Arc 4.6
အခန်း (၃၆) လင်းချန်စယ်ဘဝ
Translator - MayHoney127
ကျိုးယွင့်ရှန်ရဲ့ သရုပ်ဆောင်ချက်တွေက ကောင်းလွန်းတာကြောင့် ကြေညာရိုက်တာက ၁ရက်နဲ့ပြီးသွားပြီ။ Orlandoက editingပိုင်းမှာလည်းတာဝန်ရှိတော့ မျက်နှာကြီးရဲပြီး မျက်လုံးကအမူးသမားလိုပုံစံနဲ့ Studioအခန်းထဲက ထွက်လာတယ်။
"Boss ဒီနမူနာကြေညာကို တစ်ချက်ကြည့်ကြည့်လိုက်ပါဦး။ ဒီရေမွှေးက တရုတ်မှာတင်မဟုတ်ဘူး တစ်ကမ္ဘာလုံးမှာပါ နာမည်ရလာမှာ။ ဒါကို ဥရောပဈေးကွက်အတွက်လည်း တစ်ခါတည်းသုံးလိုက်တော့မယ်"
ချောင်းမို့ခွန်းက စာရွက်စာတမ်းတွေကြည့်နေရာက ခေါင်းတချက်တောင်မဖော်ပဲ...''အင်း မင်းလုပ်စရာရှိတာသွားလုပ်ချေ။ ငါပြီးရင်ကြည့်လိုက်မယ်"
Orlandoက သူ့Boss တအံ့တဩတုန့်ပြန်တာကို လိုချင်ပင်မယ့် အဲ့လိုမဟုတ်တော့ စိတ်ပျက်လက်ပျက်နဲ့ ထားခဲ့ပြီးထွက်သွားတယ်။ တခြားသူတွေရော အကုန်ထွက်သွားတာနဲ့ ချောင်းမို့ခွန်းက ချက်ချင်းထပြီး သူ့ရုံးခန်းတံခါးကို lockချလိုက်တယ်။ သူ့coatအင်္ကျီကို ချွတ်ပြီး necktieကို ဖြေလိုက်တယ်။ ဝိုင်တစ်ခွက်သောက်ရင်းနဲ့ computerထဲကို diskထိုးထည့်လိုက်တော့ သီချင်းသံတစ်သံက ခပ်တိုးတိုးထွက်လာတယ်။
🎼Close your eyes
Have no fear
The monster's gone
He's on run and your Daddy's here
{(Beautiful)4 Boy}2
Before you go to sleep
Say a little prayer
Everyday in every way
It's getting better and better
{(Beautiful)4 Boy}2🎼
(Tran: သီချင်းက John Lennonရဲ့ Beautiful Boyပါ။ ဒီficမှာညွှန်းထားတာက အမျိုးသမီးအသံမလို့ ဒါcover songဖြစ်နိုင်ပါတယ်တဲ့)
ချောင်းမို့ခွန်း သာမန်ကာလျှံကာကြည့်နေရာကနေ တဖြည်းဖြည်းစိတ်ပါလာတယ်။ သူ studioမှာ ထိုင်ကြည့်တုန်းက တစောင်းဆိုတော့ သိပ်မမြင်ရဘူး။ အခုကြေညာမှာက ရှုထောင့်တွေ effectတွေကို သေချာသုံးထားတော့ လုံးဝလန်ထွက်နေတယ်။
မူးနေတဲ့ကောင်လေးရဲ့ မျက်ဝန်းတွေက ရီဝေဝေနဲ့ ပါးမို့လေးကရဲနေတယ်။ နှုတ်ခမ်းတွေက နည်းနည်းခြောက်နေတော့ မျက်မှောင်တစ်ချက် ကြုပ်လိုက်ပြီး လျှာနဲ့သပ်လိုက်တယ်။ ဒါကနှုတ်ခမ်းလေး နူးညံ့သွားပင်မယ့် ရေငတ်မပြေစေဘူး။ ဒါကြောင့် သူပွင့်ဖတ်တွေကို ကောက်ယူပြီး ညှစ်ချေလိုက်ကာ ပန်းရည်နီနီတွေကို စုပ်လိုက်တယ်။ ပြီးတော့ သူကျေနပ်စွာ သက်ပြင်းချပြီး နီနီရည်တွေကို ဖွေးဥနေတဲ့ သူ့ရင်ဘတ်အပေါ်သုတ်လိုက်တယ်။ ရောင်စုံပွင့်ဖတ်လေးတွေတောင် မှေးမှိန်သွားလောက်အောင် ဒီsceneမှာ အလှဆုံးဖြစ်သွားတယ်။ အရမ်း အရမ်း အရမ်းကို လှရက်လွန်းတဲ့ကောင်လေးက မျက်လုံးတွေကို ဖြည်းဖြည်းချင်းမှိတ်လိုက်တော့ မျက်တောင်ထူထူကော့ကော့လေးတွေက မျက်ရည်တစ်စက်တွဲခိုကျသွားပြီး ခဏအတွင်းမှာ အိပ်ပျော်သွားတော့တယ်။ Screenက တဖြည်းဖြည်းဝါးလာပြီး "Extravagant ; the Taste of Beauty" ဆိုတဲ့ ရွှေရောင်ဂျာမန်စကားလုံးပုံစံလေးတွေ ထွက်လာတယ်။+
ကြေညာတစ်ခုလုံးမှာ ရေမွှေးပုလင်းကို ပြမသွားပေမယ့် လူတိုင်းက ချိုမြိန်တဲ့ ပန်းလိုအလှတရားတွေ ပေါက်ကွဲထွက်လာတာကို ခံစားမိနိုင်တယ်။ ဒါက အရမ်းကို ဆွဲဆောင်မှုရှိတဲ့ ကြေညာပဲ။
ချောင်းမို့ခွန်းက screenကို တမေ့တမောကြည့်နေတာ သူ့ဝိုင်ခွက်တောင် မေ့သွားတယ်။ တစ်မိနစ်က ကြေညာတစ်ခုအတွက် အကြာဆုံးအချိန်ဆိုပင်မယ့် ခဏလေးအတွင်းမှာ ကောင်လေးရဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့အလှတွေ ပျောက်သွားတော့ သူဒါက အရမ်းတိုလွန်းတယ်လို့ ထင်မိတယ်။
သူအမြန် playback bottomကိုနှိပ်ပြီး ကောင်လေးရဲ့ နှုတ်ခမ်းတွေကို သူနမ်းရှိုက်မယ်။ ကောင်လေးရဲ့ တစ်ကိုယ်လုံးကို သူတယုတယနဲ့ ပွတ်သပ်ပေးမယ်။ သူ့ကိုယ်အောက်မှာ ကောင်လေးက မျက်ရည်ဥလေးတွေ တွဲခိုနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကိုအသနားခံနေမယ်လို့ ကြေညာmodelလေးကို စိတ်ကူးယဉ်လိုက်တယ်။ တကယ့်အထိအတွေ့ဘာမှမပါဘဲနဲ့တောင် သူအကျေနပ်ကြီးကျေနပ်နေတယ်။ လက်ရှိအခြေအနေကို ပြန်သတိရမိခါမှ သူ့ဘောင်းဘီခွကြားကို ငုံကြည့်မိပြီး မျက်နှာကြီး မည်းသည်းသွားတော့တယ်။ ဒါကြောင့် သူနားနေခန်းကို အမြန်သွားကာ ရေချိုးလိုက်ရတော့တယ်။ ပြီးတော့ ရေလဲဝတ်စုံကြီးနဲ့ ယုမေလျန်ကို phခေါ်တော့တယ်။
ကျိုးယွင့်ရှန် AYAက ငွေလွှဲမယ့်နေ့ကို စောင့်နေတာ ၁ပတ်လောက်ရှိပြီ။ ဒီကြားထဲမှာ ပိုက်ဆံပြတ်တော့မလိုတောင် ဖြစ်သွားလို့ ဖန်းယို့ရမ်ဆီက ပိုက်ဆံချေးပြီး ဈေးသက်သက်သာသာနဲ့ အာဟာရရှိမယ့် အစားအစာတွေပဲ စားနေရတာ သူအခုသည်းမခံနိုင်တော့ဘူး။ တကယ်လို့ ကျိဟန်ယွိကလည်း သူ့ကိုအထင်သေးတဲ့အကြည့်နဲ့ ထပ်ကြည့်ရင် သူတကယ်ဆက်ရှင်ချင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် နောက်ဆုံး သူယုမေလျန်ကို phခေါ်ရတော့တယ်။+
"ငါလည်းမသိဘူးလေ။ ချောင်းမို့ခွန်းကို မေးကြည့်လိုက်ပါလား"
ယုမေလျန်က ဒီကိစ္စမှာ ချောင်းမို့ခွန်းဘက်ကို သေချာပုတ်ထုတ်လိုက်တယ်။ ကျိုးယွင့်ရှန်ကလည်း ဆက်သည်းမခံနိုင်တဲ့ အခြေအနေမလို့ ချောင်းမို့ခွန်းကို phခေါ်လိုက်ရတယ်။ Phကို တန်းကိုင်လိုက်ပြီး သူဘာမှမပြောရသေးခင် လူကြီးရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံကြီးနဲ့
"ကလေး စဉ်းစားပြီးသွားပြီလား?"
ကျိုးယွင့်ရှန်က မျက်မှောင်တစ်ချက်ကြုပ်လိုက်ပြီး လိုရင်းကိုပဲ
"ကျွန်တော့်ပိုက်ဆံ ဘယ်တော့မှ ရမှာလဲ?"
"ကလေး စာချုပ်ကို သေချာမဖတ်ဘူးလား? စာချုပ်မှာ ကြေညာစလွှင့်မှ ပေးပါ့မယ်လို့ ပါတယ်လေ"
"ဘယ်တော့လွှင့်မှာ?"
"နမူနာကို စစ်နေတုန်းပဲ ကလေးရဲ့။ ဒါပေမယ့် Banခံရတယ်လို့ ပြောနေသံ ကိုကြားမိတယ်"
"ဘာပြောတယ်! Banခံရတယ်ဆို ပိုက်ဆံက ဘယ်ရတော့မှာလဲ? ခင်ဗျားတို့ဟာက ဘယ်လိုကြီးလဲ! စာချုပ်ကို လက်မှတ် ထိုးပြီးသားကြီးဗျ!!!"
ကျိုးယွင့်ရှန် စိတ်တိုတိုကာ သွားကြိတ်ပြီး ပြောလိုက်တယ်။ သူဒီလိုအခြေအနေမျိုးနဲ့ အနုပညာအသိုင်းအဝန်းထဲ မဝင်ခဲ့သင့်ဘူး။ ဒါမျိုးဖြစ်မယ်သာ စောစောသိလို့ကတော့ softwareတစ်ခုခုပဲ ရောင်းစားလိုက်မှာပေါ့။ လင်းချန်စယ်လို သူပါအပျင်းကြီးနေမိတာ အတော်နောင်တရမိတယ်။
ချောင်းမို့ခွန်း ကောင်လေးရဲ့ စိတ်တိုနေတဲ့ အသက်ရှုသံပြင်းပြင်းကို ကြားလိုက်ရတော့ သူတစ်ကိုယ်လုံး ပူထူသွားတယ်။ သူnecktieကို ဖြေကာ ကြယ်သီးနှစ်လုံးလောက် ဖြုတ်လိုက်ရတယ်။ သူလျှာတစ်ချက်သပ်လိုက်ပြီး ဖြေသိမ့်ပေးရင်း1
"ကလေး အရမ်းကြီး မစိုးရိမ်နဲ့ ဟုတ်ပြီလား။ ကိုယ်တို့ ဒီကြေညာကို ဥရောပနဲ့ အမေရိကန်မှာပါ ပြဖို့လုပ်နေတယ်။ သူတို့ဆီမှာ လွှင့်တာပဲ ကိုယ်တို့တန်းပေးမယ်လေ"
ကျိုးယွင့်ရှန် စိတ်ရှည်ရှည်ထားပြီး
"အဲ့ဒီမှာ လွှင့်ဖို့ ဘယ်လောက်ကြာဦးမှာလဲ?"
ဒါက သူခက်ခက်ခဲခဲရှာထားရတဲ့ ပိုက်ဆံကို ဘယ်လိုလုပ် မယူဘဲနေရမလဲ။
"ကိုယ်လည်း မသိသေးဘူး ကလေးရဲ့။ စောင့်ကြည့်ရမှာပေါ့။ ကလေး ပိုက်ဆံပြတ်နေပြီမလား? ကျောင်းကန်တင်းမှာ ကြက်ဥနဲ့ စွပ်ပြုတ်ပဲ သောက်နေရတယ်ဆို။ ကိုယ့်ကိုကိုယ် ဂရုစိုက်မှပေါ့။ ကိုယ်ညစာဝယ်ကျွေးမယ်လေ။ ပြီးရင် အချိုပွဲအဖြစ် lollipopရော ပေးမယ်လေ"6
လူကြီးက နောက်ဆုံးစကားကို အဓိပ္ပါယ်နှစ်ခွထွက်အောင် တမင်ရည်ရွယ်ပြီး ခပ်တိုးတိုးပြောလိုက်တယ်။ ဒါကျိုးယွင့်ရှန်ရဲ့ ဒေါသကို ထပ်ဆွပေးသလိုဖြစ်သွားတယ်။
"သေလိုက်ပါလား!"
စိတ်တိုတိုနဲ့ သွားကြိတ်ပြောကာ phချလိုက်တယ်။
"တကယ့်ဒေါသအိုးလေးပဲကွာ"
ချောင်းမို့ခွန်းက သူ့ph lock screenက ရီဝေဝေမျက်လုံးတွေနဲ့ အမူးသမားလေးပုံကို ကြည့်ရင်း သူအပြင်ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ သဘောတကျရယ်နေတော့တယ်။+
~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~
ထမင်းစားခန်းကခုံမှာ ကောင်လေးလာထိုင်တယ်။ သူဒေါသထွက်နေတာကြောင့် မျက်လုံးတွေက စူးရှနေပြီး ပါးလေးတွေရဲနေကာ နှုတ်ခမ်းလေးက စူထော်နေတာက အရမ်းချစ်ဖို့ကောင်းတယ်။
ကျီဟန်ယွိက "မင်းဘာဖြစ်နေတာလဲ" မေးပြီး ရန်ထပ်မဖြစ်ချင်လို့ ဘာမှမပြောဘဲ အရိပ်အချေကြည့်နေတယ်။ သူဒီလို စီးပွားပျက်ချင်ယောင်ဆောင်ထားတော့ လင်းချန်စယ်က သူ့ကိုစိတ်ကျေနပ်အောင် လုပ်ပေးဖို့လည်း မကြိုးစားတော့သလို ဆိုးဆိုးဝါးဝါးလည်း မဆက်ဆံပါဘူး။
တကယ်လို့ လင်းချန်စယ်နေရာမှာ တခြားတစ်ယောက်ကသာ ဒီဇာတ်ကြောင်းကိုသိရင် ကျီဟန်ယွိအပေါ် နှစ်သိမ့်ပေးကာ ကောင်းချင်ယောင်ဆောင်ရင်း ဒီလိုဒုက္ခရောက်မယ့် အခြေအနေကို ပြောင်းပစ်မှာပဲ။ ဒါပေမယ့် ကျိုးယွင့်ရှန်က ဒီလိုလူမျိုးမဟုတ်ဘူး။ ဘယ်သူ့ကိုမှ သူအသနားမခံချင်ဘူး။ ကိုယ့်ဒူးကိုယ်ချွန်ပဲ နေချင်တာ။
ထမင်းဝိုင်းက လူနှစ်ယောက်က ကိုယ့်အတွေးနဲ့ကိုယ် မျောနေတုန်း ဖန်းယို့ရမ်က ချက်ပြုတ်ပြီးသွားပြီ။ သူ့လိုအလုပ်ပေါင်းသောင်းခြောက်ထောင်နဲ့သူက ဘယ်လိုလုပ်နပ်မှန်အောင် ထမင်းဟင်းချက်နိုင်တာလဲဆိုတာကတော့ ဘုရားပဲသိလိမ့်မယ်။ သူထမင်းစားနေရင်း
"ဒီနေ့ဟင်းသိပ်မကောင်းဘူး ဖြစ်သွားတယ်။ နောက်ရက်တွေ ငါလစာရတော့မှာပါ။ အဲ့ဒီအချိန်ကျမှ ကြက်တစ်ကောင်လုံးဝယ်ပြီးကင်ပေးမယ်''
သူ့ရဲ့အဲ့ဒီလိုစိတ်လေးက ကျီဟန်ယွိကို အဆုံးမရှိကြွေဆင်းစေတယ်။ "ငါ့ကိုထောက်ပံ့ဖို့ မင်းအလုပ်တွေ အရမ်းလုပ်စရာ မလိုပါဘူးကွာလို့" ပြောလုနီးပါးဖြစ်သွားတယ်။ အခုအချိန်အထိ ဇာတ်လမ်းက လင်းချန်စယ်ကို ဒုက္ခရောက်အောင်လုပ်ရင်း ဇာတ်ရှိန်မမြင့်သေးတော့ သူအသာငြိမ်ထိုင်နေလိုက်တယ်။ သုံးယောက်လုံး ထမင်းဆက်ငြိမ်စားနေတုန်း ဖန်ယို့ရမ်က သူ့ငွေစုစာအုပ်ကို အိတ်ထဲကထုတ်ကာ ကမ်းပေးရင်း
"ဟန်ယွိ ဒါငါအလုပ်ကရတဲ့ ပိုက်ဆံတွေကို စုထားတာ။ မင်းဒီစက်ရုံကို မရင်းနှီးခင် တစ်ယောက်ယောက်ကအရင်ယူသွားနိုင်တယ်လို့ ပြောဖူးတယ်မလား? ဒါမင်းသုံးလို့ရတယ်"
ကျိဟန်ယွိက စာအုပ်မယူခင် သူခဏကြောင်သွားတယ်။ နှစ်ခါပြန်ကြည့်လောက်အောင်နည်းတဲ့ ငွေပမာဏဆိုပင်မယ့် ရင်ထဲထိသွားတော့ မျက်လုံးတွေတောင် ရဲလာတယ်။ သူချမ်းသာချမ်းသာ ဆင်းရဲဆင်းရဲ သူအကူအညီလိုတဲ့အချိန်မျိုးမှာ သူ့အတွက်အကုန်လုံး စွန့်လွတ်ပေးမယ့် ချစ်သူမျိုး သူအမြဲတမ်းမျှော်လင့်ခဲ့တာ အခုသူတွေ့ပြီထင်တယ်။
ကျိုးယွင့်ရှန်က စာအုပ်ကိုကောက်ကြည့်ပြီး ဘုမသိဘမသိနဲ့
"ဒီပိုက်ဆံလောက်နဲ့ ဘာလုပ်ရမှာလဲ? ပြန်ယူပြီး ကိုယ့်ဟာကိုယ်သာသုံးစမ်းပါကွာ"
သူတို့ရဲ့ ပွင့်ဖတ်တွေကြွေနေသလို roနေတဲ့အခြေအနေက ကျိုးယွင့်ရှန်ရဲ့ ရေခဲလို အေးစက်တဲ့စကားတွေကြောင့် ပျက်စီးသွားတယ်။ ကျီဟန်ယွိက တဖက်မှာ ဖန်းယို့ရမ်ကို အရမ်းချစ်မြတ်နိုးပေမယ့် တဖက်မှာ လင်းချန်စယ်ကို ပိုမုန်းသွားတယ်။ ဒါပေမယ့် ဖန်းယို့ရမ်ရှေ့မှာတော့ လင်းချန်စယ်ကို အသေမုန်းကြောင်းမပြဘဲ သူပါသံယောင်လိုက်ပြီး2
"အင်း သူပြောတာလည်း ဟုတ်တော့ဟုတ်ပါတယ်။ ဒီလောက်လေးနဲ့ ဘယ်ရမလဲ။ ပြန်ယူထားလိုက်လေ။ ငါတခြားနည်းရှာလိုက်မယ်"
ဖန်းယို့ရမ်က ငြင်းပြီးပြန်ပေးတယ်။ သူတို့နှစ်ယောက်လုံး စာအုပ်ကို သူတပြန်ကိုတပြန်တွန်းပို့နေတာက ကျိဟန်ယွိက သူ့လက်ကို သေချာဆုပ်ကိုင်ပြီး ထည့်မပေးခင်အထိပဲ။ ဖန်းယို့ရမ် မျက်နှာက ပန်းရောင်သန်းသွားပြီး လင်းချန်စယ်ကို မကြည့်ရဲတော့ဘဲ ခေါင်းငုံ့သွားတယ်။2
ကျိုးယွင့်ရှန် သူတို့နဲ့ ဘာမှပြောစရာမရှိတော့ဘူး ထင်လို့ထွက်သွားဖို့လုပ်တော့ ဖန်းယို့ရမ်က မရဲတရဲနဲ့ လှမ်းပြောတယ်။
"ချန်စယ် . . . မင်းဒီအိမ်ကို အပေါင်ထားလို့ မရဘူးလား? ဒါက ဟန်ယွိကို တကယ်ကူညီနိုင်မယ်ထင်တာပဲ"
ဘာပြောလိုက်တယ်! ကျိုးယွင့်ရှန် နားကြားမှားမိတာလား? ဒီအိမ်က လင်းချန်စယ်အိမ်လေ။ ဖန်းယို့ရမ်က ဒီအိမ်မှာ လာနေတဲ့ အခန်းဖော်သက်သက်ပဲ။ ဒါကို သူကဘယ်လိုပြောပိုင်ခွင့်ရှိလို့ လာပြောရတာလဲ! သူ့ကိုသူဝေသန္တရာများ မှတ်နေလား? ဘာမှသွေးမတော်သားမစပ်အကောင်အတွက် သူကအိမ်ပေါင်ပြီးပေးရမယ်တဲ့လား!!!
ဖန်းယို့ရမ်က သူ့အကြည့်စူးစူးကြောင့် ထပ်ခေါင်းမဖော်ရဲအောင် ဖြစ်သွားတယ်။ ကျီဟန်ယွိက သူ့အချစ်တော်လေးကို တန်းကာပြီး
"ဟုတ်သားပဲ မင်းဒီအိမ်ကိုပေါင်ပြီး ငါ့စက်ရုံမှာရင်းဖို့ ချေးပေးပါလား။ ငါပိုက်ဆံရတာနဲ့ တန်းပြန်ပေးမယ်ကွာ"
လင်းချန်စယ်က ဘယ်တော့မှ သဘောမတူမှာကိုသိလို့ တမင်အရှက်ကွဲအောင် လုပ်လိုက်တယ်။ လင်းချန်စယ်နဲ့ ကစားရတာက သူ့အတွက် ပျော်စရာလို ဖြစ်နေတာကိုး။
ကျိုးယွင့်ရှန်က သူတို့နှစ်ယောက်ကြားကိုသွားကာ ခပ်ပြတ်ပြတ်ပဲ...''ငါဒီအိမ်ကို လုံးဝမပေါင်နိုင်ဘူး။ မင်းတို့သိတဲ့အတိုင်း ဒီအိမ်က ငါ့မိဘတွေချန်ခဲ့တဲ့ နောက်ဆုံးအမွေပဲ။ ငါဒါနဲ့ ဘယ်တော့မှ မစွန့်စားဘူး။ တကယ်လို့ မင်းပိုက်ဆံ အရေးတကြီးလိုနေတယ်ဆိုရင် ငါတခြားနည်းနဲ့ ရှာပေးမယ်။ ဒါကြောင့် စိတ်မပူနဲ့။ အခုတော့ ငါပင်ပန်းနေလို့ သွားအိပ်တော့မယ်"
နှစ်ယောက်လုံး ခေါင်းငြိမ့်တာမြင်မှ သူထွက်လာခဲ့တယ်။ ကျီဟန်ယွိက "တခြားနည်းနဲ့ရှာပေးမယ်" ဆိုတာက အလကားလျှောက်ရွှီးနေတာလို့ တွေးမိလိုက်ပြီး လှောင်ပြုံးတစ်ခုပေါ်လာတယ်။
နောက်ဆုံးသေချာတွေးကြည့်ရင် ကျီဟန်ယွိနဲ့လင်းချန်စယ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘုရင်နဲ့ကိုယ်လုပ်တော်လို ဆက်ဆံရေးမျိုးပဲ။ တစ်ယောက်က ခန္တာကိုယ်ကို လိုချင်တယ်။ နောက်တစ်ယောက်က ငွေနဲ့ဂုဏ်ကို လိုချင်တယ်။ နှစ်ယောက်လုံး သူတို့ဘယ်လိုဆက်ဆံရေးလဲဆိုတာ သိနေရက်နဲ့ သူကဘာလို့ လင်းချန်စယ်ကို ဘဝပျက်အောင် လုပ်ရတာလဲ! သူ့ဖက်ကရပ်ဖို့စိတ်ကူးမရှိမှတော့ ကျိူးယွင်ရှန့်ဖက်ကလည်း 'စစ်မှန်တဲ့ကိုယ်ကျိူးစွန့်ချစ်ခြင်း' ဆိုတာဘယ်လိုပုံစံမျိူးဆိုတာပြပေးပြီး တစ်သက်မပိုင်ဆိုင်ရအောင်လုပ်ပေးလိုက်မည်။ ဒါကြောင့် သူလင်းချန်စယ်အတွက် ဘယ်လိုလက်စားချေပေးရမလဲ?
သူplanဆွဲပြီးသွားတာနဲ့ အပြုံးတစ်ပွင့်ပေါ်လာပြီး phကောက်ဆက်လိုက်တော့
"ကလေး စဉ်းစားပြီးပြီပေါ့?"ချောင်းမိုခွန်း ချက်ချင်းမေးတော့တယ်။
"အင်း စဉ်းစားပြီးပြီ။ဘာလုပ်ရ . . ."
သူစကားတောင် ဆုံးအောင်မပြောရသေး ချောင်းမို့ခွန်းက ဝမ်းသာအားရနဲ့
"ကလေး ဒီကိုလာခဲ့။ ဒါမျိုးကိုphထဲက ဘယ်ပြောလို့ကောင်းမလဲ။ တွေ့ပြီးမှ ပြောကြရအောင်"2
ကျိုးယွင့်ရှန်က တကယ်စိတ်အနှောင့်ယှက်ဖြစ်ကာ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တွေကို သပ်တင်လိုက်ပင်မယ့် အသံလေးက ရှက်သလိုတိုးတိုးလေးနဲ့
"အင်း ဘယ်ကိုလာရမလဲ?"
"ကို့clubကို လာခဲ့လေ။ ကလေးကိုလာခေါ်ဖို့ ကိုdriverလွှတ်လိုက်မယ်"
"ကောင်းသားပဲ"
ကျိုးယွင့်ရှန် phချဖို့ လုပ်နေတုန်း ဟိုဘက်က
"ကလေး ကိုယ့်ကိုနှုတ်ဆက်အနမ်း မပေးတော့ဘူးလားဟင်?"
"မင်းနှမပဲနမ်းခိုင်းပါလား!" ကျိုးယွင့်ရှန် အန်ချင်သလိုဖြစ်သွားပေမယ့်လည်း phထဲကတစ်ဆင့် အနမ်းပေးလိုက်ပါတယ်။ ဟိုဘက်ကလူကြီးရဲ့ သဘောတကျရယ်နေသံကို သူphမချခင် ကြားလိုက်ရတယ်။
ကျိုးယွင့်ရှန် အဖြူရောင်စွယ်တာလေးပေါ်မှာ Jacketထပ်ဝတ်လိုက်ပြီး phနဲ့သော့ယူကာ ထွက်လာလိုက်တယ်။ ဧည့်ခန်းထဲမှာ ဘယ်သူမှမရှိဘူး။ ဖန်းယို့ရမ်က သူ့အိပ်ခန်းထဲမှာ ကျီဟန်ယွိကလည်း သူ့နောက်ကို လိုက်သွားလေရဲ့။ အခန်းထဲမှာ သူတို့တွေ ဘာလုပ်နေကြလဲဆိုတာတော့ ကျိုးယွင်ရှန် သိလည်းမသိချင်သလို စိတ်လည်းမဝင်စားပါဘူး။

Коментарі