Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 2.4
အခန်း (၁၅)​ဝေ့ရှီရန်​ဘဝ

နဉ်စစ်နျန်သည် အိမ်ကနေ အလုပ်သွားဖို့ ထွက်လာပေမယ့် တကယ်တော့ သူက ကုမ္ပဏီကို မသွားခဲ့ပါ။ အိမ်နဲ့အနီးဆုံးဖြစ်တဲ့ မြေအောက်ကားပါကင် ပုန်းနေပြီး နားမှာလည်း သူ့အိမ်ကို စောင့်ကြည့်ဖို့ အသံနားထောင်တဲ့နားကြပ်ကို ဝတ်ထားသည်။ ကျောက်ကျွင့်သည် မော်နီတာကို စောင့်ကြည့်ဖို့ အိမ်မှာကျန်နေခဲ့ပြီး ဝေ့ရှီရန်က ဝမ်ရှုကို တစ်ခုခုလုပ်တာနဲ့ ချက်ချင်း အပြေးအလွှား ကယ်တင်ပေးမှာဖြစ်သည်။ ပြီးရင် သမုဒ္ဒရာတစ်ဘက်မှာရှိနေတဲ့ 'နဉ်'အမေဆီ ဗီဒီယိုကို ပို့မှာဖြစ်သည်။

အသံနားထောင်တဲ့နားကြပ်ကို တပ်ဆင်ထားတဲ့ နဉ်စစ်နျန်က အရမ်းကို စိတ်လှုပ်ရှားနေခဲ့သည်။ သူ့သားရဲ့ ကြောက်လန့်နေတဲ့ပုံရိပ်က သူ့ရဲ့စိတ်အာရုံထဲမှာ အလေးအနက် စွဲထင်အမှတ်ရနေသည်။ ကြောက်လန့်နေပြီ ဒဏ်ရာတွေလည်း ခံစားရသည်။ နဉ်စစ်နျန်သည် မိုက်ခွက်ပါနားကြပ်အပေါ် စိတ်အာရုံကို စူးစိုက်ထားလိုက်ပြီး တစ်ခုခုပုံမှန်မဟုတ်ဘူးလို့ ခံစားရတာနဲ့ ကားစက်နိုးဖို့ အသင့်ပြင်ထားလိုက်သည်။

စောင့်ကြည့်ကိရိယာက သူ့သားရဲ့လော့ကက်သီးထဲမှာ ရှိနေတာကြောင့် အသံတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားကြားရသည်။ ဝမ်မားက သူ့သားကို ဆူဆူညံညံမဟုတ်ဖို့ ပြောနေသံကြားလိုက်သည်။ ဒါပေမယ့် လေသံကတော့ မာမာထန်ထန်ဖြစ်နေသည်။ ဝမ်ရှုက လုံးဝအသံမထွက်တာမို့ အကြာကြီးတိတ်ဆိတ်နေခဲ့သည်။

နဉ်စစ်သည် နေမထိထိုင်မထိဖြစ်နေပြီး စတီယာတိုင်ကို ကိုင်ရင်း မလှုပ်မယှက်ထိုင်နေခဲ့သည်။ သူသည် အဲအနေအထားအတိုင်း နေ့လည် တစ်နာရီ နှစ်နာရီအထိ ထိုင်နေခဲ့သည်။ ကျောက်တုံးအဖြစ် ပြောင်းလဲခါနီးမှာ ရှင်းလင်းပြတ်သားတဲ့အသံ ထွက်လာခဲ့သည်။ " မလုပ်နဲ့ အဲဒါတွေနဲ့ မဆော့ရဘူး "

အဲဒါက ဝေ့ရှီရန်ရဲ့ ပြိုင်ဘက်ကင်း အနိမ့်အမြင့်မရှိတဲ့အသံပဲ။ နဉ်စစ်နျန်သည် ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီး နောက်ကွယ်ကအဖြစ်အပျက်ကို ခွဲခြားသိနိုင်ဖို့ ကြိုးစားလိုက်သည်။ မုန်းတီးမှု တစ်စွန်းတစ်စရှိနေလို့ မဟုတ်ဘဲ သူ့ဦးနှောက်က အလိုအလျောက် တုန့်ပြန့်ပြီး သူ့လက်တွေ ကားစက်နိုးတဲ့ခလုတ်ပေါ်ရှိနေကာ အင်ဂျင် စ,နိုးဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။

သူ ကားစက်မနိုးခင်မှာပဲ နောက်ထပ် ကြည်လင်ပြတ်သားတဲ့အသံ ထပ်ထွက်လာပြန်သည်။ အသံက အနိမ့်အမြင့်မရှိ တစ်ဖြောင့်တည်းဖြစ်နေပေမယ့် စကားထဲမှာ ကြင်နာဂရုစိုက်မှုတွေ ပြည့်နှက်နေတယ်။

" ပန်းချီဆွဲဖို့ ဒါတွေကို သုံးလိုက် ဆေးတွေနဲ့ ဆီဆေးတွေမှာ အဆိပ်တွေပါတယ်။ ကလေးငယ်ငယ်လေးတွေ မထိရဘူး နေမကောင်းဖြစ်လိမ့်မယ်။ "

ဒါဆို ရှီရန်က သူ့သား ဆီဆေးတွေနဲ့ ဆော့နေတာကို တားနေတာပေါ့။ အဲဒါ မှန်တယ်ဆိုရင် အပြစ်တင်ကြိမ်းမောင်းနေတာ မဟုတ်ဘူး။ နဉ်စစ်က သက်ပြင်းချလိုက်ပြီး သူ့လက်ကိုလည်း ကားစက်နိုးတဲ့ခလုတ်က ဖယ်ကာ နဖူးမှချွေးတွေကို သုတ်လိုက်သည်။ ခဏလောက် တိတ်ဆိတ်သွားပြီး ဝေ့ရှီရန် နောက်ထပ်စကားပြောပြန်သည်။ ဒါပေမယ့် ဒီတစ်ခါတော့ နဉ်စစ် စိတ်အေးအေးထားလိုက်သည်။

" ဒါကို ဝတ်ထားလိုက် ဒါမှ အင်္ကျီမညစ်ပတ်မှာ"  ဝေ့ရှီရန်က သူ့သားကို ရှေ့ဖုံးခါးစည်း ဝတ်ပေးနေတာ ဖြစ်မယ်။ ဒါဆို ဆေးတွေက အင်္ကျီမှာ မစွန်းထင်းနိုင်တော့ဘူး။ ဒါကလည်း အပြစ်တင်ကြိမ်းမောင်းနေတာ မဟုတ်ဘူး။

နဉ်စစ်နျန် မျက်မှောင်ကြုပ်လိုက်သည်။ သူ လုံးဝနားမလည်နိုင်တော့ဘူး။ ဒီ ဂရုစိုက်တတ်တဲ့ လူငယ်လေးနဲ့ ဝမ်မား ဒေါသတကြီးပြောတဲ့ လူတွေကို ထိခိုက်စေတဲ့သူက တစ်ယောက်တည်း မဟုတ်ဘူးလား။

တစ်ခုခုမှားနေပြီလို့ နဉ်စစ် ခံစားမိလိုက်သည်။ ဒါမှမဟုတ် ဒီဆယ်ကျော်သက် ကောင်လေးကပဲ ဟန်ဆောင်ဖုံးကွယ်တာ တော်လို့လား။ ဒါပေမယ့် ဟန်ဆောင်နေတယ်ဆိုရင်တောင် အရိုက်ခံရတဲ့ သူ့သားကိုယ်တိုင်ကကော ရှီရန်နဲ့ ဝေးဝေးနေသင့်တာကို မသိဘူးလား။ ရှီရန်ရဲ့ စတူဒီယိုထဲကို သူ့ခြေထောက်နဲ့သူ ဝင်သွားတဲ့ သူ့သားရဲ့ခြေသံကို နဉ်စစ် ကြားထားပြီးပြီ။
နဉ်စစ်သည် နားကြပ်ကို ချွတ်လိုက်ပြီး သူ့ဆံပင်ကို အနောက်သို့ ပင့်တင်လိုက်သည်။ နောက်ဆုံး အိမ်ကို ပြန်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

အိမ်ကို ကားရောက်တာနဲ့ ကျောက်ကျွင့် အိမ်ထဲက အပြေးထွက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ " သူဌေး မော်နီတာကို သူဌေးကိုယ်တိုင်ကြည့်တာ ပိုကောင်းမယ် ထင်တယ်။ ကြည့်ရတာ ကျွန်တော်တို့ သိထားတာအားလုံး မှားနေပြီ ထင်တယ်။ "

နဉ်စစ်သည် ခေါင်းငြိမ့်လိုက်ပြီး သူ့ကို ချန်ထားကာ လှေကားဆီ လျှောက်သွားလိုက်သည်။ ဒါပေမယ့် နဉ်စစ် သူ့သားကို မဖက်ရသေးခင် ဝမ်ရှုသည် ဝမ်မားရဲ့ခြိမ်းခြောက်မှုကို ခံလိုက်ရပြီးပြီ။ ဝမ်ရှုသည် အလွန်အမင်းကြောက်လန့်နေပြီး မျက်လုံးဝိုင်းထဲတွင် မျက်ရည်များနဲ့ ပြည့်နှက်ကာ အရမ်း စိတ်ထိခိုက်နေပုံ ပေါ်နေသည်။ အသံတွေနားထောင်တုန်းက သားလေးက စကားတစ်ခွန်းမှမပြောဘဲ သူ့ဦးလေးနဲ့အတူတူ ပန်းချီပဲ ဆွဲနေတာမို့ စိတ်အာရုံက အရမ်အေးချမ်းနေပြီး ပျော်ရွှင်နေတယ်လို့တောင် ပြောလို့ရနိုင်တယ်။ သူ ပြန်လာတဲ့ ဒီအတောအတွင်းမှာ ဘယ်အရာက သားလေးကို လုံးဝပြောင်းလဲသွားအောင် လုပ်လိုက်တာလဲ။

နဉ်စစ်ရဲ့စိတ်ထဲ သံသယတွေနဲ့ ပိုပြည့်နှက်သွားပြီး ဝမ်မားရဲ့လက်ထဲကနေ သူ့သားကို ခေါ်လိုက်သည်။ ဒါပေမယ့် သူ့သားမျက်လုံးထဲ အာခံမှုနဲ့ ခါးသီးတဲ့ခံစားချက်ကို တွေ့လိုက်ရတော့ အရမ်း တုန်လှုပ်သွားခဲ့သည်။
နဉ်စစ်သည် ရုတ်တရတ် စိတ်နှလုံးပူဆွေးမှုကို ခံစားလိုက်ရပြီး ဒီတိတ်ဆိတ်တဲ့နေရက်မှာ ဘာတွေဖြစ်သွားတယ်ဆိုတာ မြန်မြန်ဆန်ဆန် ရှာဖွေစုံစမ်းချင်သွားသည်။

" ဝမ်မား ဝမ်ရှုကို ဥယျာဉ်ထဲမှာ ဘဲကလေးတွေကြည့်ရအောင် ခေါ်သွားပေးပါလား။ အဝတ်လဲပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်။ " သူက ကလေးကို ဝမ်မားထဲပေးပြီးနောက် စာကြည့်ခန်းသို့ မြန်မြန်လျှောက်သွားလိုက်သည်။

ကွန်ပြူတာကို ဖွင့်ပြီး ဒီနေ့မှတ်တမ်းတင်ထားတာတွေ ကြည့်ဖို့ မစောင့်နိုင်တော့ဘူး။ သေးငယ်တဲ့ကင်မရာက နဉ်ဝမ်ရှုပေါ်ရှိနေတာမို့ လှုပ်ရှားမှုတိုင်းကို ထောင့်အသီးသီးကနေ မြင်နိုင်တယ်။ အစားအစာဝယ်ဖို့ ဝမ်မား အပြင်အစောကြီးထွက်သွားပြီး ကောဇောပေါ်မှာ ထိုင်ရင် အရုပ်တွေနဲ့ဆော့နေတဲ့ ဝမ်ရှု တစ်ယောက်တည်း ကျန်နေတာ တွေ့လိုက်သည်။ မျက်နှာကတော့ ဘာအမှုအရာခံစားချက်မှ မပြတာကြောင့် စိတ်ဝိညာဉ်မရှိတဲ့ ဗလာအခွံသက်သက်နဲ့ တူနေသည်။ ဝမ်ရှုက နေ့လည်အထိ ထိုင်နေပြီး အိမ်အကူက နေ့လည်စာ ယူလာပေးသည်။ သူမက နေ့လည်စာကို ချပေးပြီး ဝမ်ရှုကို နေ့လည်စာ စားဖို့တောင် မချော့မြူဘဲ ချက်ချင်းလှည့်ထွက်သွားလိုက်သည်။

နဉ်ဝမ်ရှုသည် ယဉ်ကျေးစွာပြုမှုလေ့ရှိတာကြောင့် ဘီစကစ်ကို ယူလိုက်ပြီး ဖြည်းဖြည်းလေး စားလိုက်သည်။ ပြီး နွားနို့ကို နည်းနည်းချင်းစီ စုပ်သောက်လိုက်သည်။ အဲဒီနောက် သေးငယ်တဲ့ခြေထောက်လေးနဲ့ စတူဒီယိုဆီ လျှောက်သွားလိုက်သည်။

နဉ်စစ်နျန်သည် သတိလက်လွှတ်နဲ့ မျက်မှောင်ကြုပ်လိုက်သည်။ ဝေ့ရှီရန်သာ သူ့သားကို ကြိမ်ဖန်များစွာ ရိုက်နှက်တာ အမှန်ဆိုရင် သားက ဘာလို့ ရှီရန်ကို ကိုယ့်သဘောနဲ့ကိုယ် သွားရှာရတာလဲ။
နဉ်စစ်သည် သိလိုစိတ်ကို ချုပ်တည်းပြီး ဆက်ကြည့်နေလိုက်သည်။

နဉ်ဝမ်ရှုသည် တံခါးဆီလျှောက်သွားပြီး အတွင်းဘက်ကို အကြာကြီးကြည့်နေလိုက်သည်။ ဝေ့ရှီရန် ပန်းချီထဲ အာရုံဝင်စားနေတာမြင်တော့ တိတ်တဆိတ် အထဲဝင်သွားလိုက်သည်။ ဝေ့ရှီရန် စုတ်တံယူရန်လှည့်လိုက်တဲ့အခါမှ အရပ်ရှည်ရှည်လူငယ်လေးနဲ့ အရပ်ပုပု ကလေးလေး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စိုက်ကြည့်မိကြသည်။

သူတို့တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေတဲ့အချိန် နဉ်စစ်နျန်သည် အသက်အောင့်ထားမိပြီး သတိလက်လွတ်နဲ့ လက်သီးကို ကျစ်ကစ်ပါအောင် ဆုပ်ထားမိလိုက်သည်။ နဉ်စစ်သည် ကောင်လေး ဒေါသထွက်မယ့်အချိန်ကို စောင့်ကြည့်နေလိုက်သည်။ ဒါပေမယ့် ကောင်လေးက ဒေါသမထွက်ဘဲ ဝမ်ရှုကို ဂရုတစိုက်ရှောင်ပြီး ပန်းချီဆက်ဆွဲဖို့ စုတ်တံကို ကောက်ကိုင်လိုက်သည်။ သူ့သားရဲ့ကြောက်လန့်နေတဲ့စိတ်က ချက်ချင်း သက်သာရာရသွားပြီး သေးငယ်တဲ့မျက်နှာလေးမှာ အံသြစရာကောင်းတဲ့အမူအရာ ပေါ်နေခဲ့သည်။

ဝမ်ရှုရဲ့သက်သာရာရသွားတဲ့ မျက်လုံးတွေက နဉ်စစ်နျန်ကို မျက်ရည်ကျလုနီးပါး ဖြစ်စေခဲ့သည်။

အဲဒီနောက်ပိုင်းတော့ ပန်းချီဆေးတွေနဲ့ဆော့နေတဲ့ သူ့သားကို ဝေ့ရှီရန်က တားမြစ်နေတာတွေ၊ ညင်​သာစွာနဲ့ အဝတ်​အစားဝတ်​ပေး​နေတာ​တွေ ပြီးတော့ ကြင်နာယုယစွာနဲ့ ဆံပင်ကို ပွတ်သပ်ပေးနေတာတွေပဲ။ ရှီရန်ရဲ့လက် ဖယ်သွားတဲ့အခါ သူ့သားက သူ့နဖူးကို ထိလိုက်ပြီး မျက်လုံးတွေက အတိတ်ကို တသသလွမ်းဆွတ်နေပုံ ပေါ်နေသည်။

သူတို့ကို ရိုက်နှက်တဲ့သူတွေကို စိတ်ခံစားမှုအပြည့်နဲ့ ထိတွေ့ဆက်ဆံတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ နဉ်စစ်နျန်ရဲ့တောင့်တင်းနေတဲ့ နာဗ်ကြောတွေက အနည်းငယ်နာကျင်လာသည်။ သူသည် သည်းခံပြီး ဆက်ကြည့်နေလိုက်သည်။

လူငယ်တစ်ယောက် ကလေးတစ်ယောက်က ဘေးချင်းယှဉ် ရပ်နေကြပြီး နှစ်ယောက်လုံးရဲ့ရှေ့မှာ ကမ်းဗတ်စ်နှစ်ခု ရှိနေခဲ့သည်။ ကောင်လေးရဲ့ပန်းချီကားက ကြယ်အလင်းရောင်းတွေနဲ့ လှပနေပြီး သူ့သားရဲ့ပန်းချီကတော့ အနက်ရောင်တွေနဲ့ပြည့်နှက်နေကာ ဘာပုံလို့ပြောရမှန်းတောင် မသိတော့ဘူး။ ဒါပေမယ့် ဝမ်ရှုက အရမ်းပျော်ရွှင်နေပြီး သူရဲ့ပြောင်မြောင်လှတဲ့ ပန်းချီကားကို အသိအမှတ်ပြုပေးဖို့ သူ့ဦးလေးရဲ့ အင်္ကျီလက်ကိုတောင် သွားဆွဲခဲ့သည်။ 4

ကောင်လေးက ဘာမှမပြောပေမယ့် ချီးမွမ်းတဲ့အနေနဲ့ဆံပင်တွေကိုပဲ ပွတ်သပ်ပေးလိုက်သည်။ သူ့သားရဲ့မျက်လုံးထဲကနေ အရင်က တခါမှ မရှိခဲ့ဖူးတဲ့အရောင်တွေ တလက်လက် ထွက်လာခဲ့သည်။ ဝမ်ရှုက အရမ်းကိုပျော်ရွှင်နေခဲ့သည်။ 1

နဉ်စစ်နျန်သည် သတိလက်လွတ်ပြုံးနေမိပြီး သူ့ရဲ့ စူးရှတဲ့မျက်လုံးတွေက ကြင်နာသိမ်မွေ့မှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။ သူသည် တိတ်ဆိတ်စွာနဲ့ ကွန်ပြူတာဖန်သားပြင်ကို စိုက်ကြည့်နေပြီး ငြိမ်းချမ်းမှုနဲ့ အေးချမ်းဆိတ်ငြိမ်မှုကို တပြိုင်တည်းခံစားလိုက်ရသည်။

ဒါပေမယ့် မကြာခင်မှာပဲ ဝမ်မားရဲ့အော်သံက နွေးထွေးတဲ့ပုံရိပ်လေးကို ဖျက်ဆီးလိုက်သည်။ ဝမ်ရှုသည် တဆတ်ဆတ်နဲ့ စပြီး တုန်လာကာ ကျန်းမာစွာနီရဲနေတဲ့မျက်နှာက ဖျော့တော့သွားပြီး ရင်းနှီးပြီးသားဖြစ်တဲ့ ကြောက်လန့်နေတဲ့အမှုအရာ ပေါ်လာသည်။

တံခါးဝမှာ ဝမ်မားပေါ်လာပြီး ကျယ်လောင်စွာနဲ့ နဉ်ဝမ်ရှုကို အပြင်ထွက်လာရန် အော်ဟစ်လိုက်သည်။ ဒါပေမယ့် ဝေ့ရှီရန်က တံခါးဆီ ခြေနှစ်လှမ်း လှမ်းလိုက်ပြီး တံခါးကို အရှိန်ပြင်းစွာနဲ့ ပိတ်ချလိုက်သည်။ အံအားစရာကောင်းစွာ ဝမ်ရှုသည် တုန်ခါနေတာ ရပ်သွားပြီး ဝေ့ရှီရန်ကို သူရဲကောင်းလို ချစ်ခင်အားကျတဲ့မျက်နှာနဲ့ ကြည့်နေလိုက်သည်။

နဉ်စစ်သည် ဖန်သားပြင်ကို ကြည့်ရင်း သတိလစ်လုနီးပါးဖြစ်သွားပြီး သူ့နှလုံးသားကလည်း အသူတရာနက်တဲ့ချောက်ထဲ ကျသွားသလို ခံစားလိုက်ရသည်။ အခုတော့ သူ လိမ်ညာ လှည့်စားခံလိုက်ရတာ သိသွားပြီ။ သူသည် အမြန်ကျော်ကြည့်တဲ့ခလုတ်ကို နှိပ်လိုက်သည်။ ဝမ်မား တံခါးကို ပြင်းပြင်းထန်ထန်ရိုက်နှက်ပြီး သူ့သားကို ဆွဲထုတ်သွားတာ တွေ့လိုက်သည်။ ဝမ်းမားရဲ့ ရက်စက်ကြမ်းကြုတ်တဲ့မျက်နှာမှာ မုန်းတီးမှုတွေအပြည့်ပဲ။

နဉ်စစ်နျန်သည် အမြန်ကျော်တဲ့ခလုတ်ကို ရုတ်တရတ် ရပ်လိုက်တာနဲ့ ဝမ်မားရဲ့ ရက်စက်တဲ့အသံက သူ့နားထဲဝင်ရောက်လာသည်။

" နင် အဲမိမစစ် ဖမစစ်ကောင်နောက် ထပ်မလိုက်နဲ့ မဟုတ်ရင် နင့်ကို အရေခွံနွှာပစ်မယ်။ ဝေ့ရှီရန်ပဲ မဟုတ်ဘူး နင်လည်း မိမစစ် ဖမစစ်ပဲ။ ငါ့စကားကို နားမထောင်ဘူးဆိုရင် မြစ်ထဲမှာ ရေနစ်သွားအောင် နင့်ကို သွားပစ်လိုက်မယ်။ နင့်အဖေမှာ ဇနီးအသစ်ရှိနေပြီ။ အနာဂါတ်မှာ ကလေးတွေအများကြီး ရှိလာတော့မှာ။ နင့်အကြောင်းကို မြန်မြန်မေ့သွားမှာပဲ။ "
အားလုံးရှင်းသွားပြီ။ ဒါက သူ့သားကို ဝမ်မား ဘယ်လိုဆက်ဆံတယ်ဆိုတာ ပြနေတာပဲ။ နဉ်စစ်ရဲ့နဖူးကြောတွေ ထောင်လာပြီး အသိစိတ်လွတ်လောက်တဲ့အထိ ဒေါသထွက်လာသည်။ တကယ်လို့ သူသာ ဒီအမှန်တရားကို ရှာမတွေ့ရင် အရူးလုံးလုံးဖြစ်နေတော့မှာ။ 4

နဉ်စစ်သည် သူ့သားကို ထိန်းပေးဖို့ ဝမ်မားဆီ ပေးထားတာ စဉ်းစားမိသွားပြီး ချက်ချင်းထရပ်ကာ အခန်းအပြင်သို့ အပြေးထွက်လာလိုက်သည်။

နဉ်စစ်နျန် အမှန်တရားကို ရှာတွေ့အချိန် ကျိူးယွင်ရှန့်သည် အခန်းထဲတွင် တိတ်ဆိတ်စွာ ရှိနေခဲ့သည်။ သူသည် AI ကိုဖွင့်ပြီး နဉ်စစ်နျန်ရဲ့ စောင့်ကြည့်စနစ်ထဲ ကျူးကျော်ဝင်ရောက်လိုက်သည်။ ကျောက်ကျွင့်သည် လူတွေ မော်နီတာကို မတော်တဆ ရှာတွေ့မှာစိုးလို့ သေချာဂရုတစိုက်လုပ်ထားပြီး နဉ်စစ်ရဲ့စာကြည့်ခန်းနဲ့ အိပ်ခန်းတောင်မချန် ကင်မရာတွေအများကြီး တပ်ဆင်ထားသည်။ ကျိူးယွင်ရှန့်သည် သူ့မြင်ကွင်းကို စာကြည့်ခန်းကို ပြောင်းလိုက်ပြီး နဉ်စစ်နျန်ရဲ့ ရုတ်တရတ် ဖျော့တော့သွားမယ့်မျက်နှာကို စောင့်ကြည့်ရင်း ကော်ဖီကို မွှေနေလိုက်သည်။

ကျေနပ်လောက်အောင် ကြည့်ပြီးမှ ကော်ဖီကို နည်းနည်းစီစုပ်သောက်လိုက်ပြီး တံခါးနားသွားကာ မြက်ခင်းတွေကို ငေးကြည့်နေလိုက်သည်။ ဝမ်ရှုသည် ဘဲလေးတွေကို ကြည့်နေပေမယ့် သူ့လက်မောင်းတွေကို ဝမ်မားက ချုပ်ကိုင်ထားလို့ လုံးဝမလှုပ်ရှားရဲဘဲ နေရာမှာ ဒီတိုင်းရပ်နေသည်။ သူ့ရဲ့ သေးငယ်တဲ့ခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်နေပြီး အလွန်အမင်း စိတ်ညစ်နေပုံပေါ်နေသည်။

တကယ်လို့ ကျိူးယွင်ရှန့်ရဲ့ ခန္ဓာကိုယ်က သူ့ရဲ့ကိုယ်ခန္ဓာအစစ်အမှန် ဖြစ်မယ်ဆိုရငိ အခုချက်ချင်းပဲ ဝမ်မားဆီ သူမလည်ပင်းညစ်ဖို့ အရောက်သွားမိမှာ။ ဒါပေမယ့် အခု သူက ဝေ့ရှီရန် ဖြစ်နေတယ်။ ဝေ့ရှီရန်ရဲ့လက် ပန်းချီဆွဲဖို့အတွက်ပဲ။ သွေးတွေ စွန်းထင်းလို့မဖြစ်ဘူး။ 3

အဲဒါက သနားစရာကောင်းလွန်းလို့ အကြည့်လွဲလိုက်ပြီး သက်ပြင်းချလိုက်သည်။ သူ နဉ်စစ်ရဲ့ အပြေးအလွှားခြေသံကို ကြားပြီး အခန်းဆီ ပြန်လှည့်လိုက်သည်။

ကော်ရီဒါမှာ ဝေ့ရှီရန်နဲ့ နဉ်စစ်နျန် မျက်နှာချင်းဆိုင် တွေ့လိုက်ကြသည်။ နဉ်စစ်ရဲ့ လှုပ်ရှားမှုတွေ တစ်ခဏလောက် ရပ်ဆိုင်းသွားပြိး သူ့နှလုံးသားထဲ စိတ်မသန့်မှုနဲ့ ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။ ဒါပေမယ့် သူ့သား ဝမ်မားလက်ထဲမှာ ရှိနေတာကြောင့် တစ်ခြားအရာတွေ တွေးဖို့အချိန်မရှိလို့ ခေါင်းညိမ့်ပြလိုက်ပြီး မြက်ခင်းဆီ အပြေးအလွှား ပြေးထွက်သွားလိုက်သည်။ နဉ်စစ်သည် ကျောက်ကျွင့် ဝမ်မားကို စိုက်ကြည့်ရင်း အနားမှာရပ်နေတာ တွေ့လိုက်မှ အနည်းငယ် စိတ်သက်သာရာရသွားသည်။

နဉ်ဝမ်ရှုရဲ့ခေါင်းက အောက်ငိုက်စိုက်ကျနေပြီး ပခုံးကို ကျုံ့ထားကာ ဝမ်မားရဲ့ဘေး တောင့်တောင့်ကြီးရပ်နေသည်။ ဝမ်မားရဲ့လက်က အဝါရောင်ဘဲကို ဆုပ်ကိုင်ထားပြီး ဘဲလေးရဲ့နူးညံ့တဲ့အမွေးတွေနဲ့ ဝမ်ရှုရဲ့ပါးကို တို့ထိကျီစယ်ဖို့ ကြိုးစားနေသည်။ ဝမ်မားရဲ့လက်က ချစ်စရာတိရစ္ဆာန်ကို ကိုင်တွယ်ပုံနဲ့မတူဘဲ လူသားကိုစားတော့မယ့် မကောင်းဆိုးဝါးပုံ ပေါ်နေတာကြောင့် ဝမ်ရှုရဲ့မျက်လုံးက ကြောက်ရွံ့မှုကြောင့် ပြူးကျယ်နေသည်။

ဝမ်ရှုသည် ကြောက်လန့်ပြီး ငြင်းပယ်ဖို့ သတ္တိလည်း မရှိဘူး။ သူချစ်ရတဲ့သူက သူ့ရဲ့နာကျင်မှုကို လျစ်လျှူရှုပြီး နတ်ဆိုးဆီ သူ့ကို ထပ်ခါထပ်ခါ လက်လွှဲပေးခဲ့တယ်။

သူ့ကိုယ်သူ ကာကွယ်မှုအပြည့်ရှိနေတာ မထူးဆန်းဘူး။ သူ့ကို မလိုမုန်းတီးနေတာလည်း အံ့သြစရာမရှိဘူး။ ဝေ့ရှီရန်က တံခါးပိတ်ထားတာလည်း မထူးဆန်းဘူး။ ဒါပေမယ့် အဲဒါတွေက သံယောဇဉ်နဲ့ လေးစားချစ်ခင်မှု ဖြစ်ပေါ်စေဖို့ လုံလောက်နေပြီ။

အဲအတွေးက နဉ်စစ်ရဲ့နှလုံးသားကို ဖျစ်ညှစ်​လိုက်လို့ နာကျင်မှုအပြည့်ခံစားလိုက်ရသည်။ အဲအချိန် အခိုက်အတန့်မှာပဲ သူ ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ မျက်ရည်တွေကျလာလို့ အမြန်ဖယ်ရှားလိုက်သည်။

ဒါပေမယ့် သူက စီးပွားရေးလောကမှာ ဥာဏ်နီဥာဏ်နက်များတဲ့ မြေခွေးလို့ နာမည်ကြီးတဲ့ 'နဉ်'မိသားစုရဲ့ ခေါင်းဆောင်တစ်ဦး။ နဉ်စစ် သူ့သားဆီရောက်သွားတော့ သူ့စိတ်ကို ထိန်းချုပ်ပြီး သားကို ပြုံးပြကာ အိမ်သို့ပြန်ခေါ်လာလိုက်သည်။ ပြီးတော့ နူးညံ့စွာ ပြောလိုက်သည်။

" ကြည့်ပါဦး ဒီတိရစ္ဆာန်က ညစ်ပတ်တယ်။ သားလေးကို ပါပါ ရေချိုးပေးမယ်။ ဝမ်မား... ကလေးအတွက် ကြက်ဥပေါင်း သွားလုပ်လိုက် "

ဝမ်မားသည် သူ့ကို သံသယမဝင်ဘဲ ဘဲကလေးကို အောက်ချကာ မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။
နဉ်စစ်နျန်သည် ရယ်လည်းမရယ် ငိုလည်းမငိုတဲ့ သူ့သားနဲ့အတူ အိပ်ခန်းထဲ ပြန်လာပြီး တံခါးပိတ်လိုက်သည်။ ဝမ်ရှုကို ကုတင်ပေါ် ညင်ညင်သာသာချပေးပြီး အရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ နဉ်စစ်ရဲ့တည်ကြည်တဲ့ မျက်လုံးက အလွန်အမင်းဝမ်းနည်းမှုနဲ့ ကိုယ့်ကိုယ်ကို လိပ်ပြာမသန့်မှုကို ဖော်ပြနေသည်။

" ကလေးလေး တောင်းပန်ပါတယ်။ ပါပါ တကယ် တောင်းပန်ပါတယ်။ " သူက သူ့သားနဖူးကို ထပ်ခါထပ်ခါ နမ်းရှိုက်ရင်း ပြောလိုက်ပေမယ့် သူ့သားမျက်လုံးထဲတွင် ချစ်ခင်တွယ်တာမှု နည်းနည်းလေးတောင် ရှာမတွေ့ခဲ့ဘူး။

နဉ်ဝမ်ရှုသည် သူ့အဖေအပေါ် ချစ်ချင်တွယ်တာမှု မရှိဘဲ မတုန်မလှုပ် ဆွံ့အသလို ဖြစ်နေခဲ့ပြီ။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі