Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.4
Chapter (4) (zawgyi+Unicode)


ဓာတ်ပုံရိုက်ပြီးနောက် ပြိုင်ပွဲဝင်တွေ အားလုံး ပင်ပန်းနွမ်းနယ်စွာနဲ့ အဆောင်ကို ပြန်ရောက်လာကြသည်။      အဆောင်တွင် ရေချိူးခန်းလေးခုထဲရှိပေမယ့် ပြိုင်ပွဲဝင် ၁၅ယောက်မျှသုံးနေရသည်။  ဒါကြောင့် ရေအရင်ချိုးရဖို့ အမြဲတမ်းငြင်းခုံနေကြပေမယ့် အမြဲတမ်း Romeo က နောက်ဆုံးမှ ချိုးရစမြဲဖြစ်သည်။

အဆိုးဆုံးကတော့ Haydenနဲ့Emilyတို့ဖြစ်ပြီး သူတို့နှစ်ယောက်က ရေချိူးခန်းတစ်ခန်းထဲကိုအတူဝင်သွားပြီး နှစ်နာရီလောက်ကြာမှ ကျေနပ်စွာနဲ့ပြန်ထွက်လာကြတယ်။ ကျန်ပြိုင်ပွဲဝင်တွေလည်း သူတို့ကို အတုခိုးပြီး တခြားလူကို ထည့်မတွက်ပဲ  အကြာကြီးရေစိမ်ပြီးဇိမ်ယူနေကြသည်။ နောက်ဆုံး ကျိူးယွင်ရှန့် အလှည့်ရောက်တော့ ည၁၁နာရီထိုးနေပြီးတော့ ဒီအဖွဲ့ကြီးက ရေပိတ်ဖို့ သတ်မှတ်ထားတဲ့အချိန်က ၁၀မိနစ်ပဲကျန်တော့သည်။

ကျိူးယွင်ရှန့် ရေမြန်မြန်ချိူးပြီး စိုထိုင်းနေတဲ့ဆံပင်နဲ့စောင်ပုံထဲ တိုးဝင်အိပ်လိုက်ပေမယ့် တစ်ဖက်အခန်းက Haydenနဲ့Emily တို့ရဲ့ အိပ်ယာထက်က ချစ်တင်းနှောသံတွေက အိပ်မရအောင် အနှောက်ယှက်ဖြစ်နေသည်။ ထိုနှစ်ယောက်က ကင်မရာမန်းနဲ့အခြားပြိုင်ပွဲဝင်တွေကို ဂရုမစိုက်ပဲ ဖြစ်ပျက်နေကြသည်။

ကျိူးယွင်ရှန့်၏ အခန်းဖော်နှစ်ယောက်က ညစ်ညမ်းဟာသတွေပြောပြီး ပြိုင်ပွဲမိန်းကလေးတွေရဲ့ရုပ်ရည်ကို စတင်ပြောဆိုနေတော့ ကျိူးယွင်ရှန့် အိပ်မရသည့်အဆုံး သည်းမခံနိုင်တော့သဖြင့် နံရံကို လက်သီးနှင့်ထုလိုက်သည်။

အခြားလူတွေက ဘယ်သူ့လက်ချက်လည်းသိတော့ မရပ်တဲ့အပြင် နံရံတွေကို ခေါင်းအုံးနဲ့ရိုက် ကုတင်ကိုတဗုန်းဗုန်းထုနဲ့ ပိုမိုသောင်းကျန်းလာတော့ ကျိုးယွင်ရှန့်ပိုစိတ်ရှုပ်လာသည်။  နောက်ဆုံး သူက ဆံပင်ကို သပ်တင်လိုက်ပြီး အခန်းထဲမှထွက်ကာ မီးဖိုထဲဝင်ပြီး

ရေခဲသေတ္တာထဲကရေတစ်ဗူးကိုယူလိုက်တယ်။ ပြီးတော့ ကင်မရာမန်းကို မမေ့မလျော့ ရေသောက်မလားဟု မေးလိုက်သေးသည်။ ကင်မရာမန်းက တိတ်ဆိတ်စွာခေါင်းယမ်းပြတော့ သူက ပုလင်းအဖုံးကို ဖွင့်ပြီးရေကို တိတ်တဆိတ်ပဲ မော့သောက်လိုက်သည်။ ရေအေးအေးတွေက သူ့ဒေါသတွေကို ငြိမ်သွားစေပြီး သူ့မျက်ဝန်းတွေက ပင်လယ်ပြင်ကဲ့သို့ ငြိမ်သက်ပြာလဲ့လို့နေသည်။  သူရေခဲသေတ္တာကို ခဏလောက်မှီပြီး နာရီကိုကြည့်လိုက်တော့ မီးပိတ်ဖို့ နာရီဝက်လောက်လိုသေးသောကြောင့် သူ ဒိုင်ယာရီခန်းထဲဖြည်းဖြည်းချင်းဝင်သွားသည်။

ဒိုင်ယာရီခန်းဆိုတာ ပြိုင်ပွဲဝင်တွေရဲ့ စိတ်ခံစားချက်ကိုဖော်ပြလို့ရတဲ့ သီးသန့်နေရာလေးဖြစ်ပြီး ထိုနေရာတွင် ဗီဒီယိုမှတ်တမ်း တင်ထားကာ  အယ်ဒီတာက နောက်ပိုင်းတွင် ဒီဒိုင်ယာရီလေးတွေကို ပြန်စုပြီး ပြန်ထုတ်လွင့်ပြသမည်ဖြစ်သည်။
ကျိူးယွင်ရှန့်အထဲဝင်သွားပြီး ခုံတစ်ခုံ တိတ်ဆိတ်စွာ အကြာကြီး ထိုင်နေသည်။ သူ့ရဲ့ လှပလုံးဝန်းသည့်မျက်လုံးလေးတွေက မျက်ရည်တွေကြောင့် အရောင့်လဲ့နေပြီး ငေးမှိုင်နေသည့် အမူယာနှင့်  နဖူးနဲ့ပါးပြင်မှာ ကပ်နေသော ရေစိုနေသေးတဲ့ဆံပင်တွေကြောင့် သူ့ကို ဝမ်းနည်းနေတဲ့ သတ္တဝါငယ်လေးနဲ့ ပိုတူစေသည်။ သူက နူတ်ကိုဖွင့်ဟပြီး ကြမ်းတမ်းသည့် စကားကိုသာ မပြောဆိုလျှင် နတ်သားလေးထက်ပင် ချစ်စရာကောင်းသည်ဟု ကင်မရာမန်း ရင်ထဲမှ စိတ်ထဲကမှတ်ချက်ချမိသည်။

အဆောင်ထဲမှာရှိတဲ့ ကင်မရာအားလုံးက ဝန်ထမ်းရုံးခန်းထဲက မော်နီတာနဲ့ချိတ်ဆက်ထားပြီး ပြိုင်ပွဲဝင်တွေရဲ့လှုပ်ရှားမှုမှန်သမျှကိုမြင်နိုင်သည့်အပြင် စိတ်ဝင်စားစရာမကောင်းတဲ့အခန်းတွေကို ဖြတ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အခန်းတွေကို တည်းဖြတ်ပြီး အပိုင်းတစ်ပိုင်းအဖြစ်ထုတ်လွင့်မည်ဖြစ်သည်။ ဒီအစီအစဉ်က ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်ဖြစ်သော်လည်း တိုက်ရိုက်ထုတ်လွင့်တဲ့အစီအစဉ်ကဲ့သို့ ခံစားမှုမျိူးပေးနိုင်အောင် ထုတ်လွင့်သူအဖွဲ့က အမြန်ဆုံး တည်းဖြတ်ကြသောကြောင့် အပိုင်းတိုင်းက အချိန်နှင့်တပြေးညီ တင်ပြပေးနေသည်ဟုပင် ပြောဆိုနိုင်သည်။

ထုတ်လုပ်ရေးအဖွဲသားများက ဒီအကြမ်းဗီဒီယိုကလစ်များကို  ပရိုဂျူဆာ ကိုပဲ ပြရပြီး ဒိုင်သုံးယောက်ကိုပြဖို့မလိုအပ်ပေ။  ဒိုင်သုံးယောက်က ဒီ ပွဲစဉ်အတွက် ပြိုင်ပွဲဝင်တွေရဲ့ သရုပ်ဆောင်မှုတွေကို အကဲဖြတ်ဖို့အတွက် ဖိတ်ထားတဲ့ သူတွေ ဖြစ်ပြီး  ပြိုင်ပွဲဝင်တွေလိုအပ်တာကို အကူအညီပေးရမည်ဖြစ်သည်။

ထုတ်လွင့်သူအဖွဲ့က ဒီလိုညအချိန်မှာ အလုပ်အများဆုံးဖြစ်ပြီး နေ့ခင်းက ရိုက်ထားသော ဗီဒီယိုတွေထဲက ကောင်းမည်ထင်သည်ကို ရွေးချယ်စုစည်းပြီး အက်ဒစ်လုပ်ရသည်။ ဒါကြောင့် ကျိူးယွင်ရှန့် ဒိုင်ယာရီခန်းထဲဝင်သွားတော့ အဖွဲ့ခေါင်းဆောင်က စိတ်ဝင်စားစရာကောင်းတဲ့ တစ်ကိုယ်တော်စကားပြောခန်းတော့ မြင်ရတော့မည်ဟု ယူဆလိုက်သည်။

ဒိုင်ယာရီ ခန်းထဲရောက်လာရတဲ့အကြောင်းအရင်းကဘာများဖြစ်မလဲ။

ပြိုင်ပွဲဝင်တွေက မကျေနပ်ချက်တွေကို ရင်ဖွင့်ပြောဖို့ဖြစ်သည်။ ဒီအခန်းထဲတွင် Romeo ကလွဲပြီး ကျန်ပြိုင်ပွဲဝင်တွေက ဝင်ဖူးပြီး အခြားပြိုင်ပွဲဝင်တွေကို မကျေနပ်ကြောင်း ရင်ဖွင့်ပြောဖူးပေမယ့်  ဒီကလေးက နှုတ်ကြမ်းပေမယ့်လည်း  သူက သူများနဲ့ မတူပေ။ သူက ကင်မရာနဲ့ တစ်ယောက်ထဲ ရှိမနေချင်ပေ။

သူ ဘာများပြောမလဲ။ Hayden နဲ့ Emily ကို ကျိန်ဆဲမှာလား။

ဒီလိုဖြစ်ဖိုက အဖွဲ့ခေါင်းဆောင်က မျှော်လင့်နေသည်။ ပြိုင်ပွဲဝင်ကြားက ယှဉ်ပြိုင်မှုပြင်းထန်ပြီး ပွဲဆူလေလေ ကြည့်ရှုသူစိတ်ဝင်စားမှုကိုရပြီး ratings တက်လေလေဖြစ်သည်။ တည်းဖြတ်ထုတ်လွှင့်သည့်အဖွဲ့ ခေါင်းဆောင်က ဒီလို ကြည့်ရှုသူနှုန်းထားတက်သည်ကို စွဲလမ်းပြီး ထိုသို့ဖြစ်စေချင်နေသည်။
ရုတ်တရက် ရုံးခန်းတံခါးကပွင့်လာပြီး လူနှစ်ဦးဝင်လာတော့ ရှိသမျှ အယ်ဒီတာတွေနဲ့ ကင်မရာမန်းတွေအကုန် ငိုက်မြည်းနေရာမှ တက်တက်ကြွကြွနှင့်  နှုတ်ဆက်လိုက်ကြသည်။။ ဝင်လာတဲ့သူက ဒီပရိုဂရမ်ရဲ့ ပရိုဂျူဆာ Gustav Acheson (ဂူစတပ် အက်ချီဆန်) ဖြစ်ပြီး သူ့နှင့်အတူပါလာသော လှပကျက်သရေရှိတဲ့ သက်လယ်ပိုင်းအရွယ်အမျိူးသမီးတစ်ဦးက Hayden Brown ရဲ့အမေ Mrs.Brown ဖြစ်သည်။

"Boss, Mrs. Brown မင်္ဂလာညနေခင်းပါ''

ဒီနှစ်ယောက်က ဖယ်ရှင်လောကမှာနံမည်ကြီးဖြစ်ပြီး  Acheson မိသားစုက လွန်ခဲ့တဲ့ ရာစုလောက်ကတည်းက ကမ္ဘာကျော် အမှတ်တံဆိပ်တွေကို ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်မှာ  ဖျော်ဖြေရေးလောကနဲ့ အခြားနယ်ပယ်တွေအထိ အောင်မြင်နေပြီဖြစ်သည်။ Gustav က Acheson မိသားစုရဲ့ခေါင်းဆောင်ဖြစ်ပြီး  ဘီလျှံနာတစ်ဦးဖြစ်ရုံမက ကမ္ဘာ့ထိပ်တန်းမော်ဒယ်တစ်ဦးလည်းဖြစ်သည်။ သူက ABC ရုပ်သံရဲ့ အကြီးစားရှယ်ယာရှင်တစ်ဦးဖြစ်ပြီး ဒီပရိုဂရမ်က သူစီစဉ်တဲ့ပရိုဂရမ်ဖြစ်သည်။ သူ့နဲ့   Hayden Brown ရဲ့အမေ Mrs.Brown က ဒီ ပရိုဂရမ်ရဲ့ အဓိက ထုတ်လုပ်သူတွေဖြစ်ပြီး Mrs.Brown လည်း တစ်ချိန်က ကမ္ဘာ့ကြေးအမြင့်ဆုံးမော်ဒယ်တစ်ဦးဖြစ်ခဲ့သည်။

ထုတ်လွင့်သူအဖွဲ့ခေါင်းဆောင်က သူတို့ရောက်လာမယ်လို့ ထင်ပြီးဖြစ်သည်။

Mrs.Brown က မျက်မှောင်ကုပ်ပြီး မကြည်မသာနှင့် ပြောလိုက်သည်။

'' Hayden အနိုင်ကျင့်ခံရတယ်လို့ ကျွန်မကြားခဲ့ရတယ်။ သူ အရမ်းကြောက်သွားတယ်ဆို။ အဲ့တာ ဘယ်သူလုပ်တာလည်း ကျွန်မ သိချင်တယ်''

"Madam ဒါက ဆယ်ကျော်သက်တွေကြားဖြစ်လေ့ဖြစ်ထရှိတတ်တာလေး တွေပါ။ အနိုင်ကျင့်တာမဟုတ်ပါဘူး ''

အဖွဲ့ခေါင်းဆောင်က Romeo ဖက်ကပြောလိုက်သည်။ သူ့အနေနဲ့ Romeo ရဲ့ ရန်မူတဲ့အပြုအမူတွေက ဒီပရိုဂရမ်ရဲ့ဆွဲဆောင်မှုတစ်ခုလို့ ယူဆထားတာကြောင့်ဖြစ်သည်။ ဒါပေမယ့် Mrs.Brown က ဘော့စ်ကိုတောင် ခေါ်လာသဖြင့်  Romeo အထုတ်ခံရတော့မှာကို ကြိုတင်မြင်ယောင်နေမိပြီဖြစ်သည်။

သူက စခရင်ကိုညွှန်ပြလိုက်တော့ နှစ်ဦးသားကြည့်လိုက်ပြီး အံ့အားသင့်သွားကြသည်။

လူငယ်လေးတစ်ဦးက ငေးမှိုင်နေပြီး သူ့ရဲ့ကြီးမားပြီးဝိုင်းစက်မျက်လုံးတွေက ကင်မရာကိုမော့ကြည့်လိုက်ချိန်မှာ  စိန်ပွင့်လိုမျက်ရည်စက်လေးတွေက မျက်ဝန်းအောက်မှာ တွဲလွဲခိုနေသည်။

"ကျွန်တော် Haydenကိုပထမဦးဆုံး တွေ့တဲ့အချိန်ကို မှတ်မိနေသေးတယ်။ သူက ကျွန်တော့်ရှေ့ကို လာရပ်ပြီး လက်ကမ်းပေးရင်း 'ဟေး မင်းကြည့်ရတာအကူအညီလိုနေပုံပဲ'ဆိုပြီး သူက ကျွန်တော့်ရဲ့အိတ်ကို ကူမ,ပေးခဲ့တယ်။  သူ့ရဲ့နောက်မှာ ရဲတိုက်ကြီးလို ထည်ဝါတဲ့ အဆောက်အဦးရယ်၊  အပြာရောင်ကောင်းကင်ရယ် နေဖြည်တွေဖြာ နေတဲ့ နေမင်းရယ်ကြောင့် သူ့ရဲ့ခေါင်းပေါ်မှာ ရောင်ခြည်တွေဖြာနေသလိုဖြစ်ပြီး သူက နတ်သားလေးလို ခန့်ညားလွန်းတယ်။ ကျွန်တော့်ရဲ့ လက်ဖဝါးမှာ ချွေးစေးပြန်လာပြီး ကြွက်သားတွေအကုန် တောင့်ခဲသွားလို့ ဘာမှ ပြန်မပြောလိုက်နိုင်ဘူး။ ဒါကြောင့် သူက ကျွန်တော် စိမ်းကားတယ်ထင်ပြီး ပုခုံးတွန့်ပြီး ထွက်သွားတယ်။ ''

Romeo က သူ့ရဲ့လက်ဖဝါးကိုငေးကြည့်ရင်းပြောနေပြီး အတိတ်ကခံစားချက်တွေကို ပြန်ဖမ်းယူနေသည့်ပုံပေါ်သည်။

ဒီလိုနွေးထွေးတဲ့ချီးကျူးမှုမျိူး နဲ့ သူ့ပုံစံက နံမည်ကြီးတဲ့မုန်းစရာ မကောင်းဆိုးဝါး ပြိုင်ပွဲဝင်နဲ့ လုံးဝကို မတူပေ။ Mrs.Brown က ဒီကလေး ကင်မရာရှေ့မှာ သူ့သားကို ကျိန်ဆဲရေးမယ်လို့ထင်ထားသဖြင့် အံ့အားသင့်သွားသည်။
Gustav က ဖန်သားပြင်ကိုနီးကပ်စွာကြည့်နေပြီး သူ့ရဲ့မျက်ဝန်းနက်နက်တွေက မရေမရာဖြစ်နေသည်။ စက်အဖွဲ့ခေါင်းဆောင်ကလည်း  ချက်ချင်း Romeo ပြောတဲ့ ပြိုင်ပွဲဝင်တွေ စတင်စုစည်းကြတဲ့အချိန်ကို ပြန်ရှာ့လိုက်တယ်။ ထိုအခန်းတွင် Hayden က သူ့ကို ကူသယ်ပေးရမလားမေးပြီး မလှုပ်မယှက်နေနေတဲ့ Romeo ကြောင့် ပုခုံးတွန့်ပြီးထွက်သွားသည်။ တကယ်ကို ထိုကောင်လေး ပြောသွားသည်နှင့် တထပ်တည်းဖြစ်သည်။

ဒါက အရမ်းကို သိမ်မွေ့တဲ့အချစ်ပဲ မဟုတ်လား!

အဖွဲ့ခေါင်းဆောင်က Romeo ရဲ့စကားတွေကို ပုံမှန်မဟုတ်ဘူးလို့ ယူဆနေစဉ်မှာအမှန်တရားက တဖြည်းဖြည်းနီးကပ်လာလေပြီ။

လူငယ်လေးက လက်သီးဆုပ်လေးနဲ့ မျက်လုံးထောင့်တွေကို သုတ်လိုက်ပြီး အသံက တဖြည်းဖြည်း ဆို့နင့်လာသည်။

''ကျွန်တော် Haydenနဲ့သူငယ်ချင်းတွေဖြစ်ချင်တာပါ။ ဒါပေမယ့် ကျွန်တော် အရမ်းနီးကပ်မိသွားရင် ကျွန်တော့် စိတ်တွေ မထိန်းနိုင်ဖြစ်သွားမှာကို ကြောက်တယ်။ ဒါပေမယ့် သူက ကျွန်တော့်ကိုလျစ်လျူရှုပြီး Emily ကို အရမ်းချစ်ပြတဲ့အခါ ကျွန်တော်အရမ်းဝမ်းနည်းမိတယ်။ ဓားထက်ထက်နဲ့ ကျွန်တော့်ရင်ကိုခွဲနေသလိုပဲ။ ကျွန်တော် ကြမ်းတမ်းတဲ့စကားတွေပြောပြီး သူ ကျွန်တော့်ကို သတိထားမိလာအောင် လုပ်ခဲ့မိတယ်။ ကျွန်တော်က တကယ်ငတုံးပဲ။ ဒါပေမယ့် ကျွန်တော်မရပ်တန့်နိုင်ခဲ့ဘူး။ သူ ကျွန်တော့်ကို စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့  ငတုံးကောင်လို့ ထင်နေတာထက် တစ်နေ့ သူက 'ဟေး Romeo မင်းက ငါယောကျ်ားစစ်စစ်ဆိုတာ မသိဘူးလား။ မင်းက ငါ့ကို အန်ချင်အောင် လုပ်နေတယ်' လို့ပြောမှာကို ပိုကြောက်မိတယ်။ ''

Romeo က အခု သူ့ကိုယ်သူ ဝန်ခံနေတာလား?
Hayden ပေါ်ထားတဲ့ သူ့အချစ်ကို ဝန်ခံနေတာလား?
စက်အဖွဲ့သားအားလုံး အံ့အားသင့်သွားတော့သည်။

Gustav နဲ့ Mrs.Brown လည်း နားမလည်နိုင်တဲ့ အမူအရာနဲ့ ငေးကြည့်နေကြသည်။ အမေရိကန်နိုင်ငံက ကမ္ဘာမှာ လိင်စိတ်ခံယူချက်နဲ့ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှု အရှိဆုံးနိုင်ငံဆိုပေမယ့် လိင်တူချစ်ကြိုက်မှုကို လက်ခံနိုင်စွမ်းက သိပ်မမြင့်မား သေးဘူး။ လိင်တူချစ်သူအနေနဲ့  ဘဝဖြတ်သန်းမှုမှာကော အလုပ်မှာပါ ဖိအားအများကြီးကို ရင်ဆိုင်ရလေ့ရှိသည်။ တစ်ချိူ့လူတွေက သတ္တိရှိရှိရင်ဆိုင်ဖို့ ရွေးချယ်ကြပေမယ့် တစ်ချိူ့လူတွေက ဘဝတစ်လျှောက်လုံး ဖုံးကွယ်သွားကြပေမယ့် သူတို့ရင်ထဲမှာတော့ သာမန်လူတွေ မခံစားပေးနိုင်သည့် ပြင်းထန်တဲ့ ညှင်းဆဲမှုကို ခံစားကြရသည်။
Gustav နဲ့ Mrs.Brown ကလည်း ဖုံးကွယ်ထားတဲ့လူတွေထဲမှာပါနေသည်။ သူတို့ကိုယ်ကို ရင်ဆိုင်ဖို့ သတ္တိမရှိတာကြောင့် သူတို့မချစ်သင့်တဲ့ လူတစ်ယောက်ကို ချစ်မိတဲ့ခံစားချက်ကို ကောင်းကောင်းကြီးနားလည်သည်။ နာကျင်မှုတွေ၊ စိတ်အားငယ်မှုတွေကို အဆုံးသတ်လိုက်ချင်ပေမယ့် သတ္တိကမရှိသဖြင့်  သူတို့ကို တစ်ဖက်လူ နည်းနည်း ဖြစ်ဖြစ် သတိထားမိအောင်လို့ အဓိပ္ပါယ်မရှိတာတွေ လုပ်မိကြသည်။ ဒီလို ရှုပ်ထွေးပြီး ခါးသီးတဲ့အချစ်မျိူးကို သူတို့လောက် ဘယ်သူမှ နားလည်ပေးနိုင်မည် မဟုတ်ပေ။

ကောင်လေးက သူ့ရဲ့မျက်ရည်တွေစီးကျလာတာ သတိထား မိတော့ ခေါင်းကို ငုံ့ပြီးမျက်နှာကို လက်ဖဝါးနှင့် အုပ်ရင်းခပ်တိုးတိုး ရေရွတ်လိုက်သည်။

''ငါ တောင်းပန်ပါတယ် Hayden ။ ငါ မင်းကိုနာကျင်စေဖို့ မရည်ရွယ်ပါဘူး။ မင်း သတ္တိရှိတာ ငါ သိပါတယ်။ မင်းက အငိုသန်တဲ့ ကောင်လေးမဟုတ်ပါဘူး။ မင်းက အားပေးမှုနည်းနည်း လိုအပ်နေရုံပါ။ မင်းသာ လုပ်ချင်စိတ်ရှိရင် ကမ္ဘာပေါ်က အခက်ခဲဆုံးဆိုတဲ့ အရာတွေအားလုံးကိုတောင် လုပ်နိုင်မှာ။ ပြီးတော့ ငါ ပြောတာမှန်တယ် မလား။ ဒီနေ့ မင်း တကယ်ပဲ လုပ်နိုင်ခဲ့တယ်။ ငါ အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့်...ငါ..ငါ ဒီမှာဆက်နေလို့ မဖြစ်တော့ဘူးလို့ ထင်တယ်။ နေ့တိုင်း ငါ ပိုပိုပြီးကြောက် နေမိတယ်။ မင်းကိုရော ငါ့ကိုယ်ငါရော. .''

သူ ဆက်မပြောနိုင်တော့ပဲ ကိုယ်ကိုကွေးပြီး တိတ်တိတ်လေး ငိုနေ တော့သည်။ သူ အကြာကြီး ငိုလို့ပြီးသွားတော့မှ နီရဲနေတဲ့မျက်လုံးတွေကို ပွတ်လိုက်သည်။ သူ့ စိုစွတ်တဲ့ ဆံပင်တွေက ဖွာလန်ကျဲပြီး ခြောက်သွားပြီ ဖြစ်သည်။  သူ့မျက်လုံးတွေနဲ့နှာခေါင်းတွေက မီးလုံးနီလေးတွေလိုပဲ ဖြစ်နေပြီး သူ့ကြည့်ရတာ သနားစရာ၊ ချစ်စရာ ကောင်းနေသည်။  တာဝန်ကျကင်မရာမန်းက ချက်ချင်း အဲ့ဒီအခန်းထဲ ပြေးဝင်ပြီး ကောင်လေးကို ဖက်ပြီးနှစ်သိမ့်ပေးချင်စိတ်ကို မနည်းထိန်းနေရသည်။

ရုံးခန်းထဲမှာ စက်အဖွဲ့နဲ့ သူဌေးနှစ်ဦးက ဒီနေ့ Romeo က Hayden ကိုအနိုင်ကျင့်ပါသည် ဆိုသည့် ဗီဒီယိုပြန်ကြည့် နေကြသည်။ တကယ်ကိုပဲ  Hayden လေထဲမှာရပ်နိုင်သွားတော့ သူ ဂုဏ်ယူစွာနှင့် တောက်ပစွာပြုံးနေခဲ့သည်။ သူ Haydenအတွက် အရမ်းပျော်နေပေမယ့် ကင်မရာမန်းက သူ့ကို ကင်မရာနှင့် လှမ်းချိန်လိုက်ချိန်မှာတော့ သူ့မျက်နှာကအေးစက်သွားပြီး အမ်းတမ်းတမ်းဖြစ်သွားသည်။

သူ့ပုံစံက ကို့ရိုးကားယားဖြစ်နေပေမယ့် အရမ်းကိုချစ်ဖို့ကောင်းသဖြင့် ကြည့်နေသူအားလုံး့နှလုံးသားတွေ အရည်ပျော်သွားမလိုပဲဖြစ်ပြီး ရင်ထဲမှာ နွေးထွေးမှုကို ခံစားလိုက်ရတယ် ။

Gustav သူ့ရဲ့ နက်ကတိုင်ပြင်သလိုနှင့် ယားယံနေတဲ့လည်ပင်းကိုပွတ်သပ်လိုက်သည်။  သူကအမွှေးပွပွ အကောင်လေးတွေကို ချစ်တတ်တဲ့ သူ ဖြစ်ပြီးတော့ ဒီကောင်လေးရဲ့ ဆံပင်ဖွာဖွာနှင့် သနားစရာပုံစံလေးက သူ့ရဲ့နားရွက်ကုပ်ကြောင်ကလေး Rooney ကို အမှတ်ရစေသည်။  သူသာကောင်လေးဘေးနားမှာရှိရင် ဖက်ထားပြီးနမ်းရင်းနှစ်သိမ့်ပေးမှာသေချာသည်။ သူ့လိုချစ်စရာကောင်းတဲ့ ကောင်လေးက ကမ္ဘာ့အကောင်းဆုံးအချစ်နဲ့ပဲထိုက်တန်ပါတယ်လို့ တွေးနေမိသည်။
"Mrs.Brown ခင်များရဲ့အရင်ဆုံးဖြတ်ချက်အတိုင်း လုပ်ဦးမှာလား''

ရင်ထဲက ကျလိကျလိဖြစ်နေတာ ပျောက်သွားတော့မှ ယားယံမှုက ပြေပျောက်သွားတော့မှ Gustav က သူဘေးက Mrs.Brown ကို လှည့်ကြည့်ကာ မေးလိုက်သည်။

"အို...မလုပ်တော့ပါဘူး''

Mrs.Brown က ခေါင်းတွေလက်တွေယမ်းလိုက်ပြီး ပြောလိုက်သည်။

''ဒီကလေးကို ဒီအတိုင်းပဲ ထားလိုက်ပါ။ သူက လူကောင်းလေးပဲ။ ကျွန်မ အထင်မှားသွားတာ ဖြစ်တယ်။''

လိင်တူချစ်သူတစ်ယောက်ရဲ့ခက်ခဲမှုကို သူမက အခြားသူတွေပိုနားလည်သဖြင့် ဒီကလေးက လူအများကြီးရှေ့မှာ ကိုယ့်ကိုယ်ကို ရဲရဲဝံ့ဝံံ့ထုတ်ပြောလိုက်ခြင်းက သူမကိုယ်ကိုယ် ရှက်သွားစေသည်။

ကောင်လေးက ဒိုင်ယာရီအခန်းထဲကနေတံခါးဖွင့်ပြီး ထွက်လိုက်တော့ တစ်စုံတစ်ယောက်ကိုတွေ့ပြီး လန့် အော်လိုက်သည်။

"Ivana  မင်း ဘယ်အချိန်ကတည်းက ရောက်နေတာလဲ''

ကောင်လေးက နောက်ကိုဆုတ်လိုက်ပြီး မျက်ဝန်းပြာတွေက ထိတ်လန့်ခြင်းနဲ့ပြည့်နေပြီး မေးလိုက်သည်။

စက်အဖွဲ့သားတွေအားလုံး အလိုအလျောက် အသက်အောင့်ထားမိ ပြီးတော့ ဘာဆက်ဖြစ်မလဲ ဆိုစာင့်ကြည့်နေကြတယ်။

"နင် အိပ်ရာထဲမှာမရှိလို့ အောက်ဆင်းပြီး လာရှာတာ။ ငါ
အကုန်ကြားပြီးပြီ''

Ivana က သူမရဲ့ sexyကျတဲ့ မီးလျှံလို တောက်ပတဲ့ ဆံပင်နီနီတွေကို သပ်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

"ဆောရီး ငါ ခိုးနားထောင်ဖို့မရည်ရွယ်ပါဘူး။ နင်ကမ တံခါးမှ မပိတ်ထားတာ။ ဒါက အသံလုံတံခါးလေ။  နင်သာ တံခါးပိတ်ထားရင် ငါ ဘာမှကြားမှာမဟုတ်ဘူး''

ကောင်လေးရဲ့ ဖြူရော်တုန်လှုပ်နေတဲ့မျက်နှာကြောင့် သူမက ရယ်လိုက် ပြီးတော့ သူ့ရဲ့ နဖူးပေါ်ဆံနွယ်ပျော့ပျော့လေးတွေကို ဖွလိုက်ပြီး ပြောလိုက်သည်။

''အပြန်အလှန်အနေနဲ့  နင့်ကို ငါ့ရဲ့ လျှိူ့ဝှက်ချက်တစ်ခုပြောပြမယ်။ ငါလည်း မိန်းကလေးတွေကို သဘောကျတယ်။ ဒါပေမယ့် ငါက ငါ့ရဲ့လိင်စိတ်ခံယူချက်နဲ့ပတ်သက်ပြီး မကြောက်ဘူး။ Romeo နင်ဘာလို့ ဒီ ရှိုးကိုရောက်လာသလဲ.... မေ့သွားပြီလား''

"ကျွန်တော်ရဲ့ပုံစံအစစ်အမှန်ကို ရင်ဆိုင်ဖို့''

ဒါက ပထမအပိုင်း အင်တာဗျူးမှာ Romeo ပြောခဲ့တာဖြစ်သည်ကို ကျိူးယွင်ရှန့် မှတ်မိပေမယ့်  Ivana မှတ်မိနေတာကို သူ အံ့သြမိတယ်။

"နင့်ရဲ့သရုပ်မှန်ကို နင်ရင်မဆိုင်ရဲပဲ နင့်ဘဝကို ဘယ်လိုဆက်လျှောက်မလဲ။ Romeo ငါနဲ့အတူ ရဲရဲဝံ့ဝံ့လျှောက်လိုက်စမ်းပါ။  လူတွေရဲ့ သွားပုပ်လေလွင့် အတင်းအဖျင်းတွေကို ဂရုမစိုက်နဲ့..ဟုတ်ပြီလား။ ဒါဆိုရင်  လောကကြီးက ဘယ်လောက်လှတယ်ဆိုတာ နင်မြင်လာလိမ့်မယ်''

ဒီအမျိူးသမီးလေးက စိတ်ပါလက်ပါ အားရပါးပြုံးနေပုံက နေမင်းလေး  ထွက်ပြူတောက်ပနေသလို ထင်ရသည်။  ကျိူးယွင်ရှန့် သူမကို နှစ်သက်မှုက 100 % အပြည့်ဖြစ်သွားသည်။ တကယ်လို့ Romeo သာ ဒီလို စိတ်ရင်းမှန်ပြီး ရဲရင့်တဲ့မိတ်ဆွေတစ်ယောက်ကို စောစီးစွာ တွေ့ခဲ့ရင် သူ့ကိုယ်သူ ဒီလောက်လျစ်လျူရှုပြုလိုက်မည် မဟုတ်ပေ။


"Okay... တူတူလျှောက်ကြတာပေါ့''

ကောင်လေးက သူမရဲ့လက်ကိုဆွဲယူပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တော့ Ivana က ရယ်ပြီး သူ့ကို လက်တစ်ဖက်နဲ့ ယောကျ်ားလေးဘော်ဒါချင်းဖက်သလို သိုင်းဖက်လိုက်သည်။
ဒီမြင်ကွင်းကြောင့် စက်အဖွဲ့က ငြိမ်သက်နေစဉ် Gustavရဲ့ အသံက လေးနက်စွာ ထွက်လာသည်။

'' မင်းတို့ ဒီအခန်းကို ဖျက်မပစ်ရဘူး''

စက်အဖွဲ့ခေါင်းဆောင်က ခေါင်းညိမ့်လိုက်ပြီး သူဋ္ဌေးနှစ်ဦးကို လိုက်ပို့လိုက်သည်။

Mrs.Brown က သူမ ကားနားကိုရောက်ခါနီး ငါးမီတာအလိုမှ ပြန်ပြေးလာပြီး မေးလိုက်သည်။

'' အဲ့ဒီ ဆံပင်နီနဲ့ကောင်မလေး နံမည် ဘာလဲ။ သူ့အကြောင်းကို ကျွန်မဆီကိုပေး။ အိုး.... ပြီးတော့ သူမ ပုံတွေရော ကျွန်မဆီကိုပို့ပေးပါ။''

Gustav က သူမရဲ့ ရည်ရွယ်ချက်ကိုသိလိုက်ပြီး ပြောစရာ စကားလုံး ပျောက်ရှသွားတော့သည်။

"...........''


Lady ခင်များ ဒီကိုလာတာ ခင်များသားအတွက်မဟုတ်လား။ ခင်များရဲ့ Blind dateအတွက်မဟုတ်ဘူးဆိုတာ မှတ်မိသေးရဲ့လား။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі