Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 7.15
အခနျး (၇၅) ခြီရှိုးကြဲ့ + လီရှီသုနျး

Unicode version available here __IC__

လီရွှီသုန်းက ထီးနန်းကိုမြန်နိုင်သမျှမြန်မြန်ဆက်ခံခဲ့ကာ ကောင်းအိမ်ဖန်တီးခဲ့သည့်ပြည်တွင်းရေးမီးတွေကို ငြိမ်းသက်ပြီး သူ့ညီတွေကိုသူတို့မွေးအမေနဲ့အဖေတွေ နန်းပြင်ခေါ်ထုတ်ဖို့ခွင့်ပြုပေးလိုက်သည်။ နတ်ရွာစံမင်းကြီးအတွက် ခမ်းနားသည့်ဈာပနအခမ်းအနားကျင်းပပေးပြီး သုံးနှစ်အခွန်ကင်းလွှတ်ကြောင်းကြေညာလိုက်သည်။
ပြည်သူအားလုံးကောင်းကျိူးခံစားရပြီး မင်းသားခြောက်ကို ဂရုဏာတရားကြီးမားသည့် ပညာရှိမင်းကောင်းဟုခေါ်ဝေါ်သမုတ်ကြတော့သည်။
"အခုမှနန်းတက်တာလေးကိုများလူတွေက ပညာရှိမင်းလို့ခေါ်နေကြပြီပေါ့'' ကျိူးယွင်ရှန့် က ခေါင်းအသားရမ်းပြီးအထုပ်ဆက်ထုပ်နေလိုက်သည်။

လီရွှီသုန်းကသူ့ကိုစူးဝါးဝါးကြည့်နေပြီး အကြိမ်တစ်​ထောင်မြောက်မေးလိုက်သည်။ ''ခမည်းတော် တကယ်ပဲထွက်သွားမလို့လား။ သားတော်ကိုကူညီပြီးနန်းတွင်းကိုမထိန်းသိမ်းပေးတော့ဘူးလား''

"နန်းတွင်းကိုထိန်းသိမ်းပေးရမယ်? ဘယ်သူကအဲ့လိုပျင်းစရာလုပ်ချင်လို့လဲ။ ငါကကမ္ဘာအဆုံးထိခြေဆန့်မှာ'' တကယ်တော့ သူ့ရဲ့ပျောက်ဆုံးနေတဲ့ချစ်သူကိုရှာဖို့ဖြစ်သည်။ လွန်ခဲ့တဲ့နှစ်တွေက နန်းတွင်းတစ်ခုလုံးမြေလှန်ရှာပေမယ့် သူရှာမတွေ့ခဲ့တာကြောင့် အဲ့လူကမိန်းမစိုးဖြစ်နေတာဖြစ်မယ်လို့တောင်တွေးခဲ့ပြီး အရပ်ရှည်ရှည်ရုပ်ချောချောမိန်းမစိုးအားလုံးကိုသူစမ်းသပ်ခဲ့သေးသည်။8
ဝံပုလွေပေါက်ကအဲ့လူတွေအားလုံးကို ကိုက်ဖြဲပစ်မတတ်ပင်။ ကျိူးယွင်ရှန့်ကိုလည်း အထီးကျန်တယ်ဆိုရင်တောင်အစေခံတွေကိုလိင်ဆက်ဆံဖို့ဖိအားမပေးသင့်ကြောင့် ခဏခဏသတိပေးသည်။ 'ခမည်းတော် တကယ်သည်းမခံနိုင်တော့ရင် သားတော်ကိုလာရှာလို့ရကြောင်း' စသည့်စကားများအထိ ကျိူးယွင်ရှန့် နှုတ်ဆိတ်သွားခဲ့ရသည်။1

"ခမည်းတော် ကျေးဇူးပြုပြီးနေပေးပါ။ သားတော်ကအခုမှထီးနန်းဆက်ခံတာ ဘာမှနားမလည်ပါဘူး။ ခမည်းတော်သာမရှိရင် သားတော်မျက်စိသူငယ်နားသူငယ်နဲ့ကြောက်နေမှာ'' လီရွှီသုန်းက ကျိူးယွင်ရှန့်ကိုနောက်ကသိုင်းဖက်လိုက်ပြီး လေပူတို့က ကျိူးယွင်ရှန့်လည်ပင်းမှကျူးရှားကျစ်သို့ရိုက်ခတ်နေသည်။3

ဒါပေမယ့်ကျိူးယွင်ရှန့်ကတော့ အထုပ်ဆက်ထုပ်နေမြဲ။ ရုတ်တရက်လည်ပင်းနားရိုက်ချက်တစ်ခုခံစားလိုက်ရပြီး မေ့မြောသွားသည်။ နောက်ဆုံးတော့ သူလက်နဲ့မွေးခဲ့တဲ့သားဆီကပေါ့။ ဒီလူဆီကတော့တိုက်ခိုက်ခံရလိမ့်မယ်လို့သူမထင်ခဲ့မိဘူး။

ဒီဝံပုလွေပေါက်ဘာလုပ်ချင်တာလဲ။ သူ့အဖေကအရမ်းစွမ်းအားကြီးလွန်းတယ်ခံစားရတာကြောင့် ရှင်းပစ်ချင်တာလား။ ဒါကမမေ့မြောခင် သူတွေးမိသည့်နောက်ဆုံးအတွေးပင်။

သူနိုးလာသည့်အခါမှာတော့ သူ့ကိုယ်သူယန်ရှင့်နန်းဆောင်မှနဂါးကုတင်ထက်တွင်ရောက်နေသည်ကိုသိလိုက်ရသည်။ ကိုယ်တွင်လည်းပါးလွှာသည့်အနီရောင်ဝတ်ရုံကိုသာဝတ်ဆင်ထားရပြီး လက်နှစ်ဖက်ကလက်ထပ်ခတ်ခံထားရကာ ခါထုတ်ပစ်၍မရအောင် နန်းဆောင်တိုင်လုံးဖြင့်တွဲချည်ထားသည်။

ငါအခုအိမ်တွင်းအကျဉ်းကျသွားတာလား? ကျိူးယွင်ရှန့် ဟက်ခနဲရယ်လိုက်သည်။

"ခမည်းတော် နိုးပြီလား'' လီရွှီသုန်းကအိမ်ဆောင်ထဲသို့ရုတ်တရက်ရောက်လာပြီး သူ့ကိုယ်တွင်အနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ ကျနစွာပြင်ဆင်ထားသည်။ သေရည်အလွန်အကျွံသောက်ထားသည်မှာ သိသာလောက်အောင်ကြေးရောင်အသားအရည်က ခပ်ပါးပါးရဲနေပြီးရီဝေနေသည်။
"မင်းဒီနေ့လက်ထပ်လိုက်တာလား?'' ဝံပုလွေပေါက်က၁၈နှစ်ပြည့်ပြီမို့ လက်ထပ်ချိန်ကျပြီ။ အထူးသဖြင့် သူကဘုရင်ဖြစ်တဲ့အတွက် အမတ်တစ်ဦးရဲ့သမီး ဒါမှမဟုတ် ကောသားတစ်ယောက်ကို မိဖုရားခေါင်အရာရွေးပြီး လစ်လပ်နေတဲ့အနောက်ဆောင်ကိုဖြည့်ရမည်ကမလွှဲမသွေကိစ္စပင်။

"ဟုတ်တယ် ကျွန်တော်ဒီနေ့လက်ထပ်လိုက်ပြီ'' လီရွှီသုန်းသည်ပူပန်မှုအပေါင်းနှင့်ချွေးများတောက်တောက်ကျနေသည်။ ဒီမလာခင်ရဲဆေးတင်ဖို့သေရည်အတော်အများသောက်ခဲ့သော်လည်း ခမည်းတော်၏ဇဝေဇဝါအမှုအရာကိုမြင်သည့်အခိုက် အသိစိတ်ကိုထိန်းချူပ်ထားသည့်ဇက်ကြိုးကအလိုလိုပြေလျော့သည်။ အခုအချိန်မှာ သူ့စိတ်ထဲလွှမ်းမိုးနေတာက ကုတင်ပေါ်ကခမည်းတောကိုခုန်အုပ်ပြီးဝါးမြိုပစ်ရန်သာ။

ကျိူးယွင်ရှန့်ကမျက်ခုံးတစ်ဖက်အသာပင့်လိုက်၏ ''ဘယ်သူ့ကလေးနဲ့လဲ''

လီရွှီသုန်းကမဖြေဝိုင်နှစ်ခွက်ကိုအသာငှဲ့ပြီး ကုတင်ရှိရာသို့လျှောက်သွားလိုက်၏။ ''ခမည်းတော် သောက်ပါ''

ဒါက ဟယ်ကျင်းသေရည်ဖြစ်သည်။(မင်္ဂလာသေရည်) ခမည်းတော်၏ခန္ဓာကိုဆွဲထူမကာတိုက်လိုက်ချင်သော်လည်း သူမရဲပေ။1

"အထဲမှာဘာအဆိပ်ထည့်ထားတာလဲ'' ကျိူးယွင်ရှန့် ဆီမှာ ဝံပုလွေပေါက်အပေါ်ယုံကြည်မှုတစိုးတစိမျှမရှိတော့ပါ။

ထိုစကားကလီရွှီသုန်းကိုငေးကြောင်သွားစေပြီး မျက်ဝန်းနက်များအားနီမြန်းလာစေသည်။ ''ခမည်းတော် ဒါကခမည်းတော်သားကိုတွေးတဲ့အတွေးလား?သားတော်ကဒုက္ခပေးလိမ့်မယ်လို့ထင်နေတာလား?''+

"မဟုတ်ရင် ငါဘာကြောင့်ဒီနေရာမှာရှိနေမှာလဲ'' ကျိူးယွင်ရှန့်က လက်ကောက်ဝတ်မှာသံကြိုးကိုလှုပ်ခါပြလိုက်၏။

"ခမည်းတော်သာထွက်သွားဖို့မလုပ်ရင် သားတော်ဒီလိုလုပ်ခဲ့မှာမဟုတ်ဘူး။ခမည်းတော်ကသားတော်ရဲ့ဘဝပါ ခမည်းတော်မရှိရင်သားတော်ကဘယ်လိုအသက်ရှင်ရမှာလဲ'' သူအရွယ်ရောက်စအချိန်ကတည်းက သူ့ခံစားချက်တွေကိုခမည်းတစ်ယောက်တည်းဆီမှာအပ်နှံခဲ့ပြီးပြီမို့ ခမည်းတော်နဲ့အတူရှိမနေရလျှင်သူပျောက်ကွယ်သွားရလိမ့်မည်။

ကျိူးယွင်ရှန့် ထေ့ငေါ့ရန် စကားဟဖို့ပြင်ရုံရှိသေး သူ့သားကရုတ်တရက်သေရည်ကိုမော့သောက်ကာ သူ့ပါးရိုးကိုညစ်၍နမ်းရှိုက်လိုက်သည်။ စပ်ရှရှသေရည်တို့ကနှုတ်ခမ်းထောင့်မှစီးကျကုန်၏။ ကျိူးယွင်ရှန့်လျှာဖြင့်တွန်းထုတ်ရန်ကြိုးစားလိုက်သော်လည်း လျှာနှစ်ခုထိတွေ့သည့်အခိုက်အတန် သူ့ဝိညာဉ်တုန်ရီသွားပြီး ရင်းနှီးသည့်ခံစားချက်ကတစ်ကိုယ်လုံးပြန့်နှံ့သွားသည်။
လီရွှီသုန်းကလည်းအလွန်စိတ်လှုပ်ရှားနေသည်။ ဒါပေမယ့်လို့ သူဟာ၁၈နှစ်လုံးအတွေ့အကြုံမရှိသေးသူမို့ ဘာလုပ်ရမှန်းမသိဗျာများနေသည်။ သူ့သိသည်ကအဝတ်များကိုဆွဲချွတ်၍ ခမည်းတော်ကိုအုပ်မိုးကာ ကိုက်ဖဲ့စုပ်ယူ ပွတ်သပ်နှိပ်နယ်ဆိတ်ဆွဲပြီး ပူးကပ်နေခြင်းသာဖြစ်သည်။
သူ့အောက်ပိုင်းကအရမ်းကိုပူလောင်နေသော်လည်း ဘာလုပ်ရမည်ကိုမသိ တုန်ရှိုက်ကာပွတ်သပ်၍ တရှုံ့ရှုံ့ငိုချလိုက်သည်။ ''ခမည်းတော် သားတော်အရမ်းပူနေပြီ။ ကယ်ပါ'' ချွေးစေးတို့ကနဖူးတလျှောက်တဒီးဒီးကျနေပြီး မောဟိုက်ကာ အသံကသနားစဖွယ်ဖြစ်နေသည်။12

ဒီဘဝမှာသူ့ချစ်သူဟာ အတွေ့အကြုံမရှိတဲ့သူဖြစ်နေမယ်လို့ ကျိူးယွင်ရှန့်မထင်ခဲ့ပင်။ ဒါကအရမ်း....ကျိူးယွင်ရှန့် ဆက်တွေးမနေနိုင်တော့ သူမွတ်သိပ်နေသည်မှာအတော်ကြာမြင့်လေမို့ ဆက်၍တောင့်မခံထားနိုင်တော့ပါ။ ကျိူးယွင်ရှန့်ခြေထောက်များကို ဝံပုလွေပေါက်ခါးသို့သိုင်းခွပြီး မိမိလက်ချောင်းများဖြင့် မိမိကိုယ်ကိုဖြေလျော့လိုက်သည်။ ထိုအခါမှ ဝံပုလွေပေါက်ကအားရဝမ်းသာအောင်ပွဲဆင်ရန်ဝင်လာတတ်တော့သည်။

၂နာရီအကြာမှ လီရွှီသုန်းက ခမည်းတော်၏ခန္ဓာကိုသန်ရှင်းရေးလုပ်ပေးသည်။ သူ့မျက်နှာကကျေနပ်နေသော်လည်း စိုးရိမ်စိတ်များပြည့်လျှံနေ၏။ ကျိူးယွင်ရှန့်ကမူစကားတစ်ခွန်းမဆိုဘဲ မျက်လုံးပေါ်လက်တင်ကာတိတ်ဆိတ်နေသည်။

ထို့နောက် ရုတ်တရက်ထရယ်ကာ တီးတိုးရေရွတ်လိုက်သည်။ ''ငါကမင်းကိုသားအဖြစ်မွေးထားခဲ့မိတာပဲ ဟားဟား ငါမင်းကိုသားအဖြစ်မွေးထားခဲ့မိတယ်....'' လက်ရှိအခြေအနေကသူ့ကိုငိုရခက်ရယ်ရခက်ဖြစ်စေသည်။ သူတစ်ချိန်လုံးရှာနေတဲ့သူက သူ့ဘေးမှာကော်လိုတစ်ချိန်လုံးကပ်နေပြီး 'ခမည်းတော်' ဟု တစာစာအော်နေခဲ့သည်လေ။5

စဉ်းစားကြည့်တော့လည်း ဒီအခြေအနေကမိုက်သားပဲ။

လီရွှီသုန်းကမူ အထင်လွဲသွား၏။ သူအတွေးထဲက ခမည်းတော်ရဲ့စကားက ''ငါ တိရစ်ဆာန် ကို သားအဖြစ်မွေးထားခဲ့မိတာပဲ။ဝံပုလွေကိုအိမ်ထဲခေါ်သွင်းခဲ့တာ ငါတကယ်သောက်ဖြစ်မရှိတာပဲ'' ဟူ၍ဖြစ်သည်။5

သူအရမ်းကြောက်နေသော်လည်း နောင်တမရပါ။ ခမည်းတော်ကိုထွေးပွေ့ရန်ကြိုးစားလိုက်သည်။ အားလုံးအဆင်ပြေသွားမှာပါ။ တစ်နေ့ကျရင် ခမည်းတော်ငါ့ရဲ့ကောင်းတဲ့အချက်တွေမြင်ပြီးလက်ခံလာမှပါဟု မိမိကိုယ်ကိုနှစ်သိမ့်နေလိုက်သည်။

လီရွှီသုန်း ကျိူးယွင်ရှန့်အနားကပ်သွားပြီး ခွေးပေါက်တစ်ကောင်လိုတိုးဝှေ့ရန်ကြိုးစားလိုက်သည်။ သို့သော် ကျိူးယွင်ရှန့်က တွန်းထုတ်ပြီး ငေါက်ငမ်းလိုက်၏။ ''ဟိုထောင့်မှာသွားနေစမ်း'' သားကနေချစ်သူအဖြစ်ကိုပြောင်းသွားတဲ့အခါ သူဆက်ဆံပုံကိုသေချာပေါက်ပြောင်းလဲရမည်။ သားက အလိုလိုက်လို့ရသည်။ ချစ်သူကတော့နည်းနည်းထိန်းကျောင်းပေးရန်လိုသည်။2

"အရူးလေး မင်းငါ့ကိုဒီလိုသံကြိုးပျော့ပျော့လောက်နဲ့ချူပ်ထားလို့ရမယ်ထင်နေတာလား'' ကျိူးယွင်ရှန့် လက်ကောက်ဝတ်ကိုအသာခါလိုက်ပြီးနောက် သံကြိုးမှာအစိတ်စိတ်အမွှာမွှာပျက်စီးသွားသည်။ ခြေကျင်းဝတ်မှသံကြိုးများလည်းထိုနည်း၎င်းပင်။ ထို့နောက်သူမတ်တပ်ရပ်ကာ အဝတ်ဝတ်လိုက်သည်။
လီရွှီသုံးကလည်းကျိူးယွင်ရှန့်ကိုအမြဲချူပ်ထားဖို့မရည်ရွယ်ပါ။ သူ့အနားကထွက်သွားမရအောင် နာရီပိုင်းမျှချူပ်ထားရုံဖြစ်သည်။ ခမည်းတော်ရဲ့အစွမ်းနဲ့ဆို ဘယ်သူကချူပ်ထားလို့ရပါလိမ့်မလဲ။
လီရွှီသုန်းပိုမိုကြောက်ရွံလာသည်။ ဒါပေမယ့်လို့ခမည်းတော်ကိုညှင်းပန်းတာမျိူး သူ့မလုပ်ရဲပြန်။ ဒူးထောက်ကာ ခမည်းတော်၏ခြေထောက်ကိုသိုင်းဖက်ပြီး မျက်နှာငယ်ဖြင့်တောင်းပန်လိုက်သည်။ ''ခမည်းတော် မသွားပါနဲ့ သားတော်မှားသွားပါတယ်။ သားတော်ကိုအခွင့်အရေးလေးတစ်ခါလောက်တော့ပေးပါ ။ ခမည်းတော်လိုချင်တာမှန်သမျှသားတော်ပေးပါမယ်။ ရွှေငွေဥစ္စာလား အာဏာလား ထီးနန်းလား တစ်လောကလား ကျွန်တော့်အသက်ကိုလား ကိစ္စမရှိဘူး။ ခမည်းတော်က သားတော်ကိုဆင်းရဲတွင်းကကယ်လာပြီး ယုံကြည်ချက်နဲ့မျှော်လင့်ချက်ကိုပေးခဲ့တာပါ။ သားကိုသိုင်းသင်ပေးပြီး သူများတွေအနိုင်ကျင့်ရာကလည်းကာကွယ်ပေးခဲ့တယ်။ ဘယ်သူကမှ သားကိုအဲ့လိုကောင်းကောင်းမဆက်ဆံခဲ့ကြဘူး သားကခမည်းတော်ကိုအဲ့အတိုင်းပြန်ပေးတပ်ချင်လို့ပါ။ ခမည်းတော် ခမည်းတော်ပဲပြောတယ်လေ သားတို့အချင်းချင်းမှီခိုသွားကြမယ်ဆို?''3

လက်ရှိ လီရွှီသုန်းဟာ စစ်မြေပြင်ကသွေးဆာနေတဲ့သားရိုင်းနဲ့ညီလာခံထက်ကရှင်ဘုရင်နဲ့လားလားမျှမဆိုင်လမ်းပျောက်သည့်ကလေးနှယ် ကူကယ်ရာမဲ့နေသည်။ ခမည်းတော်ကိုဆုံးရှုံးလိုက်ရခြင်းက လောကမှာကြေကွဲစရာအကောင်းဆုံးအဖြစ်နှယ်ဆောက်တည်ရာမဲ့နေသည်။

ဒါကသူ့ရဲ့ချစ်သူ။ ဆင်းရဲနုံချာတဲ့ဘဝမှာအထီးကျန်ကျန်ခက်ခက်ခဲခဲနေရတာ။သူပေးတဲ့အချစ်လေးနည်းနည်းအတွက်နဲ့နှလုံးသားတစ်ခုလုံးအပ်နှင်းဖို့ဝန်မလေးခဲ့ဘူး။ အခုနေသူသာဇီချန်နန်းဆောင်ကိုခေါ်မလာခဲ့ရင် ဘယ်လောက်ဘဝဆိုးနေလောက်မလဲ။ဘေးကင်းကင်း ကျန်းကျန်းမာမာ နဲ့ရော ကြီးပြင်းလာပါ့မလား။ ဒါကိုတွေးမိတော့ သူ့ဒေါသအားလုံးပျောက်ကွယ်သွားသည်။ ကျိူးယွင်ရှန့် ဝံပုလွေပေါက်ကိုကန်လိုက်ပြီးပြုံးလိုက်သည် ''အသက် ၁၈နှစ်ပဲရှိနေပြီ နည်းနည်းမှမရင့်ကျတ်သေးဘူး။ထစမ်း ငါ့ကတိငါတည်တယ်''

"ခမည်းတော် ထွက်မသွားတော့ဘူးပေါ့နော်'' လီရွှီသုန်းကခြေထောက်ကိုဖက်ထားဆဲပင်။

ဘယ်သူကအိမ်တွင်းအကျဉ်းကျနေတာလဲ ဘယ်သူကဖမ်းထားတာလဲ။ ဘယ်နဲ့ကြောင့် ဝံပုလွေပေါက်ကခံရတဲ့သူလိုအဖြစ်ဆိုးသွားရတာလဲ။ ကျိူးယွင်ရှန့် ပြုံးလိုက်ပြီး ခြေဖဝါးကို ဝံပုလွေပေါက်မျက်နှာပေါ်သို့တက်နင်းလိုက်သည်။ သို့သော်သူမေ့သွားသည်က သူခြေစွပ်ဝတ်မထားသည်ကိုပင်။ ဒါကို သားပေါက်ကအခွင့်ကောင်းယူပြီး ခြေကျင်းဝတ်ကိုဖမ်းချူပ်ကာ ခြေချောင်းများမှခြေမျက်စိတိုင်လျှာဖြင့်လျှက်လေသည်။1

ဘဝတွေအများကြီးနေလာတော့ဘာအရေးလဲ။ အကျင့်ဆိုတဲ့အရာကပြောင်းမှမပြောင်းလဲတတ်ပဲ။ ကျိူးယွင်ရှန့် ခဏမျှမျက်မှောင်ကြုတ်လိုက်ပြီးနောက်ပြုံးလိုက်သည်။

လီရွှီသုန်းက တစ်ချိန်လုံးကျိူးယွင်ရှန့်မျက်နှာကိုလေ့လာနေပြီး အပြုံးအစစ်ကိုမြင်တော့မှ ကပ်ဘေးလွှတ်ကြောင်းသိလိုက်ရတော့သည်။ သူအမြန်ထပြီး စကားတစ်ခွန်းမှမဆိုဘဲခမည်းတော်ကိုမလွှတ်တမ်းဖက်ထားလိုက်သည်။ သူ့ခမည်းတော်စိတ်ပြောင်းသွားမည်ကို သူကြောက်ရွံလွန်းလှသည်။
ဧကရာဇ်ဟာတဖြည်းဖြည်း အငြင်းပွားစရာကောင်းလာသည်။ သူဟာဇနီးမယားမရှိသလို သားသမီးလည်းမရှိဘဲ သူ့ခမည်းတော်နဲ့သာအလွန်ရင်းနှီးသောဆက်ဆံရေးရှိသည်။ မှူးမတ်တွေကမကြာခဏသူ့ကိုခြိမ်းခြောက်ဖိအားပေးကြသော်လည်း သူကချီကွေ့ကျွင်းနဲ့ဖယ်ခွာရန် ထီးနန်းစွန့်ရမည့်အခြေအနေမှာတောင်ငြင်းဆန်နေသည်။ ဒါပေမယ့်လည်း တိုင်းပြည်အုပ်ချူပ်ရာမှာတော်လွန်းတဲ့အတွက် ငါးနှစ်အတွင်း တယန်ကော်ဟာစည်ပင်ဝပြောလာပြီး အငြင်းပွားမှုများလည်းငြိမ်သက်သွားသည်။+

ချီကွေ့ကျွင်းဆုံးပါးသွားသည့်နောက်မှာတော့ ထီးနန်းကိုမွေးစားသားတော်ဆီလွှဲပေးပြီး နောက်နေ့သူပါလိုက်သွားခဲ့သည်။1
သူနဲ့ချီကွေ့ကျွင်းရဲ့ဆက်ဆံရေးဟာ မှူးမတ်များ၏မကြာခဏဝေဖန်ပြောဆိုခြင်းခံရပြီး ဈေးထဲမှာအပြောများဆုံးအကြောင်းအရာလည်းဖြစ်သည်။ သူဟာမကြာခဏညီလာခံကနေထထသွားလေ့ရှိပြီး တစ်ခဏကြာမှပြန်ရောက်လာကာ ညီလာခံဆက်တတ်တာကြောင့် အမတ်တွေကိုစိတ်ရှုပ်စေသည်ဟုလည်းဆိုကြသည်။ ဒါကြောင့်သူသေသည့်အခါ နန်းတွင်းကနေစကားပွလာခဲ့သည်။ ပြောကြသည်က မင်းကြီးဟာချီကွေ့ကျွင်းကိုတစ်နေ့၂နာရီထက်ပိုပြီးမမြင်ရရင် ကြောက်ရွံလာပြီး နန်းဆောင်ကိုပြန်ကာ ချီကွေ့ကျွင်းရှိနေသေးလားအတည်ပြုပြီးမှ စိတ်ချမ်းသာသည်ဟုဆိုသည်။
ဘယ်လောက်ပဲအချစ်ရဆုံးလူဆိုဆို လူတစ်ယောက်ကချစ်သူနဲ့၂နာရီလောက်ခွဲပြီးမနေနိုင်တာဖြစ်နိုင်လို့လား။ လူတွေကတော့ဒီအကဲပိုလွန်တဲ့အချစ်ကိုနားမလည်နိုင်ဘူး ဒါပေမယ့် သူတို့ရင်ထဲအဲ့လိုအချစ်မျိူးတောင်းတမိတာတော့ငြင်းမရဘူး။ မင်းကြီးကချီကွေ့ကျွင်းကို သနားစရာကောင်းလောက်အောင်အသည်းအသန်ချစ်နေတာမဟုတ်လား။ သူ့ခမည်းတော်မင်းကြီးက ကောင်းမင်ကိုချစ်ခဲ့သလိုပဲပေါ့။ ကြည့်ရတာလီတော်ဝင်မိသားစုတွေက အချစ်ကိုအရမ်းတန်ဖိုးထားတတ်ကြတာပဲ။ ထိုသတင်းကို မင်းကြီးဟောင်းသချိူင်းစောင့်ရန် အပြစ်ဒဏ်ပေးခံထားရသော လီရွှီယန်းကြားသည့်အခါလှောင်ပြုံးလိုက်သည်။

Arc 7 - ဗီလိန်မာယာ
(ပြီး)
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі