Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 4.2
အခန်း(၃၂) လင်းချန်​စယ်​ဘဝ
Translator - MayHoney127

ညစာစားပြီးတဲ့အခါ ဖန်းယို့ရမ်က ဖီးဖိုချောင်ထဲကို ပန်းကန်ဆေးဖို့ ဝင်သွားတယ်။ ကျီဟန်ယွိက ဆိုဖာပေါ်မှာလှဲရင်း TVကြည့်နေတယ်။ ကျိုးယွင့်ရှန်က သူ့ဘေးမှာထိုင်ပြီး အသံခပ်တိုးတိုးနဲ့

"မင်းပိုက်ဆံပြတ်နေတယ်ဆိုရင် မင်းဦးလေးဆီက ဘာလို့မတောင်းတာလဲ? သူ့မှာ ပိုက်ဆံအများကြီးရှိတာပဲ"

ကျီဟန်ယွိအတွက်က သူ့ပါးစပ်က "ပိုက်ဆံ"ဆိုတဲ့အသံကြားရတာ အတော်အော်ဂလီဆန်တာကြောင့် စိတ်မရှည်စွာနဲ့ပဲ"ပိုက်ဆံတွေက ငါ့ဟာတွေမဟုတ်ဘူး! ဦးလေးအပိုင်! ဒါနဲ့မင်းမသိဘူးလား? ငါ့အမေက ချောင်းမိသားစုထဲ နာမည်ပါတယ် ဆိုပင်မယ့် တရားမဝင်သမီးပဲလေ။ အိမ်ကို သွားလည်တိုင်း ငါ့အဘွားက စိတ်ဆိုးနေတာ။ ငါ့ဦးလေးက ငါတို့ကိုကူညီရင် ဒါထူးဆန်းတာပဲ"

ကျိုးယွင့်ရှန်က အလျှော့မပေးဘဲ

"တကယ်လား? သူကမင်းကို သနားတဲ့ပုံပါပဲ။ ညစာစားဖို့ အမြဲခေါ်ခေါ်နေတာဆိုတော့ . . ."

ကျီဟန်ယွိက အကြည့်စူးစူးတစ်ချက်နဲ့
"ဘယ်တုန်းက သူငါ့ကို သနားတဲ့ပုံ ပေါ်လို့လဲ? ဒီညစာစားပွဲတွေက အမေနဲ့ငါရဲ့ သေးသိမ်တဲ့ပုံကို တမင်အသိအမှတ်ပြုနေတာ။ ငါတို့သေသေရှင်ရှင် သူဂရုစိုက်တာ မဟုတ်ဘူး။ တကယ်လို့ ငါသာသူ့ကိုမကြောက်ရင် ညစာစားပွဲတွေကို သွားမယ်လို့ထင်လား? မေးမနေနဲ့ ! တော်တော့! အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ!"

ကျိုးယွင့်ရှန်က ဘာမှမပြောတော့ဘဲ သူ့အခန်းထဲကိုပြန်ပြီး တံခါးလော့ချထားလိုက်တယ်​။ အခု ကျီဟန်ယွိက လင်းချန်စယ်ရဲ့ နာမည်ခံချစ်သူသာ ဖြစ်တယ်။ လင်းချန်စယ်က ဆွဲဆောင်မှုအတက်ပညာမှာ ကျွမ်းကျင်သော်လည်း သူတို့အခုထိ အတူမအိပ်​ရသေးပါ။ ကျီဟန်ယွိက အစက သူ့ကိုအိပ်ရာပေါ်မှာ နှိပ်ဆက်ဖို့ ဒီအိမ်ကို ပြောင်းလာခဲ့ပင်မယ့် သူ့soul mate ဖန်းယို့ရမ်ကို ဒီအိမ်မှာတွေ့ခဲ့တယ်။ အဲ့ကတည်းက သူဆိုဖာပေါ်မှာပဲ အမြဲအိပ်တော့တယ်။ ကျိုးယွင့်ရှန်အတွက် ဒါအတော်ကံကောင်းတာပဲ။ ကျီဟန်ယွိလို ရင်ဘတ်မှာ ဘာအမွှေးမှမရှိတဲ့ ဆယ်ကျော်သက်အရွယ် လူပျိုပေါက်စလေးက သူ့အကြိုက်မဟုတ်ဘူး။
လက်ရှိမှာ လင်းချန်စယ်နဲ့ ကျီဟန်ယွိတို့က တကယ်တော့ ဖန်းယို့ရမ်ရဲ့ဝင်ငွေအပေါ် မှီခိုနေရ၏။ လင်းချန်စယ်ခန္ဓာကိုယ်ထဲရောက်နေတော့ ကျိုးယွင့်ရှန်လည်း ဇိမ်ခံနေတက်တဲ့ မကောင်းတဲ့အကျင့်တွေ ကူးစက်နေသည်​။ ပိုက်ဆံတွေကို လွတ်လွတ်လပ်လပ် သုံးဖြစ်နေတာကို မဖြတ်နိုင်တော့ ဘဏ်အကောင့်ထဲမှာလဲ သိပ်မရှိတော့ဘူး။+

ကျိုးယွင့်ရှန်က ကွန်ပြူတာဖွင့်ရင်း

"ငါအလုပ်တစ်ခုကိုမြန်မြန်ရှာမှ"

သူ့လက်ချောင်းတွေက ကီးဘုတ်ပေါ်မှာ အသုံးဝင်မယ့် အချက်အလက်တွေရှာဖို့ ပြေးလွှားရင်း အလုပ်​များ​နေတယ်​။ လင်းချန်စယ်က ဘာဘွဲ့မှလည်းမရသေးသလို ဘာအလုပ်အတွေ့အကြုံမှလည်း မရှိသေးတော့ အလုပ်ကောင်းကောင်းရဖို့ ခက်တယ်။ ဒါ​ပေမယ့် ကံကောင်းတာက သူ့မျက်နှာက အလွန်အကြူး ကြည့်ကောင်းနေတာကြောင့် သူ့အပြုံး ဒါမှမဟုတ်​တစ်ခုခုရောင်းရမယ်​

ကျိုးယွင့်ရှန်က ဇက်တစ်​ချက်ချိုးလိုက်ပြီး Entertainment companyတွေရဲ့ offical websiteတွေကို ခိုးဝင်ကြည့်တယ်။ သူအရမ်း အဆင်ပြေတာတစ်ခုတွေ့တော့ သူ့လက်ချောင်းတွေ ရပ်တန့်သွားတယ်။ Screenမှာ AYA companyရဲ့ မူကြမ်းအချက်အလက် postတစ်ခုနဲ့ ပြည့်နေတယ်။ AYAဆိုတာ နာမည်ကြီးအိတ်၊နာရီ၊အဝတ်၊ရေမွှေး၊ကားတွေနဲ့ တခြားဇိမ်ခံပစ္စည်းတွေရောင်းတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး companyကြီးတစ်ခုဖြစ်သည်။ AYAရဲ့ ဇိမ်ခံပစ္စည်းတွေက နာမည်ရှိပြီးသားမလို့ ပစ္စည်းအသစ်တစ်ခုထုတ်တိုင်း ဖက်ရှင်လောကကြီးတစ်ခုလုံး ဗြောင်းဆန်သွား​စေတတ်​သည်​။ ဒီတစ်ခါမှာတော့ AYA companyက တရုတ်​ပြည်ရဲ့ ရေမွှေးဈေးကွက်ကို ထိုးဖောက်ဖို့ အဲ့ဒီကမော်ဒယ်တစ်ယောက် လိုနေတယ်။

မော်ဒယ်အတွက် လိုအပ်ချက်များမှာ ပြိုင်ဘက်ကင်းနေရမည်။
၁။ ယောင်္ကျားလေး ၊ မိန်းကလေးမှာ အလှစစ်ဖြင့် လှပနေရမည်။
၂။ ငယ်ရွယ်ရမည်။ (အသက် 15 ~ 18 နှစ် အတွင်းဖြစ်လျှင် ပိုသင့်တော်သည်)
၃။ အရပ်အမြင့်မှာ အနည်းဆုံး 175cm ရှိ၍ အသားအရည်မှာ သဘာဝအတိုင်း ဝင်းမွတ်စိုပြေနေရမည်။
၄။ ဖြူစင်ကြင်နာတက်ရုံသာမက ရင့်ကျတ်၍ ဆွဲဆောင်မှုရှိသော ပုံစံဖြင့် ပြိုင်ဘက်ကင်းနေရမည်။
ဒီ၎ချက်နဲ့သာဆိုရင် အနုပညာလောကရဲ့ 80% or 90% က ဆူညံ့သွားမှာ အမှန်ပဲ။ ကျိုးယွင့်ရှန် မေးထောက်ရင်း တစ်ချက်ပြုံးလိုက်သည်​။ လှပြီးသား လင်းချန်စယ်က အသက်17နှစ်ရှိပြီး အရပ်က 176cm ရှည်တယ်။ အသားအရည် ပြစ်မျိုးမထင် အကောင်းဆုံးဖြစ်ဖို့က ကျိုးယွင့်ရှန် ညှိပေးလို့ရတယ်။ ဒီတော့ ၃ချက်လုံးက ပြဿနာမရှိဘူး။ နောက်ဆုံးအချက်က တခြားသူတွေအတွက် အားနည်းချက်ဖြစ်နိုင်​ပေမယ့် ကျိုးယွင့်ရှန်လို ဘဝတွေထောင်ချီပြီး ရှင်သန်ခဲ့ရတဲ့သူအတွက် ဒါက အလွယ်လေးပဲ။ ရင့်ကျတ်ခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ ဖြူစင်ခြင်း၊ သနားကြင်နာမှုရှိခြင်း၊ နူးညံ့ခြင်း၊ သိက္ခာရှိခြင်း၊ ဆိုးသွမ်းခြင်း၊ ကြမ်းကြုတ်ခြင်း၊ . . . စတာတွေကို စဉ်းစားနိုင်သလောက် သရုပ်ဆောင်နိုင်ပြီးသားပဲ။ ဒါကြောင့် ဒီအချက်တွေအကုန်က သူနဲ့သင့်တော်ပြီးသားပဲ။ ကျိုးယွင့်ရှန်က ဇက်တချက်ချိုးလိုက်ပြီး ဒီစာမူကြမ်းကို ဘယ်လိုရအောင် လုပ်ရမလဲ စီစဉ်လိုက်တယ်။+

သူentertainment companyတစ်ခုရဲ့ offical websiteကို သူ့ထိပ်တန်းအရည်အချင်းနဲ့ hackလိုက်ပြီး အနုပညာရှင်တစ်ယောက်အဖြစ် agentတစ်ယောက်ကို ချိတ်လိုက်သည်။ သူနောက်ဇွန်လမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေရမှာမလို့ စာချုပ်ကို ဧပြီလအထိဘဲ ချုပ်ဆိုထားလိုက်သည်။ ပြီးတော့ AYAရဲ့ offical websiteကို hackပြီး ပြိုင်ပွဲဝင်စာရင်းထဲ သူ့နာမည်ကို ထည့်လိုက်တယ်။ ဒါတွေအကုန်လုပ်ပြီးတဲ့နောက် သူ့agentအသစ်ကို ဆက်သွယ်ဖို့ ဖုန်းဆက်လိုက်တယ်။

အမျိုးသမီးတစ်ယောက်က ဆေးလိပ်ဖွာနေရင်း ပုံမှန်ခပ်ပျင်းပျင်းအသံနဲ့

"ဟဲလို ယုမေလျန် ပြောနေတာပါ ဘယ်သူလဲ မသိဘူး?"

ကျိုးယွင့်ရှန်က သာယာနာပျော်ဖွယ် နူးညံ့ကြည်သာနေတဲ့ အသံနဲ့

"မင်္ဂလာပါ အစ်​မယု ကျွန်တော် လင်းချန်စယ်ပါ။ ကျွန်တော်အစက Simonရဲ့ အနုပညာရှင်ဆိုပင်မယ့် အခုအမလက်အောက် ရောက်နေပါပြီ။ သိပ်မကြာခင်လေးက ပြောင်းခံရတာဗျ။ ပြောရတာ ရှက်ပင်မယ့် အခုမှ အမကိုပဲ ဆက်သွယ်ရသေးတာ"

ယုမေလျန်က မျက်ခုံးတစ်ချက်ကြုံလိုက်သည်​။ သူSimonဆီက အနုပညာရှင်တွေ အကုန်လုံးကို ပြန်ခေါ်ဘူးပါတယ်။ ဒါပင်မယ့် ဘာလို့ လင်းချန်စယ်ဆိုတဲ့ နာမည်ကို မကြားဖူးတာပါလိမ့်? Simonက လွန်ခဲ့တဲ့လနည်းနည်းလောက်က ကားမတော်တဆဖြစ်ပြီး ဆုံးသွားတာလေ။ ဒါကြောင့် ယုမေလျန်နဲ့ တခြားagentတွေက အနုပညာရှင်တွေကို ခွဲယူခဲ့ရတာ။ လင်းချန်စယ်ကို မသိတော့ သိပ်မတော်ဘူးလို့ပဲ သူမလွယ်လွယ် တွေးလိုက်တယ်။ အသံကောင်းတာက အသုံးဝင်ပင်မယ့် ဒီလောကမှာ ရှင်သန်ဖို့ မလုံလောက်ဘူး။ ဒါကြောင့် သူသိပ်စိတ်မဝင်စားတော့ဘဲ ဝတ်ကျေတန်းကျေပြောပြီး ဖုန်းချဖို့ လုပ်ပင်မယ့် တစ်​ဖက်က သူမကို သတင်းကောင်းကြီး ပေးလိုက်တယ်။
"အစ်​မကြီး ကျွန်တော် မနက်ဖြန် AYA interviewကို ပါဖို့ရွေးခံရတာ လာခေါ်နိုင်မလား?"

ယုမေလျန်ရဲ့ စီးကရက်က ပါးစပ်က ပြုတ်ကျသွား​လေသည်​။ သူမရဲ့ စကပ်ကို အပေါက်ဖြစ်တော့မလို လောင်နေတော့ လန့်ဖြန့်ခုန်ရင်း အမြန်မေးလိုက်တယ်​။

"ခဏ ခဏ AYA ဆိုတာ သေချာရဲ့လား?"

AYAရဲ့ ဇိမ်ခံပစ္စည်းတွေက အကောင်းဆုံးပဲလေ။ သူတို့ထုတ်ကုန်တိုင်းကို နာမည်ကြီးနိုင်ငံတကာကြယ်ပွင့်တွေပဲ ကြေညာရတာ။ အခုသူတို့က မော်ဒယ်အသစ် ရွေးမယ်ဆိုတော့ ဘယ်entertainment companyက ဒီအခွင့်အရေးကို အလွတ်ခံမလဲ။ အကုန်ပါချင်နေကြတာ။ ယုမေလျန်ကလည်း ဒီအခွင့်အရေးကိုရဖို့ သူ့အနုပညာရှင်တစ်ယောက် ခေါ်သွား​ပေမယ့် အငြင်းခံလိုက်ရတယ်လေ။ သူ့ပြိုင်ဘက်ကတော့ ဒီလူရွေးပွဲထဲ ကံကောင်းထောက်မနဲ့ ပါသွားတယ်။ ယုမေလျန်က ရွှေထုပ်ကြီး ကောက်ရလိုက်သလိုမျိုး ပီတိတွေဖြာနေတယ်။ သူချောင်းတစ်ချက်ဟန့်ပြီး မရဲတရဲနဲ့
"ဒီလူရွေးပွဲထဲ မင်းဘယ်လိုလုပ် ပါသွားလဲ? ဘယ်သူက စီစဉ်တာလဲ?"
ကျိုးယွင့်ရှန်အမူအယာက စိမ်ပြေနပြေနဲ့ခပ်ပျင်းပျင်း ဖြစ်နေတယ်။ အခန်းထဲမှာ ဘယ်သူမှ မရှိတော့ သူအပြည့်သရုပ်ဆောင်စရာမှ မလိုတာ။ ဒါ​ပေမယ့် အရမ်းစိတ်လှုပ်ရှားနေတဲ့အသံနဲ့

"ဘယ်သူမှ မစီစဉ်ပေးပါဘူး။ ကျွန်တော် လမ်းလျှောက်ထွက်နေတုန်း Bonnieလို့ ခေါ်တဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့တယ်။ သူ့bussiness cardထုတ်ပေးပြီး AYA interviewမှာ ကျွန်တော့်ကိုပါဖို့ ပြောတယ်။ အစက ကျွန်တော်လည်း မယုံပင်မယ့် AYA ပြိုင်ပွဲဝင် စာရင်းကို မြင်လိုက်လို့ အမကို လှမ်းခေါ်လိုက်တာ"

"ခဏကိုင်ထားဦး ငါတစ်ချက်ကြည့်မလို့"

ယုမေလျန်က ရင်တွေတဒုန်းဒုန်းခုန်နေတာကို သည်းခံပြီး AYA offical websiteကို ဖွင့်ကြည့်လိုက်တယ်။ သေချာတာပေါ့။ လင်းချန်စယ်နာမည်က listမှာ ရှိနေတယ်။ သူcompanyက သူ့အနုပညာရှင်လေးရဲ့ အချက်အလက်တွေကြည့်လိုက်တော့ အသက်ရှုတောင် ရပ်သွားသလိုပဲ။ လင်းချန်စယ်ရဲ့ မျက်နှာလေးက ထင်းနေအောင် ပေါ်လာလို့လေ။ သူထိုင်ခုံမှာသာ ထိုင်နေပင်မယ့် လောကကြီးရပ်တန့်သွားသလိုပဲ။2

Wow ဒါဘယ်လိုလူမျိုးလဲ?
ငါဘယ်နှယ့် သူကိုမတွေ့ခဲ့ရတာလဲ?
ငါကန်းနေလို့ မမြင်ခဲ့ရတာလား!
ကံကောင်းတာက ဒီကောင်လေး companyနဲ့ စာချုပ်ချုပ်ထားပြီး ငါ့ဆီရောက်လာတာပဲ!
တကယ်လို့ လင်းချန်စယ်သာ နာမည်မကြီးလာရင် သူ့ကိုဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ကတော့ နောင်တရတော့မှာပဲ!

ယု​မေလျန်​က အသံငြိမ်အောင် အသက်ဝဝရူလိုက်ပြီး
"ငါမင်းကို listမှာ တွေ့တယ် မင်းဘယ်နားမှာနေတာလဲ?
မနက်ဖြန် 8ခွဲလောက် လာခေါ်လိုက်မယ်"

ကျိုးယွင့်ရှန်က လိပ်စာပြောပြပြီးတာနဲ့ ဖုန်းချလိုက်တယ်။ နောက်အိပ်ရာပေါ်မှာ လှိမ့်ပြီးတော့ အိပ်လိုက်တယ်။

☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~
နောက်နေ့မှာ ကျိုးယွင့်ရှန်က ကျီဟန်ယွိကို မနက်စာစားရင်း

"ငါဒီရက်တွေ အတန်းပြေးမှာမလို့ မင်းငါ့ကို ကူညီပေး"

ကျီဟန်ယွိက ဘာမှမမေးဘဲ ခေါင်းငြိမ့်ပြတယ်။ ကျိုးယွင့်ရှန်က သူ့ကိုနူးညံ့စွာကြည့်ပြီး+
"စိတ်မပူပါနဲ့။ ကျီအိမ်စီးပွားပျက်သွားလည်း ငါတို့လွတ်လမ်း ရှာကြတာပေါ့"

ကျီဟန်ယွိက သူ့ကိုပြန်မကြည့်ဘဲ ဝတ်ကျေတမ်းကျေနဲ့ "အင်း"လို့ပြောပင်မယ့် စိတ်ထဲမှာတော့ သူ့ကိုဟားတိုက် ရယ်နေတယ်။ သူ့ကို သေစေချင်လောက်အောင် အရမ်းရွံ့​ပေမယ့် လမ်းတော့မခွဲချင်သေးဘူး။ သူ့ရဲ့ ချမ်းသာတဲ့ သူငယ်ချင်းတွေကို မှီခိုပြီး တက်နိုင်သလောက် သူကဆွဲချချင်တာကိုး။ ဖန်းယို့ရမ်က မနေ့ညတုန်းက သူ့ကိုကျီဟန်ယွိက အနမ်းခပ်ပြင်းပြင်းတစ်ပွင့်ပေးခဲ့တော့ ဒီမနက် စိတ်နဲ့လူနဲ့မကပ်သလို လင်းချန်စယ်ကိုလည်း "ဘယ်သွားမလို့လဲ"လို့လည်း မမေးရဲတော့ဘူး။ မနက်စာစားပြီးတော့ ကောင်လေးနှစ်ယောက် ကျောင်းသွားကိုထွက်​သွားကြတယ်​။
ကျိုးယွင့်ရှန်က သူ့အခန်းထဲဝင်ပြီး ရှပ်အဖြူလေးကို ဂျင်းအပြာနုဘောင်းဘီလေးနဲ့ တွဲဝတ်လိုက်တယ်​။ သူ ဖုန်းကို အိပ်ကပ်ထဲ ထည့်နေတုန်း ယုမေလျန်ဆီက ဖုန်းဝင်​လာတယ်​။+

"ရောက်နေပြီ။ အောက်ကိုဆင်းခဲ့တော့။ လိုင်စင်နံပတ် ××××× နဲ့ အနက်ရောင်Audiကားနော်"

ကျိုးယွင့်ရှန် မှတ်ထားလိုက်ပြီး ဓာတ်လှေကားနဲ့ အောက်ထပ်ကို ပေါ့ပေါ့ပါးပါး ဆင်းသွားလိုက်​သည်​။ကားနားရောက်တော့ ယုမေလျန်က ကားပေါ်က ဆင်းလာ၏။ သူ့ကိုရတနာတစ်ပွင့်လို တန်ဖိုးထားတဲ့ အကြည့်တွေနဲ့
"အသားအရည်ကောင်းမကောင်းသိရအောင် လက်ဆန့်လိုက်။ မကောင်းရင် ပြန်လှည့်လို့ရသေးတယ်"

ဆိုပြီး​ကောင်​လေးရဲ့ နူးညံ့နေတဲ့အသားအရည်ကို ဗြောင်ကျကျနဲ့ထိလိုက်တော့ လုံးဝအံ့ဩမိသွားတယ်​။

"Bonnieလည်း ကျွန်တော့်အသားကို ထိခဲ့သေးတယ်။ သူ့ကို နှာဘူးလို့တောင် အထင်လွဲခဲ့သေးတာ"

ကျိုးယွင့်ရှန် ပါးမို့လေးတွေ ရဲတက်လာတော့ သူ့အလှက မျက်စိကျိန်းသွားစေတယ်။ ယုမေလျန်က ရယ်လိုက်တယ်။ ကားမောင်းနေရင်း သူစပ်စုလိုက်တယ်။

"မင်းအခုဘယ်နှစ်တန်းလဲ?"

"အထက်တန်းစီနီယာ ကျောင်းသားပါ။ ဇွန်၁မှာ တက္ကသိုလ်ဝင်ခွင့်ဖြေရတော့မှာ"

ယုမေလျန်က အရမ်းတန်ဖိုးရှိတာလေး လက်လွတ်သွားမယ့်အလား ဆွဲဆောင်တော့တယ်။

"ဒါဆို မင်းနောက်ဘာဆက်လုပ်မှာလဲ? မင်းမိဘတွေကလည်း ဆုံးသွားတော့ ကိုယ့်ဟာကိုယ် ရှာစားရတော့မယ်မလား? စာချုပ်ကို ကြည့်ပြီးပြီ။ Aprilဆို ကုန်ပြီပဲ။ ဘုရားသခင်က မင်းကိုဒီလိုမျက်နှာလေး ပေးထားတော့ ဒါနဲ့လုပ်မစားရင် နှမျောစရာကြီး။ မင်းသာစာချုပ်အသစ် ထပ်ချုပ်မယ်ဆို ငါမင်းကို နိုင်ငံတကာကြယ်ပွင့် တစ်ပွင့်ဖြစ်အောင် လုပ်ပေးနိုင်တယ်။ အခု မင်းက ဘွဲ့လည်းမရသေးသလို အလုပ်အတွေ့အကြုံကလည်း မရှိ၊ အသက်ကလည်းငယ်သေးတော့ ဘယ်companyကမှ မင်းကိုခေါ်ချင်မှာ မဟုတ်ဘူး။ ရှာနိုင်မယ့်လစာလည်း နည်းမယ်ဆိုတာ ပြောစရာတောင် မလိုလောက်တော့ဘူး"

"ကျွန်တော့်မိဘတွေက နာမည်ကြီးတက္ကသိုလ် တစ်ခုခုကို တက်စေချင်ခဲ့တာ။ ကျွန်တော် သူတို့ဆန္ဒကို ပြည့်စေချင်တယ်"

ယုမေလျန် အသံတိတ်သွားပြီး ခဏကြာတော့ ရယ်လိုက်သည်​။

"ဒါအဆင့်ကျော်တက်တာပဲ။ မင်းလွယ်လွယ်ရမယ်လို့ ထင်နေလား?"

ကျိုးယွင့်ရှန်က သူ့ကိုတချက်စောင်းငဲ့ကြည့်ရင်း နှုတ်ခမ်းတွန့်ရုံ ပြုံးပြလိုက်တယ်​။ ဒီယုံကြည်မှုရှိနေတဲ့ မျက်ဝန်းတွေက အရမ်းသန်မာလွန်းတယ်။ ယုမေလျန် အဝေးကို ခပ်ရှက်ရှက်နဲ့ ကြည့်နေ​ပေမယ့် စိတ်ထဲမှာတော့ အရမ်းကျေနပ်နေမိတယ်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі