Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.8
Chapter (8) (zawgyi+Unicode)


ဗီလာကို ပြန်ရောက်ကြချိန်တွင် ဧည့်ခန်းထဲရှိ ဖန်သားပြင်ပေါ်တွင် ယခုတစ်ခေါက်ပြိုင်ပွဲ၏ အမှတ်များကို ပြသထားသည်ကို တွေ့လိုက်ရသည်။ Romeo-  10 မှတ် ၊ Emily  - 9 မှတ် ၊ Ivana  -  9 မှတ်နှင့် Hayden က  7 မှတ်သာ ရရှိပြီး နောက်ဆုံးသာသာဖြစ်နေသည်။

မနက်ဖြန်ရိုက်ကူးရေးတွင် Hayden ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးဆိုလျှင်တော့ သူက ဖြုတ်ချခံရမည့် အန္တရာယ်ထဲ ရောက်နေပြီးတော့ သူသည် Gustav  ၏ အမုန်းစာရင်းတွင် ပါနေပြီဖြစ်လို့  နောင်အခါ Romeo အပေါ် မတရား လုပ်ပြီး ကျော်တက်ဖို့  မဖြစ်နိုင်တော့ချေ။ ဒီအကြောင်းတွေကြောင့်  Hayden တစ်ယောက် စိတ်ဓာတ်တို့ ကျပြီး သူ့ကို နှစ်သိမ့်ပေးနေတဲ့ ရည်းစားဖြစ်သူကိုတောင် တွန်းထုတ်ကာ အပေါ်သို့ တက်သွားတော့သည်။

Emily က ကင်မရာဖက်လှည့်ကာ ပုခုံးတွန့်ပြလေသည်။ သူမ စိတ်ထိခိုက်နစ်နာသည့် ပုံပေါက်နေပေမဲ့ တကယ့် တော့ Hayden ၏ ခေါင်းမာသော အပြုအမူတွေကို တိတ်တခိုး ကျေနပ်နေခြင်း ဖြစ်သည်။

ကောင်းပြီ။ ဒီလိုတွေသာ ဆက်လုပ် ၊ ငါနဲ့လမ်းခွဲတဲ့အချိန်မှာ နင်ဘာမှပြန်မပြောနိုင်တော့ဘူး အလကားကောင်ရဲ့ .....

Ivana  နှင့် ကျိုးယွင်ရှန့်မှာတခြားပြိုင်ပွဲဝင်တွေ၏ ရှောင်ဖယ်ခြင်းကို ခံရပေမယ့်  ဂရုမစိုက်ပဲ ရေချိုးပြီးသည်နှင့် အောက်ထပ်ကို ဆင်းကာ ညစာစားရန်ပြင်ဆင်ကြသည်။

ဤအစီအစဉ်တွင် ပြိုင်ပွဲဝင်တို့၏ အကျင့်စရိုက်နှင့် အချင်းချင်းကြားက ဆက်ဆံရေးကိုပြသဖို့ ပြိုင်ပွဲဝင်တိုင်းက သူတို့စားဖို့ သုံးနပ်စာလုံး  သူတို့ဖာသာ ချက်ပြုတ်ရသည်။ ဝန်ထမ်းတွေကတော့ သူတို့ချက်ပြုတ်ဖို့ လိုအပ်သည်မှာကို ဝယ်ထည့်ထားပေးကြသည်။ ဒီပြိုင်ပွဲဝင်တွေက
ဘာမှကို မချက်ပြုတ်တတ်သောကြောင့် အမြန်စားလို့ရသည့် အဆာပြေ အစားအစာတွေကိုသာ  စားလေ့ရှိသည်။ ပြီးခဲ့တဲ့ရက်တွေကမှ သူတို့ချက်ပြုတ်ဖို့ကြိုးစားလို့ မီးဖိုချောင်တစ်ခုလုံးကို ပြာကျလုနီးပါးဖြစ်သွားခဲ့သည်။ သူတို့က ချက်မစားပဲ
အရွက်သုတ် ၊ ပေါင်မုန့်မီးကင် တို့လို  လွယ်ကူတဲ့ အစားစာတွေပဲ ပြင်ဆင်စားသောက်ကြသည်။

ခန္ဓာကိုယ်ကို ထိန်းသိမ်းရန်ဖို့ Romeo က  နေ့တိုင်း ခရမ်းချဉ်သီး သုံးလုံး ၊ ပန်းသီးနှစ်လုံး နှင့် နို့တစ်ခွက်ပဲစားလေ့ရှိပေမယ့် အခု ကျိုးယွင်ရှန့် ဝင်ရောက်လာပြီဖြစ်လို့  သူက  ဒီလောက် ချို့ချို့တဲ့တဲ့ အငတ်မခံနိုင်သောကြောင့်ချက်ပြုတ်စားရန်ပြင်လိုက်သည်။

"Ivana ... တစ်ခုခု စားမလား? "

မီးဖိုချောင်ထဲမှာ ဘယ်သူမှ  လူရှင်းနေသည်။ ကျန်တဲ့သူတွေက အသီး၊ ပေါင်မုန့်နှင့် နို့ဗူးတွေကို ယူပြီးတာနှင့် ထွက်သွားကြပြီး ဘယ်သူကမှ မီးဖိုကို ထိဖို့ စိတ်တောင်မကူးကြပေ။

"နင် ချက်တတ်တယ်ပေါ့ ? "
Ivana က အံ့ဩသွားသည်။
"ဟုတ်တယ် ၊ ကျွန်တော့်မိဘတွေ ဆုံးသွားတော့ ကျွန်တော့်က အဒေါ့် အိမ်မှာ ငှါးနေရတာ။ သူက ကလေးလေးယောက်နဲ့ဆိုတော့ အလုပ် မအားဘူး။ ဒါကြောင့် အိမ်အလုပ်တွေကို ကျွန်တော်ပဲ ကူလုပ်ရတာ "

ကျိုးယွင်ရှန် အသားနှစ်တုံးကို ထုတ်လာပြီး ရေခဲပျော်အောင် ခဏ ထားလိုက်သည်။

Ivana က စိတ်မကောင်းပေမဲ့ သူမက နှစ်သိမ့်မပေးတတ်သဖြင့် ဒီအတိုင်း စိတ်မကောင်းစွာ ကြည့်နေသည်။  ကင်မရာသမားကတော့ ထိုကောင်လေးအတွက် စိတ်မကောင်းဖြစ်သွားသည်။ သူက အခု ဒီကလေးအပေါ်  တော်တော် သဘောကျလာပြီဖြစ်သည်။ ကောင်လေး ဘယ်နေရာသွားသွား အနောက်ကနေ တကောက်ကောက်လိုက် မှတ်တမ်းတင်သလို ၊ သူ့ရဲ့ အပြုအမူအကုန်လုံးကိုလည်း တစ်ချက်မှ မလွတ်စေဘဲ ရိုက်ကူးတော့သည်။

ကျိုးယွင်ရှန့်က ဘာမှ ထွေထွေထူးထူးမှ ခံစားမနေပဲ  အေပရွန်ကို ဝတ်ပြီးတာနဲ့ အသားကို လှီးဖို့ဓား ရှာပြီးသည်နှင့် စတင် လှီးဖြတ်တော့သည်။ ပြီးတော့ သူစပ်ထားတဲ့ ဆာ့စ်ထဲ အသားထည့်ပြီး မိနစ်နှစ်ဆယ် နှပ်ထားလိုက်သည်။ ဒီအတောတွင်း သူက ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ရေဆေးတာ၊ လှီးတာနှင့် အလုပ်ရှုပ်နေပြီး အသုတ်တစ်ပွဲရအောင် ပြင်ဆင်လိုက်သည်။

"မြည်းကြည့်ဦး "

Romeo က အသီးရွက်စုံ သုတ်ထားတဲ့ ထဲက ခရမ်းရောင် ဂေါ်ဖီတစ်ဖတ်ကို ယူပြီး Ivana ပါးစပ်ထဲ ခွံ့ပေးလိုက်သည်။ သူရဲ့ နို့နှစ်လို ဖြူနုနေသည့် လက်ချောင်းလေးက အစားအသောက်ထက် ပိုပြီး အရသာရှိမည့်ပုံ ပေါ်နေသည်။ Ivana က မြည်းကြည့်လိုက်ပြီး
Romeo က မိန်းကလး မဟုတ်တာကို စိတ်ထဲ နှမြော သွားမိသည်။
Ivana ကို ခွံ့ပြီးတော့ ကျိုးယွင်ရှန့်က ကင်မရာသမားဖက်ကို လှည့်ပြီးမေးလိုက်သည်။

"ခင်ဗျားကော မြည်းကြည့်ဦးမလား"

ကင်မရာသမားက  နှမြောတသစွာနှင့် ခေါင်းခါပြလိုက်ရသည်။  သူတို့က အလုပ်ချိန်အတွင်း စားသောက်ခွင့်မရှိပေ ၊ စည်းကမ်းဖောက်ရင် သူ အလုပ်ထုတ်ခံရနိုင်သည်။

ကျိုးယွင်ရှန့်က စည်းကမ်းကို နားလည်သောကြောင့် ပန်းကန်လုံးလေးဖြင့် ကင်မရာမန်း အလုပ်ပြီးလျှင် စားနိုင်ရန်အတွက် ခွဲထည့်ပေးထားသည်။  အသုတ်သုတ်ပြီးချိန်တွင် အသားထဲ အရသာဝင်သွားပြီဖြစ်လို့ အိုးထဲသံလွင်ဆီထည့် ၊ အပူပေးပြီး အသားတွေကို ထည့်ကာ နှပ်လိုက်သည်။  အသားကျက်ချိန်လောက်ရှိတော့ ဒယ်အိုးထဲ ဝိုင်နီ လောင်းထည့်လိုက်သည်။ ထိုအခါ အိုးအပေါ်က အသားပေါ် မီးစွဲပြီး တရှဲရှဲအသံ ကျယ်လောင်စွာ ထွက်လာလေသည်။ Ivana  နှင့် ကင်မရာသမားက လန့်ပြီး နောက်ကိုလန်ကျသွားတော့မလို့ဖြစ်သွားလို့ ကျိုးယွင်ရှန့်က သူတို့ကို ရယ်ပြလိုက်တော့ သူရဲ့ မျက်ဝန်းပြာလေးတွေက  တဖိတ်ဖိတ်တောက်ပသွားသည်။

ကင်မရာသမားက ကင်မရာကို ဆုပ်ကိုင်ပြီး ကောင်လေးရဲ့အပြုံးလှလှ တွေကို မလွတ်တမ်းရိုက်ကူးနေတော့သည်။   'လူအကြောင်း ပေါင်းမှသိ' ဆိုတဲ့ စကားပုံလိုပဲ Romeo က အစပိုင်းမှာ သူများအပေါ်မှာ မကောင်းသလို ဆက်ဆံခဲ့ပြီး သူ့အကြောင်းတွေကို ဖွင့်ထုတ်ပြောပြမှပဲ ပရိတ်သတ်များက သူ ဘယ်လောက် စိတ်ထားလှပြီး ဖြူစင်သလဲ ဆိုတာ သိခဲ့ရသည်။
Romeo က နှလုံးသားက ခိုင်းစေတဲ့အတိုင်း လုပ်ဆောင်ပြီး အရွယ်နဲ့မမျှ ရင်ဆိုင်ခဲ့ရတဲ့ လောကဓံကို သတ္တိရှိရှိ လက်ခံကာ ဖြတ်သန်းခဲ့သည်။ သူက  ခံစားလွယ်လွန်းပြီး ကြောက်ရွံ့နေတတ်ပေမဲ့ တစ်ချိန်တည်းမှာပဲ တက်ကြွပြီး ပွင့်လင်းရိုးသားသည့် လူငယ်လေးဖြစ်သည်။
သူ အမှားလုပ်ခဲ့မိရင်တောင် သူက အမှားကို ဝန်ခံပြီး ပြန်ပြင်နိုင်ခဲ့မှတော့  ဘယ်သူက သူ့ကို အပြစ်တင်ရက်ဦးမှာတဲ့လဲ။

ကျိုးယွင်ရှန့်က အမဲသားကို ပန်းကန်ပြားထဲ ထည့်အလှဆင်ပြီး ဆော့စ်ခွက်ကို စားပွဲပေါ်တင်လိုက်သည်။ ပြီးတော့ သူက ကင်မရာသမားအတွက်  ဝေစုကိုလည်း ချန်ထားပေးလိုက်သည်။

မွှေးပျံ့နေသော ရနံ့ကြောင့် တခြားပြိုင်ပွဲဝင်တွေက ဆွဲဆောင်ခံလိုက်ရပြီး  အားလုံး မီးဖိုထဲ လာကြည့်ချိန်မှာ ကျိုးယွင်ရှန့်တို့ နှစ်ယောက်သား စားသောက်နေကြသည်ကို တွေ့လိုက်ရတော့   မနာလိုစွာ ရှုပ်ချပြောဆိုပြီး ပြန်ထွက်သွားကြတော့သည်။


"ကောင်လေး...မင်း မလုပ်နိုင်တာ ရှိသေးလား? မင်းသာ မိန်းကလေးဆို ငါ မင်းကို လိုက်နေတာ ကြာပြီ "

Ivana က ဝိုင်ခွက်ကို အသာလှုပ်ပြီး ရယ်မောရင်း ပြောလိုက်သည်။
ကျိုးယွင်ရှန့်က အမဲသားနှပ်ကို ပါးစပ်ထဲအပြည့် ဝါးနေလို့ ပါးလေးများက ဖောင်းနေပြီး ဟမ်းစတားလေးတောင် တူနေသည်။ သူက ပလုတ်ပလောင်းစားရင်း ပြန်ပြောလိုက်သည်။

"အစ်မလည်း ယောက်ျားဖြစ်ကြည့်ပါလား ? ကျွန်တော် ကြိုက်မိမှာပဲ ။  Hayden ထက် အစ်မက အများကြီး သာတယ် "

သူတို့နှစ်ယောက် အပြန်အလှန် နားလည်ပြီး  အပြုံး ကိုယ်စီနဲ့   စိုက်ကြည့်နေခဲ့ကြသည်။ ဒီမြင်ကွင်းက 'The Next Super model' အစီအစဉ်ရဲ့ အကောင်းဆုံး ဇာတ်ကွက်တစ်ခု ဖြစ်လာပြီး ပရိတ်သတ်တွေက နှစ်ပေါင်းများစွာကြာတဲ့အထိ မမေ့နိုင်ပဲ တဖွဖွပြောစမှတ်ပြုကြမှာ သေချာသည်။

ရုံးခန်းအတွင်းမှာတော့ Gustav တစ်ယောက်  ကောင်လေးနှင့် Ivana နူတ်ဆက်တာကို ကြည့်ပြီးမှ အိမ်ပြန်ဖို့ ထွက်လာတော့သည်။ အဖွဲ့ခေါင်းဆောင်က သူဌေးကို  တံခါးနားထိ လိုက်ပို့ပြီး တင်ပြလိုက်သည်။

" ကြည့်ရှုသူ တိုးတက်လာတဲ့ ရာနှုန်းကတော့ အရင်အတိုင်း မပြောင်းလဲပါဘူး ၊ ဒါပေမယ့် အခု Romeo ရဲ့ ပရိတ်သတ်အရေအတွက် က အမ်မလီကို ကျော်တက်သွားပါပြီ "

"တကယ်လို့ ဒီကောင်လေး ဓာတ်ပုံရိုက်တဲ့နေရာမှာ အဆင်ပြေခဲ့မယ်ဆိုရင် သူက အပတ်စဉ်ပြိုင်ပွဲတွေမှာ ဆုရပြီး ဗိုလ်လုပွဲအတွက် ပူစရာမလိုတော့ဘူး။ ပြီးတော့ ဆရာတွေ့တဲ့အတိုင်းပဲ။ သူက ကင်မရာသမားတွေရဲ့ အချစ်တော်ဖြစ်နေပြီး သူကိုယ်တိုင်ကလည်း ကင်မရာစားလို့  ဘယ်ထောင့်ကနေ ဘယ်လို့ရိုက်ရိုက် သူ့ပုံတွေက လှပြီး နေတာပဲ။  အမှန်တိုင်း ပြောရမယ်ဆို ကင်မရာသမား ၇၀% ၊ ၈၀%  လောက်က Romeo ရဲ့ ပရိတ်သတ်တွေ ဖြစ်ကုန်တယ်။ အခု  သူ့ ကင်မရာမန်း ဂျွန်ဆို fan club ထဲ ခိုးဝင်ပြီး သူ့ကို တိတ်တိတ်လေး မဲပေးနေသေးတယ်။ အဲ့တာ စည်းကမ်းဖောက်ရာများ ရောက်နေမလား ?"

Gustav ရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး ဝန်ထမ်းခေါင်းဆောင်က စိတ်ပူနေရသည်။

ဂျွန့်နေရာမှာ တခြားကင်မရာမန်းကို  အစားထိုးချင်တဲ့ သူ့ရဲ့ စိတ်တွေကို  ချိုးနှိမ်ပြီးမှ Gustav ကပြောလိုက်သည်။

"ရပါတယ် ။ လူတစ်ယောက်က ကိုယ့်သဘောကျတဲ့သူကို မဲပေးခွင့်ရှိပါတယ်။ ဒါပေမယ့်  ရိုက်ကူးနေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ ဘက်မလိုက်ဘဲ အကုန်လုံးကို ညီညီမျှမျှ တပြေးညီ  ရိုက်ကူးဖိုလိုတယ် "

"ဟုတ်ကဲ့။ သဘောပါပြီ သူဌေး  "

အဖွဲ့ခေါင်းဆောင်က  ချက်ချင်း ခေါင်းငြိမ့်ပြီး သဘောတူကြောင်းပြောလိုက်သည်။
အိမ်ပြန်ရောက်တော့ Gustav အမဲသားနှပ်ချက်ဖို့ကြိုးစားပေမယ့် သံလွင်ဆီတွေ အပူပေးလွန်သွားပြီး သူ့ မီးဖိုမျက်နှာကျက်တောင် မီးလောင်တော့မလို ဖြစ်သွားသည်။ အိမ်ထိန်းက ဆူဆူညံညံတွေကြားလို့  ပြေးလာပြီး အချိန်မှီ မီး ငြှိမ်းလိုက်သည်။ Gustav  ရေချိုးပြီး အိပ်ရာပေါ်မှာ စိတ်ဓာတ်ကျစွာ လှဲလျောင်းနေတုန်း သူ့နားရွက်ကုတ် ကြောင်ကလေးက သူနှင့်အတူ အိပ်ဖို့ အိပ်ယာပေါ် ခုန်တက်လာပေမဲ့ မကြုံစဖူး ခုတင်အောက်ကို ပစ်ချခံလိုက်ရိလို့ မကျေမနပ်နဲ့  တမြောင်မြောင်နှင့် အော်ဟစ်နေတော့သည်။

"ဘေဘီလေး  နောက်ဆို ဒီနေရာမှာ မင်းအိပ်ရတော့မှာ မဟုတ်ဘူး ။ ဒါကြောင့်  အခုတည်းက အလေ့အကျင့်ရအောင် ကြိုလုပ်ထား "

Gustav တစ်ယောက် သူ့ဘေးက ခေါင်းအုံးကို ပုတ်ပြီး ကြောင်ကို တီးတိုးပြောနေလိုက်သည်။

-------------------------

ပြိုင်ပွဲက စိန်ခေါ်မှုတွေနဲ့ ဆက်လက်တင်ဆက်နေဆဲဖြစ်သည်။ အခုလည်း   တိရစ္ဆာန်တွေနဲ့ ပတ်သတ်နေပြီး သရုပ်ပြရမည်ဖြစ်လို့ ရိုက်ကူးရေးကို တိရစ္ဆာန်ရုံတွင် ချထားလေသည်။ ဝန်ထမ်းတွေက သံလှောင်အိမ် လေးတွေကို ယူဆောင်လာချိန်မှာ ပြိုင်ပွဲဝင်တွေက စိတ်လှုပ်ရှားပြီး အော်ဟစ်နေကြသည်။

"အကောင်လေးတွေကို ဝိုင်းကြည့်ပြီး မအော်ကြပါနဲ့ ။ မင်းတို့ အားလုံးကို သတိပေးချင်တာက ဒီအကောင်လေးတွေ အကုန်လုံးက အန္တရာယ်ပြုတတ်တဲ့ သားကောင်ပေါက်လေးတွေပါ ။ ပြီးတော့ ရိုက်ကူးနေတဲ့အချိန် သူတို့ေ တွကို မထိခိုက်မိအောင်  ဂရုစိုက်ပေးကြပါ။ ဒီနေ့ ရိုက်ကူးမယ့် အဓိက အကြောင်းရာက သားရဲတိရစ္ဆာန် လုံခြုံရေး အတွက် လူသားတွေကို စာနာပေးဖို့ ပြသချင်တာဖြစ်လို့ ဒီနေ့ရဲ့အဓိကဇာတ်လိုက်က သူတို့လေးတွေဖြစ်တယ်။
ဒါကြောင့် မင်းတို့တွေ အကောင်လေးတွေကို မေ့ထားပြီး ကိုယ့်ကိုယ်ကို ပေါ်လွင်အောင် ပိုစ့်ပေးတာမျိုး မဖြစ်ပါစေနဲ့ "

"ကျားသစ်ပေါက်၊ ခြင်္သေ့ပေါက် ၊ ကျားပေါက်လေးတွေက ကိစ္စမရှိဘူး ။ သူတို့က ချစ်ဖို့ကောင်းပြီး အန္တရာယ်လည်း မရှိလောက်ပါဘူး။ ဒါပမယ့်  စပါးအုံးမြွေပေါက် ကတော့ ကျွန်မ ကိုယ်ပေါ် တွဲလောင်းကြီးကျနေမှာလား? "

Emily က လှောင်အိမ်တွေထဲက အညိုရောင် လျှာတစ်လစ်   ထွက်နေသော စပါးအုံးမြွေကို ပြပြီး ပြိုင်ပွဲဝင်တော်တော်များများကို ကြောက်လန့်စေသည်။   Emily သည် ရဲရင့်ပြီး အကြောက်တရားကင်းမဲ့သူ ဖြစ်ပေမယ့်   သူမကြောက်တဲ့  တစ်ခုတည်းသော အရာက မြွေလို သွေးအေးသတ္တဝါတွေပဲဖြစ်သည်။

"စိတ်မပူပါနဲ့ ။သူက လူတွေနဲ့ ယဉ်နေလို့ မင်းကို ထိခိုက်အောင် မလုပ် ဘူး ။ ပြီးတော့  ဆရာတွေက မင်းတို့ဘေးမှာ စောင့်နေပေးနေပါတယ်"

Jeffrey က သူမ စိုးရိမ်စိတ်လျော့ဖို့ စ်သိမ့်ပေးလိုက်သည်။
Emily က ဘာမှ ဆက်မပြောတော့ပဲ Hayden နောက်ကို ဝင် ပုန်းနေတော့သည်။

ကျိုးယွင်ရှန့် လှောင်အိမ်တွေကို ရေလိုက်တော့ ဆယ့်နှစ်လုံးသာ ရှိနေသည်ကို တွေ့ရသည်။ ပြိုင်ပွဲဝင်တွေက ဆယ့်သုံးယောက်၊ဒါကြောင့် သူ ကင်မရာသမားဖက်ကို လှည့်ကာ မေးလိုက်သည်။

"ဒီမှာ လှောင်အိမ်တစ်လုံးပျောက်နေတယ်...သူတို့ ကျွန်တော့်ကို နားရွက်ကုတ် ကြောင်တစ်ကောင် ထပ်ပေးမှာတော့ မဟုတ်ပါဘူးနော် ? "
ကင်မရာသမားက အနည်းငယ် လှုပ်ရမ်းပြီး ငြင်းလိုက်သည်။ ကင်မရာသမားတွေမှာလည်း ရယ်ချင်တာကို အာင့်ထားပေမယ့် မထိန်းနိုင်ဘဲ ရယ်မိကြသည့်အသံတို့ကိုလည်း အတိုင်းသား ကြားနေရသည်။ Gustav  လည်း ကောင်လေး၏ စကားများ ကြားပြီးတော့ မျက်လုံးထဲမှာ ရယ်ချင်သော အရိပ်အယောင်များနှင့် တောက်ပလာလေသည်။

ရိုက်ကူးရေးအဖွဲ့သားတို့က ပြိုင်ပွဲဝင်တို့၏ သရုပ်ဆောင်ချက် အတိုင်း  တိရစ္ဆာန်တွေကို နေရာချထားခြင်းဖြစ်သည်။ Ivana  က ဟိုနေ့ကအတိုင်း စပါးအုံးမြွေကို ပေးခံလိုက်ရပြီး ကျိုးယွင်ရှန့်က သူ့ကို နားရွက်တွန့် ကြောင်တစ်ကောင် လာပေးမည်ကို စိုးရိမ်နေပြီဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့က သူနှင့်Emily အတွက် ကျားသစ်သားပေါက်လေးကို အတူတူသုံးရန် ပေးခဲ့ကြသည်။

Emilyက စိတ်သက်သာရာရသွားပြီး အကျီနှင့် မိတ်ကပ်ပြင်ဖို့  အလှပြင်သမားနောက် အမြန် လိုက်သွားတော့သည်။ သူမက ဆွဲဆောင်မှုရှိတဲ့ ကျားသစ်ကွက် စကပ်တိုကို ရွေးလိုက်ပြီး ကျားသစ်ပေါက်လေးကို  လက်ထဲတွင် ပွေ့ကာ ပိုစ့်အမျိုးမျိုး ပေးပြီး ဓါတ်ပုံရိုက်နေသည်။ သူမ၏ စူးရဲပြီး တောက်ပတဲ့ မျက်လုံးများက ကင်မရာပေါ်တွင် တောက်ပနေကြပြီး ဓာတ်ပုံဆရာများကတောင် သူမဓာတ်ပုံတွေအပေါ် ကျေနပ်နေပြီး ရိုက်ကူးနေစဉ်အတွင်း တောက်လျှောက်ချီးကျူးနေကြသည်။

သူမက ကျားသစ်ပေါက်လေးကို Romeo ဆီ လွှဲပေးချိန်မှာ Romeo ကို နှိမ့်ချလှောင်ပြောင်တဲ့ အပြုံးတွေနဲ့ ပြုံးပြသွားသည်။  သူမ ခံစားမိတာ ဒီကောင်လေး ကံဆိုးပြီး သူမနဲ့  အကောင်တစ်ကောင်တည်း လာမျှသုံးနေရသည်။   ကောင်လေးရဲ့ ဓာတ်ပုံတွေက သူမနဲ့ ဘယ်လိုမှ မယှဉ်နိုင်ပဲ မှေးမှိန်နေမည်ဟု သူမက ယုံကြည်ထားသောကြောင့် အခုလို အထက်စီးဖြင့်ပြုံးလိုက်ခြင်းဖြစ်သည်။

ကျိုးယွင်ရှန့်က ပတ်စည်းထားသလို အနက်ရောင် လက်ရှည်တစ်ထည်ကို ဝတ်ထားပြီး လည်ပင်းနားတွေ၊ လက်နားတွေမှာ ဆုတ်ဖြဲထားတာကြောင့်  သတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ ပုံပေါက်နေလေသည်။ ပြီးတော့ အနက်ရောက်သားရေ ဘောင်းဘီရှည်အကျပ်တထည်ကို ဝတ်ထားသောကြောင့် သူရဲ့ တင်ပဆုံရိုးနှင့် ခြေထောက် ကောက်ကြောင်းတွေကို  ပေါ်လွင်နေသည်။  ကျားသစ်ပေါက်လေးက အမ်မလီရဲ့ ရေမွှေးနံ့ပြင်းပြင်းကို ရှုခဲ့ရလို့   အခု အဲ့ကောင်လေးက စိတ်ဆတ်နေပြီး ဟိုယိမ်းဒီယိမ်းနဲ့ အသံတိုးတိုးထုတ်ပြီး မာန်ပြ ခြိမ်းခြောက်ဟိန်းဟောက်နေသည်။


ကျိုးယွင်ရှန့်က ကျားသစ်ပေါက်လေးရဲ့နူတ်ခမ်းတွေကို လက်ချောင်း များနှင့် အသာ အုပ်ကိုင်ပြီး ပွတ်သပ်  နှစ်သိမ့်ပေးနေသေည်။

"မကြောက်ပါနဲ့  အကောင်လေးရေ  ကိုယ်က မင်းကို ဘာမှ မလုပ်ပါဘူး ။ ကိုယ်တို့ အတူတူ ရင်းရင်းနှီးနှီး  ဓာတ်ပုံတွေ  ရိုက်ကြမယ်လေ? "

ထူးထူးဆန်းဆန်း ကျားသစ်ပေါက်လေးက ချက်ချင်း ငြိမ်ကျသွားပြီး  ပန်းနုရောင် လျှာလေးကို ထုတ်ပြီး Romeoရဲ့  လက်ချောင်းလေးတွေကို လျက်ရင်း သူက ခင်မင်ကြောင်း  ခပ်ဖွဖွကိုက်သည်။

ဒီမြင်ကွင်းက အရမ်း ရင်းနီးလွန်း နေသလားလို့? ဇာတ်ကောင်လေးလွဲနေတာ က နှမျောစရာပဲလို့ တိတ်တခိုးမြည်ကြွေးရင်း
Gustav  နှလုံးသားလေးထဲ  ငိုကြွေးနေပေမဲ့  သူ့ရဲ့ မျက်နှာထားကတော့ တည်ငြိမ်နေဆဲဖြစ်သည်။  သူ့ရဲ့ အဆက်မပြတ် လှုပ်ရှားနေတဲ့ လည်ဇလုပ်ကို ကိုကြည့်ရင် သူ  အရမ်းကို ဆာလောင်နေတာ သိနိုင်သည်။


ဓာတ်ပုံဆရာက ရိုက်ထားသော ဓာတ်ပုံများကို ပြန်ကြည့်ပြီးချိန်မှာတော့ ထိုမြင်ကွင်းကို မြင်ပြီး မအောင့်နိုင်ဘဲ ရယ်မိတော့သည်။

" နှစ်ယောက်အလုပ်တူ လုပ်တဲ့အခါ အဓိကလိုအပ်တာက တစ်ယောက်ပေါ် တစ်ယောက် နားလည်တာပဲ ။ ကောင်လေး. မင်းက သိပ်တော်တယ် "

ကျိုးယွင်ရှန့်က ရှက်ပြုံးပြုံးလေး ပြုံးကာ ကျားသစ်ပေါက်လေးကို ပွေ့ဖက်လိုက်ပြီး စတင် ပိုစ့်ပေးတော့သည်။ ကျားသစ်ပေါက်လေးရဲ့ မျက်လုံးတွေက  ဒီကောင်လေးနဲ့ တပုံစံတည်း ပြာလွင်ပြီး လုံးဝိုင်းကာ အရည်လဲ့လို့နေသည်ကို တွေ့လိုက်ရသည်။

တောက်ပတဲ့ အဝတ်အစားမပါပေမယ့် သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာလေးတွေနဲ့တင်  တောက်ပ နေပြီး ကောင်းမွန်လှသည့်  ဓာတ်ပုံထွက်လာသည်။ ဓာတ်ပုံဆရာကိုယ်တိုင်တောင် အကြည့်ကို မနည်းလွှဲလိုက်ရပြီး စိတ်လှုပ်ရှားစွာနဲ့ ဆက်တိုက်ရိုက်နိုင်ဖို့ အတော်ကြိုးစားလိုက်ရသည်။
ကျိုးယွင်ရှန့်  ဘေးကိုဝေ့ကြည့်တော့ ချုံပုတ်ကြီးတစ်ခုကို တွေ့တာနဲ့  ကျားသစ်ပေါက်ကို ပိုက်ကာ သူဘေးတွင် ကွယ်ဝှက်ပေးထားသည့်ပုံ နေရာချပြီး သူ့ကိုယ့်သူ ဘောလုံးလေးလို ကိုယ်ကို ကွေးညွတ်ချလိုက်သည်။ ဒါကြောင့်  သူ့ကို ပိုသေးကွေးသွားသယောင် ထင်ရပြီး ခန္ဓာကိုယ်ကို   ချိုးချထားတာကြောင့် လည်ပင်းနှင့် ခြေတံလက်တံတို့က ပိုပြီး ရှည်သယောင် ထင်ရသည်။ ကျားသစ်ပေါက်လေးကတော့ သူ့ရင်ခွင်ထဲမှာ ပုန်းနေပြီး သူနှင့်  အတူတူပင် ဓာတ်ပုံဆရာကို နှစ်ယောက်လုံး ဦးတည်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးတွေက ကြောက်ရွံ့မှုတွေနှင့်  ဖုံးလွှမ်းနေပြီး အမဲလိုက်မုဆိုးတွေရန်က ထွက်ပြေးနေရတဲ့ သားရဲလေးတွေနဲ့ တထပ်တည်း ထင်ဟပ်နေတော့သည်။

ဓာတ်ပုံဆရာက လူငယ်လေးနှင့် ကျားသစ်ပေါက်လေးရဲ့ မျက်လုံးတွေကို ကြည့်ရင်း လည်ချောင်း  ခြောက်လာပြီး တံတွေးတောင် အနိုင်နိုင်မြိုချလိုက်ရသည်။  နှလုံးသားတစ်ခုလုံး လက်နဲ့ညှစ်ထားသလို  နာကျင်မှုကို  ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်လုံးရဲ့ပုံရိပ်တွေကနေ သူတို့ရဲ့ ကြောက်ရွံ့မှုနဲ့ ခိုကိုးရာမဲ့မှုကို ထင်ရှားနေစေပြီး  အမူအရာတွေလည်း  အသက်ဝင်လှသည်။ အခု သူတို့နှစ်ဦးလုံးက တောထဲမှာ စွန့်ပစ်ခံထားရတဲ့  ကျားသစ်ပေါက်လေးနှစ်ကောင် ဖြစ်နေကြပြီး အမဲလိုက်မုဆိုးတွေရဲ့ သတ်ဖြတ်မှုကို အချိန်မရွေး ၊  ခံနိုင်သည့် သနားစရာ သားရဲငယ်လေးများလို ဖြစ်နေကြသည်။ သူတို့လေးတွေက လူသားအားလုံးရဲ့ ကာကွယ်မှုကို လိုအပ်သည် - ဆိုတဲ့ သားရဲတိရစ္ဆာန်ကာကွယ်ရေး၏ အဓိကလိုချင်သော အကြောင်းအရာကို တစ်ခါတည်း ထိမိနေပြန်သည်။

ပုံတစ်ရာကျော်တောင် မနားတမ်းရိုက်ကူးပြီးနောက်  ဓာတ်ပုံဆရာက ခုမှ  အသက်ရဲရဲရှူနိုင်သွားပြီး စိတ်ထဲတွင် အသံတိတ်ပြောနေမိသည်။


"ဒီတစ်ပတ်အတွက် အကောင်းဆုံးပုံ ရလာပြီ "

ထို့အပြင် Gustav ဆိုသည်မှာလည်း Romeo ၏ လှုပ်ရှားမှုတိုင်းကို အလွတ်မပေးပဲ၊  သူ့ဖုန်းနဲ့ တောက်လျောက် လိုက်ရိုက်နေပြန်တော့သည်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі