Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 1.5
အခန်း(၅) ကျိူးယွင်​ရှန့်​ဘဝ

​မှောင်​မည်း​နေတဲ့အခန်းတွင်း၌ ပိန်​ပါး​သောခန္ဓာနှင့်​လူငယ်​တစ်​ယောက်​ကုတင်​တိုင်​လေးခုမှကြိုးများနှင့်​တုပ်​နှောင်​ထားခံရ​လေသည်​။ တစ်​ကိုယ်​လုံးမှာလည်း​ချွေးများနှင့်​စွတ်​စို​နေပြီး မျက်​ဝန်းတို့ကမှင်​ရည်​နက်​နက်​ကဲ့သို့​သေ​နေသည်​။အသားအရည်​တို့ကမူးယစ်​ဆေးဝါးစွဲ​နေမှန်းသိသာလွန်းသည်​။သူရုန်းကန်​ဖို့ကြိုးစား​သော်​လည်းသူ့မျက်​လုံးတို့ကအာရုံစုစည်းမှုမရှိ မျက်​နှာကျက်​ကိုသာ​ငေးကြည့်​နေပြီးမည်​သည်​ကို​တွေး​နေမှန်းပင်​မသိ​တော့​ပေ။

​သေသပ်​သော​ခြေလှမ်းများကအပြင်​ဖက်​တွင်​ဖြည်းဖြည်းချင်း​လျှောက်​လှမ်း​နေသည်​။ အညို​ရောင်​ငွေ​ရောင်​အစင်းများပါသည့်​suitကိုဝတ်​ဆင်​ထားသည့်​ရှည်​လျား​သောအရပ်​နှင့်​လူက ထိုလူငယ်​ရှိရာအခန်းတံခါးကိုတွန်းဖွင့်​လိုက်​သည်​။ ထို့​နောက်​တစ်​လှမ်းချင်းစီ​အေး​အေး​ဆေး​ဆေး​လျှောက်​လာပြီး လူငယ်​နံ​ဘေး၌ရပ်​လိုက်​သည်​။ အနက်​ရောင်​ဆံပင်​တို့ကိုလှန်​တင်​ထားပြီး​ချော​မောခန့်​ညားသည့်​ရုပ်​ရည်​ကိုပိုင်​ဆိုင်​ထားသည့်​လူက သူ့မျက်​လုံးတို့​မှေးကျဉ်းလိုက်​စဉ်​မည်​သူမဆိုဒူးတုန်​သွားနိုင်​သည်​အန္တရာယ်​အ​ငွေ့အသက်​တို့ထွက်​ပေါ်လာ​လေသည်​။

"မင်းကို​ရေချိူး​ပေးဖို့ငါသူနာပြုကိုခိုင်း​လိုက်​မယ်​'' ထိုလူကသူ့ကုတ်​အိပ်​ကပ်​မှလက်​ကိုင်​ပဝါကိုဆွဲထုတ်​ပြီး လူငယ်​၏​ချွေးစို​နေသည့်​နဖူးပြင်​ကိုသုတ်​ပေးလိုက်​သည်​။

ထိုလူငယ်​ကသူ့၏​ခြောက်​ကပ်​နေ​သောနှုတ်​ခမ်းတို့ကိုလျှာနှင့်​သပ်​လိုက်​ပြီး​လေးလံ​နေ​သောအသံဖြင့်​ပြောလိုက်​သည်​။
"ဦး​လေး....ကျိူးယွင်​ရှန့်​ကျွန်​တော့်​ကို​ချောက်​ချတာ။ကျွန်​တော်​မှတ်​မိတယ်​၊ အဲ့ဒီမိန်းမနဲ့ကျိူးယွင်​ရှန့်​နဲ့တစ်​ခါကဘားမှာ Bourbon ဝီစကီအတူ​သောက်​နေကြတာ။​သေချာတယ်​အဲ့မိန်းမကိုသူခိုင်းတာ!" 2

ဒီလူငယ်​လေးက အခုဒုတိယနှစ်​ကောလိပ်​ကျောင်းသား ကျိူးဝန်​ကျင့်​ဖြစ်​သည်​။လွန်​ခဲ့​သောလအ​တော်​ကြာတုန်းကသူမိန်းမလှ​လေးတစ်​ဦးနဲ့ပတ်​သက်​မိသည်​။မထင်​မိတာကသူမကမ​ကောင်းတဲ့အကြံအစည်​နဲ့ချည်းကပ်​လာတာပဲ။ သူမက ကျိူးဝန်​ကျင့်​ကို​ဆေးပြင်း​ရောထားတဲ့စီးကရက်​ပေး​သောက်​သည်​။ထို​ဆေးမျိူးကတစ်​ခါရှိုက်​မိသည်​နှင့်​လုံးဝစွဲလမ်းသွားနိုင်​သော​ဆေးဖြစ်​နေတယ်​။ ကျိူးဝန်​ကျင့်​ကသံသယများပြီးအရာရာကိုသတိထားတတ်​သည့်​ပုံ​ပေါက်​သော်​လည်း သူ့မှာအားနည်းချက်​ကြီးကြီးမားမားရှိ​နေ​သေးသည်​။ အဲ့တာက​တော့ အလှအပကိုမက်​မောတာပဲ။မိန်းမလှ​လေးမြင်​တာနဲ့လုံးဝ​ကြွေဆင်းသွား​တော့တယ်​။ 4

ပထမဦးဆုံး အကြိမ်​ဆေးစွဲ​နေပြီးမှန်းသိစဉ်​ကသူ​နောက်​ကျသွားပြီ။ ဂျပန်​မှာရှိ​နေသည့်​သူ့ဦး​လေးဆီသွားပြီအကူအညီ​တောင်းရ​တော့သည်​။
တုရွှီလန်​မျက်​နှာ​ပေါ်တွင်​ခံစားချက်​မရှိလက်​ထဲကလက်​ကိုင်​ပဝါကိုအမှိုက်​ပုံးထဲပစ်​ထည့်​လိုက်​သည်​။သူ့ရင်​ထဲမှာ​တော့​ဒေါသ မီးများ​လောင်​မြိုက်​နေ၏။ သူ​ဒေါသထွက်​သည်​ကသူ့တူ၏ စကား​ကြောင့်​မဟုတ်​၊ စိတ်​ပျက်​မိ​သော​ကြောင့်​ဖြစ်​သည်​။ သူစိမ်း​တွေဆီကဘာကိုမှလက်​မခံဖို့သူအကြိမ်​ကြိမ်​ပေးခဲ့သည့်​အပြင်​သက်​တော်​စောင့်​အချိူ့ပင်​ကျိူးဝန်​ကျင့်​နားပို့ထား​သေးသည်​။ ဒါ​ပေမယ့်​သက်​တော်​စောင့်​ဆိုတာ အချိန်​ပြည့်​က​လေးထိန်းလည်းမဟုတ်​၊ သူတို့မှာအလုပ်​ရှင်​ရဲ့ကိုယ်​ရေးကိုယ်​တာကိုဝင်​စွတ်​ဖက်​ခွင့်​မရှိ။ကျိူးဝန်​ကျင့်​မိန်းမတစ်​ယောက်​၏အရူးလုပ်​ခံ​နေရသည်​ကိုညိမ်​ကြည့်​ရုံသာတတ်​နိုင်​ခဲ့သည်​။

ဒါကိုယ့်​လက်​နဲ့ကိုယ့်​ကိုယ်​ကိုပြန်​သတ်​တာပဲ။
တုရွှီလန်​ကိုယ့်​ဒေါသကိုယ်​ပြန်​ထိန်းထားပြီး လက်​ဆေးလိုက်​သည်​။ ထို့​နောက်​ဖုန်းဆက်​ပြီးသူ့တူကို​ရေးချိူး​ပေးဖို့လှမ်း​ပြောလိုက်​သည်​။ သူဆိုဖာ​ပေါ်မှာထိုင်​လိုက်​ပြီး​အေး​အေး​ဆေး​ဆေး​မေးလိုက်​သည်​။

"​သွေးရူး​သွေးတန်း​တွေ​ပြောမ​နေနဲ့။ဘယ်​သူလုပ်​တာလို့ထင်​လဲ?''

ဒီကိစ္စ​နောက်​ကွယ်​ကဘယ်​သူမှန်းသူသိပြီးသားဖြစ်​ပေမယ့်​သူ့တူသူ​ပြောပြဖို့ရည်​ရွယ်​ချက်​မရှိ။ ကိုယ့်​ရန်​သူကိုယ်​ဘယ်​သူမှန်း​တောင်​သေချာမခွဲနိုင်​ရင်​မကြာခင်​မှာပီ​ကေလို့ဝါးပြီး​ထွေးထုတ်​ပစ်​ဖို့သာ​ကောင်းသည်​။ သူလမ်းပြ​ပေးမယ်​။လိုအပ်​ရင်​ကူညီမယ်​။ ဒါ​ပေမယ့်​ရန်​သူကိုထိပ်​တိုင်​ရင်​ဆိုင်​ကူမှာမဟုတ်​ဘူး။ တကယ်​လို့ကျိူးဝန်​ကျင့်​သာ သူ့အ​မေကို ရန်​ရှီ က ကိုယ့်​ကိုယ်​ကိုသတ်​သေခိုင်းတာပါလို့မ​ပြောရင်​သူကျိူးယွင်​ရှန့်​ကိုသတ်​ဖို့​တွေးမိမှာမဟုတ်​ဘူး။

အမုန်းတရားကကူးစက်​တတ်​တယ်​။ သူ့တူကရန်​ရှီကိုအရိုးထဲထိမုန်းတာနဲ့ပဲသူကလည်းဘာမှမစဉ်းနိုင်​ပဲလက်​တုန့်​ပြန်​ဖို့ကူညီ​ပေးခဲ့တယ်​။ တကယ်​လို့သူသာကျိူးယွင်​ရှန့်​ကြောင့်​မဟုတ်​ရင်​မှားယွင်းစွာလက်​စား​ချေမိတဲ့ဗီလိန်​တစ်​ယောက်​ဖြစ်​နေ​လောက်​ပြီ။ထိုအချိန်​ကစပြီး သူ့တူအ​ပေါ်သူယုံကြည်​မှုကလုံးဝ​လျော့နည်းခဲ့ခြင်းဖြစ်​သည်​။

"သူမှမဟုတ်​ရင်​ဘယ်​သူ့ရှိ​သေးလဲ? ကျွန်​တော့်​ကိုသတ်​လို့အကျိူးထူးမှာဘယ်​သူရှိလို့လဲ?'' ကျိူးဝန်​ကျင့်​၏ပိန်​ပါး​သောမျက်​နှာက အမုန်းတရားများနှင့်​ပြည့်​နှက်​နေသည်​။ သူ့ဦး​လေးကျိူးယွင်​ရှန့်​အ​ပေါ်အမြင်​တွေ​ပြောင်း​နေတာသူအ​စောကြီးကတည်းသတိထားမိ​နေပြီးပြီ။ တစ်​ခါသူ သူ့ဦး​လေးကုတင်​ကပ်​ဗီရိုနားဖြတ်​သွားတုန်းက ကျိူးယွင်​ရှန့်​၏ဓာတ်​ပုံအ​တော်​အများ​တွေ့ခဲ့သည်​။ ရှု​ထောင့်​မျိူးစုံမှအလှဆုံးဓာတ်​ပုံများဖြစ်​နေ​သော​ကြောင့်​သူ့မျက်​ခုံးများမြင့်​တက်​သွားခဲ့သည်​။ ကျိူးယွင်​ရှန့်​ကသူ့​လောက်​မ​ချော​ပေမယ့်​သူ့ရဲ့မိန်းက​လေးဆန်​တဲ့မျက်​နှာ​လေးကတစ်​မျိူးဆွဲ​ဆောင်​မှုရှိတယ်​။ အထူးသဖြင့်​မက်​မွန်​ပွင့်​လွှာလိုမျက်​ဝန်း​တွေ။​သေချာကြည့်​လေရင်​ခုန်​သံတို့ထိန်းချူပ်​မရ​လေဖြစ်​စေနိုင်​သောမျက်​လုံးမျိူးပင်​။ ပုံတိုင်း၏ထိပ်​တွင်​လည်းအ​ပေါက်​ရာတစ်​ချိူ့ရှိ​နေပြီး ဒါဟာဒီပုံ​တွေကိုစုထားတဲ့သူက ခဏခဏဖြုတ်​လိုက်​တပ်​လိုက်​လုပ်​နေတာသိသာလွန်းတယ်​။ တကယ်​လို့သူ့ကိုယ်​သူသာမချူပ်​တီးပါလျှင်​ကျိူးဝန်​ကျင့်​ထင်​သည်​သူ့ဦး​လေးတစ်​ယောက်​ကျိူးယွင်​ရှန့်​ပုံ​တွေကိုတစ်​ခန်းလုံးအပြည့်​ကပ်​ထားလိမ့်​မည်​။ 11

ဒီလိုစိုးရိမ်​မှုကဘယ်​က​ရောက်​လာသလဲ ကျိူးဝန်​ကျင့်​တွေးမရ​ပေ။ ဒါက ရန်​ရှီသူငယ်​ငယ်​ကအဝတ်​အစား​တွေအရုပ်​တွေပို့​ပေးလို့ ရန်​ရှီအစားသူ့သားကို​ကျေးဇူးတင်​ချင်​ရုံသက်​သက်​လား။ ထိုသို့​တွေးမိ​သောလည်းမဖြစ်​နိုင်​။ သူ့ဦး​လေး​ဂေဟာကထွက်​သွားကငါးနှစ်​သာရှိ​သေးသည်​။ဘယ်​လိုလုပ်​ဒါ​တွေကိုတ​ရေးတယူထားလိမ့်​မလဲ။ ရန်​ရှီက သူ့အ​မေကို​ထောက်​ပံ့ခဲ့လို့ဆိုရ​အောင်​လည်း သူ့အ​မေကသူ့အသက်​သူ​တောင်​ပေးခဲ့ပြီးပြီပဲ။ဒါကမလုံ​လောက်​ဘူးလား။

​နောက်​ဆုံး​တော့ကျိူးဝန်​ကျင့်​နားလည်​သွားပါပြီ။ သူ့အ​မေ​သေရတာ ကျိူးယွင်​ရှန့်​အ​မေဖိအား​ပေးလို့မဟုတ်​ဘူးဆိုတာ။သူ့အ​မေကသာကျိူးယွင်​ရှန့်​အ​မေ​သေ​အောင်​ဖိအား​ပေးခဲ့ဖြစ်​သည်​။ ကျိူးယွင်​ရှန့်​နှင့်​ထိုလမ်းကြားထဲတွင်​မ​တွေ့ခင်​အထိ သူ့အ​မေရန်​ရှီ၏​ရေချိူးခန်းထဲတွင်​ကိုယ်​လက်​ကိုဓားလှီးပြီး​သေရတာရန်​ရှီခိုင်းတာလို့ထင်​ခဲ့ဖူးသည်​။ သူ့အ​မေကအရမ်းကိုစိတ်​နှလုံးနူးညံ့သည့်​လူမျိူး။ ရန်​ရှီအ​ပေါ်ပြုမိခဲ့သည့်​အပြစ်​များအတွက်​ကိုယ့်​ကိုယ်​ကိုအပြစ်​ရှိပြီး ရန်​ရှီ​ရေချိူးခန်းထဲတွင်​ကိုယ့်​ကိုယ်​ကိုသတ်​သေခဲ့ခြင်းဖြစ်​သည်​။ သူမ၏ဆန္ဒက - ကျွန်​မရှင့်​အ​ပေါ်အ​ကြွေးတင်​ခဲ့သမျှအခုပြန်​ဆပ်​မယ်​ဆိုသည့်​သ​ဘောဖြစ်​မည်​။ 3

သို့​ပေမယ့်​သူမ၏အကြံကရိုးရှင်း​သော်​လည်းရူးမိုက်​လွန်းသည်​။ သူမ ရန်​ရှီကိုသာ​သေ​စေလိမ့်​မည်​ဟု​တွေးမထားခဲ့။ သူမတို့နှစ်​ဦးစလုံးသူမတို့က​လေး​တွေကိုအမုန်းတရားလမ်း​ပေါ်တွန်းပို့ခဲ့ကြသည်​။ အခုသူကျိူးယွင်​ရှန့်​နှင့်​ပြေလည်​ချင်​တောင်​ကျိူးယွင်​ရှန့်​ကငြင်းလိမ့်​မည်​။

"မင်းဘယ်​သူ့ကိုမဆိုသံသယဝင်​လို့ရတယ်​။ယွင်​ရှန့်​ကလွဲရင်​ဘယ်​သူအကျိူးရှိမလည်းမင်းမ​တွေးတတ်​ဘူးလား''

ယွင်​ရှန့်​? နံမည်​ခေါ်သည်​ပုံစံကပင်​အရမ်းရင်းနှီးလွန်းသည်​။ကျိူးဝန်​ကျင့်​၏မျက်​နှာကအမျိူးတရား​ကြောင့်​ရှုံ့ မဲ့လာ​သော်​လည်​လည်း သူ့ဦး​လေး၏​အေးစက်​သည့်​အကြည့်​ကိုမြင်​လိုက်​သည်​အခါမှာ​တော့ သူ​သေချာပြန်​တွေးမိသည်​။ ကျန်​သည့်​လူဆိုလို့ ကျိူးဝန်​အန်​သာရှိသည်​။ မဖြစ်​နိုင်​၊ သူကအရမ်းကြင်​နာတတ်​သည်​။ ကျိူးအိမ်​တွင်​သူ့ကို​ကောင်း​ကောင်းမွန်​မွန်​ဆက်​ဆံသည်​က ကျိူးဝန်​အန်​ကပထမဦးဆုံးဖြစ်​သည်​။ သူ​နေမ​ကောင်းသည့်​အခါတိတ်​တဆိတ်​ဆေးယူလာ​ပေးတတ်​ပြီး သူ့​မွေး​နေ့လည်းလုပ်​ပေးဖူးသည်​။ သူ့အ​မေအုတ်​ဂူသို့သွားသည့်​အခါလည်းအ​ဖော်​လိုက်​ပေးတတ်​သည်​။ သူကဘယ်​လိုလုပ်​သူ့ကိုမုန်းမှာလဲ။ သူကရန်​ရှီရဲ့အ​မွေကိုဆက်​ခံကတည်းက ကျိူးလုပ်​ငန်းစုကသူ့အတွက်​မဟုတ်​ဘူးလို့အ​ဖေ​ပြောခဲ့ပြီးသား။

သူတို့ကြားမှာဘာပြသာနာမှမရှိပဲ သူကဘာလို့အန္တရာယ်​ပေးမှာလဲ။ ကျိူးဝန်​ကျင့်​ခေါင်းရမ်းပြီးထိုအ​တွေးကိုဖယ်​ထုတ်​လိုက်​သည်​။ ဘယ်​လိုပြန်​တွေး​တွေး ကျိူးယွင်​ရှန့်​သည်​သာဒီကိစ္စ၏တရားခံဟုသူခံစား​နေရသည်​။

တုရွှီလန်​၊ ကျိူးဝန်​ကျင့်​၏တုန့်​ပြန်​မှုကိုကြည့်​ပြီးစကား​ပြောရမှာအရမ်းပျင်း​သော​ကြောင့်​သူနာပြုနှင့်​ချန်​ထားလိုက်​ပြီး သူ့စာကြည့်​ခန်းသူပြန်​လာလိုက်​သည်​။ ထို့​နောက်​သူ့ Video call​ခေါ်လိုက်​သည်​။

"ခင်​များဘာလိုလို့လဲ?'' ကွန်​ပြူတာဖန်​သားပြင်​ပေါ်တွင်​ချော​မော​သော်​လည်းထိုင်းမှိုင်း​နေသည့်​မျက်​လုံးများမျက်​နှာ​လေး​ပေါ်လာသည်​။ ညသန်း​ခေါင်​ဖြစ်​သော်​ကြောင့်​သူ့မျက်​လုံးတို့က​ဝေဝါး​နေပုံရသည်​။

"မင်းအခုထိပရိုဂရမ်​ရေး​နေတုန်းလား။ မနက်​နှစ်​နာရီ​တောင်​ခွဲပြီ အိပ်​သင့်​ပြီ'' တုရွှီလန်​သူ့လက်​ပတ်​နာရီသူကြည့်​ပြီး​ပြောလိုက်​သည်​။ သူ့အသံကညိမ်​သော်​လည်းရင်​ထဲကအမှန်​တကယ်​စိတ်​ပူ​နေ၏။

"အိပ်​တော့မှာ'' ကျိူးယွင်​ရှန့်​သူ့မျက်​လုံးသူမျက်​စင်းခတ်​လိုက်​ပြီးပြန်​ဖြေလိုက်​သည်​။

စီးကျလာသည့်​အရည်​တစ်​ချိူ့ကိုတစ်​ရှူးနှင့်​သုတ်​လိုက်​ပြီး မျက်​တောင်​တဖျတ်​ဖျတ်​ခတ်​လိုက်​သည့်​ဟန်​က သူ့နှလုံးသားနှင့်​ဝိညာဉ်​ကိုပင်​လှုပ်​ရှားသွားဖို့လုံ​လောက်​လေသည်​။ ဆွဲ​ဆောင်​မှုရှိလွန်းတယ်​။ တုရွှီလန်​အသက်​ပင်​အောင့်​ထားမိသလားမသိ​တော့။ တုရွှီလန်​ထိုင်​ခုံကိုမှီလိုက်​ပြီး​ခြေချင်းချိတ်​ထိုင်​လျှက်​ပေါက်​ထွက်​မတတ်​သူ့ရင်​ခုန်​သံများကိုကြိုးစားထိန်းချူပ်​လိုက်​သည်​။
"ဝန်​ကျင့်​ကအခု​ဆေးဖြတ်​နေတယ်​။မင်းအယ်​လ်​ဆာကိုသိလား''

အယ်​လ်​ဆာဆိုတာကျိူးဝန်​ကျင့်​ကို​ဆေးစွဲ​အောင်​ဖြား​ယောင်​ခဲ့​သောမိန်းမဖြစ်​သည်​။ ကျိူးယွင်​ရှန့်​ချက်​ချင်းရယ်​လိုက်​သည်​။'' သူကမကြာခင်​မိန်းမဗိုက်​ထဲမှာ​သေ​တော့မှာပဲ''
ထို့​နောက်​စားပွဲ​ပေါ်ကနွားနို့​နွေး​နွေးကိုတစ်​ငုံ၊နှစ်​ငုံ​သောက်​လိုက်​ပြီး နှုတ်​ခမ်းကိုလျှာဖြင့်​သပ်​လိုက်​သည်​။ 6

"ကျွန်​တော်​သူ့ကိုသိတယ်​။ လွန်​ခဲ့တဲ့လတုန်းကသူ့ကျွန်​တော့်​ကိုတစ်​ခုခု​ပေးတယ်​။ ခင်​များလည်းသိပါတယ်​ကျွန်​တော့်​နှာ​ခေါင်းကအနံ့ခံအရမ်း​ကောင်းတယ်​လေ။ဒါ​ကြောင့်​ငြင်းလိုက်​တယ်​''

007ကိုလက်​ဝယ်​ပိုင်​ဆိုင်​ထားတဲ့ကျိူးယွင်​ရှန့်​အ​နေနဲ့ရုပ်​ပိုင်းဆိုင်​ရာအချက်​အလက်​တွေကို​အေး​အေး​ဆေး​ဆေးအကဲဖြတ်​နိုင်​သည်​။ အာရုံငါးပါး၊ခွန်​အား၊ဝိညာဉ်​စွမ်းအား စသည်​ဖြင့်​ပေါ့။ သို့​ပေမယ့်​သူ သူ့ကိုယ်​သူ​တော့သာမန်​လူအ​ခြေအ​နေ၌​သာထားထားသည်​။ ထူးခြားသည့်​အ​ကြောင်းအရင်းမရှိပါနဲ့ထိုအစွမ်းများအသုံးပြုလိုက်​လျှင်​ဒီ​လောကကြီးပျက်​ဆီးသွားနိုင်​သော​ကြောင့်​ဖြစ်​သည်​။ အယ်​လ်​ဆာလက်​ထဲမှစီးကရက်​သူ့လက်​ထဲမ​ရောက်​ခင်​၌ပင်​သူ့အ​စောကြီးကတည်း​ဆေးအနံ့ ရနှင့်​ပြီးဖြစ်​သည်​။

"ခင်​များကျွန်​တော့်​ကို​စောင့်​ကြည့်​ဖို့လူလွှတ်​ထားတာပဲမဟုတ်​လား။ ခင်​များကိုယ့်​တူကိုယ်​သာ​သေချာကြည့်​ပါ''

"မင်းကိုဘယ်​လိုလုပ်​လူလွှတ်​ပြီးကြည့်​ခိုင်းရမှာလဲ။့ငါ့လက်​တွေကအဲ့​လောက်​မရှည်​ပါဘူး။'' တုရွှီလန်​အခုအချိန်​ထိဆက်​ပြီးဟန်​ဆောင်​နေ​သေးသည်​။ကျိူးဝန်​ကျင့်​သည်​ပင်​သူ့ဦး​လေးက တုမိသားစု​ခေါင်း​ဆောင်​ဆိုတာကိုမသိ။ နုတ်​ထွက်​ပြီးဂျပန်​ကကုမ္ပဏီတစ်​ခုမှာအလုပ်​လုပ်​နေသည်​ဟုသာသိထားသည်​။ ပိုက်​ဆံနည်းနည်းရှိပြီးပါဝါမရှိသည့်​အ​နေအထားဖြင့်​သာသိထားသည်​။

"ဒီ​လောကမှာခင်​များလက်​မ​ရောက်​နိုင်​တဲ့​နေရာမရှိပါဘူး တုရွှီလန်​'' ကျိူးယွင်​ရှန့်​အံဆွဲထဲကဓာတ်​ပုံကိုယူပြီးကင်​မရာ​ရှေ့ပြလိုက်​သည်​။ ဒီပုံကမီဒီယာကဖမ်းမိသည့်​တစ်​ပုံတည်း​သောပုံဖြစ်​သည်​။ အ​စောင့်​အရမ်းများပြီး ကင်​မရာကလည်း​ဝေးသည့်​အတွက်​ပုံကလည်း​ဝေ​ဝေဝါးဝါးဖြစ်​နေသည်​။ အခြားလူမဆိုထားနှင့်​တုရွှီလန်​သည်​ပင်​မည်​သူမှန်းမမှတ်​မိ​ပေ။

"ဘယ်​သူကဒီတုရွှီလန်​ကို ဂျပန်​ကတုရွှီလန်​ပဲလို့ထင်​မှာလဲ။ ဒါ​ပေမယ့်​အမှန်​တရားကိုသံသယဖြစ်​စရာ​တော့မလိုပါဘူး ခင်​များပျင်း​နေတာလား'' ကျိူးယွင်​ရှန့်​ပုံကိုပြန်​ချထားလိုက်​ပြီးမျက်​ခုံးပင့်​လိုက်​သည်​။

"အဲ့ဒီပုံကအရမ်းဝါး​နေတာကို မင်းကငါပါလို့ဘာလို့​သေချာ​နေရတာလဲ''

"ကျွန်​တော်​ပြောဖို့​မေ့သွားတယ်​။ကျွန်​တော်​တို့ကုမ္ပဏီက အဆင့်​မြင့်​identification software ကိုထွင်​ထားတယ်​။မျက်​နှာမ​ပြောနဲ့ ပုံက​နောက်​ကျောပဲဆိုရင်​တောင်​ပုံထဲကလူဘယ်​သူဆိုတာအရိုးတည်​ဆောက်​ပုံ၊အရပ်​၊အ​လေးချိန်​၊လမ်း​လျှောက်​ဟန်​တွေနဲ့အခြားအချက်​အလက်​တွေအရ အကုန်​ဖော်​ထုတ်​နိုင်​တယ်​။ အခုအ​မေရိကန်​ကာကွယ်​ရေးဦးစီဌာနကဒီ​ဆော့ဝဲလ်​ကို​ဈေးကြီး​ပေးပြီး အကြမ်းဖက်​သမား​တွေကို​နောက်​ယောင်​ခံဖို့လုပ်​နေတယ်​။ ကျွန်​တော်​နမူနာပြရမလား?''

ကျိူးယွင်​ရှန့်​scanner ကိုယူပြီး ဓာတ်​ပုံကိုscanဖတ်​လိုက်​သည်​။ထို့​နောက်​တုရွှီလန်​ဆီလွဲ​ပေးလိုက်​သည်​။
တုရွှီလန်​အ​နေနဲ့ကျိူးယွင်​ရှန့်​နဲ့Noah Universal တို့ရဲ့ပတ်​သက်​မှုကိုသိထား​ပေမယ့်​ကျိူးယွင်​ရှန့်​က​တော့တစ်​ခါမှကြွားလုံးမထုတ်​ခဲ့ဖူးဘူး။

"မင်းလုပ်​စရာမလိုပါဘူး။ ကိုယ်​ကတုရွှီလန်​ပါ'' တုရွှီလန်​ရယ်​လိုက်​ပြီး ပြန်​မေးလိုက်​သည်​။
''မင်းဘယ်​တုန်းကသိသွားတာလဲ'' ကျိူးယွင်​ရှန့်​သူ့သရုပ်​မှန်​ကိုသိ​ပေမယ့်​အခုလိုသူနဲ့​ကောင်း​ကောင်းဆက်​သွယ်​နေနိုင်​သေးတယ်​။ ဘာ​ကြောင့်​မှန်းမသိတုရွှီလန်​ကျေနပ်​မိသည်​။

"လွန်​ခဲ့တဲ့၂နှစ်​ကခင်​များကကျွန်​တော်​နဲ့ကစားချင်​လို့ကျွန်​တော်​လည်းလိုက်​ကစားကူတာ​လေ။ဘယ်​လိုလဲ​ကျေနပ်​ရဲ့လား'' ကျိူးယွင်​ရှန့်​လက်​ကို​မြှောက်​ပြီးကင်​မရာကိုပိတ်​ဖို့လှမ်းလိုက်​သည်​။

"မဆင်း​သေးနဲ့အုန်း။ ကိုယ်​မင်းကို​ပြောစရာရှိ​သေးတယ်​'' တုရွှီလန်​ကင်​မရာ​ရှေ့ကိုကိုင်းလိုက်​ပြီးအ​လေးအနက်​ပြောလိုက်​သည်​၊ ''ကိုယ်​မင်းကို​နောက်​ယောင်​ခံ​နေတာမဟုတ်​ဘူး။သံသယဝင်​နေတာလည်းမဟုတ်​ဘူး။ကိုယ်​မင်းကိုကာကွယ်​ဖို့ကြိုစား​နေတာ။ မင်းအတွက်​ပြသာနာ​တွေဘယ်​လောက်​တောင်​ကိုယ်​ရှင်း​ပေးရတယ်​ထင်​လဲ။လွန်​ခဲ့နှစ်​ရက်​က မင်း​ဘော်​ဒီဂတ်​က မင်းကို​ချောင်း​နေတဲ့လူတစ်​ယောက်​ကိုဖမ်းမိတယ်​။သူ့လက်​ထဲက​သေနတ်​မှာကျည်​ဖြည့်​ပြီး​နေပြီ။ အဲ့တာဘာအဓိပ္ပါယ်​လည်းမင်းသိလား''

ကျိူးယွင်​ရှန့်​လက်​ကိုဖယ်​လိုက်​ပြီးဟက်​ခနဲရယ်​လိုက်​သည်​။
"တစ်​ယောက်​ယောက်​ကျွန်​တော့်​အသက်​ကိုလိုချင်​နေတာ​ပေါ့။ဘယ်​သူလဲ?''

"မင်းသိပြီးသားမဟုတ်​ဘူးလား'' တုရွှီလန်​သူ့အိတ်​ကပ်​ထဲစီးကရက်​ကိုဆွဲထုတ်​ပြီးမီးညှိလိုက်​သည်​။ထို့​နောက်​အေးစက်​စက်​သူ့မျက်​လုံး​တွေကို​ဝေဝါးသွား​စေဖို့​ဆေးလိပ်​ငွေ့​တွေကိုမှုတ်​လိုက်​သည်​။

ကျိူးယွင်​ရှန့်​ရဲ့ကုမ္ပဏီကကြီးထွားပြီးရင်းကြီးထွား​နေတာ။ ဒါကမလွဲသာ အခြားလူ​တွေကိုအပြစ်​ပြုမိ​ကောင်းပြုမိနိုင်​မယ်​ဒါ​ပေမယ့်​သူ့အသက်​ကိုလိုချင်​ရ​လောက်​တဲ့အထိက​တော့ကျိူးဝန်​အန်​တစ်​ယောက်​ပဲရှိတယ်​။သူခဏ​လောက်​စဉ်းစားပြီးမျက်​လုံးများ​မှေးကျဉ်းသွားသည်​။

တုရွှီလန်​ဆေးလိပ်​ငွေ့​တွေကိုထပ်​မှုတ်​ထုတ်​လိုက်​ပြီးအကြံ​ပေးလိုက်​သည်​။ ''အိမ်​ပြန်​။ တရုတ်​ပြည်​ကိုပြန်​အဲ့မှာဆိုသူမင်းကိုလွယ်​လွယ်​နဲ့မထိရဲဘူး။ မင်းဘိုးဘွား​တွေနဲ့မင်းဦး​လေး အရိပ်​အောက်​မှာဆို ရပ်​ဝေး​မြေခြားမှာတစ်​ယောက်​ထဲ​နေတာထက်​သာတယ်​။ နှစ်​အနည်းငယ်​ကြာရင်​အဲ့ဒီနိုင်​ငံမှာမင်းပြိုင်​ဖက်​ရှိ​တော့မှာမဟုတ်​ဘူး။ မင်း မင်းမိသားစုစီးပွား​ရေးလုပ်​ငန်းကိုတာဝန်​တဲ့အခါဘယ်​သူကမှာမင်းနဲ့ယှဉ်​ဖို့အရည်​ချင်းရှိမှာမဟုတ်​ဘူး။''

"ကျိူးဝန်​ကျင့်​က​တောင်​အရည်​အချင်းမရှိဘူး​ပေါ့''

"ဝန်​ကျင့်​လည်းအရည်​အချင်းမမှီဘူး'' တုရွှီလန်​ခေါင်းညိမ့်​လျှက်​ဖြေလိုက်​သည်​။ သနားတာထက်​ပိုတဲ့ခံစားချက်​ကိုခံစား​နေရတာ​ကြောင့်​လား​တော့မသိ အရင်​ကျိူးလုပ်​ငန်းစုအ​ကြောင်းစိတ်​မဝင်​စားတဲ့တုရွှီလန်​ခု​တော့စိတ်​ပြောင်းသွားပြီ။ ဝန်​ကျင့်​ကကိုယ့်​စီးပွား​ရေးကိုယ်​လုပ်​မယ်​။ကျိူးလုပ်​ငန်းစုက​တော့ ရှန့်​ဆီကိုပဲသွားရမယ်​။ သူကကျိူးလုပ်​ငန်းစုရဲ့ဆက်​ဆံသူအစစ်​ပဲ။

အဲ့တာထက်​ကျိူးညီအစ်​ကိုနှစ်​ယောက်​ကြားကဆက်​ဆံ​ရေးကအလွန်​ထူးဆန်းသည်​ဟုသူထင်​သည်​။ ကျိူးလုပ်​ငန်းစုကသာမန်​စီးပွား​ရေးလုပ်​ငန်းစု မာဖီးယားမိသားစုမဟုတ်​။ မိသားစုအ​မွေအတွက်​နှင့်​သွေး​မြေကျရန်​မလိုအပ်​ပေ။အကယ်​၍ကျိူးဝန်​အန်​သာအနိုင်​ရရင်​သူ့အစ်​ကို​တွေကို​မောင်းထုတ်​လိုက်​ရင်​ရရဲ့သားနဲ့ဘာ​ကြောင့်​သွေးဆာရသလဲ။သူဝန်​ကျင့်​ကိုမုန်းသည်​ကယုတ္တိရှိ​ပေမယ့်​လို့ သူ့အစ်​ကိုရင်းသူသတ်​ရ​အောင်​လောက်​တော့ယုတ္တိမရှိ​ပေ။

တုရွှီလန်​ထိုညီအစ်​ကိုနှစ်​ဦးကိုသူ့အမြဲ​လေ့လာခဲ့သည်​။ငယ်​စဉ်​မှကြီးသည်​အထိ ကျိူးယွင်​ရှန့်သူ့ညီ​လေးသူဂရုစိုက်​ခဲ့သည်​။ တစ်​ခါ​လေးမှငြူစူခဲ့ခြင်းမရှိ။ ကျိူးဝန်​ကျင့်​၊ ကျိူးယွင်​ရှန့်​ကိုမုန်းရသည့်​အ​ကြောင်းအရင်းသူတကယ်​သိချင်​မိသည်​။ ထို့​ကြောင့်​သူတဲ့တိုးသာ​မေးလိုက်​တော့သည်​။

ဘာ​ကြောင့်​လဲ? ဘာ​ကြောင့်​ဆို ကျိူးဝန်​အန်​နံမည်​ကအလိမ်​အညာသပ်​သပ်​ပဲ။တကယ်​လို့ကျိူးယွင်​ရှန့်​သာတစ်​နေ့အမှန်​ကိုသိသွားခဲ့ရင်​သူပိုင်​ဆိုင်​သမျှအားလုံးဆုံးရှုံးသွားရနိုင်​တယ်​။ ကျိူးယွင်​ရှန့်​သူ့ကိုမတိုက်​ခိုက်​ရင်​တောင်​ရန်​ရှီမိဘ​တွေကသူ့ကိုအလွတ်​ပေးမည်​မဟုတ်​။ ရန်​မိသားစုကကျိူးမိသားစုနဲ့ယှဉ်​ရင်​သေး​ပေမယ့်​သူ့တို့​နောက်​ကြောင်းအရမ်းကိုရှုပ်​ထွေးပြီးမသန့်​ပေ။ ရန်​ရှီ့မိဘများ၊ညီအစ်​ကို​မောင်​နှမများအားလုံးသည်​အကြင်​နာတရားမရှိကြ​ပေ။ သူတို့အခုကျိူးဝန်​အန်​ကိုချစ်​ကောင်းချစ်​မယ်​ဒါ​ပေမယ့်​တစ်​နေ့အမှန်​ကိုသာသိသွားရင်​သူတို့​သေသည်​အထိမုန်းကြလိမ့်​မည်​။
ကျိူးယွင်​ရှန့်​သည်​ကျိူးဝန်​အန်​အတွက်​တော့ ချိန်​ရွယ်​ထားသည့်​ဓားတစ်​ချောင်း၊ သူ့နှလုံးကိုရစ်​ပတ်​ထားသည့်​ဆူး​ခွေ။ ကျိူးယွင်​ရှန့်​ကိုရှင်းပစ်​လိုက်​ခြင်းကသာ သူအသက်​ရှူ​ချောင်​မည်​ဖြစ်​သည်​။ ကျိူးသခင်​ကြီးကလည်းထိုနည်း၎င်းပင်​ဖြစ်​လိမ့်​မည်​။ သူ့သားအကြီးကိုရန်​မိသားစုနှင့်​ပူး​ပေါင်းရန်​ခွင့်​ပြုမည်​မဟုတ်​ပေ။ 1

ကျိူးယွင်​ရှန့်​အ​တော်​များများ​တွေးကြည့်​ပေမယ့်​တုရွှီလန်​ကို​တော့​ပြောပြရန်​အစီအစဉ်​မရှိ​ပေ။ သူ့အင်္ကျီချွတ်​လိုက်​ပြီးဟက်​ဟက်​ပက်​ပက်​ရယ်​လိုက်​သည်​။
"ခင်​များအများကြီးလုပ်​ပေးပြီပါပြီ။ ကျွန်​တော့်​ပြသာနာကျွန်​တော်​ရှင်းမယ်​။ ကျိူးလုပ်​ငန်းစုဘာဖြစ်​မလဲကျွန်​တော်​စိတ်​မဝင်​စားဘူး သူတို့လိုချင်​ရင်​သူတို့ယူပါ​စေ။ တစ်​နေ့ ကျွန်​တော့်​Noahကသူ တို့ ကိုနင်း​ချေပစ်​လိုက်​မယ်​''

အဝတ်​ကိုဖြစ်​ကတတ်​ဆန်းချွတ်​ပြီး ဆံပင်​ကိုခါရင်းကျိူးယွင်​ရှန့်​ရေချိူးထဲဝင်​သွားလိုက်​သည်​။ကင်​မရာကိုပိတ်​ရန်​ပင်​သတိမရ။
ချာတိတ်​လေးကအခု​တော့​ချော​မောခန့်​ညားတဲ့​ယောက်ျားတစ်​ယောက်​ဖြစ်​လာခဲ့ပြီ။ အခန်းထဲအ​အောင်းလွန်​ပြီး​နေ​ရောင်​မထိတာ​ကြောင့်​သူ့အသားအရည်​က​ဖောက်​မြင်​မတတ်​ပင်​ဖြူ​ဖွေးလွန်း​နေသည်​။ သို့​ပေမယ့်​သူ့ဝမ်းဗိုက်​တွင်​တော့ကျစ်​လျစ်​သောကြွက်​သားအ​မြောင်းရှိ​နေပြီး​လေ့ကျင့်​ခန်းမှန်​မှန်​တာသိသာ​စေသည်​။ မတ်​တပ်​ရပ်​လျှက်​ခါးပတ်​ကိုဖြုတ်​ပြီး​နောက်​သွယ်​လျ​သောခါးလိုင်းနှင့်​ဖြောင့်​တန်းသည့်​ကျောရိုးတို့​ပေါ်လာသည်​။​ဘောင်းဘီကို​လျှောချလိုက်​စဉ်​သူ၏လုံးဝန်း​သောတင်​ပါးတို့​ကြောင့်​ဘောင်းဘီမှာလွယ်​လွယ်​နှင့်​လျှောကျမသွား​ပေ။ 8

ထို​လေးဖင့်​ဖင့်​နှင့်​ကပိုကရိုနိုင်​ပုံကအရမ်းကိုsexyကျလွန်းသည်​။ 18

တုရွှီလန်​ငေးကြည့်​နေမိသည်​။ ကျိူးယွင်​ရှန့်​ကင်​မရာမြင်​ကွင်းမှအ​ဝေး​ရောက်​သွားသည့်​အခါတိုင်းသူလည်​ဆန့်​ပြီးလိုက်​ကြည့်​နေမိသည်​။ ကျိူးယွင်​ရှန့်​ရေမြန်​မြန်​ချိူးပြီးခါးတွင်​တဘတ်​ပတ်​လျှက်​ပြန်​ထွက်​လာသည်​။ သူ၏​ဖြောင့်​တန်းသွယ်​လျ​သော​ခြေတံတို့ကတုရွှီလန်​အာရုံကို တဖန်​ဖမ်းစားသွားပြန်​သည်​။သူပုံစံကြည့်​ရတာ အ​တောင့်​လိုက်​ထိုင်​ပြီးကြည့်​နေတဲ့တုရွှီလန်​ပုံစံကိုသတိထားမိပုံမရ။ Good nightဟု​ပြောပြီး ဗီဒီယို​ခေါ်ကိုပိတ်​လိုက်​သည်​။

ပုံရိပ်​လှလှ​လေး​ပျောက်​ကွယ်​သွားပြီး​နောက်​တုရွှီလန်​ကိုယ့်​ကိုယ်​ကိုသတိမထားမိပဲ အသက်​အောင့်​ထားသည်​ကို​ဖြေချလိုက်​သည်​။ ထို့​နောက်​နဖူး​ပေါ်လက်​တင်​လိုက်​သည်​။ သူ့ပုံစံကအတင့်​ရဲလွန်းသလိုဖြစ်​နေ​သော်​လည်း ကံဆိုးသည်​ကတစ်​ဖက်​လူကသတိထားမိပုံပင်​မ​ပေါ်​ပေ။

ကျိူးယွင်​ရှန့်​သတိမထားမိဘူး​ပေါ့? ကင်​မရာပိတ်​လိုက်​ပြီး​နောက်​ကျိူးယွင်​ရှန့်​၏​လေးကိုင်းသဏ္ဌာန်​နှုတ်​ခမ်းစွန်းမှာ​ကော့ညွှတ်​သွားပြီးရယ်​သံတစ်​ချိူ့ပါထွက်​ကျလာသည်​။ သူကအရမ်းကိုအဆင့်​အတန်း​ရွေးတဲ့Gay။ တုရွှီလန်​ကရုပ်​ချောတယ်၊အရပ်​ရှည်​တယ်၊ပါဝါရှိတယ်​အ​ကောင်းဆုံး​ရွေးချယ်​စရာပဲ​ပေါ့။ ကျိူးယွင်​ရှန့်​ငြင်းစရာအ​ကြောင်းမရှိပါဘူး။​နောက်​ဆက်​တွဲအ​နေနဲ့က​တော့သူ့မှာအစီအစဉ်​မရှိ​ဘူး။ သူ့အ​နေနဲ့ system ရဲ့နယ်​ရုပ်​ဖြစ်​ခဲ့ရတာလုံ​လောက်​ပြီ။ အခု​တော့သူ့လမ်းသူ​လျှောက်​တော့မည်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі