Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 1.9
အခန်း(၉) ကျိူးယွင်​ရှန့်​ဘဝ +

ကျိူးယွင်​ရှန့်​ရေချိူးခန်းမှအထွက်​ရုတ်​တရပ်​နောက်​မှသိုင်းဖက်​ခံလိုက်​ရသည်​။ ကြမ်းရှရှလက်​ဖဝါးတို့ကခါးခွင်​တွင်​ရစ်​ဝဲ​နေပြီး​အောက်​ပိုင်းသို့တဖြည်းဖြည်းဆင်းသက်​သွားသည်​။ သူညည်းငြူရင်းတုန်​ရင်​နေသည့်​အသံဖြင့်​မေးလိုက်​သည်​။
"ခင်​များ....ရှယ်​ယာ​တွေ... သူ့ကို​ရောင်းလိုက်​တာလား''

"အင်​'' အသံများတုန်​ရီ​နေသည့်​ချစ်​သူ​လေး​ကြောင့်​သူမ​နေနိုင်​တော့ နှုတ်​ခမ်းပါးတို့ကိုတိုက်​ခိုက်​တော့သည်​။ ထို့​နောက်​ဖွေးဥဥလည်​တိုင်​နုကို ရပ်​တန့်​၍မရနိုင်​လောက်​သောတပ်​မက်​ခြင်းပြီးနှုတ်​ခမ်းဖြင့်​ဖိကပ်​စုပ်​ယူနမ်းရှိုက်​လေ၏။ 1

"အာ...''ကျိူးယွင်​ရှန့်​ညည်းညူ​နေရင်းကပင်​လှောင်​လိုက်​သေးသည်​။ ''ကိုယ့်​တူကိုယ်​စက္ကူစုတ်​တစ်​ရွက်​ရောင်းလိုက်​တာ ခင်​များကတကယ်​ကို​ကောင်းတဲ့ဦး​လေးပဲ​နော်​''

"ဒါသူ့အတွက်​ကောင်းတယ်​။သူစီးပွား​ရေး​လောကထဲရှိ​နေတာကြာပြီ ကျရှုံးမှုကိုလည်းရင်​ဆိုင်​ရမယ်​။ ဒါမှမဟုတ်​ရင်​တကယ်​အကြပ်​အတည်းကြုံတဲ့အခါခံစားနိုင်​မှာမဟုတ်​ဘူး''

ကျိူးယွင်​ရှန့်​က​တော့တုရွှီလန်​၏အပြုအစုတွင်​သာအာရုံစိုက်​ထားပြီးပြန်​ဖြေဖို့မအား​တော့​ပေ။ ဒီ​လောကရဲ့အဓိကဇာတ်​လိုက်​ဖြစ်​တဲ့အ​လျောက်​ကျိူးဝန်​ကျင့်​ကဘဝအချိူးအ​ကွေ့​တွေကိုရင်​ဆိုင်​ရမှာသဘာဝပဲ။ ဒါ​ပေမယ့်​အခုလက်​ရှိက တုရွှီလန်​နဲ့သူ့​မောင်းမ​တွေရဲ့အကူအညီနဲ့ပါး​ပြောင်​နေတာ။ တုရွှီလန်​ဆိုတာစည်းမျဉ်းစည်းကမ်း​တွေမရှိတဲ့လူလို့ဆိုနိုင်​သည်​။ အ​ရှေ့မှာ​ထောင်​ချောက်​ရှိ​လို့ ပြုတ်​ကျလျှင်​တောင်​အေး​ဆေးထိုင်​ကြည့်​ပြီးစိတ်​ပါလျှင်​တွန်းပါချမည့်​လူစားဖြစ်​သည်​။ သူ့အရင်​ဘဝက​တော့အခုလိုအကြင်​နာတရားမဲ့သည့်​လူမျိူးမဟုတ်​ပေ။ ကျိူးဝန်​ကျင့်​နားမှလူများ​ပြောင်းလဲသွားခြင်းကလက်​ရှိ​လောကကြီးကိုလည်းသွယ်​ဝိုက်​သောနည်းဖြင့်​ပြောင်းလဲ​စေသည်​။ ကျိူးယွင်​ရှန့်​AIကိုကြည့်​ရင်း​ကျေ​ကျေနပ်​နပ်​ပြုံးလိုက်​သည်​။ AI​ပေါ်မှBarတန်း​လေးသည်​၇၅ရာခိုင်​နှုန်းထိ​ရောက်​နေပြီး ဒီမစ်​ရှစ်​ပြီးဆုံးရန်​သိပ်​မလို​တော့​ပေ။

ကျိူးညီအစ်​ကိုနှစ်​ဦးအ​သေအလဲတိုက်​ခိုက်​နေကြစဉ်​အကြီးဆုံးသားက​တော့ညိမ်​နေသည်​။ အပြင်​တွင်​လူများက ကျိူးအိမ်​သားကြီး၏သနားစရာဘဝကံ​ခေပုံကို အမျိူးအစုံ​ပြောဆို​နေကြသည်​။ကျိူးအိမ်​သားအကြီးသာလူပြိန်းမဟုတ်​ပါလျှင်​ကျိူးလုပ်​ငန်းစုကအခုလိုတရားမဝင်​က​လေးနှစ်​ဦးမ​ရောက်​ဟုဆို​သော စကားများသာ။

ကျိူးဝန်​ကျင့်​က ကျိူးဥက္ကဋ္ဌသစ်​ဖြစ်​လာ​သော်​လည်းကျိူးဝန်​အန်​ကခုချိန်​ထိ ရှယ်​ရာ၃၀ရာခိုင်​နှုန်းနှင့်​အကြီးဆုံးရှယ်​ယာရှင်​အဖြစ်​ဆက်​ရှိ​နေ​သေးသည်​။ ဘယ်​လို​နေ​နေသူ့ဘဝက​ရေလိုက်​ငါးလိုက်​နှင့်​သာယာနိုင်​သည်​။

ယ​နေ့ကျိူးဝန်​ကျင့်​ရှယ်​ယာရှင်​များနှင့်​အစည်းအ​ဝေးကျင်းပမည်​ဖြစ်​ပြီးသူရုံးခန်းမှထွက်​လာချိန်​တွင်​လူစုံနှင့်​နေပြီးဖြစ်​သည်​။ အရပ်​ရှည်​ရှည်​နှင့်​ခပ်​ချော​ချော secretary မ​လေးက ကျိူးဝန်​ကျင့်​မိန့် ခွန်း​ပြောမည့်​စာရွက်​များကိုကမ်း​ပေးလိုက်​စဉ်​အနီ​ရောင်​လက်​သည်းနီဆိုးထား​သောသူမလက်​ထိပ်​နှင့်​ကျိူးဝန်​ကျင့်​လက်​တို့ထိမိသွားကြသည်​။ ကျိူးဝန်​ကျင့်​တစ်​ကိုယ်​လုံးဓာတ်​လိုက်​သလိုခံစားသွားရသည်​။ ဒါ​ပေမယ့်​မျက်​နှာမှာ​တော့မ​ပေါ်ပဲ စာရွက်​ကိုကြည့်​ပြီးမိတ်​ခွန်းစ​ပြောလိုက်​သည်​။ ထိုအချိန်​တွင်​ယူနီ​ဖောင်းဝတ်​ရဲများကအစည်းအ​ဝေးခန်းမတွင်းသို့ကတိုက်​ကရိုက်​ဝင်​လာကြသည်​။

"အဟမ်း! ကျူပ်​က ကုန်​သွယ်​မှုအကျင့်​ပျက်​ခြစားခြင်းနှိမ်​နင်းတဲ့အဖွဲ့​ခေါင်း​ဆောင်​ပဲ။ မစ္စတာ ချွဲဂွန်​ဂျောင်​၊မစ္စတာ ကျိူးဝန်​အန်​၊ မစ္စတာ လင်းတဲရိ၊မစ္စတာ ကျိူးရှီးစုန်း၊ မစ္စတာ ကျူးဂန်း၊ မစ္စတာ ရန်​ရုရွှမ်​ပြီး​တော့ မစ္စတာ​ဟော်​ဟုန်​ပို​ကျေးဇူးပြုပြီးရဲစခန်းမှာစစ်​ဆေး​မေးမြန်းဖို့ပူး​ပေါင်း​ပေးပါ''

သူရွတ်​သွားသည့်​လူ၁၁​ယောက်​၏နံမည်​က ကျိူးအုပ်​စုတွင်​အကြီးစားရှယ်​ယာရှင်​ကြီးများဖြစ်​ကြသည်​။ ကုမ္ပဏီ၏ ဘဏ္ဍာ​ငွေမှတ်​တမ်းများနှင့်​လုပ်​ငန်းသုံးကွန်​ပျူတာများအကုန်​မ သွားကြပြီး ကျိူးဝန်​ကျင့်​ကိုပါ စစ်​ဆေး​မေးမြန်းမှုမှာပူး​ပေါင်း​ပေးဖို့​တောင်းဆိုလာသည်​။ ထိုအ​ခြေအ​နေက စီးပွား​ရေးနယ်​ပယ်​တစ်​ခုလုံးဂယက်​ထသွား​စေပြီး​ဈေးအမြင့်​ဆုံးရပ်​နေတဲ့စ​တော့ရှယ်​ယာများက​အောက်​သို့အရှိန်​ပြန်​ကျလာကုန်​သည်​။

၂၄နာရီကြာပြီး​နောက်​ကျိူးဝန်​ကျင့်​ပြန်​လွှတ်​လာသည်​။ ကွန်​ပျူတာဖိုင်​ထဲတွင်​ကျိူးဝန်​အန်​နှင့်​ကျိူး​ဟောက်​တို့၏ လာဘ်​ပေးလာဘ်​ယူမှု​တွေ၊အခွန်​ရှောင်​မှု​တွေ၊​ငွေမည်းမှတ်​တမ်းများနှင့်​အခြား ဥပ​ဒေနှင့်​ဆန့်​ကျင်​သောအချက်​များရှာ​တွေ့ကြသည်​။ ထိုဖိုင်​ကို အမည်​မသိအ​ကောင့်​တစ်​ခုနှင့်​တစ်​စုံတစ်​ယောက်​ကရဲဌာနဆီပို့လိုက်​ခြင်းဖြစ်​သည်​။ လူအများအပြားပါဝင်​နေတာ​ကြောင့်​ရဲဌာနကအထူးတပ်​ဖွဲ့များနှင့်​ကျိူးအုပ်​စုကိုဝင်​စီးနင်းခဲ့ခြင်းဖြစ်​သည်​။

ဒီကိစ္စများအားလုံး​ပေါ်သွားပြီး​နောက်​ကျိူးအုပ်​စုက​တော့မလွဲမ​သွေပြသာနာ​ပေါင်းများစွာနှင့်​ကြုံရ​တော့မည်​။ ပြသာနာထက်​ဆိုးသည့်​အ​ခြေအ​နေလည်းဖြစ်​လိုက်​သည်​။ ကျိူးကိုအနိုင်​ရရန်​အတွက်​၁၀ဘီလီယံ​ကျော်​ရင်းနှီးခဲ့သည့်​ကျိူးဝန်​ကျင့်​လည်း သူ့ကုမ္ပဏီကိုအနည်းနှင့်​အများထိခိုက်​နိုင်​သည်​။ ရှယ်​ယာများ​ဈေးကျသည်​နှင့်​ဘီလီယံချီသည့်​ငွေများကတစ်​ခါတည်း​လေထဲ​ပျောက်​သွား​တော့သည်​။

ကျိူးသည်​ရတနာသိုက်​တစ်​ခုမဟုတ်​ရွှံနွံတစ်​ခုသာ။​ခြေတစ်​လှမ်းလှမ်းမိသည်​နှင့်​ပြန်​ထုတ်​ရန်​မလွယ်​နိုင်​တော့။ ဒါကကျိူးဝန်​ကျက့်​စီးပွား​ရေးစလုပ်​ပြီး ပထမဦးဆုံးအ​နေနဲ့ ကြုံ​တွေ့ရသည့်​အကြီးစားအခက်​အခဲဖြစ်​သည်​။ သူစိတ်​အရမ်းရှုပ်​ထွေး​နေသလို​ကြောက်​လည်း​ကြောက်​မိသည်​။ သူသတိလက်​လွတ်​နှင့်​တုရွှီလန်​ကုမ္ပဏီသို့ကား​မောင်းထွက်​လာသည်​။

"ဦး​လေးကျွန်​တော့်​ကိုကူညီ...'' သူ့​ရှေ့မှမြင်​ကွင်း​ကြောင့်​ကျိူးဝန်​ကျင့်​စကားများတစ်​ဝက်​နှင့်​ပင်​ရပ်​သွား​တော့သည်​။

လည်​သာဆိုဖာ​ပေါ်တွ​င်​လူနှစ်​ဦးရှိ​နေသည်​။ ဆိုဖာကပ်​လျှက်​တွင်​ဝိုင်​ခွက်​ကိုင်​ထားသည့်​လူငယ်​လေးတစ်​ဦးရှိ​ပြီး သူ့အ​ပေါ်တွင်​တော့အရပ်​ရှည်​ရှည်​နှင့်​လူကအုပ်​မိုးထားသည်​။ ဝိုင်​နီတို့ကအင်္ကျီတွင်​စွန်းထင်း​နေ​သော​ကြောင့်​ခန္ဓာကိုယ်​မှကြွက်​သားအ​မြောင်းများကိုပင်​လှမ်းမြင်​နေရသည်​။ အမြဲလိုလန်​တင်​ထားတတ်​သောဆံပင်​တို့ကလည်းရှုပ်​ပွ​နေပြီး မျက်​နှာ​ချော​ချောကိုပိုလို့sexyကျ​စေသည်​။ ထိုအရပ်​ရှည်​သည့်​လူ၏လက်​တစ်​ဖက်​ကသူ့​အောက်​မှ လူငယ်​လေး၏ခါးသိမ်​သိမ်​တွင်​ရှိ​နေပြီး ကျန်​တစ်​ဖက်​က ဝိုင်​ခွက်​ကိုလှမ်းယူ​နေသည်​။ အမြဲလိုအန္တရာယ်​အ​ငွေ့အသက်​များနှင့်​အေးစက်​စက်​မျက်​လုံးတို့က အံ့သြစရာ​ကောင်း​လောက်​အောင်​အချစ်​အ​ငွေ့အသက်​များနှင့်​နွေး​ထွေး​နေသည်​။

လူငယ်​လေးကဝိုင်​ကိုတစ်​ငုံ​သောက်​ပြီး သူတို့နှုတ်​ခမ်း​တွေကိုဖိကပ်​လိုက်​သည်​။ ဝိုင်​နီနီတို့ကလှစ်​လပ်​နေ​သောနှုတ်​ခမ်း​ထောင့်​မှစီးကျ​ကုန်​၏။ မြင်​ကွင်းကသိပ်​ကိုလှပြီး ပူ​လောင်​စရာ​ကောင်းသည်​။

ကျိူးဝန်​ကျင့်​ကြက်​သေ​သေသွားပြီး မိနစ်​အတန်​ကြာမှခက်​ခက်​ခဲခဲ​မေးထုတ်​လိုက်​သည်​။
"မင်းတို့ကဘာ​တွေလဲ'' 1

"မင်းသိချင်​တာငါတို့ဆက်​ဆံ​ရေးကိုလား'' ကျိူးယွင်​ရှန့်​ကအ​နှောင့်​ယှက်​ခံလိုက်​ရ​သော​ကြောင့်​နည်းနည်းစိတ်​ခု​နေသည်​။ တုရွှီလန်​၏နှုတ်​ခမ်းကိုကိုက်​လိုက်​ပြီး​ပေါင်​ပေါ်ကိုတက်​ထိုင်​လိုက်​သည်​။ ထို့​နောက်​လက်​ကျန်​ဝိုင်​ကိုထပ်​လောင်းချပစ်​လိုက်​သည်​။ ရာဂစိတ်​ကြောင့်​သူ့မက်​မွန်​ပွင့်​မျက်​လုံးတို့ကအရည်​လဲ့​နေပြီးဆွဲ​ဆောင်​မှုရှိလွန်း​နေသည်​။ 7

ကျိူးဝန်​ကျင့်​၊ တုရွှီလန်​ကိုကြည့်​လိုက်​သည်​။ တုရွှီလန်​ကမငြင်းသည့်​အပြင်​တပ်​မက်​ခြင်းအပြည့်​မျက်​လုံးများနှင့်​ရှန့်​ကိုဖက်​ထားလိုက်​သေးသည်​။ ကျိူးဝန်​ကျင့်​အခုမှသ​ဘော​ပေါက်​သွား​တော့သည်​။ ဘယ်​သူကကျိူးကိုဖျက်​ဆီးပစ်​ချင်​တဲ့အထိမုန်း​နေလိမ့်​မလဲ။ ဘယ်​သူကအခုလိုအင်​အားမျိူးရှိနိုင်​မှာလဲ။

ဒီအ​ကြောင်း​တွေးကိုမ​တွေးက​သေးခင်​မှာတင်​အခုတုရုံးခန်းထဲကမြင်​ကွင်း​ကြောင့်​သူလုံးဝသ​ဘော​ပေါက်​သွားသည်​။

"လက်​တုန့်​ပြန်​ဖို့အတွက်​နဲ့ကိုယ့်​ခန္ဓာကိုယ်​ကို​တောင်​ရောင်းတယ်​ပေါ့။ ဘယ်​လောက်​ဈေး​ပေါလိုက်​သလဲ။ ရန်​ရှီသာသိရင်​ဘယ်​လို​နေမလဲငါသိချင်​မိတယ်​''

ချစ်​သူ​လေးရဲ့မိခင်​နံမည်​ကိုသုံးပြီးစကားနာထိုးတဲ့အတွက်​တုရွှီလန်​၏မျက်​နှာမာသွား​တော့သည်​။ ကျိူးယွင်​ရှန့်​ကစိတ်​မဆိုး လက်​နှစ်​ဖက်​ကိုဒူး​ပေါ်တင်​ပြီး ဟာသတစ်​ခုကြားရသလိုအားရပါးရရယ်​လိုက်​သည်​။

ကျိူးဝန်​ကျင့်​ကသူ့အမူအရာ​ကြောင့်​စိတ်​တိုသွားပြီး ''မင်းဘာရယ်​တာလဲ''

"ငါရယ်​တာ မင်းကဘယ်​အချိန်​အရှုံး​ပေးရမယ်​ဆိုတာမသိလို့။ စီးကရက်​ကိုချထားလိုက်​စမ်း'' 8

​နောက်​ဆုံးစကားက​တော့ စီးကရက်​သောက်​ဖို့ပြင်​နေသည့်​တုရွှီလန်​အတွက်​ဖြစ်​သည်​။ တုရွှီလန်​က မီးခြစ်​ခြစ်​လျှက်​ပင်​ရပ်​သွားသည်​။ ထို့​နောက်​စီးကရက်​ကိုအမှိုက်​ပုံးထဲပစ်​ထည့်​ပင်​အရှုံး​ပေးပါတယ်​ဆိုတဲ့သ​ဘောနဲ့လက်​နှစ်​မြှောက်​ပြလိုက်​သည်​။ ထိုအပြုအမူကကျိူးဝန်​ကျင့်​ဒေါသမီးကိုပို​တောက်​လောင်​စေ၏။
"​ပြောစမ်းပါ မင်းဘယ်​လောက်​လိုချင်​တာလဲ။ ငါ့ဦး​လေးကိုမကစားနဲ့'' 9

ကျိူးယွင်​ရှန့်​ကနှုတ်​ခမ်းစွန်းကို​ကွေးညွှန့်​ပင်​ရယ်​လိုက်​သည်​။ တုရွှီလန်​ကမူ​ဒေါသထွက်​သွားပြီး​အော်​ပစ်​လိုက်​သည်​။
"အီနိုအဲ သူ့ကို​မောင်းထုတ်​လိုက်​!"

တံခါး​နောက်​မှပုန်း​နေသည့်​ရှို့ ရှန်​ကထွက်​လာပြီး​ဘောဒီဂတ်​နှစ်​ယောက်​နဲ့သနားစရာတူက​လေးကိုဆွဲထုတ်​သွားလိုက်​သည်​။ သူတို့နှစ်​ဦးက​သွေးသား​တော်​စပ်​ခြင်းမရှိ ။ကျိူးဝန်​ကျင့်​အ​မေက တုရွှီလန်​၏ငယ်​သူငယ်​ချင်းသပ်​သပ်​သာ။ တရုတ်​ပြည်​မှာကိုယ်​ပိုင်​လုပ်​ငန်းလုပ်​ဖို့ပိုက်​ဆံ​ပေးခဲ့တယ်​ဂရုစိုက်​ပေးခဲ့တယ်​။ ဒါ​တွေဟာလုံ​လောက်​သွားပြီ။ ကျိူးဝန်​ကျင့်​မှာ Boss ရဲ့အချစ်​ရေးကိုဝင်​စွတ်​ဖက်​ပိုင်​ခွင့်​ရှိလို့လား။ မျက်​နှာသာ​ပေးတာနဲ့​ရောင့်​တတ်​လာ​တော့တယ်​။ အီနိုအဲ ရှို့ ရှန်​ကစိတ်​ဆိုး​နေသည့်​ကျိူးဝန်​ကျင့်​ကိုကြည့်​ပြီး​ခေါင်းရမ်းလိုက်​သည်​။ 3

"ကျင့်​ရှောက်​ဒါကိုကြည့်​ပါ'' အီနိုအဲရှို့ ရှန်​က​အောက်​ထပ်​က​ဟောခန်းဆီ​ခေါ်သွားပြီးTVလိုင်းတစ်​ခုကိုဖွင့်​ပြလိုက်​သည်​။ နိုင်​ငံတကာသတင်းအစီစဉ်​ကြေညာသူ​လေဒီယာ၏ မျက်​နှာလှလှ ကျယ်​ပြန့်​သောစခရင်​ကြီး​ပေါ်တွင်​ပေါ်လာပြီး သူမကပြင်​သစ်​လေသံဖြင့်​အင်္ဂလိပ်​စာပိုဒ်​ရှည်​ကြီးတစ်​ခုကိုဖတ်​ပြသည်​။ ကျိူးဝန်​ကျင့်​ဒီ ရုပ်​သံလိုင်းကို အ​မေရိကန်​နိုင်​ငံရဲ့နံမည်​ကြီးရုပ်​သံလိုင်းဖြစ်​တဲ့ CBS ရုပ်​သံလိုင်းမှန်းသတိထားမိလိုက်​သည်​။ သတင်း​ခေါင်းစဉ်​က Noah universal ဥက္ကဋ္ဌနှင့်​အင်​တာဗျူးဖြစ်​သည်​။ သူကတရုတ်​မှာကျိူးကိုဝယ်​ဖို့အလုပ်​ရှုပ်​နေတာ​ကြောင့်​ဒီသတင်းကိုမမြင်​လိုက်​ပေ။

သူဘယ်​လိုလုပ်​နိုအာအုပ်​စုရဲ့ဥက္ကဋ္ဌဖြစ်​လာတာလဲ။သူ​ဆော့ဝဲလ်​တွေ​ရောင်းတယ်​အစက​တော့​သေး​သေး​ပေါ့။ အရင်​က ၄သိန်းသာတန်​တယ်​လို့မှတ်​ချက်​ပေးခံရတဲ့ နိုအာကအခု​တော့ တစ်​နှစ်​ခွဲအတွင်းမှာပဲ သန်း၄၀၀​လောက်​အမြတ်​ရ​နေပြီ။ နိုအာအုပ်​စုကသက်​တမ်းနု​သေးတယ်​အခုမှ​ခြောက်​နှစ်​ပြည့်​နှစ်​ပတ်​လည်​ဒါ​ပေမယ့်​အမြတ်​အစွန်းအများကြီးနဲ့ ကမ္ဘာ့ အကြီးဆုံးကုမ္ပဏီဖြစ်​နေပြီ။ နိုအာဥက္ကဋ္ဌကအရမ်းသိုသိုသိပ်​သိပ်​နေတတ်​ပေမယ့်​သူ့ကို​လေးစား​နေကြသည့်​လူများက​တော့ဒုနဲ့​ဒေးပင်​။

သူက​ခေတ်​သစ်အငယ်​တန်းစီးပွား​ရေးလုပ်​ငန်းရှင်​တွေရဲ့ စံပြပဲ။ ဘယ်​သူကမှမလုပ်​နိုင်​တဲ့ Legendမှတ်​တိုင်​တစ်​ခုကိုစိုက်​ထူးထားတယ်​။ ကျိူးဝန်​ကျင့်​တောင်​သူ့ရဲ့အင်​အားကိုနားလည်​တယ်​။

ဒါ​ပေမယ့်​သူမြင်​လိုက်​ရတာက....ဖန်​သားပြင်​ပေါ်မှာ​ပေါ်လာတဲ့ ကျိူးယွင်​ရှန့်​ရဲ့မျက်​နှာ။ ဒါဘယ်​လိုဖြစ်​တာလဲ။

"Deicide ဆိုတာကလည်း မစ္စတာကျိူး!"​လေဒီယာကအံ့အားသင့်​သွားပြီးချက်​ချင်း​မေးလိုက်​သည်​။ ''ရှင်​က ကိုယ့်​ကုမ္ပဏီကလုပ်​တဲ့ပြိုင်​ပွဲမှာ ပြန်​ပြိုင်​တာပဲ ပြီး​တော့အံ့သြစရာ​ကောင်းတဲ့ပုံစံနဲ့အနိုင်​ရခဲ့တယ်​။ ရှင်​အတွင်းDataအချက်​အလက်​တွေများသိထားတာလား? ဒါကအခြားယှဉ်​ပြိုင်​သူ​တွေအတွက်​မတရားဘူးမဟုတ်​လား''

Deicide ၏ သရုပ်​မှန်​က ကျိူးယွင်​ရှန့်​ဆို​တောင်​ကျိူးဝန်​ကျင့်​ထပ်​အံ့သြရပြန်​သည်​။ Clearwater warehouse ရဲ့ပြိုင်​ပွဲမှာသုံးသွားတဲ့အကွက်​တွေကတကယ်​ကိုအံ့သြစရာ​ကောင်းသည်​။ ထိုဂိမ်း၏ဗီဒီယိုကလည်း စီးပွား​ရေးလုပ်​ငန်းရှင်​တွေရဲ့ Textbook လို့​တောင်​ပြောလို့ရသည်​။ စီးပွား​ရေးအ​မျှော်​အမြင်​ရှိမှု​ကြောင့်​Deicide က လူတိုင်း၏ Idolလည်းဖြစ်​သည်​၊ အားလုံးကလည်း ဒီလူရဲ့သရုပ်​မှန်​ကိုသိချင်​နေကြသည်​။
ဟုတ်​တယ်​သူက နိုအာဥက္ကဋ္ဌပဲ။ အတွင်းသတင်းအချက်​အလက်​တွေရထားတာဖြစ်​နိုင်​တာပဲ။ ဒါဆိုသူနိုင်​ခဲ့တာကလိမ်​တာပဲ။ ကျိူးဝန်​ကျင့်​အရှုံးကိုဝန်​မခံချင်​ပေ။

"ကျွန်​တော်​ကျိန်​ပြောတယ်​ကျွန်​တော်​ဘာသတင်းအချက်​အလက်​မှမရခဲ့ဘူး။ ကျွန်​တော်​လည်းအခြားသူ​တွေလိုပဲကစားခဲ့တာပဲ။ ပြီး​တော့ Noah ရဲ့ပဲ့ကိုင်​ရှင်​ဆိုတဲ့အချက်​နဲ့တင်​ကျွန်​တော့်​အရည်​အချင်းကိုပြဖို့လုံ​လောက်​ပြီထင်​တာပဲ'' ကျိူးယွင်​ရှန့်​၏အပြုံးက စခရင်​ပေါ်တွင်​ပေါ်လာသည်​။

​လေဒီယာကသူမ​မေးခွန်းနဲ့သူမအရှက်​ရသွားသည်​။ ဟုတ်​တာ​ပေါ့ ဒီကုမ္ပဏီကိုစတည်​ထောင်​တုန်းကသူကအသက်​၂၀အရွယ်​။ တစ်​နှစ်​ခွဲအတွင်း Noah ကိုဧရာမအ​ခြေအ​နေထိကြီးထွား​အောင်​လုပ်​ပြီးလူ​တွေရဲ့ဘဝကို​ပြောင်းလဲခဲ့တယ်​။ ဒီအချက်​နဲ့တင်​ဘယ်​လောက်​တောင်​အမြင်​ကျယ်​ပြီးထက်​မြတ်​သလဲသိသာ​နေပြီ။

ကျန်​သည့်​အင်​တာဗျူးများကို​တော့ ကျိူးဝန်​ကျင့်​ဆက်​နားမ​ထောင်​ချင်​တော့။ သူပထမဦးဆုံးအကြိမ်​ငွေအများကြီးရှာနိုင်​ပြီလိုထင်​နေတဲ့အချိန်​၊ ကိုယ့်​ကုမ္ပဏီကိုယ်​ဂုဏ်​ယူ​နေတဲ့အချိန်​ကျိူးယွင်​ရှန့်​ကသူ့ကို​ကျော်​တက်​သွားပြီ။ သူကတုရွှီလန်​လိုလူမျိူးနဲ့​ခြေရာချင်း​တောင်​တိုင်းလို့ရတဲ့အ​နေအထား​ရောက်​နေပြီ်​။ သူက​တော့တစ်​ဖက်​လူကို​လှောင်​ပင်​လှောင်​လိုက်​သေးသည်​။ သည့်​အပြင်​ကျိူးလိုပုရွက်​ဆိတ်​သာသာလုပ်​ငန်းစုကိုဖျက်​ဆီးဖို့ ခန္ဓာကိုယ်​ရောင်းစားသည်​ဟုပင်​အထင်​မှားလိုက်​သေးသည်​။​ငွေနှင့်​ပေါက်​ပြီးသိက္ခာချရန်​ပင်​စိတ်​ရှိလိုက်​သေးသည်​။

Noah အုပ်​စုရဲ့နှစ်​စဉ်​အမြတ်​အစွန်းက ဘီလီယံဆယ်​ချီရှိတယ်​။ တစ်​မီလီယံတန်​တဲ့ချက်​လက်​မှတ်​တစ်​ရွက်​မြေ​ပေါ်ကျသွားရင်​တောင်​ကျိူးယွင်​ရှန့်​ကပျင်းလို့​ကောက်​မှာ​တောင်​မဟုတ်​ဘူး။ ဒီလိုကွာခြားမှုမျိူးက​ကောင်းကင်​နှင့်​မြေကြီးဆိုသည့်​စကားအတိုင်းပင်​။ 4

ကျိူးဝန်​ကျင့်​ကိုယ့်​အရှက်​ကိုကိုယ်​ဘယ်​လို​ဖော်​ပြရမလဲ ဖုံးထားရမလဲဆိုတာ​တောင်​မသိ​တော့​ပေ။ သူ့ကိုစိုက်​ကြည့်​နေသည့်​အီနိုအဲ​ကြောင့်​မြန်​မြန်​ထွက်​ပြေးသွား​တော့သည်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі