Arc 3.9
အခန်း(၃၀) ရှမ်းရိပင်းဘဝ +
သတ္တမ မင်းသား အချိန်အကြာကြီးနာမကျန်းဖြစ်နေခဲ့ပြီးမှ ကိုယ်အားနဲ့ကိုယ်နလန်ထူလာတာ။ ဘယ်လိုလုပ်ဆေးတစ်ခွက်ထဲနဲ့ပြန်ကောင်းနိုင်မှာလဲ။ ရှမ်းရိပင်း ကနှုတ်ဆော့နေတာပဲ။ သတ္တမမင်းသား သူ့စိတ်ထဲကသံသယတွေဖျောက်ပြီး ရှဲ့ယွိရို ကိုပွေ့ထားလိုက်သည်။ သူ့လက်မောင်းကြားမှာရှိနေတဲ့ ရှဲ့ယွိရို ကတော့ မျက်နှာဖြူဖျော့နေပြီး သွားများပင်တုန်ရီနေသည်။
သိပ်ပင်မကြာလိုက်မင်းကြီးရဲ့မိန်းမစိုးကရဲမတ်တွေနဲ့ရောက်ချလာသည်။ ''အရှင်မင်းသား ၊တော်ဝင်ကိုယ်လုပ်တော်ကျွန်တော်မျိူးတို့နဲ့လိုက်ခဲ့ရပါမယ်။မေးခွန်းတစ်ချိူ့ ကိုဖြေပေးရပါလိမ့်မယ်''
ထျန်းချန်မင်းကြီးက အိုမင်းလာပြီး ခန္ဓာကလည်းတဖြည်းဖြည်းချိနှဲ့လာပြီမို့ သက်ရှည်ဆေးကိုရှာနေသည်ကသဘာဝပင်။ သူ့နောက်လိုက်တွေကလည်း သက်ရှည်နုပျိူပြီး ကြွယ်ဝချမ်းသာ လိုတာကြောင့်စိတ်လှုပ်ရှားနေကြသည်။ အိမ်ရှေ့မင်းသား ကိုယ်တိုင်လူလွှတ်ဖမ်းခိုင်းရန်ပင်မလိုလိုက်ပေ။
ရှဲ့ယွိရို ကသူမရဲ့ဆေးဝိညာဉ်နယ်မြေနဲ့ဝိညာဉ်စမ်းရေက အရမ်းကိုထူးခြားတာသိသည်။သေရေးရှင်ရေးမဟုတ်ရင်ထုတ်ပြစရာအကြောင်းမရှိ။ ဝိညာဉ်နယ်မြေက သူမရဲ့ဝိညာဉ်နဲ့ဆက်ထားပြီးကျောက်စိမ်းလက်ကောက်အဖြစ်ရှိနေသည်၊ သူမသာအလိုမရှိရင်ဝတ်ထားရင်တောင်ဘယ်သူမှမြင်နိုင်မည်မဟုတ်ပေ။
ဒီလက်ကောက်ကချွတ်လို့လည်းမရတာကြောင့်သူမမှာ ဝိညာဉ်စမ်းရေ နဲ့ ဝိညာဉ်နယ်မြေရှိနေသ၍ ဒီအကြပ်အတည်းကလွှတ်မြောက်နိုင်သည်။
သူမ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ကြောင့်မိန်းမစိုးဘယ်လောက်စစ်မေးမေး မဖြေပေ။ သူမကမင်းကြီးအတွက်စကားတစ်ခွန်းတောင်စချင်ပုံရ။တော်ဝင်ကိုယ်လုပ်တော်က ဘယ်လိုနည်းနဲ့မေးမေးမဖြေတာကြောင့်မိန်းမစိုးခေါင်းဆောင်လည်း စိတ်ညစ်ပြီး အစောင့်တွေနဲ့ချန်ထားလိုက်သည်။
သူတို့ထွက်သွားမှ ရှဲ့ယွိရိုထောင့်တစ်နေရာမှာထိုင်ပြီး ဝိညာဉ်စမ်းရေ အချိူ့ကိုအမြန်သောက်လိုက်သည်။ ပြီးနောက်သူမရဲ့ခွန်အားတွေကိုပြန်ကောင်းအောင်လုပ်လိုက်သည်။ သူမ ဆန္ဒရှိရင်အချိန်မရွေးထွက်သွားနိုင်ပေမယ့်လို့ အခုသူမကထောင်ထဲမှာ။ ရုတ်တရပ်ပျောက်သွားရင်ပေကျင်းမှာရှိနေတဲ့သူမ မိသားစုဒုက္ခရောက်နိုင်သည်။ သူမမောင်က အရည်အချင်းရှိသည်။ သူမသာ သူတို့လျစ်လျူရှုရင်မင်းကြီးက ရှဲ့မိသားစုကိုဒေါသပုံချလိမ့်မည်။
ဒါကြောင့်တစ်ခုတည်းသောနည်းလမ်းက မင်းကြီးကိုသက်ရှည်ဆေးဆက်သပြီး မင်းကြီးကျန်းမာလာအောင်ပြုစုပေးဖို့ပဲ။ ဒါဆိုရင်မင်းကြီးက သူမကိုကျေးဇူးတင်ပြီး သတ္တမမင်းသားနန်းတက်ဖို့ဖြတ်လမ်းတစ်ခုရလိမ့်မည်။
သူမအကြံအစည်ကိုသူမကျေနပ်ပြီး ရှဲ့ယွိရို ပြုံးလိုက်သည်။
သူတောင်အဲ့လိုတွေးတတ်ရင်ကျိူးယွင်ရှန့်ကမတွေးမိပဲမနေဘူးပေါ့။ အဲ့ဒီညသူထောင်စောင့်တွေကို စိတ်ညှို့ ပြီးထောင်ထဲဝင်သွားလိုက်သည်။
"တော်ဝင်ကိုယ်လုပ်တော်ဘယ်လိုနေလဲ'' သူကပြုံးနေပြီး မျက်လုံးတွေကလှောင်ရိပ်သန်းနေသည်။ ပြီးတော့ နှာခေါင်းတရှုံ့ ရှုံ့ လုပ်ပြီး သက်ပြင်းချလိုက်သည်။ ''တော်ဝင်ကိုယ်လုပ်တော်မှာ အံ့သြစရာဆေးကောင်းတွေအများကြီးရှိတာပဲ၊ ဒီဆေးတွေအရမ်းထူးခြားလွန်းလို့ ကျိူးတိုင်းပြည်တစ်ခုလုံးမှာတောင်ရှာမရလောက်ဘူးထင်မိတယ်။ ဒါတွေကိုမင်းကြီးကို ဆက်သပြီး မင်းကြီးကိုသက်ရှည်စေရင်တကယ်ကိုချီးမြှောက်ခံရမှာပဲ''
ရှဲ့ယွိရိုလှောင်ရယ်ပြီး တိတ်တိတ်လေးသာနေလိုက်သည်။ သူမအခုဒီပညာရှိကိုကြောက်နေပြီး သာမန်လူမဟုတ်ဘူးလို့ထင်နေသည်။ ဘယ်လိုလုပ်သာမန်လူကသူ့ရဲ့ ဝိညာဉ်နယ်မြေနဲ့ဝိညာဉ်စမ်းရေ ကိုရှာတွေ့မှာလဲ။
ကျိူးယွင်ရှန့်က စိတ်မဝင်စား အကျဉ်းတံခါးရှေ့ကိုသွားပြီးကောက်ရိုးတမျှင်ကိုကောက်လိုက်သည်။ ပြီးတော့သော့ပေါက်ထဲထည့်ပြီးလှည့်လိုက်သည်။ ခဏလောက်လှည့်ပြီးတော့သော့ချောင်းကြီးက ပြုတ်ကျသွားသည်။ ဗီလိန်တစ်ယောက်အနေ သူမှာဖိအားတွေများများစားစားမရှိဘူး။ ကလေးယူတာကလွဲရင်ဒီလောကမှာ သူမတတ်နိုင်တာဘာမှမရှိဘူး။ 6
ရှဲ့ယွိရို ကသူ့ကိုငေးကြောင်ကြည့်နေသည်။ ပြီးတော့ထောင့်ကိုကပ်သွားပြီး ကိုယ်ကိုချူံ့ ရင်းကြောက်လန့်တကြားအော်ဟစ်လေသည်၊ ''ရှင်ဘာလုပ်မလို့လဲ''
"စိတ်လျော့ ။ကျူပ်ခင်များကိုမသတ်ဘူး'' ကျိူးယွင်ရှန့်ရှေ့ကိုတိုးသွားပြီး ကိုယ်ကိုကိုင်းချလိုက်သည်။ သူသာ ကမ္ဘာကြီးရဲ့ ဇာတ်လိုက်နဲ့ဇာတ်လိုက်မကိုသတ်လိုက်ရင်ကမ္ဘာကြီးချက်ချင်းပျက်စီးသွားမှာ။ သူကပြင်ပကဖြစ်တာကြောင့်ကန့်သတ်ချက်တစ်ချိူ့တော့ရှိနေတယ်။ ဒါပေမယ့်ဒီကမ္ဘာကလူတွေကပဲ ဇာတ်လိုက်နဲ့ဇာတ်လိုက်မ ကိုသတ်ရင်တော့ မူလဇာတ်ကြောင်းကိုထိခိုက်ရာမရောက်လို့ဘာမှမဖြစ်နိုင်ဘူး။
ဒါကြောင့်သူ ဇာတ်လိုက်မကိုသတ်မည်မဟုတ်။ သူလာရတာက ဝိညာဉ်နယ်မြေနဲ့ဝိညာဉ်စမ်းရေကြောင့်ဖြစ်သည်။ သူ့လိုစွမ်းအင်စုဆောင်းနေသူအဖို့က ဒါတွေက အဟာရဖြည့်အစားအစာတွေလိုပဲ။
သူ့စကားကိုကြားတော့ ရှဲ့ယွိရို ပိုသတိဝင်သွားသည်။ သူမကို လက်တွေကို ပုခုံးဆီသိုင်းဖက်ထားပြီးအော်ဖို့ပြင်လိုက်သည်။ ဒါပေမယ့်လို့ သူမအသံတစ်စုံတစ်ရာမှ ထွက်လို့မရတာကိုသတိထားမိပြီး လန့်သွားသည်။
"စိတ်ညှို့ နည်းထဲကတစ်ခုလေ'' ကျိူးယွင်ရှန့်ရယ်လိုက်ပြီး သူမရဲ့ လက်ကောက်ဝတ်ကိုလက်ညှိုးထိုးလိုက်သည်။ ''တော်ဝင်ကျောက်စိမ်းလက်ကောက်ပါလား အရမ်းရှားတာကို''
"ရှင်...မြင်ရတယ်ပေါ့'' ရှဲ့ယွိရို တုန်ရီလာသည်၊ သူမကြောက်လွန်းလို့ဝိညာဉ်လွင့်မတတ်ပဲ။ ဒီလက်ကောက်က သူမကို နတ်တစ်ပါးကလက်ဆောင်ပေးခဲ့တာ။ ဒီလူက ဒါကိုမြင်ရတော့ သူလည်းနတ်လား?
ကျိူးယွင်ရှန့်က မဖြေပဲ လက်ကောက်ဆီလက်လှမ်းပြီးချွတ်လိုက်သည်။ သူ့လက်ဖဝါးပေါ်ရောက်တဲ့အခါမှာတော့ လက်ကောက်က အလင်းရောင်လဲ့လဲ့လေးတွေအဖြစ်ပြောင်းသွားပြီး သူ့ကိုယ်ထဲစီးဝင်သွားလေသည်။
"ဒါက ကမ္ဘာတစ်ခုလုံးရဲ့စွမ်းအားနဲ့ယဉ်ရင်ဘာမှမဟုတ်ပေမယ့်ခြင်သားကလည်းအသားပဲမဟုတ်လား။ကျေးဇူးတင်ပါတယ်တော်ဝင်ကိုယ်လုပ်တော်'' ကျိူးယွင်ရှန့်လက်ကိုနောက်ပစ်ပြီး အချူပ်ခန်းထွက်ကထွက်လိုက်သည်။ တံခါးပြန်ပိတ်ရန်တော့မမေ့။ ပြီးတော့ သူက လက်ညှိုး ကိုနှုတ်ခမ်းပေါ်တင်လိုက်ပြီး ''မင်းကို ဝိညာဉ်နယ်မြေနဲ့ဝိညာဉ်စမ်းရေ အကြောင်းပြောဖို့တားမြစ်တယ်။ အဲ့ဒီအကြောင်းပြောရင်မပြောရသေးခင်မှာပဲ ရူးရလိမ့်မယ်''
ဒီစကားများက စိတ်ညှို့ လိုက်ခြင်းဖြစ်သည်။ ရှဲ့ယွိရိုကြောက်လန့်စွာကြည့်နေတဲ့မျက်နှာနဲ့ပဲခေါင်းညိမ့်လိုက်သည်။ လက်ကောက်က သူမဝိညာဉ်နဲ့ဆက်ထားတာမို့ အတင်းအကြပ်ဖြုတ်ယူတာက သူမဝိညာဉ်ကိုထိခိုက်စေသည်။ ကျိူးယွင်ရှန့်ထွက်သွားပြီးနောက်သူမပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာခံစားရပြီး လူးလိမ့်နေတော့သည်။
"မင်းဘယ်သွားနေတာလဲ'' ကျိူးယွင်ရှန့်အခန်းကိုပြန်ရောက်တော့ မင်းသားက အိပ်ယာပေါ်မှာထိုင်နေပြီး သူ့ကိုကြည့်နေသည်။
"ရေအိမ်ကို''
"ဒီထဲမှာကော မရှိလို့လား''
"အနံ့ ကမကောင်းဘူးလေ။ အသံလည်းမလုံဘူး''
မင်းသားက ပြုံးပြီးစောင်ကိုလှပ်ကာဆိုသည်။ ''မနက်ဖြန်မင်းလုပ်စရာတွေအများကြီးရှိတယ်။ အိပ်ရအောင်''
ကျိူးယွင်ရှန့်ခဏလောက်တုန့်ဆိုင်းနေပြီးမှာ သူ့အပေါ်ဝတ်ရုံကိုချွတ်လိုက်ပြီး အတွင်းဝတ်ဖြူနဲ့ မင်းသားဘေးဝင်လှဲလိုက်သည်။ မင်းသားနေမကောင်းတုန်းကလည်း သူမင်းသားအိပ်ရာမှာပဲနေ့တိုင်းအိပ်ခဲ့သည်။ အခုကောင်းသွားမှ ငြင်းမယ်ဆိုလည်းကြောင်သူတော်ဟန်ဆောင်ရာကျမည်။
မင်းသားက သူ့ကိုဖက်အိပ်သည်။ အားအင်တွေပြန်ရလာတာကသူ့အတွက်စိမ်းသက်နေသေးပေမယ့်လို့ သူနှစ်ခြိုက်စွာပဲအိပ်ပျော်သွားလေသည်။
ရှဲ့ယွိရို ကစစ်မေးသမျှကိုမဖြေ။ ဒါကြောင့်မိန်းမစိုးခေါင်းဆောင်ကပေကျင်းကိုပို့ပြီး မင်းကြီးကိုယ်တိုင်စီရင်စေဖို့ခေါ်သွားလိုက်သည်။ နတ်ဆေးဟာ ကူးစက်ရောဂါကိုကုသနိုင်တာမို့ ထျန်းချန်မင်းကြီးကလည်း ဒီကိစ္စကို စိတ်ဝင်စားသည်။
အမှန်ကိုမပြောမချင်း ရှဲ့ယွိရို နှိပ်စက်ခံရသည်။ သူမက အိမ်ရှေ့မင်းသား အပယ်ခံရပြီး သတ္တမ မင်းသားနန်းတက်ရမှာ။ သူကမိဖုရားခေါင်ဖြစ်ရမှာ စသည်ဖြင့်အရူးလိုအော်ဟစ်လေသည်။
ထျန်းချန်မင်းကြီးတော်တော်အံ့သြသွားသည်။ ဒီလို ကိုယ်လုပ်တော်လေးကတောင်ဒီလောက်ရည်မှန်းချက်ကြီးရင်သတ္တမ မင်းသားကော ဘယ်လိုတွေးမလဲ။ သူလည်းပဲသိလျှက်နဲ့ အိမ်ရှေ့မင်းသား အတွက်ဆေးထုတ်မပေးသေးတာ။ ဒါကြောင့်သတ္တမ မင်းသားလည်း အပြစ်ပေးခံရသည်။ ထျန်းချန်မင်းကြီးက သူ့ကိုညီလာခံတက်ခွင့်နဲ့တာဝန်ထမ်းဆောင်ခွင့်ကို တားမြစ်လိုက်သည်။ ထျန်းချန်မင်းကြီးရဲ့ရဲမတ်တွေလည်းခြေချင်းလိမ်နေကြပြီး အခြားပြစ်မှုကြီးတွေပါရှာတွေ့သည်။ ရှဲ့တစ်မိသားစုလုံးထောင်ထဲရောက်လေသည်။
ရှဲ့ယွိရိုက သတိမထားပဲဆေးအညွှန်းစာအုပ်နဲ့အခြားပစ္စည်းတွေကို သူမဗီရိုမှာပဲထားလေသည်။ ဒါတွေက ထျန်းချန်မင်းကြီးအတွက်တော့ ရတနာတွေပဲ။ ဒါပေမယ့်ဆေးစာအုပ်ထဲကဆေးပင်တွေကဝိညာဉ်နယ်မြေမှာပဲပေါက်တာကြောင့်သူတို့ဘယ်လိုရှာမလဲ။ ထျန်းချန်မင်းကြီးက သမားတော်တွေနဲ့ တာအိုရသေ့တွေကို အကူအညီတောင်းပြီး ရှာစေသည်။ ထိုအချိန်၌ တစ်တိုင်းပြည်လုံး အဂ္ဂိရတ်ပညာဖြစ်သည့်နတ်ဆေးဖော်ခြင်းပညာကို ရူးသွပ်သွားကြသည်။
အိမ်ရှေ့မင်းသားရဲ့ အာဏာကတော့တဖြည်းဖြည်းကြီးလာပြီးနောက်ဆုံး အုပ်ချူပ်ရေးတစ်ခုလုံးသူလက်ထဲရောက်လာသည်။
သက်တော်၇၆တွင်ထျန်းချန်မင်းကြီးနတ်ရွာစံလေသည်။ တစ်တိုင်းပြည်လုံး ပူဆွေးကြပြီး အိမ်ရှေ့မင်းသားက အားလုံးရဲ့ထောက်ခံမှုနဲ့နန်းတက်ရသည်။
နန်းသိမ်းပွဲပြီးတဲ့နောက်ဧကရာဇ်အသစ်ချွတ်ချွတ်လေးက သူ့ရဲ့တိုင်ပင်ခံအမတ်အသစ်ချွတ်ချွတ်လေးကို ဆင့်ခေါ်လိုက်သည်။ 2
"ကိုယ်တော်က ဒီနေ့ကစပြီး ဧကရာဇ်မဟုတ်ဘူးလား'' မင်းကြီးက အမျိူးသားငယ်လေးရဲ့လက်ကို တရင်းတနှီးဆုပ်ကိုင်ထားပြီးမေးသည်။
"အရှင်မင်းကြီး '' ကျိူးယွင်ရှန့်လက်ကိုပြန်ရုတ်ပေမယ့်တင်းတင်းကြပ်ကြပ်ဖျစ်ညစ်ခြင်းသာခံလိုက်ရသည်။ သူ့လက်တွေကျိူးမတတ်ဖြစ်လာတော့မှ သူလက်လျော့လိုက်သည်။
"မင်းကိုယ့်ကိုသစ္စာမရှိတော့ဘူးလား''
"ကျွန်တော်အမြဲသစ္စာရှိပါတယ်'' ကျိူးယွင်ရှန့်နှုတ်ခမ်းထောင့်ပင်လှုပ်သွားသည်။
"မင်းတွေးပြီးပြီလား''
ကျိူးယွင်ရှန့်တိတ်ဆိတ်နေမိသည်။ လှိုင်းထန်လာတဲ့မုန်တိုင်းကို တစ်ဖက်လူမျက်လုံးထဲ မြင်နေရတော့မှ ''အခု အရှင်ကဧကရာဇ်။ ကျွန်တော်ကအမတ်။ အရှင်နဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးက သခင်နဲ့ကျွန်ရဲ့ ဆက်ဆံရေးထက်စည်းကျော်သွားရင်အခြားလူတွေသတိထားမိကုန်မယ်။ အဲ့လိုမဆင်မခြင်လုပ်ရင်ကျွန်တော်တို့ရဲ့အချစ်ကို လူတွေအထင်သေးလိမ့်မယ်'' 1
ဧကရာဇ်ကရှေ့ကစကားတွေအကုန်မေ့ပစ်လိုက်ပြီး သူကြားလိုတဲ့စကားသာကြားလေသည်၊ ''အချစ်၊ ဒါဆိုမင်းလည်းကိုယ်တော့်ကိုခံစားချက်ရှိနေတာပေါ့။ ကိုယ်ထင်သားပဲ'' 11
သူက အမျိူးသားငယ်လေးကို လက်မောင်းတွေထဲပွေ့ထားပြီး ဖျစ်လိုက်သည်။ ''မင်းဘာလို့ ကိုယ့်ကိုအခွင့်ရေးမပေးတာလဲ။ ကိုယ်တို့ဆက်ဆံရေးကမပျက်စီးပဲ ပိုပြီးတော့တောင်ခိုင်မြဲနိုင်တာပဲ။ မင်းဒီနေ့သဘောမတူရင်ကိုယ်ကတိပေးထားတဲ့ ရှမ်းအိမ်ရဲ့အနှစ်တစ်ရာကောင်းချီး ဆိုတာထည့်မတွက်တော့ဘူး'' 2
ကျိူးယွင်ရှန့်သူ့ပုခုံးနာနေတာကိုလျစ်လျူရှုလိုက်ပြီးမော့ကြည့်လိုက်သည်။ ''မင်းမှာသစ္စာ၊လူမှာကတိတဲ့။ မကြားဖူးဘူးလား''
"ရေမြေ့အရှင်မည်သည်တိမ်လိုလေလိုနှယ်ခန့်မှန်းရခက်၏တဲ့။ မကြားဖူးဘူးလား'' ဧကရာဇ်က လုံးဝအညံ့မခံပေ။ 8
ကျိူးယွင်ရှန့်"........''
"အာ...မင်းစိတ်ဆိုးသွားပြီ'' မင်းကြီးက ကျိူးယွင်ရှန့်မျက်မှောင်ကြုတ်ထားတာမြင်တော့ အသံကိုဖျော့လိုက်ပြီး ''မင်းသာ ကိုယ်ဘေးလိမ်လိမ်မာမာနဲ့နေပြီး ဘယ်တော့မှပျောက်မသွားရင်ကိုယ်ရှမ်းအိမ်ကိုဒုက္ခမပေးဘူး။ ယွင်ရှန့်၊ ယွင်ရှန့်လက်ခံပေးပါ။နော်နော်'' 4
ကလေးတစ်ယောက်ပူဆာသလို သူ့ရဲ့ခေါင်းကို ကျိူးယွင်ရှန့်လည်ပင်းမှာအပ်ပြီး တစ်လောကလုံးကိုပေးဖို့ကြိုးစားနေလေသည်။ ကျိူးယွင်ရှန့်သူ့ရဲ့ဘုရင်တစ်ပါးအနေနဲ့မသင့်လျော်တဲ့အမူအရာတွေကို သဘောမကျပေလို့ အရမ်းကိုသေမလိုရှင်မလိုဖြစ်တော့ သူပြန်ဖက်လိုက်ပြီး ကတိပေးလိုက်သည်။ 5
မင်းကြီးက အရမ်းပျော်သွားပြီး အမြန်သူ့လက်ထဲကကောင်လေးရဲနှုတ်ခမ်းပေါ်တံဆိပ်တုံးနှိပ်လိုက်သည်။ 2
••••
ရှဲ့ယွိရို ကသေဒဏ်ပေးခံခဲ့ရပြီး သတ္တမ မင်းသားက ဘာမှမကျန်အောင်အာဏာကျသွားသည်။ အခု ဧကရာဇ်အသစ်ကနန်းတက်တော့သူ့မှာအခွင့်အရေးကမရှိတော့ ။ သူ့ရဲအိမ်တော်ကြီးက ခြောက်သွေ့နေပြီး ရှမ်းချောင်တန်ကိုသာမှီခိုနေရတော့သည်။
"ကျွန်မအစ်ကိုက ဒီနေ့ပဲ လူသိရှင်ကြား သစ္စာခံယူပြီး ပွဲတော်ကျင်းပတော့မှာ။ ရှင်လိုက်မှာလား'' ရှမ်းချောင်တန်ကလည်း မင်းသားအပေါ်မရိုသေတော့။
"ပုံမှန်အားဖြင့်ကိုယ်တော်မင်းသမီးနဲ့အတူသွားရမှာပေါ့'' သတ္တမင်းသားက ညင်သာစွာ ပြုံးလိုက်၏။
"အခုရှင်ကဧကရာဇ်ဖြစ်ဖို့ အခွင့်အရေး မရှိတော့ဘူး။ ကျွန်မကို မင်းသမီးလို့မခေါ်နဲ့။ လူတွေအထင်လွဲနေမယ်'' ရှမ်းချောင်တန်ကပြောပြီး မင်းသားမျက်နှာအမူအရာပြောင်းသွားတာ မမြင်ရသေးခင်မှာတင်ထွက်သွားလေသည်။ 2
သူတို့ ရှမ်းအိမ်ရောက်တော့ ဧည့်သည်တွေက ဝင်လိုက်ထွက်လိုက်နဲ့ အခမ်းအနား ကအရမ်းကိုကြီးကျယ်သည်။ တစ်လောကလုံးက ရှမ်းအမတ်ကိုမင်းကြီးအရမ်းနှစ်သက်တာသိထားတော့ မျက်နှာရဖို့လာကြသည်။
ရှမ်းချောင်တန်သတ္တမမင်းသား နဲ့ ပွဲကနေထွက်လာပြီး အနောက်ဖက်ဝန်းထဲလျှောက်သွားကြည့်သည်။ အဲ့ဒီမှာ နန်းတွင်းရဲမတ်တစ်ချိူ့ကိုသူမမြင်လိုက်ရသည်။ အနီးနားကပ်လာသမျှလူတွေကို အကုန်မောင်းထုတ်နေကြသည်။
ရှမ်းချောင်တန်လန့်သွားပြီး သိချင်စိတ်ကြောင့်ခြေဖျားထောက်ကာ တံတိုင်းကိုကျော်ပြီးကြည့်လိုက်သည်။ အဲ့ဒီမှာ သူမအစ်ကိုနဲ့မင်းကြီးတို့ ကြာကန်နံဘေးမှာ အတူသေရည်သောက်နေကြသည်။ သူမအစ်ကိုကဘာပြောလိုက်သလဲ သူမ မကြားရပေမယ့်မင်းကြီးကရယ်မောလေသည်။ လက်တစ်ဖက်ကတော့လေအဝှေ့မှာပုံပျက်သွားတဲ့ သူမအစ်ကိုရဲ့ ဆံပင်တွေကိုသပ်တင်ပေးနေသည်။ အပြုအမူကညင်သာလွန်း၏။ 1
သူတို့က ဆယ်စုနှစ်အတော်ကြာအတူရှိနေခဲ့ပေမယ့်လို့ သူတို့ဆက်ဆံရေးကတော့ပြောင်းမသွားခဲ့။
ရှမ်းချောင်တန်စိတ်ချသွားပြီး ပြုံးကာ ထိုနေရာမှထွက်သွားလေသည်။

Коментарі