Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 2.2
အခန်း(၁၃)​ဝေ့ရှီရန်​ဘဝ +

နဉ်ဝမ်ရှုက သူ့အဖေရဲ့အင်္ကျီစကို ဆွဲကိုင်ထားချင်ပေမယ့် ဝမ်မားက သူ့ကို ကြောက်စရာမျက်လုံးနဲ့ တစ်ချက်ဝေ့ကြည့်လိုက်တာကြောင့် ကြောက်လန့်ပြီး ခန္ဓာကိုယ်တောင့်သွားကာ ကျောက်ရှင်းဖန်းအား သူ့ကို ဖက်ခွင့်ပေးလိုက်သည်။

ကျောက်ရှင်းဖန်းက ကြင်နာခြင်းနဲ့ စိတ်ရှည်ခြင်းဆိုတဲ့ သူမရဲ့သဘောထား ပေါ်လွင်စေရန် နူးညံ့စွာနဲ့ တိုးတိုးလေး ပြောလိုက်တယ်။
" ဒါက သားလေးကြိုက်တဲ့ ကန်စွန်းဥခရမ်းရောင် ဆန်ပြုတ်လေ အရမ်းချိုပြီး အနံ့လေးကလည်း မွှေးကြိုင်နေတာပဲ "
တကယ်လို့ ကျူးယွင်ရှန့်သာ သူမရဲ့ ပုံစံအမှန်ကို မသိထားရင် သူလည်း သူမရဲ့ လှည့်စားမှုအောက်မှာ လည်စင်းပေးရမှာ။

နဉ်စင်နျန် နဲ့ ကျောက်ရှင်းဖန်းက မိဘမဲ့ဂေဟာမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်တယ်။ သူမက စေတနာဝန်ထမ်းတစ်ဦး ဖြစ်ပြီး အပတ်တိုင်း အပတ်တိုင်း ကလေးတွေကို ဂရုစိုက်ဖို့ လာလေ့ရှိသည်။ သူမ ကလေးတွေကို ကြင်နာသနားစွာ ထောက်ထားညှာသာပြီး စိတ်ရှည်လက်ရှည်နဲ့ ပြုစုစောင့်ရှောက်နေတာကို နင်စစ်နျန် မြင်သွားခဲ့တယ်။ အဲဒါက သူမကို လက်ထပ်ယူဖို့ အကြံဥာဏ်ကို ရစေခဲ့တယ်။ အခုတော့ သူက ကျောက်ရှင်းဖန်းရဲ့ ဟန်ဆောင် ဂရုစိုက်မှုကို ကျေနပ်အားရပြီး တင်းမာနေတဲ့မျက်နှာက တဖြည်းဖြည်း နွေးထွေးလာခဲ့သည်။

ကျူးယွင်ရှန့်က ဘယ်နေရာကိုမှ မကြည့်ဘဲ ပန်ကန်ပြားကိုပဲ စိုက်ကြည့်ကာ ထမင်းစားနေလိုက်သည်။

ဝမ်မားက ဟင်းသီးဟင်းရွက်တွေနဲ့ မီးဖိုချောင်ကို ရှင်းလင်းပြီတော့ သူမရဲ့လက်တွေကို သုတ်ပြီး ရယ်မောရင်းနဲ့ ပြောလိုက်သည်။
" မဒမ် ကလေးကို ကျွန်မ ကျွေးလိုက်မယ် မဒမ်ကြည့်ရတာ ဒီနေ့ပင်ပန်းနေသလိုပဲ "

နဉ်ဝမ်ရှုရဲ့မျက်နှာက ဖျော့တော့သွားပေမယ့် ဝမ်မားကြောင့် ကန့်ကွက် မငြင်းပယ်ရဲဘူး။ မခုခံရဲလို့ တိတ်တဆိတ်မျက်ရည်ကျပြီး သူ့ရဲ့လျှာကို ကိုက်ထားလိုက်သည်။ ဝမ်မားက စိုးရိမ်ပူပန်သလို ဟန်ဆောင်ပြီး
" အို... ဘာဖြစ်လို့လဲ ခဏက အကောင်းကြီးပါ ဘာလို့ မျက်စိတမှိတ်အတွင်းမှာ ငိုနေရတာလဲ။ ကလေးက အစာစားဖို့ ငြင်းတယ် အိပ်ဖို့တောင် ငြင်းဆန်နေတာ။ အကြောင်းပြချက်မရှိပဲ ငိုပြီးရင်း ငိုနေတယ်။ ဒါက တကယ့်ကို စိုးရိမ်သောက ဖြစ်စရာပဲ။ သနားစရာကောင်းလိုက်တာ။ ဘာတွေများ ဖြစ်နေတာလဲ....."

သူမက နဉ်ဝမ်ရှုထက် ပိုသနားစဖွယ်ကောင်းအောင် မျက်ရည်တွေနဲ့ ပြောလိုက်သည်။

နဉ်ဝမ်ရှုက တုန်လှုပ်ကြောက်ရွံ့ပြီး သူမ၏လက်မောင်းကြား ကျုံ့ကျုံ့လေးထိုင်နေခဲ့သည်။ သူက အသက်ရှုဖို့တောင် ကြောက်ရွံ့နေခဲ့တယ်။ ကျူးယွင်ရှန့်သည် တစ်​ရက်တည်းနဲ့ နဉ်ဝမ်ရှုရဲ့ ဝမ်မားအပေါ်ကြောက်လန့်မှုကို မြင်တွေ့နိုင်သော်လည်း နဉ်စင်နျန်ကတော့ မမြင်နိုင်ခဲ့ဘူး။ ဝမ်မားက နဉ်စစ်ကို ကလေးဘဝကတည်းက ပြုစုပျိုးထောင်ပေးခဲ့လို့ နဉ်စစ်က သူမကို အမေတစ်ယောက်လို့ ချစ်ခဲ့တယ်။ ဒါကြောင့် အနည်းငယ် ထူးခြားမှုကို သူ သတိမထားမိဘူး။

ဝမ်မားရဲ့စကားကြောင့် သူက ဒေါသထွက်ပြီး အေးစက်စူးရှတဲ့မျက်လုံးနဲ့ ကျူးယွင်ရှန့်ကို ကြည့်လိုက်သည်။ ဒါပေမယ့် ကလေးကြောင့် သူ့ဒေါသကို စိတ်မပါစွာနဲ့ ထိန်းချုပ်လိုက်သည်။ သူက သူ့သားကို ချီလိုက်ပြီး ကြင်နာနူးညံ့စွာနဲ့ နှစ်သိမ့် ချော့မြူရင်း ကလေးဘဝတုန်းက သူ့ကို ဝမ်မားဆိုပြခဲ့တဲ့ ကလေးချော့တေးကို ဆိုညည်းလိုက်သည်။ ဒါပေမယ့် ကလေးချော့တေးကို နဉ်ဝမ်ရှု ကြားတာနဲ့ မငြိမ်မသက်ဖြစ်ပြီး တစ်ကိုယ်လုံး ပြင်းစွာတုန်လှုပ်လာခဲ့သည်။

နဉ်စစ်က အရမ်းစိုးရိမ်သွားပြီး ချက်ချင်းပဲ သူ့သားကို အခန်းဆီခေါ်သွားလိုက်သည်။ ပြီးတော့ မိသားစုဆရာဝန်ဆီ ထပ်ခါ ထပ်ခါ ဖုန်းခေါ်လိုက်သည်။ ဝမ်မား နဲ့ ကျောက်ရှင်းဖန်းလည်း သူ့နောက် လိုက်သွားလိုက်တယ်။

မျက်စိတမှိတ်အတွင်း ထမင်းစားခန်းတွင် ကျူးယွင်ရှန့်တစ်ယောက်တည်း ကျန်နေခဲ့သည်။ သူက ပန်းကန်လုံးကို ချပြီး ပါးစပ်ကို သုတ်လိုက်သည်။ နောက် လက်ကို ဆေးကြောပြီး သူ့အခန်းကို ပြန်သွားလိုက်သည်။

အခန်းက အရမ်းရိုးရှင်းပြီး စာအုပ်ဗီရိုထဲတွင် ပန်းချီနဲ့ပတ်သက်သော စာအုပ်များနှင့် ပြည့်နှက်နေတယ်။ အံဆွဲထဲတွင် တံဆိပ်အမျိုးမျိုး ဆေးရောင်စုံတွေ ကင်းဗတ်စတွေနဲ့ ပြည့်နေတယ်။ သူက ပန်းချီအပေါ် လုံးဝ အရူးအမူးဖြစ်နေတဲ့သူပဲ။ ဘဝမှာ ပန်းချီကလွဲလို့ ဘာမှမရှိဘူး။

ဒါပေမယ့် ကျူးယွင်ရှန့်က ဟက်ကာတစ်ဦး ဒါကြောင့် ကွန်ပြူတာ လိုအပ်တယ်။ အချိန်အတန်ကြာ တခန်းလုံး မွှေနှောက်ရှာဖွေပြီးနောက် နောက်ဆုံး ကုတင်အောက်တွင် ခရီးဆောင်ကွန်ပြူတာတစ်လုံး ရှာတွေ့ခဲ့တယ်။ သူက အဲဒါကို ဖွင့်ပြီး အင်တာနက် ချိတ်ဆက်လိုက်သည်။

အလင်းက ကောင်လေးရဲ့ နူးညံ့ချောမွေ့တဲ့မျက်နှာပေါ် အရိပ်ကျရောက်စေပြီး သူက ကွန်ပြူတာ မျက်နှာပြင်ပေါ် စူးစိုက်ကြည့်နေခဲ့သည်။ သူ့လက်ချောင်းလေးတွေကတော့ သာမာန်မျက်လုံးနဲ့ လိုက်မကြည့်နိုင်တဲ့ အမြန်နှုန်းနဲ့ ရွေ့လျားနေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ပြင်းထန်တဲ့ တံခါးခေါက်သံက သူ့ကို နှောင့်ယှက်လိုက်သည်။ ဘာမှမလုပ်ပေမယ့် စိတ်ရှုပ်စွာနဲ့ မျက်မှောင်ကြုပ်လိုက်သည်။

" ဝေ့ရှီရန် စကားပြောမယ် ထွက်လာခဲ့ " နဉ်စစ်နျန်က တံခါးခေါက်ရင်း အော်ပြောလိုက်သည်။ လှုပ်ရှားမှုမရှိလို့ သူက ဒေါသထွက်သွားပြီး တံခါးကို ကန်လိုက်သည်။

ကံအားလျော်စွာ ' နဉ် ' မိသားစုက အရမ်ချမ်းသာတော့ တံခါးကို သစ်သားကောင်းကောင်းနဲ့ လုပ်ထားသည်။ နောက်ထပ် လူကြီးကြီးနှစ်ယောက်ကို မခေါ်မချင်း နဉ်စစ်နျန်က တံခါးကိုဖျက်ပြီး အခန်းထဲဝင်ဖို့ မလွယ်ကူပါဘူး။

ကျူးယွင်ရှန့်ရဲ့ တောင့်တင်းနေတဲ့ နာဗ်ကြောတွေက ပြေလျော့သွားပြီး သူ့နှုတ်ခမ်းကို သပ်လိုက်သည်။ ပြီးတော့ နဉ်စစ်နဲ့တွေ့ရန် စိတ်မပါကြောင်း ဖော်ပြဖို့ စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး ပစ်ပေါက်ဖျက်ဆီးလိုက်သည်။

အရင်က ဝေ့ရှီရန်က နဉ်စစ်နဲ့ စကားပြောဖို့ ကြောက်ရွံ့တာ ဖြစ်ပေမယ့် ကျူးယွင်ရှန့်ကတော့ ဒီတိုင်း သူနဲ့ စကားမပြောချင်ရုံပါပဲ။ နဉ်စစ်နျန်က သူ့နှလုံးသားထဲမှာ အရင်ကတည်း ဝေ့ရှီကို သေစေချင်နေခဲ့တာ။ ဝေ့ရှီရန်က ရှင်းပြမယ်ဆိုရင်တောင် သူ နားထောင်မှာမဟုတ်ဘူး။ 1

နဉ်စစ်နျန်က ကျယ်လောင်တဲ့အသံကို ကြားလိုက်ပြီး ကောဇောပေါ် လက်ဖက်ရည်တွေ ပျံ့နှံ့သွားတာ တွေ့လိုက်တယ်။ ကြည့်ရတာတော့ အခန်းထဲကလူလည်း စိုးရိမ်ကြောက်လန့်နေတယ် ထင်တယ်။ ဝေ့ရှီရန်ကို တွန်းအားမပေးဖို့ ပြောထားတဲ့ သူ့မိဘတွေရဲ့အကြံဥာဏ်ကို စဉ်းစားမိပြီး သူ့လည်စည်းကို ဖြေလျော့ကာ အဝေးကို ထွက်သွားလိုက်သည်။ သူ့သားရဲ့ အတွင်းကြေဒဏ်ရာတွေကို ဓာတ်ပုံရိုက်ပြီး သမုဒ္ဒရာရဲ့ တစ်ဘက်မှာရှိတဲ့ သူ့မိဘတွေဆီ ပို့ပေးခဲ့တယ်။ ဒါပေမယ့် လုံးဝမယုံကြည်ဘဲ ရှီရန်က တခြားသူကို နာကျင်အောင် လုပ်မှာမဟုတ်ဘူးလို့ပဲ ပြန်ပြောခဲ့တယ်။

ခွက်တစ်ခွက်ကိုတောင် ပစ်ပေါက်ဖျက်စီးနိုင်တာ တခြားသူကို နာကျင်အောင် မလုပ်ဘူးဆိုတဲ့သူရဲ့ စိတ်နေသဘောထားက အဲဒါပဲလား။ သူ ဝမ်ရှုကို မရိုက်ဘူးဆိုရင် ကျောက်ရှင်းဖန်းလား။ ဒါမှမဟုတ် ဝမ်မားလား။ တစ်ယောက်က နူးညံ့ပြီး ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် ဇနီး ၊ နောက်တစ်ယောက်က သူ့အတွက် အမေလိုလူမျိုး။ နဉ်စစ်နျန်က သူတို့နှစ်ယောက်ကို သံသယမရှိဘူး။ ပြီးတော့ သူ့သားကိုယ်တိုင်ကလည်း သူ့ကို ရိုက်တာ ဦးငယ်လေးလို့ ပြောတာ။ သားက ငယ်ငယ်လေးရှိသေးတာ ဘာလို့ လိမ်ပြောရမှာလဲ။ 3

ခြေသံတွေ တဖြည်းဖြည်း ဝေးသွားတာ ကြားပြီးမှ ကျူးယွင်ရှန့်က 'enter' ခလုတ်ကို နှိပ်ပြီး နဉ်စစ်နျန်ရဲ့ ကွန်ပြူတာဆီ ပရိုဂရမ်တစ်ခု ပေးပို့လိုက်သည်။

နဉ်စစ်နျန်က သူ့သားရဲ့ကုတင်ဘေး ရပ်ပြီး ကြည့်နေလိုက်သည်။ အိပ်ဆေးထိုးထားပေးပေမယ့် ကြောက်လန့်တကြားနဲ့ အိပ်ပျော်နေပုံပေါ်နေတယ်။ နဉ်စစ်ရဲ့ နှလုံးသားထဲ မသက်မသာ ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် မိသားစုဆရာဝန်ရဲ့ စကားတွေ ထပ်ခါ ထပ်ခါ ပဲ့ထင်ထပ်လာသည်။
" မစ္စတာ နဉ် ဒီအခြေအနေကို ကြည့်ပါဦး သင့်သား ညှင်းပန်းနှိပ်​စက်​ခံရတာက စိတ်​ဓာတ်​ရေးရာမှာ အရိပ်​ထင်​သွားပြီ။ ဖြစ်နိုင်သမျှ အမြန်ဆုံး စိတ်ရောဂါအထူးကုဆရာဝန် ရှာပြီး ပြလိုက်ပါ။ အထိတ်အလန့်ဖြစ်စေတဲ့နေရာနဲ့ ဝေးဝေးမှာ နေခိုင်းပါ။ "

" အထိတ်အလန့်ဖြစ်စေတဲ့နေရာနဲ့ အဝေးမှာ? "

နဉ်စစ်နျန်သည် အချိန်အတန်ကြာ အတွေးရေယာဉ်ကြောထဲ မျောပါနေပြီးမှ စာဖတ်ခန်းဆီ လမ်းလျှောက်လာခဲ့လိုက်သည်။ ကျောက်ရှင်းဖန်းသည် စင်္ကြန်မီးရောင်အောက်တွင် ရပ်နေရာမှ သူ့ကို မြင်၍ အနီးကပ်လာကာ တိုးတိုးလေး ပြောလိုက်သည်။
" တောင်းပန်ပါတယ် စစ်နျန်.... ကျွန်မ ကလေးကို ဂရုမစိုက်မိဘူး။ မိဘမဲ့ဂေဟာကနေ ကျွန်မ အလုပ်ထွက်လိုက်ရမလား။ ဝမ်မားက ကလေးကို စောင့်ကြည့်နေတယ်ဆိုပေမယ့် သူမမှာ တခြားတာဝန်တွေ ရှိသေးတယ်လေ။ ပြီးတော့ ကျိုတိုတက္ကသိုလ် စိတ်ပညာဌာနက စိတ်ရောဂါပညာရှင် ဒေါက်တာစွန်းဝန်ကို ဆက်သွယ်ထားတယ်။ သူက ကလေးတွေရဲ့ စိတ်ရောဂါ
ပြဿ  နာ​တွေကို သုသေတနလုပ်နေတာ။ ဒါက သူ့ရဲ့လိပ်စာကဒ် ရှင် ယူထားလိုက်ပါ။ ဗုဒ္ဓဟူးနေ့တိုင်း ကျွန်မ ကလေးကို ဆရာဝန်နဲ့တွေ့ဖို့ ခေါ်သွားလိုက်မယ်။ "

" မင်း အလုပ်ထွက်စရာ မလိုပါဘူး။ ရက်သတ္တပတ် ပိတ်ရက်လေးပဲ သွားတာ အချိန်အကြာကြီးလည်း မဟုတ်ဘူးလေ။ ဝေ့ရှီရန်​ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်ပို့ဖို့ ငါ့မိဘတွေကို ပြောထားပြီးပြီ။ အစကတည်းက ဒေါက်တာစွန်းဝန်ကို ဆယ်သွယ်ဖို့ ငါ ရည်ရွယ်ထားတာ မင်းက ငါ့ထက် ခြေတလှမ်း စောသွားတယ်။ ဒေါက်တာစွန်းဝန်က တော်တယ် ပြီးတော့ လက်ရှိ ဒီနိုင်ငံမှာ နေ,နေတာ။ ရှင်းဖန်း ပင်ပန်းသွားပြီ။ "
နဉ်စစ်နျန်က လိပ်စာကတ်ကို ကြည့်ရင်း ပြောလိုက်သည်။ ကျောက်ရှင်းဖန်းသည် စစ်နျန်ရဲ့ ပင်ပန်းနေတဲ့ပုံကို မြင်တော့ တခုခုပြောဖို့ ပြင်လိုက်သည်။ ဒါပေမယ့် နောက်ဆုံးတော့ ဘာမှမပြောတော့ဘဲ တိတ်တိတ်လေး နေလိုက်သည်။ ညီအစ်ကိုနှစ်ယောက် အတူတူနေဖို့ အချိန်သိပ်မကျန်တော့ဘူး နှစ်ယောက်ကြားက ခံစားချက်ကလည်း လျော့နည်းနေပြီ။ တကယ်လို့ အနာဂါတ်မှာ သူတို့ ရင်းနှီးကျွမ်းဝင်နေရင် အဲနေ့ကအကြောင်း ဝေ့ရှီရန် ပြောပြနိုင်တယ်။ အခုတော့ သူမရဲ့အကြံအစည်က အလုပ်ဖြစ်တဲ့အပြင် နဉ်ဝမ်ရှုကလည်း အရူးအဖြစ် ပြောင်းလဲတော့မှာ။ စဉ်းစားရင်းနဲ့  ကျောက်ရှင်းဖန်းရဲ့ နှလုံးသားထဲ ပျော်ရွှင်ကြည်နူးမှုတွေနဲ့ ပြည့်နှက်သွားသည်။ 1

သူမက သူမယောကျာ်းအတွက် တံခါးဖွင့်ပေးရင်း ကျေနပ်အားရစွာနဲ့ ပြုံးလိုက်သည်။

နဉ်စစ်သည် ပြတင်းပေါက်ဆီ လျှောက်သွားပြီး စီးကရက်ကို ရဲကနဲဖြစ်သွားအောင် ဖွာလိုက်သည်။ သူက စိုးရိမ်သောကဖြစ်လျက် ရပ်နေခဲ့သည်။ မိနစ်ဝက်ကြာပြီးနောက် မီးဖွင့်ပြီး သူ့မိဘဆီ ဖုန်းခေါ်လိုက်သည်။
" ယခုခေါ်ဆိုနေသော ဖုန်းသည် ဆယ်သွယ်မှုဧရိယာပြင်ပ ရောက်နေပါသဖြင့်...."
" ယခုခေါ်ဆိုနေသော ဖုန်းသည် ဆယ်သွယ်မှုဧရိယာပြင်ပ ရောက်နေပါသဖြင့်...."
" ယခုခေါ်ဆိုနေသော ဖုန်းသည် ….."

အချိန်အတော်ကြာတဲ့အထိ ဖုန်းခေါ်မရသောအခါ စိတ်ဆိုးလာပြီး ဖုန်းကို အဝေးကို ပစ်လိုက်သည်။ ဖုန်းသည် မောက်စ်ကို မတော်တဆ ထိမိသွားပြီး ဖွင့်ထားသောကွန်ပြူတာမျက်နှာပြင် ပွင့်သွားသည်။ ကြော်ငြာစာတန်းပေါ်လာကာ လိမ္မော်ရောင်စာလုံးတွေက ထင်သာမြင်သာရှိပြီး သူ့ကို အာရုံဖမ်းစားလိုက်သည်။

နဉ်စစ်နျန်သည် ကြော်ငြာကို ပိတ်ဖို့ လာခဲ့ပေမယ့် ပါဝင်တဲ့အကြောင်းအရာကို မြင်လိုက်တော့ တကိုယ်လုံး တောင့်တင်းအေးခဲသွားသည်။

" သင် ခိုးမှုအကြောင်း စိုးရိမ်နေတုန်းလား။ ပျင်းရိတဲ့ကလေးထိန်းကြောင့် စိုးရိမ်မှုတွေ ခံစားနေရပါသလား။ သင့်ကလေး ညှင်းပန်းနှိပ်​စက်​ခံရတဲ့အတွက်​စိတ်တိုဒေါသထွက်နေရပါသလား။ သေးငယ်တဲ့ကင်မရာက သင့်ရဲ့စိုးရိမ်မှုအားလုံးကို ဖြေရှင်းပေးသွားမှာပါ။ အိမ်မှာ တပ်ဆင်ထားနိုင်ပါပြီ။ အဆင်ပြေချောမွေ့ပြီး လက်တွေ့အသုံးပြု....." 1

နဉ်စစ်နျန်သည် အောက်ကစာကြောင်းတွေကို လျစ်လျှူရှုထားလိုက်သည်။ သူ မြင်သင့်သလောက်မြင်ပြီးသွားပြီ။ သူ့မျက်လုံးများသည် မျှော်လင့်ချက်နဲ့ တလက်လက် တောက်လာသည်။ သူ့မိဘတွေက မယုံကြည်တော့ သူတို့ကို သက်သေအထောက်အထားနဲ့ ပြရမယ်။ မငြင်းနိုင်တဲ့ သက်သေပြနိုင်ရင် ဝေ့ရှီရန် မထွက်သွားချင်ရင်တောင်မှ လူခေါ်ပြီး အိမ်ကနေဆွဲထုတ်လို့ရပြီ။ ပြီးတော့ နာကျင် စိတ်မချမ်းမြေ့စရာအတွက် တန်ဖိုး ပြန်ပေးဆပ်ရမယ်။

သူ ဖုန်းကို ပြန်ကောက်လိုက်ပြီး ကျောက်ကျွင့်ကို ဖုန်းခေါ်လိုက်သည်။

ကျောက်ကျွင့်သည် အိမ်အနောက်ဘက်တွင် နေထိုင်ပြီး နဉ်စစ်နျန်ရဲ့ ကားဒရိုင်ဘာနဲ့ သက်တော်စောင့် ဖြစ်သည်။ သူက မမြင်နိုင်တဲ့ နဉ်စစ်ရဲ့ကိစ္စတော်တော်များများကိုလည်း လုပ်ဆောင်ပေးခဲ့သည်။ သူ ဖုန်းလက်ခံရပြီးတာနဲ့ အကြောင်းပြချက်ကို မမေးဘဲ စောင့်ကြည့်မှတ်သားစစ်ဆေးပေးတဲ့ ကိရိယာကို တပ်ဆင်ဖို့ ပြင်ဆင်လိုက်သည်။

နောက်တစ်နေ့ နဉ်စစ်နျန် အလုပ်သွားတဲ့အချိန် ကျောက်ကျွင့်သည် လေအေးပေးစက်ကို သန့်ရှင်းရေးလုပ်သလို ဟန်ဆောင်ပြီး 'နဉ်'အိမ်ရဲ့ထောင့်တိုင်းမှာ ကင်မရာတွေကို တပ်ဆင်လိုက်သည်။ သူက ရေချိုးခန်းတောင်မချန် နေရာတိုင်းမှာ တပ်ဆင်လိုက်သည်။ နောက်ဆုံး ဆန်စေ့အရွယ်အစား နားထောင်တဲ့ကိရိယာလေးကို ဝမ်ရှုရဲ့လော့ကတ်သီးထဲတွင် တပ်ဆင်လိုက်သည်။

အခုအချိန်က နွေရာသီအားလပ်ရက် ဖြစ်လို့ ကျူးယွင်ရှန့်သည် အတန်းတက်စရာ မရှိတာကြောင့် မနက်စာစားပြီးတာနဲ့ စတူဒီယိုအခန်းထဲ နေ,နေလိုက်သည်။ အခု သူက ဝေ့ရှီရန်ရဲ့နေရာ ယူထားတာကြောင့် ဝေ့ရှီရန်ရဲ့အိပ်မက် အောင်မြင်အောင် လုပ်ဆောင်ပေးရမယ်။

ဝေ့ရှီရန်ရဲ့အိပ်မက်က ခမ်းနာကျော်ကြားတဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့က လွဲပြီး တခြား ဘာမှမဖြစ်နိုင်ဘူး။

အိမ်မှာ စောင့်ကြည့်ကိရိယာတွေ အများကြီးရှိနေပေမယ့် သူရဲ့စိတ်ခံစားမှုက တဖြည်းဖြည်းနဲ့ ပိုပြီး တောက်ပလာပြီး သေးသွယ်ဖြူဖွေးတဲ့ လက်ဖျားလေးကို ဆန့်ထုတ်ကာ ကင်းဗတ်ပေါ်က အဖြူရောင် ပိတ်စကို ဖယ်ရှားလိုက်သည်။

အဲဒါက ပြီးပြည့်စုံတဲ့ ကျေးလက်အလှနှင့် သရုပ်ဖော်ရူခင်း ပန်းချီကားဖြစ်သည်။ အဲဒါက 'နဉ်' အိမ်ရဲ့ ဥယျာဉ်ဖြစ်ပြီး တောက်ပတဲ့ နေအလင်းရောင်က နှင်းဆီဥယျာဉ်က ပွင့်အာနေတဲ့နှင်းဆီပန်းပေါ် ကျရောက်နေတဲ့ပုံ ဖြစ်သည်။ နွေးထွေးတဲ့ အရောင်သုံးထားတာက ပျော်ရွှင်မှုကို လူတွေ ခံစားမိစေတယ်။ ပြောရမယ်ဆိုရင် ဝေ့ရှီရန် ပန်းချီဆွဲတဲ့ပုံစံက အရှိန်အဝါ ခံစားမှုတစ်ခုခု ဖြစ်ပေါ်စေပေမယ့် သူရဲ့အထီးကျန်ခံစားမှုကြောင့် နက်ရှိုင်းတဲ့အရာ တစ်ခုခု ပျောက်ဆုံးနေတယ်။

သူ့ပန်းချီကားက အရမ်းအနုစိတ် အရမ်းလှပပြီး မြင်ရုံနဲ့ ပျော်ရွှင်မှုကို ပေးပေမယ့် လူတွေရဲ့ စိတ်နှလုံးကိုတော့ မလှုပ်ခါနိုင်ပါဘူး။

ကျူးယွင်ရှန့်သည် ဘဝတိုင်းမှာ ဗီလိန်ဖြစ်ခဲ့သော်လည်း နှစ်ထောင်ပေါင်းများစွာ လူစားဝင်ခဲ့သည်။ ဗီလိန်တစ်ယောက်က စွမ်းရည် အရည်အချင်းမရှိရင် ဇာတ်လိုက်နဲ့ ဘယ်လိုယှဉ်ပြိုင်နိုင်မှာလဲ။ ကမ္ဘာတိုင်းမှာ သူက သူ့တာဝန်ကို ပြီးမြောက်အောင်လုပ်ရုံမက များစွာသော အတတ်ပညာကို လေ့လာသင်ယူဖို့လည်း မမေ့လျော့ခဲ့ဘူး။ သူက ဗိုလ်ချုပ်ကြီး၊ ဧကရာဇ်၊ ထာဝရရှင်​သန်​သူ၊ သူရဲ​ကောင်း၊ မြို့စား၊ ပုပ်​ရဟန်းမင်းကြီး၊​မျက်​လှည့်​ဆရာ စသည့်​ဖြင့်​ပုံစံအမျိုးမျိုး လူစားဝင်ခဲ့ပြီး အဲအတွေ့အကြုံတွေက အဆုံးမသတ်နိုင်တဲ့ နာကျင်မှုကို ပေးတဲ့အပြင် တန်ဖိုးမဖြတ်နိုင်တဲ့ ချမ်းသာမှုကိုလည်း ပေးခဲ့တယ်။

သူ လေ့လာခဲ့တဲ့ ပညာထဲမှာ ပန်းချီပညာလည်း အပါအဝင်ဖြစ်တယ်။ တရုတ်ပန်းချီကားပဲဖြစ်ဖြစ် ရေဆေးလား ဆီဆေးလား ဒါမှမဟုတ် ပုံကြမ်းပဲဖြစ်ဖြစ် သူ့လက်ထဲတွင် စုတ်တံရှိနေသရွေ့ သူ ကမ္ဘာကြီးကို ဖန်တီးနိုင်တယ်။

ပန်းချီနဲ့ပတ်သက်ပြီး သူရဲ့ ထူးချွန်မှုက ကမ္ဘာမှာ လုံးဝမနှိုင်းယှဉ်နိုင်ဘူး။ ဒီကမ္ဘာမှာတောင်မှာ သူနဲ့ ယှဉ်နိုင်မယ့်သူ တစ်ယောက်မှ မရှိဘူး။ ဒါကြောင့် ဝေ့ရှီရန်ရဲ့ အိပ်မက်ကို ဖြည်းဆည်းပေးဖို့က ကျူးယွင်ရှန့်အတွက်တော့ လုံးဝပြဿနာမရှိဘူး။

ကျူးယွင်ရှန့်သည် ဝေ့ရှီရန်ရဲ့ ပန်းချီကားကို ဖြည်းဖြည်းချင်း စေ့စေ့စပ်စပ်ကြည့်ကာ ရှီရန်ရဲ့တက်ကျွမ်းမှုကို ခန့်မှန်းနေသောကြောင့် အခန်းက တိတ်ဆိတ်နေပြီး သစ်ရွက်တွေကို ဖြတ်တိုက်နေတဲ့ လေပြည်လေညှင်းအသံကိုပဲ ကြားနေရသည်။ အဲအချိန်မှာ သေးငယ်တဲ့ပုံသဏ္ဌာန်လေး ဝင်လာတယ်။ သူက တံခါးပေါက်ဝမှာ ရပ်နေခဲ့တယ်။ ကင်းဗတ်ပေါ်က လှပတဲ့သဘာဝရှုခင်းက သူ့ကို ဖမ်းစားလိုက်လို့ တလှမ်းချင်း တလှမ်းချင်း လှမ်းလာကာ ကျူးယွင်ရှန့်၏နောက်တွင် တိတ်တဆိတ်ရပ်နေလိုက်သည်။
ကျူးယွင်ရှန့်သည် ဝေ့ရှီရန်ရဲ့စတိုင်ကို ခန့်မှန်းရင်း စုတ်တံနဲ့ ဆေးစပ်တဲ့ချပ်ပြားကို ကောက်ကိုင်ရန် လှည့်လိုက်ရာ နဉ်ဝမ်ရှုနှင့် မျက်လုံးချင်းဆုံသွားခဲ့သည်။

သူတို့နှစ်ယောက်လုံး ကိုးရိုးကားရားဖြစ်သွားပေမယ့် တစ်ယောက်နဲ့တစ်ယောက် လန့်သွားကြသည်။ သူတို့က 'မင်း ငါ့ကို မြင်တယ်' 'ငါ မင်းကို မြင်တယ်' ဆိုတဲ့ ဗလာအကြည့်နဲ့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ကြည့်နေခဲ့သည်။

အချိန်နည်းနည်းကြာတော့ ကျူးယွင်ရှန့်က ဖြည်းဖြည်းချင်း ဖြည်းဖြည်း သူ့လက်ကို ဆန့်ထုတ်ကာ နဉ်ဝမ်ရှုဘေးက ခုံတန်းပေါ်တင်ထားတဲ့ ဆေးစပ်တဲ့ချပ်ပြားလေးကို ကောက်ကိုင်လိုက်သည်။ နဉ်ဝမ်ရှုက နောက်ဆုတ်သွားပေမယ့် သူ့ကို မထိမှန်းသိတော့ ရပ်သွားပြီး မျက်လုံးဝိုင်းလေး တစ်စုံနဲ့ မော့ကြည့်နေခဲ့သည်။ 7

ကျူးယွင်ရှန့်သည် သူ့ကို လျစ်လျှူရှုကာ ဆေးတွေကို ရေရောစပ်လိုက်ပြီး ကင်းဗတ်ပေါ်မှာ ရေးဆွဲလိုက်သည်။ ဦးလေးနဲ့တူလေးသည် တစ်ယောက်နဲ့တစ်ယောက် နီးနီကပ်ကပ်ရပ်နေပြီး ပန်းချီပေါ်ပဲ အာရုံစူးစိုက်နေကြသည်။ နှစ်ယောက်လုံးရဲ့ မျက်နှာသေပုံစံနဲ့ သိမ်မွေ့ထက်မြတ်တဲ့ မျက်နှာနှစ်ခုက အနည်းငယ် ရယ်စရာကောင်းနေပေမယ့် အရမ်းကို နွေးထွေးပြီး ကြည်နူးပျော်ရွှင်စရာကောင်းပုံလည်း ပေါ်နေသည်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі