Arc 3.8
အခန်း(၂၉) ရှမ်းရိပင်းဘဝ +
ကျိူးယွင်ရှန့်ရဲ့ ဝိညာဉ်ကစွမ်းအားမြင့်တာကြောင့်လေးရက်မပြောနဲ့လေးလမအိပ်ရရင်တောင်ဘာမှဖြစ်မည်မဟုတ်ပေ။ သူအခန်းကိုပြန်ရောက်တော့ မအိပ်ပဲ ပြတင်းပေါက်ရှေ့မှာရပ်ပြီး တရားထိုင်လိုက်သည်။ သူက ရှဲ့ယွိရို ကိုစောင့်နေတာ။ သူမမှာကဆေးဝိညာဉ်နယ်မြေနဲ့ ဝိညာဉ်စမ်းရေ ရှိတော့ ရှဲ့ယွိရို အသုံးပြုတာနဲ့ သူလည်းမင်းသားကိုကုပေးလို့ရပြီ။ ရှဲ့ယွိရို လာမှာလားဆိုရင်တော့ အဖြေက Yesပေါ့။
ဒါကိုတွေးပြီး သူ့ခပ်ဖွဖွရယ်လိုက်သည်။
"ရှမ်းဝန်ကြီး ထိုက်စစ်တျန့်ရှ က သင့်ကိုခေါ်ပါတယ်'' မိန်းမစိုးက ကျိူးယွင်ရှန့်မင်းသားကိုစိတ်ပူလွန်းလို့အိပ်တောင်မအိပ်နိုင်ရှာဘူးဆိုပြီး စိတ်ထဲလှုပ်ရှားသွားလေသည်။ 3
ကျိူးယွင်ရှန့်ချက်ချင်းပဲ မင်းသားရှိရာအခန်းကိုပြန်သွားလိုက်သည်။
"ထိုက်စစ်တျန့်ရှ '' သူ ကုတင်နားဖြည်းဖြည်းချင်းလျှောက်သွားပြီး ဦးညွှတ်လိုက်သည်။
"ဘာလို့ ထိုက်စစ်တွေ တျန့်ရှတွေခေါ်နေသေးတာလဲ။ ကူစစ်နျန်လို့ပဲခေါ်'' မင်းသားကကောင်လေးရဲ့မျက်နှာကိုကြည့်ဖို့ ကိုယ်တစ်ခြမ်းကို ထူလိုက်သည်။
ကျိူးယွင်ရှန့်အမြန်ထူကူပြီးနောက်ကိုခေါင်းအုံးပျော့ခံပေးလိုက်သည်။ ပြီးနောက်ကူစစ်နျန်ဟုခေါ်လိုက်သည်။ ဒီနံမည်က သူတို့ကြားက အကွာအဝေးကိုပိုမိုနီးကပ်စေတယ်။
မင်းသား ရယ်ပြီး သူ့လက်ကိုကိုင်ရင်း ရှန့်၊ ရှန့်ဟုနောက်ဘဝတွင်မခေါ်ရတော့မည့်အလား ထပ်ခါထပ်ခါခေါ်လေသည်။ 2
"မင်းပြောတယ်နော်။ ကိုယ်တစ်ခုခုဖြစ်ခဲ့ရင်မင်းကိုယ့်ကို စမ်းချောင်းဝါ ထိအဖော်ပြုပါမယ်ဆိုပြီး..။ အဲ့တာ အခုထိအတည်လို့ရသေးလား'' သူအခုတော့နောင်တရမိသည်။ သူ ပွင့်ပွင့်လင်းလင်း ချစ်ရေးမဆိုခဲ့ခြင်းက သူတို့ရှေ့ကလမ်းကိုအရင်ရှင်းပေးချင်လို့။ ဒါပေမယ့်အခုတော့အချည်းနှီးပဲ။ သူဟာ အရမ်းကို တစ်ကိုယ်ကောင်းဆန်တဲ့အပြင်သေခါနီးမှာတာင်ချစ်ရတဲ့သူကို သူနဲ့အတူခေါ်သွားချင်မိတယ်။ 1
ကျိူးယွင်ရှန့်သေရမှာမကြောက်ပါ။ တကယ်လို့ ဒီကမ္ဘာမှာ တာဝန်မပြီးလည်းနောက်ကမ္ဘာကူးနိုင်သည်။ သွားရမည့်ကမ္ဘာကများလွန်းလို့ စိုးရိမ်စရာမရှိ။ သူခဏလောက်စဉ်းစားပြီးပြန်ဖြေလိုက်သည်။ ''မှတ်မိပါတယ်။ အဲ့ဒီစကားတွေက အမြဲအတည်ယူလို့ရ ပါတယ်''
မင်းသားက မျက်နှာရွှင်ပြီး ရယ်လေသည်။ ရယ်နေရင်းကချောင်းပါဆိုးလာသည်။ ဒါပေမယ့်သူပျော်လွန်းလို့အရယ်မရပ်နိုင်ပေ။ 1
အစေခံတွေနဲ့ မိန်းမစိုးတွေလည်း ကြည့်ရင်းနဲ့ မျက်လုံးတွေနီရဲလာပြီးနောက်လှည့်ကာ မျက်ရည်သုတ်ကြရသည်။ 4
ထိုနောက်ပိုင်းကစပြီး ကျိူးယွင်ရှန့်မင်းသားကို ပြုစုဖို့မတုန့်ဆိုင်းတော့ ။ သူမင်းသားနဲ့ အတူစားပြီးရောဂါကူးမှာလည်းမကြောက်ပေ။ သူမင်းသားနဲ့သေရွာကိုလိုက်ခဲ့မယ်ဆိုကတည်းက သူ့ခန္ဓာကိုပြောင်းလဲ ပြီးသွားပြီ။ သူ အသတ်ခံရရင်ဒါမှမဟုတ်ထွက်သွားချင်မှသာသေတော့မည်။ မင်းသားရဲ့ရောဂါက သူ့ကို ကူးစက်နိုင်မည်မဟုတ်ပေ။
ရှဲ့ယွိရို ကလည်းအချိန်ကိုက်အိမ်ဝန်းထဲရောက်လာသည်။အိမ်ရှေ့မင်းသား နာမကျန်းဖြစ်နေဆဲအကြောင်းကိုကြားတော့ သူမစိတ်ချသွားပြီး စိတ်ထဲမှာလှောင်ရယ်လိုက်သည်။ ရှင်အဆောင်အယောင်ဆုံးရှုံးရမယ့်ကံကြမ္မာက လွှတ်မြောက်ခဲ့ပေမယ့်မိုးနတ်မင်းကရှင်ကိုအလွှတ်မပေးပါဘူး။ မချိမဆန့်သေရတဲ့ အရသာကို ခံစားကြည့်အုန်းပေါ့။
သူမကအိမ်ရှေ့မင်းသားရှိရာအရပ်ကို ဦးညွှတ်လိုက်ပြီး သတ္တမ မင်းသား ရှိရာ အိမ်ဝန်းသို့သွားလိုက်သည်။
သတ္တမ မင်းသားကလည်း သူမကူးစက်မှာမကြောက်ပဲအနစ်နာခံ လာပြုစုပေးတာမြင်တော့ ရင်ထဲအရမ်းထိသွားပြီး သူမလက်ကိုအချိန်အကြာကြီးကိုင်ထားလေသည်။ ရှဲ့ယွိရို ကနှစ်သိမ့်စကားအနည်းငယ်ဆိုပြီး မင်းသားကို စွပ်ပြုတ်နဲ့ လက်ဖက်ရည်နည်းနည်းတိုက်လိုက်သည်။ မင်းသားစားသမျှအစာအားလုံးတွင်သူမက ဝိညာဉ်စမ်းရေ ကိုထည့်ထားပြီး သူမဆေးဝိညာဉ်နယ်မြေမှ ကြာစေ့အချိူ့ကိုလည်းကျွေးသည်။
အစေခံတွေကို ကူးစက်ရောဂါ က ကာကွယ်ဖို့သူမက အစေခံတွေကို ဝိညာဉ်စမ်းရေ ထည့်ထားတဲ့လက်ဖက်ရည်အိုးကြီးကိုဖျော်ပြီးတိုက်သည်။
ဝိညာဉ်စမ်းရေ ရဲ့ သက်ရောက်မှုကအရမ်းသိသာသည်။ သတ္တမ မင်းသားက ရက်ပိုင်းအတွင်းနလန်ထူလာပြီး အစေခံများလည်းအကူးစက်မခံရပေ။ တစ်ဖက်က အိမ်ရှေ့မင်းသား အိမ်ဝန်းမှာတော့ အစေခံတွေကနေ့တိုင်းနီးပါးသေကြပြီး အိမ်ရှေ့မင်းသားလည်း တစ်နေ့လုံးနီးပါး သတိမေ့လေသည်။
မင်းသားနှစ်ပါးလုံးကိုပေးတဲ့ဆေးကတူတူပဲမို့ သမားတော်တွေကလည်း သံသယမဝင်။ အိမ်ရှေ့မင်းသား က နဂိုအားနည်းတာကြောင့်ပြန်မကောင်းနိုင်သေးတာဟုသာထင်ကြလေသည်။
တစ်နေ့ ကျိူးယွင်ရှန့်မင်းသားအိပ်သွားတဲ့အထိစောင့်ပေးပြီး မင်းသားအိပ်မှ သူ့ကိုကိုင်ထားတဲ့ မင်းသားလက်ကိုခွာပြီး သတ္တမ မင်းသားရှိရာ အိမ်ဝန်းဆီသို့သွားလိုက်သည်။
"တော်ဝင်ကိုယ်လုပ်တော်ရှဲ့ ၊ကျေးဇူးပြုပြီး ထိုက်စစ်တျန့်ရှ ကိုလည်းကယ်ပေးပါ။'' သူ အိပ်ရာထဲလဲနေတဲ့ သတ္တမ မင်းသားကိုကျော်ပြီး ရှဲ့ယွိရို ဆီသွားကာ အလေးအနက်ဦးညွှတ်လိုက်သည်။
သမားတော်တွေလည်းရှိနေတော့ ဒီမြင်ကွင်း ကိုမြင်ပြီးကြောင်ကုန်ကြသည်။
ရှဲ့ယွိရို လည်း လန့်သွားပေမယ့်သူ့မျက်နှာအမူအရာကိုထိန်းထားပြီး ဇဝေဇဝါပုံစံနဲ့ ပြန်မေးလိုက်သည်။ '' ရှမ်းဝန်ကြီး ရှင်ဘာတွေပြောနေတာလဲ။ ဒီကိုယ်လုပ်တော်ကဆေးပညာနဲ့ပတ်သက်ပြီး ဗဟုသုတ မှမရှိတာ ဘယ်လိုလုပ်ထိုက်စစ်တျန့်ရှ ကို ကုသပေးနိုင်မှာလဲ''
"တော်ဝင်ကိုယ်လုပ်တော်နှိမ့်ချနေပါပြီ။ သတ္တမ မင်းသားအခုလိုပြန်ကောင်းလာတာက သူတော်ဝင်ကိုယ်လုပ်တော်ကိုယုံကြည်လို့ပါ။ ထိုက်စစ်တျန့်ရှ ကတိုင်းပြည်ရဲ့ဆက်ခံသူပါ ကိုယ်လုပ်တော်မှာဆေးရှိပါလျှက်နဲ့မထုတ်ပေးရင်ထိုက်စစ်တျန့်ရှသေမှာကိုထိုင်ကြည့်နေတာနဲ့တူတူပါပဲ။ '' ကျိူးယွင်ရှန့်ပြုံးနေသော်လည်း သူ့စကားများကတော့ဓားသွားထက်ထက်သည်။ ရှဲ့ယွိရို ဝိညာဉ်ခင်မျာနှစ်ပိုင်းကွဲသွားမလိုခံစားလိုက်သည်။
"ရှမ်းဝန်ကြီးနောက်နေပါပြီ။ ကိုယ်လုပ်တော်မှာ ဘယ်ကဆေးရှိရမှာလဲ။ ကျွန်မယူလာတဲ့ အထုပ်တွေအားလုံးကဒီမှာပဲ။ ရှင်မယုံရင်ရှာကြည့်လို့ရတယ်။ ကုသဖို့ဆေးတွေ့ရင်ဒီ ကိုယ်လုပ်တော်အပြစ်ခံယူမယ်။တော်ဝင်မျိူးနွယ်ကိုရိုင်းပြတာ အပြစ်ကြီးပဲ ရှမ်းဝန်ကြီး ရှာမတွေ့ရင်အပြစ်မတင်ပါနဲ့''
ရှဲ့ယွိရို သူမရဲ့ ဝိညာဉ်နယ်မြေကိုယုံကြည်တာကြောင့်ချက်ချင်းစိတ်အေးသွားရသည်။
ကျိူးယွင်ရှန့်က ရယ်လိုက်ပြီး ''ဆေးလုံးဝမရှိရင်ကျွန်ုပ်အခုလိုတော်ဝင်ကိုယ်လုပ်တော်ကို လာရိုင်းပြနေမှာမဟုတ်ပါဘူး။ ကျွနိုပ်နှာခေါင်းက ထူးခြားပါတယ်။ သာမန်လူမရနိုင်တဲ့အနံ့မျိူးကိုလည်းရနိုင်တယ်။ မယုံရင်အစမ်းပြနိုင်ပါတယ်''
သူက ရှဲ့ယွိရို ရဲ့ ခါးကအမွှေးအိတ်ကို လက်ညှိုး ထိုးလိုက်ပြီး အထဲမှာရှိတဲ့ ပါဝင်ပစ္စည်းတွေကို တစ်ခုမကျန်ရွတ်လိုက်သည်။ ''ဒါတွေက သာမန်ဆေးတွေမို့ ကျွနိုပ်ရမ်းပြောတယ်လို့ ကိုယ်လုပ်တော်ပြောနိုင်ပေမယ့်ကျွနိုပ်အခြားအနံ့တွေဖြစ်တဲ့ ကြာစေ့နဲ့အခြားထူးခြားတဲ့ပရဆေးအနံ့ ကိုလည်းရပါတယ်။ အနံ့ ကထူးခြားလွန်းတော့ ကျွနိုပ်တစ်ခါမှမရဖူးဘူး။ ဒါပေမယ့်ခန့်မှန်းရရင်ဒါ ဒဏ္ဍာရီလာခရမ်းရောင်ဂျင်းဆင်းပဲ ဖြစ်ရမယ်။ ကြာစေ့တွေက အရမ်းထူးခြားတယ်တစ်ချက်အနံ့ ခံလိုက်တာနဲ့ညနေထိမူးဝေသွားစေတယ်။ ကျွနိုပ်ကဆေးပညာမှာလည်း ဗဟုသုတနှံ့ စပ်ပါတယ်။ ဒါပေမယ့်ဒီကြာစေ့ရဲ့မူလအရင်းမြစ်ကိုတော့ ခန့်မှန်းမရဘူး''
စကားပြောပြီးသွားတော့ သူ စားပွဲနားကိုလျှောက်ပြီး သတ္တမ မင်းသားရဲ့ဆေးခွက်ကိုနမ်းကြည့်လိုက်ပြီး ပြုံးကာ ''ဒီခွက်ထဲမှာရှိတာ ကြာစေ့နဲ့ဂျင်းဆင်းပဲ ။ အနံ့ ကအရမ်းပြင်းပြီး ဝိညာဉ်စွမ်းအားတွေပြည့်နေသလိုပဲ''
သူခွက်ကိုချလိုက်ပြီး လက်စပယ်ချထားတဲ့ သစ်သီးခြင်းထဲအခွံမခွာရသေးတဲ့ ကြာခွက်တွေကိုမြင်တော့ သူ့မျက်လုံးအရောင်တောက်သွားကာ သက်ပြင်းချလိုက်သည်။ ''အတော်ထူးခြားတဲ့ ကြာစေ့တွေပဲ။တော်ဝင်ကိုယ်လုပ်တော်မှာ သဘာဝလွန်စွမ်းအားများရှိနေတာလားနော်''
သူ အခန်းကိုလျှောက်ပတ်သွားပြီး ပြတင်းပေါက်နားက မီးဖိုရှေ့ရပ်လိုက်သည်။ ထိုမီးဖိုပေါ်တွင်အငွေ့ထွက်နေသည့်လက်ဖက်ရည်တစ်အိုးရှိနေသည်။ သူအေးစက်ပြီး ခပ်နှိမ့်နှိမ့်အသံနဲ့ ''လက်ဖက်ရည်ထဲမှာတောင်ဆေးရှိနေတာ သင်က ထိုက်စစ်အတွက်နည်းနည်းလောက်ပေးဖို့ငြင်းဆန်နေသေးတယ်။ ဘာတွေစဉ်းစားထားပါသလဲ''
ရှဲ့ယွိရို သူမရဲ့လက်သီးကိုတိတ်တဆိတ်ဆုပ်ထားမိသည်။ သူမရဲ့ဆေးဝိညာဉ်နယ်မြေနဲ့ဝိညာဉ်စမ်းရေက အခုလိုခွေးနှာခေါင်းကြောင့်ပေါ်သွားလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးပေ။ဒါပေမယ့်သူမကခေါင်းမာနေဆဲ။ 9
"ဒီမှာ သမားတွေအများကြီးရှိနေရက်နဲ့ ရှမ်းဝန်ကြီးပဲ အနံ့ ရတာ။ ဒီမှာဘာ ကုသဆေးမှမရှိဘူး။ ကုသနိုင်တဲ့ဆေးတစ်စုံတစ်ရာတွေ့ခဲ့ရင်ဒီကိုယ်လုပ်တော်အပြစ်ရှိကြောင်းတောင်းပန်မယ်''
သတ္တမ မင်းသားကလည်း အံ့သြနေရာကသတိပြန်ဝင်ပြီး ''ရှာဖွေဖို့ ကိုယ်တော်ခွင့်ပြုတယ်'' သူနဲ့ရှဲ့ယွိရိုမှာ ထူးခြားတဲ့ဆက်နွယ်မှုရှိပြီးသား။ ရှဲ့ယွိရိုရဲ့တောက်ပတဲ့မျက်လုံးကိုမြင်ရုံနဲ့သူမသေချာမှန်းသူသိတယ်။
ကျိူးယွင်ရှန့်က ဟာသတစ်ခုကြားသလိုရယ်လိုက်ပြီး ''ကျွနိုပ်က သင့်ရဲ့ အိတ်ကိုရှာလို့ရတယ်ပေါ့။ မလိုပါဘူး။ ကျွနိုပ်ဒီဆေးခွက်၊ သစ်သီးခြင်း၊ လက်ဖက်ရည်အိုးနဲ့ အမွှေးအိတ်ကိုပဲယူသွားမယ်။ ကျွနိုပ်ရိုင်းပြမိပါပြီ။ ထိုက်စစ်တျန့်ရှ ဘာမှမပြောင်းလဲရင်ကျွနိုပ်ဒီရိုင်းပြမှုအတွက်အပြစ်ခံယူပါမယ်။ ထိုက်စစ်တျန့်ရှ နတ်ရွာစံခဲ့ရင်ကျွနိုပ်လည်းသူ့ကိုအဖော်ပြုလိုက်ပါရမှာမို့ ဒီအပြစ်ဒဏ်ကိုခံယူဖို့ကမဖြစ်နိုင်တော့လို့ထင်ပါတယ်။ နှုတ်ဆက်ပါတယ်။ သတ္တမ မင်းသားနဲ့ကိုယ်လုပ်တော်အေးအေးဆေးဆေး အနားယူကြပါ'' 5
သူ ဦးညွှတ်လိုက်ပြီး ရှဲ့ယွိခါးက အမွှေးအိတ်ကိုဆွဲဖြုတ်ကာ လိုအပ်တဲ့ပစ္စည်းအကုန်သယ်ပြီး အိမ်ရှေ့မင်းသားရှိရာကိုပြန်သွားလိုက်သည်။
ဆေးဝိညာဉ်နယ်မြေနဲ့ဝိညာဉ်စမ်းရေကမှော်ဆန်ပြီး မမြင်နိုင်သည့်နေရာမှာသာတည်ရှိသည်။ ရှဲ့ယွိရိုတောင်မှ သူမ မျက်စိနဲ့တွေ့တုန်းကမယုံနိုင်ခဲ့ပါ။ အခုလို အခြားလူကမြင်သွားမယ်လို့သူမ မထင်ခဲ့မိချေ။ သူမပုံကျသွားပြီး သတ္တမ မင်းသားကိုမျှော်လင့်ချက်မဲ့ကြည့်လိုက်မိသည်။ သူမအနာဂတ်ကတော့မှောင်မည်းနေပါပြီ။ 3
ကျိူးယွင်ရှန့်အိမ်ဝန်းထဲပြန်ရောက်တော့ အိမ်ရှေ့မင်းသား ကမနိုးသေး။ သူ့နောက်လိုက်လာတဲ့ သမားတော်တွေကတော့ မယုံသင်္ကာနဲ့ ''ကူးစက်ရောဂါကသေလမ်းပဲ ဒါတွေက ဘယ်လိုလုပ်ထိုက်စစ်တျန့်ရှ ကိုကယ်နိုင်မှာလဲ။ ရှမ်းဝန်ကြီး မှားနေတာမဟုတ်ဘူးလား''
"ကျူပ်မမှားဘူး''
ကျိူးယွင်ရှန့်က အမွှေးအိတ်ကိုဖွင့်လိုက်ပြီး အထဲက ဂျင်းဆင်းနဲ့ကြာစေ့ကိုယူကာ ခွက်ထဲရေစိမ်လိုက်သည်။ ကျန်တဲ့ ကြာစေ့တွေကို လက်ဖက်ရည်ဗန်းထဲခွာထည့်အစေခံတွေကိုအမိန့်ပေးပြီး သူ အိမ်ရှေ့မင်းသားကိုညင်ညင်သာသာနိုးလိုက်သည်။
"ယွင်ရှန့်ကိုယ်မကြာခင်သေရတော့မယ်ထင်တယ်။ မင်နဲ့စာရွက်ယူလာပေး။ ခမည်းတော်ဆီစာရေးချင်တယ်။ ကိုယ်သေရင်တောင်ရှမ်းအိမ်ရဲ့အနှစ်တစ်ရာကောင်းချီးကိုတည်စေမယ်''
"ထိုက်စစ်တျန့်ရှ ဒီနေ့ပဲ ပြန်ကောင်းမှာပါ'' ကျိူးယွင်ရှန့်က မင်းသားရဲ့ ဆံပင်ကိုသပ်သပ်ရပ်ရပ်စည်းပေးလိုက်ပြီးဆေးခွက်ကိုယူလိုက်သည်။ ''ဒါက ကိုယ်လုပ်တော်ရှဲ့ ဆီကဆေး ၊ကောင်းကောင်းသောက်ဟုတ်ပြီလား''
မင်းသားက သူညာနေသည်ဟုသာထင်သည်။ ဒါပေမယ့်လည်း အန်ထုတ်ချင်စိတ်ထိန်းပြီး ဂျင်းဆင်းနဲ့ကြာစေ့ကို ဝါးရင်း လိမ်လိမ်မာမာနဲ့သောက်လိုက်သည်။ ပြီးတော့ လက်ဖက်ရည်ကိုသောက်လိုက်သည်။
သမားတော်တွေလည်း ကြည့်နေပေမယ့်ကျိူးယွင်ရှန့်လောက်တော့ဘယ်သူမှယုံကြည်ချက်မရှိကြ။.သူတို့တွေးနေတာက။ ကူးစက်ရောဂါက နာတာရှည်ရောဂါ ။ ဘယ်လိုလုပ်လက်ဖက်ရည်တစ်ခွက်နဲ့စွပ်ပြုတ်တစ်ခွက်သောက်ရုံနဲ့ပျောက်မှာလဲ။ ရှမ်းဝန်ကြီးက အိမ်ရှေ့မင်းသား ကို အရမ်းစိုးရိမ်ပြီး ရူးသွားတာဖြစ်ရမယ်။ သူက သတ္တမ မင်းသားနဲ့ သူ့ရဲ့အချစ်တော်ကိုတောင်အပြစ်ပြုလိုက်သေးတယ်။ သတ္တမ မင်းသားသာ နန်းတက်လို့က ရှမ်းအိမ်တော့ ဒုက္ခရောက်တော့မှာပဲ။
ဒါပေမယ့်လည်း မထင်မှတ်စရာကထွက်ပေါ်သည်။ မင်းသားကကျွေးသမျှစားပြီးတော့ချွေးတွေပြန်လာသည်။ချွေးတွေက အနက်ရောင်ဖြစ်ပြီး အနံ့ လည်းပြင်းသည်။ သူ့ခန္ဓာထဲက အဆိပ်တွေအကုန်အရောင်ပြောင်းသည်နဲ့တူလှသည်။ ပြီးတော့ အိမ်ရှေ့မင်းသားကရေအိမ်ခဏခဏသွားပြီးရေနွေးနွေးနဲ့ရေချိူးပြီးတော့ သူ့မျက်နှာကပန်းရောင်သန်းလာပြီး မျက်လုံးကအရောင်တောက်ကာ ကျန်းမာသည့်ပုံပေါ်လာသည်။
တုန့်ပြန်မှုကအရမ်းအားကောင်းပေမယ့်အံ့သြစရာတော့မရှိ ဝိညာဉ်စမ်းရေနဲ့ဂျင်းဆင်း မပြောနဲ့ ကြာစေ့မှာတင်စွမ်းအားတွေအများကြီးပါနေပြီ။ သတ္တမ မင်းသား ရှဲ့ယွိရို နည်းနည်းစီပဲကျွေးနေလို့ တဖြည်းဖြည်းချင်းကောင်းလာတယ်ထင်ရတာ။
အဲ့ဒီကြာပန်းတွေက ဝိညာဉ်စမ်းရေ ထဲမှာပွင့်ပြီး စမ်းရေရဲ့စွမ်းတွေ စုပ်ယူသိုလှောင်ထားပြီးသား။ ရှဲ့ယွိရို က သတိမထားမိပဲ ငါးခု၊ခြောက်ခုလောက်ထုတ်လာတော့ ကျိူးယွင်ရှန့်အတွက်ကောင်းတာပေါ့။
"မြန်မြန်ကိုယ်တော့်သွေးကြောကိုစမ်းကြည့်စမ်း'' မင်းသားကရေစိုဆံပင်တွေကိုသပ်တင်ပြီး လက်ကိုခေါင်းအုံးပေါ်တင်ကာ စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်သည်။
သမားတော်တွေလည်း အလှည့်ကျ စမ်းကြည့်ပြီး အံ့အားသင့်ကုန်ကြသည်။
ကိုယ်လုပ်တော်ဝမ်က သတင်းကြားတော့ အမြန်ရောက်လာပြီး မင်းသားရဲ့ဆံပင်ကိုသုတ်ဖို့ တဘတ်ကိုယူလိုက်သည်။
"မင်း ငါကိုယ်တော်ရှေ့လုံးဝပေါ်မလာနဲ့တော့။ သတ္တိကြောင်တဲ့မိန်းမ'' မင်းသားက မာန်လိုက်ပြီး သူ့အသံကအေးစက်ခြင်းနှင့်ပြည့်နေသည်။ ပြီးတော့မှ သူ့နံဘေးကကောင်လေးကို ကြည့်လိုက်ပြီး ရယ်ရင်း ''ယွင်ရှန့်ဒီကိုလာ။ ကိုယ့်ဆံပင်တွေစိုနေတယ်။ အရမ်းအေးတာပဲ'' 23
ကိုယ်လုပ်တော်ဝမ်က မျက်ရည်မကျပဲငိုလေသည်။ 9
သမားတော်တွေသွေးကြောစမ်းပြီးကုန်တော့ '' ,ထိုက်စစ်တျန့်ရှနေပြန်ကောင်းသွားပြီး ကိုယ်လုပ်တော်ရှဲ့ရဲ့ဆေးက တကယ်အစွမ်းထက်တာပဲ '' ဟု သံပြိုင်အော်ကြလေသည်။
လေးစားရတဲ့ ကိုယ်လုပ်တော်ကနေ အခုတော့ချဉ်စရာ ရှဲ့မျိူးနွယ်ဖြစ်သွားသည်။ ဒါက ရှဲ့ယွိရို ရဲ့ ကံဆိုးမိုးမှောင်ကျခြင်းအစပါပဲ။ သူမကဆေးရှိလျှက်နဲ့ အိမ်ရှေ့မင်းသား ကို ဆက်သဖို့ ငြင်းတဲ့အကြောင်း ထျန်းချန်မင်းကြီးဆီသို့ရောက်ရှိသွားသည်။ ဒါက ရှဲ့ယွိရုံ တင်မက သတ္တမ မင်းသားပါ ခံစားရမည့်ကံဆိုးခြင်းပင်။ အိမ်ရှေ့မင်းသား က နန်းမွေဆက်ခံရမယ့်သူ ။ သူတို့စုံတွဲက ကိုယ်ကျိူးအတွက်ဆေးကိုမပေးပဲနေတာကြောင့်ကြီးလေးတဲ့အပြစ်ကိုခံစားရမည်။

Коментарі