Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 6.3
အခန်း(၅၄) အိုးစစ်နန်ဘဝ+

Translator - Taera_pandora

လူနှစ်​ယောက်​တစ်​ယောက်​နဲ့ တ​စ်​ယောက်​မိနစ်​အနည်းငယ်​လောက်​တိတ်​ဆိတ်​စွာ စိုက်​ကြည့်​နေမိတယ်​။ ကျိုးယွင်​ရှန့်​ကအရင်​ဆေးလိပ်​ကို ချလိုက်​ပြီးစကားပြောလိုက်သည်။
"Um....sorry....ကျွန်​တော်​ခင်​ဗျားရဲ့​ဆေးလိပ်​ကို​ပျက်​စီး​စေမိပြီ ။ ခင်​ဗျားအတွက်​နောက်​တစ်​ဘူး ကျွန်​တော်​ဝယ်​ပေးပါ့မယ်​။''

လူငယ်​လေးက ရှက်​ရွံ​နေပြီး သူ့မျက်​ဝန်း​တွေမှာမျက်​ရည်​စ​လေး​တွေ ရှိ​နေသည်​။ သူ့ကိုကြည့်​ရတာ​တော်​တော်​လေးရှက်​နေပုံ​ပေါ်သည်​။ဒါ​ပေမယ့်​အရမ်းချစ်​ဖို့​ကောင်းသည်​။
စွင်းရွှီမု ရဲ့ နှုတ်​ခမ်း တွန့်ခနဲလှုပ်​သွားပြီး လက်​ကာပြလိုက်​သည်​။"ကိစ္စမရှိပါဘူး​လေ..."
သူ​ဆေးလိပ်​ကို ပြာခွက်​ထဲ ထည့်​လိုက်​သည်​။

"မင်းမှာ သက်​သေရှိတယ်​လို့​ပြောခဲ့တယ်​နော်​...ကိုယ့်​ကို ပြနိုင်​မလား ။"

"ဟုတ်ကဲ့..."

ကျိုးယွင်​ရှန့်​သူ့ကို computer diskတစ်ခု​ပေးလိုက်​သည်​။
စွင်းရွှီမုကယူကာ ကွန်​ပျူတာ ထဲ ထည့်​ပြီး video ကို ဖွင့်​လိုက်​သည်​။ video ရဲ့ အဆုံးသတ်​မှာ လူငယ်​လေးက အိပ်​ရာ​ပေါ်မှာ လှဲ​နေပြီး မျက်​ရည်​များကျဆင်းကာ ဆို့နင့်​ကြေကွဲ​နေပြီး ချစ်​ရသူ တစ်​ယောက်​ဆုံးရှုံး ရသည့်​အတွက်​သောက​ဝေဒနာ ခံစား​နေရသည်​။
ကျိုးယွင်​ရှန့်​ရဲ့မျက်​လုံး​တွေက နီရဲ​နေပြီး သူ့​ခေါင်းကို ငုံ့ထားကာ ထပ်​ကျလာ​သော မျက်​ရည်​များကို သုတ်​လိုက်​သည်​။

စွင်းရွှီမု  အစက​နေ အဆုံးထိ ခံစားချက်​ကို မပြ။ ဒါ​ပေမယ့်​သူစကား​ပြောလိုက်​တဲ့ အခါမှာ​တော့ သူ့​လေသံက ပိုနူးညံ့လာသည်​။
"ကိုယ့်​ကို ဘယ်​လို ကူညီ​စေချင်​တာလဲ..."

" ကျွန်​တော်​free tickets နဲ့​ဖျော်​ဖြေပွဲတစ်​ခု လုပ်​ချင်​တယ်​။ ကျွန်​တော်​၅၀ မီလီယံရင်းနှီး မြှုပ်​နှံမယ်​။ဟွမ်​ယာအုပ်​စုကို ကျင်းပဖို့​နေရာ ၊လုံခြုံ​ရေးနဲ့ တခြားကိစ္စ​တွေ အတွက်​တာဝန်​ယူ​ပေး​စေချင်​တယ်​။ပွဲမှာ ဒီ video ကို ဖွင့်​ချလိုက်​မယ်​ဆိုရင်​ကျွန်​တော်​နဲ့ကျွန်​တော့်​အ​ဖေ နာမည်​ကို ပြန်​ရှင်းနိုင်​လိမ့်​..."
စွန်းရှီမူ က လက်​ကာပြလိုက်​ပြီး စကား ဖြတ်​လိုက်​သည်​။
"စကားဖြတ်​ပြောတာ စိတ်​မရှိပါနဲ့ ။ ဒါ​ပေမယ့်​မင်းနဲ့ မင်းအ​ဖေရဲ့ နာမည်​ကို ရှင်းလင်းဖို့ဘယ်​လိုလုပ်​မယ်​လို့ ရည်​ရွယ်​ထားလဲ။ ဒီvideoကမလုံ​လောက်​ဘူး ။မင်းနာမည်​နဲ့ ရှိ​နေ​ပေမယ့်​လင်းစစ်ချင်း​ရေးထားတဲ့သီချင်း​တွေကိုပဲဆိုဖို့အစီအစဉ်​ရှိတာလား ။ပရိသတ်​တွေက ဒါကို ဝယ်​မယ်​လို့​တော့ ကိုယ်​မထင်​ဘူး ။"

ကျိုးယွင်​ရှန့်​တောင့်​သွားပြီး ချက်​ချင်းပဲ အထုပ်​တစ်​ထုပ်​ကို ယူလိုက်​ကာ​အ​ပေါ်တင်​လိုက်​သည်​။
"ကျွန်​တော်​ကိုယ်​ပိုင်​သီချင်း​တွေ ဆိုချင်​တာပါ ၊...သီချင်းအသစ်​တွေပေါ့...ဘယ်​သူမှ ဒီသီချင်း​တွေကို မကြားဖူး​သေးဘူး ။ စွင်းသူ​ဌေး...ကျွန်​တော်​ဒီပွဲကို တစ်ယောက်ထဲ ကိုင်​တွယ်​နိုင်​ပါဘူး ။​ကျေးဇူးပြုပြီး ကျွန်​တော့်​ကို ယုံကြည်​ပေးပါ ..ဒါ​တွေကို တစ်​လ​အတွင်း ပြီး​အောင်​လုပ်​ဖို့က ကတိုက်​ကရိုက်​နိုင်​တယ်​ဆို​ပေမယ့်​ဟွမ်​ယာ အုပ်​စုရဲ့အင်​အားနဲ့ဆိုရင်​မဖြစ်နိုင်​တာ မဟုတ်​ပါဘူး ...​ကျေးဇူးပြုပြီး ဒီသီချင်း​တွေကို နား​ထောင်​ကြည့်​ပေးပါ..ပြီးမှ ကျွန်​တော့်​ကို ကူညီမလားဆိုတာ ဆုံးဖြတ်​ပါ..."+

လူငယ်လေး၏အမူအရာ​က တကယ့်ကို ရိုးသား​နေပြီး တွဲလဲခို​နေတဲ့ မျက်​ရည်​စက်​တွေက ကူကယ်​ရာမဲ့​နေတာကို ပြ​နေတယ်​။

စွန်းရှီမူ ခဏ​လောက်​တွေး​လိုက်​ပြီး​နောက်​တော့ ကိုCDပြားယူပြီးကွန်​ပျူတာထဲ ထည့်​လိုက်​တယ်​။

သူ အ​လေးအနက်​နား​ထောင်​နေတုန်းမှာ ကျိုးယွင်​ရှန့်​က​ဆေးပြင်းလိပ်​ကို မှင်​သက်​စွာ ကြည့်​နေမိတယ်​။သွင်​ပြင်​ကို​ပြောမလား ..အရပ်​အ​မောင်း​လား...ရုပ်​ရည်​ကိုလား..ဒါမှမဟုတ်​ဝါသနာကိုလား ...ဘယ်လိုကြည့်​ကြည့်​စွင်းရွှီမု  ဟာ သူ့ချစ်​သူနှင့်​အရမ်းတူသည်​။ဒါ​ပေမယ့်​လူတစ်​ယောက်​ထဲပဲလားဆိုတာကို​တော့ သူတို့ ရင်းနှီးစွာ ထိ​တွေ့ဆက်​ဆံပြီးမှသာသူ သေချာဆုံးဖြတ်​နိုင်​မည်​။
ဒါကို​တွေး​နေရင်း သူ စိတိအ​နှောင့်​အယှက်​ဖြစ်​ကာ မျက်​မှောင်​ကြုတ်​လာသည်​။သူကတကယ်​ပဲ နမ်းတာ​ပေါ်မှာပဲ မူတည်​နေတာလား...ဒါကသူ့ကို အနမ်းရူးတစ်ယောက်​ဖြစ်အောင်​လုပ်​နေတာ​တော့ မဟုတ်​ပါဘူး​နော်​...သူ့ပုံက နှာဘူးတစ်​ယောက်​လိုပင်ခံစားရသည်။3

အကယ်​၍ သူသာ သူ့ရဲ့ တကယ့်​ချစ်​သူဆိုရင်​သဘာဝအားဖြင့်​သူပျော်​နေမည်​မှာ အမှန်​ပင်​။ ဒါ​ပေမယ့်​မဟုတ်​ခဲ့ရင်​နှစ်​ယောက်​ကြားက ဆက်​ဆံ​ရေးက ပျက်​စီး သွားမည်​။ထပ်​တိုးအ​နေနဲ့ စွင်းရွှီမု  က အသန့်​ကြိုက်​လွန်းသူလို့လည်း​ကောလဟာလကရှိ​သေးသည်​။သူ့နားကို လူစိမ်း​တွေကပ်​တာကို မုန်းသည်​။

ကျိုးယွင်​ရှန့်​သူ့ရဲ့သပွတ်​အူလို ရှုပ်​ထွေးလှတဲ့ အ​တွေး​တွေထဲ ပိတ်​မိ​နေသည်​။ သူသတိမထားမိဘဲ နှုတ်​ခမ်းကိုဖိကိုက်​မိ​နေသည်​။ နှုတ်​ခမ်းသားတို့ကို ပန်း​ရောင်​က​နေ အနီ​ရောင်ဖြစ်​အောင်​ဖိကိုက်​နေသည်​မှာ မသိရင်​မြှူဆွယ်​ဖြား​ယောင်း​နေသလိုပင်​။

စွင်းရွှီမု  က သီချင်း​ပေါ်မှာ အာရုံစိုက်​ထားတယ်​လို့ ထင်​ရ​ပေမယ့်​တကယ်​တော့သူဟာ ထိုလူသားကို တိတ်​တိတ်​လေး​စောင့်​ကြည့်​နေတာပင်​။ထိုလူ့ရဲ့ ပွတ်​တိုက်​နေတဲ့ နှုတ်​ခမ်းသားတစ်​စုံကို ကြည့်​ရင်း သူ့မျက်​ဝန်း​တွေ အနည်းငယ်​မှောင်​ရိပ်​သမ်းလာပြီး ရုတ်​တရက်​ကြီး​ရေဆာလာသလိုခံစားရသည်​။4

သီချင်း​တွေကို နား​ထောင်​ပြီးတဲ့​နောက်​မှာ​တော့ သူ့ရဲ့ ထကြွ​သောင်းကျန်း​နေတဲ့ နှလုံးခုန်​နှုန်းတွေကို ဖိနှိပ်​ရင်း သူ့ရဲ့လက်​တွေကို ဆန့်​ထုတ်​လိုက်​သည်​။

"မနက်​ဖြန်​မနက်​ပြန်​လာခဲ့ ။ ကိုယ်​မင်းကို​ဖျော်​ဖြေ​ရေး အဖွဲ့သား​တွေနဲ့ မိတ်​ဆက်​ပေးမယ်​။​ကောင်းမွန်​တဲ့ ပူးပေါင်းမှု​လေး လုပ်ကြတာပေ့ါ ''

ကျိုးယွင်​ရှန့်​အရမ်းပျော်​သွားပြီး စွင်းရွှီမု ရဲ့လက်ကိုမမြန်ဖမ်းဆုတ်ကာ​ကျေးဇူးတင်​ကြောင်း အထပ်​ထပ်​ဖော်​ပြလိုက်​ပြီး ကမန်းကတန်းပဲ ထွက်​သွားတယ်​။

သူထွက်​သွား​တော့ စွင်းရွှီမု  လည်း သူ့ရဲ့လည်​သာ ထိုင်​ခုံ​ပေါ်မှာ မှီထိုင်​ချလိုက်​သည်။ ပြီး​တော့​ဆေးပြင်းလိပ်​ကို​ကောက်​ယူပြီးစုပ်​လိုက်​သည်။ အ​ကြောင်း​တစ်ချိူ့
​ကြောင့်​ဒီ​ဆေးပြင်းလိပ်​က သူ​သောက်​ဖူးတာ​တွေထက်​ပို​မွှေးပြီးပိုမူးယစ်​စေ​နေသလိုပင်​။

​နောက်​တစ်​နေ့မှာ ကျိုးယွင်​ရှန့်​က ဟွမ်​ယာအင်​တာတိန်းမန့်​ကို မနက်​အ​စောကြီး​ရောက်​လာတယ်​။ သူ​ဌေး က သူ​ပြောခဲ့​သလိုပဲ C နိုင်​ငံရဲ့ ထိပ်​တန်း ဂီတ ထုတ်​လုပ်​သူချင်​ထိုက်ဟယ် နဲ့ မိတ်​ဆက်​ပေးခဲ့တယ်​။ ချင်ထိုက်ဟယ် က သက်​သေခံ video နဲ့ သီချင်းသစ်​၁၀ပုဒ်​ကို နား​ထောင်​ပြီး​တော့ ကျိုးယွင်​ရှန်​အ​ပေါ် သ​ဘောထားက စွပ်​စွဲရိပ်​မထင်​တော့ ။
"စွင်းသူ​ဌေးက မင်းနဲ့ပူး​ပေါင်းဖို့ စီစဉ်​ထားမှ​တော့ ငါတို့ ကုမ္ပဏီ ကလည်း မငြင်းနိုင်​တော့ပါဘူး။ "Because of you " သီချင်းက မင်းဆီက​နေ လင်းစစ်ချင်းက ခိုးသွားတယ်​ဆိုပေမယ့်​ငါသိသ​လောက်​တော့ မင်းရဲ့ အရင်​album​တွေထဲက သီချင်းအားလုံးက သူ​ရေးခဲ့တာ​လေ...ဟုတ်​တယ်​ဟုတ်​.."+

ချင်​ထိုက်ဟယ်   မယဉ်​ကျေးစွာ​မေးခွန်းထုတ်​လိုက်​သည်​။

"ဟုတ်​...ဟုတ်​ပါတယ်​..ဒါ​ပေမယ့်​..ဒါက ကျွန်​တော်​အရည်​အချင်း မရှိဘူးလိုဆိုလိုတာ မဟုတ်​ဘူး​လေ..အဲ့အချိန်​တုန်းက ကျွန်​တော့် လမ်း​ကြောင်းကို ရှာမ​တွေ့ခဲ့ရုံပါ.."ကျိူးယွင်ရှန့်ရှက်ရွံ့ဟန်နှင့်ဖြေလိုက်သည်။

"စစ်​ဆေးပြီးရင်​တော့ မင်းမှာ အရည်​အချင်းရှိလားမရှိ​ဘူးလားဆိုတာ အားလုံး သိသွားမှာပါ..မင်းက ခိုးယူတဲ့ အဖြစ်​မှာပါဝင်​နေတော့ ငါတို့က မင်းကို ကူညီရင်​ငါ့တို့ အုပ်စုရဲ့သိက္ခာကို အများကြီးသက်​ရောက်​စေလိမ့်​မယ်​..ငါတို့ဂရုစိုက်​မှ ရမယ်​.."

ချင်​ထိုက်ဟယ်  က​လေ့ကျင့်​ရေး အခန်း​ထဲက စန္ဒယားကို ညွှန်​ပြပြီး​တော့
"မိုးဇက်​ရဲ့​တေးသွား နံပါတ်​၄၀ ကို pop နဲ့ လိုက်​လျောညီ​ထွေ ဖြစ်​အောင်​ပြင်​ပေးပါ...မင်းရဲ့ပန်းတိုင်​ကငါ နဲ့ ဒီအခန်းထဲက ရှိ​နေတဲ့ လူအားလုံးအထင်​ကြီးသွား​စေဖို့ပဲ..."

သီချင်းတစ်​ပုဒ်​ကို လက်​တန်း​ရေးရတာက ခက်​သည်​။ ဒါ​ပေမယ့်​သီချင်းကို ညှိရတာကပိုခက်​သည်​။ တိမ်း​စောင်း သွားလွန်းရဲ့ မူလသီချင်းရဲ့ အနှစ်​သာရ​ပျောက်​သွားနိုင်​သည်​။ ပြီး​တော့ သီချင်းသစ်​က အဆင့်​နိမ့်​ဆုံး ဖန်​တီးမှု ဖြစ်​သွားနိုင်​သည်​။

ကျိုးယွင့်​ရှန်​ကြည့်​လိုက်​တော့  CEO ၊ ပြပွဲ ဒါရိုက်​တာ၊ လူသိများတဲ့ ထုတ်​လုပ်​သူ ၊ အကသင်​ပေးတဲ့သူ နဲ့ အဆင့်​မြင့်​ကိုယ်​စားလှယ်​တွေက သူ့ကို ကြည့်​နေသည်​။ သူတို့အားလုံးက ဒီနယ်​ပယ်​မှာ အဆင့်​မြင့်​ပြီး သူတို့အားလုံးကို​ကျေနပ်​စေဖို့ရာက ခက်​ခဲသည်​။ သူတို့အားလုံး အထင်​ကြီး​စေဖို့ဆိုတာ မဖြစ်​နိုင်​သည့်​အလုပ်​တစ်​ခုပင်​...။

ဒါ​ပေမယ့်​ကျိုးယွင့်​ရှန်​ဆိုတာ သာမန်​လူမှ မဟုတ်​တာ ။ ဘ၀​ပေါင်းများစွာ​နေထိုင်​ခဲ့ပြီး ဆင်းရဲဒုက္ခ​ပေါင်းစုံကို ဖြတ်​ကျော်​ခဲ့ရသည်​။ ထပ်​တိုး​ပြောရရင်​သူဟာ အိုးစစ်​နန်​ရဲ့ဝါသနာနဲ့ဥာဏ်​စွမ်း​တွေကို ဆက်​ခံထား​သေးသည်​။ စန္ဒယားရှိရာကို သွားလိုက်​ပြီး အဖုံးကို ဖွင့်​လိုက်​ကာ note နည်းနည်း တီးခတ်​လိုက်​သည်​။ ချင်ထိုက်ဟယ်နဲ့ ၀ါရင့်​သူ​တွေရဲ့အကြည့်​တွေက မယုံသင်္ကာ အကြည့်​တွေ အဖြစ်​ပြောင်းလဲသွားသည်​။
ကျိုးယွင့်​ရှန်​က တီးခတ်​ဖို့ မထိုင်​ဘဲ အ​ကြောင်းမဲ့ မတ်​တပ်​ရပ်​နေသည်​။ သူ​တေးသွားကိုစတင်​တီးခတ်​လိုက်​သည်​။ ဒါ​ပေမယ့်​သီချင်းက ကီး​ကြောင်​နေသည်​မှာ professional တိုင်းအတွက်​ရယ်​စရာပင်​။ ဒါ​ပေမယ့် ဟို၊ဒီ တီးခတ်​ပြီးတဲ့​နောက်​သူ့ရဲ့ လက်​တွေက အရှိန်​မြန်​လာပြီး ပြန့်​ကျဲ​နေတဲ့​တေးသွား​တွေက စုသွားကာ ကခုန်​နေ​သောစမ်း​ချောင်းလို စီးဆင်းပြီး​လေထဲ​မျောလွင့်​နေသည်​။ ခမ်းနား​တဲ့​တေးသွားက​နေ အသက်​၀င်​နေတဲ့ jazz ဂီတ လှိုင်း​လေး​တွေ​တွေ တက်​လိုက်​ကျလိုက်​နဲ့ ...သူ့ရဲ့ ရှက်​ရိပ်​သန်း​နေတဲ့ အမူအရာ​လေး​တွေကေ​သွးနွေးလာပြီး ထိန်းမရ​တော့ဘဲ သူ့ရဲ့ ခါးနဲ့ တင်​ပါးဟာ စီးချက်​အတိုင်းလွှဲခါ​နေတော့သည်။+
တဖြည်းဖြည်း နဲ့ ပရိသတ်​တွေရဲ့ အမူအရာ​တွေက သက်​တောင့်​သက်​သာ ဖြစ်​လာပြီး မြူးမြူးကြွကြွ ဖြစ်​လာတယ်​။ အပြည်​ပြည်​ဆိုင်​ရာမှာ ဂုဏ်​သတင်း ကြီးလှတဲ့ ကကွက်​ဖန်​တီးသူကလည်း ချက်​ချင်းပဲ မတ်​တပ်​ရပ်​ပြီး စီးချက်​လိုက်​ကာ jazz အကကို လက်​တန်းက​တော့တယ်​။

ကျိုးယွင့်​ရှန်​က သူ့အကနဲ့ လှုံ့​ဆော်​ခံလိုက်​ရပြီးရုတ်​တရက်​သူ့ရဲ့ဘက်​လက်​နဲ့ ညာလက်​ကို သိုင်းယှက်​လိုက်​သည်။  ပြီး​တော့ သီချင်းရဲ့စီးချက်​တွေက စိတ်​လှုပ်​ရှားဖို့​ကောင်းလာပြီး ပိုပြီးစိတ်​၀င်​စားစရာ​ကောင်းကာ မြူးကြွ​နေတယ်​။

ချင်​ထိုက်ဟယ်ရဲ့ ယှက်​ထားတဲ့လက်​နှစ်​ဖက်​ဟာလည်း မသိလိုက်​ပဲ​ပြေ​လျော့သွားပြီး သူစီးချက်​အတိုင်း လက်​ဖျောက်​တီးမိပြီး သူ့ရဲ့တင်​ပါးက သီချင်းသံအတိုင်း​ရွေ့​နေမိသည်​။ တည်ကြည်လှပါပြီဆိုတဲ့​အိ​နြေ္ဒရှင်​ဟွမ်​ယာရဲ့ CEO တောင်​မှပဲ မထိန်းနိုင်​ပဲ စီးချက်​အတိုင်း​ရွေ့လျားကာ​ခေါင်းကိုညိမ့်​ကာညိမ့်​ကာ စီးချက်လိုက် နေမိ​သေးသည်​။
စွင်းရွှီမု က တံခါးဝမှာ ရပ်​နေရင်း အဲ့မြင်​ကွင်းကို ဘာအမူအရာမှ မပြပဲငြိမ်​သက်​စွာကြည့်​နေသည်​။ ဒါ​ပေမယ့်​သူ့ရဲ့ မျက်​၀န်း​တွေက​တော့ လုံးဝကိုအာရုံစူးစိုက်​ထားသည်​။ လူငယ်​လေးက သူ့ကို​နောက်​ကျော​ပေးထားပြီး သူ့ရဲ့ လက်ေ​တွက သံစဉ်​အတိုင်း​ရွေ့လျားကာ တင်​ပါး​တွေကခါ​နေပြီး သူ့ရဲ့နွေး​ထွေးအသက်​၀င်​တဲ့ လှုပ်​ရှားမှု​တွေက စွန်းရွှီမုကိုအားသစ်​တိုး​လန်းဆန်း​စေသည်​။1
အ​နောက်​က​နေ သူ့ကို လာတိုက်​မိ​တော့ စွင်းရွှီမု ဆဲမိ​တော့မလို ဖြစ်​သွားသည်​။

"​Sorry..boss မ​တော်​တဆ ဖြစ်​သွားတာပါ...ဒီတိုင်း​ရွှေ့မိလိုက်​တာပါ ..."

၀တ်​စုံပြည့်​၀တ်​ထားတဲ့ လက်​ထောက်​က ချက်​ချင်းပဲ​တောင်းပန်​သည်​။ သူ့ရဲ့ တင်​ပါး​တွေကလည်း စီးချက်​အတိုင်း သူ့အလိုမပါပဲ လှုပ်ေ​နမိသည်​မှာ ရယ်​စရာ ရုပ်​ပုံ ဖြစ်​သွားသလားဆိုတာ ရှက်​မိသွားသည်​။
စွင်းရွှီမု သူ့ကို စူးစူးရှရှ အကြည့်​တစ်​ချက်​ကြည့်​လိုက်​ပြီး studio ထဲသို့​ခြေလှမ်းသွားသည်​။
သူ​ဌေး အနားကပ်​လာတာကို ကြည့်​ရင်း ရွှင်​လန်းတက်​ကြွ​နေတဲ့ အသံ​တွေက တိကနဲ ရပ်​သွားသည်​။ ပြီး​တော့ခုနက သက်​၀င်​လှုပ်​ရှား​နေတဲ့ လူငယ်​လေးကလည်း သူ့ရဲ့လက်​တွေကို လိမ်​ရင်း အထစ်​ထစ်​အ​ငေါ့​ငေါ့နဲ့​ခေါ်လိုက်​သည်​..။
"စွင်းသူ​ဌေး..."

ချင်းထိုက်ဟယ်နဲ့ကျန်​တဲ့ပရိသတ်​တွေလည်းကတာကို ရပ်​လိုက်​ပြီး သူ့တို့ရဲ့မျက်​နှာ​တွေက နှောင့်​ယှက်​မိတဲ့အတွက်​နောင်​တရ​ကြောင်းပြ​နေသည်​။
လူကြီးက ချင်​ထိုက်ဟယ်ကိုချိုသာစွာ​မေးလိုက်​သည်​။
"မင်း ဘယ်​လိုထင်​လဲ.."

"​ပြော​ရရင် သူကမျှော်​လင့်​ထားတာထက်​ပိုပါတယ်​...စိုးရိမ်​တာတစ်​ခုက​တော့ ပွဲက နှစ်​နာရီ​လောက်​ကြာမှာ...သီချင်း ၁၀ ပုဒ်​က မလုံ​လောက်​ဘူး..ကျွန်​တော်​မျှော်​လင့်​မိတာကမစ္စတာအိုးမှာထပ်​ပေးနိုင်​တာများ မရှိဘူးလားလို့ပါ..ရှိရင်​ကျွန်​တော့်ကို မြန်​နိုင်​သမျှ မြန်​မြန်​ပေးပါ..ကျွန်​တော်​တို့ တစ်​လအတွင်း​တေးစုကို အပြီးသတ်​ရမှာမိုလို့ပါ..ကျွန်​တော်​တို့ band​တွေ အကသမား​တွေ ၊ စက်​တွေနဲ့ ရှုခင်း​နောက်​ခံ ဆွဲ​ပေးမယ့်​သူ​တွေ လိုတယ်​။ဒါ​ပေမယ့် ထင်​ထားတာထက်​ပိုအလုပ်​များလိမ့်​မယ်​... မစ္စတာ အိုး ..မင်းရဲ့ ခန္ဓာကိုယ်​ကို မြန်​မြန်​လေး ကြံ့ခိုင်​အောင်​လုပ်​ပါ...ခံနိုင်​ရည်​များများ ရှိဖုိ့လိုတယ်​..."ချင်းထိုက်ဟယ် က အိုးစစ်​နန်​ရဲ့​သေးငယ်​တဲ့ ခန္ဓာကိုယ်​ကို သံသယဖြစ်​စွာ ကြည့်​လိုက်​သည်​။
ကျိုးယွင့်​ရှန်​ခေါင်းငြိမ့်​ပြီးရင်းငြိမ့်​လိုက်​သည်​။ ဒါ​ပေမယ့်​သူမစိုးရိမ်​ပါ။ မူလခန္ဓာကိုယ်​က တကယ်​ပဲ အားနည်းသည်​။ ဒါ​ပေမယ့်​သူပြုပြင်​ပြီးတဲ့​နောက်​မှာ​တော့ ပွဲတစ်​ခုကိုမပြောနဲ့...၁၀ ရက်​လောက်​မအိပ်​တာ​တောင်​ပြသာနာမရှိ​ပေ။+

စွင်းရွှီမု က​ဘေးကို ကြည့်​လိုက်​ပြီး"ဘာပြသာနာမှ မရှိရင်​မစ္စတာအိုး​ကျေးဇူးပြုပြီး စာချုပ်​မှာ လက်​မှတ်​ထိုး​ပေးပါ...ပြပွဲက ၀န်​ထမ်းအားလုံးလည်း စိတ်​ချရ​အောင်​စာချုပ်​မှာလက်​မှတ်​ထိုးရမယ်​.."1

လက်​ထောက်​က ချက်​ချင်းပဲ စာချုပ်​စာတမ်း တစ်​ထပ်​ကြီး ယူလာပြီး​နောက်​အားလုံးက လက်​မှတ်​ထိုးကြသည်​။
သုံးရက်​ကြာပြီး​နောက်​အိုးစစ်​နန်​ဟာ​နောက်​ဆုံးမှာ သူ့ရဲ့ blog acc ကို ၀င်​နိုင်​ခဲ့ပြီး သူဟာ လူအ​ယောက်​၅၀၀၀၀စာ ပြပွဲကို ကြယ်​မျှော်​စင်​မှာ ကျင်းပပြီး အဲ့မှာပဲ သူအပြစ်​ကင်း​ကြောင်း သက်​သေပြမည်​ဟု​ကြေညာလိုက်​သည်​။

​မျှော်​လင့်​ထားတဲ့ အတိုင်းပင်​မယုံကြည်​ကြတဲ့ အင်​တာနက်​အသုံးပြုသူ​တွေက သူ့ကို ဆဲဆိုကြကာ အရှက်​မဲ့တယ်​လို​ခေါ်ကြပြီ လူလိမ်​လူညာစသဖြင့်​ပွက်​လောရိုက်​နေသည်​။အားလုံး သိတဲ့အတိုင်း C နိုင်​ရဲ့ ကြယ်​မျှော်​စင်​က ပစ္စည်း အပြည့်​စုံဆုံးဖြစ်​ပြီး ထိပ်​တန်းအဆို​တော်​တွေသာ တက်​ရောက်​နိုင်​သည့်​စင်​ဖြစ်​သည်​။ အိုးစစ်​နန်​ဟာ အရည်​အချင်းမရှိတဲ့ ဗီလိန်​တစ်​ယောက်​မျှသာ ...အဲ့စင်​ပေါ်ရပ်​နိုင်​လောက်​အောင်​သူ့မှာ ဘာအရည်​အချင်းရှိလို့လဲ...ဘာစွမ်းရည်​တွေ ရှိ​နေလို့လဲ..။

သို့သော်လည်း   သူတို့ ပွဲကိုသွားမယ်​..​ဒါ​ပေမယ့်​မ​ထောက်​ခံဘူး...ကြက်​ဥ​တွေနဲ့​ပေါက်​မယ်​..သူ့ကို အနုပညာ အသိုက်​အ၀န်း ထဲက​နေ​မောင်းထုတ်​ပစ်​မယ်​စသဖြင့်​ပြော​နေကြတဲ့လူ​တွေ အများကြီးရှိသည်​။

မုန်းတီး​နေကြတဲ့ လူအုပ်​ကြီးထဲမှာ လင်းစစ်​ချင်းနဲ့ ကောမုန့်ရှူ   fan​တွေက ပွဲကသာ တကယ်​ဆိုရင်​အဲ့ကိုသွားပြီး သူတို့ idol​တွေ အတွက်​လက်​စား​ချေကြမယ်​ဆိုပြီး​ပြောကြ​သေးသည်​။

​လေထုကတဖြည်းဖြည်းနဲ့အထွတ်​အထိပ်​ကို​ရောက်​လာပြီး အိုးစစ်​နန်​ရဲ့blog က visitor များစွာနဲ့ ပြည့်​နေသည်​။ အဲ့အချိန်​မှာပဲ ဟွမ်​ယာ အင်​တာတိန်းမန့်​ရဲ့ တရားဝင်​website မှာသူတို့ဟာ အိုးစစ်​နန်​ကို မူပိုင်​အ​ထောက်​အပံ​ပေးမည်​ဆိုတဲ့  သတင်းအချို့ထုတ်​ပြန်​လိုက်​သည်​။
အင်​တာနက်​အသုံးပြုသူ​တွေဟာ အုတ်​အော်​သောင်းနင်းဖြစ်​သွားပြီး စိတ်​လှုပ်​ရှားစွာနဲ့ တရားဝင်​website မှာ အ​ပြေးအလွှား လက်​မှတ်လုတော့သည်​။ တစ်​နာရီ​တောင်​မကြာပဲ အခမဲ့ လက်​မှတ်​၅သောင်း လုံး ကုန်​သွားသည်​။
သူတစ်​ပါးကို ဒုက္ခ​ပေးချင်​တဲ့ စိတ်​ဓာတ်​တွေက တကယ့်​ကို အားတက်​သ​ရောဖြစ်​နေကြသည်​။2

​နေရာလုံခြုံ​ရေးအတွက်​တာဝန်​ယူသည့်​အ​နေဖြင့်​
စွင်းရွှီမု က ကမ္ဘာ့ထိပ်​တန်း လုံခြုံ​ရေးကို ငှါးရမ်းဖို့ရာ ပိုက်​ဆံ​တော်​တော် သုံးလိုက်​သည်​။အစွန်း​ရောက်​နေတဲ့ လူ​တွေကို ဖမ်းဆီးဖို့ အဆင်​သင့်​ဖြစ်​နေ​စေရန်​ရဲအရာရှိ​ရာ​ပေါင်းများစွာကိုလည်း​တောင်းခံခဲ့သည်​။ဖန်​သားပြင်​မှာ​သေချာ မှတ်​တမ်းတင်​နိုင်​ရန်​လည်း  အ​ဆောက်​အဦး ရဲ့​ထောင့်​တိုင်းမှာလည်း လျှို့ဝှက် ကင်​မရာ​တွေ တပ်​ဆက်​ထားသည်​။ထပ်​တိုး အ​နေနဲ့ စတိတ်ကို​မူလ ၄ မီတာ​က​နေ ၈ မီတာ​ဝေး​အောင်​ပြောင်းကာ ပရိသတ်​နှင့်​ပိုပို​ဝေး​အောင်​လုပ်​လိုက်​သည်​။ အိုးစစ်​နန်​ကို ဘယ်​သူမှထိခိုက်​အောင်​မလုပ်​နိုင်​တာ​သေချာ​စေရန်​ပေါ့။
(Taera-က​လေးကို ထိခိုက်​မှာ စိတ်​ပူတယ်​ပေါ့ ..😝)

အင်​တာနက်​က​နေ သူ့ကို ရှုပ်​ချတိုက်​ခိုက်​နေကြ​ပေမယ့်​ကျိုးယွင်ရှန့်​ဖက်ကလုံးဝမလှုပ်​ရှားဘဲ သူ့ရဲ့
rehearsal​တွေနဲ့သာအလုပ်​ရှုပ်​နေ​လေသည်​။

3-12-18
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі