Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 7.9
အခန်း(၇၀) ချီရှိုးကျဲ့ဘဝ+
ထျန်းချန်​နန်း​ဆောင်​။

​ကောင်းမင်​သည်​ဓား​ရေး​လေ့ကျင့်​နေပြီး အပါး​တော်​မြဲအ​စေခံမှလက်​ဖက်​ရည်​အိုးခမ်း​နေသည်​ကိုမြင်​၍ အသစ်​ဖြည့်​ရန်​သိမ်းလိုက်​သည်​။​ကောင်း​ကွေ့ကျွင်းသည်​လျှိူအန်းကွားဖျန်​လက်​ဖက်​ခြောက်​ကိုသာ နှစ်​သက်​သည့်​မို့ မ​မေ့မ​လျော့ဘဲ​ခြေဖျား​ထောက်​လှမ်းယူလိုက်​စဉ်​အိုး​အောက်​မှစာရွက်​ပိုင်းတစ်​စထွက်​ကျလာသည်​။​ဘေးဘီကိုခပ်​မြန်​မြန်​ဝေ့ကြည့်​ပြီး​နောက်​စာကိုအမြန်​ဖတ်​ကာမီးရှို့လိုက်​သည်​။ စာလုံး​လေးလုံးသာပါသည့်​အလုပ်​က​လေးတစ်​ခုပင်​ရေးထားသည်​က '​ကောင်းမင်​ကိုအိမ်​ပြန်​ပို့' တဲ့။

​လေ့ကျင့်​ဆောင်​ကိုသူပြန်​သွားပြီး​နောက်​လက်​ဖက်​ရည်​တစ်​ခွက်​ကိုငှဲ့ကာ​ကောင်းမင်​အနားယူရန်​အသိ​ပေးလိုက်​သည်​။​ကောင်းမင်​လည်းအ​တော်​ပင်​ပန်း​နေပြီမို့ ဓားကိုစင်​ပေါ်ပြန်​တင်​ပြီး​ချွေးကိုသုတ်​ကာ လက်​ဖက်​ရည်​ကို​မော့​သောက်​လိုက်​သည်​။
"သခင်​ဒီ​နေ့ကျွန်​တော်​မျိူးပစ္စည်းသွားဝယ်​တော့ အဖွား​တော်နဲ့​တွေ့တယ်​။ သူ​ပြောတာအိမ်​မှာ တရုတ်​စကားပန်း​တွေပွင့်​နေပြီတဲ့ သိပ်​လှတယ်​ဆိုပဲ။ သခင်​မှတ်​မိ​သေးလား။ ကျွန်​တော်​တို့ငယ်​ငယ်​ကလည်း အပင်​ပေါ်တက်​ပြီးအဖွားအတွက်​အသီး​တွေခူး​ပေးကြတာ​လေ''
အ​စေခံရဲ့စကားကိုကြား​တော့​ကောင်းမင်​ကအတိတ်​ကိုလွမ်းဆွတ်​လေဟန်​ဖြင့်​ပြုံးလိုက်​သည်​။ ''ဒါ​ပေါ့ မှတ်​မိတာ​ပေါ့။ ငါတို့တရုတ်​စကားပန်း​တွေခူးပြီးတာနဲ့အဖွားကပြန်​မလွတ်​ဘူး​လေ။ သူ့​ဘေးမှာထိုင်​ခိုင်းပြီး တရုတ်​စကား​ပေါက်​စီအဆာလုပ်​နည်းကိုထိုင်​ကြည့်​ခိုင်းတာ ။ သူ့​ပေါက်​စီရဲ့အရသာကို​တော့​တော်​ဝင်​စား​တော်​ကဲ​တောင်​မမှီပါဘူးကွာ''

အ​စေခံကလည်းပြုံးရင်း​ခေါင်းညိမ့်​လိုက်​သည်​။​ကောင်းမင်​က အ​စေခံကိုကြည့်​ပြီးစိတ်​ရွှင်​ရွှင်​နဲ့ဝတ်​ရုံကိုခါကမတ်​တပ်​ရပ်​လိုက်​သည်​။ ''​ကောင်းပြီ မင်းကငါ့ရဲ့ငယ်​စိတ်​လေးကိုဆွလိုက်​မှ​တော့ နန်း​တော်​ပြန်​ပြီးအထုပ်​သိမ်းရ​အောင်​ငါတို့အိမ်​ပြန်​ကြမယ်​''

အ​စေခံကခပ်​သွက်​သွက်​ခေါင်းညိမ့်​လိုက်​ပြီး​ကောင်းမင်​နောက်​ကလိုက်​ရင်း ရုတ်​တရက်​ပြောလိုက်​သည်​။ ''ကျွန်​တော်​တို့​တော်​ဝင်​စာသင်​ဆောင်​ကိုဝင်​ကြရ​အောင်​လား။ သခင်​လေးလည်းသူ့ဦး​လေးနဲ့ဘိုးဘွား​တွေကိုမ​တွေ့ရတာကြာပြီ​လေ''

လီကျင်းထျန်းရဲ့အလိုလိုက်​မှု​ကြောင့်​ကောင်းမင်​ဟာအခုအ​ခြေအ​နေကို​ထောင်​ချောက်​ဟုမ​တွေးမိခဲ့​ပေ။ ထို့​ကြောင့်​သူ့သားနှင့်​လီဝမ်​ကို​ခေါ်၍နန်း​တော်​မှထွက်​သွား​လေသည်​။ဤအ​ကြောင်းကိုအချိန်​မဆိုင်းဘဲ​နေ့လယ်​အ​ရောက်​မှာလီကျင်းထျန်း၏သူလျှိူကသတင်းပြန်​ပို့လာသည်​။
"လီဝမ်​ကောင်းအိမ်​ထဲဝင်​သွားတာမြင်​လိုက်​တယ်​ဟုတ်​လား''

သူလျှို က​ခေါင်းညိမ့်​ပြီးပြန်​ဖြေလိုက်​သည်​။

"သူတို့ဘာလုပ်​ကြတာလဲ'' လီကျင်းထျန်း၏အသံနှင့်​မျက်​နှာထားကတည်​ညိမ်​နေ​သော်​လည်း စားပွဲ​ပေါ်မှလက်​သီးဆုပ်​က​တော့ကျစ်​ကျစ်​မြည်​နေသည်​။
သူလျှို က​ခေါင်းကိုငုံ့ပြီး"အရှင်​ကျွန်​မသိ​ကြောင်းပါ''
"မင်းမသိဘူး ဟုတ်​လား။ ငါမင်းကိုဒီ​လောက်​လေ့ကျင့်​ပေးထားတာ မင်းကဒီ​လောက်​ကိစ္စ​လေး​တောင်​မလုပ်​နိုင်​ဘူးလား''

"မင်းကြီးကို​လျှောက်​တင်​ပါတယ်​ကောင်းအိမ်​ကလျှိူ့ဝှက်​အ​သေခံကိုယ်​ရံ​တော်​တွေနဲ့အချိန်​ပြည့်​ဝိုင်းရံ​နေတာမို့ ခိုးဝင်​ဖို့မလွယ်​ကူ​ကြောင်းပါ''

လျှိူ့ ဝှက်​အ​သေခံ​ကိုယ်​ရံ​တော်​။​ရှေး​ခေတ်​ကတည်းကအဲ့လိုအ​သေခံကိုယ်​ရံ​တော်​တွေကို ဘုရင်​တွေကပဲ​မွေးခွင့်​ရှိခဲ့တာ။​ကောင်းမိသားစုကဘာမို့လဲ။ ဟုတ်​သားပဲ အခု​ကောင်းအိမ်​နဲ့နန်း​တော်​ကဘာများကွာ​တော့လို့လဲ။ စာရင်းအတိအကျမ​သေချာတဲ့စစ်​သားအ​ရေအတွက်​နဲ့ယှဉ်​ရင်​ကောင်းအိမ်​ပတ်​လည်​ကကိုယ်​ရံ​တော်​တွေဆိုတာ ဘာများဟုတ်​သေးလို့လဲ။
လီကျင်းထျန်း​ဒေါသမထွက်​။ အဲ့အစားကိုယ့်​တုံးအမှုကိုသာစားတိုက်​ရယ်​မောမိသည်​။ တစ်​ချိန်​ကအထက်​တန်းအကျဆုံးချီမိသားစုဆိုတာ​တောင်​အ​စောင့်​ရဲမတ်​တစ်​ဒါဇင်​နဲ့ကျွန်​တစ်​ရာပဲသုံးခွင့်​ရှိခဲ့တာ။ အဲ့လိုမိသားစုက အထက်​တန်းအကျဆုံးဆို အခု​ကောင်းအိမ်​ကဘာလဲ။+
သူနန်း​တော်​ထဲကျား​မွေးမိတာပဲ။ ချီအိမ်​ကိုသုတ်​သင်​မိတာအခုသူ့လက်​ရှိလုပ်​ရက်​လောက်​တောင်​သူ​နောင်​တမရဘူး။​ကောင်းမင်​နဲ့လီဝမ်​ကောင်းအိမ်​မှာ​ဖောက်​ပြန်​နေတယ်​ဆိုတာကို​တွေးကြည့်​ရုံနဲ့တင်​သူ့​ခေါင်း​တွေတဆစ်​ဆစ်​ကိုက်​လှပြီ။ ထိုးကိုက်​နေ​သောနားထင်​အားဖိ​ချေရင်း သူအမိန့်​ပေးလိုက်​သည်​။ ''ဆက်​စောင့်​ကြည့်​နေ သတိမလွတ်​စေနဲ့။ မင်းသား​ခြောက်​ဒဏ်​ရာက​ရောဘယ်​နဲ့လဲ''

မင်းသား​ခြောက်​ကိုနှစ်​ဝက်​အ​ဆောင်​ပြင်​ထွက်​ခွင့်​ပိတ်​ထားတာဟာ အ​ကြောင်းအရင်းရှိသည်​။ ပထမက​ကောင်းသားအဖဆီက​ခေတ္တ​ရှောင်​ရန်​ဒုတိယကဒဏ်​ရာကိုကုသရန်​ဖြစ်​သည်​။
"မင်းကြီးတိတ်​တဆိတ်​ပို့​ပေးလိုက်​တဲ့ သမား​တော်​က​တော့​စော​စောပဲ ပြန်​ထွက်​လာပြီး မင်းသား​ခြောက်​ဒဏ်​ရာက​ရေရှည်​ဆိုးကျိူးမရှိဘူးလို့​ပြောပါတယ်​။ နှစ်​လ​လောက်​နားလိုက်​ရင်​သက်​သာလာပါလိမ့်​မယ်​လို့လည်းပြောပါတယ်​''

"ငါသမား​တော်​ကတစ်​ဆင့်​ချီ​ကွေ့ကျွင်းကိုစကားပါးလိုက်​တာ သူနားလည်​ရဲ့လား''  မင်းသား​ခြောက်​ကိုသိပ်​ထင်​ပေါ်​နေမှာမျိူးသူမလိုချင်​ပါ။ ဒါ​ကြောင့်​မို့ ချီရှိုးကျဲ့ကိုမင်းသား​ခြောက်​ဒဏ်​ရာကအ​တော်​ပြင်းထန်​ပြီး​နောက်​ပိုင်းကိုယ်​ကာယပိုင်းကိုပြင်းထန်​စွာအသုံးပြုနိုင်​မှာမဟုတ်​ဘူးလို့ သိထား​ပေးဟုအမိန့်​ပေးခဲ့သည်​။ မသန်​မစွမ်းမင်းသားတစ်​ပါးဟာနန်းလျာဖြစ်​မလာနိုင်​တာမို့​ကောင်းအိမ်​မျက်​လုံး​အောက်​က​ရှောင်​ရာကျပြီး လျှိူ့ ဝှက်​ချက်​အဖြစ်​ထားရှိရလိမ့်​မည်​။

လီကျင်းထျန်း ဝန်​ခံသည်​။ ချီရှိုးကျဲ့​ပြောသလိုပဲ သူဟာ​ကောင်းအိမ်​ကတိုက်​ရိုက်​မရှင်းပစ်​နိုင်​ပေ။သို့​ပေမယ့်​သူ့အ​နေနဲ့​ကောင်းအိမ်​ရဲ့​ထောင်​လွှားမှုကိုသည်းခံနိုင်​သော်​လည်း ချီရှိုးကျဲ့၏အထင်​လွဲမှုကို​တော့လက်​မခံနိုင်​ပေ။ အခုသူအပြစ်​ပေးထားတာမင်းသား​ခြောက်​ကိုရှင်းပစ်​ချင်​လို့ဆိုသည့်​အ​တွေးမျိူးဝင်​သွားမည်​ကို​ကြောက်​သည်​။ အားလုံးကသူ​ကောင်းမင်​တို့သားအဖကိုမျက်​နှာသာ​ပေးမှန်းသိ​တော့ ဒီအထင်​ကမလွဲနိုင်​စရာမှမရှိတာပဲ။

"မင်းကြီးအမိန့်​မှန်​သမျှ သူနဲ့မင်းသား​ခြောက်​နခံလျက်​ပါလို့ချီ​ကွေ့ကျွင်းကပြန်​ဖြေပါတယ်​''

ထိုစကားကိုကြား​တော့လီကျင်းထျန်းမျက်​လုံးများပူစပ်​လာပြီး မျက်​ရည်​ဝေ့သီလာသည်​။ ဟုတ်​တယ်​နှစ်​ဘဝလုံး...ချီရှိုးကျဲ့ကသူ့ကိုအမြဲ​လေးစားခဲ့တယ်​။ သူဘယ်​လိုလုပ်​ငါ့အ​ပေါ်မုန်းတီးနာကျည်းအထင်​လွဲတတ်​ပါ့မလဲ။ တကယ်​လို့များ ပြန်​မွေးဖွားပြီးမျက်​ဥာဏ်​တွေသာမ​ပျောက်​ခဲ့ရင်​ချီရှိုးကျဲ့ကိုပဲချစ်​နေ​သေးရင်​ဘယ်​လောက်​တောင်​ပျော်​စရာ​ကောင်းလိုက်​မလဲ။4

ဒါကို​တွေးရင်း လီကျင်းထျန်း​မောဟိုက်​လာသည်​။ သူလျှိုအားနှင်​ပြီး​နောက်​အ​မှောင်​ရပ်​အတွင်း တိတ်​ဆိတ်​စွာညိမ်​သက်​လျက်​ထိုင်​နေမိ​တော့သည်​။1
•••
ကောင်းမင်ဟာ၂နှစ်၊၃နှစ်ကြာစစ်ထွက်ခဲ့ရ၍ နန်းတွင်း၏ပိတ်လှောင်မှုကိုမခံနိုင်စားနိုင်တော့ပေ။ သူ့သားကိုခေါ်ပြီးမကြာခဏအပြင်ထွက်သလို လီဝမ်ဆီကိုလည်းမကြာခဏသွားလည်ကြသည်။ လီဝမ်သူ့အပေါ်ခံစားချက်ရှိနေသည်ကို သူသိရှိခံစားမိသော်လည်း ထိုခံစားချက်များအားတုန့်ပြန်ရန်တော့ဆန္ဒမရှိပေ။လီဝမ်ရဲ့ကြင်နာမှုအားကျေးဇူးတင်စွာလက်ခံပြီး မိတ်ဆွေများအဖြစ်ဆက်လက်ဆက်ဆံနေသေးသလို သူ့သားကိုလည်းလီဝမ်နဲ့ရင်းနှီးစေချင်သည်။

လီဝမ်ကအင်အားကြီးတဲ့တော်ဝင်မျိူးနွယ်မို့ သူ့သားအတွက်ကျေထောက်နောက်ခံကောင်းဖြစ်လာနိုင်သည်လေ။
မူလဇာတ်ကြောင်းမှာတော့ လီဝမ်နဲ့ကောင်းမင်ရင်းနှီးကြတာဟာ လီကျင်းထျန်းကိုအနည်းငယ်မနာလိုစိတ်ဝင်စေရုံမျှသာဖြစ်သော်လည်း ယခုမူကောင်းမင်အပေါ်ထားရှိသည့် ယုံကြည်မှုများကပျက်သုဉ်းသွားပြီမို့ သူတို့နှစ်ယောက်ရင်းနှီးမှုဟာလီကျင်းထျန်းကို အပြင်းအထန်ဒေါသထွက်စေသည်။
လျှိူ့ ဝှက်တင်ပြစာအားဖတ်ပြီးနောက် လီကျင်းထျန်းဒေါသများကကောက်ကျစ်လိုစိတ်များအဖြစ်ပြောင်းလဲသွားပြီး စိတ်၏အစွန်းကိုရောက်ရန်တစ်လှမ်းမျှသာလိုတော့သည်။ ထိုတစ်လှမ်းအပြီးတွင်သူဆင်ခြင်တုံတရားမဲ့သွားလိမ့်မည်။ ထိုတစ်လှမ်းကိုတွန်းပို့ရန်လည်း ကျိူးယွင်ရှန့် တွင် အစီအစဉ်ရှိပြီးသားပင်။ဤအစီအစဉ်ကကောင်းမင်သာ သူ့ကိုဘေးမဲ့ထားလျှင်ဖြစ်လာလိမ့်မည်မဟုတ်ပေ။ ဒါပေမယ့် ကောင်းမင်ဟာချီရှိုးကျဲ့ကိုမုန်းတီးနေတာကြောင် ရန်စမှာမလွဲပေ။

တစ်နေ့ကောင်းမင် စစ်တန်းလျားတွင်အလုပ်ရှုပ်နေ၍ တော်ဝင်စာသင်ချိန်ကနေ့တစ်ပိုင်းသာရှိလေသည်။ လီရွှီယန်းကယန်ရှင့်နန်းဆောင်တွင် သူ့ဖခင်နှင့်အတူအဖော်ပြုလျှက်နေ့လယ်ကိုကုန်ဆုံးလေသည်။ နေ့လယ်စားစာချိန်၌ အစေခံများက စားသောက်ဖွယ်ရာအစုံအလင်ဖြင့်ဆက်သသည်။
"ဖခမည်းတော် အခုတလောဘယ်ရီသီးနီတွေလက်ဆောင်ရတာလား'' လီရွှီယန်းကပန်းကန်ပြားအပေါ်မှနီရဲရွှန်းလဲ့နေသည့်အသီးများကိုလက်ညိုးထိုးရင်းမေးလိုက်သည်။+

"ဟုတ်တယ် နှစ်ခြင်းရတာ။ မင်းကြိုက်ရင်တစ်ခြင်းယူသွားချေ''

"ဦးရီးတော်လည်းဘယ်ရီသီးအရမ်းကြိုက်တာ သားတော်ယူသွားပေးလို့ရမလား''

"သဘောရှိသလိုသာလုပ်စေဗျား'' လီကျင်းထျန်းမှာ ကြင်နာစွာပြုံးလျှက်နေသော်ငြားမျက်ဝန်းကတော့အေးစက်နေသည်။
လီရွှီယန်းကသက်ပြင်းချပြီး''ဦးရီးတော်ကခုတလော ကျွန်တော့်ကိုစောင့်ရှောက်ပေးထားတာ။ ကျွန်တော်တစ်ခုခုတော့ပြန်ပေးမှကောင်းမှာပဲ'' လီရွှီယန်းဟာ သူ့ဖခင်နဲ့ခမည်းတော်ရဲ့ဆက်ဆံရေးကောင်းမွန်တာကိုသိတာကြောင့် စကားများချွင်းချက်ထားရန်မလိုဟုယူဆထားလေသည်။

"ဟုတ်ပါပြီ နောက်တော့ပို့ပေးလိုက်ပေါ့'' လီကျင်းထျန်း တူကိုကျစ်ကျစ်ဆုတ်မိသည်။ ''စားရအောင် ဟင်းတွေအေးကုန်တော့မယ်''

လီရွှီယန်းကခေါင်းညိမ့်ပြီး ဘယ်ရီသီးများအားပန်းကန်လုံးထဲထည့်ကာ အစေခံကိုပဲငံပြာရည်တောင်းလိုက်သည်။
အစေခံကချက်ချင်းပဲ ပဲငံပြာရည်အိုးငယ်ကိုဆက်သလိုက်တော့ သူကဘယ်ရီသီးများပေါ်လောင်းချပြီး တူနဲ့မွှေရင်းစိတ်ကျေနပ်စွာစားလေသည်။ ဤစားနည်းကလီဝမ်ဆီကသင်လာခြင်းဖြစ်သည်။

လီကျင်းထျန်းလည်းသိချင်စိတ်နဲ့စားကြည့်လိုက်တော့ အရသာကသူ့လျှာနှင့်မတည့် ချိူချဉ်ငန်ဖန်တစ်ပြိုင်ထဲနဲ့အန်ချင်စိတ်တောင်ဖြစ်မိသည်။ ဘယ်​လိုများစားနိုင်​သလဲဟု မျက်​ခုံးကိုအသာကြုတ်​ရင်း​မိမိမျက်​နှာချင်းဆိုင်​မှ​ကောင်​လေးအား ကြည့်​လိုက်​မိသည်​။

ထိုစဉ်​မိန်းမစိုးကြီးကရုတ်​တရက်​ကျီစားဟန်​လေသံဖြင့်​ဝင်​ပြောသည်​။ ''မင်းသားငါး ဒီစားနည်းကိုမင်းသားလီဝမ်​ဆီကသင်​ခဲ့တာလား။ အရှင့်​သားတို့နှစ်​ဦးကအကြိုက်​တူရုံမကဘူး မျက်​လုံး​တွေကလည်းသိပ်​တူကြတာ ။ အရှင့်​သားကလီဝမ်​ရယ်​ပုံစံငယ်​လေးအလားပဲ။ တူဝရီးရုပ်​ဆင်​ဆိုတာ တကယ်​အမှန်​ပါပဲ''4

မင်းသားငါးကထိုစကားများကို မည်​သည့်​အ​ကြောင်းအရာမှမ​တွေးဘဲ​ပေါ့​ပေါ့ပါးပါးပင်​ရယ်​မောလိုက်​သည်​။ သူနဲ့လီဝမ်​က​သွေးသား​တော်​စပ်​တာပဲမို့ ဆင်​တယ်​ဆိုတာကထူးဆန်းသည့်​ကိစ္စ​တော့မဟုတ်​ပေ။

သို့​ပေမယ့်​လီကျင်းထျန်းအတွက်​တော့ရုတ်​တရက်​ဓားစိုက်​ခံလိုက်​ရသည့်​အလား။ လက်​ရှိ​ကောင်းမင်​နဲ့လီဝမ်​ဘာလုပ်​နေကြသလဲ​တောင်​မှသူမသိနိုင်​တဲ့အ​ခြေအ​နေမှာ သူတို့နှစ်​ဦးသားနန်းတွင်းမဝင်​ခင်​ကတည်းကသိနှင့်​ခဲ့ကြရင်​...။​ကောင်းမင်​နန်းတွင်းဝင်​စက မယ်​တော်​ကြီးသက်​ရှိထင်​ရှားရှိဆဲမို့ အချစ်​တော်​သား​လေးဖြစ်​တဲ့လီဝမ်​ဟာမကြာခဏ မယ်​တော်​ကြီးဆီသွားလည်​တတ်​ပြီး ထိုအချိန်​သူတို့နှစ်​ဦး​တွေ့ဆုံကြရန်​အခွင့်​အလမ်းလည်းများသည်​မဟုတ်​လား။ လီကျင်းထျန်း၏​ကြောက်​ရွံမှုများက မိမိတစ်​ကိုယ်​လုံးဝါးမြိုခံလိုက်​ရ​တော့မလို လက်​ထဲမှတူအားနှစ်​ပိုင်းချိူးမိမတတ်​ဆုပ်​ထားမိ​တော့သည်​။ မင်းသားငါးသူ့က​လေးမဟုတ်​ခဲ့ရင်​ကောင်းမင်​နဲ့လီဝမ်​သူ့ကိုပုန်​ကန်​မယ်​ဆိုတာ ဒီထက်​အကျိူးအ​ကြောင်းသင့်​စရာမရှိ​တော့ဘူး။ သူကသူတို့မိသားစု​ပေါင်းစည်းဖို့အရှုပ်​ကောင်​ဖြစ်​နေတာမလား။ လီဝမ်​ပြောတဲ့ 'ငါတို့​စောင့်​ခဲ့ရတဲ့​နေ့က​နောက်​ဆုံး​တော့​ရောက်​လာခဲ့ပြီ'ဆိုတဲ့စကားက လုံးဝမှားစရာမရှိ​တော့ဘူးပဲ။
ကိုယ်​အ​တွေးအမြင်​နဲ့မင်္သကာစရာအချက်​အလက်​များကိုဆက်​စပ်​တွေးပြီး​နောက်​လီကျင်းထျန်းနှလုံးမီးပူလျက်​ရှိ​တော့သည်​။ မသက်​မသာဖြစ်​နေဟန်​ပေါ်သည့်​သူ့ကိုမိန်းမစိုးကြီးကမြင်​တော့ချက်​ချင်းအနီးကပ်​ခစား​လေရာ သူတားမြစ်​လိုက်​၏။+
"ကိုယ်​တော်​ဘာမှမဖြစ်​ဘူး​တောင်​ပိုင်းအ​ရေးအခင်းနဲ့ပတ်​သက်​ပြီးစိတ်​ရှုပ်​စရာ​တွေများ​တော့ အိပ်​ရေးပျက်​လို့ဖြစ်​တာ''

မင်းသားငါးကသူ့အနီး​လျှောက်​လာပြီး​ကျောပြင်​ကိုပွတ်​သပ်​ကာနှစ်​သိမ့်​သည်​။ ''ဖခမည်း​တော်​မစိုးရိမ်​ပါနဲ့ ။ ခမည်း​တော်​ကပုန်​ကန်​သူ​တွေကိုနှိမ်​နင်းဖို့စီစဉ်​ပြီးပါပြီ။ ခမည်း​တော်​အဲ့မှာရှိရင်​နောက်​ထပ်​ပြသာနာ​တွေမဖြစ်​လောက်​တော့ပါဘူး။''

ထိုစကားများကလီကျင်းထျန်းအားစိတ်​လက်​မ​အေး​စေသည့်​အပြင်​ဝိညာဉ်​တွင်းထိ​လောင်​ကျွမ်း​စေသည့်​မီးလျှံအလားပင်​။ မင်းသားငါးကိုပြန်​ပို့​စေလိုက်​ပြီး​နောက်​သူ သူလျှိုများကိုဆင့်​ခေါ်လိုက်​သည်​။

"မင်းသားငါးရဲ့​သွေးစက်​တစ်​ချိူ့ယူလာခဲ့''
အမိန့်​ကထူးဆန်း​သော်​လည်း သူလျှိုသည်​အ​မေးစကားမဆို တစ်​ခဏအကြာတွင်​သွေးရည်​တစ်​ချိူ့နှင့်​ပြန်​ရောက်​လာခဲ့သည်​။
လီကျင်းထျန်း သူလျှိုကိုပြန်​လွှတ်​ပြီး​ရေတစ်​ခွက်​ယူကာ ထိုထဲသို့မင်းသားငါး​သွေးစက်​ကိုလောင်းချလိုက်​သည်​။ ထို့​နောက်​တစ်​ပြိုင်​ထဲမိမိလက်​ကိုကိုက်​ပြီး​သွေးစက်​များ​ရေအတွင်းသို့ညစ်​ချလိုက်​သည်​။​သွေးစက်​များက​ရေထဲတွင်​ဆုံ​တွေ့​သော်​လည်းမ​ပေါင်းစည်း ဖြည်းညင်းစွာပြိုကွဲရင်း​ရေထဲတွင်​ပျောက်​ကွယ်​သွားကုန်​သည်​။
လီကျင်းထျန်း​နောက်​ဆုံး​တော့အရှုံး​ပေးလိုက်​ပြီ။​တော်​ဝင်​စားပွဲကိုတွန်းထုတ်​ပြီး သူ​အော်​ရယ်​မိသည်​။ ထို့အတူမျက်​ရည်​များပါလျှံကျလာ၏။ ဒီဘဝမှာသူအချစ်​ရဆုံးလူဟာ လူလိမ်​တစ်​ယောက်​ဆိုတာသူမယုံကြည်​နိုင်​ပေ။ ဒါတင်​မက သူ​သေချာပျိူး​ထောင်​ခဲ့တဲ့အနာဂတ်​အ​မွေခံ​လေးက တကယ်​တမ်းမျိူးမစစ်​လေးဖြစ်​နေသည်​။​ကောင်းမင်​ဘာ​ကြောင့်​အရင်​ဘဝကသူနဲ့အတူ​သေခဲ့သလဲ။ မဟုတ်​သေးဘူး လီဝမ်​ကသူနဲ့​ကောင်းမင်​ကို တစ်​လမ်းစီသွားပြီး လမ်း​ကြောင်းလွှဲဖို့အကြံ​ပေးခဲ့သားပဲ။ ဒါ​ပေမယ့်​သူကအတင်း​ကောင်းမင်​နားပဲကပ်​နေခဲ့တယ်​လေ။ အဲ့တုန်းက သူတို့အတူထွက်​ပြေးဖို့ကြံစည်​ထားကြသလား။
လီကျင်းထျန်း ဆက်​စပ်​တွေးရင်းအ​တွေးများက ယုတ္တိမရှိဘဲမ​နေ​တော့။​ဒေါသအူလှိုက်​နီ​စွေး​သောမျက်​လုံးများနှင့်​ယန်​ရှင့်​နန်း​ဆောင်​မှာထွက်​လာပြီး ဇီချန်​နန်း​ဆောင်​ဆီသို့​ပြေးသွားလိုက်​သည်​။

ချီရှိုးကျဲ့ကစားပွဲ​ရှေ့တွင်​ရပ်​လျက်​ပန်းချီဆွဲ​နေပြီး မင်းသား​ခြောက်​ကနံ​ဘေးတွင်​ပူးကပ်​စွာရပ်​လျက်​ချီကျိူးကျဲ့၏အား​နေသည့်​လက်​ကိုဖက်​နွယ်​ထား​လေသည်​။ မင်းသား​ခြောက်​သည်​အရွယ်​ရောက်​သည်​နှင့်​အမျှ မျက်​နှာသွင်​ပြင်​သည်​လည်းထင်​ရှားလာပြီး လီကျင်းထျန်းလူပျိူဘဝကိုပြန်​မြင်​နေရသကဲ့သို့ပင်​ကြီးပြင်းလာသည်​။1
ထို​နွေး​ထွေး​သောမြင်​ကွင်း​ကြောင့်​ခြေလှမ်းတစ်​ခဏရပ်​သွား​သော်​ငြား သူ့​ဒေါသကမ​ပြေနိုင်​စားပွဲကိုကန်​ကြောက်​ပြီး ချီကျိူးကျဲ့ပုခုံးအားဆွဲကာ အတွင်းခန်းထဲဝင်​၍​အော်​လိုက်​သည်​။

"အားလုံးထွက်​သွားကြ!"

သို့​ပေမယ့်​လီရွှီသုန်းမည်​ကဲ့သို့သွားနိုင်​ပါ့မည်​နည်း။​ပြေးလိုက်​ရန်​ပြင်​နေ​သော​ခြေလှမ်းတို့က ခမည်​တော်​၏တည်​ညိမ်​သောအမူအရာနှင့်​အသာ​ဝေ့ရမ်းလိုက်​သောလက်​၏အချက်​ပြမှု​အောက်​မှာ ရပ်​တန့်​သွား​လေသည်​။

လီရွှီသုန်းအံကိုတင်းတင်းကြိတ်​ထား​သော်​ငြား​ခြေကိုဆက်​မလှမ်း​တော့​ပေ။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі