Arc 7.11
အခန်း (၇၁) ချီရှိုးကျဲ့ဘဝ
လီကျင်းထျန်းကျိူးယွင်ရှန့်အားအိပ်ရာပေါ်သို့ပစ်တင်ပြီး ကိုယ်ကိုငုံ့ကိုင်ကိုင်းလိုက်သည်ထိုတစ်ခဏမျက်ဝန်းချင်းဆုံးပြီးနောက်သူကြောင်အစွာခေတ္တရပ်သွားလေသည်။ ကျိူးယွင်ရှန့်သူ့ကိုနံဘေးသို့တွန်းထုတ်လိုက်ကာ ကုတင်စွန်းတွင်ထိုင်လိုက်သည်။
လီကျင်းထျန်း၏မျက်လုံးများကရောက်တည်ရာရာမရှိ သို့သော်လှုပ်ရှားမှုတို့ကရပ်တန့်မသွားပေ။ ခြုံစောင်ကိုဆွဲဖြဲပြီးကိုက်ဆွဲကာတော်သလင်းခွေးနှယ်အကြမ်းပတမ်းပြုမှုရင်းငြီးငြူနေတော့သည်။
ကျိူးယွင်ရှန့်ပျင်းရိသည်အထိထိုင်ကြည့်ပြီးနောက်နန်းဆောင်အပြင်သို့ထွက်သွားလိုက်သည်။
လီရွှီသုန်းကနန်းဆောင်အပြင်မှာစောင့်နေပြီး လီကျင်းထျန်း၏အော်သံကြားချိန်တွင်ဖိနပ်ကြားမှဓားမြှောင်အားဆွဲထုတ်လိုက်သည်။ သို့ပေမယ့်ရုတ်တရက်အဆောင်တံခါးပြန်ပွင့်လာပြီး ခမည်းတော်ဘာမှမဖြစ်ဘဲပြန်ထွက်လာတာအြင်တော့မှ လီရွှီသုန်းမျက်လုံးထဲမှသွေးဆာမှုများပျောက်ကွယ်သွားလေသည်။
"ခမည်းတော်မင်းကြီးကထိခိုက်အောင်လုပ်လိုက်သေးလား''
ကျိူးယွင်ရှန့်ကပြန်မဖြေ လီရွှီသုန်းလက်ထဲမှဓားမြှောင်၌သာအကြည့်ရောက်နေသည်။ ''မင်းကဘာလုပ်မလို့လဲ။နေ့ခင်းကြောင်တောင်နန်းတွင်ထဲ ဘုရင်ကိုလုပ်ကြံမလို့လား။စောက်ရူး... ငါမင်းကိုဘယ်နှစ်ခါပြောရ...''
ကျိူးယွင်ရှန့်စကားကမဆုံးလိုက်ရုတ်တရက်ပစ်ဝင်လာသည့်လီရွှီသုန်းကြောင့်ရပ်သွားရသည်။ ဒီကလေးဟာ၁၅သာရှိသေးပေမယ့်လို့ လူကောင်ထွားပြီးအရပ်ရှည်တာကြောင့်သူ့မေးစေ့ဟာကျိူးယွင်ရှန့်ပုခုံးပေါ်ပင်ရောက်နှင့်နေပြီ။ကျိူးယွင်ရှန့်ကောင်ကလေးအား မတွန်းထုတ်ရက်ဘာပဲပြောပြော ဒီကလေးကသူမွေးထားတဲ့သားမဟုတ်လား။
"ခမည်းတော်မင်းကြီး ကတကယ်ပဲထိခိုက်အောင်မလုပ်လိုက်တာသေချာရဲ့လား'' လီရွှီသုန်းကထပ်မံမေး၏။ အခန်းတွင်းမှချစ်တင်းနှောသံများထပ်မံထွက်ပေါ်လာချိန်သူကြောင်စီစီဖြစ်သွားရပြန်သည်။ ''ခမည်းတော်မင်းကြီး ဘာလုပ်နေတာလဲ ''
ကျိူးယွင်ရှန့်ကဟက်ခနဲရယ်ပြီး ''စိတ်ကူးယဉ်နေတာလေ''
လီရွှီသုန်းထပ်မမေးတော့ဘဲ ဖြည်းဖြည်းသူ့ရင်ထဲကစကားများကိုပြောလိုက်သည်။ ''ခမည်းတော်၊ ခမည်းတော်မင်းကြီး က ဒီလောက်ကြာမှလာလည်ပြီးခမည်းတော်နဲ့ဒီလိုလုပ်ချင်ရတာလဲ။ သူကခမည်းတော်ကိုလိုသုံးလိုသဘောထားနေတာမဟုတ်ရင်ကောင်းမင်ကိုရွဲ့တာပဲနေမှာ သူခမည်းတော်ကိုတကယ်မချစ်ဘူး။ ခမည်းတော်သူ့ကိုမချစ်လိုက်ပါနဲ့နော်။ သူကကောင်းမင်ခမည်းတော်ကိုအဆိပ်ခတ်တုန်းကထိုင်ကြည့်နေခဲ့ပြီးကောင်းလန်ကိုလည်းချီအိမ်ဖျက်ဆီးဖို့အမိန့်ပေစခဲ့တာလေ။ ခမည်းတော်သူ့ကိုမုန်းသင့်တယ်။ ခမည်းတော်အထီးမကျန်စေရပါဘူး ကျွန်တော်ကခမည်းတော်နဲ့ထာရဝအတူရှိနေပြီ ရိုသေလေးစားလို့စောင့်ရှောက်ပါမယ်။ သန်မာလာအောင်ကြိုးစားပြီးလက်တုန့်ပြန်ပေးပါမယ်။ တစ်ကမ္ဘာလုံးကရတနာတွေအားလုံးကိုလည်းယူပေးမယ်ပျော်အောင်လည်းထားပါမယ်။ အထေ ကျွန်တော်တို့အခြားလူတွေကိုဂရုမစိုက်ဘဲအချင်းချင်းပဲ ဂရုစိုက်ရအောင်။ ဘယ်လိုလဲ ဟင်အဖေ''3
အက်ကွဲနေသောအသံတို့က သူ့ဖခင်အားတစ်စုံတစ်ယောက်ခိုးယူသွားမည်ကိုမည်မျှကြောက်ရွံကြောင်းသိသာလွန်းနေသည်။
ကျိူးယွင်ရှန့်ထိုကလေးငယ်၏ပါးပြင်အားလှမ်းကိုင်လိုက်ပြီးပြုံးလိုက်သည်။ ''ဒီနန်းတော်ထဲမှာ ငါအရေးစိုက်တာမင်းတစ်ယောက်တည်းပါ။ လီကျင်းထျန်းကတော့ ငါသူ့ကိုမုန်းမှာမဟုတ်ဘူး။ ဘာလို့ဆိုမုန်းရတာကအားအင်သုံးရတယ်မတန်ဘူး''1
လီရွှီသုန်းစိတ်ချမ်းသာသွားပြီး ကျိူးယွင်ရှန့်လက်ကိုကိုင်ကာ သခင့်ပွတ်သပ်မှုခံယူလာသောခွေးပေါက်လေနှယ်တိုးဝှေ့နေလေသည်။
ကျိူးယွင်ရှန့်ဒေါသထွက်နေသော်လည်း ကြည်နူးမိ၏။ထိုကလေးငယ်ဆီမှလက်ကိုဖယ်လိုက်ပြီး သူသတိပေးလိုက်သည်။''လီကျင်းထျန်း ငါ့ကိုထိခိုက်အောင်မလုပ်နိုင်ပါဘူး။နောက်တစ်ခါဒီလိုကိစ္စတွေထပ်ရှိလာရင်မင်းအပြင်မှာပဲစောင့်နေတယ်။မင်းကသိပ်တဇွတ်ထိုးလုပ်တတ်လွန်းတယ်။ခုနေမင်းသူ့ကိုနန်းတွင်းထဲမှာ သတ်လိုက်ရင်ငါစီစဉ်ထားသမျှအရာအားလုံးသဲထဲရေသွန်ဖြစ်ကုန်လိမ့်မယ်။''+
လီရွှီသုန်းခေါင်းကိုအထပ်ထပ်ညိမ့်ပြီး ကတိပေးလိုက်သည်။ အစောကသွေးဆာနေသည့်သားရဲမျက်လုံးများကရှာမရတော့ချစ်စရာကလေးငယ်တစ်ဦး၏မျက်ဝန်းလိုဖြူစင်နေသည်။ ဒီကလေးဟာရိုးကျိူးတတ်တာကြောင့်ကျိူးယွင်ရှန့်အနေနဲ့သူ့ကိုပျိူးထောင်တာဟာမှားယွင်းတဲ့ဆုံးဖြတ်မဟုတ်ဟုယုံကြည်သည်။ တစ်ခုရှိတာကသူဟာ နည်းနည်းတဇွတ်ထိုးဆန်ပြီး.... အင်း အရမ်းချွဲလွန်းတယ်။
သူ့ဘေးနားတစ်ဖန်ပြန်ရောက်လာပြီး တွယ်ကပ်နေတဲ့သားပေါက်လေးကြောင့်ကျိူးယွင်ရှန့်သက်ပြင်းသာချမိတော့သည်။
ညနေခင်းမှားတေယ့ လီကျင်းထျန်းနိုးလာပြီးကုတင်ခြေရင်းတွင်ဝတ်ရုံဗန်းကိုကိုင်လျှက်ဒူးထောက်နေသည့်ချီရှိုးကျဲ့ကိုမြင်လိုက်ရသည်။ ချီရှိုးကျဲ့မျက်နှာကဖြူဖျော့နေပြီး နှုတ်ခမ်းတို့ကခြောက်သွေ့ကာလူကထိုင်းမှိုင်းနေသည်။ ထိုတခဏလီကျင်းထျန်းတောင့်ခဲသွားပြီးမှတ်ဥာဏ်တို့အစီအရီပြန်ဝင်လာသည်။ သူချီရှိုးကျဲ့၏အဝတ်များကိုဆုတ်ဖြဲပြီး အကြမ်းပတမ်းကိုင်တွယ်ကာ ကိုက်ခဲပြီးအညှာတာမဲ့ဆက်ဆံခဲ့သည်။11
ဒါဟာ အချစ်မဟုတ်အဓ္ဓမပြုခြင်းပင်။
ဒါတောင်မှဒီလူဟာသူ့ကိုမမုန်းတီးပါဘဲ ဝတ်ရုံကိုင်လျက်စောင့်နေသေးသည်။ လီကျင်းထျန်းမျက်နှာမဖော်ဝံ့အောင်ရှက်မိသလို တစ်ချိန်တည်းမှာပဲကောင်းမင်အပေါ်သစ္စာပျက်မိမှုကြောင့်အပြစ်ရှိစိတ်ဝင်မိသည်။ ဒီလိုအခြေအနေမှာတောင်ကောင်းမင်ကိုတွေးနိုင်သေးတဲ့ သူ့အတွက်ကုရာနတ္တိဆေးမရှိတော့ပြီ။1
မိမိကိုယ်ကိုလိပ်ပြာမလုံမှုကြောင့်လီကျင်းထျန်းဝတ်ရုံကိုသွက်လက်စွာဝတ်ပြီး ထွက်သွားလေသည်။ ထို့နောက်ဇီချန်နန်းဆောင်သို့ ဆုလာဘ်တော်များစွာပို့လိုက်လေ၏။
လီကျင်းထျန်းက ဒီအကြောင်းကိုဖုံးကွယ်လိုတာကြောင့်ကောင်းမင်အနေနဲ့မည်သည်ကိုမှမသိလိုက်ပါချေ။ လဝက်ကြာတော့သူ့ကိုစစ်သည်တွေနဲ့တောင်ပိုင်းပို့ပေးဖို့တောင်းဆိုလာသည်။ လီကျင်းထျန်းကအပြင်ပန်းတွင်လွယ်လွယ်သဘောတူလိုက်သော်ငြား အတွင်းကကြိတ်ကြံနေသည်။ ၁၄နှစ်နှင့်အထက်မင်းသားများအားလုံးကို ညီလာခံတွင်တာဝန်ကိုယ်စီပေးပြီး တသ်ဖက်ကကောင်းစစ်တပ်နှင့်ကောင်းအိမ်အားနည်းချက်ကို ရှာဖွေနေကာ လီဝမ်၏စစ်တပ်အင်အားကိုလည်းစုံစမ်းနေသည်။သေချာတာကတော့ သူတစ်ချိူ့လုပ်ရပ်တွေက အဖြူထည်မဟုတ်ခြင်းပင်။
ကောင်းမင်စစ်ထွက်မယ့်နေမှာပဲကောင်းအိမ်က အဘွားတော်ဆုံးပြီဟုအရေးပေါ်သတင်းရောက်လာသည်။ ပုံမှန်အားဖြင့်အိမ်တစ်အိမ်တွင်အကြီးအကဲတစ်ဦးဆုံးပါက အိမ့်ဦးစီးသည်သုံးနှစ်တာပူဆွေးရသည်။ကောင်းလန်ကထိုကိစ္စအတွက်နန်းတွင်းရှိကောင်မင်ထံသို့ရောက်လာခဲ့သည်။
"မင်းကြီးရဲ့မေတ္တာကိုအသုံးချပြီး ကျွန်တော့်ကိုအစ်ကို့အတွက်သုံးနှစ်တာပူဆွေးမှုကလွှတ်ငြိမ်ခွင့်ပေးစေချင်တယ်ဟုတ်လား?''ကောင်းမင်မျက်မှောင်ကြုတ်လိုက်၏။+
"ငါတစ်ယောက်ထဲမဟုတ့ဘူး မင်းအတွက်ကောပဲလေ။ ငါတို့တောင်ပိုင်းကိုကူဖို့နှေးနေလို့မဖြစ်ဘူး။ အခုမှငါတို့အိမ်ကဒီလိုအခွင့်ထူးမျိူးကိုရတာ ၃နှစ်တာပူဆွေးမှုကငါ့အစီအစဉ်တွေအကုန်လုံးကိုပျက်ဆီပစ်လိုက်မှာ။ မင်းကြီးကမင်းတစ်ယောက်တည်းကိုမြတ်နိုးတာမဟုတ်တော့ဘူး ချီရှိုးကျဲ့နဲ့ ဆဋ္ဌမမင်းသားကိုလည်းမျက်နှာသာပေးနေတာ။ ဒီသုံးနှစ်အတွင်းသူတို့ မင်းသားရဲ့နေရာကိုမလုဘူးလို့မပြောနိုင်ဘူး''
ကောင်းလန်ကစိုးရိမ်စွာပြောသော်လည်းကောင်းမင်ကစိုးရိမ်ခြင်းမရှိ။ ''ကျွန်တော်ချီရှိူးကျဲ့နဲ့မင်းသား၆ကိုလှုပ်မရအောင်လုပ်ထားပြီးပြီ ဘာမှစိုးရိမ်စရာမရှိဘူး။ အစ်ကို ဘွားတော်ကကျွန်တော်တို့ကိုငယ်ငယ်ကတည်းကစောင့်ရှောက်လာတာ သူအခုဆုံးသွားတော့ အခြားအရာတွေကိုခဏဘေးဖယ်ထားလို့မရဘူးလားဗျာ။ မင်းကြီးမေတ္တာကိုအသုံးချဖို့ထပ်လည်းမပြောပါနဲ့ ။ကျွန်တော်သူ့ကိုကြိုးကိုင်စရာမလိုဘူး သူ့ခံစားချက်က ကျွန်တော့်အပေါ်ဘယ်အတိုင်းတာထိရှိသလဲဆိုတာလည်းကျွန်တော်မသိဘူး။ မလိုအပ်တာတွေကိုမစိုးရိမ်ပါနဲ့''
ကောင်းလန်ခေတ္တစဉ်းစားပြီးမှ မချင့်မရဲခေါင်းညိမ့်လိုက်သည်။
ညီအစ်ကိုနှစ်ဦးလမ်းခွဲသွားတော့မှ သူလျှိူထိုစကားများကိုမင်းကြီးဆီသို့ပို့လိုက်သည်။ လီကျင်းထျန်း စာကိုဖတ်ပြီးနောက်ခပ်လှောင်လှောင်ပြုံးလိုက်သည်။ ချီအိမ်အကြီးအကဲကွယ်လွန်တုန်းက ချီအိမ်ဦးစီးဟာ အိမ်သာ၂၀ကျော်နဲ့ပူဆွေးခြင်းအထိမ်းအမှတ်ဈာပနပွဲကိုတစ်နေကုန်ပြုလုပ်ခဲ့သည်။ကောင်းမင်နဲ့ကဆီနဲ့ရေ ။ သူ့ရည်မှန်းချက်တွေကသိပ်ကြီးလွန်းတာပဲ။
ဇီချန်နန်းဆောင်
ကောင်းအဘွားတော်ဆုံးသည့်သတင်းကိုကြားသည်နဲ့ ထိုနောက်ကွယ်တွင်မည်သူရှိမှန်း ကျိူးယွင်ရှန့်သိနှင့်ပြီးသားပင်။ လက်ရှိမှာကောင်းအိမ်ကိုမရှင်းနိုင်ပေမယ့်သုံးနှစ်အတွင်း တဖြည်းဖြည်းအားနည်းလာအောင်တော့ဖြိုခွဲဖို့လုံလောက်သည်။ ဒါက ချီအိမ်ကို ရှင်းသည့်အခါက လီကျင်းထျန်းသုံးခဲ့သည်နည်းလမ်းဟောင်းကြီးပင်။ ဤသည်က သစ္စာတော်ခံများ၏ဘဝပင်။ မင်းနားခစားကမ်းနားသစ်ပင်ဆိုသလို မည်မျှအင်အားကြီးစေအုန်း မင်းမှုထမ်းတို့၏အသက်သည်ဘုရင့်လက်ထဲတွင်သာရှိလေသည်။
နောက်ရက်အနည်းငယ်ကြာတဲ့အခါ သူချီမိသားစု၏အရိုးများကိုတောင်းဆိုမည်။ ချီမိသားစုကအစုလိုက်အပြုံလိုက်အသတ်ခံရပြီးနောက်မြို့ပြင်တွင်ပစ်စလတ်ခတ်အမြှုပ်ခံကြရသည်။ ဒါကြောင့်လူစုံရှာရန်လွယ်လိမ့်မည်မဟုတ်။ သို့သော်လည်း ဤသည်က ချီရှိုးကျဲ့ဆန္ဒပေမို့ ကျိူးယွင်ရှန့်ဖြည့်ဆည်းပေးရအုန်းမည်။
သူအတွေးလွန်နေစဉ်မှာပဲချွေးသံတလုံးလုံးနဲ့လေးမြှားလွယ်ပြီး ပြန်လာတဲ့လီရွှီသုန်းဟာ ချက်ချင်းသူ့ဖခင်ရဲ့ခါးကိုဖက်ပြီးကျောပြင်ကိုပါးဖြင့်ပွတ်သပ်ကာနေလေ၏။
"ဖယ်စမ်းကောင်စုတ်လေး ၊ မင်းကိုယ်ကချွေးတွေနဲ့''
ဝံပုလွေပေါက်လေးကခုတလော ဆာလောင်ငတ်မွတ်သည့်ဒဏ်ကိုပိုခံစားနေရသည်။ ''လွမ်းလိုက်တာ ခမည်းတော်ရယ်'' အသံကလည်းပိုလိုသြလာသည်။1
"လေ့ကျင့်ကွင်းထဲဆင်းတာ၂နာရီပဲရှိသေးတာ လွမ်းနေရအောင်ဘာလဲ မင်းကခုထိနို့စို့ကလေးလား''2
ဒါပေါ့ တစ်နာရီလောက်ခွဲရရင်တောင်လွမ်းနေရတာကို။ ဒါကိုတော့ဖြင့်လီရွှီသုန်းပြန်မဖြေမိ သူ့နှုတ်ခမ်းများနှင့်ဖခင်နားသီးကိုခပ်ဖွဖွမသိမသာမြန်မြန်ဆန်ဆန်ရှပ်တိုက်ထိတွေ့လိုက်၏။
ကျိူးယွင်ရှန့်က သူ့ခေါင်းကိုလှမ်းပုတ်ရင်း ''ငါကြားတာ လီကျင်းထျန်းကအရွယ်ရောက်မင်းသားတွေအားလုံးကို နိုင်ငံရေးမှာအတွေ့ကြုံရစေဖို့တာဝန်တွေခွဲပေးတယ်ပြောတယ်။ မင်းကောဘယ်ဌာနကိုသွားဖို့စဉ်းစားလဲ။''+
"ကျွန်တော်ဝန်ကြီးများရုံး ဒါမှမဟုတ်ဘာဏ္ဍာရေးဌာနဖက်သွားဖို့စဉ်းစားထားတယ်။''
"အာဏာနဲ့ငွေကြေး မင်းဒီနှစ်ခုပဲတွေးနိုင်တာလား?''
"ခမည်းတော်ဘာကိုဆိုလိုတာလဲ''
"တောင်ပိုင်းကိုသွား''
လီရွှီသုန်းတုန့်ဆုတ်စွာနှင့်တိတ်ဆိတ်သွား၏။ သူခမည်းတော်ကိုမခွဲချင်ပေ။
ကျိူးယွင်ရှန့်က လီရွှီသုန်းရဲ့စိတ်အခြေအနေကိုခံစားမိတာနဲ့ရှင်းပြလိုက်သည်။ ''အာဏာ၊အဆက်အသွယ်နဲ့ဥစ္စာစည်းစိမ်တွေကအတန်းထဲမှာမင်းနေရာကိုမြင့်အောင်လုပ်ပေးနိုင်ပေမယ့်ပုလ္လင်ထိအောင်အောင်တော့မစွမ်းပေးနိုင်ဘူး။ ရှို့ ဝမ်းမြို့ကပုန်ကန်နေတာသုံးနှစ်ရှိပေမယ့်သူတို့ဘယ်မှမပြောင်းသွားဘူး။ ဘာလို့လဲသိလား။ အဖြေကသူတို့မှာစစ်တပ်အင်အားရှိနေလို့ပဲ။ အင်အားအကြီးဆုံးလူကသာတိုင်းပြည်ကိုအုပ်ချူပ်ဖို့အထိုက်တန်ဆုံးဖြစ်လိမ့်မယ်''
ကျိူးယွင်ရှန့်ကလီရွှီသုန်းအဖြေကိုမစောင့်ဘဲ ဆက်ပြောလိုက်သည်''မင်းဧကရာဇ်မဖြစ်ချင်ပါဘူးလို့ ငါ့ကိုမပြောလိုက်နဲ့။ မင်းအစားလီရွှီယန်းသာပုလ္လင်ပေါ်ထိုင်လိုက်ရင်ငါတို့ဘယ်လိုအဆုံးသတ်သွားမလဲပြောပြဖို့လိုသေးလား။ကောင်းမင်ကငါတို့ကိုမုန်းနေတာ လီကျင်းထျန်းအသက်ရှင်နေသေးလို့သာ သူအတိအလင်းမတိုက်ခိုက်ရဲတာ။ ဒါပေမယ့်လီကျင်းထျန်းသေသွားရင်သူငါတို့ကိုနေ့မဆိုင်းသတ်မှာပဲ။ငါတို့ကဘာမှမတတ်နိုင်ဘူးဆိုတာနဲ့ပဲ သူကလွှတ်ပေးမယ်လို့မင်းထင်လား။ မင်းသာဆိုရင်ကော မင်းရန်သူအသက်ရှင်နေသေးရင်ဘယ်လိုစိတ်အေးမှာလဲ။''
လီရွှီသုန်းစိတ်မအေးမှာတော့အမှန်ပင်။ဒါပေမယ့်သူဘယ်လိုလုပ်ခမည်းတော်ကိုနန်းတွင်းထဲတ်းယောက်တည်းထားရစ်ခဲ့နိုင်ပါ့မလဲ။ သူ့မျက်ဝန်းတွေကစိုးရိမ်စိတ်လွှမ်းနေပေမယ့်ဒီအချိန်ဟာစိတ်ကိုဦးစားပေးရမယ့်အချိန်မဟုတ်မှန်းသူသိသည်။ ခမည်းတော်ရဲ့အားကိုးရာဖြစ်လာရစေမယ်လို့ပေးထားတဲ့ကတိဟာ ခုအချိန်ကျလာပြီမဟုတ်လား။
"ခမည်းတော်၊ သားတော်တောင်ပိုင်းကိုသွားမယ်။ သူတို့အားလုံးကိုအဖေ့အတွက်ချေမှုန်ခဲ့မယ်။ ဒီမှာကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ''
လီရွှီသုန်း သူ့ဖခင်ကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်၏။ သူမျက်ဝန်းများကနီရဲကာသွေးတာနေသည်။ တစ်နေ့ကောင်းမင်နှင့်လီရွှီယန်းကိုသူသတ်ပစ်မည်။ လီကျင်းထျန်းပါသေရမည်။ အဲ့ဒီသုံးယောက်သာဂြိုလ်မမွှေရင်ခမည်းတော်ဘဝကအခုလိုခက်ခဲနေမှာမဟုတ်ဘူး။
မင်းသားတစ်ချိူ့ကဝန်ကြီးများရုံး၊တစ်ချိူ့ကအခွန်ဌာန ၊ တစ်ချိူ့ကယဉ်ကျေးမှုဌာန အားလုံးကအာဏာရှိရာရွေးချယ်လိုက်ကြတာချည်းပင်။ လီရွှီယန်းကတော့သေချာပေါက်ဘာဏ္ဍာရေးဌာနကိုရွေးသည်ပေါ့။ ကျန်မင်းသားများကတော့ကိုယ့်လမ်းကိုယ်ရွေးကာလျှောက်ကြသည်။ မင်းသားခြောက်တစ်ယောက်တည်းကသာတောင်ပိုင်းကိုသွားမည့်စစ်တပ်တွင်းသို့ဝင်ကာအတွေ့အကြုံယူလိုသည်ဟု ဆိုလာသည်မို့ လီကျင်းထျန်း အံ့အားသင့်သွားရသည်။+
ထိုသတင်းကိုကြားပြီးနောက်ကောင်းမင်ကခပ်မဲ့မဲ့ပြုံးလိုက်၏။ မသန်မစွမ်းကောင်လေးကစစ်ထဲဝင်ပြီး အသေခံမလို့လား။ မင်းသားခြောက်ကအတင့်ရဲလွန်းတာပဲ။ ဒါကသူ့အတွက်အခွင့်အရေးပင်။ စစ်မြေပြင်လို့ဓားလှံပြည့်လျှံနေတဲ့နေရာမှာ မင်းသားခြောက်ကိုရှင်းပစ်ဖို့ကသိပ်လွယ်လွန်းသည်။ မင်းသားခြောက်သေရင်ချီရှိုးကျဲ့ရဲ့ဒီဘဝမှာဘာကျန်အုန်းမှာလဲ။ အရင်ဘဝကသားသေသည့်ဒုက္ခကိုသူခံစားခဲ့ရသည်မို့ ဒီဘဝမှာချီရှိုးကျဲ့ကိုတစ်လှည့်ခံစားစေမည်။3
ဒီလိုကျတော့လည်း လီကျင်းထျန်းချီရှိုးကျဲ့ကိုချမ်းသာပေးလိုက်တာကောင်းသားပင်။ခေါင်းဖြတ်လိုက်ရုံလေကသိပ်ကိုညင်သာရာကျလွန်းသည်။
ဒါကြောင့်ကောင်းမင်ဟာမဆန့်ကျင်ရုံမက မင်းသားခြောက်ကိုမြန်မြန်ပို့လိုက်ဖို့ လီကျင်းထျန်းကိုတိုက်တွန်းသည်။ တစ်ချိန်တည်းမှာပဲ သက်သာလာပြီဖြစ်တဲ့ကောင်းနျန်ကိုလည်း စစ်တပ်အာဏာအတွက်တောင်ပိုင်းသို့ထည့်လိုက်သည်။
လီကျင်းထျန်းကမင်းသားခြောက်ကို စာကြည့်ခန်းထဲခေါ်ပြီးတစ်နာရီမျှကြာအောင်သူ့ရည်ရွယ်ချက်ကိုနားလည်မလည်သိအောင်စကားပြေကြည့်သည်။
စစ်ပွဲဟာ သုံးနှစ်တိတိကြာလိမ့််မည်။
အဲ့ဒီသုံးနှစ်အတွင်းကောင်းမိသားစုစစ်တပ်ဟာ လီကျင်းထျန်ထိန်းချူပ်မှုအောက်ပြန်ရောက်လာခဲ့သည်။ ဆားခွန်ကြောင့်လီဝမ်ဟာသူ့တာဝန်တွေကိုလှစ်ဟင်းနေခဲ့၏။ အလိုလိုက်ခံထားရတဲ့မင်းသားငါးလေးဟာလည်း ထင်ရှားတဲ့အမှားကိုပြုမိပြီး နံနက်ညီလာခံတွင်လီကျင်းထျန်း၏ပြသ်တင်ဆူပူခြင်းခံရသည်မို့ အာဏာလျော့ကျသွား၏။
ဒါတွေအားလုံးထက်အံ့အားသင့်စရာကောင်းတာက အညတရမင်းသားခုနှစ်ဟာ တဖြည်းဖြည်းချင်းအစွမ်းစထုတ်ပြပြီးကျော်ကြားလာခဲ့ခြင်းပင်။

Коментарі