Arc 1.11
အခန်း(၁၁) ကျိူးယွင်ရှန့်+ တုရွှီလန်+
မိဘမဲ့ဂေဟာရှေ့တွင်မိခင်ကလာစွန့်ပစ်သွားစဉ်ကတုရွှီလန်သည်ငယ်လွန်းသေးသည်။ထို့ကြောင့်အမေဖြစ်သူ၏ရုပ်ကိုလည်းသေချာမမှတ်မိအဖေဆိုတာလည်းမသိခဲ့ပေ။ ထိုအမျိူးသမီးသူ့အတွက်ချန်ထားပေးခဲ့သည်ကနံမည်တစ်ခုနှင့်ဘယ်ဖက်ပုခုံးပေါ်မှာကျီးငှက်ပုံတတ်တူးတစ်ခုသာဖြစ်သည်။နောက်ပိုင်းမှ ထိုတတ်တူးက ဂျပန်နိုင်ငံရှိအကြီးဆုံးအမှောင်လောကအဖွဲ့အစည်းဖြစ်သည့်တု ၏အမှတ်အသားဖြစ်မှန်းသိရသည်။
မိဘဂေဟာသည်ကောင်းသည့်နေရာနေရာတစ်ခုတော့မဟုတ်ခဲ့။ စွန့်ပစ်ခံကလေးများတိုးပွားလာမှုကြောင့်အစားအစာပြတ်လပ်မှုများကြုံရသည်။အေးစက်နေသည့်ပေါင်မုန့်အတွက်နဲ့တစ်ယောက်ကိုတစ်ယောက်ခိုက်ရန်ဖြစ်ကြရသည်။ သူတစ်နှစ်သားမှငါးနှစ်သားထိသူ့ခန္ဓာကိုယ်တွင်အမာရွတ်များပြည့်နေပြီး အမြဲလိုလိုဆာလောင်နေရသည်။ သူ့ဘဝကတကယ်ကိုမြူဆိုင်းနေခဲ့သည်။ ထိုအချိန်၌အလင်းတန်းတစ်ခုသူ့ဘဝထဲသို့ဝင်ရောက်လာခဲ့သည်။ ထိုအလင်းတန်းကြောင့်သာသူ့အသက်ဆက်ရှင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုမိန်းကလေးနံမည်က အန်း ဟုခေါ်ပြီးသူ့ထက်ဆယ်နှစ်ကြီးသည်။သူမကသူ့ကိုဂရုစိုက်ခဲ့သည်။ သူဆာနေမည်စိုး၍သူမကအငတ်ခံပြီးသူ့ကိုဝေစုခွဲပေးခဲ့သည်။ တုရွှီလန်အနေနဲ့အမေ့မေတ္တာဆိုတာဘာမှန်းမသိခဲ့သို့ပေမယ့်ထိုနွေးထွေးသည့်ခံစားမှုအတိုင်းဖြစ်လိမ့်မည်ဟုတွေးမိခဲ့သည်၊
သူဂေဟာမှာနောက်ဆုံးရှိတဲ့နှစ်မှာပဲ ရန်မျိူးနွယ်နဲ့အမျိူးသမီးတစ်ဦးက ပိုက်ဆံအများကြီးနဲ့ အဝတ်အစားတွေ၊ကစားစရာတွေကို နှစ်သစ်ကူးတွင်လာရောက်လှူဒါန်းခဲ့သည်။ အန်း ကပန်းရောင်ဂျာကင်တစ်ထည်ကိုရပြီးသူ့ရှေ့မှာတစ်ပတ်လည်ရင်း မစ္စရန်ကိုကျေးဇူးတင်ကြောင်းပြောနေခဲ့သည်။ သူကတော့အမြဲတမ်းလိုချင်နေခဲ့သည့်Transformer စက်ရုပ်တစ်ရုပ်ကိုလက်ဆောင်ရခဲ့သည်။ ထိုအရုပ်ကိုလိုချင်လွန်းလို့သူပိုက်ဆံခိုးပြီးဝယ်ဖို့တောင်ဆုံးဖြတ်ခဲ့သေးသည်။ လက်ဆောင်ရသည့်နောက်အရမ်းကိုပျော်ရွှင်နေခဲ့ပြီး ညတိုင်းဖက်အိပ်ခဲ့သည်။
သိပ်မကြာခင်မှာပဲ တုမိသားစုကသူ့ကိုပြန်လာခေါ်ပြီး သူလည်းဂျပန်နိုင်ငံကိုပျော်ပျော်ရွှင်ရွှင်လိုက်သွားခဲ့သည်။ပျော်ရွှင်စရာများသာရောက်လာတော့မည်ဟုသူထင်ခဲ့သော်လည်းအမှန်ကငရဲတွင်းထဲရောက်ခဲ့ခြင်းသာဖြစ်တော့သည်။ ဘာခွန်အားမှမရှိသည့်ကလေးများကတုအိမ်တွင်နေရာမရှိပေ။လွတ်လမ်းကလည်းသေလမ်းသာဖြစ်သည်။ သူ့အစ်ကိုများကခွေးရူးတွေကိုတစ်ယောက်နဲ့တစ်ယောက်သတ်ပုတ်ပြီး အင်းဆက်တွေလိုဘဝရဲ့နောက်ဆုံးအချိန်ကိုတိုက်ခိုက်ရင်းကုန်ဆုံးကြသည်။ မရေမတွက်နိုင်သောအေးစက်ပြီးသွေးလွှမ်းသည့်ညများကျော်လွန်ပြီးနောက်အန်း၏အပြုံးလှလှလေးကသူ့အာရုံထဲတွင်မှေးမှိန်သွားပြီး သူ့ရဲ့တစ်ခုတည်းသောအရုပ်ကလေးဟာလည်းချောင်တစ်နေရာတွင်အမေ့လျော့ခံခဲ့ရတော့သည်။
တုအိမ်တွင်နေရာရလာပြီးနောက်မှသူအသက်ရှူချောင်တော့သည်။ ထို့ကြောင့်အလုပ်တွေအားလုံးကိုဘေးချိတ်ပြီးတရုတ်နိုင်ငံမှာရှိတဲ့သူချစ်ရတဲ့အန်းကိုပြန်ရှာခဲ့သည်။ သူမြင်ခဲ့ရသည်ကဆေးခန်းထဲတွင်ဒဏ်ရာအပြည့်နှင့်ကျိူးဝန်ကျင့်ဆိုသည့်ကောင်လေးသာဖြစ်တော့သည်။ အထုအထောင်းအရိုက်အနှက်ခံရပြီးအရိုးများလည်းကျိူးနေသည့်အပြင်မျက်လုံးအစုံကလည်းမြူမှိုင်းနေသည်။
အန်ကသိပ်ကိုကြင်နာတတ်တဲ့မိန်းကလေး။အမြဲလိုလိုစိတ်လိုလက်ရပြုံးပြတတ်သူမျိူး။ သူ့သားကိုဘယ်လိုလုပ်ဒီလိုဖြစ်စေတာလဲ။ တုရွှီလန်ဒေါသထွက်ပြီး ကျိူးဝန်ကျင့်အကြောင်းကိုရှာခိုင်းခဲ့သည်။ သိလိုက်ရချိန်၌သူ့ဒေါသတွေကအမုန်းတရားအဖြစ်ပြောင်းလဲသွားတော့သည်။ အန်း စိတ်ကျရောဂါခံစားရပြီးကိုယ့်ကိုယ်ကိုသတ်သေ သည်ဟုသူမထင်ခဲ့မိ ထိုအမျိူးသမီးကသာသူမကိုဖိအားပေး၍သေစေခဲ့သည်ဟုထင်ခဲ့သည်။ ကိုယ်တိုင်မမြင်ရပေမယ့်ထိုမြင်ကွင်းကိုသူမြင်ယောင်မိသည်။
ကျိူးကတကယ်ကိုခွင့်လွှတ်စရာမကောင်းဘူး။ သူ့တူကိုအဝေးကိုသူခေါ်မသွားခဲ့ပဲမောက်မာသည့်ကျိူးမိသားစုကိုနင်းချေရန်သူ့တူကိုကူညီပေးခဲ့သည်။ ရန်ငြိုးများနှင့်အတူ ကိုယ့်သရုပ်မှန်ကိုယ်ဖုံးကွယ်ပြီး ကျိူးသခင်ကြီး၏အတွင်းရေးမှူးအဖြစ်အလုပ်ဝင်ခဲ့သည်။ သိပ်မကြာလိုက်သူကကျိူးဟောက်၏ လူယုံဖြစ်လာခဲ့သည်။ အတွင်းရေးမှူးတစ်ယောက်အနေနဲ့ သူ့မှာကျိူးအိမ်ထဲဝင်ရောက်ခွင့်ရရှိပြီး ကျန်ကလေးနှစ်ယောက်ကိုလေ့လာခဲ့သည်။ ကျိူးယွင်ရှန့်က အကြီးဆုံးဖြစ်ပြီး အနေအထိုင်သိပ်ကိုအေးဆေးသည်။ စာလည်းအတော်ဆုံးဖြစ်သည်။ ကျိူးဝန်အန်က ကျိူးဝန်ကျင့်ထက်နှစ်လသာငယ်ပြီး တတ်ကြွသည့်စိတ်နေသဘောထားရှိသည်။ သူကကျိူးဟောက်၏အချစ်ဆုံးသားလည်းဖြစ်သည်၊
ဝန်ကျင့်နှင့်ဝန်အန်ကဆက်ဆံရေးကောင်းသော်လည်း ယွင်ရှန့်နဲ့တော့မီးနဲ့ရေလိုပင်။ ဒါပေမယ့်တုရွှီလန်အမြင်မှာတော့ ကျိူးသားနှစ်ယောက်လုံးအရည်အချင်းမရှိပေ။ တစ်ယောက်ကအကျင့်ယုတ်ပြီး ၊ တစ်ယောက်က အပြောချိူ၍ဝမ်းတွင်းမည်းသည်။ နှစ်ဦးစလုံးထက်မြတ်ပြီးဥာဏ်ရှိပေမယ့်ကျိူးဝန်ကျင့်ကတော့ စိတ်မာပြီးသည်းခံနိုင်စွမ်းရှိသည်။ ဖြတ်ထိုးဥာဏ်ကောင်းလည်းကောင်းသည်။ သူကစိန်ရိုင်းတုံးတစ်တုံးပင်။
တုရွှီလန်ကထိုစိန်ရိုင်းတုံးကိုစိန်ကောင်းတစ်ပွင့်ဖြစ်လာအောင်ပုံသွင်းပေးဖို့ဆန္ဒရှိခဲ့သည်။ကျောင်းတတ်နေချိန်အတွင်း၌ ကျိူးယွင်ရှန့်ကဝန်ကျင့်ကိုမကြာခဏအနိုင်ကျင့်သည်။ ထို့ကြောင့်သူထိုကလေးကိုပညာပေးရန်စိတ်ကူးခဲ့သေးသည်။ ဒါပေမယ့်ဒီကလေးကပဲသူ့ကိုပညာပြန်ပေးခဲ့သည်။ သူသာသူ့စိတ်ထဲကအမုန်းတရား၏အကြောင်းအရင်းကိုမပြောပြခဲ့ပါလျှင်တုရွှီလန်လည်း အန်းကိုဖိအားပေးအသတ်ခံရသည်ဟုသာအဆုံးထိထင်နေအုန်းမှာဖြစ်သည်။ သူမကသူ့အပေါ်အရမ်းကြင်နာခဲ့သည်။ အမြဲလိုလိုဖြူစင်စွာပြုံးပြခဲ့သည်။ သူမလိုလူကဘယ်လိုလုပ်အမုန်းတရားတွေပြည့်နှက်နေလိမ့်မလဲ။
သူအတွေးမှားခဲ့သည်။ ထိုအချိန်မတိုင်ခင်အထိ သူတို့ကိုလက်ဆောင်လာပေးသည့်မစ္စရန်ကို ကျိူးယွင်ရှန့်အမေဟုမထင်ခဲ့မိ။ အချိန်အကြာကြီးကျိူးအိမ်ထဲမွှေနှောက်နေပြီး သူ့မျက်လုံးတို့ကအမုန်းတရားကြောင့်မြူဖုံးခဲ့သည်။ ဒါပေမယ့်ကျိူးယွင်ရှန့်က သူနဲ့ဝန်ကျင့်မှာမုန်းခွင့်ရှိသလားလို့ပြန်မေးခဲ့သည်။ မုန်းရမယ့်သူကသူပါလို့လည်းပြောပြခဲ့သည်။
စိတ်မသန့်ခြင်းကြောင့်ကော၊သနားမိတာကြောင့်ကော အဲ့ဒီအချိန်ကတည်းကသူကျိူးယွင်ရှန့်ကိုအာရုံစိုက်မိခဲ့သည်။ သူ့လှုပ်ရှားမှုများကိုလည်းစိတ်ပူတတ်လာခဲ့သည်။ ဖြည်းဖြည်းချင်းနဲ့ ကျိူးယွင်ရှန့်မုန်လာဥနီမကြိုက်တဲ့အကြောင်း၊ပျင်းရင်လက်ကောက်ဝတ်ကိုဆော့နေတတ်တဲ့အကြောင်း။ သူကကွန်ပျူတာအရမ်းကျွမ်းပြီးနေ့တိုင်းမအိပ်ခင်နွားနို့တစ်ခွက်သောက်လေ့ရှိတဲ့အကြောင်း.....။ ကျိူးယွင်ရှန့်၏အသေးအစိတ်အပြုအမူများကိုသူမှတ်မိလာပြီး စိုးရိမ်မှုနောက်ကွယ်ကအကြောင်းအရင်းအစစ်မှန်ကိုလျစ်လျူရှုခဲ့သည်။ 2
ကျိူးဝန်အန်က ဝန်ကျင့်ကိုကိုယ်တိုင်ဒုက္ခပေးလာပြီး ဝန်ကျင့်ကသူ့အမုန်းတွေကို ရှန့်ပေါ်ပုံချတဲ့အခါ တုရွှီလန်စိတ်ထဲမကောင်းတော့ပေ။ ယွင်ရှန့်ကိုပိုပိုပြီးစိုးရိမ်တတ်လာတာနဲ့အမျှယွင်ရှန့်စရိုက်ကိုလည်းနားလည်လာသည်။ သူကစိတ်လိုက်မာန်မာလုပ်တတ်သော စရိုက်အောက်တွင်သည်းခံခြင်းနှင့်ခွန်အားကိုသိုဝှက်ထားသည်။ သူနဲ့ ယှဉ်လျှင်ကျင့်ကမရင့်ကျတ်သေးပေ။ ကိုယ့်ရန်သူကိုယ်တောင်သေချာမသိပဲရှေ့လျှောက်ဘယ်လိုဆက်သွားမလဲ။
တုရွှီလန်သူ့ကိုသတိမပေးခဲ့။ လိမ့်ကျဖူးသူများကသာပျံသန်းနိုင်လိမ့်မည်။ ဝန်ကျင့်အခန်းထဲကထွက်ပြီး ရှန့်နှင့်စကားပြောခဲ့သည်။ ခဏလေးခွဲလိုက်ရသည်နှင့်သူအထီးကျန်တတ်လာသည်။ ဒီကောင်လေးကိုသူနားလည်ပါတယ်လို့တုရွှီလန်ထင်တိုင်း သူကသူ့ကိုအံ့သြစေပြန်သည်။ ရှန့်ကသူ့ရဲ့သရုပ်မှန်ကိုသိနိုင်ခဲ့ပြီး ဝန်ကျင့်အမေနှင့်သူ့ကြားကဆက်ဆံရေးကိုတောင်ပြောနိုင်ခဲ့သည်။ သူက တိတ်တိတ်လေးကြည့်နေတဲ့အကြောင်းသူ့ကိုသွယ်ဝိုက်ပြောလိုက်ခြင်းဖြစ်သည်။
အခုမှအချောသပ်ရန်စသွေးနေသော ကျင့်နှင့်ယှဉ်လျှင်ရှန့်ကအရောင်ထွက်နေပြီးသားပင်။ တုရွှီလန်အနေနဲ့ ယွင်ရှန့်အနာဂတ်ကိုအများကြီးမျှော်လင့်ထားသည်။ ထိုမျှော်လင့်ချက်ကြီးလာလေ ရှန့်ကိုသူနားလည်လာလေပင်။ရှန့်ကိုကာကွယ်ဖို့ သက်တော်စောင့်အများကြီးပို့ပြီး ရက်သတ္တပတ်တိုင်းသူ့လုပ်ရှားမှုအားလုံးကိုဓာတ်ပို့ပို့ပေးဖို့အမိန့်ပေးခဲ့သည်။ ရှန့်အပေါ်ထားသည့်သူ့ရဲ့အာရုံတို့ကအကျင့်တစ်ခုလိုဖြစ်လာသည်။ သူ့မွေးနေ့မှာခြောက်ကပ်ကပ်အခန်းလေးထဲပြန်လာပြီး ယွင်ရှန့်ပုံနဲ့ E-mailလေးကိုငေးကြည့်နေမိသည်။
ပုံထဲတွင်ကောင်လေးက ကတော့ချွန်ပုံချောကလက်ကိုလျှာဖြင့်လျက်နေသည်။မက်မွန်ပွင့်သဏ္ဌာန်မျက်ဝန်းတို့ကမေးခွန်းတစ်ချိူ့သယ်ဆောင်ထားဟန်ရှိ၏။ ထိုလှပသည့်ပုံရိပ်နှင့်မျက်ဝန်းတို့ကကွန်ပျူတာဖန်သားပြင်မှတစ်ဆင့်တုရွှီလန်၏နှလုံသားကိုချိတ်ယူသွားလေသည်။ သူအသက်ရှူတွေများလာပြီးစခရင်ကိုအချိန်အကြာကြီးကြည့်နေမိသည်။နောက်ဆုံးထိုကောင်လေးကိုသူစခေါ်လိုက်သည်။
"မင်းငါနဲ့chatဖို့အားလား?'' သူ့requestကို ဒီကောင်လေးမြင်ဖို့သူသိပ်ကိုစိတ်စောနေခဲ့သည်။
ရှန့်ကလည်းသဘောတူခဲ့သည်။
အဲ့ဒီနေ့ ကသူ့မွေးနေ့လည်းဖြစ်တာကြောင့်သံအပိုင်းအစတွေပြည့်နေတဲ့music boxကိုစားပွဲပေါ်တင်ပြီး သူ Transformerအရုပ်ကိုဆင်ပြခဲ့သည်။သူ့အာရုံကအရုပ်ပေါ်မှာပဲရှိနေပြီးလက်ချောင်းသွယ်သွယ်တို့ကလည်းအခြားကမ္ဘာတစ်ခုကိုဖန်တီးနေသလိုပင်။ တုရွှီလန်အကြာကြီးငေးကြည့်နေမိတာကြောင့်screenကလည်း standbyအခြေအနေမှာရောက်နေသည်။ သူ့ရဲ့ရင်ခုန်သံကလည်းအခုမှပြန်လည်တည်ညိမ်လာတော့သည်။ကောင်လေးကသူ့လက်ဆောင်ကိုတုရွှီလန်ကြိုက်တယ်ထင်တာကြောင့်နောက်နေ့ အမြန်ချောပို့နဲ့ကုမ္ပဏီကိုပို့လိုက်သည်။သေတ္တာပုံးကိုဖွင့်ပြီးနောက်တုရွှီလန်ရယ်လိုက်တော့သည်။ သူအဲ့ဒီအရုပ်နဲ့အကြာကြီးကစားပြီး အလုပ်စားပွဲမှာတင်ထားလိုက်သည်။ အဲ့နောက်အလုပ်ပြီးတော့အိတ်ထဲထည့်ပြီးအိမ်ယူပြန်ခဲ့သည်။ အစကစာအုပ်စင်မှာသူတင်ထားပေမယ့်လှမ်းကြည့်လိုက်တာနဲ့မမြင်ရတာကြောင့်သူစားပွဲပေါ်တင်လိုက်တယ်။နောက်တော့အိပ်ဖို့ဆုံးဖြတ်လိုက်ပြီး အရုပ်ကိုလည်း ကုတင်ဘေးကစားပွဲလေးမှာပဲတင်ထားလိုက်တော့တယ်။
ဒါသူ့ဘဝမှာဒုတိယအကြိမ်ရဖူးတဲ့အရုပ်ပဲ။ ဒါပေမယ့်ဒါကသူ့မွေးနေ့အတွက်ပထမဦးဆုံးလက်ဆောင်ဖြစ်တာကြောင့်သူပိုမြတ်နိုးတယ်။
သူနဲ့ယွင်ရှန့်ရဲ့ဆက်ဆံရေးကပိုရင်းနှီးလာခဲ့သည်။ video call chatသည့်အခါတိုင်း ဖန်သားပြင်တွင်ပေါ်လာမည့်မျက်နှာနှာချောချောကိုသူစိတ်လှုပ်ရှားစွာစောင့်နေမိသည်။ကောင်လေးကအရမ်းကိုအလုပ်များသည်။ ဖုန်းကိုင်လျှင်တောင်ပရိုဂရမ်ရေးနေတတ်ပြီးတစ်ဖက်လူကစကားမပြောလျှင်သူကလည်းသူ့ကမ္ဘာမှာသူနစ်မြောနေတတ်သည်။ သူ့ကိုအကြာကြီးငေးကြည့်နေရဖို့တုရွှီလန်လည်းအမြဲလိုလိုတိတ်ဆိတ်နေခဲ့သည်။ ရှန့်ရဲ့အာရုံစူးစိုက်နေတဲ့မျက်နှာလေးကို သူ မပင်ပန်းမချင်းထိုင်ကြည့်နေနိုင်သည်။ သူဒီလိုကြည့်နေတာကို မကြာခဏအတွင်းရေးမှူးနဲ့လက်ထောက်တွေကလာလာနှောက်ယှက်တတ်တာကြောင့်သိပ်အဆင်မပြေ ဒါပေမယ့်သူ့အလုပ်တွေအားလုံးပြီးလို့ပြန်လာရင်တော့ ကွန်ပျူတာရှေ့တွင်တိတ်တိတ်လေးထိုင်နေပြီး လက်ချောင်းသွယ်သွယ်တို့ ကkeyboardပြေးလွှားရင်းအလုပ်ရှုပ်နေသည့်ကောင်လေးကိုပြန်မြင်ရသည်။ သူ့စိတ်ထဲတွင်အခုလိုသူပြန်အလာကိုအမြဲတမ်းစောင့်နေရင်ဘယ်လောက်ကောင်းမလဲတွေးမိသည်။ ထိုအတွေးကြောင်းလည်းတုရွှီလန်ကိုယ့်ကိုယ်လန့်မိသည်။ ဒါပေမယ့်အရာအားလုံးကသူ့ထိန်းချူပ်နိုင်မှုထက်ကျော်လွန်ခဲ့ပြီ။သေးသိမ်သည့်ခါးနှင့်သွယ်လျသည့်ခြေတံတို့ကိုမြင်လိုက်ရသည့်ညက သူအိပ်ယာပေါ်လူးလိမ့်ရင်းအိပ်မပျော်နိုင်ခဲ့ပေ။ သူ့နှလုံးသားသူလည်းဆက်မညာနိုင်တော့။
ဒီနှစ်တွေအတွင်းသူစုဆောင်းထားတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး သူပိုးပန်းဖို့တုန့်ဆိုင်းမနေတော့ပေ။ ရှန့်ကိုမထိခိုက်ရလေအောင်သူဂရုစိုက်ပြီးသေသေချာချာတွေးတောခဲ့သည်။ ဒါပေမယ့်တွဲကြည့်ပြီးနောက်ပိုင်းမှာတော့ဒီပူပန်မှုတွေကလေထဲပျောက်ကွယ်သွားတော့သည်။ သူပြန်ထွက်မရသည့်နွံထဲကိုကျသွားခဲ့သည်။ ထိုနွံကလည်းအလွန်ချိူမြိန်ပြီးချစ်ဖွယ်ကောင်းသည့်ဂျယ်လီနွံလေးသာဖြစ်တော့သည်။ 13
တရုတ်ပြည်သူ့သမ္မတနိုင်ငံအကျဉ်းထောင်—
ကျိူးဝန်ကျင့်မှန်နံရံရှေ့မှာထိုင်ပြီး စိတ်လှုပ်ရှားစွာနဲ့ဆေးလိပ်တစ်လိပ်ကိုဖွာနေမိသည်။ထောင်စောင့်ကသူ့ကို မသောက်ဖို့လာပြောတဲ့အခါ သူ့ဦးလေးကိုဆေးလိပ်မသောက်ဖို့အမိန့်တတ်တဲ့ကျိူးယွင်ရှန့်ကိုပြန်တွေးမိသည်။ သူ့ဦးလေးကလည်း အမြဲနာခံပြီး ချစ်စနိုးအမူအရာနှင့်သာပြန်ကြည့်လေ့ရှိသည်။ ကျိူးယွင်ရှန့်အမိန့်ပေးခံရသည်ကိုပျော်ရွှင်နေသည်မှာသိသာလွန်းသည်။ ကျိူးဝန်ကျင့်ဆေးလိပ်ကိုမီးသတ်ပြီး ဟက်ခနဲရယ်လိုက်သည်။
ထိုအချိန်၌အသားညိုညိုနှင့်ဝတ်စုံတွင်'ကျိူးဝန်အန်'ဆိုသည့်နံမည်ပါသည့်ထောင်သားကိုထောင်စောင့်ရဲကခေါ်ခဲ့သည်။ ထိုနံမည်တံဆိပ်သာမပါလျှင်အရမ်းကိုတတ်ကြွလွန်းသည်ညီလေးဟု ကျိူးဝန်ကျင့်မှတ်မိမည်မဟုတ်ပေ။
"ဘယ်လိုနေလဲ'' တစ်ဖက်ကဘာမှပြန်မဖြေတာကြောင့်သူဆက်ပြောလိုက်သည်။ ''ဒီနေ့ ကျိူးယွင်ရှန့်နဲ့တုရွှီလန်တို့မင်္ဂဆောင်ကြတော့မှာနောက်နေ့ကျရင်သတင်းမှာမင်းမြင်ရမှာပဲ''
ထိုစကားကြားမှ ကျိူးဝန်အန်ကတုန့်ပြန်မှုလာသည်။သူ့မျက်ရည်ကျပြီး ''ဝန်ကျင့်ကျေးဇူးပြုပြီးငါ့အစားအစ်ကိုကြီးကိုပြောပေးပါ။ ငါမှားမှန်းငါသိပါတယ်။ ဒါပေမယ့်သူသာငါ့ကိုလွှတ်ပေးမယ်ဆိုရင်ငါသူ့အတွက်တိရစ္ဆာန်လိုနေပေးရလည်းဖြစ်ပါတယ်လို့။ ငါဒီမှာဆက်မနေနိုင်တော့ဘူး။ဒီကလူတွေကလူမဟုတ်ဘူး။ ငါ့ကိုနှိမ်စက်ဖို့သူတို့အမြဲကြိုးစားနေကြတာ...''
ကျိူးဝန်ကျင့်စိတ်ရှည်ရှည်နဲ့ဆက်နားမထောင်ချင်တော့ပဲ ''မင်းကအမိန့်နာခံမယ်ပေါ့၊ လိုသုံးအဖြစ်နေမယ်ပေါ့။ ကျိူးဝန်အန်မင်းကတကယ်ကိုစောက်သုံးမကျတာပဲ!"
ဟန်းဆက်ကိုလွင့်ပစ်လိုက်ပြီး ကျိူးဝန်ကျင့်ထောင်မှပြန်ထွက်လာခဲ့သည်။ သူ့ရဲ့ပြည့်ကြပ်နေတဲ့ရင်ကအစိုင်အခဲတွေလျော့ပါးမသွားပဲ ပိုလို့လေးလံလာခဲ့သည်။ အရင်နှစ်တွေကသူ့အလုပ်အကိုင်ကတကယ်ကိုအဆင်ပြေခဲ့ပေမယ့်အခုတုရွှီလန်ရဲ့ကာကွယ်မှုအောက်ကလွှတ်ထွက်လာတော့သူ့ဘဝကခက်ခဲလာသည်။သူနဲ့ ကျိူးယွင်ရှန့်ကြားကအဆင်မပြေမှုကြောင့်တစ်ဖက်ရန်သူရဲ့လှောင်ပြောင်ခြင်းခံရသည်။ ပြန်တိုက်ခိုက်ဖို့ကြိုးစားပေမယ့်လည်း နိုအာနဲ့ဖက်ပြိုင်တာကကျောက်ခဲကိုကြက်ဥနဲ့ပေါက်သလိုဖြစ်နေတော့မည်။ သည့်အပြင်တစ်ဖက်ကလည်း တုအင်အားစုရှိနေသေးသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူNoahကုမ္ပဏီရဲ့ပရောဂျက်တစ်ခုကိုလေလံဆွဲဖို့လုပ်ခဲ့သေးသည်။ သို့ပေမယ့်သူလေလံဆွဲဖို့စပင်မစလိုက်ရသေးပဲ နိုအာအတွင်းရေးလက်ထောက်က သူနဲ့မတည့်တဲ့ကုမ္ပဏီကို ပုံမှန်ဈေးအတိုင်းရောင်းပေးလိုက်သည်။ သူစပင်မစရသေးပဲ ရှုံးနေခဲ့ပြီ။
သူအရမ်းကိုသေးနုပ်သိမ်ငယ်သည်ဟုယခင်ကမခံစားခဲ့ရပေ။ ထိုစကားတို့ကသူကျိူးဝန်အန်ကိုပြောခြင်းမဟုတ်ပဲ ကိုယ့်ကိုယ်သာပြောခြင်းဖြစ်သည်။ ဒီဘဝမှာသူဘယ်တော့မှ ယွင်ရှန့်ကိုမှီနိုင်မည်မဟုတ်ပေ။ တစ်ခါတစ်လေတော့ သူတွေးမိသည်။ သူအခုလိုအသုံးမကျဖြစ်နေရမှာမဟုတ်သလို ကျိူးယွင်ရှန့်ရဲ့လက်ရှိနေရာကလည်းသူ့နေရာဖြစ်ရမှာ။ ဘယ်အရာကများလောကကြီးကိုပြောင်းလဲပစ်လိုက်တာများလဲ သူမသိတော့ပေ။

Коментарі