Arc 5.4
အခန်း(၄၅) ကျူးစစ်ယွိဘဝ
ကျန်းကျားလွေ့က ပညာတတ်ဖြစ်တာကြောင့်ဥသြလေးနဲ့ပြိုင်ပြီးရန်မဖြစ်သူဟက်ခနဲရယ်ပြီး ခပ်ဖြည်းဖြည်းသာပြောသည်၊ ''ဒီမှာရှိတဲ့လူတွေအားလုံးက ဘယ်သူကအဓိပ္ပါယ်မရှိတာတွေပြောမှန်းသိတယ်''
"ကျူပ်စိတ်မကောင်းပါဘူး မင်းဘာပြောနေလဲ ကျူပ်မသိဘူး။ကျူပ်မိသားစု စီးပွားရေးကိုပြောင်းယူပြီးစက ဘာမှမပြောင်းရဲဘူး ဒါကြောင့်အဖေ့စည်းမျဉ်းတွေအတိုင်းနေခဲ့တာ။ ဒီသုံးနှစ်အတွင်းကျူပ်၅၀ကိုပြောင်းခဲ့တယ်။ ဒါပေမယ့်လွန်ခဲ့တဲ့နှစ်လက ကျူပ်၃၀ကိုပြောင်းလိုက်တယ်။ ကျူပ်စာရင်းစာအုပ်ကသက်သေပြနိုင်တယ်။ ဒီညီလေးပြောသလို ၆၀ဖြစ်နေရင်တစ်ခုခုတော့အထင်လွဲနေပြီ''
ကျန်းကျားလွိုက်ကလှောင်ရယ်ပြီး ''ဘာအထင်လွဲနေတာမှမဟုတ်ဘူး မနေကပဲ ကျူးလောင်စစ်ကျူပ်အိမ်ကိုလာပြီး ငှါးရမ်းခ၆၀ယူသွားတာ တစ်ခုလေးမှ မလျော့ဘူး''
ကျိူးယွင်ရှန့်သုန်မှုန်သွားပြီး အစောင့်တစ်ယောက်ကိုလှမ်းကြည့်လိုက်သည်။ ဒီအစောင့်က သူ့လူမဟုတ်လောင်စစ်က သူ့သားအငယ်ကျူးဖူရွှန်ကိုစောင့်ရှောက်ဖို့လွှတ်လိုက်သည့်သူဖြစ်သည်။ သူက သူ့အဖေနဲ့အတူပုန်းချင်ပေမယ့်သူ့အဖေက ကျူးစစ်ယွိ ကိုစောင့်ကြည့်ဖို့ ထည့်ပေးလိုက်သည်။
ကျူးစစ်ယွိက သူ့ကိုမတင်းကြပ်ထားတာကြောင့်ကျူးလောင်စစ်၏စည်းစိမ်က ကျူးစစ်ယွိနှင့်ယှဉ်လို့ရသည်။ ကျူးဖူရွှန်က ချမ်းချမ်းသာသာနေခဲ့ရတာကြောင့်ကျူးစစ်ယွိထက်ပင်မြေရှင်ပုံပေါက်နေသေးသည်။
ဒါပေမယ့်လည်း သူ့ပုံစံကတော့ ဝက်နှင့်တူကာ သတ္တိကြောင်သည်။ ကျူးစစ်ယွိရဲ့ အကြည့်အောက်မှာ အခြားစောင့်တွေကလည်း သူ့အစောင့်ကိုအနိုင်ရနေတော့ သူခြေခွေကျသွားသည်။ သူဒူးထောက်တောင်းပန်ပြီး လျှာလိပ်ကာ ဘာပြောနေမှန်းပင်နားမလည်နိုင်တော့။
ကျိူးယွင်ရှန့်သူ့ကိုလက်ညှိုးထိုးလိုက်ပြီး ''ဒါကလောင်စစ်ရဲ့သားအငယ်ဆုံးပဲ။ ကျူပ်ငှါးခ၆၀ကိုတကယ်မသိဘူး။ ပြန်ရောက်တဲ့အခါမှ ကျူပ်ကျူးလောင်စစ်ကိုပြန်မေးကြည့်မယ်။ သူရွာသားတွေကို ပြန်ရှင်းပြနိုင်မှာပါ''
သူပြောစရာမလိုအောင်အခုအခြေအနေမှာ တစ်ခုခုတော့ မှားနေတာသေချာမှန်းလူတိုင်းသိနိုင်သည်။ ကျူးစစ်ယွိက ၃၀ပဲယူတယ်ပြောပြီး ကျူးလောင်စစ်က ၆၀ယူတော့ ကျန်၃၀ကဘယ်ရောက်သွားသလဲ။+
ကျိူးယွင်ရှန့်က ဆက်ပြောလိုက်သည်''ပြီးတော့ ကျူပ်အဖေလက်ထက်ကတည်း ၅၀ပဲယူတာ တစ်ခါမှ ၆၀မယူခဲ့ဘူး။ ၁၀ရာခိုင်နှုန်းကို အတင်းအကြပ်အကောက်ခံရတဲ့လူတွေအားလုံကို ကျူပ်ပြန်ပေးမယ်''
သူ့အမူအရာက တည်ကြည်ပြီးလေသံပြတ်သားသည်။ ဒီ၁၀ရာခိုင်နှုန်းကို ဘယ်သူဖြတ်စားသလဲ မှန်းလို့ရနေပြီ။ ကျန်းရှုလင်းကကြက်သီးထသွားသည်။ ချင်းစယ်ကတော့ ကျိူးယွင်ရှန့်ကို စူးစူးစိုက်စိုက်ကြည့်ပြီး မီးပုံဆီမျက်စိလွှဲလိုက်သည်။
ကျန်းကျားလွေ့ကခေါင်းမာတဲ့စရိုက်ရှိတာကြောင့်လူတစ်ယောက်ကိုမုန်းလျှင်လွယ်လွယ်နဲ့ပြန်အကောင်းမမြင်နိုင်။
"ရက်တိုင်း ခင်များငွေဘယ်လောက်ရရမလဲ ဆုံးဖြတ်မထားဘူးလား။ လူရှေ့ရောက်တော့ ခင်များကခေါင်းရှောင်ချင်တာပေါ့။ သူ လျှိူ့ ဝှက်ပြီးလုပ်လုပ်မလုပ်လုပ်သူကခင်များအိမ်ကအစေခံပဲ ။ ခင်များသူ့အသက်ကိုပိုင်တယ်။ အဘလောင်စစ်ကတော့ သူ့ခင်မျာ ကိုယ့်ကိုယ်ကို 'ငှက်သေပြီးစွန့်ပစ်ခံလိုက်တဲ့လေး' မှန်းသိမှာတောင်မဟုတ်ဘူးလို့ထင်တယ်''
အိုး...ချာတိတ်ရေ....မင်းပြောတာအရမ်းမှန်။
ကျိူးယွင်ရှန့်ကျန်းကျားလွေ့ကိုစိတ်ထဲ ချီးကျူးလိုက်သည်။ ဒါပေမယ့်မျက်နှာကတော့သုန်မှုန်နေဆဲ ''ကျူပ်ကိုယ့်ကိုယ်ကို လူကောင်းလို့ပြောနေတာမဟုတ်ဘူး။ ဒါပေမယ့်ကျူပ်မယုတ်မာဘူး၊ ကျူပ်ရွာသားတွေရဲ့ငါးကိုလည်းမသိမ်းဖူးဘူး။ ကျူပ်ဘုရားကိုကျိန်ဆိုတယ်။ ရွာသားတွေကိုအမြတ်ထုတ်ဖို့ ကျူပ်ကျူးလောင်စစ်ကို ခိုင်းခဲ့တာမှန်ရင်ကျူပ်ဘုရားစူမိုးကြိုးပစ်ပြီး ငရဲကြီး၁၈ထပ်မှာ ချိူး(ဂျိူး)ရပါစေရဲ့။ဘယ်တော့မှ လူပြန်မဝင်စားနိုင်ပါစေနဲ့''
[IC - တရုတ်ဖြစ်ရတာမလွယ်ပါလား ငရဲတောင်၁၈ထပ်ရှိတယ်:( ]12
ရှေးခေတ်မှာက ကျိန်စာတွေအရမ်းယုံကြည်တာကြောင့်ကျူးစစ်ယွိရဲ့ကျယ်လောင်တဲ့ကျိန်ဆိုသံမှာ ကျန်းကျားလွေ့ နှုတ်ဆိတ်သွားသည်။ ဥသြလေးနဲ့လုရှီကတော့ဒေါသနှင့်အံကြိတ်နေကြသည်။ သူတို့တကယ်အစောင့်တွေကိုပြောပြီးဒီကောင်လေးကိုမောင်းထုတ်လိုက်ချင်ပြီ။
မီးစာထည့်နေသည့်ချင်းစယ်က ရုတ်တရပ်လက်ထဲက ထင်းချောင်းကိုခပ်တင်းတင်းဆုပ်ကိုင်မိသည်။ ''အဲ့လို မကျိန်ကောင်းမဆိုကောင်းတွေ မပြောနဲ့ မင်းစကားတွေ ကျူပ်...ကျူပ်တို့ယုံတယ်'' သူရပ်လိုက်သည့်နေရာတွင်တစ်ယောက်သုံးအစား အများသုံးသို့ပြန်ပြောင်းလိုက်သည်။2
ကျိူးယွင်ရှန့်က သူ့ကိုမှေးကြည့်တော့ သူတကယ်နေလို့မကောင်းတော့။
ကျန်းကျားလွေ့ က ပိုလို့တောင်စိတ်စနိုးစနှောင့်ဖြစ်သွားသေးသည်။ ဒါပေမယ့်သူကတော့အပြစ်တင်ဆဲ'' ငှါးရမ်းခကိုထားပါတော့ ခင်များကျူပ်တို့ဆေးဘဲဥလုပ်နည်းကိုလုယူသွားတာတော့ ငြင်းမရဘူးမဟုတ်လား''
ကျိူးယွင်ရှန့်တကယ်သူနဲ့အချေအတင်များရတာစိတ်ကုန်လာပြီ။ ဒီတစ်ခါမှာတော့ သူသည်းခံမနေတော့ ''ကျူပ်မှာ ထူးခြားတဲ့လျှာရှိပြီးသား မင်းတို့ နည်းလမ်းကိုလုယူစရာတောင်မလိုဘူး။ တစ်ခုခုချက်ဖို့တစ်ခါလောက်စားကြည့်ဖို့ပဲလိုတယ်။ဘာလို့ကျူးလောင်စစ်ကို ခိုင်းရမှာလဲ။ ဒါအဓိပ္ပါယ်မရှိတာပဲ။ သူကသာ သူ့စိတ်နဲ့သူကျူပ်ဆီယူလာပေးတာ။ ကျူပ်ငြင်းလိုက်ပြီး သူကိုယ်တိုင်ကတောင်ပြန်ပေးလိုက်ပါမယ်လို့ကတိပေးသေးတာ။ သူပြန်မပေးရင်သူ့အပိုင်းပဲ ကျူပ်နဲ့မဆိုင်ဘူး။ ကျူပ်မင်းအပေါ်အကြွေးမရှိဘူး အပြစ်တင်ချင်ကျူးလောင်စစ်ကိုသွားတင်။ ပြီးတော့ အဲ့ဒီဥတွေကအန္တရာယ်ရှိတယ်။ အရသာကကောင်းပေမယ့်ကြာကြာစားရင်ခန္ဓာကိုယ်အတွက်မကောင်းဘူး အဆိပ်လိုပဲ။ ဘာကြောင့်အရမ်းနံမည်ကြီးနေသလဲ ကျူပ်မသိဘူး''
ဒီစကားတွေကလုံးဝအရှိုက်ထိသွားတာကြောင့်ကျန်းကျားအကြာကြီးစဉ်းစားပြီးဘယ်ကပြန်ပြောရမှန်းမသိတော့ ဒါပေမယ့်ခဏကြာမှ ရှူးရှူးရှားရှားနှင့်ထအော်သည်။ ''ဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ။ ကျူပ်တို့မိသားစုရဲ့ဆေးဘဲဥက ဘယ်ကအဆိပ်ရှိမှာလဲ''
"အဲ့တာက အဆိပ်ပဲ မင်းသိပြီးသားမဟုတ်ဘူးလား'' ကျိူးယွင်ရှန့်သူ့မက်မွန်မျက်ဝန်းလှလှလေးများဖြင့်ကျန်းရှုလင်းကိုစိုက်ကြည့်လိုက်သည်။
အိုး...ရှေးခေတ်ကလူတစ်ချိူ့လည်းဆေးဘဲဥကကြာကြာစားရင်ဆိုးကျိူးဖြစ်တာသိတယ်ပေါ့? ကျန်းရှုလင်း အပြစ်ရှိသဖြင့်မသိုးမသန့်ဖြစ်သွားပြီး အမူအရာကမျက်နှာမှာဖုံးမရ။ ချင်းစယ်ကမြင်တော့ မျက်လုံးတွေမှောင်မည်းသွားသည်။
ကျန်းကျားလွေ့က သူ့အစ်ကို မျက်နှာကိုကြည့်ပြီး ကျိူးယွင်ရှန့်ကိုပြန်ကြည့်လိုက်သည်။ သူ့မျက်နှာကနီရဲနေတော့သည်။
ကျိူးယွင်ရှန့်ကသူတို့ကိုအလွတ်မပေးပဲ ''အဲ့ဒီဥတွေက ကြာရှည်ခံအောင်ဆိုဒါမှုန့်တွေ ၊ ထုံးတွေနဲ့ကြေးနီတောင်သုံးပြီးလုပ်ထားတာ။ပြီးတော့မှ ဘဲဥတွေကိုမြေထဲထည့်ဖွဲနုနဲ့ဖုံးပြီး ၁၅၊ ၁၆ရက်လောက်အုပ်ထားတာ။ကြေးနီက ရိုးရာဆေးတွေမှာသုံးနေကျပဲ သူက ခါးပြီး ငန်တယ်အေးပြီး အဆိပ်ရှိတယ်။ ပြည်တည်နာ၊ခံတွင်းနာ၊သန်ကောင်၊ခေါင်းကိုက်တာ၊သွေးစုနာ၊ဝက်ရူးပြန်တာ၊ငှက်ဖျား၊ဝမ်းကိုက်တာ၊ အန်တာ၊ မအီမသာဖြစ်တာတွေမှာ ကုသဖို့သုံးတာ။ ဒါပေမယ့်သူတို့က အသည်း၊အဆုတ်၊ကျောက်ကပ်နဲ့ဦးဏှောက်ကိုထိပြီး ပျိူ့တာ၊အန်တာ၊ခေါင်းကိုက်၊မူးဝေ၊ ဝမ်းပျက်ဝမ်းလျောနဲ့အခြားရောဂါတွေဖြစ်နိုင်တယ်။ ကလေးတွေများများစားရင်ပိုဆိုးတယ်။ သူတို့သွားတွေကြွေလွယ်ပြီး အရိုးတွေကျွတ်ကုန်တတ်တယ်။ ဒီလိုကြောက်စရာကောင်းပြီးမကောင်းတဲ့ ပစ္စည်းမျိူး ကျူပ်ဘာလို့ရောင်းရမှာလဲ''+
[IC - ဆရာမအဲ့လောက်ရေးပြထားတာဆေးဘဲဥမစားပါနဲ့လို့ပြောချင်နေတာ။ အဟင့်ဆေးဘဲဥလေး.... (╥╯^╰╥)]
အဓိပ္ပာယ်ကတော့ ကျန်းအိမ်ကဒီအကြောင်းကိုသိပြီးဆက်ရောင်းနေခြင်းသာ။ ဒါကြောင့်သူတို့ဝင်ငွေဟာငွေမည်းတွေချည်းဟုဆိုရမည်။
ကျန်းဖခင်ကသူ့ရဲ့ယုံကြည်ချက်ချက်ပုံစံကိုမြင်တော့ ယုံကြည်သွားပြီး ကျန်းရှုလင်းကိုထိတ်လန့်စွာကြည့်လိုက်သည်။ ကျန်းရှုလင်းမျက်နှာကတော့အခု ကျန်းကျားလွေ့လိုနီရဲနေပြီး ပူထူနေသည်။ သူ မသက်မသာနဲ့ရှက်မိသည်။
ဒီဥတွေကိုမကြာခဏစားလို့မရမှန်းသူသိသည်။ သူအတွေးမှာက သူသာ တူညီတဲ့လူတိုင်းကိုမရောင်းရင်ဆိုးကျိူးလည်းနည်းမည်။ ဒါဆိုသူ့စီးပွားရေးကိုလည်းမထိခိုက်နိုင်ယူထင်ထားသည်။ အခု ကျိူးယွင်ရှန့်ကအမှန်ထုတ်ပြောလိုက်တော့ လူတွေက သူတို့သက်သက်မဲ့လုပ်တာပါဟုထင်မြင်တော့မည်။ ဒါကြောင့်တောင်းပန်စကားလည်းအသုံးဝင်နိုင်တော့မှာမဟုတ်။
ခဏကြာတော့မှ ''ဒီကိစ္စကို ကျွန်တော်မသိခဲ့ဘူး။တော်သေးတာက ကျွန်တော့်မိသားစုကအခုဆေးဘဲဥမရောင်းတော့ဘူး''
ချင်းစယ်က ကျန်းရှုလင်း လိမ်နေတာမြင်တော့ ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။
ကျန်းကျားလွေ့ ကလည်းချက်ချင်းပဲ ''ဟုတ်တယ်ဟုတ်တယ်ကျူပ်မိသားစုကဆေးဘဲဥမရောင်းတော့တာကြာပြီ။ ဒါပေမယ့်ခင်များကတော့ ခင်များနေရာမှာဆိုင်ဖွင့်ပြီးဆေးဘဲဥရောင်းနေတာလေ''
"အဲ့လိုခွေးစာတွေရောင်းနေတာ ဘယ်သူ့ ဆိုင်လည်း ကျူပ်လည်းသိချင်မိပါရဲ့'' ကျိူးယွင်ရှန့်ကျန်းကျားလွေ့ကိုမဖြေပဲ မီးစာတုတ်ကိုကိုင်ပြီး ဖူရွန်ဖင်ကိုတို့လိုက်သည်။
ဖူရွှန်ကအော်ငိုလေသည်။ ''လောင်ပိုင်ချမ်းသာပေးပါ။ အဲ့ဆိုင်က အဖေ့ဆိုင်ပါ။ အဲ့ လျှိူ့ ဝှက်နည်းကလည်းအဖေယူလာတာပါ။ ပြန်ရောက်တဲ့အခါ အဖေကိုချက်ချင်းခေါ်ပြီး ဆိုင်နဲ့ငွေသားတွေပြန်အပ်ခိုင်းပါမယ်''
"ဘယ်လိုတောင်အတင့်ရဲတာလဲ။ ရွာသားတွေကိုလိမ်ညာအမြတ်ထုတ်ပြီး ကိုယ်ကျိူးအတွက်လုပ်တယ်။ ပြီးတော့ဖုံးထားနိုင်မယ်ထင်နေတယ်ပေါ့။ အဲ့ဆိုင်နဲ့ငွေသားတွေကို ရုံးတော်ကိုယူသွားလိုက်သူတို့မင်းအဖေကို သက်ညှာလိုသက်ညှာငြားပေါ့''
ဒီကိစ္စဟာ အတွင်းရေးကိစ္စမဟုတ်တော့ မင်းမှုထမ်းတွေပါပါလာပြီ။ ကျူးဖူရွှန်သေလောက်အောင်ကျောက်ပြီး အသနားခံဖို့ ချက်ချင်း ဒူးထောက်ဦးတိုက်လိုက်သည်။ ဒါပေမယ့်ကံမကောင်းတာကကျောက်တုံးနဲ့ခေါင်းတိုက်မိပြီးမေ့မြောသွားလေသည်။4
ကျန်းကျားလွေ့ တစ်ခါတည်းနှုတ်ဆိတ်သွားတော့သည်။
ဥသြလေးက သစ်သားဗူးလေးကိုဖွင့်လိုက်ပြီး အထဲက ကြက်သားတုံးလေးတွေကိုပြလိုက်ကာ လူတွေအားလုံးသွားရည်ယိုကုန်ကြသည်။ သူမရယ်ပြီး''ဒါက ကျွန်မတို့သခင်လေး ပြန်ပြင်ထားတဲ့ လို့မေ။ အချဉ်ရည်အသစ်တောင်ပါသေးတယ်။ သခင်လေးပြောသလိုဆေးဘဲဥက အများကြီးစားလို့မကောင်းတော့ အခုကျွန်မတို့မစားတော့ရင်ကောင်းမယ်။ ရှင်တို့မသိတော့ ကျွန်မတို့ပြောပြရတာပေါ့။ စိတ်မကောင်းပါဘူး''
မွှေးကြိုင်သည့်ရနံ့ ကဂူအတွင်းပြန့်နှံ့လျှက်ရှိသည်။ ဆာလောင်နေသည့်လူများက သွားရည်မြိုချလိုက်ရသည်။ ချင်းစယ်က အစာအိမ်ထဲတွင်းနက်ကြီးပါသည့်သစ္စာစောင့်ခွေး။ ဟင်းနံ့ ရတာနဲ့ မျက်လုံးကအရောင်တောက်သွားသည်။9
နှမ်းနှစ်၊သကြား၊ရှာလကာရည်၊ငြုပ်ဆီ၊ငရုတ်ကောင်း၊နှမ်းဆီ၊ဆားနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေသေချာရောစပ်ထား ရွှဲစိုပြီး နူးညံ့နေသည့်ကြက်သားများပင်။
နောက်ဆုံးမှ နှမ်းဖြူးထားပြီးရွှေရောင်သန်းနေသည့်ကြက်သားများက အရမ်းအရသာရှိမည့်ပုံပေါ်သည်။ အသားကလျှာဖျားသို့ရောက်သည့်အခါ ချိူ၊ချဉ်၊ငန်၊စပ်တစ်ပါးထဲပေါင်းစပ်ခံစားသွားရပြီး ဘယ်အရာကမှပိုလိုတယ်မရှိ။ ဒီအရသာပေါင်းတစ်ထောင်ဟင်းလျာကလျှာပေါ်မှာ စွဲကျန်နေပြီးမေ့မရနိုင်ပေ။4
"ဒီဟင်းလျာကတော်ဝင်စားတော်ကဲလက်ရာနဲ့တောင်ယှဉ်လို့ရတယ်။ ကျန်းအိမ်ကြက်သားတောင်ဒါကိုမမှီဘူး''
ကျန်းအိမ်လည်း တစ်ယောက်စီစားကြည့်ရတာမို့ သူတို့မျက်နှာက နီရာကဖြူ၊ ဖြူရာကစိမ်း၊ စိမ်းရာကခရမ်းရောင်သန်းသည်အထိ အရောင်ပြောင်းကုန်သည်။
ကျိူးယွင်ရှန့်က ချင်းစယ်ကို ကြည့်လိုက်ပြီး ''ခင်များကတော်ဝင်စားတော်ကဲရဲ့လက်ရာကို စားဖူးလို့လား''
ချင်းခေတ္တညိမ်သွားပြီးခေါင်းရမ်းလိုက်သည်''ဟင်အင်း မှန်းပြောကြည့်တာပါ'' ပြီးတော့ သူ လူငယ်လေးရဲ့မျက်နှာလှလှလေးကိုကြည့်လိုက်သည်။ ပြီးတော့ခေါင်းကိုငုံ့ပြီးတွေး၏ ။ ဒီကြက်အစပ်ကြော်ကကောင်းပါတယ်။ ဒါပေမယ့်မင်းရဲ့မျက်နှာနဲ့ အရည်လဲ့နေတဲ့မျက်လုံးတွေက ပိုအံ့သြစရာကောင်းတယ်။6
ကျိူးယွင်ရှန့်သူ့ကိုကြည့်မနေတော့ ကျန်းရှုလင်းနှင့်ကျန်းကျားလွေ့ ဖက်လှည့်ကာပြောလိုက်သည်၊ ''ကျူပ်ကအစားသောက်ကောင်းကြိုက်လို့ အစားရွေးတယ်။ အရသာတစ်ခါခံရုံနဲ့ဟင်းလျာရဲ့ချက်ပြုတ်နည်းပုံစံကိုသိနိုင်ပြီး ပြန်ပြင်နိုင်တယ်။ ကျူပ်ကတော့ အပြင်ရောင်းရတာထက်ကိုယ့်ဟာကိုယ်စားရတာကြိုက်တယ်။ မင်းတို့ဟာမင်းတို့ရောင်း ကျူပ်ဟာကျူပ်စားမယ်။ ဒါဆိုရင်ကျူပ်တို့ချင်းအကြွေးမရှိတော့ဘူး။ ကျူပ်သာ စီးပွားရေးအရလုပ်ရင်မင်းတို့ဟင်းကိုလူတွေလှည့်ကြည့်တော့မှာမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင်မင်းတို့ လို့မေနဲ့ဟော့ပေါ့က သာမန်ပဲ။ ကျူပ်အချိန်နဲ့တောင်မတန်ဘူး။
သူတစ်မိသားစုလုံးရဲ့ရှက်ရွံနေတဲ့မျက်နှာကိုအရသာခံကြည့်ပြီးမှ သူအိတ်ကပ်ထဲက လက်ကိုင်ပဝါအဖြူကိုဆွဲထုတ်လိုက်က မီးသွေးတစ်ဝက်ပါသည့်တုတ်ဖြင့်လက်ကိုင်ပဝါပေါ်ဟင်းလျာချက်နည်းကိုချရေးလိုက်သည်။ ပြီးတော့ သူတို့ကိုလှမ်းပေးလိုက်သည်။
"ဒါပေမယ့်ကျူးလောင်စစ်က ကျူးအိမ်ကအစေခံ။.သူခင်များတို့အိမ်က လျှိူ့ ဝှက်နည်းကိုလုလာတယ်ဆိုမှတော့ ကျူပ်ကလည်းတာဝန်ယူပေးရမှာပေါ့။ ဒါကကြက်သားအချဉ်ရည်စိမ်နည်းပဲ။ ဒါကိုအလျော်အနေနဲ့ယူပြီးနောက်တစ်ခါလမ်းမှာတွေ့ရင်ကျူပ်ကို အဲ့မျက်လုံးတွေနဲ့မကြည့်ကြနဲ့တော့။ ကျူပ်အခုလိုယဉ်ကျေးမှာမဟုတ်ဘူး။ တစ်ယောက်ယောက်ကကျူပ်ကို ယဉ်ကျေးရင်း ကျူပ်ကဆယ်ဆပြန်ယဉ်ကျေးမယ်။ တကယ်လို့ တစ်ယောက်ယောက်ကငွေတစ်ရာကျူပ်ဆီအကြွေးတင်ရင်တော့ ၁ထောင်ပြန်ယူမှာပဲ။ ကျူပ်၊ ကျူးစစ်ယွိက အဲ့လိုလူပဲ''7
သူ လက်ကိုင်ပဝါကိုလှမ်းပစ်ပြီး မျက်လုံးကိုမှေးကျဉ်းလိုက်သည်။
ကျန်းကျားလွိုက်ကအရမ်းထက်ပြီး ဒီဟင်းချက်နည်းက သူတို့အိမ်ကိုအကျိူးအများကြီးဖြစ်စေမယ်မှန်းသိသည်၊ ဒါကြောင့်သိက္ခာကိုအသာထားပြီးကောက်ဖို့ပြင်လိုက်သည်။ဒါပေမယ့်ကျန်းရှုလင်းက သူ့ရှေ့ကာလိုက်ပြီး လက်ကိုင်ပဝါကိုကောက်က ကျူးစစ်ယွိ ဆီပြန်ပေးလိုက်သည်၊ ''ကျွန်တော်တို့ အထင်လွဲမိသွားတယ်မြေရှင်ကြီး။ ခင်များမမှားပါဘူး ကျွန်တော်တို့မှားတာပါ။ ကျွန်တော်တို့ လူကောင်းကိုမှားထင်မိခဲ့တယ်။ ဒီ ချက်နည်းကိုမယူပါဘူး ပြန်သိမ်းထားလိုက်ပါ''
ကျူးစစ်ယွိ ကမလှုပ်တော့ သူ ဥသြလေးကိုပေးလိုက်သည်၊ ဥသြလေးက ကျန်းအိမ်ကိုဘာမှမကူညီချင်တာမို့ ချက်ချင်းပြန်ယူလိုက်သည်။
ကျိူးယွင်ရှန့်သူ့ကို သစ်ကိုင်းနဲ့ညွှန်လိုက်ပြီးအေးစက်စွာရယ်လိုက်သည်။ ''ကြောင်သူတော်''
Modern ကမ္ဘာ၌လူသိများသည့်စကားတစ်ခွန်းရှိသည်။ မိန်မပျက်တွေကကြောင်သူတော်တွေပဲ ။ ကျန်းရှုလင်းက ကျိူးယွင်ရှန့်ကိုရှေးခေတ်လူလို့ပဲထင်တာကြောင့်ဒီစကားကိုအများကြီးအနက်မယူလိုက်။ ရှက်ရွံသည့်အပြုံးတစ်ခုသာပေးလိုက်သည်။
မျက်နှာခဏခဏပျက်ရပြီးတော့ ကျန်းရှုလင်းရဲ့ခေတ်မှီကာလကလူသားတစ်ယောက်ရဲ့ ဥာဏ်ရည်ဟာပျောက်ကွယ်သွားလေပြီ။
•••

Коментарі