Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 6.10
အခန်း (၆၁) အိုးစစ်နန်ဘဝ+
Translator - Jas_astra and @2moonlover

"စစ်​နန်​...ဘာလုပ်​ဖို့စဉ်းစားထားလဲ"
စွင်းရွှီမု က​ဆေးလိပ်​ကိုမီးညှိလိုက်​ပြီး ကုလားထိုင်​နောက်​ကျောကိုဖြည်းဖြည်းချင်းမှီ​လိုက်​သည်​။

"ကျွန်​တော်​ဘာလုပ်​သင့်​လဲ​ပြောကြည့်​လေ.." တံခါးကပွင့်​သွားပြီး​ချော​မောတဲ့လူငယ်​တစ်​ယောက်​နဲ့ အတူ သူ့ရဲ့မန်​နေဂျာက​နောက်​ကလိုက်​၀င်​လာသည်​။
သူက နှစ်​ယောက်​ထိုင်​ခုံဆိုဖာ​ပေါ်မှာထိုင်​ပြီးဆက်​ပြောသည်​။

"ဘယ်​သတင်းစာကများခင်​ဗျားရဲ့ခွင့်​ပြုချက်​မပါပဲ ဒီလို​ဆောင်းပါးမျိုးဖြန့်​ဝေရဲမှာလဲ..ဥက္ကဌစွင်း"

မန်​နေဂျာခမျာ​ချွေးစက်​တွေကျ​နေသည်​။ သူ​ဌေးက တကယ်​ပဲ ဒါ​တွေအားလုံးရဲ့​တရားခံလား..ရည်​ရွယ်​ချက်​ကဘာလဲ..အိုးစစ်​နန်​ကိုပျင်းသွားလို့များဖျက်​ဆီးချင်​တာလား!​ကြောင်​တောင်​တောင်​နိုင်​တဲ့လူချမ်းသာပဲ!
အခန်းထဲကသူ​တွေအကုန်​လုံးအိုးစစ်​နန်​ကို သနားတဲ့အကြည့်​တွေနဲ့ကြည့်​လိုက်​ကြသည်​။

စွင်းရွှီမု က တကယ်​တော့အပြစ်​ရှိသလိုခံစား​နေရတာအမှန်​ပဲ..ဒါ​ပေမဲ့သူဒီလိုလုပ်​မှဖြစ်​မယ်​..ဒီလိုမှမဟုတ်​ရင်​ကြောက်​ရွံမှုနဲ့မ​ရေရာမ​သေချာမှုတစ်​ပိုင်းတစ်​စရှိ​နေတုန်းပဲ..သူ​လောကကြီးတစ်​ခုလုံးကို​ပြောပြချင်သည်။​'အိုးစစ်​နန်​ဆိုတာငါ့အပိုင်​မင်းတို့အတွက်​မဟုတ်​ဘူး' ဟုပင်​..။ သူ တခြားလူ​တွေရဲ့တစ်​ဖက်​သတ်​အကြည့်​တွေ..သူ့အရိပ်​နောက်​လိုက်​ရဖို့ အပြိုင်​အဆိုင်​ကြိုးပမ်း​နေကြတာ​တွေ..အွန်​လိုင်း​ပေါ်မှာ စစ်​နန်​ကိုသူတို့အိပ်​ရာဆီဆွဲသွင်းချင်​တယ်​ဆိုပြီး စိတ်​ကူးယဉ်​နေတဲ့လူ​တွေအားလုံးကိုသည်းမခံနိုင်​တော့​ပေ။2

​နေ့တိုင်းအချိန်​တိုင်း..သူ​ကြောက်​ရွံ့တုန်​လှုပ်​စွာ​နေခဲ့ရသည်​။ သူတို့​တွေနက်​နက်​ရှိုင်းရှိုင်းငြိတွယ်​နေတဲ့အချိန်​ကျမှပဲ သူ အနည်းငယ်​စိတ်​သက်​သာရာရ​တော့သည်။သူ​ကောင်​လေးကိုအ​ဝေးကိုဆွဲမထုတ်​သွားချင်​..သူ့​ဘေးနားမှာသာလျှင်​ထာဝရရှိ​နေ​စေချင်​သည်​။ဒါမှသာသူရုတ်​တရက်​မ​ပျောက်​သွား.. သူမလိုက်​နိုင်​တဲ့​နေရာတစ်​နေရာကိုထွက်​မသွားနိုင်​လိမ့်​မည်​။

ဒါ​ပေမဲ့ ဒီအ​တွေး​တွေက ရှင်းပြဖို့မရနိုင်​လောက်​အောင်​ရူးသွပ်​သည့်​အတွက်​စွင်းရွှီမု အိုးစစ်​နန်​ကိုမ​ပြောပြဖြစ်​ပေ။သတင်းစာတိုက်​ကသူ့ ဖုန်းရ​တော့ ဘာလုပ်​ရမှန်းမသိပဲ အထိတ်​ထိတ်​အပြာပြာဖြစ်​နေခဲ့ကြသည်​။

ယခု​တော့ သူ့ချစ်​သူရဲ့ဆုံးဖြတ်​ချက်​ကို စိတ်မသက်​သာစွာ​စောင့်​ဆိုင်း​နေရသည်​။

"က​လေးကြိုက်​တာလုပ်​လေ.."
သူကဆိုဖာခုံဆီ​လျှောက်​လာပြီး သူ့ချစ်​သူရဲ့ပခုံးနား​ကိုင်း​ညွှတ်​လိုက်​သည်​။

ကျိုးယွင်​ရှန့်​က ခံစားချက်​မရှိဟန်​နှင့်​မော့ကြည့်​ရင်း သူ့ချစ်​သူရဲ့​ဇော​ချွေးပြန်​နေမဲ့​အပြစ်​ရှိတဲ့မျက်​နှာကို​စောင့်​ကာ ဖြည်းဖြည်းချင်း​ပြောလိုက်​သည်​။
"ကျွန်​တော်​သတင်းစာရှင်းလင်းပွဲလုပ်​ပြီး​ယောက်ျား​လေးချင်းကြိုက်​နေ​ကြောင်းအသိ​ပေး​တော့မယ်​...ပြင်​ထားလိုက်​ဦး"

"​ယောက်ျား​လေးချင်း...ဘယ်​သူနဲ့လဲ"
စွင်းရွှီမုအသံကကွဲအက်​နေသည်​။

"ဘယ်​သူနဲ့လဲ​မေး​နေ​သေးတယ်​..! ကျွန်​တော်​တို့အချစ်​ရေးအ​ကြောင်းဖွင့်​ပြောမလို့​ပေါ့..ပြီးရင်​နိုင်​ငံခြားထွက်​ပြီး အ​တောင်​ပံ​တွေဆက်​ဖြန့်​မယ်​..Cနိုင်​ငံ​ဈေးကွက်​ကျွန်​တော်​ဖင်ကိုနမ်းလို့​တောင်​ရတယ်​"1

အိုးစစ်​နန်​က အထင်​သေးတဲ့အပြုံးပြုံးလိုက်​၏။
လီလိနဲ့မန်​နေဂျာတို့ သူတို့ရဲ့​ဘော့စ်​ကိုကြည့်​ရင်း​ချွေးပြန်​နေသည်​။ဒီ​တောင်းဆိုချက်​ကသိပ်​ရဲတင်းလွန်းတာပဲ..သူတို့ရင်​တွေ​ပေါက်​ထွက်​မတတ်​ပဲ!​ဘော့စ်​က​သေချာ​ပေါက်​သ​ဘောတူမှာမဟုတ်​ဘူး..အနုပညာရှင်​တစ်​ယောက်​လိင်​တူခြင်းစိတ်​၀င်​စား​နေ​ကြောင်း အသိ​ပေးတာက ဘာမှမဟုတ်​ဘူး..ဒါ​ပေမဲ့ စီးပွား​ရေးဘီလူးကြီး အသိ​ပေးတာဆိုရင်​တော့ စွင်းရှယ်​ယာ​တွေအကုန်​လုံးထိုးကျသွားပြီး သန်းနဲ့ချီဆုံးရှုံးသွားမှာပဲ။+

ဒါ​ပေမဲ့ သူတို့​တွေ​နောက်​တစ်​ဖန်​ကြောင်​သွားကြသည်​။မထင်​မှတ်​ထားစွာပင်​စွင်းရွှီမုကပြုံး​နေသည်​။ သူ့ရဲ့အပြုံးက တကယ့်​ကိုသက်​တောင့်​သက်​သာရှိ​နေတဲ့ပုံ​ပေါ်ပြီး အဆုံးမရှိတဲ့​ပျော်​ရွှင်​မှု​တွေကို​ဖော်​ပြ​နေသ​ယောင်​..။သူ့ရဲ့ကုတ်​အင်္ကျီအိပ်​ကပ်​ထဲက အနက်​ရောင်​ကတ္တီပါပိုးသားဘူးကိုထုတ်​ယူလိုက်​ကာ လူငယ်​လေးဆီကမ်းလိုက်​သည်​။

ကျိုးယွင်​ရှန့်​မှာမူယာမာယာပိုမ​နေ​ပေ..ချက်​ချင်းဆိုသလို ဘူးကိုဖွင့်​ကာ လက်​စွပ်​များကို သူတို့လက်​ချောင်း​တွေ​ပေါ်၌ ၀တ်​ဆ​င်​ထားလိုက်​ကြသည်​။1

"ကိုယ်​ဒူး​ထောက်​ဖို့လို​သေးလား..."
စွင်းရွှီမုက သူ့ရဲ့နက်​(ခ်​)တိုင်​ကိုဆွဲဖြည်ကာ အတည်​ပေါက်​မေးလိုက်​သည်​။

"တကယ်​လို့ဆန္ဒရှိရင်​ပေါ့.." ကျိုးယွင်​ရှန့်​ပြုံးလိုက်​သည်​။
စွင်းရွှီမု ချက်​ချင်းဆိုသလို ဒူး​ထောက်​ချလိုက်​ပြီး သူ့ချစ်​သူရဲ့ ဘယ်​ဘက်​လက်​ကိုင်​ကာ မြတ်​နိုးတန်​ဖိုးထားစွာ လက်​ခံကိုနူးနူးညံ့ညံ့နမ်းရှုံ့လိုက်​သည်​။1

မျက်​၀န်းထဲမှ ချစ်​ခြင်း​တို့ကပြည့်​လျှံ​နေသည်​...။လီလိနှင့်​မန်​နေဂျာတို့မှာ ရပ်​ကြည့်​မ​နေနိုင်​တော့​ပေ..အမြန်​ပင်​အကြည့်​လွှဲလိုက်​ကြကာ ထွက်​ပြေးသွားကြ​တော့သည်​။1

​နေ့လည်​ဘက်​မှာ​တော့ စွင်းရဲ့ကြယ်​ငါးပွင့်​ဟိုတယ်​မှာ အိုးစစ်​နန်​ကသတင်းစာရှင်းလင်းပွဲလုပ်​ကြသည်​။ သူနှင့်​စွန်းရွှီမုက​ဘေးတိုက်​ယှဉ်​ရပ်​နေကြပြီး​ခဲ​ငွေ​ရောင်​အ​နောက်​တိုင်းဝတ်​စုံဒီဇိုင်းဆင်​တူဝတ်​ထားကာ ဆံပင်​များလည်း ဂရုတစိုက်​ဖီးလိမ်းထားကြသည့်​အတွက်​ရောင်​ခြည်​ဖြာထွက်​နေသည့်​ဟန်​ပင်​...။

ဘယ်​သူကမှ စွင်းရွှီမုကို ဖိအားမ​ပေးနိုင်​..ဒါ​ကြောင့်​သတင်း​ထောက်​တို့ရဲ​မေးခွန်းများကို အလွန်​တင်းကြပ်​ထားသည်​။တစ်​ယောက်​ကဓာတ်​ပုံမှာအစစ်​များဟုတ်​မဟုတ်​မေးလိုက်​သောအခါ ကျိုးယွင်​ရှန့်​က​ခေါင်းညိတ်​ပြပြီး microphoneနဲ့​ဖြေလိုက်​သည်​။
"ဓာတ်​ပုံကအစစ်​ပါ..ကျွန်​တော်​ယောက်ျား​တွေကို သ​ဘောကျတယ်​"

နိုင်ငံ​ထဲက​နေရာစုံတွင်​တော့ တစ်​ချို့က TV​ရှေ့မှာ ကျိန်​ဆဲကြ..တစ်​ချို့ကစပြီးငိုယိုကြ..တစ်​ချို့က စိတ်​ဓာတ်​ကျသွားကြ...ဒါ​ပေမဲ့ဘယ်​သူကမှ သူ့​ကိုမတားဆီးနိုင်​ပေ။

"ပြီး​တော့..ကျွန်​တော့်​ချစ်​သူကလည်းအခုကျွန်​တော့်​ဘေးမှာ ထိုင်​နေပါတယ်​"
သူကလက်​နှစ်​ဖက်​လုံးကိုစားပွဲ​ပေါ်တင်​ပြလိုက်​ကာ​ကျေနပ်​လှပြီးနူးညံ့ဟန်​ပေါ်စွာပြုံး​နေသည်​။

"ကျွန်​တော်​ကူကယ်​ရာမဲ့ဖြစ်​နေခဲ့ဆုံးအချိန်​..အထီးကျန်ပြီး ၀မ်းနည်းစိတ်ဓာတ်ကျေ​နခဲ့တဲ့အချိန်​တွေမှာ..သူတစ်​ယောက်တည်းကျွန်​တော့်​ဘေးမှာရှိ​နေခဲ့ပြီးကူညီ​ပေးခဲ့တယ်​...ဒီကမ္ဘာမှာ သူကလွဲပြီး ဘယ်​သူ့ကိုမှ ကျွန်​တော်​မယုံနိုင်​တော့ဘူး သူကလွဲပြီး ဘယ်​သူ့ကိုမှလည်းမချစ်​နိုင်​ဘူး..​စိတ်​၀င်​စားတာ​တွေ​ပြောင်း​သွားမှု​ရော..အကြမ်းဖက်​မှု​တွေ​ရောမရှိဘူး..ကျွန်​တော်​တို့တကယ်​ချစ်​နေကြတာပါ"
တီဗွီ​ရှေ့က စိတ်​အလိုမကျဖြစ်​နေ​သော လူထုကြီးမှာ ရုတ်​တရက်​ငြိမ်​ကျသွားသည်​။ အိုးစစ်​နန်​ဘယ်​လိုစိတ်​ဓာတ်​ကျခဲ့ရသလဲ ပြန်​လည်​မှတ်​မိသွားကြသည်​။
စွင်းရွှီမုအတွက်​သာမဟုတ်​ရင်​...သူကပြိုလဲကျ​နေ​လောက်​ပြီလား..ဒီလို​အ​ခြေအ​နေမှာ စွင်းရွှီမုကို သူ မချစ်​ဖို့ အ​ကြောင်းအရင်းတကယ်​မရှိတာပဲ။+

စွင်းရွှီမုနှလုံး​မှာတုန်​လှုပ်​သွား​တော့သည်​။၀ုန်းဒိုင်းကြဲခုန်​ပေါက်​နေကာ အ​ပျော်​လွန်​၍ ရင်​ဘတ်​ကြီး
​ပေါက်​ထွက်​မတတ်​ပင်​...။သို့​သော်​သူ့ရဲ့မျက်​နှာမှာ​တော့ မပီသသည့်​အပြုံးတစ်​ခုသာရှိ​နေခဲ့သည်​။သူက​ကောင်​လေးဘက်​ကိုလှည့်​လိုက်​ကာ နဖူး​ပေါ်၌ အနမ်းတစ်​ပွင့်​ရိုက်​နှိပ်​လိုက်​သည်​..။ထို့​နောက်​တော့ဖြည်းဖြည်းချင်း​ပြောသည်​။

"ဟုတ်​တယ်​...ကျွန်​တော်​တို့်တကယ်​မြတ်​နိုး​နေကြတာပါ..ပြီး​တော့ကျွန်​တော်​တို့လက်​ထပ်​တော့မယ်..ဘယ်​သူ့ရဲ့ခွင့်​ပြုချက်​..ဆု​တောင်း​တွေမလိုဘူး..ဒါဒီ​နေ့သတင်းစာရှင်းလင်းပွဲအဆုံးသတ်​ပါ"

သူက​ကောင်​လေးကို ဆွဲ​ခေါ်သွားကာ​ခြေလှမ်းကျယ်​ကြီးများဖြင့်​ထွက်​သွားရင်း..သူ့​နောက်​က ကင်​မရာမီးတဖျတ်​ဖျတ်​အလင်း​ရောင်​တို့ကိုလျစ်​လျူရှု​နေသည်​။

အရပ်​ရှည်​ရှည်​အမျိုးသားနှင့်​ပိန်​သွယ်​သော အမျိုးသား..နှစ်​ယောက်​သားဖက်​ထားပုံက လူ​တွေမခွဲရက်​နိုင်​လောက်​အောင်​လှပပြီး​နွေး​ထွေးတဲ့ခံစားချက်​ပေးသည်​။ ဆန့်​ကျင်​တိုက်​ခိုက်​နေကျသည့်​အွန်​လိုင်းကလှိုင်းလုံးကြီးမှာ ရုတ်​တရက်​ပြန်​ငြိမ်​သက်​သွားကာ..ဘယ်​သူမှစကားထပ်​ဆိုစရာမရှိ​တော့​ပေ။

ဒါ​ပေမဲ့​Cနိုင်​ငံရဲ့​ရှေးရိုးစွဲပတ်​၀န်းကျင်​က ကျိုးယွင်​ရှန့်​ကိုစိတ်​မသက်​မသာဖြစ်​စေသည့်​အတွက်​Aနိုင်​ငံမှာသာ အ​ခြေချဖို့ဆုံးဖြတ်​လိုက်​သည်​။
သူတို့အနုပညာအသိုင်းအ၀ိုင်းမှာ လိင်​တူခြင်းလက်​ခံမှုက အ​တော်​လေးမြင့်​မားသည့်​အတွက်​သူ့အလုပ်​အတွက်​အတားအဆီးဖြစ်​လာမည်​မဟုတ်​ပေ။Cနိုင်​ငံပရိတ်​သတ်​တို့မှာ သတင်း​တွေကြား​သောအခါ​နောက်​တစ်​ကြိမ်​မ​ကျေမနပ်​ပြောကြ​တော့သည်​။လိင်​တူချစ်​ကြိုက်​မှုကို အလွန်​မုန်းတီးတဲ့phobiaရှိသူ​တွေ​မွှေခဲ့တဲ့ပြဿနာ​တွေကိုတကယ်​မုန်းတီးကြသည်​။​ယောက်ျားပဲဖြစ်​ဖြစ်​မိန်းမပဲဖြစ်​ဖြစ်​ကြိုက်​နှစ်​သက်​ပါစေ..ဒါသူတို့လွတ်​လပ်​ခွင့်​ဖြစ်​သည်​။ဒါကိုဘာလို့သူများဘ၀​တွေမှာဝင်​ရောက်​နှောင့်​ယှက်​ချင်​နေရတာလဲ..ဘာလို့​ဝေဖန်​တိုက်​ခိုက်​ကြတာလဲ။

တကယ်​လို့ဒီ​ဒေါသထွက်​စရာတိုက်​ခိုက်​မှု​တွေ​ကြောင့်​သာ မဟုတ်​ရင်​idolမှာ စိတ်​ပျက်​သွားပြီးထွက်​သွားမည်​မဟုတ်​ပေ။

မကြာခင်​မှာပင်​စစ်​နန်​ရဲ့ဓာတ်​ပုံများမှာ ကော​မုန့်​ရှူရဲ့ အဖွဲ့မှ အိုးစစ်​နန်​ကိုနာမည်​ဖျက်​ပြီး သူမနာမည်​သန့်​ရှင်းသွား​အောင်​လုပ်​ဖို့ အင်​တာနက်​ပေါ်တင်​ခဲ့သည်​ဆို​သော သတင်းများပြန့်​ပွားသွားသည်​။

ဒီသတင်းများကကော​မုနူ့် ရှအတွက်​ဒုက္ခများကိုသယ်​ဆောင်​လာသည်​။သူမရဲ့အဆို​တော်​လမ်း​ကြောင်းအစမှာ မထင်​မှတ်​ထားခဲ့တဲ့ရိုက်​ခတ်​မှုခံစားလိုက်​ရသည်​။ album အသစ်​ရောင်းရနှုန်းများမှာ ရာချီသာရှိပြီး​ဝေဖန်​ချက်​များမှာလည်းဆိုးရွားကာ netizenတို့မှာလည်း သူမအား 'အကြံသမား​ခွေးမ' ဟုနာမည်​ပင်​တပ်​လိုက်​ကြသည်​။

ဒါ့အပြင်​သူမက​ပြောထုတ်​မသင့်​သော စည်းမျဉ်းများကိုလည်း ကစား​နေခဲ့သူဟု သတင်းများပိုမိုထွက်​လာခဲ့သည်​။ သူမမှာ အ​ပေါ်ကိုတက်​လှမ်းဖို့ ယွင်​ကျစ်ယွမ်​နှင့်​ရောလင်းစီချင်းနှင့်​ပါ အလွန်​မသင့်​လျော်​သော ဆက်​ဆံ​ရေးရှိ​နေခဲ့သည်​။ဒါ့အပြင်​အဲpostနှင့်​အတူ သူနှင့်​အမျိုးသားနှစ်​ယောက်​အလွန်​နီးနီးကပ်​ကပ်​ထိ​တွေ့​နေ​သောပုံများမှာ ပါလာသည်​။ဓာတ်​ပုံများမှာ zoomနှင့်​ရိုက်​ထားပြီးရုပ်​ထွက်​ကလည်းအ​တော်​လေးကြည်​သည်​။

ညစ်​ညမ်းလှ​သောနမ်းရှုံ့ခြင်း​တွေ အိပ်​ရာ​ပေါ်လှဲ​နေမှု​တွေ...စသဖြင့်​..မျက်​စိကိုအဆွဲ​ဆောင်​နိုင်​ဆုံးပုံက​တော့ သူမနဲ့လင်းစစ်ချင်း​ရေချိုးခန်းထဲ အချစ်​ကမ္ဘာထဲကျ​ရောက်​နေတဲ့ပုံပင်​..။

ယွင်​ကျစ်ယွမ်​ရဲ့​မေးခွန်း​တွေ​အောက်​မှာ ကော​မုန့်​ရှူ
ရူးသွားမတတ်​ပင်​..။သူမ Eနိုင်​ငံ​ရောက်​နေတဲ့လင်းစစ်ချင်းကိုဖုန်း​ခေါ်ပြီး​ဖြေရှင်းခိုင်းဖို့်လုပ်​တော့သည်​။ လင်းစီချင်း၏အ​ခြေအ​နေမှာဆိုးရွား​နေသည်​..။သူ့စိတ်​အ​ခြေအ​နေကလည်းလုံးဝကိုရှုပ်​ယှက်​ထွေး​နေသည့်​အတွက်​ဖြေရှင်းဖို့မလုပ်​ပဲ ဓာတ်​ပုံ​တွေကအမှန်​ပါဟု ၀န်​ခံကာ ယွင်ကျစ်ယွမ်​လည်းအလွန်​ဒေါသထွက်​သွား​တော့သည်​။နည်းပညာရှင်​တွေက​နောက်​ပိုင်းကျ ပုံ​တွေက အတု​တွေပါဟု သက်​သေခံလိုက်​သော်​ငြား ယွင်ကျစ်ယွမ်​မှာ ကော​မုန့်​ရှူကိုယုံမကြည်​တော့ပဲ မျက်​နှာနှစ်​ဖက်​နဲ့မိန်းမဟုသတ်​မှတ်​လိုက်​သည်​။
သူမ့ရဲ့ ပျက်စီးသွားတဲ့ ဂုဏ်သတင်းတွေကို ပြန်ရှင်းလင်းဖို့ ယောက်ျားတစ်ယောက်ရဲ့ အကူအညီ မပါဘဲ ခယ်​မုန့်​ဆု တစ်ယောက် ဒီလောက ထဲ ကို ပုံမှန်အတိုင်း ရသင့်တဲ့ အောင်မြင်မှု ကိုတောင် မရနိ်ုင်ဘူး။ သူမက ရုန်းကန်နေရတဲ့ တတိယအဆင့် အနုပညာရှင် ဖြစ်လာပြီးသူမကိုယ် သူမ ထောက်ပံ့ပေးဖို့အတွက် သူမ ပေါများတဲ့ သာမန် variety shows မှာ ပါဝင်ခဲ့တယ်။ သူမ ဘ၀မှာ လုံးဝလမ်းပျောက်နေ​လေပြီ။+

တူညီသော နှစ်ရဲ့ ဇွန်​လတွင် B တိုင်းပြည်​မှာ ကမ္ဘာ့ ဖလား ကို ကျင်းပခဲ့ ပြီး အိုးစစ်​နန်​က ပိတ်​ပွဲအတွက်​ဖျော်ဖြေရန် ဖိတ်ကြားခံရသည်​။

အဆက်မပြတ် ထွန်းတောက်နေတဲ့ မီးရှူး မီးပန်း​တေီ ကြားမှာ၊ ဆွဲဆောင်မှုအပြည့်နဲ့ smoky make up ချယ်သထားတဲ့လူငယ်တစ်ယောက် က စင်ရဲ့ အလယ်​ကို ကို ဖြည်းဖြည်းချင်း တက်လာတယ်။ သူရဲ့ သေးပိန်ပေမဲ့ စွဲမက်ဖွယ် ခန္ဓာကိုယ်ကို ပြသရင်း ဂျာကင် ကိုယ်ကြပ်နဲ့ fit ဖြစ်တဲ့အမဲရောင် leather ဘောင်းဘီ ကို ဝတ်ဆင် ထားတယ်။ သူ့ဆံပင်ကတော့ လုံးဝ အနောက်ကို လှန်တင် ထားပြီး နက်ရှိုင်းတဲ့
ပြိုင်ဖက်ကင်း မျက်နှာ ကျပေါ်လွင်နေပြီး ပန်းနုရောင်
နှုတ်ခမ်းတို့က လုံးဝ ဖြူတော့နေတယ်။ သူရဲ့ ပုံပန်းသွင်ပြင် တစ်ခုလည်း ငွေရောင်သတ္တု အသွင် ဆောင်နေပါတော့သည်​။

သူဟာ လျှပ်စီးသဖွယ် မီးတောက်သဖွယ် ချောမောခန့်ညားနေပေမဲ့ တစ်ပြိုင်နက်ထဲမှာ ပဲ မိုးကြိုး သဖွယ် ခက်ထန်မှုတွေလည်းပြည့်နှံ့နေတယ်။

သူက လက်ကို ဝေ့ယမ်း နှုတ်ဆက်လိုက်ပြီးထောင်သောင်းပေါင်းများစွာသော သူတွေကလည်း ပြန်ပြီး လက်ပြနှုတ်ဆက် တယ်။ သူကတဲ့အခါ အဲ့ဒီ ထောင်သောင်း ပေါင်းများစွာသောသူတွေက လိုက်ကတယ်။ သူအော်တယ် ပြီးတော့ အဲ့ သူတွေက အော်ဟစ်လိ်ုက်တယ်။ သူ့လက်ကို မြင့်မြင့် ထောင် လိုက်တယ်၊ ပွဲ ကျင်းပရာ နေရာ တစ်ခုလုံး လက်ခုပ်သြဘာသံများ နားအူမတတ် ဆူညံ ပေါက်ကွဲထွက်လာတယ်။ သူက ကျေနပ်တဲ့ အပြုံးတစ်ခု ပန်ဆင်လိုက်ပြီးနောက် သူ့လက်ချောင်း ကို နှုတ်ခမ်း တွေဆီ ရွေ့လိုက်ပြီး အားလုံးကို ငြိမ်သက်သွားအောင် လက်ဟန်ပြရင်း ရှူး ...လုပ်လိုက်​တော့ ကွင်းထဲမှာ အပ်ကျသံတောင် ကြားရ​လောက်​သည်​။

သူက အားလုံးရဲ့ အရှင်သခင်ပဲ။သူရဲ့ သီချင်းဆို တဲ့
စွမ်းရည်နဲ့ သြဇာ တို့ကို ဘယ်သူကမှ မတောင့်ခံနိုင်ပါဘူး။

ကင်မရာက သူ့နောက် လိုက်လံရိုက်ကူးနေပြီး သူ့ရဲ့ ပြိုင်ဖက်ကင်းအလှတရားတို့အား ဖန်သားပြင် အကြီးကြီးမှာ အရိပ်ထိုးပြသနေတယ်။ တစ်ချို့ က ငိုကြယိုကြ၊ တစ်ချို့ကလည်းအော်ဟစ်ကြနဲ့၊ တစ်ချို့ များဆို ပင်ပန်းမှုကြောင့်မေ့လဲကုန်ကြတယ်။ လေ့ကျင့်ထားတဲ့ ၀န်​ထမ်းတွေကလည်းကွင်း အပြင်မှာ ဆေးရုံတင်ယာဉ် တွေဆီ တင်ဆောင်ရန် ထမ်းစင်များကိုင်ဆောင်ရင်း စောင့်နေကြတယ်။

အိုးစစ်​နန်​ရဲ့ ဆောင်ရွက်ချက်ကြောင့် ကမ္ဘာ့ဖလား ရဲ့ အပိတ် အခမ်းအနား ဟာဆိုရင် နှစ် တစ်ခုလုံးရဲ့ အလွန့်အလွန်ကြီးမားခမ်းနား ပြီး တုန်လှုပ်ဖွယ်ကောင်းသောပွဲ တစ်ခုဖြစ်လာပါတော့တယ်။သူရဲ့ ပရိသတ်များကမျိုးနွယ်များကွဲပြားကြပြီး မတူညီတဲ့ ဘာသာစကားတွေကို ပြောဆိုကြတဲ့ ကမ္ဘာတစ်လွှမ်း အနှံ့ပျံ့နှံ့ နေတာပဲဖြစ်ပါတယ်။

ကွင်းအပြင်ဖက်က ကင်မရာကတော့ လူအုပ် ဖက်ကို ရွေ့ သွားပြီး ကြုံရာကျပန်း ကြည့်ရှုသူများကို ချိန်လိုက်တယ်။ screen ပေါ်မှာ မျက်နှာပေါ်လာတဲ့ သူတွေတိုင်း "အိုးစစ်​နန်​ချစ်တယ်!" လို့အော်ကြတယ်။ VIP ခန်းထဲမှာတောင် B Country သမ္မတ က စည်းချက်​အလိုက်​ထဲမှာမတ်တပ်ရပ်၊ မျောလွင့်ရင်းသာတတ်နိုင်တော့တယ်။သူက စတိတ်စင်ဆီတောင် အနမ်းလေးတွေ ပေးနေလိုက်သေးတယ်။3

C country ကနေ ထွက်လာပြီးနောက် အိုးစစ်​နန်​ကအချို့သော ကြိုတင်ဝေဖန်မှုများအတိုင်း တိတ်တိတ်လေး မှေးမိန်ပျောက်ကွယ်မသွားပါဘူး။ သူက ကြံ့ကြံ့ ခံစွာ ရပ်တည်နိ်ုင်ခဲ့တဲ့အပြင်အရမ်းကို ကောင်းမွန် ထိုက်တန်တဲ့ international star တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သီချင်းတွေရဲ့ ဘုရင်ဖြစ်သူ သူရဲ့ဖခင်ကို ဟန့်တားခဲ့တဲ့ သူတွေ ဟာ အခုတော့ သူ့ကို မြင်တဲ့အခါ သူတို့ အတွက် သီချင်း တစ်ပုဒ် နှစ်ပုဒ် လောက် ရေးပေးရန် မျှော်လင့် လျက် ဦးညွတ် ကြလေ၏။

လင်းစစ်​ချင်း က တစ်နှစ်ခွဲလောက် E Country မှာ​နေခဲ့ပြီး သူပိုက်ဆံ ပြတ်​လပ်သွားတဲ့အခါသူ့ရဲ့ ဇိမ်ခံ တိုက်ခန်းကနေ အခန်းကျဉ်းလေးကိုသာပြောင်းရွေ့လိုက်နိ်ုင်တယ်။ ဒီလောက် ပျက်စီးသွားတဲ့ ဂုဏ်သတင်းရှိသူဖြစ်တဲ့အတွက်ကြောငြာသူတွေက သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းလိုက်ကြတယ်။ သူဖက်ကလည်း လျော်ကြေးငွေ အမြောက်အများကို ပြန်ပေး
လိုက်ရတယ်။သူ့ရဲ့ ဇိမ်ခံ ကားနဲ့ စံအိမ်ကို ရောင်းလိုက်မှသာ နောက်ဆုံး ပိုက်ဆံအားလုံးလုံလောက်သွားတယ်။

အခု သူက screen ပေါ်က အလွန်တောက်ပနေတဲ့အမျိုးသားအား အတွေး ဗလာ နတ္တိဖြင့် စိုက်ကြည့်နေရင်း TV ရှေ့မှာထိုင်နေတယ်။ သူပရိသတ်တွေရဲ့ စိတ်ခံစားမှု တွေကို ကျွမ်းကျင်စွာကိုင်တွယ်/ ဆွဲခေါ် သွားပုံ၊ သူရဲ့ အမြင့်သံကို ကြွားဝါ စွာ ပြသလိုက်ပုံ၊ အားလုံးကို ရူးသွပ်သွားအောင် စွမ်း ဆောင် နိုင်ပုံတို့ကို စောင့်ကြည့်ခဲ့တယ်....သူ စင်ပေါ်ကနေ ဆင်းသွားပြီး စွင်းရွှီမု ကိုထွေးပွေ့ လိုက်ပြီး နွေးထွေးတဲ့ အနမ်းပေးလိ်ုက်တာကို ကြည့်နေခဲ့တယ်။
ကွင်းထဲက လူပေါင်း (၂၀၀,၀၀၀) က သူတို့ရဲ့ ကောင်းချီးပေးတဲ့ဆုမြတ်တွေကို အော်လိုက်ကြတယ်၊ လူငယ်လေးကို မျက်စိများပြူးကျယ်သွားစေပြီး ရယ်အောင် လုပ်ပေးလိုက်နိုင်တာပေါ့။+

လင်းစစ်​ချင်း ကလည်း သူနဲ့အတူရယ်လိုက်မိတယ်၊ပြီးနောက် သူမျက်နှာ ကို အုပ်လိုက်ရင်းခါးသက်စွာ ငိုကြွေးလိုက်မိတော့သည်။

1
°°°
Arc 6 - အချစ်၏တေးသွား
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі