Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 6.8
အပိုင်း ၈
Translator - Jas_astra

​ဖျော်​ဖြေပွဲမတိုင်​ခင်​တုန်းက လုံခြုံ​ရေးများမှာ လက်​ကိုင်​ဖုန်းကလွဲပြီး တခြားရိုက်​ကူး​ရေးပစ္စည်းများ မယူ
လာ​တာ​သေချာ​စေရန်​စေ့​စေ့စပ်​စပ်​ရှာ​ဖွေခဲ့ကြသည်​။

ဒါ​ကြောင့်​ဘယ်​သူကမှ ကြည်​လင်​ပြီးအဆုံးထိပါ​သော ဗီဒီယိုကို မရိုက်​ကူးနိုင်​ခဲ့​ပေ။သို့​သော်​netizen​တွေမှာ​တော့ အစအဆုံးကြည့်​ရဖို့အတွက်​၀ါးတားတားဗီဒီယို​လေးများကိုတစ်​ခုတည်းဖြစ်​အောင်​ပေါင်းစည်း​နေကျသည်​။ သီချင်း​ကောင်းများ​တွင်​နား​ထောင်​သူမရှား ဒါ့အပြင်​ကျိုးယွင်​ရှန့်​မှာကမ္ဘာအသီးသီးမှ နာမည်​ကြီးလှ​သော သီချင်းများကို​ရွေးထည့်​ထားခြင်းဖြစ်​သည်​။

ဗီဒီယိုများမှာ အင်တာနက်ေ​ပ်ါတွင်​အလျင်​အမြန်​ပျံ့နှံ့သွားပြီး လူ​တွေက ဆက်​တိုက်​ဆိုသလိုပင်​ဟွမ်​ယ ကုမ္ပဏီရဲ့ တရားဝင်​websiteတွင်​ဖျော်​ဖြေပွဲ​HDအ​ခွေအားဝယ်​ယူရန်​မေးမြန်း​နေကြသည်​။ သုံးရက်​အတွင်း​မှာပင်​စာရင်းသွင်းသူမှာ​သိန်းချီဖြစ်​နေ​လေသည်​။

​ဖျော်​ဖြေပွဲအ​ခွေများကို​နောက်​ကျမှ​ရောင်းခြင်းမှာ ဟွမ်​ယ အုပ်​စု၏ အစီအစဉ်​ပင်​ဖြစ်​သည်​။ သူတို့​တွေ ပိုက်​ဆံရင်း​နှီးမြှုပ်​နှံခဲ့ရတာ အလဟာသမဖြစ်​တော့​ပေ။သူတို့​တွေ အ​ခွေကိုထုတ်​ရင်းတစ်​ချိန်​တည်းမှာပင်​
'Because Of You ' အား EP ဖြင့်​Chinese version​ရော English version​ရော ထုတ်​ဖို့ရည်​ရွယ်​ထားသည်​ဟု​ကြေညာလိုက်​သည်​။

ဒီအ​ခွေက chart​တွေရဲ့ထပ်​ဆုံးမှာရပ်​တည်​မယ်​ဆိုတာ သံသယမရှိ​ပေ။ ဟုတ်​တာ​ပေါ့ တခြားသီချင်းအပုဒ်​၂၀မှာလည်း​ကောင်းလှသည်​။ သူတို့​တွေ ဒီမှာ​ရော နိုင်​ငံခြားမှာပါ မုန်​တိုင်းသဖွယ်​သီချင်း​တွေဝင်​ရောက်​လာ​တော့မည်​..။'အိုးစစ်​နန်​' ဟူ​သော မုန်​တိုင်းပင်​။

ဟွမ်​ယအုပ်​စုက တက်​တက်​ကြွကြွနှင့်​နောက်​ကျလှ​သော ပွဲဦးထွက်​ကို ပြင်​ဆင်​နေတုန်း Times Records က​တော့ မ​မျှော်​လင့်​ခဲ့ဖူး​သော ပြဿနာများနှင့်​ကြုံ​နေရသည်။1

ကျိုးယွင်​ရှန့်​မှာ ဗီဒီယိုကို တရားခွင်​သို့ သက်​သေအဖြစ်​တင်​ပြလိုက်​ပြီး သတင်း​ထောက်​တွေရဲ့ အပူတပြင်းလှုံ့​ဆော်​မှု​တွေ​ကြောင့်​တရားရုံးမှာ ဗီဒီယိုက တကယ်​စစ်​မှန်​ပြီး ယုံကြည်​စိတ်​ချရသည်​ဟုတင်​ပြလိုက်​သည်​။
သတင်းများက လူတိုင်းရဲ့ အာရုံကိုဆွဲ​ဆောင်​လိုက်​သည်​။
လင်းစစ်​ချင်းရဲ့ blogတွင်​အစုလိုက်​အပြုလိုက်​ပြောဆိုမှု​တွေက တစ်​နေ့ထက်​တစ်​နေ့တိုးလာသည်။ Webpage​တွင်​အမှန်​တရားက​ပေါ်​ပေါက်​လာ​သောအခါ သူ့ရဲ့fanအများစုက အရှုံး​ပေးလိုက်​ကြပြီး
သူ့ကို စိတ်​ပျက်​သွား​ကြောင်း တင်​ကြ​တော့သည်​။
သူတို့​တွေ ယုံကြည်​မိတာမှားပြီ ခွင့်​မလွှတ်​နိုင်​ဘူး​..စသဖြင့်​ပင်​။
လင်းစစ်​ချင်း အိုးစစ်​နန်​ကို မူပိုင်​ခွင့်​ကိစ္စနှင့်​တရားစွဲချိန်​မှာ Times Record မှာ သူ့ဘက်​က​နေ ရပ်​တည်​ပေးပြီး အိုးစစ်​နန်​ကို တားမြစ်​ခဲ့သည်​။
"Times Record သည်​အကျင့်​စာရိတ္တမရှိ​သော အနုပညာရှင်​များကိုသည်းခံမည်​မဟုတ်​ပေ" ဟူ​သော စာသားကို ယ​နေ့မတိုင်​ခင်​သူတို့ရဲ့ website​ရှေ့စာမျက်​နှာတွင်​ချိတ်​ဆွဲထားခဲ့သည်​။+

ပထမတုန်းက​တော့ လူ​တွေက ဒီစာ​ကြောင်းကို ချီးကျူးခြဲ့က​ပေမဲ့ အခု​တော့ ဒါ​တွေက ဟာသတစ်​ခုဖြစ်​လာခဲ့သည်​။တကယ့်​အကျင့်​ပျက်​လူက​ကောင်း​ကောင်း ကာကွယ်​ခံခဲ့ရပြီး အပြစ်​ကင်းသူက​တော့​မောင်းထုတ်​ခြင်းခံခဲ့ရသည်​။Time Records က အရမ်း ဘက်​လိုက်​လွန်းသည်​မဟုတ်​ပေလား..။

​ဖျော်​ဖြေပွဲပြီး​နောက်​တစ်​နေ့မှာ​တော့Time Records ရဲ့ စ​တော့ရှယ်​ယာ​တွေထိုးကျသွားပြီး ဘီလီယံချီအ​ငွေ့ပြန်​သွားသည်​။ အကယ်​၍သာ ဤကပ်​ဆိုက်​တဲ့ကာလကိုသာ​သေချာမ​ဖြေရှင်းလျှင်​Entertainmentတစ်​ခုလုံး အထက်​ပိုင်းအဆင့်​က​နေ ကန်​ချခံရမည်​ဖြစ်​သည်​။

ယွန်​ကျိယွမ်​ရဲ့ အနားယူသွားပြီဖြစ်​တဲ့ ဖခင်​ကိုယ်​တိုင်​ကိုယ်​တိုင်​ကုမ္ပဏီကို​ရောက်​လာကာ သူုမျက်​နှာကို လက်​ညှိုးနဲ့ထိုးပြီးကိုနာရီအ​တော်​ကြာဆူဆဲကြိမ်း​မောင်း​နေခဲ့သည်​။လင်းစစ်​ချင်းနဲ့ ခယ်​မုန့်​စုမှာ အိမ်​တွင်းပုန်း​နေကြပြီး ဘယ်​သူ့ကိုမှမ​တွေ့ချင်​ပေ။

-----
"အခု​တော့ဘာလဲ! ငါမင်းကို ပြဿနာ​တွေကြီး​အောင်​မလုပ်​နဲ့လို့​ပြောထားပြီးသား..ဒါ​တောင်​နားမ​ထောင်​ဘူး
အခုဘယ်​လိုဖြစ်​သွားပြီလဲ 'သက်​သေ'က တရားရုံး​ပေါ်တင်​ပြီးပြီ ငါတို့ပြန်​ယူလို့မရ​တော့ဘူး !ငါ​တော့သွားပြီ လုံးဝသွားပြီ မင်း​ကျေနပ်​ပြီလား​ပျော်​နေရဲ့လား"
လင်းစစ်​ချင်းမှာ သူ့ရဲ့နဂိုမူလရည်​မွန်​ပြီးတည်​ငြိမ်​တဲ့ ဟန်​ကို ထိန်းမထားနိုင်​တော့တဲ့အဆင့်​ထိ​ရောက်​နေပြီဖြစ်​သည်​။သူရဲ့ကိုယ်​စားလှယ်​နှာ​ခေါင်းကိုထိုးကာ​ဒေါသတကြီး​ဟောက်​ဟမ်း​တော့သည်​။

ကိုယ်​စားလှယ်​မှာတိတ်​ဆိတ်​နေသည်​။​အောက်​ငုံ့ထားတဲ့မျက်​၀န်း​တွေမှာ စိတ်​ဓာတ်​ကျမှုအပြည့်​နှင့်​ပင်​။
သူ့ရဲ့ပထမဆုံးပွဲဦးထွက်​သီချင်း​ခွေထွက်​တုန်းက
အိုးပိုင်​ပေါ်မှာ သူ့အား 'အသုံးမကျ' ဟုဆိုခဲ့ကာ သူ့ရဲ့​ကျော်​ကြားမှုလမ်းကိုဖျက်​ဆီးခဲ့သည်​။သူနှစ်​တွေအကြာကြီးကြိုးစားခဲ့​သော်​ငြား မ​အောင်​မြင်​ခဲ့​နောက်​ဆုံး​တော့ သူက ကိုယ်​စားလှယ်​တစ်​ယောက်​အဖြစ်​သာလုပ်​ကိုင်​တော့သည်​။အိုးပိုင်​ပေါ်က သူ့အိပ်​မက်​ကိုဖျက်​ဆီးခဲ့၍မုန်းသည်​။သို့​သော်​သူ့အား တိုက်​ခိုက်​ဖို့ကမဖြစ်​နိုင်​..ဒါ​ကြောင့်​သူ့အမုန်းတရား​တွေက အိုးစစ်​နန်​ဆီလက်​ဆင့်​ကမ်းသွားခဲ့သည်​။
သူ အိုးစစ်​နန်​ဘ၀ကိုဖျက်​ဆီးချင်​ခဲ့သည်​။ သို့​သော်​ကိစ္စရပ်​တွေကဒီလိုအဆုံးသတ်​လိမ့်​မယ်​ဟု မထင်​မှတ်​ထားခဲ့။ သူတို့ လင်းစစ်​ချင်း အပြစ်​မဲ့​ကြောင်း တရားရုံးကိုတင်​သွင်းတဲ့ မူကြမ်းက ယခု​တော့​ပြောင်း​လဲသွားပြီး အပြစ်​သက်​သေဖြစ်​လာခဲ့သည်​။C နိုင်​ငံတစ်​နိုင်​ငံလုံး လင်းစစ်​ချင်းအား လူရွှင်​တော်​ဟု သတ်​မှတ်​နေကြသည်​။သူတို့ကိုယ်​သူတို့ကယ်​တင်​ဖို့နည်းလမ်းက မရှိ​တော့..ဒါ​ကြောင့်​တရားရုံးကအမိန့်​ချတာကိုသာ​စောင့်​နေရ​တော့မည်​။

တစ်​ခါတုန်းက သီချင်းနတ်​ဘုရားတစ်​စူဖြစ်​ခဲ့​သော
လင်းစီချင်းမှာ အခု​တော့​ရှေ့ဆက်​၍မရ​တော့..။တစ်​ချိန်​က​တောက်ေ​ပြာင်​ခဲ့တဲ့ ဆု​တွေကလည်း အခု​တော့ အမှိုက်​သာသာ..။အနာဂတ်​မှာ တစ်​ယောက်​ယောက်​က သူ့အ​ကြောင်းစကားစပ်​မိတိုင်း သူ့နာမည်​အစား
'အရှက်​မရှိတဲ့သူခိုး' ၊ '​ကျေးဇူးမသိတတ်​တဲ့လူဆိုး​ကောင်​' လို့သာ​ခေါ်ကြ​လိမ့်မ​ည်​။

ဒီလိုရလဒ်​မျိုးက တကယ့်​ကိုဆိုးရွား​ပေသည်​။ကိုယ်​စားလှယ်​မှာ မျက်​နှာကိုလက်​၀ါးဖြင့်​အုပ်​ပြီး အမှန်​တရားကို ငြင်းဆိုဖို့ကြိုးစား​နေသည်​။

လင်းစီချင်းမှာ Superstar တစ်​ယောက်​ပင်​ဒါ​ကြောင့်​သူ့ရဲ့ စိတ်​အ​ခြေ​က​နေက ကိုယ်​စားလှယ်​ထက်​တော့သာ​သေးသည်​။ သူ့ရဲ့ စိတ်​ခြောက်​ခြားမှုနဲ့​ဒေါသ​တွေကို မနည်းထိန်းချုပ်​ကာ ယွန်​ကျိယွမ်​ကို ဖုန်း​ခေါ်လိုက်​သည်​။ယခု​တော့ ကုမ္ပဏီတစ်​ခုတည်းကသာ သူ့ကိုကယ်​တင်​နိုင်​တော့​ပေမည်​..။

------
လင်းစီချင်း ပြိုလဲလုနီးပါးဆဲဆဲတွင်​ခယ်​မုန့်​စုမှာလည်း အ​ခြေအ​နေမ​ကောင်း..။ မူပိုင်​ခွင့်​ကိစ္စကသူမနဲ့တိုက်​ရိုက်​
မပတ်​သတ်​သော်​ငြား ကုမ္ပဏီက သီချင်းကို promotion ဆင်း​ပေးတုန်းက ၀ါဒဖြန့်​ခဲ့ဖူးသည်​..။
ဒါဟာလင်းစီချင်းရဲ့ခယ်​မုန့်​စုအတွက်​ကိုယ်​တိုင်​ရေးစပ်​ပေးထား​သောအချစ်​သီချင်းဟုပင်​..။

ဒီ ပြဇာတ်​က သူမကို​ပျော်​ရွှင်​စေခဲ့​သော်​ငြား ယခု​တော့​ဖျောက်​ဖျက်​စေး​ကြော၍မရသည့်​ကတ္တ​ရာ​စေးဖြစ်​နေခဲ့ပြီ။

ဒါဟာ အချစ်​သီချင်းမဟုတ်​..ကွယ်​လွန်​သူအတွက်​ရေး​စပ်​ထား​သောသီချင်းပင်​..။'မျက်​ရည်​ကျရဆုံးအချစ်​သီချင်း' ၊
'အကြင်​နာတတ်​ဆုံးသီဆိုထားတဲ့သီချင်း' စသဖြင့်​လှပခဲ့​သော ချီးကျူးမှုများမှာ ယခု​တော့ ဟာသတစ်​ခုဖြစ်​လာသည်​။ဒီသီချင်းမှာ​သေသူကိုမ​လေးစားခြင်းဖြစ်​ပြီး ဆယ်​စုနှစ်​ရဲ့ရှက်​စရာအ​ကောင်းဆုံးလုပ်​ရပ်​ဖြစ်​လာခဲ့သည်​။+

ဒါကိုစဉ်းစားမိ​တော့ သူ့ဆံပင်​တွေကြမ်းကြမ်းတမ်းတမ်း​ဆောင့်​ဆွဲခံလိုက်​ပြီး သနားညှာတာမှုကင်းမဲ့စွာ အချက်​ပေါင်းများစွာ ပါးရိုက်​ခံလိုက်​ရသည်​ဟု ခယ်​မုန့်​စု ခံစားမိလိုက်​သည်​။သူမ ဒီသီချင်း​ကြောင့်​ရရှိခဲ့ဖူးတဲ့ ဂုဏ်​တွေအတွက်​ပိုပြီးနာကျင်​ရတဲ့တန်​ဖိုးပြန်​ပေးဆပ်​ရ​တော့မည်​။

သူမကွန်​ပျူတာကိုအမြန်​ဖွင့်​လိုက်​ပြီး လင်းစီချင်းရဲ့
မူရင်းpost​အောက်​က သူမရဲ့commentကိုပြန်​ရှာ​တွေ့မိသည်​။ 'ကျွန်​မက​တော့ လင်းစီချင်းရဲ့အရည်​အချင်း​နဲ့ စိတ်​ထားကိုယုံတယ်​သူရဲ့တည်​ရှိမှုကတင်​
အိုးပိုင်​ပေါ်ရဲ့ နာမည်​ကိုထိန်းထားဖို့ လုံ​လောက်​တယ်​'

ဒီစာသားမှာ မ​ရေမတွက်​နိုင်​တဲ့လူ​တွေရဲ့ချီးမွမ်းခြင်းကိုခံခဲ့ရ​သော်​ငြား ယခု​တော့​ဖျောက်​ဖျက်​မရတဲ့ အစွန်းကွင်​ကြီးဖြစ်​နေပြီ။ Netizenတို့က ခယ်​မုန့်​စုကို​နောင်​ပြောင်​ကြ​တော့သည်​။
ဘယ်​သူနို့တိုက်​တိုက်​အ​မေလို့​သ​ဘောထားတယ်​ပေါ့.နင်​အပြစ်​မဲ့တဲ့​ကောင်​လေးကိုအနိုင်​ကျင့်​ဖို့ကူညီ​ပေးတယ်​..
နင်​အမြင့်​ကို​ရောက်​ဖို့ တခြားသူ​တွေရဲ့​ခြေသလုံးကိုဖက်​တွယ်​ထားတာပဲ..နင်​ညကျရင်​ဘယ်​လိုအိပ်​ပျော်​နိုင်​လဲ..စသဖြင့်​ပြောဆိုကြသည်​။
တစ်​ယောက်​ဆိုလျှင်​သူမရဲ့ "Because Of You " က အိုးကျစ်​နန်​ရဲ့versionနှင့်​ယှဉ်​လျှင်​အမှိုက်​သာသာဖြစ်​ပြီး နား​ထောင်​ရုံနှင့်​အန်​ချင်​စရာပင်​ကောင်းသည်​ဟုဆိုသည်​။
ဂီတ​လောက က​နေထွက်​သွားကြစမ်း နင်​ရယ်​
လင်းစစ်​ချင်း ရယ်​က တန်​ဖိုးမရှိဘူး!+

အိုးစစ်​နန်​ကမှန်​တယ်​...နင်​တို့​တွေကိုခွင့်​လွှတ်​ဖို့မတန်​ဘူး!

အပြစ်​မဲ့သူ​တွေအ​ပေါ်တက်​နင်းရတာ​ပျော်​လား ဒါ​နောက်​ဆုံး​ပေါ် cele​ရောဂါလား နင်​တို့​တွေကအမှိုက်​တွေပဲ!

​ကျေးဇူးပြုပြီး အိုးကျစ်​နန်​နဲ့ ကွယ်​လွန်​သူ အိုးပိုင်​ပေါ်ကို​၂၄နာရီအတွင်း​တောင်းပန်​ပါ မဟုတ်​ရင်​
မင်းတို့computer​တွေကိုhackပြီး လျှို့ဝှက်​ချက်​တွေအကုန်​ဖောက်​ချပြမယ်​!


ခြိမ်း​ခြောက်​စာ​တွေထဲကတစ်​စောင်​က ခယ်​မုန့်​စုကို ထိတ်​လန့်​တုန်​လှုပ်​သွား​စေသည်​။​သူမ ကွန်​ပျူတာကို ပိတ်​ချလိုက်​ပြီး ဆံပင်​တွေကိုကုတ်​ဆွဲလိုက်​သည်​။​ဒေါသ​နောင်​တ​ကြောက်​လန့်​မှုနှင့်​တခြားဆိုးရွားတဲ့ခံစားချက်​တွေအားလုံးက သူမကိုရူးသွပ်​လုနီးပါးဖြစ်​စေသည်​။

သူမ ယ​နေ့ဒီ​နေရာထိ​ရောက်​လာဖို့
မနည်းကြိုးစားခဲ့ရသည်​။သူမရဲ့မာန​တွေသိက္ခာ​တွေကို တစ်​ခါတစ်​ရံ​ပေးဆပ်​ခဲ့ရပြီး​တောက်​ပ​နေတဲ့ ထိပ်​ဖျားကိုမြင်​ရ​တော့မှ သူမကို​ထောက်​ပံ့​ပေး​နေတဲ့ အ​ဆောက်​အဦးက တစ်​ညတာအတွင်း ပြိုလဲသွားနိုင်​သည်​ကို ရုတ်​တရက်​နားလည်​လိုက်​ရသည်​။သူမ ဒီအရှုပ်​အ​ထွေးအတွင်း လုံလုံခြုံခြုံ ဘယ်​လိုဖြတ်​သန်းရမခဲပင်​စတင်​မ​တွေးနိုင်​တော့​ပေ။သူမ​နောက်​ဆုံးကျန်​ခဲ့သည့်​ရွေးချယ်​မှုက သူမရဲ့နာမည်​ကိုထိန်းထားရန်​သာဖြစ်​တော့သည်​။

ငါ...ငါ့ကို..ငါကာကွယ်​ရမယ်​..ကမ္ဘာကြီး​ကို​ပြောရမယ်​...ငါလည်းခံရသူဆိုတာ! ဤအကြံနှင့်​အတူ ခယ်​မုန့်​စုမှာ
ဖုန်း​ကောက်​ကိုင်​ကာ ဖုန်း​ခေါ်လိုက်​တော့သည်​။

-------
ယွန်​ကျိယွမ်​မှာ လင်းစီချင်းဆီက​နေ အမှန်​ကိုအစ်​အောင့်​မေးလိုက်​တော့​တကယ်​ပင်​အိုးကျစ်​နန်​ဆီက copyကူးချထားမှန်းသိလိုက်​ရသည်​။ တကယ်​လို့ သူ ဒီအချက်​ကိုမသိချင်​ယောင်​ဆောင်​ရင်​တောင်​အိုးကျစ်​နန်​ရဲ့video​ခွေနဲ့တင်​လုံ​လောက်​နေပြီ။ဦး​နှောက်​ရှိတဲ့ ဘယ်​fanမဆို လင်းစီချင်း ကိုယုံ​တော့မည်​မဟုတ်​။
သီချင်းနတ်​ဘုရား​တွေရဲ့ စင်​ပေါ်က​နေပြုတ်​ကျသွားခဲ့သလို သူ့ရဲ့blog က followers အရအတွက်​မှာလည်း သန်း၇၀က​နေရာချီသာကျန်​တော့သည်​။

အကယ်​၍ သာမန်​ရှေးသီချင်းတစ်​ပုဒ်​ကို ကူးချရင်​တောင်​မုန်​တိုင်းစဲသွားဖို့​မျှော်​မှန်းလို့ရ​သေးသည်​။ ဒါ​ပေမဲ့ ခုက အိုးစစ်​နန်​ရဲ့အိုး​ပိုင်​ပေါ်အတွက်​ဆိုထားတဲ့​ဓမ္မတေးသီချင်း​ကိုမှ ကူးချခဲ့သည်​။ အိုးပိုင်​ပေါ်မှာ သူ့ကိုသားရင်းနှင့့်​မခြားဆက်​ဆံခဲ့သည်​။သူ​သေသွား​တော့​ဈေးကြီးတဲ့စတူဒီယိုတစ်​ခုချန်​ထား​ပေးခဲ့တယ်​ဆိုတာ Cနိုင်​ငံကလူတိုင်းသိ​ပေသည်​။သူ့ရဲ့​ကျေး​ဇူးရှင်​အ​ပေါ် သစ္စာ
ဖောက်​ကာ​သေသူ​အ​ပေါ် တက်​နင်းခဲ့သည်​။ ဒီလုပ်​ရပ်​မှာ ခွင့်​လွှတ်​စရာအ​ကြောင်းမရှိ​ပေ။

လင်းစစ်​ချင်းအကူအညီ​တောင်းလာချိ်​န်​မှာ​တော့ ယွန်​ကျိယွမ်​ခေါင်းတစ်​ခဲနက်​ထိုးကိုက်​တော့သည်​။ ဒါ​ပေမဲ့ တစ်​ဖက်​သူမှာTimes Records ရဲ့​ငွေပင်​ကြီးဖြစ်​သည့်​အ​လျောက်​သူကယ်​ဖို့ကြိုးစား​ပေးရမည်​။
သို့​သော်​သိပ်​မကြာခင်​မှာပင်​သူ၏ချစ်​သူကလည်း ဖုန်း​ခေါ်လာသည်​။ယွန်​ကျိယွမ်​စိတ်​တွေရှုပ်​ထွေး​နေရင်းက​နေ​နောက်​ဆုံး​တော့နည်းလမ်းရှာ​တွေ့သွားခဲ့ပြီ။
နှစ်​ယောက်​စလုံးကိုကယ်​နိုင်​လျှင်​တော့ ဒါကအ​ကောင်း​ဆုံးရလဒ်​ပင်​။တကယ်​လို့တစ်​ယောက်​သာ ကယ်​ရမယ်​ဆိုရင်​တော့ လင်းစီချင်းကို ဖယ်​ပြီး ခယ်​မုန့်​စုကိုသာ
သိမ်းထား​တော့မည်​။(အင်းပါ....အင်းပါ😪)+

---------
ဟွမ်​ယ ကုမ္ပဏီမှာ EP နှင့်​ဖျော်​ဖြေပွဲHDအ​ခွေကို လျှင်​မြန်​စွာဖြန့်​ချိ​တော့သည်​။ သူတို့​နိုင်​ငံနဲ့ပြည်​ပက နာမည်​ကြီးmusic chart​တွေအကုန်​လုံးကိုကြီးစိုးထားသည်​။Billboard,BBC ,E နိုင်​ငံရဲ့UK list, Rနိုင်​ငံရဲ့ORICAN list နှင့်​တခြား chart​တွေဖြစ်​သည်​။ Top tem သီချင်း​စာရင်း​တွေထဲ အနည်းဆုံး အိုးကျစ်​နန်​ရဲ့​ဖျော်​ဖြေပွဲအယ်​လ်​ဘမ်​ထဲကသီချင်းတစ်​ပုဒ်​တော့ပါဝင်​သည်​။Interကနာမည်​ကြီး အမျိုးသမီး​အော်​ပရာအဆို​တော်​
Matta Jones​တောင်​'Because Of You'၏ English version အား cover ပြန်​ဆိုရန်​စိတ်​၀င်​စား​ကြောင်း​ဖော်​ပြသည်​။ဒါ့အပြင်​ထိုသီချင်းကိုသူမနား​ထောင်​တိုင်း ငိုမိ​ကြောင်းပါ mediaအား ပွင့်​ပွင့်​လင်းလင်း ၀န်​ခံသည်​။

ဘယ်​ကိုပဲသွားသွား အဲ​နေရာမှာ စတီရိယိုစက်​ရှိသည်​နှင့်​အိုးစစ်​နန်​၏သီချင်း​တွေထဲကတစ်​ပုဒ်​ကိုသာ ကြားရလိမ့်​မည်​။ဖြတ်​သွားဖြတ်​လာတို့မှာ သီချင်းကို ညည်း​သွားကြပြီး အချို့ဆို ရပ်​ပြီး​တော့​တောင်​နား​ထောင်​ကြသည်​။

အိုးစစ်​နန်​မှာ မကြာခင်​မှာပင်​ရပ်​သိရွာသိဖြစ်​လာ​တော့သည်​။သူ၏နာမည်​မှာတစ်​ကမ္ဘာလုံးသို့ပျံ့နှံ့သွားသည်​။ သူ၏အရည်​အချင်းက Hall of Fame တွင်​ပါဝင်​သော ဂီတသမားများကပင်​လေးစားသွား​စေသည်​။

လတစ်​၀က်​မ​ရောက်​သေးခင်​မှာပင်​ဖျော်​ဖြေပွဲအယ်​လ်​ဘမ်​နှင့်​EP မှာ ၁၀သန်း​ကျော်​ရောင်းချရပြီး ဟွမ်​ယ အုပ်​စုအား အမြတ်​သန်း​ရာ​နဲ့ချီရသွား​စေသည်​။ပြီး​တော့ ဒီအချက်​အလက်​တွေကပင်​သီချင်း​ခွေအား အဖိုးမဖြတ်​နိုင်​ဖြစ်​သွား​စေသည်​။

​ရောင်းရတဲ့အချက်​အလက်​တွေထွက်​လာ​တော့ netizens အားလုံးက တစ်​ညီတည်း​ပြောကြသည်​။
အစက ငါတို့​တွေ စွန်းရွှီမု အိုးကျစ်​နန်​အတွက်​ပိုက်​ဆံအများကြီးကုန်​ကျခံ​တော့​ကြောင်​နေတယ်​လို့ထင်​ခဲ့တာ..ဒါ​ပေမဲ့ တကယ်​ဂေါက်​နေတာကမှ ငါတို့​တွေပဲ..
လင်းစစ်​ချင်း​ကြောင့်​အားလုံးက အ​မှောင်​ကျ​နေတုန်း အိုးစစ်​နန်​ရဲ့ တန်​ဖိုးကို မြင်​ခဲ့သူဖြစ်​သည်​။သူက တကယ့်​ကို ရင်းနှီးမြှုပ်​နှံမှုမှာ နတ်​ဘုရားပင်​။ပြီး​တော့ သူတစ်​ယောက်​တည်းသာလျှင်​နာမည်​ပျက်​နေတဲ့လူတစ်​ယောက်​ကို​ဖျော်​ဖြေပွဲကျင်းပ​ပေးဖို့ သတ္တိရှိသူဖြစ်​သည်​။
(Jas-အချစ်​ကြောင့်​အသက်​ပင်​သေ​သေ😝)
သူက အိုးစစ်​နန်​နဲ့သူရဲ့အနာဂတ်​အောင်​မြင်​မှု​တွေက ဟွမ်​ယအုပ်​စုအားအကျိုးရရှိ​စေရန်​ဆောင်​ရွက်​ခဲ့​ပေသည်​။
Times Records ရဲ့ စ​တော့ရှယ်​ယာ​ဈေး​တွေကျ​နေတုန်း စွန်းရွှီမုက ရှယ်​ယာအများစုဝယ်​ခဲ့ပြီး Times Records ရဲ့ ဒါရိုက်​တာအဖွဲ့ဝင်​များအဖြစ်​တိတ်​တဆိတ်​အ​ခြေချခဲ့သည်​။ မကြာခင်​မှာပင်​မူလက Entertainment နှစ်​ခုကြီးက တစ်​ခုတည်းအဖြစ်​ပေါင်းသွားခဲ့သည်​။+

ယခု ဟွမ်​ယ အုပ်​စုမှာ အိုးစစ်​နန်​ကို အသည်းအသန့်ပြုစု​စောင့်​ရှောက်​နေကြသည်​။ သီးသန့်​လက်​ထောက်​သုံး​ယောက်​၊​ရွှေအဆင့်​မန်​နေဂျာ နှင့်​သူ့အတွက်​အ​ကောင်းဆုံး နှင့်​အပြည့်​စုံဆုံး ပစ္စည်း​တွေသာ​ပေးသည်။

ကျိုးယွင်​ရှန့်​မှာ ဆိုဖာ​ပေါ်၌ထိုင်​နေပြီး စာချုပ်​အချို့ကိုကိုင်​ထားသည်​။

"ကား​ကြော်​ငြာ နာရီ​ကြော်​ငြာ အ၀တ်​အစား​ကြော်​ငြာ အများကြီးပဲ ဘာ​ရွေးရင်​ကောင်းမလဲ"
သူ ဖိုင်​ကိုပိတ်​လိုက်​ပြီး စားပွဲ​နောက်​မှာ အသည်းအသန်​အလုပ်​လုပ်​နေတဲ့သူကို​ခေါင်းလှည့်​ကြည့်​လိုက်​သည်​။

"က​လေးကြိုက်​တာ​ရွေး​လေ.."
ထိုအမျိုးသားမှာ​ခေါင်း​မော့မကြည့်​သော်​ငြား သူ၏အသံက နူးညံ့ပြီးအလိုလိုက်​သည့်​ဟန်​ပင်​။2

"ဒါဆို ကျွန်​တော်​ဘာမှမလိုချင်​ဘူး..သီချင်းဆိုတာ​ရေးတာပဲသ​ဘောကျတာ..တခြားဘာမှမလုပ်​ချင်​ဘူး"
ကျိုးယွင်​ရှန့်​မှာ အိုးစစ်​နန်​၏ ဂီတအ​ပေါ်ရူးသွပ်​ခြင်းတို့ လက်​ဆင့်​ကမ်းရလာသည်​။

"ဒါဆိုရင်​သီချင်းဆိုတာ​ပေါ်ပဲအာရုံစိုက်​လေ ကိုယ်​လီကို​တောင်းဆိုချက်​တွေပယ်​ခိုင်းလိုက်​မယ်​"
စွန်းရွှီမု ဖိုင်​များကိုချလိုက်​ကာ ဆိုဖာနား​လျှောက်​လာသည်​။ သူ​ငုံ့လိုက်​ပြီး​ကောင်​လေးကိုသူ့ရင်​ခွင်​ထဲဆွဲထည့်​လိုက်​သည်​။ သူ၏အသံမှာ က​လေး​လေးတစ်​ယောက်​ကို အင်​မတန်​အလိုလိုက်​သည့်​ပုံပင်​..။

ကျိုးယွင်​ရှန့်​ခပ်​ဖွဖွရီလိုက်​ပြီး​နောက်​တော့ နှုတ်​ခမ်း​စေ့လိုက်​ကာ တစ်​ဖက်​သူရဲ့​မေး​စေ့ကိုနမ်းလိုက်​သည်​။
စွန်းရွှီမုမျက်​ဆံ​တွေမည်းနက်​သွားပြီး သူ့ချစ်​သူ​လေးကို ၀ါးမျို​တော့မလို့ပင်​ရှိ​သေး လက်​ထောက်​ကတံခါးနား​ရောက်​လာပြီး​ပြော​တော့သည်​။
"ဥက္ကဌစွန်း ဥက္ကဌယွန်​ကျိယွမ်​က​တွေ့ချင်​လို့ပါတဲ့"1

စွန်းရွှီမု မျက်​မှောင်​ကြုတ်​လိုက်​သည်​။ သူ နှင်​ထုတ်​ခိုင်း​ဖို့ပင်​ရှိ​သေး ချစ်​သူ​လေးက​ခေါင်းခါပြ​တော့
၀င်​လာခိုင်းဖို့သာ​ပြောလိုက်​တော့သည်​။1

-------------------------
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі