဆိုးသည်​တဲ့​လေ။

အိမ်​ရှေ့မင်းသားကလည်း ကျိူးယွင်​ရှန့်​ဖက်​ကစပြီးရင်းနှီး​အောင်​လှုပ်​ရှားမည်​ဟုထင်​ပုံမရ။ သူ့ရဲ့အင်္ကျီလက်​အစကိုဆွဲတင်​ပြီး တစ်​ဖက်​မှာထိုင်​ဖို့ညွှန်​ပြလိုက်​သည်​။ ထို့​နောက်​အကဲခတ်​ကြည့်​၏။​ကြောက်​ရွံတစ်​စုံတစ်​ရာ ထိုအမျိူးသားငယ်​ဆီမှာမ​တွေ့ရမှာ သူ့စိတ်​ကြည်​လာသည်​။

"မင်းကတယ်​သတ္တိရှိတာပဲ အခြားလူ​တွေနဲ့ကွာပ'' သူလုပ်​ရယ်​လိုက်​သည်​။

ကျိူးယွင်​ရှန့်​အသံကလည်း အရမ်းကို ညင်​သာသည်​''ကျွန်​တော်​မျိူး မျက်​သာရ​အောင်​လုပ်​ရတာမဟုတ်​ပါဘူး။ ဒီအမှုထမ်းငယ်​က မနက်​ဖြန်​ကစပြီး​တော်​ဝင်​တက္ကသိုလ်​မှာ အမှုထမ်းရင်း ထိုက်​စစ်​ရဲ့ စာ​ပေ​လေ့လာမှုကိုအကူအညီ​ပေးရမှာပါ။ ထိုက်​စစ်​နဲ့ အချိန်​အများကြီးအတူရှိ​နေ​ပေးရမှာမို့ အခုလို​ခြေလှမ်းအရင်​စရတာပါ''

သူဟာ ဖြူစင်​ပြီးချစ်​စရာ​ကောင်းရုံသာမက အသံကလည်း ကြည်​လင်​၍ သာယာသည်​။ အိမ်​ရှေ့မင်းသား ကရယ်​လိုက်​ပြီး သူ့မျက်​ဝန်းတို့က နူးညံ့​နေ၏။ ဒီ အ​ကောင်​ပေါက်​လေး ကျားကိုမ​ကြောက်​တာမြင်​ရ​တော့ သူ့တကယ်​ဝမ်းသာမိသည်​။ 15

ကျိူးယွင်​ရှန့်​နှာ​ခေါင်းကို ထိလိုက်​ပြီး မင်းသား၏​ခြေ​ထောက်​ဆီအကြည့်​ရောက်​သွားသည်​၊ ညအချိန်​တွင်​အေး​သော​ကြောင့်​လူအများစုမှာ ဂွမ်းကပ်​ပါသည့်​ပိုးသား​ခြေစွပ်​နှင့်​ဖိနပ်​ကိုဝတ်​ရသည်​။ မင်းသားက အဝတ်​ပါးပါး​လေးဝတ်​ထားပြီး ဖိနပ်​ကို​လည်​နူးညံ့သည့်​ပိတ်​သားနှင့်​ချူပ်​ထားသည့်​ဖိနပ်​ကိုသာဝတ်​ဆင်​ထားသည်​။ သူ​အေးမှာမ​ကြောက်​ဘူးလား။

သူသံသယဝင်​နေချိန်​မှာပဲ မင်းသားက ဝိုင်​ခွက်​ကမ်း​ပေးသည်​။ သူ့တစ်​ငုံ​သောက်​ပြီး မျက်​လုံးများကအ​ရောင်​တောက်​သွားသည်​။ ဒါက အ​နောက်​ဇာမဏီလို့​ခေါ်တဲ့​တော်​ဝင်​သေရည်​။​ရေ​နွေးထဲထည့်​ပြုတ်​ပြီးမှ​သောက်​ရတာ အရသာက တစ်​ခါ​သောက်​ပြီးရင်​တစ်​သက်​မ​မေ့နိုင်​စရာပဲ။

မင်းသားက သူ့နံ​ဘေးမှ​ကောင်​လေး လျှာသပ်​လိုက်​သည်​ကိုမြင်​လိုက်​သည်​။ ပန်း​ရောင်​လျှာ​သေး​သေး​လေးက အပြင်​ကိုထွက်​လာပြီး အူယားစရာ​ကောင်းသည်​။ မင်းသားလည်း သူ့ကို​နောက်​ထပ်​ထပ်​တိုက်​ချင်​လာသည်​။ သူတို့​သောက်​ရင်း စကား​ပြောရင်းနဲ့ သူတို့ပုံစံက ပထမဦးဆုံး​တွေသည်​နဲ့မတူ နှစ်​ရှည်​လများသိကျွမ်းခဲ့သည်​ငယ်​ကျွမ်း​ဆွေများနှင့်​ရင်းနှီး​နေကြသည်​။ 5

သတ္တမ မင်းသားလည်း ပွဲကို တက်​ရောက်​ပြီး အိမ်​ရှေ့မင်းသား စိတ်​လွတ်​မည့်​အချိန်​ကိုထိုင်​စောင့်​နေသည်​။ သို့မှသာ သူဝင်​ကူညီပြီး မျက်​နှာ​ကောင်းယူရန်​ဖြစ်​သည်​။.ဒါ​ပေမယ့်​လက်​ရှိအ​ခြေအ​နေက​တော့ သူ့ကိုစိတ်​ဓာတ်​ကျ​စေသည်​။ 2

မင်းသားက အရက်​စွဲ​နေပြီး အ​နောက်​ဇာမဏီ တစ်​ပုလင်းလုံး​သောက်​ပြီး​နောက်​နောက်​ထပ်​ကရားနှစ်​အိုးထပ်​မှာသည်​။ 4

"အစာမရှိပဲမ​သောက်​နဲ့ ထမင်းလည်းစားချည်​အုန်း''​ကောင်​လေးရဲ့ မျက်​ဝန်း​တွေကရီ​ဝေ​နေပြီး ပါးပြင်​ကနီရဲ​နေသည်​ကို မင်းသားကရယ်​သည်​။ ထို့​နောက်​လက်​ကိုဆန့်​ထုတ်​ပြီး ဆံပင်​များကိုပွတ်​သပ်​၏၊

"အာ...ဟုတ်​ကဲ့ '' ရှမ်းရိပင်း ခန္ဓာက နုနယ်​သေးတာ​ကြောင့်​မူး​နေပြီ။ ကျိူးယွင်​ရှန့်​လည်းမူး​နေပြီ။ သူ 007ကို သုံးပြီး ခန္ဓာကိုယ်​dataကို ပြင်​လို့ရ​ပေမယ့်​အခုလိုလူမြင်​ကွင်းမှာ လက်​ကောက်​ဝတ်​ကို​မြှောက်​ပြတာ အကြံ​ကောင်း​တော့မဟုတ်​ဘူး။ ပြီး​တော့ မင်းသားကိုသူ့ကိုတစ်​ချိန်​လုံးကြည့်​နေတာ။

သူထမင်းပန်​ကန်​လုံးကို လက်​နဲ့ထိလိုက်​ပြီး မင်းသားကိုကြည့်​ကာ​ပြောလိုက်​သည်​။ ''ဒီအစားအစာ​တွေက​အေးစက်​ပြီး အရသာမရှိ​တော့ဘူး''

"အင်း.... နည်းနည်း​အေး​နေတယ်​'' မင်းသားကရယ်​ပြီး သူ့ပန်းကန်​လုံးကိုယူကာ စားသည်​။ ရှမ်းရိပင်း၏ ထမင်းပန်းကန်​လုံးကိုပင်​ယူ​ပေးလိုက်​သေးသည်​။ ဒါ​ပေမယ့်​သူဝိုင်​ထပ်​ဖြည့်​ပေးရန်​မ​မေ့​ပေ။

ကျိူးယွင်​ရှန့်​မူး​ဝေ​နေပြီး စိတ်​ထဲမှာ​သေရည်​တွေနဲ့ပြည့်​နေသည်​။ စားထားသမျှလည်း လည်​ပင်းကိုပြန်​ဆန်​တက်​လာပြီး အပြင်​ထွက်​ချင်​လာသည်​။ မင်းသားက ဝိုင်​ထပ်​ဖြည့်​နေတဲ့အချိန်​သူရုတ်​တရပ်​ထပြီး အပြင်​ကိုထွက်​ပြေးသွားလိုက်​သည်​။

အားလုံးက ဂုဏ်​ထူး​ဆောင်​မင်းသားကို သည်းမခံနိုင်​တော့လို့ထွက်​ပြေးသွားသည်​ဟု ထင်​နေကြပြီး ပြသာနာ​တော့စပြီဆိုတဲ့ အကြည့်​နဲ့ကြည့်​နေကြသည်​။

မင်းသားလည်းပဲ သူ့ကို​ကြောက်​ပြီးထွက်​ပြေးသည်​ဟုထင်​ပြီး မျက်​နှာကမာထန်​လာသည်​။ လက်​ကလည်းခါးမှာရှိသည့်​ဓားရိုးကိုလှမ်းကိုင်​ပြီးပြီ။ သူကမိတ်​ဆွေ​တွေဖြစ်​ပြီလို့ထင်​ခဲ့တာ ဒါ​ပေမယ့်​တစ်​ဖက်​က သူ့ရဲ့မလိုလားတဲ့စိတ်​ဖုံးကွယ်​ပြီး သူ့ကိုချည်းကပ်​လာတာပဲ။ သတ်​ပစ်​တာပဲ​ကောင်းမယ်​ဒါဆို မျက်​စိစပါး​မွှေးမစူးရ​တော့ဘူး။ 5

သတ္တမ မင်းသားလည်း မတ်​တပ်​ရပ်​ပြီး တားရန်​ပြင်​လိုက်​သည်​။ ဒါ​ပေမယ့်​လို့ မင်းသားက သတ်​ရန်​ပြင်​နေသည့်​ကိုမြင်​တော့အခြားအကြံ​တွေးမိသည်​။ လက်​ရှိ ရှမ်းရိပင်းက မင်းကြီးမျက်​နှာသာ​ပေးခံ​နေရတာ ။ တကယ်​လို့ အိမ်​ရှေ့မင်းသား သာ သူ့ကိုသတ်​လိုက်​ရင်​ရှမ်းအိမ်​က သူ့​ခေါင်းကိုလိုချင်​မှာပဲ။ မင်းကြီးလည်း စိတ်​ဆိုးပြီး သူ့ရာထူးကိုဖယ်​ပစ်​နိုင်​တယ်​။

ထိုအ​ခြေအ​နေတွင်​ဘယ်​သူကမှ ဝင်​ဖျောင်းဖြရန်​စိတ်​ကူးမရှိ။ တတိယဂုဏ်​ထူး​ဆောင်​က အသနားခံရန်​ကြိုးစားဖို့ပြင်​လိုက်​သော အချိန်​၌ ဂုဏ်​ထူး​ဆောင်​နောက်​လိုက်​သွားသည့်​မိန်းမစိုးက ပြန်​ရောက်​ပြီး မင်းသားကို တိုးတိုး​ပြောသည်​။

မင်းသားက မျက်​ခုံးပင့်​ပြီး သူ့ရဲ့​ဒေါသထွက်​နေသည့်​အမူအရာက​ပျောက်​သွားသည်​။ အဲ့ဒီ​နောက်​စကားတစ်​ခွန်းမဆိုပဲ ထွက်​သွား​လေသည်​။

​တော်​ဝင်​ဥယျာဉ်​ထဲ၌ ကျိူးယွင်​ရှန့်​တစ်​ယောက်​ကြာကန်​နံ​ဘေးမှလဲပြီး အားရပါးရအန်​နေ​လေသည်​။ သူ ခန္ဓာကိုယ်​dataကိုပြင်​မလို့ရှိ​သေး အိမ်​ရှေ့မင်းသား က​ရောက်​လာတာ​ကြောင့်​ရပ်​လိုက်​သည်​။

မင်းသားက မြူး​နေသည့်​မျက်​ဝန်းများဖြင့်​''ဝိုင်​ကရားနည်းနည်းပဲ​သောက်​ရ​သေးတယ်​။​မောင်​မင်းက ဒီ​လောက်​တောင်​မူး​နေပြီ။ မယုံနိုင်​စရာပဲ။ ''

"ကျွန်​တော်​က ၁၇နှစ်​ပဲရှိ​သေးတာ'' ကျိူးယွင်​ရှန့်​ချက်​ချင်းပြန်​ပြောလိုက်​သည်​. သူ့မျက်​ဝန်းကမျက်​ရည်​စို့​နေ၏။ Lord Godသူ့ကို ဖမ်းသွားတုန်းက သူက၁၆နှစ်​ပဲရှိ​သေးတာ။ ဒါ​ကြောင့်​အရက်​သောက်​ဖို့အသက်​မပြည့်​သေးဘူး။
ဘဝ​ပေါင်းများစွာ ပြန်​လည်​မွေးဖွားပြီး​ပေမယ့်​လို့ သူ့စိ​တ်​ထဲ သူက အမြဲတမ်း၁၆နှစ်​ပဲ။ 27

မင်းသားက ဒီအ​ခြေအ​နေကို ရယ်​စရာ​ကောင်းတယ်​လို့ထင်​တာ​ကြောင့်​ကျိူးယွင်​ရှန့်​ကို ဖိုးသခွားလေးဟု စ​နောက်​လေသည်​။

ကျိူးယွင်​ရှန့်​သူ့ကိုလျစ်​လျူရှုပြီးဆက်​အန်​လိုက်​သည်​။ ကန်​ထဲက ငါး​တွေက သူ့အန်​ဖတ်​တွေစား​နေပြီး​နောက်​ဆုံး သူသည်း​ခြေရည်​တွေထိအန်​ပြီးမှ ရွံစရာ​ကောင်းမှန်းသိသည်​။ ''သူတို့ ၊ သူတို့ ကျွန်​တော့်​အန်​ဖတ်​တွေစား​နေကြတယ်​! ရွံစရာကြီးကွာ ။ နန်း​တော်​ကငါး​တွေဒီ​လောက်​ရွံစရာ​ကောင်းမှန်းမသိခဲ့ဘူး''

မင်းသားကလည်း ဟက်​ဟက်​ပက်​ပက်​ရယ်​မော​လေသည်​။ သူလက်​ကိုင်​ပဝါကိုထုတ်​ပြီး​ကောင်​လေးရဲ့ပါးစပ်​ကိုသုတ်​ပေးလိုက်​သည်​။ သူ့အပြုအမူ​တွေက အရမ်းကိုညင်​သာ၏။ သူနဲ့ဒီ​ကောင်​လေး လက်​ပွန်းတတီး​နေရတာကို သူသ​ဘောကျတာ​ကြောင့်​သူ့စိတ်​သူ​လျော့ထားသည်​။ 4

ကျိူးယွင်​ရှန့်​ကျေးဇူးတင်​လိုက်​ပြီး သူ့လက်​ကိုကိုင်​ကာမတ်​တပ်​လိုက်​သည်​။ အံ့သြစရာက မင်းသားဟာ အဝတ်​ပါးပါးဝတ်​ထား​ပေမယ့်​လို့ အရည်​ပြား​တွေက အရမ်းပူ​နေပြီး သာမန်​အပူချိန်​နှင့်​မတူ​ပေ။ သူအနီးကပ်​ကြည့်​တော့ မင်းသားကိုယ်​က​ဆေးနံ့ ကိုရသည်​။ သူ့အာရုံငါးပါးကသူများထက်​ကောင်းမို့ ဘာပါသလဲ အကုန်​ခွဲခြားနိုင်​သည်​။ ထိုအထဲတွင်​လင်​ဇီးနီ ကဲ့သို့ တန်​ဖိုးကြီး​ဆေးဝါးများမှအစ ဘိန်းအထိပါဝင်​သည်​။

မင်းသားက ထျန်းချန်​မင်းကြီး၏ အချစ်​တော်​သား​လေးဖြစ်​သည်​။ ငယ်​စဉ်​ကတည်းကပင်​ထက်​မြတ်​ပြီး အုပ်​ချူပ်​ရေးပိုင်းမှာလည်း ပါရမီပါသည်​၊ ဒါ​ပေမယ့်​လို့ လွန်​ခဲ့တဲ့သုံးနှစ်​ကစပြီး သူ့စိတ်​ကအရမ်းကြမ်းတမ်းလာသည်​။ ထင်​ရာစိုင်းလုပ်​တတ်​လာသည်​။ ထျန်းချန်​မင်းကြီးက သူ့ကိုအကြိမ်​ကြိမ်​ခေါ်ဆူသလို ပြုပြင်​ဖို့လည်းကြိုးစားသည်​။ ဒါ​ပေမယ့်​အရာအားလုံးကအချည်းနှီးပင်​။

ကျိူးယွင်​ရှန့်​က​တော့ အိမ်​ရှေ့မင်းသားရဲ့ စိတ်​အ​ပြောင်းအလဲရဲ့အဓိကအရင်းအမြစ်​ကို ရှာ​တွေ့ပြီဟု ခံစားလိုက်​ရသည်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі