Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 2.1
အခန်း(၁၂)​ဝေ့ရှီရန်​ဘဝ

Arc 2 : Black hearted lotus

TGN : နှလုံးနက်​ကြာဖြူ +

Translator - Snowtowel

Proofreader - invisible_clover



ကျိူးယွင်ရှန့်သည် တုရွှီလန်ဘေးတွင် အသက်တွေကြီးတဲ့အထိ နေထိုင်ခဲ့သည်။ သူ​သေဆုံးပြီးနောက်​ကမ္ဘာကြီးကနေ ထွက်ခွာသွားဖို့ တုံ့ဆိုင်းမနေတော့ဘူး။ အရင် system ရဲ့ ထိန်းချုပ်မှုအောက်မှာ ဗီလိန်ဖြစ်တုန်းက တာဝန်တစ်ခုပြီးတာနဲ့ နောက်ထပ်တာဝန်တစ်ခုဆီ ချက်ချင်းပို့ခံရလို့ အသက်တောင် ကောင်းကောင်းရှုဖို့ အခွင့်အရေးမရခဲ့ဘူး။

ခုချိန်မှာတော့ သူ့ရဲ့ကိုယ်​ပိုင်​အချိန်​တွေကို ထိန်းချူပ်​နိုင်​ပြီဖြစ်​လို့ ကြယ်​ပင်​လယ်​ထဲမှာ အကြာကြီး​နေခဲ့သည်​။ တုရွှီလန်​ကို ဆုံးရှူံးရလို့ ခံစား​နေရတဲ့ စိတ်​နှလုံးပူ​ဆွေးခြင်း တဖြည်းဖြည်း​ပျောက်​ကွယ်​လာတဲ့အချိန်​အထိ သူက သူရဲ့စိတ်​ဝိညာဉ်​ကို အနား​ပေးအိပ်​စက်​ခဲ့သည်​။ သူ နိုးလာတဲ့အခါ လက်​ကောက်​ဝတ်​မှာရှိတဲ့ AI နဲ့​နောက်​ထပ်​အကြံအဖန်​လုပ်​ဖို့ အဆင်​သင့်​နေခဲ့ပြီ။ 10

Lord God ရဲ့ ထိန်းချုပ်​မှု​အောက်​က​နေ လွတ်​မြောက်​လာတဲ့ အချိန်​အနည်းငယ်​အတွင်းမှာ တာဝန်​ယူပြီးဆုံးရမယ့်​တာဝန်​ခက်​ခဲ​လေ​လေ စိတ်​ဝိညာဉ်​ရဲ့ စွမ်းအင်​ပိုတိုးလာ​လေ​လေ ဆိုတာကို​လေ့လာမိခဲ့သည်​။ တစ်​ချိန်​တည်းမှာပဲ ကမ္ဘာကြီးနဲ့လည်း ပိုပြီးနီးနီးကပ်ကပ် ချိတ်ဆက်မိလာခဲ့သည်။ ကမ္ဘာကြီးနဲ့ host က တစ်ဦးနဲ့တစ်ဦး မှီခိုနေကြသည်။ တာဝန်​ပြီး​မြောက်​လို့ စိတ်​ဝိညာဉ်​စွမ်းအင်​တိုးတက်​အစွမ်းထက်​လာရင်​Lord God က စုပ်​ယူပြီး သူတို့ရဲ့စွမ်းအင်​ကို ၎င်းရဲ့အပိုင်းအခြားနဲ့ ဆိုင်​တဲ့​ထောင်​ချောက်​တွေမှာ​ထောက်​ပံ့​ဖို့ အသုံးပြုခဲ့သည်​။

တာဝန်​အ​ရေအတွက်​အတိုင်းအတာတစ်​ခုထိ ပြီး​မြောက်​ရင်​ကမ္ဘာအစစ်​ဆီ ပြန်​ပို့​ပေးမယ်​ဆိုတဲ့ ကတိက အလှပဆုံး​သော လိပ်​ညာမှု ဖြစ်​သည်​။ သူတို့​တွေက Lord God အတွက်​တောင်​ယာ တိရစ္ဆာန်အုပ်​စုသာသာပဲ ဖြစ်​သည်​။ သူတို့ကို ဆူဖြိုး​စေပြီး အစာအတွက်​သူတို့ကို သတ်​လိုက်​သည်​။

007 သူရဲ့စိတ်​အတွင်းထဲ နက်​နက်​နဲနဲ ထိုးထွင်းသိမြင်​တဲ့အခါ သူ ဒီလျှို့ဝှက်​ချက်​ကို အမှတ်​တမဲ့ သိရှိခဲ့သည်​။ သူက ဟက်​ကာတစ်​ယောက်​ဒါ​ကြောင့်​ကမ္ဘာအစစ်​ဆီပြန်​ချင်​လို့ ရမ်းကားကြမ်းတမ်း​နေတဲ့ တစ်​ခြားသူ​တွေနဲ့ မတူဘူး။ သူအတွက်​က​တော့ ကမ္ဘာအစစ်​နဲ ပုံရိပ်​ယောင်​ကမ္ဘာကြား ထူးခြားပြီးကွာခြားမှု ဘာမှမရှိဘူး။ သူက ပုံရိပ်​ယောင်​ကမ္ဘာမှာ ပိုပြီး​တော့ စိတ်​ကူး​ပေါက်​သလို​နေထိုင်​လေ့ရှိသည်​။ ထို့​ကြောင့်​သူသည်​ပုံရိပ်​ယောင်​ကမ္ဘာ၏ဘုရင်​တစ်​ပါးဖြစ်​သည်​။

သူ့ကို ဓားစားခံတစ်​ယောက်​အနေနဲ့​ရွေးချယ်​တာက Lord God ရဲ့ အကြီးမားဆုံး​သော အမှားတစ်​ခု ဖြစ်​သည်​။ ပြီး​တော့ သူရဲ့စိတ်​ကို ရက်​စက်​စွာ ပြုမှုတဲ့အတွက်​ဒဏ်​ခတ်​မယ့်​အပြစ်​ဒဏ်​ကို ပြန်​ပေးရလိမ့်​မယ်​။

သူရဲ့​တွေး​ခေါ်မှုအ​လေ့အထကို အလိုက်​သင့်​ညှိယူပြီး​တော့ ကျူးယွင်​ရှန့်​က AI ကို အမိန့်​ပေးလိုက်​သည်​။ အဲဒီ​နောက်​အဆုံးမရှိ​ကောင်းကင်​ကြီးထဲ ကွယ်​ပျောက်​သွားသည်​။

သူ ပြန်​နိုးလာ​တော့ ကျူးယွင်​ရှန့်​သည်​ဆီဆေးနံ့​တွေပျံ့လွင့်​နေတဲ့ အခန်းထဲတွင်​ဆေး​ပေ​နေတဲ့ စုတ်​တံကိုင်​လျက်​ပန်းချီဆွဲတဲ့ ပိတ်​ကားစအ​ရှေ့မှာ ရပ်​နေခဲ့သည်​။

​ဘေးပတ်​ဝန်းကျင်​ကို စပြီးမ​လေ့လာခင်​သူ ခဏ​လောက်​ရပ်​နေ​သေးသည်​။ အဖြူ​ရောင်​နံရံ​လေးဘက်​နဲ့ ပွင့်​နေတဲ့ ပြတင်း​ပေါက်​တစ်​ခု ရှိ​နေတာက လွဲလို့ တခြား ဘာပရိ​ဘောဂမှ မရှိတဲ့ အခန်းလွတ်​တစ်​ခန်းဖြစ်​သည်​။ ပြတင်း​ပေါက်​ရဲ့ အပြင်​ဘက်​မှာ​တော့ စိမ်းလန်းစို​ပြေသန်​စွမ်းတဲ့ ဥယျာဉ်​ရှိပြီး မလှမ်းမကမ်းတွင်​အပြာ​ရောင်​ကန်​ငယ်​လေး ရှိ​နေသည်​။ သဘာဝရှုခင်းက လှပပြီး အလွန်​စွဲမက်​ကြည်​နူးစရာ​ကောင်း​နေသည်​။

အခန်းထဲတွင်​ကျူးယွင်​ရှန့်​အပြင်​တစ်​ခြားဘယ်​သူမှ မရှိဘူး။ AI မျက်​နှာပြင်​တွေ စာအများကြီး​ပေါ်လာသည်​။ အဲ့ဒါ​တွေက main god ဆီက ခိုးယူထားတဲ့ ပိုင်ရှင်နဲ့ကမ္ဘာကြီးရဲ့ အသေးစိတ် အချက်အလက်တွေပဲ ဖြစ်သည်။

ခန္ဓာကိုယ်ရဲ့နာမည်က ဝေ့ရှီရန် အသက် 18 နှစ်ဖြစ်ပြီး လက်ရှိ ကျိုတို အနုပညာအကယ်ဒမီမှာ ပညာသင်ကြားနေသည်။ 10 နှစ်အရွယ်တွင် ကားအက်ဆီးဒင့်ကြောင့် မိဘတွေ သေဆုံးခဲ့သည်။ သူ့ကို သူ့မိဘတွေရဲ့ သူငယ်ချင်းက မွေးစားခဲ့ပြီး ပြင်​သစ်​နိုင်ငံသို့ ရွေ့ပြောင်းခဲ့သည်။ စုံတွဲတွေရဲ့ ပတ်သက်မှုက အရမ်းနက်ရှိုင်းပြီး လက်ထပ်ပွဲ ငွေရတုနှစ်ပတ်လည်နေ့မှာ သူတို့က မျှော်လင့်ထားသလို ကမ္ဘာကြီးကို လှည့်ပတ်ခရီးသွားရန် ဆုံးဖြတ်ခဲ့သည်။

ဝေ့ရှီရန်က သူကိုယ်သူ ဂရုမစိုက်နိုင်မှာ စိုးရိမ်လို့ တရုတ်​နိုင်ငံမှာ ရှိတဲ့ သူတို့သားဆီမှာ သူ့ကို ဂရုစိုက်​ပေးရန်​အပ်နှံထားခဲ့သည်။

နဉ်စစ်နျန်က 28 နှစ်ပဲ ရှိသေးပေမယ့် နှစ်ခါလက်ထပ်ပြီးသွားပြီ။ အရိုးကင်ဆာနဲ့ ကွယ်လွန်သွားတဲ့ဇနီးက နင်​ဝမ်ရှုလို့ ခေါ်တဲ့ သုံးနှစ်အရွယ်သားလေး ချန်ထားပေးခဲ့တယ်။ များပြားလှတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် သူ့သားကို ပြုစုစောင့်ရှောက်ဖို့ အချိန်မပေးနိုင်ခဲ့ဘူး။ ဒါကြောင့် နဉ်စစ်နျန်​က ကြင်နာတတ်ပြီး ရှက်တတ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ ကတိုက်ကရိုက် မင်္ဂလာဆောင်ခဲ့သည်။ သူတို့ကြားမှာ ခင်ပွန်းနဲ့ဇနီးဆိုတဲ့ ခံစားချက်မရှိပေမယ့် ဘဝကတော့ နေသားကျနေခဲ့ပြီ။

ဝေ့ရှီရန်နဲ့ နဉ်စစ်က ငယ်ငယ်က တွေ့ဖူးခဲ့ကြတယ်။ ဒါပေမယ့် '်နဉ်​'အမေက မိသားစုစီးပွားရေးကို သူမရဲ့သားကို ပေးထားခဲ့ပြီး ဝေ့ရှီရန်နဲ့အတူ နိုင်ငံခြားမှာ အချိန်အတော်ကြာ အခြေချနေထိုင်ခဲ့သည်။ ဒါကြောင့် သူတို့နှစ်ယောက်ကြားက ခံစားမှုက နက်ရှိုင်းမှု မရှိလို့ မရင်းနှီးဘူး လို့တောင် ပြောနိုင်တယ်။

ဝေ့ရှီရန်က ငယ်ရွယ်တဲ့အသက်အရွယ်မှာ မိဘများကို ဆုံးရှုံးခဲ့ရလို့ တစ်ဖြည်းဖြည်းနဲ့ အထီးကျန်ဆန်တဲ့ စိတ်ဝေဒနာကို ခံစားလာရတယ်။ သူက တခြားသူတွေ လိုအပ်တာကို တခါမှလည်း မဖြည့်ဆည်းဖူးဘူး။ ပြဿနာလည်း မရှာဖူးဘူး။ နဉ်​စစ်နျန်က ရင့်ကျက်ပြီး တည်ငြိမ်တယ်။ သူက မိဘမဲ့ကလေးကို တမင်သက်သက် ခက်ခဲတဲ့ဘဝဖြစ်အောင် မလုပ်ခဲ့ဘူး တစ်ယောက်နဲ့တစ်ယောက် အနှောင့်အယှက်မပေးဘဲ ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်ခဲ့ကြတယ်။

ဆိုးရွာတဲ့နေ့ရက်တွေက နင်​စစ်ရဲ့ဇနီးအသစ် ကျောက်ရှင်းဖန်းကြောင့် စတင်ခဲ့သည်။ သူမက အပြင်က ဖြူစင်ပုံပေါ်ပေမယ့် အတွင်းစိတ်မှာတော့ ရက်စက်တတ်တဲ့ နှလုံးသားရှိနေသည်။ နဉ်​စစ်နဲ့ လက်မထပ်ခင်ကတည်းက သူမက နဉ်စစ်ရဲ့သူငယ်ချင်း ချန်ယွိနဲ့ ရင်းနှီးနေခဲ့သည်။ ချန်ယွိက နင်ရဲ့တက္ကသိုလ်က အတန်းဖော်ဖြစ်ပြီး ဘွဲ့ရပြီးနောက် နဉ်စစ်က သူ့ကို လက်ထောက်အဖြစ် ခန့်ထားခဲ့သည်။

ပုဂ္ဂိုလ်ရေးလက်ထောက်အများစုကို သူတို့သူဌေးက ယုံကြည်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် မှီခိုအားထားကြတာဖြစ်လို့ နဉ်​စစ်​နျန်​က ချန်ယွိကို အသိအမှတ်ပြု အလေးထားလာရင် သူ့အတွက် ပိုပြီးသင့်တော်တဲ့နေရာ စီစဉ်ပေးမှာ။ဒါပေမယ့် ချန်ယွိက မစောင့်ဆိုင်းနိုင်တော့ဘူး။ ဆင်းရဲတဲ့ဘဝက မွေးဖွားကြီးပြင်းလာတာဖြစ်လို့ ချမ်းသာတဲ့သူတွေကို ရန်လိုစိတ်ပြင်းပြတယ်။ မိမိကိုယ် မိမိတန်ဖိုးတာတွေကို ပိုပြီးစက်ဆုပ်တယ်။ သူ့အမြင်ကတော့ ကလေးထိန်းတစ်ယောက်လို ခိုင်းစေတာက နဉ်​စစ်နျန်ရဲ့ စော်ကားမှုလို့ ယူဆခဲ့သည်။ နဉ်​စစ်နျန်ကို မုန်းတီးစပြုလာပြီး တဖက်မှာ ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေ ပြိုင်ဘက် ကုမ္ပဏီကို ရောင်းချခဲ့သည်။ တခြားတစ်ဖက်မှာလည်း သူရဲ့ကောက်ကျစ်စဉ်းလဲတဲ့ အစီအစဉ်ကို ကူညီဖို့ ကျောက်ရှင်းဖန်းကို ဖြားယောင်းသွေးဆောင်းခဲ့သည်။

ဒါပေမယ့် ဒီကမ္ဘာမှာ နဉ်စစ်​နျန်​က အဓိကဇာတ်ဆောင်ဖြစ်လို့ အလွယ်တကူတော့ ဒုက္ခမပေးနိုင်ဘူး။ ဇာတ်လိုက်အမျိုးသမီး ပေါ်လာတဲ့အချိန် သူတို့နှစ်ယောက်ရဲ့ အစီအစဉ်က အောင်မြင်လုနီးပါး ဖြစ်နေပြီ။ ဇာတ်လိုက်အမျိုးသမီးက နဉ်​စစ်နျန်ရဲ့အချစ်ကို ရရှိရုံမက သူတို့နှစ်ယောက်ရဲ့ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုကိုလည်း ဖော်ထုတ်ခဲ့သည်။ အန္တရာယ်ရှိပြီး စိတ်ကူးဆန်တဲ့ပဋိပက္ခမှာ ဝေ့ရှီရန်က လျစ်လျှူရှုခံထားရတဲ့သူ တစ်ဦးပဲဖြစ်သည်။

နေ့တစ်နေ့မှာ ပန်းချီပစ္စည်းတွေ ထွက်ဝယ်တဲ့ ဝေ့ရှီရန်က ဟိုတယ်ကနေ အတူထွက်လာတဲ့ ကျောက်ရှင်းဖန်းနဲ့ ချန်ယွိတို့ကို မတော်တဆတွေ့ခဲ့သည်။ နှစ်ယောက်လုံးက နဉ်စစ်နျန်ကို သူ ပြန်ပြောမှာကြောက်လို့ နင်အိမ်ကနေက သူ့ကို နှင်ထုတ်ဖို့ ဇာတ်လမ်းဆင်ခဲ့ကြသည်။

ကျောက်ရှင်းဖန်းက ကလေးထိန်း ဝမ်မားကို နဉ်​ဝမ်ရှုအား ညှင်းပန်းနှိပ်​စက်​ရန်​လာဘ်​ထိုးခဲ့သည်​။ အဲဒီနောက် နဉ်​ဝမ်ရှုရဲ့ ဆိုးရွားလှတဲ့ ဒဏ်ရာတွေကို နင်စစ်နျန် မြင်အောင် တိတ်တဆိတ် စီစဉ်ခဲ့သည်။ သူတို့အပြင်ရောက်နေချိန် ဝေ့ရှီရန်က နင်ဝမ်ရှုကို နှိပ်စက်ညှင်းပန်းတယ်​လို့​ပြောခဲ့သည်​။ နဉ်​ဝမ်ရှုက သုံးနှစ်အရွယ်ပဲ ရှိသေးတော့ အမှန်နဲ့ အမှားကို ကောင်းကောင်း မခွဲခြားနိုင်ဘူး။ ဒါအပြင် ဝမ်မားကလည်း ရိုက်ပြီး ခြိမ်းခြောက်ထားတယ်။ ဒါကြောင့် အရမ်းကြောက်လန့်နေတဲ့ ဝမ်ရှုကို နဉ်​စစ်နျန်ဆီ ခေါ်လာတဲ့အခါ သူ့ကို ဦးငယ်လေး ရိုက်တယ်လို့ ပြောခဲ့တယ်။

ကြိမ်ဖန်များစွာ ညှင်းပန်းနှိပ်​စက်​ခံရပြီး​နောက်​နဉ်​ဝမ်​ရှုက ငိုလည်းမငို ရယ်​လည်းမရယ်​တော့ဘဲ အထီးကျန်​ဆန်​တဲ့ စိတ်​ဝေဒနာ လက္ခဏာရပ်တွေ ပြလာခဲ့သည်။ နင်​စစ်နျန်က ဝေ့ရှီကို စက်ဆုပ်အထင်အမြင်သေးလာသည်။ အိမ်ကနေ နှင်ထုတ်လိုက်တဲ့အပြင် သူတို့ကြားက ပတ်သက်မှုကိုပါ ဖြတ်တောက်လိုက်သည်။ ကျောက်ရှင်းဖန်း ဖန်တီးလိုက်တဲ့ဇာတ်လမ်းက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်နိုင်ခဲ့သည်။ သူမရဲ့ အနာဂါတ်ကလေး​တွေအတွက် အတားအဆီး အနှောင့်အယှက်ကို အမြစ်ပြတ်ဖယ်ရှားနိုင်ခဲ့ပြီး သူမရဲ့လိမ်ညာမှုကို လျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားခဲ့သည်။

နှစ်အနည်းငယ်ကြာတဲ့အခါ ဝမ်မား အငြိမ်းစားယူပြီး ဇာတ်လိုက်အမျိုးသမီး ကလေးထိန်းအတွက် အလုပ်လာလျှောက်သည်။ သူမရဲ့ ကြင်နာဂရုစိုက်မှုကြောင့် နဉ်​ဝမ်ရှုရဲ့ အထီးကျန်စိတ်ဝေဒနာက အံ့သြစရာကောင်းလောက်အောင် သက်သာပျောက်ကင်းလာပြီး ကျောက်ရှင်းဖန်းနဲ့ ချန်ယွိတို့ရဲ့ ဇာတ်လမ်းကို ထုတ်ဖော်ခဲ့သည်။ ဝေ့ရှီရန်ကို နဉ်​စစ် ပြန်ရှာသောအခါ ချစ်ခင်ရတဲ့သူအားလုံးက စွန့်ခွာပစ်ပယ်သွားလို့ အိပ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားပြီဖြစ်တဲ့ ဝေ့ရှီရန်ကိုပဲ ရှာတွေ့ခဲ့သည်။

နဉ်စစ်က ကိုယ်ကိုယ့်ကို အပြစ်မကင်းသလို ခံစားနေရတော့ ဖြစ်နေကျ ဇာတ်လမ်းအတိုင်း ဇာတ်လိုက်အမျိုးသမီးက ဒီနေရာမှာ သူ့ကို နှစ်သိမ့်ပြီး အားတက်စေခဲ့သည်။ 3

ဝေ့ရှီရန်က ဒီဇာတ်လမ်းမှာ အပြစ်ကင်းတဲ့သူ ဖြစ်သည်။ သူက ကျောက်ရှင်းဖန်းနဲ့ ချန်ယွိတို့ကို တခါမှ သံသယမဝင်ခဲ့ဘူး။ နဉ်​စစ်နျန်ကိုလည်း ဘာမှပြောဖို့ မရည်ရွယ်ထားဘူး။ သေသွားတဲ့အချိန်ထိ သူ ဘာကြောင့် နဉ်အိမ်ကနေ နှင်ထုတ်ခံရတယ်ဆိုတာကို နားမလည်သွားခဲ့ဘူး။ ဒီ ဇာတ်ရုပ်က အရမ်းကံဆိုးတယ်။ နောက်ဆုံးခန္ဓာကိုယ်ထက် အဆပေါင်းတစ်ရာ ကံဆိုးတယ်။ သူက ဇာတ်လိုက်နှစ်ဦးကြား ခံစားချက်တွေ ပေါက်ဖွားလာဖို့ ကြားခံဇာတ်ရုပ်သာသာပဲ ဖြစ်သည်။ 3

ဇာတ်လမ်းကို ဖတ်ပြီးနောက် ကျူးယွင်ရှန့်က ခေါင်းခါပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ အခုအချိန်မှာ ဝမ်မားက နဉ်​စစ်နျန်ကို နှစ်ခါ အသိပေးထားပြီးပြီဖြစ်ပြီး နှစ်ခါလုံှးှနဥှ်​ဝမ်​ရှု အကြီးအကျယ် ဒဏ်​ရာရခဲ့သည်။ နဉ်​စစ်နျန်က ဝေ့ရှီရန်ကို စကားပြောဖို့ ကြိုးစားပေမယ့် ဝေရှီရန်က ရှောင်ပုန်းနေခဲ့သည်။ တစ်ကြိမ်မှာ စတူဒီယိုအခန်းထဲ ပုန်းနေပြီး တံခါး သော့ခတ်ထားခဲ့သည်။ အပြင်ကနေ ဘယ်လောက်ခေါ်ခေါ် အော်အော် အပြင်မထွက်လာဘူး။ အဲ့ဒါက နဉ်စစ်နျန်ကို ဒေါသပိုထွက်စေပြီး နဥိဝမ်ရှုကို သေချာဂရုစိုက် ကြည့်ရှုပေးရန် ဝမ်မားကို အမိန့်ပေးခဲ့သည်။ တရားခံက ဝမ်မားကိုယ်တိုင် ဖြစ်နေမှတော့ သူမကို နဉ်စစ် ဒေါသမထွက်မချင်း သူမက ဘာအကြောင်းကြောင့် ရပ်ရမှာလဲ။

ဒါကြောင့် ဝမ်မား နောက်တစ်ကြိမ် တိုင်လိုက်တာနဲ့ ဝေ့ရှီရန် အိမ်ကနေ ထွက်သွားရတော့မှာ ဖြစ်သည်။

နောက်ဆုံးစာကြောင်းကို ဖတ်ပြီး ကျူးယွင်ရှန့် အစီအစဉ်အချို့ကို ဖြည်းဖြည်းချင်း စဉ်းစားလိုက်သည်။ ကမ္ဘာကြီးကို ပြောင်းလဲချင်ရင် ဇာတ်လိုက်၊ နဂိုခန္ဓာကိုယ် ဒါမှမဟုတ် အရန်ဇာတ်ကောင်တွေရဲ့ ကံကြမ္မာကို ပြောင်းလဲရမည်။ နောက်ကြောင်းဖြစ်စဉ်တွေနဲ့ အဓိကဖြစ်ရပ်တွေကိုလည်း ပြောင်းလဲနိုင်သည်။ ဒါပေမယ့် အမြန်ဆုံးနည်းလမ်းက ပိုင်ရှင်ရဲ့ ကံကြမ္မာကို မူတည်ပြီး ဇာတ်လိုက်ရဲ့ ကံကြမ္မာကို ပြောင်းလဲခြင်းပဲဖြစ်သည်။ တခြားသူတွေကို ပြောင်းလဲခြင်က ပိုပြီးနှေးသည်။ များများလုပ်ဆောင်ဖို့ ရွေးချယ်လေ စွမ်းအင်နဲ့အချိန်ကို ပိုပြီး အသုံးပြုရလေ ဖြစ်သည်။

ဗီလိန်တစ်ယောက်အနေနဲ့ ပုံရိပ်ယောက်ကမ္ဘာမှာရှိနေတဲ့ နှစ်ထောင်သောင်းများစွာအတွင်း ကျိူးယွင်ရှန့်သည် အနည်းဆုံး ဇာတ်လိုက် ရာပေါင်းများစွာရဲ့ သတ်ဖြတ်ခြင်းကို ထောင်သောင်းပေါင်းများစွာ ခံခဲ့ရသည်။ system ရဲ့ထိန်းချုပ်မှု အောက်ကနေ လွတ်မြောက်ပြီးနောက် ဇာတ်လိုက်က သူ့ကို ရန်စဖို့ မရည်ရွယ်မချင်း သူ့ကိုယ်သူ ဇာတ်လိုက်နဲ့ အရှုပ်အထွေးထဲ ဘယ်တော့မှ မပါဝင်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။

ဒီအချိန်မှာ အကောင်းဆုံးရွေးချယ်မှုက ပိုင်ရှင်ရဲ့ကံကြမ္မာကို ပြောင်းလဲခြင်းပဲ ဖြစ်သည်။ ကျွမ်းကျင်လိမ္မာတဲ့နည်းနဲ့ မူလခန္ဓာကိုယ်ကို အန္တရာယ်မကျရောက်အောင် ကာကွယ်တာကလည်း ပိုင်ရှင်ရဲ့ ဂုဏ်သတင်းကို ပြန်ရနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ မပြည့်စုံတဲ့ဆန္ဒကို ပြည်စုံအောင် ကူညီခြင်းနဲ့ စိတ်ကူးအိပ်မက်တွေကို သဘောပေါက်နားလည်လာရင် အဲဒါကို လုံးဝပြောင်းလဲခြင်းလို့ ခေါ်နိုင်ပြီဖြစ်သည်။ 5

ကျိူးယွင်ရှန့် အခုချက်ချင်း နဉ်​စစ်နျန်ကို တိုက်ရိုက် သွားရှင်းပြလို့ရပေမယ့် နဉ်​စစ်က ဘယ်သူ့ကို ယုံကြည်ပေးမလဲ။ ဆယ်စုနှစ်တစ်စုလောက် နဉ်​မိသားစုကို အလုပ်အကျွေးပြုခဲ့တဲ့ ဝမ်မားကိုလား။ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့ မရင်းနှီးတဲ့ ညီငယ်လေးကိုလား။ အဖြေက ပြောစရာမလိုအောင် ရှင်းနေပြီးသားပါ။

ဒါအပြင် ရှောင်ပုန်းနေတဲ့ ဆယ်ကျော်သက်လေးက အရမ်းသိနေတာကိုကော ဘယ်လိုရှင်းပြရမလဲ။ ကျိူးယွင်ရှန့်က အတန်ကြာ ထပ်ခါ ထပ်ခါ စဉ်းစားခဲ့သည်။ ပြီးတော့ ဖြစ်ရပ်ကို ဖြေရှင်းဖို့ ပိုပြီးပါးနပ် ပညာသားပါပြီး ပိုသင့်လျော်တဲ့နည်းလမ်းကို သုံးဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ စုတ်တံကို အောက်ချလိုက်ပြီး ပုံကြမ်းဆွဲထားတာကို အဖြူရောင်ပိတ်စနဲ့ ဖုံးအုပ်လိုက်ပြီး သန်ရှင်းရေးလုပ်ရန် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
ကြည့်ရတာ နည်းနည်းမိန်းမဆန်ပေမယ့် ဖျော့တော့ပိန်ပါးပြီး ကြည့်ကောင်းတဲ့မျက်နှာ မှန်ထဲတွင် ပေါ်လာသည်။ နူးညံ့ပြီး ပျော့ပျောင်းတဲ့ ကော်ဖီရောင်ဖျော့ဖျော့ဆံပင်တွေက နားပေါ်ကျနေခဲ့ပြီး လူတွေက ထိုဆံနွယ်တွေကို ထိချင်ကိုင်ချင်နေလိမ့်မည်။ တောက်ပပြီးစူးရှတဲ့မျက်လုံးက ရုတ်တရတ်ဆန်စွာ မှေးမှိန်သွားပြီး စိတ်ဓာတ်ကျ ဝမ်းနည်နေတဲ့မျက်လုံးက အစားထိုး ဝင်ရောက်လာခဲ့သည်။

မူလခန္ဓာကိုယ်ရဲ့ အဆင်ပြေလာတဲ့အခါ ကျိူးယွင်ရှန့်က အဝတ်တွေကို ချွတ်ချပြီး ရေပန်းအောက်ကို ဝင်လိုက်သည်။ network ထဲတွင် လျှို့ဝှက်ချက်များစွာကို ရှာဖွေသိရှိထားတာကြောင့် ကမ္ဘာအစစ်က ကျိူးယွင်ရှန့်သည် သူ့ဘဝကို ပုန်းကွယ်ဖို့ ပိုပြီး ကျင့်သားရလာခဲ့ပြီ။ လူတစ်ဦး၏ အကြောင်းအချက်အလက်တွေကို မေ့ထားပြီး သူ့ကိုယ်သူ သူတို့ကို မသိဟန်ဆောင်ခဲ့မည်။ အချိန်တစ်ခုကြာပြီးသောအခါ သူက တစ်ခြားသူတစ်ယောက် အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ အဲဒါက cycle ဖြစ်သည်။ ရုပ်ရည်ကနေ အပူချိန် အပူချိန်ကနေ အလေ့အကျင့် အဲဒီနောက် နောက်ထပ်လူတစ်ဦးအဖြစ် ပြည့်ပြည့်စုံစုံ ပြောင်းလဲသွားသည်။

သူရဲ့ အပြစ်အဆာကင်းသော စင်းလုံးချောတဲ့ပုံဖျက်မှုက သင့်လျော်တဲ့ " ဟန်ဆောင်ကောင်းသူ " ဆိုတဲ့ နာမည်ကို ရရှိခဲ့သည်။ God ကို သတ်တဲ့သူဖြစ်ဖို့အတွက် အဲဒါက ထောင်ချောက်မိနိုင်သည်။

မူလခန္ဓာကိုယ်ထဲ အစားထိုးဝင်ရောက်သွားတာနဲ့ လုပ်နေကျအတိုင်း သူ့ဘဝကို နေထိုင်သွားပြီး သူ့ဆန္ဒအောင်မြင်ဖို့ အန္တရာယ်ရှိတာတွေကိုလည်း ရှောင်ကြဉ်ရမယ်။ သူက အခု မိဘမဲ့ဖြစ်နေပြီး အများနှင့်​ကင်းကင်း​နေတတ်​သည့်​တစ်​ယောက်​တည်းသမား​ဝေ့ရှီရန်​ဖြစ်​သည်​။

ရေချိုး အဝတ်အစားလဲပြီးတဲ့အချိန် နဉ်​စစ်နျန် ပြန်လာသည်။ ဝမ်မားက ဝေ့ရှီရန်ကို ထမင်းစားရန် အိမ်​အကူတစ်ယောက်နဲ့ အခေါ်လွှတ်လိုက်သည်။

နဉ်​စစ်နျန်က ဇာတ်လိုက်ဖြစ်လို့ ရုပ်ရည်က သာမန်ထက်လွန်ကဲပြီး တော်တော်ကြည့်ကောင်းသည်။ အရပ် 190 cm နီးနီး ရှည်တဲ့ ခန္ဓာကိုယ်အချိုးအစားက သူနဲ့ လိုက်ဖက်သည်။ သူက စားပွဲမှာထိုင်နေပြီး စိတ်ထိခိုက်လွယ်တဲ့သားလေး နဉ်ဝမ်ရှုကို ချော့မြူနေသည်။ ခြေသံကြားတော့ သူ့မျက်ခုံးတွေ တွန့်သွားသည်။ သူရဲ့အေးစက်တဲ့အကြည့်က တကိုယ်လုံးကို စစ်ဆေးကြည့်ရှုပြီး သတ်ချင်စိတ်တွေနဲ့ ပြည့်နှက်နေသည်။

မူလ ဝေ့ရှီရန်က သူ့မျက်လုံးတွေကို ကြောက်လွန်းလို့ သူနဲ့ စကားပြောဖို့ ငြင်းဆန်ပြီး သူ ကိုယ်သူ အပြစ်ကင်စင်ကြောင်း ရှင်းပြဖို့ အခွင့်အရေးဆုံးရှုံးခဲ့သည်။ ကျိူးယွင်ရှန့်က မကြောက်ပေမယ့် ကြောက်သလို သူ့လည်ပင်းကို ပွတ်နေလိုက်သည်။ ပြီးတော့ အဝေးဆုံးထောင့်မှာ ထိုင်ဖို့ ရွေးချယ်လိုက်သည်။

ကျောက်ရှင်းဖန်းက နူးညံ့​သောလေသံလေးနဲ့
" စစ်နျန် ကျွန်မကို ကလေးပေးလေ ကျွန်မ ကျွေးလိုက်မယ် ရှင် အရင်​စားလိုက်ပါ "

စကားပြောပြီးနောက် သူမရဲ့မလိုမုန်းတီးတဲ့မျက်လုံးတွေကို ငိုက်ကျသွားတဲ့မျက်ခွံအာက်မှာ ဖုံးကွယ်ရင်း သူမက နဉ်​ဝမ်ရှုကို ညင်ညင်သာသာလေး ခေါ်လိုက်သည်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі