Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 7.13
အခန်း (၇၃) ချီရှိုးကျဲ့ဘဝ

ဝံပုလွေသားပေါက်ကမြို့တော်ကိုရောက်လုနီးချိန် ကျိူးယွင်ရှန့်ကကောင်းမင်ကိုဇာတ်စင်ပြင်ဖို့တစ်လအချိန်ပေးထားလိုက်သည်။

လဝက်အကြာတွင် နှစ်တစ်ရာဂျင်းဆင်းနှင့်​ကြက်စတူးဟင်းချက်ပြီးယန်ရှင့်နန်းဆောင်သို့ ကျိူးယွင်ရှန့်ပို့လိုက်သည်။
လီကျင်းထျန်းအခုတလောသံသယကြီးနေသည်။ အစေခံများကိုသူစားမည့်အစားအစာအကုန်စစ်ဆေးခိုင်းတတ်သည်။ ဒါပေမယ့်လည်း ဝိညာဉ်လွင့်ဆေးဟာသေစေနိုင်ပြီး ဖြည်းဖြည်းချင်းတိုက်ခိုက်ကသွေးတွင်းပျော်ဝင်ပြီးနောက် မိနစ်ပိုင်းအတွင်းပျောက်သွားတတ်သောအဆိပ်ဖြစ်သည်။ အဆိပ်ဝိဇ္ဇာတွေမပြောနဲ့ငွေအပ်တောင်မှ အဆိပ်ကိုဖမ်းမမိနိုင်ပေ။ လီကျင်းထျန်းအဆိပ်မိနေသည်မှာ တစ်လပင်ရှိချေပြီ။ အဆိပ်ကထူးခြားလွန်း၍ တယန်ကော်၏အတော်ဆုံးသမားတော်ကပင် ရောဂါအမည်ရှာမထုတ်နိုင်ပေ။

တစ်နေ့ ချီရှိုးကျဲ့ပို့သောနေ့လယ်စာစားပြီး တော်ဝင်စာကြည့်ဆောင်တွင် မှတ်တမ်းများစစ်ရန်လီကျင်းထျန်းသွားခဲ့သည်။ထို့နောက် စုတ်တံကိုကောက်ကိုင်လိုက်ရုံရှိသေး ရင်ဘတ်ကစူးအောင့်လာပြီးသွေးနက်များအန်ထွက်လာသည်။
"အရှင်မင်းကြီး ဘယ်လိုဖြစ်တာလဲ'' အထိန်းတော်ကြီးမှာ လိပ်ပြာပင်လွင့်မတတ်တုပ်လှုပ်သွား၏။ ''သွေးအရောင်ကမူမမှန်ဘူး အဆိပ်မိတာများလား။ လာကြစမ်း သမားတော်အမြန်ပင့်ခဲ့''

"မအော်နဲ့။ ရွှီးယွမ်ကိုတိတ်တဆိတ်ခေါ်ခဲ့ချည် ဘယ်သူမှမတွေ့စေနဲ့'' လီကျင်းထျန်းဟာဘုရင်ဖြစ်တဲ့အလျောက် ဒီကိစ္စဟာအပြင်ကိုပြန့်သွားလို့မဖြစ်ကြောင်းသူနားလည်သည်။ အမှန်တရားမပေါ်လာမချင်း ဒီကိစ္စကဒီအခန်းအပြင်ကိုထွက်သွားလို့မဖြစ်ဘူး။
ရွှီးယွမ်သည်အစေခံအသွင်ဖြင့် စာကြည့်ဆောင်သို့များမကြာမီရောက်လာခဲ့သည်။ မင်းကြီး၏သွေးခုန်းနှုန်းကိုစမ်းပြီးသည့်တိုင် သူဘာမှမသိရပေ။ စာကြည့်ဆောင်သို့သူလာနေသည့် မိနစ်ပိုင်းမျှကာလအတွင်းအဆိပ်ကပျောက်ကွယ်သွားလေပြီ။

"ကြက်စွပ်ပြုတ်ကိုစစ်လိုက်'' လီကျင်းထျန်းစားပွဲပေါ်မှကြက်စွပ်ပြုတ်ကိုညွှန်ပြလိုက်သည်။ ဒီနေ့သူစားခဲ့သည့်အစားအစာဟူ၍ ဇီချန်နန်းဆောင်မှပို့လာသော စွပ်ပြုတ်တစ်ခွက်သာရှိသေးသည်။ ချီရှိုးကျဲ့ကိုသူသံသယမဝင်ချင်ပေမယ့် လူ့စိတ်ကိုတော့မယုံနိုင်ပေ။
ရွှီးယွမ်ကစွပ်ပြုတ်ကိုစစ်ဆေးကြည့်လိုက်ပြီး အထဲတွင် ခန္ဓာကိုယ်အတွက်ကောင်းသည့်နှစ်တစ်ရာဂျင်းဆင်းမှလွဲ၍မည်သည့်အရာမျှမစမ်းမိပေ။

"ဒီမှာဟင်းတွေရှိသေးတယ် ဆက်စစ်ဆေးကြည့်'' လီကျင်းထျန်းခုံပေါ်ပစ်ရက်ထချလိုက်သည်။ ကြက်စွပ်ပြုတ်ကလွဲရင် ကျန်တဲ့ဟင်းအားလုံးကကောင်းမင်ကိုယ်တိုင်စစ်ဆေးထားခြင်းဖြစ်သည်မို့ တရားခံက ချီရှိုးကျဲ့မဟုတ်လျင် ကောင်းမင်သာရှိတော့သည်။ ထိုခန့်မှန်းချက်က သူ့ရင်ကိုပူလောင်စေ၍ အဆိပ်မြိုချရသည်ထက်အဆတစ်ထောင်နာကျင်စေသည်။+

ဝိညာဉ်လွင့်ဆေးသည် လူ့ခန္ဓာထဲမဝင်လျှင်အစားအသောက်ထဲမှာတော့ အချိန်ကြာမြင့်စွာရှိနေတတ်သည်။ ထို့ကြောင့်ကောင်းမင်က မင်းကြီးစားပြီးသည်နှင့် အစားအသောက်များအားလုံးကိုလက်စဖျောက်ပစ်ဖို့ အစေခံတွေကိုမှာထားခဲ့သည်။ ဒီကနေ့ကတော့ အထိန်းတော်ချူပ်ကြီးကိုယ်တိုင်စားဖိုဆောင်သို့တိတ်တဆိတ် ဝင်လာပြီးဟင်းအကျန်များသယ်ထုတ်သွားခဲ့သည်။
မင်းကြီးအကြိုက်ဆုံးငါးပေါင်းဟင်းကိုစမ်းသပ်အပြီး သမားတော်မှာထိတ်လန့်က တူပင်လွှတ်ချလိုက်မိသည်။ တူကျသံကြားလိုက်ရသည်နှင့်လီကျင်းထျန်းတုန်ရင်လာပြီး အံ့ကြိတ်မေးလိုက်သည်။ ''ဘယ်လိုလဲ''+

"ဟုတ်ကဲ့ ဒီဟင်းထဲမှာဝိညာဉ်လွင့်ဆေးပါပုံရပါတယ်။တိုက်တိုက်ဆိုင်ဆိုင် မင်းကြီးကဒီနေ့နှစ်၁၀၀ဂျင်းဆင်းစားလိုက်တာကြောင့် အဆိပ်နဲ့တွေ့ပြီးသွေးအန်သွားတာပါ။ ဂျင်းဆင်းကြောင့်သာမဟုတ်ရင်အဆိပ်မိကြောင်းတောင်သိရလောက်မှာမဟုတ်ပါဘူး''
သံသယကင်းအောင် သမားတော်ကသွေးဖောက်ကာ အထူးအရည်တစ်မျိူးထည့်စစ်ကြည့်လိုက်သည်။ ခဏအကြာမှာတော့ မည်သည့်စကားမျှမဆိုရဲဘဲ ဒူးထောက်ကာဦးတိုက်လိုက်တော့သည်။

နောက်ဆုံးတော့ဒီအဆင့်ကိုရောက်ခဲ့တာပဲ။ ဒါကကံကြမ္မာဆိုတာလား။ဘာကြောင့်မိုးနတ်မင်းကသူ့ကိုပြန်မွေးဖွားစေခဲ့သလဲ။ တစ်စုံတစ်ယောက်ကိုအကြွေးပြန်ဆပ်ဖို့များလား ဒါပေမယ့် အဲ့လူကကောင်းမင်တော့မဟုတ်ဘူးပေါ့။ လီကျင်းထျန်းချိနဲ့စွာပြုံးလိုက်၏။ ''ငါ့ကို ကုလို့ရဦးမလား''

တိတ်ဆိတ်နေသည့်သမားတော်ကြောင့် လီကျင်းထျန်းသဘောပေါက်သွားပြီး ထပ်မေးလိုက်သည်။ ''ငါဘယ်နှရက်နေရဦးမလဲ''

ရှည်ကြာသည့်တိတ်ဆိတ်မှုအဆုံးမှ သမားတော်က လျှောက်တင်လိုက်၏။ ''ကျွန်တော်မျိူး ခန့်မှန်းချက်အရ လေး၊ငါးရက်ပဲ ကျန်ပါတော့တယ်။ မင်းကြီးခန္ဓာကအတော်ပန်းနေပါပြီ''

"လေး၊ငါးရက်တဲ့လား။ မြန်လိုက်တာ'' လီကျင်းထျန်းသက်ပြင်းချလိုက်သော်လည်း စိတ်ကမမျှော်လင့်ဘဲ တည်ငြိမ်နေသည်။ သမားတော်ကိုပြန်လွှတ်လိုက်ပြီးနောက် သူသုံးနှစ်တာပျိူးထောင်ထားသည့်လူယုံကိုတိတ်တဆိတ်ဆင့်ခေါ်လိုက်သည်။

ငါးရက်ကြာပြီးနောက် မင်းကြီးသည်ရုတ်တရက်အိပ်ရာထဲဗုန်းဗုန်းလဲကာ သေလုမြောပါးအခြေအနေသို့ရောက်ရှိသွားသည်။ ထိုသတင်းကိုကြားသည်နှင့်ကောင်းမင်းတို့ညီအစ်ကိုလန့်ဖြန့်သွားကြသည်။ အဆိပ်အာနိသင်ကပြရန်၁၀လောက်လိုသေးတာကြောင့် သူတို့မပြင်ဆင်ရသေးသောကိစ္စများရှိနေသည်။
သူတို့အနေနဲ့လီကျင်းထျန်းကိုရက်အနည်းတောင့်ခံထားလိမ့်မည်ဟုထင်ထားသော်လည်း လီကျင်းထျန်းကမူ သူ့သေမင်းသူစောင့်နေပုံရပြီး ဆေးသောက်ရန်ငြင်းဆန်နေသည်။ထိုအစား မှူးမတ်များနှင့် မင်းသားများ မိဖုရားမောင်းမများအားလုံးကို ယန်ရှင့်နန်းဆောင်သို့ဆင့်ခေါ်ထားသည်။ ကြည့်ရတာသေတမ်းစာထုတ်ပြန်မည့်ပုံပင်။

ကောင်းမင်ကမင်းသားငါးနဲ့အတူကုတင်ခြေရင်းမှာ ဒူးထောက်နေပြီး ချီရှိုးကျဲ့က အမတ်များနှင့်အတူ အိမ်ရာနံဘေးတွင်ဒူးထောက်နေသည်။ ကျန်မင်းသားနှင့်ကိုယ်လုပ်တော်များက သုံးမီတာအကွာတွင်ဒူးထောက်နေကြသည်။

"ကိုယ်တော့်မှာအချိန်သိပ်မရှိတော့ဘူး။ ကိုယ့်တော်ဆန္ဒကိုအားလုံးသိအောင်ပြောပြချင်တယ်။ ဖူရွှင်းလိုက်ရေးပေး''

မိန်းမစိုးအကြီးအကဲ ဖူရွှင်းက စုတ်တံနဲ့မင်ကိုယူကာနားထောင်လိုက်သည်။
"ငါကိုယ်တော်နဲ့ကောင်းကွေ့ကျွင်းဟာ အချိန်ကာလအတော်ကြာပေါင်းသင်းခဲ့ကြပြီး ငါကိုယ်တော်ဟာသူ့ကိုအင်မတန်မြတ်နိုးတော်မှုတယ်။ ဒါ​ကြောင့်သေသည့်တိုင်အောင်မခွဲမခွာလိုဘူး။ ကောင်းကွေ့ကျွင်း ငါကိုယ်တော်ကိုမြှုပ်နှံပြီးတဲ့အခါ ငါကိုယ်တော်သူနဲ့ မတူညီတဲ့ဂွမ်းစောင်အောက်မှာပြန်လည်မွေးဖွားလိုပြီး ဂူတစ်ဂူထဲမှာသေဆုံးလိုတယ်။ မင်းကိုတောင်းဆိုပါတယ်'' ထို့နောက်သူအသက်ပြင်းပြင်းရှူလိုက်၏။ ဖြူဖျော့သွားသည့် ကောင်းမင်ကိုကြည့်ရန်သူအင်အားမရှိပေ။+

"ကျွန်တော်မျိူးလည်းစတေးခံလိုပါတယ်'' ကျိူးယွင်ရှန့် ကြမ်းပြင်ကိုဦးတိုက်ကာဆိုလိုက်ပြီးတိတ်ဆိတ်စွာစောင့်ဆိုင်းနေလိုက်သည်။ သို့သော် နီရဲရောင်ကိုင်းသောမျက်လုံးများနှင့်တုန်ရီနေသည့်ခန္ဓာကိုယ်က သူ့ပူဆွေးမှုကိုဖုံးဖိမထားနိုင်ပေ။
"မင်းကကောင်းကောင်းအသက်ရှင်ပါ'' လီကျင်းထျန်းချိနဲ့စွာပြုံးပြီးလက်ကိုဝှေ့ယမ်းလိုက်သည်။ ဒီလိုအချိန်မှာတောင် ဒီလူကရူးမိုက်နေတုန်း။ သူ့ဘဝကဂုဏ်ရှိန်အပြည့်နဲ့ကောင်းကောင်းမရှင်သန်ခဲ့ရရှာဘူး။ ဒီဘဝမှာတော့ ဒီလူသားအတွက်သူပြန်ပေးဆပ်နိုင်တာကဒါလေးတစ်ခုတည်းပဲ။

"ကျွန်တော့မျိူးစတေးခံလိုပါတယ်'' ကျိူးယွင်ရှန့် ထပ်မံဦးတိုက်လိုက်သည်။

ဒါပေမယ့်လီကျင်းထျန်းက သူ့ကိုလျစ်လျူရှုပြီးဆက်ပြောသည်။ ''ငါကိုယ်တော်ရဲ့ညီတော်လီဝမ်ဟာ ကိုယ်လုပ်တော်တစ်ယောက်မှမတင်မြှောက်ခဲ့တာကြောင့် သားသမီးမရှိရှာဘူး။ ငါကိုယ်တော်သူ့အတွက်ရင်ထဲမချိပေဘူး ဒါကြောင့် မင်းသားငါးကိုသူ့ဆီပေးလိုက်တယ်။ သားသမီးဝတ္တရားနဲ့အညီ ရိုသေကိုင်းရှိုင်းပါ။''

ကောင်းမင်ရုတ်တရက်နဂါးကုတင်သို့လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာကအရောင်ပင်မရှိတော့ပေ။ မင်းသားငါးသာသူ့ပုခုံးကိုဖိမထားပါက ချက်ချင်းထပြေး၍လီကျင်းထျန်းကို မေးခွန်းထုတ်မိလိမ့်မည်။
သူက ငါတို့သားကိုလီဝမ်ဆီပေးလိုက်တယ်ဆိုတော့ လီရွှီယန်းကိုသူချစ်ပြခဲ့တာတွေအားလုံးကအတုအယောင်တွေလား?

လီကျင်းထျန်း အသက်ရှူရပ်လုဖြစ်လာသည်။ ကျိူးယွင်ရှန့် က ထပ်မံဦးတိုက်ပြီးစတေးခံလိုကြောင်းလျှောက်တင်ဖို့ကြိုးစားလိုက်သည်။

"မင်း ပါးစပ် ပိတ်ထား!" လီကျင်းထျန်း အိပ်ရာနံဘေးမှဆေးခွက်ကိုမှောက်ပစ်လိုက်ပြီး အော်လိုက်သည်။ ရိုကျိူးလျှက်တိတ်ဆိတ်စွာဒူးထောက်ဦးတိုက်နေသည့်အမျိူးသားကိုသူကြည့်လိုက်သည်။ မျက်နှာကလက်များကြားတွင်ပုန်းကွယ်နေပြီး တိတ်ဆိတ်စွာငိုကြွေးနေသည်ကိုမြင်လိုက်သည်။ ဒီမြင်ကွင်းက အရင်ဘဝကအအေးနန်းဆောင်မှာ သူ့ကမ္ဗည်းတိုင်ရှေ့ပူဆွေးနေသည့် ချီရှိုးကျဲ့ကိုပြန်သတိရမိ​စေ
သည်။ ကိုယ်တိုင်ကနာကျင်နေသည့်တိုင်အောင် လက်မောင်းများကြားတွင်မျက်နှာဝှက်ပြီး သူ့အတွက် ပူဆွေးဝမ်းနည်းစွာငိုကြွေးပေးခဲ့သည်။
"စာချွန်အလွတ်ပေး နောက်ဆုံးဆန္ဒကိုကိုယ်တိုင်ရေးမယ်''
ဖူရွှင်းကချက်ချင်းစာရွက်အလွတ်နဲ့စုတ်တံကိုယူပေးလိုက်သည်။ ကောင်းမင်တို့သားအဖကလွဲပြီး ကျန်သူများအားလုံးက စူးစူးဝါးဝါးစိုက်ကြည့်နေကြသည်။ မြှုပ်နှံဖို့နဲ့မွေးစားဖို့ကလွဲပြီး ဘာမှမပြောတော့တာ အရင်ကသူတို့အပေါ်ကြင်နာပေးခဲ့တာက ပုံရိပ်ရောင်တွေအလား။ မင်းကြီးဘာတွေးနေလဲ တကယ်ခန့်မှန်းမရတော့ဘူး။+

လီကျင်းထျန်း က ရေးရင်းနှုတ်ကလည်းရွတ်သည်။ ''ကံကြမ္မာကိုရှောင်လွှဲလို့မရဘူး။ အမတ်တွေဟာလည်းသခင်မရှိလို့မဖြစ်ဘူး။ တိုင်းပြည်ဟာစည်းလုံးဖို့ပြတ်လပ်နေလို့မဖြစ်ဘူး။ ငါကိုယ်တော်သေချိန်တန်ပြီဖြစ်တာကိုနားလည်တာကြောင့် မင်းသားအားလုံးရဲ့အင်္ဂါရပ်အားလုံးကိုလေ့လာကြည့်တဲ့အခါ ဆဌမမင်းသား ရွှီသုန်းဟာ တယန်ကော်ကိုဦးဆောင်ဖို့သင့်လျော်ပေတယ်။ သူဟာ ဂုဏ်သိက္ခာရှိပြီး ပါရမီရှိသလို သားသမီးဝတ်လည်းကျေပွန်တာမို့ တယန်ကော်စည်းလုံးဖို့ ပင်လယ်လေးစင်းကိုကာကွယ်ဖို့အသင့်လျော်ဆုံးဖြစ်တယ်။ ငါကိုယ်တော် သူ့အရည်အချင်းကို ကောင်းကင်နဲ့မြေကြီး ၊ ဘိုးဘွားကမ္ဗည်းနဲ့တိုင်းပြည်ကိုရှေ့ထား ကြေညာတယ်''

ဆက်ခံသူကမင်းသား၆? ဒါပေါ့ မင်းသား၆ပဲပေါ့။ တစ်ချိူ့ကအံ့အားသင့်သလို တစ်ချိူ့တည်ညိမ်နေကြသည်။ မင်းသားတွေအတွက်တော့ ဒါဟာပျော်စရာမဟုတ်ပေမယ့် သတင်းဆိုးတော့မဟုတ်ပေ။ ဘယ်မင်းသားနန်းတင်တက် မင်းသားငါးထက်တော့တော်သေးသည်။ သူတို့သားအဖကြောင့် ကိုယ်လုပ်တော့များစွာဟာလျစ်လျူရှုခံရပြီး အရည်အချင်းရှိမင်းသားများက ကောင်းအိမ်၏ဖိနှိပ်ခြင်းခံရသည်။
ထိပ်ဆုံးမဟုတ်တာတောင်ရမ်းကားနေခဲ့တာ သူတို့သာတယန်ကော်ရဲ့ထိပ်ဆုံးနေရာရသွားရင် ဘယ်သူမှလွှတ်လမ်းရှိမှာ မဟုတ်တော့ဘူး။ ပြောရရင် မင်းသား၆က ပွင့်လင်းပြီးဟာသဥာဏ်ရွှင်သလို မော်ကြွားခြင်းလည်းမရှိတာကြောင့် သူ့ညီအစ်ကိုတွေနဲ့သင့်မြတ်သည်။ ချီရှိုးကျဲ့ကလည်း နာမည်နဲ့ဂုဏ်ကိုမက်သူမျိူးမဟုတ်တာကြောင့် သူတို့ဘဝက ကောင်းအိမ်အောက်ရောက်သွားတာထက်တော့အဆများစွာသာသေးသည်။

ကောင်စီအမတ်များက လွန်ခဲ့တဲ့ငါးရက်ကတည်းက မင်းကြီးကိုယ်တိုင်နားချပြီးတာမို့ အမိန့်ကိုအသာတကြည်လက်ခံလိုက်ကြသည်။

အမတ်၊မင်းညီမင်းသားနဲ့ကိုယ်လုပ်တော်၊အစေခံအားလုံးရှေ့မှာ လီကျင်းထျန်းတံဆိပ်တုံးထုပြီး မျက်စိမှိတ်သွားသည်။
ဖူရွှင်း မင်းကြီးကိုငိုသံကြီးနဲ့အော်ခေါ်လိုက်ပြီး အခြားလူများကအခြေအနေကြည့်ရန်ရှေ့တို့လာကြစဉ် ကောင်းမင်တို့သားအဖနဲ့ကျိူးယွင်ရှန့်သာနေရာမှာကျန်ရစ်ခဲ့သည်။
လီကျင်းထျန်းသေလုမြောပါးဖြစ်နေစဉ် အနီးနားက ဖူရွှင်းလက်ကိုဆွဲကိုင်ပြီး အသည်းအသန်ပြောလိုက်သည်။ ''ငါသေပြီးတာနဲ့ကောင်းကွေ့ကျွင်းကိုငါနောက်ချက်ချင်းလိုက်လာပါစေ။ ငါကိုယ်တော်သူ့ကိုခဏလေးမှမထားခဲ့နိုင်ဘူး!" သူကောင်းမင်ရဲ့နှလုံးသားကိုမရနိုင်မှတော့ လူတစ်ကောင်လုံးကိုသူခေါ်သွားမည်။ လီဝမ်ဖြတ်ခုတ်သွားတာမျိူး သူလုံးဝအဖြစ်မခံနိုင်ပါ။
ကျိူးယွင်ရှန့် နားရွက်လှုပ်သွား၏။ ဒါကတစ်စုံတစ်​ယောက် ကို သေလောက်အောင်ချစ်တယ်ဆိုတဲ့ဟာမျိူးလား။ လီကျင်းထျန်း က အတော်ခက်တာပဲ။5

ဖူရွှင်းကမျက်ရည်လည်ရွဲနှင့် ခေါင်းညိမ့်ကာကတိပေးလိုက်သည်။
လီကျင်းထျန်းကစိတ်ချစွာနဲ့မျက်စိမှိတ်သွားတော့မှ သမားတော်ကသွေးကြောစမ်းပြီးကြေညာလိုက်သည်။ ''မင်းကြီး နတ်ရွာစံသွားပါပြီ''

ထိုနောက်ငိုကြွေးသံများနန်းဆောင်တွင်းပြန့်နှံ့သွားသည်။ မိန်းမစိုးတစ်ဦးက အသုဘခေါင်းလောင်းထိုးရန်ပြင်လိုက်သော်လည်း အစောင့်ရဲမတ်ကတားလိုက်သည်။

ကောင်းမင်မျက်နှာကပူဆွေးခြင်းမရှိ ခုမှအပူလုံးကျသွားသလို မောပန်းနေခြင်းသာရှိသည်။ သူလက်ကိုဝှေ့ရမ်းလိုက်သည်နှင့် စစ်သည်များဝိုင်းရံလာသည်။ ကောင်းမင်က ဓားကိုဆွဲ၍ကျိူးယွင်ရှန့်လည်ကိုဖြတ်ရန်ပြင်လိုက်သည်။ သို့သော် လက်တစ်ဖက်က ဓားကိုဆွဲကိုင်လိုက်ပြီး ကျန်တစ်ဖက်ကကောင်းမင်လည်ပင်းကိုလှမ်းဆွဲလိုက်သည်။+
တယန်ကော်ရဲ့ မဟာစစ်သူကြီးကနှမြောစရာကောင်းစွာပဲ သူပြိုင်ဖက်ဟုတ်မနေပေ။ ဖူရွှင်းကလွဲ၍အားလုံး ကြောင်အသွားသည်။

"လက်စားချေ၊လက်စားချေ၊လက်စားချေ။ လီကျင်းထျန်းက ပြန်မွေးဖွားပြီးလက်စားချေချင်တယ် ကောင်းမင်ကလည်းပြန်မွေးဖွားလာပြီးလက်စားချေချင်တယ်။ ဒါကြောင့် ချီရှိုးကျဲ့လည်းလက်စားချေချင်တာပေါ့။ လက်စားချေတာကကြောက်စရာကောင်းတဲ့သံသရာကြီးမဟုတ်ဘူးလား?'' သူပြုံးလျက်ကောင်းမင်နားနားတီးတိုးပြောလိုက်သည်။
ကောင်းမင်ဝိညာဉ်လွင့်မတတ်ဖြစ်သွားသည်။ ''မင်းရောပြန်မွေးဖွားလာတာလား''

"ဘယ်သူသိမှာလဲ။ '' ကျိူးယွင်ရှန့်ကခပ်မဲ့မဲ့ဖြေလိုက်၏။ ''အရင်ဘဝက လီကျင်းထျန်းသေရတာက အသုံးမကျလို့၊ မင်းသေရတာကသစ္စာကြောင့်မို့ ချီမိသားစုကလူရာချီနဲ့ဘာဆိုင်လဲ။ ချီမိသားစုခေါင်းဆောင်က သမိုင်းကိုပြောင်းလဲဖို့လုပ်ခဲ့ရုံလေးပဲ။ မင်းတို့ပြန်မွေးဖွားလာတာက မင်းတို့ရဲ့အပြစ်တွေပြန်ဆန်းစစ်ဖို့အခွင့်အရေးလေ ဘာကိစ္စဒေါသကိုအခြားလူဆီပုံချရလဲ။ မင်းတို့ကအပြစ်မဲ့တဲ့လူရာချီကိုသတ်ပစ်လိုက်တာ ထားပါတော့အဲ့တုန်းက သူတို့အပြစ်မဲ့ကြသေးတယ်ပဲဆိုပါတော့။ လီကျင်းထျန်းက အသုံးမကျတဲ့မင်းတစ်ပါးပဲ ပြန်မွေးဖွားလာတော့လည်းအသုံးမကျဖြစ်တုန်းပဲ။ ငါသာဆိုရင် ငါမထိန်းချူပ်နိုင်တဲ့ဘယ်အမတ်ရယ်လို့မှရှိမှာမဟုတ်ဘူး''

ကောင်းမင်ကဆွံ့အစွာထိတ်လန့်နေပြီး ကျန်မင်းသားများနှင့်မှူးမတ်၊ကိုယ်လုပ်တော်၊အသစခံတို့က ချီကွေ့ကျွင်းနောက်အားကိုးတကြီးဝင်ပုန်းကြသည်။ ချီကွေ့ကျွင်းကအခုလိုအချိန်မှာ ရယ်နိုင်ပြီးအေးဆေးနေတယ်ဆိုမှတော့ ပြင်ဆင်ထားတာ မလွဲမသွေရှိလို့ပေါ့။

ကျိူးယွင်ရှန့် က မပိုင်ရင်ဘာမှမလုပ်ပါ။ သူမေးကိုမော့လျက် ဆန့်ကျင်ဖက်မှ လီရွှီယန်းကိုကြည့်လိုက်သည်။ 'ငါမင်းကိုအခွင့်ရေးနှစ်ခုပေးမယ် တစ် ငါတို့ကိုလွှတ်ပေးရင် ငါကောင်းမင်ကိုပြန်ပေးမယ်။ နှစ် ငါတို့ကောင်းမင်ကိုသတ်လိုက်မယ် မင်းဘာရွေးမလဲ''

ကောင်းလျန်က သူ့ကိုဓားစာခံထားပြီး ဝံပုလွေပေါက်ကိုခြိမ်းခြောက်မယ်ပြောထားတာ သူ့ကိုစိတ်မပျော်စေဘူး။ သူကအမြဲတမ်းခံရသလိုပြန်ပေးရတာသဘောကျတယ်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі