Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 4.8
အခန်း(၃၈) လင်းချန်​စယ်​ဘဝ
Translator - Mayhoney127

သူတို့dateပြီးသွားတာနဲ့ လင်းချန်စယ်က အိမ်ကို စောစောပြန်ဖို့လုပ်တယ်။ ချောင်းမို့ခွန်းက စီးကရက်မီးညှိရင်း တိတ်ဆိတ်စွာ အဝတ်ပြန်ဝတ်နေတဲ့ ကောင်လေးကို ကြည့်နေတယ်။ သူ့အတွက်ပဲ ဒီကောင်လေးကို သိမ်းထားချင်တယ် ဒါ​ပေမယ့်လည်း ကစားစရာလေးက ဒီလိုမတန်ဘူးလို့လည်း ခံစားရတော့ စိတ်တွေရှုပ်လာပြီး မျက်နှာက မည်း​မှောင်​လာတယ်။ ကျိုးယွင့်ရှန်က ထုံးစံအတိုင်း ပြန်သွားတော့ သူချက်ချင်းပဲ စီးကရက်မီးသတ်​ပြီး သူ့တူကိုခေါ်လိုက်တယ်။2

ဦးလေးက ဟန်ယွိရဲ့ အကြီးဆုံးပါတနာပဲ။ ဦးလေးရဲ့ ထောက်ပံ့မှုမရှိဘဲ သူစက်ရုံကိုမြန်မြန်မထောင်နိုင်ဘူး။ ဒါကြောင့် သူ့ဦးလေးကို စိတ်အနှောင့်အယှက်မဖြစ်ဖို့က သူ့အတွက် အရေးကြီးတယ်။ မနက် ၁နာရီ ၂နာရီလောက်မှာ အိပ်တစ်​ဝက်​နိုးတဝက် ဖြစ်နေ​ပေမယ့်လည်း သူ့ဦးလေးနဲ့အတူစားဖို့ ထရတော့တယ်။

သူတို့အတော်လေးသန့်တဲ့ BBQဆိုင်တွေ့တော့ BBQနဲ့ ဘီယာတချို့မှာလိုက်တယ်။ ချောင်းမို့ခွန်းက မစားမသောက်ဘဲ ဆေးလိပ်တစ်လိပ်ပြီး တစ်လိပ်သောက်နေရင်း

"အခုမင်းအတန်းဖော်နဲ့အတူနေနေတာမလား?

ကျိဟန်ယွိက သီတံတစ်ခုယူရင်း ''ဟုတ်ကဲ့"

ချောင်းမို့ခွန်းရဲ့ အကြည့်တွေစူးရဲစွာ"မင်းနဲ့ မင်းအတန်းဖော်နဲ့က ဘာတွေလဲ? အတည်တွဲနေကြတာလား?"

ကျိဟန်ယွိက နှာခေါင်းရှုံလိုက်ကာ ''အတည်တွဲတယ်? ကျွန်တော်နဲ့ သူနဲ့? ငွေလိုချင်လို့ သူကျွန်တော့်အနားကပ်လာတာ။ အရင်တုန်းက ဘယ်လောက်ချစ်ကြောင်းပြောပြီး စိတ်အနှောင့်အယှက် အရမ်းပေးတာ။ ကျွန်တော် မွဲသွားတယ်ဆိုတာနဲ့ ကျွန်တော့်ကို အဖက်မတန်သလိုမျိုးဆက်​ဆံပြီး ကျွန်တော်သူငယ်ချင်းတွေတောင် မြူစွယ်နေတာ"

ချောင်းမို့ခွန်းက ကရုဏာမရှိတဲ့အကြည့်နဲ့အတူ အပြုံးတုတစ်ခုနဲ့"ဘာ? မင်းသူငယ်ချင်းတွေနဲ့ အိပ်တယ်လား?"

ကျိဟန်ယွိက ခေါင်းခါရင်း

"မအိပ်ပါဘူး"
"ဒါဆို ဘာလို့ သူတို့အနားကပ်နေတယ်လို့ မင်းပြောနေတာလဲ?"+

"သူတို့နဲ့ ကစားရတာကို သူကြိုက်နေတာ။ အရင်က ကျွန်တော်အပေါ်ကောင်းခဲ့သမျှ အခုသူတို့အတွက်ပဲ လုပ်တော့တယ်"

ချောင်းမို့ခွန်း ဘီယာဘူးကို ဖွင့်ကာ တစ်ကျိုက်မော့ချပြီး

"မင်းသူနဲ့အိပ်ဖူးလား?"

ကျိဟန်ယွိက မျက်နှာပူပူနဲ့ "မအိပ်ဖူးပါဘူး။ ကျွန်တော်တို့ တစ်အိမ်ထဲ နေပင်မယ့်လည်း ဘာမှမလုပ်ဖူးပါဘူး။ ကျွန်တော်က ဆိုဖာပေါ်မှာပဲ အိပ်တာ"

ချောင်းမို့ခွန်းရဲ့ အေးစက်စက်မျက်ဝန်းတွေက နည်းနည်းသက်သာရာရသွားတယ်။ သူဆက်မေးမလို့လုပ်နေတုန်းသူ့တူက ဗုံးတစ်လုံး ပစ်ချလိုက်တယ်။

"ဦးလေး တကယ်တော့ ကျွန်တော် သူ့ငယ်ချင်း ဖန်းယို့ရမ်နဲ့ ချစ်မိနေပြီ။ ဖန်းယို့ရမ်က သူ့အိမ်မှာနေရတဲ့ မိဘမဲ့လေး။ သူက တကယ့်သူတော်စင်လေးလိုပဲ စိတ်ထားအရမ်းကောင်းတာ"

သူ့ဦးလေး သူတို့ကို လက်ခံပေးဖို့ ဥပမာတွေပေးရင်း

"ဖန်းယို့ရမ်က လင်းချန်စယ်လို မပြည့်စုံပင်မယ့်လည်း အရမ်း စိတ်ဓာတ်မာပြီး အကောင်းမြင်တက်တယ်။ ဟင်းချက်လည်း တော်သေးတယ်။ လင်းချန်စယ်က အိမ်မှာဆို သူ့လုပ်ရမယ့် ဟင်းချက်တာ သန့်ရှင်းရေး လုပ်ရမှာတွေဆို ဘာမှမလုပ်ဘဲ ဖန်းယို့ရမ်ပဲ အားကိုးနေတာ။ အချိန်ပိုင်းအလုပ် ၄ခုလောက် နေ့တိုင်းလုပ်နေတာတောင် ကျောင်းမှာအဆင့်ကျမသွားဘူး။ ကျွန်တော်သာ သူ့နေရာမှာဆို သူ့လောက်မတော်နိုင်ဘူး။ ဦးလေးသိလား? ကျွန်တော်သူတို့ကို လိမ်ပြီး စီးပွားရေးလုပ်ဖို့ သိန်း၃ထောင်လိုတယ်လို့ ပြောတုန်းက သူစုထားသမျှလေးတွေ ထုတ်ပေးတယ်။ စဉ်းစားကြည့်ပါဦး ဦးလေးရယ်။ နေ့တိုင်းအချိန်ပိုင်းအလုပ် ၄ခုလောက်လုပ်ရင်း ကျောင်းတက်နေရတဲ့ အထက်တန်းကျောင်းသားလေးက ဘယ်လောက်စုနိုင်မှာမလို့လဲ? လင်းချန်စယ်​က သူ့လိုစိတ်ကောင်းမရှိဘူး။ မကြားသလိုနဲ့ သူကူညီဖို့ နည်းရှာပါ့မယ်ဆိုပြီး လည့်ထွက်သွားတာနဲ့ ကျွန်တော့်အကြောင်း မေ့သွားတာပဲ။ တစ်ယောက်က ချစ်ဖို့ကောင်းပင်မယ့် တစ်ယောက်က သူတော်ကောင်းယောင်ဆောင်နေတာ။ သူတို့ဘယ်လိုလုပ်များ သူငယ်ချင်းဖြစ်နေကြတာပါလိမ့်? ကျွန်တော် လင်းချန်စယ်နဲ့ ပြတ်ချင်နေ​ပေမယ့် အကြောင်းကောင်းကောင်း ရှာမရသေးလို့"
ကျီဟန်ယွိကာ စိတ်ညစ်စွာ ဆံပင်တွေဖွနေတယ်။ ချောင်းမို့ခွန်းက ခဏလောက်ကြောင်သွားကာ တစ်လုံးချင်း​မေးလိုက်​တယ်​။+

"မင်း သိန်း၃ထောင်လိုတယ်လို့ ပြောခဲ့တယ်လား? လင်းချန်စယ်ကိုလေ? ဘယ်တုန်းကလဲ?"

"အရင်လက ထင်တယ်။ ကျွန်တော် တကယ်တော့ ငွေမလိုပါဘူး ဦးလေး စိတ်မပူပါနဲ့"

ကျိဟန်ယွိက ပြုံးကာလက်ကာပြရင်း ပြောတယ်။ ချောင်းမို့ခွန်းက သူ့ကိုကြောင်ကြည့်နေပြီးတော့ ဘီယာဘူးကိုချကာ တန်းထွက်သွားတော့တယ်။ အိမ်ကို ကားမောင်းပြန်လာပြီးတော့ ပြတင်းပေါက်မှာ ဆေးလိပ်အကြာကြီး ရပ်သောက်နေပြီးတော့မှ ကောင်လေးဖုန်းကို ခေါ်လိုက်တယ်။
"အင်း . . ."

ကျိုးယွင့်ရှန်က အိပ်ချင်မူးတူးလေး ညည်းတယ်။ ချောင်းမို့ခွန်းက နူးညံ့စွာပဲ ''အိပ်နေတာလား?"

"ခင်ဗျား အိပ်နေတာလားလို့ လာမေးနေတာလား? ဘယ်အချိန်ရှိနေပြီလို့ထင်လို့လဲ? မနက်ဖြန်စာမေးပွဲရှိတယ်ဗျ ! အချိန်မှီသာ မနိုးရင် အဲ့ဒါခင်ဗျားအပြစ်နော်"

"ဟုတ်ပါပြီ အပြစ်တင်လိုက်ပေါ့"

ချောင်းမို့ခွန်းက ပြုံးလိုက်ပင်မယ့် နောက်သူမျက်နှာကြီး ညိုမည်းသွားတယ်။ သူ့နောက်ကိုလိုက်လာတာ ဟန်ယွိကို ကူညီဖို့လားဆိုတာ မေးမလို့လုပ်လိုက်ပင်မယ့် ရုတ်တရပ် အဲ့နေ့ကပြောတာ သတိရသွားတယ်။

'သူ့ကိုချစ်လို့ ခင်ဗျားနဲ့ အိပ်တာ'

အဲ့ဒီအချိန်တုန်းက အဓိပ္ပါယ်မရှိ​ပေမယ့် အခုအဖြေက ရှင်းနေပြီ။ သူမေးဖို့တောင် မလိုတော့ဘူး။

ကောင်လေးက သူ့ရေရှည်မဟုတ်တဲ့ ကစားစရာအသစ်လေးလို့ တွေးခဲ့​ပေမယ့် သူ့ရင်ထဲအထိဝင်လာပြီး နေရာယူသွားမယ်လို့ မမျှော်လင့်ခဲ့မိဘူး။ ဒါ​ပေမယ့် သူကတော့ အဲ့ဒီတစ်ယောက်အတွက် သူ့ကိုယ်သူရောင်းစားရတဲ့အထိ အကုန်လုပ်နေတယ်။ ဒါကိုနားလည်သွားတာက ချောင်းမို့ခွန်း သက်သာရာမရဘဲ ချောက်ကမ်းပါးစွန်းက အနေအထားလိုတောင် ဖြစ်သွားတယ်။ ဒါ​ပေမယ့်လည်း ဒါကကောင်လေးရဲ့ အပြစ်မဟုတ်တာ သူသိပါတယ်။ သူကောင်လေးအပေါ် နည်းနည်းလေးတောင် ဒေါသမထွက်ချင်တော့ သူပြန်ထိန်းလိုက်ပြီး မနက်ဖြန်တွေ့ဖို့ ချော့မော့ပြောလိုက်တယ်။ ဖုန်းချလိုက်တာနဲ့ သူနှာခေါင်းရှုံ့ ကာ1

"ကလေး ဒီလိုအကောင်ကို ဘယ်လိုများချစ်နိုင်တာလဲ?"3

"ဒီလိုအကောင်"က သူ့တူဆိုကိုလည်း မေ့သွားပြီး သူစီးကရက်ကိုခြေလိုက်ကာ ကောင်လေးကို ကျိဟန်ယွိရဲ့ သရုပ်မှန်ကို ဘယ်လိုဖော်ရမလဲ စီစဉ်လိုက်တယ်။ ကမ္ဘာပေါ်မှာ လူကောင်းတွေ အများကြီးရှိရက်နဲ့ သူကကျီဟန်ယွိကို ချစ်နေတယ်။ သူလူကောင်းတစ်ယောက် ဘာလို့မရနိုင်ရမှာလဲ? သူလည်း ဒီလိုစစ်မှန်တဲ့ အချစ်တွေ အပြည့်အဝ လိုချင်မိတယ်။

~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~

စာမေးပွဲပြီးသွားတာနဲ့ ကျိုးယွင့်ရှန်ကို ချောင်းမို့ခွန်းက သူ့အိမ်ကိုခေါ်သွားတယ်။
"ဒီမှာ"

လူကြီးက brandedဝတ်စုံတစ်ခုထုတ်ပြတယ်။ ကျိုးယွင့်ရှန်က ထိုင်ရာကမထဘဲ သူ့ကိုထူးဆန်းစွာ ကြည့်နေတယ်။
"ဒါ ကလေးရဲ့ အဝတ်ဗီဒို။ ကိုယ်အဝတ်နည်းနည်း ဝယ်ပေးထားတာ။ သဘောကျလား?"

အဝတ်ဗီဒိုပွင့်သွားတာနဲ့ အထဲမှာသပ်ရပ်စွာ ချိတ်ထားတဲ့ တံဆိပ်တောင်မဖြုတ်ရသေးတဲ့ bandedအင်္ကျိအသစ်တွေကြီးပဲ။ ကျိုးယွင့်ရှန်က နည်းပညာဆိုင်ရာပစ္စည်းတွေကိုပဲ ကြိုက်​ပေမယ့် ဖယ်ရှင်အပေါ်မှာတော့ သာမန်ပါပဲ။ အခု လင်းချန်စယ်က brandedတွေ အရမ်းကြိုက်တော့ သူလည်းလိုချင်စိတ်တွေ တားရမရဘဲ သတိလက်လွတ်လျှောက်သွားကာ တစ်ထည်ပြီးတစ်ထည် ထုတ်ကြည့်တယ်။ ချောင်းမို့ခွန်းက သူအဝတ်တွေ ပျော်ရွှင်စွာအပ်ကြည့်နေတာမြင်တော့ ကျေနပ်စွာ ရယ်တယ်။ သူ့လည်ပင်းလေးကို ပွတ်ပြီး
"ကလေး ကိုယ်နဲ့ပဲနေ။ ညည့်နက်သန်းခေါင် တစ်ယောက်တည်း အမြဲပြန်နေရတာ မလုံခြုံဘူး"

"မဖြစ်ဘူး! ဟန်ယွိ သတိထားမိလိမ့်မယ်"

ကျိုးယွင်ရှန့် က အဝတ်တွေတန်းချကာ ထွက်သွားဖို့ လုပ်တယ်။ ချောင်းမို့ခွန်းက စိတ်တော့မတိုပါဘူး။ သူချက်ချင်းကောင်လေးကို နောက်ကနေသိုင်းဖက်ကာ လည်ပင်းလေးကို နမ်းရင်း တောင်းဆိုတယ်။

"ကလေး မသွားပါနဲ့။ ဖြစ်ချင်တာလေး ပြောပြရုံလေးတင်ပါ။ ဒါတွေကိုလည်း ဆက်သိမ်းထားပေးမယ်လေ။ ဒါတွေကို အနှေးနဲ့အမြန် ကလေးသုံးရမှာကို ယုံထားလိုက်"

ကျိုးယွင်​ရှန့်က အတွေးပေါင်းစုံနဲ့ သူ့ကိုငေးကြည့်နေပြီးတော့ ဆက်ငြင်းမနေတော့ဘူး။ ဒီနေ့ညမှာတော့ ချောင်းမို့ခွန်းက ထူးထူးခြားခြား သိမ်မွေ့နေတယ်။ သူနဲ့အတူ ထမင်းစားတယ်။ သူ့စာမေးပွဲအကြောင်း ဝင်ခွင့်စာမေးပွဲတို့ လုပ်အားပေးကိစ္စတို့ကိုရော မေးပြီး အကြံကောင်းတွေလည်း ပေးသေးတယ်။ ဒါ​ပေမယ့် အိပ်ရာပေါ်မှာတော့ စာနာစိတ်ကင်းစွာ သူ့ကိုယ်ကိုသိမ်းပိုက်နေစဉ် ကောင်လေးရဲ့ မေးကိုပင့်ကာ သူ့မျက်ဝန်းနက်နက်တွေထဲ ကြည့်စေရင်း

"ကလေး ကိုယ်သာတကယ်လို့ ပေါ်မလာခဲ့ရင် တခြားတစ်ယောက်ယောက်ကို ကိုယ့်ကိုကိုယ်ရောင်းစားမှာလား? သိန်း၃​ထောင်​ပေးမယ့် တစ်ယောက်ယောက်ကိုလေ။ ဟုတ်လား?"

ကျိုးယွင့်ရှန်က မျက်ရည်တွေကျလာပြီး တရှုံ့ ရှုံ့ နဲ့

"ကျွန်တော်သာ သိက္ခာရှိရှိ ဖြူဖြူစင်စင် နေရခဲ့ရင် ကိုယ့်ကိုကိုယ်ရောင်းစားမယ်လို့ထင်လား? မေ့မနေနဲ့ ခင်ဗျားသာ ကျွန်တော့်လခကို ဓားစာခံမလုပ်ရင် ကျွန်တော် ဒီအခြေအနေရောက်စရာလား? ကျွန်တော် လူကောင်းဖြစ်နိုင်တဲ့ အခွင့်အရေးကို ခင်ဗျားကြီးဖျက်​ဆီးပစ်တာ။ မကောင်းတဲ့လူကြီး!"2

ဒီလို ဒေါသမျက်ရည်တွေနဲ့ စူးလဲ့နေတဲ့ အကြည့်က ချောင်းမို့ခွန်းကို ရပ်မရအောင် ဖက်တွယ်မိစေတယ်။ သူကောင်လေးရဲ့ မေးကိုလွှတ်ပေးကာ ပျော့ပျောင်းတဲ့ခါးလေးကို ဆုပ်ကိုင်လိုက်တယ်။ သူ့နဖူးမှာ ချွေးတွေစီးကျနေပြီး သာယာနေတဲ့အသံနဲ့

"ကလေးရဲ့လခကို မပေးဘဲထားမိတာ ကိုယ့်ဘဝမှာ ချဖူးသမျှ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ"9

ကျိုးယွင့်ရှန်က ရှင်းအောင် ပြန်မဖြေနိုင်တော့ဘဲ သူ့လည်ပင်းကို ကိုက်ချလိုက်တော့တယ်။ ဒါ​ပေမယ့်လည်း ဒါကချောင်းမို့ခွန်းရဲ့ လှုပ်ရှားမှုတွေကို ရူးသွပ်သွားစေတယ်။

~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~
သူတို့နှစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ ပိုကောင်းလာတဲ့အချိန်မှာ ကျိဟန်ယွိနဲ့ ဖန်းယို့ရမ်တို့ရဲ့ ခံစားချက်တွေလည်း နက်ရှိုင်းလာတယ်။ ကျိုးယွင်​ရှန့် အပြင်မှာအိပ်တဲ့ တစ်ညမှာ ကျီဟန်ယွိက ဖန်းယို့ရမ်ကို သူနဲ့RSတစ်ခု တည်ဆောက်ဖို့ အတင်းတိုက်တွန်းခဲ့တယ်။ အဲ့ဒီနောက်မှာတော့ သူလင်းချန်စယ်ကို ဒုက္ခရောက်အောင် လုပ်ဖို့ကို ပိုစိတ်အားထက်သန်လာတော့တယ်။+
ဆောင်းတွင်းပိတ်ရက်တွေပြီးတဲ့နောက်မှာ ဝမ်​ကျဲ နဲ့ အရင်ပေးထားတဲ့ကတိကြောင့် လင်းချန်စယ်ကို ပါတီခေါ်သွားတယ်။ ဒီပါတီကို ကိုယ်ပိုင်အဆင့်မြင့်ကလပ်တစ်ခုမှာ ဝမ်​ကျဲက လုပ်တာဖြစ်ပြီးတော့ ဒုတိယမျိုးဆက်သူဌေးတွေကို ဖိတ်ကြားခဲ့တယ်။ အရက်သောက်တာတွေ၊ ဆေးချတာတွေ၊ ဖက်လျက်နမ်း ရှုံ့ ပြီး ကွန်ဒုံးတွေ ပျံ့ကြဲနေတာက ဒီပါတီညရဲ့ အဓိကThemeပဲ။ ကျီဟန်ယွိက ဒီလိုပါတီမျိုးမှာ ပျော်ပါးနေကြပင်မယ့် ဖန်းယို့ရမ်ကိုဆွဲထားဖို့ကရှိတော့ ဘာမှမသိသလိုမျိုးနဲ့ ခဏကြာတော့ ပြန်ဖို့လုပ်တယ်။
"ငါပြန်တော့မယ် ပြန်လိုက်မလား?"

သူမေးသာမေးရပင်မယ့် လင်းချန်စယ်က သူနဲ့ပြန်မလိုက်ဘူးဆိုတာ သိပြီးသားပဲ။ ဒီကဒုတိယမျိူးဆက်သူဌေးသားတွေထဲက တစ်ယောက်လောက်ကို ရလိုက်တာနဲ့ သူ့ဘဝအာမခံချက်ရမယ့် လက်ဆောင်လိုမျိုးဆိုတော့ အစောကြီးပြန်ဖို့ ဘယ်စိတ်ကူးရှိပါ့မလဲ?

"မင်းအရင်ပြန်နှင့် ငါကစားရအောင် နေဦးမယ်"

ကျိုးယွင်ရှန့်​ကလည်း တကယ်ငြင်းတယ်။ ဒီကလူတွေက လင်းချန်စယ်ဘဝကို ပျက်အောင် လုပ်ထားတဲ့လူတွေဆိုတော့ သူတို့တန်ကြေးပြန်ပေးရအောင် လုပ်ရဦးမယ်။

ကျီဟန်ယွိက အန္တာရယ်ရှိစွာ အထင်သေးတဲ့အပြုံးနဲ့ အကြည့်က ဖြတ်ခနဲပေါ်လာတယ်။ သူထွက်သွားတာနဲ့ ဝမ်​ကျဲ့က ကျိုးယွင့်ရှန်ဘေးနားကို ချက်ချင်းလာထိုင်ပြီး သူ့ပုံခုံးကိုဖက်ကာ သွေးဆောင်တယ်။

"ချန်စယ် ဘားကိုသွားရအောင်။ ငါသိတဲ့ညီအကိုတွေနဲ့ မင်းကိုမိတ်ဆက်ပေးမယ်"

လူတွေက သူတို့ဘက်ကို ခဏခဏကြည့်နေတယ်။ လှတဲ့သူတွေအများကြီး ရှိနေ​ပေမယ့်လည်း လူငယ်လေးကတော့ သံသယဝင်စရာမရှိအောင် အလှဆုံးပဲ။ ဒီလိုလှတဲ့သူမျိုးကို ကျီဟန်ယွိက ဘယ်လိုစိတ်ကူးနဲ့ လူတိုင်းကစားရအောင်ပေးလဲ ဆိုတာ ဘယ်လိုမှသူတို့နားမလည်ကြဘူး။

ကျိုးယွင်​ရှန့် က တုံ့ဆိုင်းမနေဘဲ ဘားဆီကိုလျှောက်သွားကာ ဝိုင်ပုလင်းကို ဖွင့်လိုက်ပြီး ဝိုင်တစ်ခွက်ချင်းစီဖြည့်ကာ လူတိုင်းကို ပေးလိုက်တယ်။ ဘယ်သူမှ သူပုလင်းထဲကို တစ်ခုခုထည့်လိုက်တာကို မသိကြဘူး။ မီးရောင်မှိန်မှိန်အောက်မှာ စိတ်လှုပ်ရှားဖွယ်ဂီတသံတွေနဲ့အတူ မော်ဒယ်တစ်ယောက်က stageအလယ်ကို လျှောက်လာပြီး စကတယ်။ သူတို့က steelတိုင်နားမှာ လှည့်​ပတ်​လှုပ်ရမ်းကာ ကကြတယ်။ တချို့လူတွေက မက်တပ်ထရပ်ကာ လက်ခုပ်တွေတီးကျ လေတွေချွန်ကြနဲ့။ တချို့တွေက ပေါင်တိုလေးတွေနဲ့ တင်ပါးကိုတမင်ပြကာ ညစ်ညမ်းစွာကကြတယ်။ စားပွဲပေါ်မှာလှဲကာ ဆေးချနေတဲ့သူတွေလည်း ရှိကြရဲ့။ မြင်ကွင်းတွေက အရမ်းညစ်ညမ်းလာတယ်။
သူတို့သာမူးမနေရင် သူတို့ကိုယ်သူတို့ ထိန်းကောင်းထိန်းနိုင်လိမ့်ပင်မယ့် ဒီလိုစိတ်အခြေအနေမျိုးကို ဆေးပါထပ်ထည့်ထားတော့ ခပ်မြန်မြန်ပဲ စိတ်တွေလွတ်ကုန်ကြတယ်။ ဆယ်မိနစ်အတွင်းမှာ ကျိုးယွင့်ရှန်ကလွဲလို့ ဘယ်သူမှ စိတ်နဲ့လူနဲ့မကပ်တော့ဘူး။ စိတ်လှုပ်ရှားရူးသွပ်စွာ စားပွဲတွေ ထိုင်ခုံတွေနဲ့ ကြမ်းပြင်တွေပေါ်မှာ အဝတ်တွေဆွဲဖြဲသံတွေနဲ့ သူတို့ခန္ဓာကိုယ်တွေက ရှုပ်ထွေးနေကြတယ်။ ကျိုးယွင်​ရှန့် က cameraဖွင့်ကာ ရင်းနှီးတဲ့မျက်နှာတွေကို အမှတ်တရကျန်အောင် ရိုက်ထားလိုက်တယ်။ မျက်နှာမပေါ်တဲ့သူတွေ ဒါမှမဟုတ် အပြစ်ရှိပုံမပေါ်တဲ့သူတွေရဲ့ အနေအထားတွေကိုလည်း ကူပြင်ပေးကာ ရိုက်ထားလိုက်တယ်။
သူcameraပိတ်ပြီး အိတ်ထဲကိုထည့်ကာ သူထွက်သွားဖို့လုပ်နေတုန်း အပေါ့သွားချင်လာတာကြောင့် အိပ်သာသွားလိုက်ရတယ်။ လက်ဆေးပြီး စိမ်ပြေနပြေအခြောက်ခံလိုက်တယ်။ တံခါးကိုဖွင့်မလို့ထိရုံပေးရှိသေး သူ့ဖုန်းကထမြည်လာတယ်။ ခေါ်တဲ့သူက "ထာဝရချစ်သူ" တဲ့။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі