Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 4.3
အခန်း(၃၃)လင်းချန်​စယ်​ဘဝ+

Translator -MayHoney127

သူတို့က AYAရဲ့ တရုတ်​နိုင်ငံက Companyအခွဲတစ်ခုကို သွားတယ်။ ဝန်ထမ်းတွေက listနဲ့ တိုက်စစ်ပြီးတော့ ပြိုင်ကိုပွဲဝင်နေရာကို လိုက်ပို့ပေးတယ်။ ကော်ရစ်တာက လူတစ်ယောက်က တအံတဩနဲ့

"ယုမေလျန် ဒီကိုဘာလာလုပ်တာလဲ?Anne လူရွေးပွဲမှာ မပါဘူးမလား?"

ယုမေလျန်က ပြန်လက်ပြရင်း

"Anne မပါပင်မယ့် ချန်စယ်က ရွေးခံရတယ်လေ။ ချန်စယ် ဒါက ဝူထောင်တဲ့။ ငါတို့companyက ရွှေအဆင့်agentတစ်ယောက်ပေါ့"

ဝူထောင်က ချန်စယ်ဆိုတာ ဘယ်သူလဲလို့ တအံ့တဩစဉ်းစားနေတုန်း ယုမေလျန်နောက်က ကောင်လေးတစ်ယောက် ထွက်လာတာ မြင်လိုက်ရတယ်။ သူ့မှာ တောက်ပတဲ့ မျက်ဝန်းတစ်စုံရယ်၊ စိုရဲနီထွေးနေတဲ့ နှုတ်ခမ်းတစ်စုံနဲ့ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းတွေ ရှိတယ်။ သူ့ရုပ်သွင်က ကော်ရစ်တာက လူတိုင်းကို မင်သက်သွားစေတယ်။ လူတိုင်းက သူ့ကိုခိုးကြည့်နေကြရင်း "AYAရဲ့မူကြမ်းက သူ့အတွက် တမင်လုပ်တာထားလား" ဆိုပြီး တွေးနေမိကြတယ်။

ဝူထောင်ချန့်က စိတ်ငြိမ်အောင်ထားပြီး သူ့အနုပညာရှင်ကို ခြုံကြည့်လိုက်တယ်။ သူမရဲ့ အရည်အချင်းက အရမ်းမြင့်ပင်မယ့် သူနဲ့ယှဉ်ရင် သာမန်လွှင့်ပစ်ခံရမယ့် ကုန်ပစ္စည်းလို ပေါသွားတယ်။

"သူ့နာမည်က ဘယ်သူလဲ? သူ့ကိုဘယ်ကရှာခဲ့တာလဲ?"

ယုမေလျန်က ကောင်လေးထိုင်ဖို့ နေရာရှာပေးပြီးတော့ ဝူထောင်ဘက်ကို ဂုဏ်ဆာနေတဲ့အပြုံးနဲ့ လှည့်ဖြေတယ်။

"သူက Simonရဲ့ အနုပညာရှင်လေ"

ဝူထောင်မျက်နှာက တန်းပုပ်သိုးသွားတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ အရည်အချင်းအရှိဆုံးဆိုတော့ အလားအလာအရှိဆုံးသူတွေကို သူအရင်ရွေးတယ်။ ကျန်တာတွေကမှ ယုမေလျန်နဲ့ တခြားagentတွေဆီ ရောက်တယ်။

"မဖြစ်နိုင်တာ! ငါသူ့ကို ဘာလို့မမြင်ဖူးရတာလဲ"3

ယုမေလျန်က ဝူထောင်ရဲ့ မျက်နှာမဲကြီးကို ပျော်ရွှင်စွာ တခစ်ခစ် ကြည့်ရယ်ရင်း
"ငါ့အထင် သူကဝှက်ဖဲ ဖြစ်မယ်။ ဒါကြောင့် Simonက သူ့အချက်အလက်တွေကို ဖွက်ထားတာ။ ငါတို့ကျန်တဲ့သူတွေရွေးတော့ ငါ့ဆီရောက်လာတာလေ။ သူ့ကံကလည်း အရမ်းကောင်းပဲ။ လမ်းလျှောက်ထွက်ရင်း AYA ကိုယ်စားလှယ်တစ်ယောက်က မြင်သွားလို့ ဒီinterviewထဲ ပါလာတာရယ်"+

Agentနှစ်ယောက် လေပေါနေတဲ့အချိန်မှာ ကျိုးယွင့်ရှန်က နားကြပ်တပ်ရင်း တည်ငြိမ်စွာ သီချင်းနားထောင်နေတယ်။ ဝူထောင်ခေါ်လာတဲ့ အနုပညာရှင်က Idol groupတစ်ခုက memberတစ်ယောက်ဖြစ်တဲ့ Boa ဖြစ်တယ်။ ဘာဖြစ်လို့လဲခေါ်လဲဆိုတော့ သူမက အရမ်းနူးညံ့တဲ့ပုံလေးနဲ့ လူကြိုက်များတာကြောင့် ဖြစ်တယ်။ သူမ အစကတောင်ကြည့်မြောက်ကြည့် ကြည့်တုန်းက ဒီထဲမှာသူမလောက် ဘယ်သူမှမလှတော့ စိတ်ကြီးဝင်နေတယ်။ ဒါပင်မယ့်အခု လင်းချန်စယ်ကိုတွေ့တော့ ယုံကြည်မှုလျှော့သွားတယ်။ သူ့အနားထိုင်ရင် ဖုန်မှုန့်လိုဖြစ်သွားမှာ ကြောက်တဲ့အလား သူမက ဝေးရာကို နေရာပြောင်းပြောင်းထိုင်နေတယ်။

ပြိုင်ပွဲဝင်တွေက အခန်းထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်သွားတယ်။ တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်ခံရတယ်။ AYAရဲ့ အဓိကဒီဇိုင်နာ Orlandoက သူတို့ကို စိတ်ပျက်စွာကြည့်ရင်း လက်ခါပြတယ်။

"အသားအရည်က နူးညံ့မနေဘူး ထွက်သွား!"

"ဒီလိုရုပ်မျိုးနဲ့ ဒီကိုလာရဲတယ်လား?ယုံကြည်မှုရှိတာက ကောင်း​ပေမယ့် ယုံကြည်မှုလွန်ကဲသွားရင် မကောင်းတော့ဘူး
ထွက်သွား!"

"အသက်က ဘယ်နှနှစ်? ၁၅နှစ် ဟုတ်လား? ၃၅နှစ်မဟုတ်တာ သေချာလား? မျက်တွင်းတွေကျနေတာက နှာခေါင်းနားရောက်တော့မယ် ထွက်သွား!"1

"ငါပြောတာက ရင့်ကျတ်​စွာဆွဲဆောင်မှုရှိတဲ့ ဖြူစင်နူးညံ့မှု ။ ဒါကဘာလဲ? အနုပညာရှင်လား အပျက်မလားတောင် မကွဲဘူး။ အရမ်းအပေါစားဆန်လွန်းတယ်။ ထွက်သွား!"1

Orlandoက လူတစ်ဒါရင်လောက်ကို ဖယ်ထုတ်လိုက်တယ်။ သူနဖူးကိုထောက်ရင်း ရူးတော့မလို ခံစားရတယ်။ အဲ့ဒီက ဝန်ထမ်းတွေကလည်း သူရူးနေပြီလို့ ထင်နေကြတယ်။

ရင့်ကျတ်စွာဆွဲဆောင်မှုရှိတဲ့ ဖြူစင်နူးညံ့မှု! လုံးဝမဖြစ်နိုင်တာကြီး!
Eng skillက မူကြိုအဆင့်ပဲရှိရင်တောင်မှ ဒီနှစ်ခုက သံဟဇာတမတည့်တာ သိတယ်။ တစ်ယောက်ယောက်က ဒီလိုအလှမျိုး ရှိတယ်ပဲထားဦး။ ဒီပွဲကို မသိရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ဒီလိုအလွန်အကြူးလှဖို့ဆိုတာ လူသားတစ်ယောက်က ဖြစ်နိုင်ပါ့မလား?

Orlandoက ဝန်ထမ်းတွေရဲ့ တီတိုးစကားတွေလည်း မကြားနိုင်ဘူး။ သူလူတွေ့ထပ်စစ်ရင်း ထပ်ကန်ထုတ်နေတုန်းပဲ။ နောက်ဆုံး ဝူထောင်​ရဲ့ အနုပညာရှင်ကတော့ မျက်စိထဲထင်းလာတယ်။ မျှော်လင့်ချက်တွေနဲ့ တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ သူမကို လက်ယပ်ခေါ်တယ်။

"သေချာ ကြည့်ကြည့်ရအောင်"

Boaစိတ်သက်သာရာရသွားတယ်။ သူမကြော့ရှင်းစွာ လျှောက်သွားတယ်။ ဒါပင်မယ့် ခြေလှမ်းတွေက နည်းနည်း စိတ်လှုပ်ရှားနေတယ်။ Orlandoက သူမလက်ဖမိုးကို ကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း သေချာကြည့်လိုက်တယ်။ နောက်မေးစေ့ကိုကိုင်ပြီး မျက်နှာကိုဆွဲလှည့်ကြည့်တယ်။ ခဏကြာတော့ ခေါင်းငြိမ့်လိုက်တယ်။

"အသားအရည်ကောင်းတယ် Auditionစမယ်"

Boaက ပြောင်ရှင်းနေတဲ့အခန်းအလည်က နှင်းဆီအိုးကို ကြောင်ကြည့်ရင်း

"Auditionကို ဘယ်လိုလုပ်ရမှာလဲဟင်? အဓိကpointကရော?"

Orlandoက ထူးထူးဆန်းဆန်း စိတ်ရှည်စွာနဲ့

"ဘာpointမှ မရှိဘူး ဟိုကိုသွားပြီး အိုးထဲကနှင်းဆီတွေကို အနံ့ခံရုံပဲ"

အနံ့! ဟုတ်သားပဲ။ ဒါကရေမွှေးကြော်​ညာပဲ။ ဒါကြောင့် ပြိုင်ဘက်ကင်းအနံ့ကို ပြရမယ်။ အနံ့ခံပြီးရင် သဘာဝကျကျလေးစွဲသွားသလို ငါ့လှတဲ့ပုံစံကို ပြရမယ်။ လူတွေကို ဒီပန်းတွေက ဖမ်းစားသွားသလိုမျိုးလေးလို့ Boaက တွေးမိသွားတယ်။

Boaက တော်ဝင်ဥယျာဉ်ကြီးမှာ အပြစ်ကင်းတဲ့ ကလေးမလေး ကစားနေသလိုမျိုး ခုန်ပေါက်ပြီး သွားတယ်။ ရုတ်တရပ်သူမက တော်ဝင်နှင်းဆီပန်းတွေရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရသလိုမျိုး အရမ်းအံ့ဩသွားပြီး သဘောကျတဲ့ပုံစံမျိုးပြကာ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားတယ်။ သူမရဲ့ ခြေလှမ်းတွေက နှင်းဆီပန်းလေးတွေက လိပ်ပြာလေးတွေလို ပျံထွက်သွားမှာ ကြောက်သည့်အလား ပေါ့ပါးနူးညံ့နေတယ်။ ပန်းတွေရှေ့ရောက်တော့ ယဉ်ကျေးသိမ်မွေ့စွာ မျက်လုံးတွေမှိတ်ပြီး ငုံ့ လိုက်တယ်။ သူမရဲ့သိမ်မွေ့တဲ့မျက်နှာနဲ့ နှင်းဆီနီနီတို့က လိုက်ဖက်ကြတယ်။
ဝန်ထမ်းတွေက Orlandoကို ကျေနပ်တဲ့အပြုံးတွေနဲ့ မျှော်လင့်တကြီး ကြည့်ကြတယ်။ Orlandoကတော့ စိတ်တိုစွာနဲ့

"ငါ့အချိန်တွေ လာဖြုန်းနေတာပဲ! ထွက်သွား!"

Orlandoက နူးညံ့သိမ်မွှေ့မှုဆိုတာကို မသိဘူး။ မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ နာမည်စာရင်းစာရွက်ကို စာလိပ်ဘူးထဲထည့်ကာ စားပွဲပေါ်ကို ရိုက်ချလိုက်တယ်။
Boaက သေလောက်အောင်ရှက်သွားပြီး မျက်နှာကိုလက်နဲ့အုပ်ကာ ပြေးထွက်သွားတယ်။ ဒီကြော်​ညာအတွက် တာဝန်ရှိတဲ့ ဒါရိုက်တာက Orlandoကို သည်းမခံနိုင်တော့ဘဲ ဖျောင်းဖျတော့တယ်။

" Orlando ဒီကလေးမလေးက တော်တော်လေးကို တော်ပါတယ်။ မင်းလိုချင်မယ့်ပုံစံမျိုးကို ပြနိုင်တာပဲ။သူ့အချက်အလက်တွေလည်း ငါဖတ်ကြည့်ပြီးပြီ။ သူကအကောင်းဆုံးပဲ။ သူမရှိဘဲ မင်းရိုက်လို့ရမှာ မဟုတ်ဘူး"

"ငါအတုတွေနဲ့ ရိုက်မယ့်အစား မရိုက်ဘဲနေတာမှ ကောင်းဦးမယ်။ ပန်းတွေဆိုတာက ဆွဲဆောင်မှုရှိတဲ့ အနံ့တင်မဟုတ်ဘူး။ အရိုင်းဆန်ဆန် အဖူးအပွင့်အပြည့်နဲ့ ပွင့်နေတာ။ဒီအနံ့နာမည်က "အလွန်အကြူး"တဲ့။ မင်းတို့တရုတ်​နိုင်ငံရဲ့ သမိုင်းဝင်ဆွဲဆောင်မှုပြင်းတဲ့ အဓိပ္ပါယ်မျိုး။ ငါလိုချင်တဲ့အလှက တည်ငြိမ်​ပေမယ့် အရိုင်းဆန်တဲ့ အလွန်အကြူးအလှမျိုး။ ဒီလိုအလှမျိုးကမှ ငါ့ရေမွှေးနဲ့တန်တာ။ နားလည်ပြီလား?"2

ဒါရိုက်တာနဲ့ ဝန်ထမ်းတွေက ပုတ်​သင်ညိုလို ထပ်ခါထပ်ခါ ခေါင်းငြိမ့်လိုက်ကြတယ်။ Orlando ဘာကိုဆိုလိုချင်တာလဲဆိုတာ နားလည်ပင်မယ့် သူတို့စိတ်ထဲက မပြောင်းမလဲတွေးနေမိတာက+

ခင်ဗျားညွှန်းနေတဲ့သူက နတ်တစ်ပါး မဟုတ်တာ သေချာလို့လား? ဒီကြေညာမှာ special effectsတွေနဲ့ 3D verမျိုး ရိုက်တာကမှ အနည်းဆုံး ခပ်မြန်မြန်နဲ့ ယုတ္တိရှိဦးမယ်။

Orlandoက အော်ပြောလိုက်တယ်။

"နောက်တစ်ယောက် ဝင်လာခဲ့"

ကျိုးယွင့်ရှန်က မေလျန့်ပုခုံးကို တိုက်သွားပြီး နားကြပ်ကိုဖြုတ်ကာ အထဲကို ဖြည်းဖြည်းချင်း ဝင်သွားတယ်။

"မင်္ဂလာပါ။ ဟွာယွိ ကုမ္ပဏီက လင်းချန်စယ်ပါ။ ကျွန်တော့် အသက်က 17နှစ်၊ အရပ်က 176cmနဲ့ အလေးချိန်က 53kgရှိ ..."

Orlandoက သူမိတ်ဆက်တာကိုတောင် ပြီးအောင်မစောင့်နိုင်တော့ဘဲ စိတ်မရှည်စွာ အနားကိုလက်ယက်ခေါ်လိုက်တယ်။

"OMG! မင်းကိုစောင့်နေတာ လာပါဦး"

ကျိုးယွင့်ရှန်ရဲ့ မက်မွန်သီးလို မျက်ဝန်းတွေက ကြည်တောက်နေပြီး တည်ငြိမ်စွာ လျှောက်သွားလိုက်တယ်။ Orlandoက သူ့မေးကို ကိုင်ပြီးကြည့်တယ်။ လက်ချောင်းတွေက နူးညံ့ဖွေးဥနေတဲ့ အသားအရည်ကို ထိမိတော့ ရပ်တန့်သွားတယ်။ နောက်ဂရုတစိုက်နဲ့ မိနစ်အတော်ကြာကြာကြည့်ပြီးတော့

"အသားအရည် အရမ်းကောင်းတယ် Auditionစရအောင်"

ဒါရိုက်တာနဲ့ ဝန်ထမ်းတွေက ဒီကောင်လေးရုပ်ရည်က Boaထက်သာတယ်ဆိုတာ လက်ခံပါတယ်။ သူက တရုတ်​နိုင်ငံရဲ့ နာမည်ကြီးstar ကျွမ်းရီကျိ​ထက်တောင် သာနေသေးတယ်။

"အိုးထဲကပန်းတွေကို အနံ့ခံရုံပဲမလား?"

သူ့မျက်နှာအမူအယာက moodသွင်းလိုက်တော့ ကလေးကနေ နတ်ဆိုးလေးဖြစ်သွားတယ်။ ကျိုးယွင့်ရှန် သူ့AIကနေ AYA computerစနစ်ထဲကို ဝင်ကြည့်နေတာကြာပြီ။ သူBoaရဲ့ auditionရော Orlandoရဲ့ အနံ့မိန့်ခွန်းရော မြင်ပြီးကြားပြီးသွားပြီ။ အလွန်အကြူးဆိုတာ ဆွဲဆောင်မှုပြင်းတာ။
တော်ဝင်ဥယျာဉ်ကြီးတစ်ခုက သူ့စိတ်ဝင်စားမှု မခံရသလိုမျိုး သူ့ခြေလှမ်းတွေက စိမ်ပြေနပြေနဲ့ တည်ငြိမ်လှတယ်။ သူနှင်းဆီပန်းတွေ ရှေ့မှာရပ်လိုက်ပြီး ဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်​လိုက်တယ်။ သူ့ဖြူဖွေးနူးညံ့လှတဲ့ လက်လေးနဲ့ နှင်းဆီပွင့်ဖတ်တွေကို နူးညံ့စွာပွတ်သပ်လိုက်တယ်။ ဒါပင်မယ့် တခြားသူတွေကို သူကအပြစ်ကင်းတဲ့ ကလေးတစ်ယောက် မဟုတ်ဘူးဆိုတာပြရင်း သူ့မျက်ဝန်းတွေက အေးစက်ဆဲပဲ။ သူကစားလို့ဝသွားတော့ ပြန်​လှည့်​ဖို့လုပ်​ပေမယ့် ရိုးတံကဆူးက သူ့လက်ထိပ်ကိုစူးမိသွားပြီး သွေးနီနီက ဖြည်းဖြည်းချင်းထွက်လာတယ်။သူ့မျက်ဝန်းနက်နက်တွေက အရမ်းစိတ်ဝင်စားဟန်ပြပြီး အပြုံးတစ်ပွင့်ပြုံးလိုက်တယ်။

သူလက်ချောင်းတွေကို ရုတ်တရပ်ဆုတ်​လိုက်တော့ နှင်းဆီရဲရဲလေးရဲ့ရိုးတံဟာ ကျိုးသွားတော့တယ်။သူ့လက်ထိပ်ကသွေးနဲ့ ရိုးတံကအရည်တို့က အတူတူရောစပ်သွားတယ်။ သူနှစ်နှစ်ကာကာပြုံးလိုက်ပြီး လက်ကိုမြောက်ကာ ပန်းကိုနှာခေါင်းနားယူပြီး အနံ့ခံလိုက်တယ်။ သူ့မှိတ်ထားတဲ့မျက်လုံးနဲ့ အနံ့နောက်မျောပါနေတဲ့ပုံက အရမ်းလိုက်ဖက်တယ်။ သူ့ပါးပေါ်ကို ပန်းကအရည်တွေက စီးကျနေတယ်။ ရာဂအပြည့် ဖုံးလွှမ်းနေတဲ့ မက်မွန်သီးလိုမျက်ဝန်းတွေ ပွင့်လာတော့ ပန်းရောင်လျှာလေးက ခပ်ပြူပြူလေး ထွက်လာတယ်။ သူ့မျက်နှာလေးက ဖြူစင်နေပင်မယ့် ဆွဲဆောင်မှုလည်းရှိနေတယ်။ ဒီလိုအလှတရားတွေပေါက်ထွက်လာတာက အဝေးကနေတောင် အရိုင်းဆန်ဆန်ရနံ့ကို ရနိုင်တယ်။1

Orlandoက သွားရေတချက်မြိုချလိုက်တယ်။ ကျန်တဲ့ဝန်ထမ်းတွေက ပါးတွေနီရဲပြီး အိပ်မွေ့ချလိုက်ရသလိုမျိုး အကြာကြီးမျောပါနေတယ်။ Orlandoက ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်တယ်။9

"အဟမ်း! လင်းချန်စယ် အင်း ဟွာယွိ ကုမ္ပဏီကနော် ဟုတ်ပြီ ဟုတ်ပြီ နောက်၃ရက်ကြာရင် ငါတို့ကြေညာရိုက်မှာမလို့ အသားအရည်ထိန်းထိန်းသိမ်းသိမ်းနေဖို့ မမေ့နဲ့နော်"

ပြီးတော့ ထိန်းမနိုင်သိမ်းမရ တဒုန်းဒုန်းခုန်နေတဲ့ ရင်ဘက်ကို ဟိုဘက်အမြန်လှည့်ပြီး ဖိထိန်းလိုက်ရတယ်။ လင်းချန်စယ်က ပြုံးရင်းခေါင်းငြိမ့်ပြလိုက်တယ်။ ပန်းကိုအမှိုက်တောင်းထဲ ထည့်ပြီးတော့ လက်ကိုင်ပုဝါနဲ့ သူ့လက်ပေါ်က အရည်တွေကိုသုတ်ပစ်လိုက်တယ်။ သူ့ကိုယ်ပေါ်မှာ အကြည့်စူးစူးတစ်ချက်ကို ခံစားမိလို့ တံခါးဘက်ကို ကြည့်လိုက်တော့ ဘယ်သူမှမရှိဘူး။+

~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~

ချောင်းမို့ခွန်းက အပေါ်ဆုံးထပ်ကို ဓာတ်လှေကားစီးပြီး တက်သွားတယ်။ AYAဆိုတာက ချောင်းရဲ့companyတစ်ခုပဲ။ ဒါကြောင့် ဒီနေ့ရုံးလာဖို့ ဖြစ်သွားတယ်။

"ဒီကောင်လေးကို မြင်ဖူးနေသလိုပဲ"

သူ့အမူအယာက ဇိမ်ပြေနယ်​ပြေနဲ့ပျင်းတိပျင်းရွဲ့ ဖြစ်နေ​ပေမယ့် သူ့ဘောင်းဘီဂွကြားမှာ​တော့ အတော်ကြီးကို ဖုထောင်နေပြီး သူ့ရဲ့တကယ့်စိတ်လှုပ်ရှားနေမှုကို မဖုံးကွယ်နိုင်ဘူး။5

"သူက ကျီလေးရဲ့ အတန်းဖော် လင်းချန်စယ်ပါ။ သူကျွန်တော်တို့နဲ့ ညစာခဏခဏစားဖူးပါတယ်"

ချောင်းမို့ခွန်းက သူ့ကိုမှတ်မိဖို့ အတော်တွေးယူလိုက်ရတယ်။ သူအရမ်းအံ့ဩသွားတဲ့လေသံနဲ့

"ငါ့ကိုလာမြူဆွယ်တဲ့ ကောင်လေးလား?မင်းသေချာလို့လား?"

သူအဲ့ဒီခပ်ပေါပေါဆယ်ကျော်သက်ကောင်လေးနဲ့ အခုတွေ့ခဲ့ရတဲ့ ညို့ ဓာတ်ပြင်းလွန်းတဲ့ နတ်သားလေးကို ဘယ်လိုမှတွဲမြင်မရဘူး။ လက်ထောက်က သေချာတွေးပြီး တုံ့ဆိုင်းမနေဘဲ ခေါင်းငြိမ့်ရင်း

"သေချာပါတယ်"

ချောင်းမို့ခွန်းက မျက်တောင်တခတ်​အတွင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်တယ်။

"သူငါ့ကိုထပ်လာမြူဆွယ်ရင် ဝမ်းသာအားရ လက်ခံလိုက်တော့မယ်"8

လက်ထောက်က သူ့bossအကြောင်း သေချာသိတော့ ခဏစဉ်းစားပြီး ပြောတယ်။

"Boss . . . သူက ကျီ​ရှောက်​ရဲ့​ကောင်​လေးနော်။
တူလေး စိတ်ဆိုးသွားမှာ မစိုးရိမ်ဘူးလား?"

ချောင်းမို့ခွန်းက စိတ်တိုစွာနဲ့

"ဒီလိုလူမျိူးကို ဟန်ယွိက ဘယ်လောက်ကြာကြာ ဖမ်းဆုပ်ထားနိုင်မှာမလို့လဲ? အနှေးနဲ့အမြန် ပျံထွက်သွားမှာ မဟုတ်ဘူးလား? ဒါ​ပေမယ့် ကိစ္စမရှိဘူးငါကစားရရုံနဲ့တတင်ယ်​သူတို့လမ်းခွဲစရာမလိုဘူး။ ငါပျင်းလာရင် ပိုက်ဆံနဲ့ နှုတ်ပိတ်လိုက်မှာပေါ့။ ဟန်ယွိတောင် မသိစေရဘူး"
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі