Arc 7.8
အခန်း(၆၉) ချီရှိုးကျဲ့ဘဝ3
မြင်းစာမြက်ခြောက်တစ်ဝက်တိတိမှာအနောက်ယီစစ်တပ်၏လုယူခြင်းခံရပြီး တစ်ဝက်မှာပြာချခြင်းခံရလေသည်။ လီကျင်းထျန်းက ကိစ္စကိုအကွက်ကျအောင်စီစဉ်ပြီးအတွင်းလူကိုပါသုတ်သင်ပစ်လိုက်ပေမယ့်အဲ့တာကပဲကောင်းမင်ကိုသံသယဝင်သွားစေတော့သည်။ အနောက်ယီကိုမသိမ်းနိုင်မှန်းသိလိုက်ရတော့ကောင်းမင်ဟာဒေါသမာန်ဟုန်တောက်လောင်နေတော့သည်။ခြေလှမ်း၉၉လှမ်းကလှမ်းပြီးခဲ့ပြီ ။ ဒီနောက်ဆုံးတစ်လှမ်းကျမှမြို့တော်ကိုအရှုံးသမားအဖြစ်သူမပြန်လို ။ သည့်အပြင်အမတ်တွေရဲ့ကဲ့ရဲ့ပစ်တင်သံတွေနဲ့ လီကျင်းထျန်းရဲ့ဂရုဏာခွင့်လွှတ်မှုတွေကို ဘယ်လိုသိက္ခာအကျခံလက်ခံရမှာလဲ။
ဒါကြောင့်သူစာနှစ်စောင်ရေးလိုက်သည်။ တစ်စောင်ကသူ့အစ်ကိုဆီနောက်တစ်စောင်ကသူအယုံကြည်ရဆုံးမိတ်တွေ လီဝမ်ဆီ။2
လီဝမ်နှင့်ကောင်းလျန်တို့ မြို့တော်ကထွက်လာပြီးတိတ်တဆိတ်တွေ့ဆုံကြကာ နယ်စပ်ကကောင်းမင်ဆီရိက္ခာပို့ဖို့ကြိုးစားသည်။ ရာထူးအရှိန်အဝါကြောင့်မြို့စောင့်နယ်စောင့်အရာရှိများကိုအသာတကြည်ချော့ပြီး ပြည်တွင်းကရိက္ခာအကုန်နယ်စပ်ကိုပို့လိုက်ကြသည်။နှောက်ယှက်သူအဟန့်အတားမရှိဘူးဆိုသောငြား လီကျင်းထျန်း၏သူလျိူများကမူသတင်းအစဉ်ပို့လျှက်ရှိသည်။
စာကိုဖတ်ရပြီးနောက်မှာ လီကျင်းထျန်းတဆတ်ဆတ်တုန်နေတော့သည်။ကောင်းမင်ဟာဒုက္ခရောက်နေချိန်မှာ ပထမဦးဆုံးသတိရတာသူမဟုတ်ဘဲ လီဝမ်ဖြစ်နေတယ်။ ဒါကိုကြည့်တာနဲ့ သူတို့ကြားကပတ်သက်မှုအတိမ်အနက်ကိုလူတိုင်းခန့်မှန်းနိုင်တာပဲ။ သူတို့မရင်းနှီးပါဘူးလို့ သူ့ကိုယ်သူမညာနိုင်တော့ဘူး။ ဘယ်သူကကိုယ်မနှစ်သက်တဲ့သူအတွက်သေပေးမှာလဲ။ ဘယ်သူကမချစ်ဘဲနဲ့မြို့တော်ကိုစွန့်ပြီးသွားကယ်ပါ့မလဲ။ သည့်အပြင်သူဟာကောင်းလျန်နဲ့လီဝမ်ရဲ့အတင့်ရဲမှုကိုကြောက်ရွံနေသေးသည်။ သူတို့အနောက်ယီကိုသွားတဲ့လမ်းမှာ ဘုရင်တွေအလားပဲ ဘယ်သူမှမတားနိုင်ကြဘူး။ ရိက္ခာတောင်းရင်ရိက္ခာ၊ လက်နက်တောင်းရင်လက်နက်၊ စစ်သည်တောင်းရင်စစ်သည်ဘုရင့်အမိန့်တော်ပြားပြစရာမလိုပါဘဲ ကိုယ့်သဘောနဲ့ကိုယ်ရနေကြတယ်၊ သူတို့ကဘုရင်ကိုဘယ်ချောင်ပို့လိုက်တာလဲ။ကောင်းလျန်နဲ့လီဝမ်သာပုန်ကန်မယ်ဆိုရင်တောင်အဲ့လူတွေကသူ့ကိုလျှောက်တင်ဖို့ကောင်းလျန်နဲ့လီဝမ်ကို ဒူးတုန်နေကြမှာပဲ။
လီကျင်းထျန်းဒေါသထွက်နေပေမယ့်ညီလာခံမှာတော့အေးဆေးတည်ညိမ်စွာလုပ်ဆောင်သည်။ ပြီးတော့ သူသင်ခန်းစာတစ်ခုရလိုက်ပြီ။ကောင်းအိမ်နဲ့လီဝမ်ကို လွယ်လွယ်နဲ့ဖယ်ရှားလို့ရမှာမဟုတ်ဘူးဆိုတာပဲ။ တစ်ခုခုလုပ်လိုက်တာနဲ့နေရာအနှံ့ကနားတွေဟာ သူတို့ဆီသတင်းစကားပို့ပေးလိမ့်မယ်။
အစ်ကိုဖြစ်သူနဲ့လီဝမ်ရောက်လာတော့ကောင်းမင်ကအနောက်ယီကိုပြန်တိုက်နိုင်သွားသည်။ တစ်ချိန်ထဲမှာပဲ သူ့ဂုဏ်သတင်းကမြို့တော်မှာမွှေးပျံ့နေသေးသည်။ရာထူကြီးအမတ်ကစလို့မြင်းချေးကြုံးအဆုံး အားလုံးကစစ်သူကြီးကောင်းရဲ့ကဲရင့်မှု ပရိယာယ်ကြွယ်ဝမှုကိုအရသာခံပြောရတာကဂုဏ်ယူစရာကိစ္စလို့ပင်ဖြစ်နေသည်။ စစ်သူကြီးကောင်းရဲ့ ရဲရင့်မှုကြောင့်နိုင်ငံတော်စည်ပင်သာယာရတဲ့အကြောင်းပါ ထည့်ပြောကြသေး၏။
ငါ့တယန်နိုင်ငံကြီးစည်ပင်ဖွံ့ဖြိုးနေတာအကုန်လုံးကောင်းမင်ကြောင့်ပေါ့လေ။ လီကျင်းထျန်းနန်းမြင့်ထက်တွင်မတ်တပ်ရက်လျက်မြို့ကြီးကိုကြည့်ရင်းခေါင်းအနည်းငယ်ကိုင်းကာ သရဖူမှကျောက်စိမ်းပုတီးလုံးများဖြင့်အေးစက်စက်အပြုံးကိုဖုံးကွယ်လိုက်သည်။
မဟာတပ်မတော်ကြီးဟာနေဝင်ရီတရောအချိန်မှာအလံတလူလူနဲ့မြို့တော်ထဲကိုပြန်ဝင်လာကြကုန်သည်၊ကောင်းမင်ကတပ်မတော်ရှေ့ ဦးတွင်ဦးဆောင်နေပြီး ကိုယ်ပေါ်မှသံချပ်ကာများကငွေရောင်တောက်နေသည်။ နန်းမြို့ရိုးပေါ်သို့ သူမော့ကြည့်လိုက်ပြီးအနည်းငယ်အရွယ်ရောက်ပြီဖြစ်တဲ့သားငယ်ကြောင့်သူပြုံးလိုက်မိ၏။ ထို့နောက်မင်းကြီးကိုသူကြည့်လိုက်သည်။ လီကျင်းထျန်းကသူ့ကိုလက်ပြနေပြီး မျက်ဝန်းတို့ကအစဉ်သဖြင့်နူးညံ့နေသည်။ကောင်းမင်ရုတ်တရက်စိတ်သက်သာရာရသွားပြီး ပြခဲသည့်နူးညံ့သောမျက်နှာထားပင်ပေါ်လာသည်။+
ရက်အနည်းငယ်ကြာတော့ ညီလာခံမှာပွတ်လောရိုက်နေကြသည့်အကြောင်းအရာက နန်းလျာရွေးချယ်ဖို့ရန်ပင်။ ရည်ညွှန်းခံရသူကအခြားလူမဟုတ်ကောင်းမင်သား မင်းသားငါးသာ။
မိန်းမစိုးများကလျှောက်လွှာများကိုကူစီပေးနေကြသည်။ ထိုစာများအားလုံးကကောင်းမင်နဲ့မင်းသားကိုချီးကျူးသောစာများသာဖြစ်ပြီး သူတို့နှစ်ဦးဟာတယန်ကောကိုကယ်တင်ဖို့ နတ်ပြည်မှဆင်းသက်လာသော နတ်မင်းများနှယ်မင်းကြီးဟာသူတို့ကိုပိုင်ဆိုင်ထားလို့ ကံကောင်းပါကြောင်း စသည်ဖြင့်ရေးသားထားကြသည်။
"သိပ်ကောင်းတယ်! ငါအခုလိုပလ္လင်ပေါ်ထိုင်နိုင်နေတာကလည်း အကုန်ကောင်းမင်ကြောင့်ပဲပေါ့ အရမ်းကောင်းတယ်!" လီကျင်းထျန်းသဝဏ်လွှာတွေကိုတွန်းဖယ်ပစ်ချလိုက်ပြီး မျက်လုံးများကနီရဲနေသည်။ထို့နောက်နိမ့်ချည်မြင့်ချည်အပြင်းအထန်အသက်ရှူနေရသည့်ရင်ဘတ်ကရုတ်တရက်တည်ညိမ်သွားပြီး ထိုသဝဏ်လွှာများကိုကိုယ်တိုင်ပြန်ကောက်ကာအေးအေးဆေးဆေးပြောလိုက်သည်၊ ''ကောင်းပြီလေ ဒါကအများပြည်သူလိုချင်တာဆိုမှတော့ ငါသူတို့ဆီကောင်းကွေ့ကျွင်းကိုပေးလိုက်မယ်။ အမတ်တွေကအကြံဥာဏ်ကောင်းတွေပေးကြတာပဲ''
ဒီကိစ္စကိုတရားဝင်သတ်မှတ်ဖို့ကသူ့ဆန္ဒရှိသလောက်အချိန်ဆွဲထားလို့ရသည်။ သူမင်းသားငါးကိုသဘောကျပါသည်။ ဒါပေမယ့်လည်းမင်းသားငါးနောက်ဘယ်သူရှိနေလဲတွေးမိတဲ့အခါ စက်ဆုပ်မိသည်။
ထို့နောက်အမိန့်တော်ပြန်တော်ကိုလက်ခံရရှိသည့်အပါးတော်မြဲမိန်းမစိုးကြီးကညီလာခံကိုအကြောင်းပြန်ရန်ကတိပေးလိုက်သည်။
...
တော်ဝင်စာသင်ဆောင်တွင်လီရွှီယန်းသည်ချီးကျူးမြှောက်စားမှုများနှင့်မာန်ဝင့်နေပြီးကောင်းလန်၏ဒုတိယသားကောင်းနျန်ကတော့ဒုတိယနေရာချီးကျူးခံနေရသည်မို့ဘုံမြှောက်နေ၏။
"ငါ့ဦးလေးငယ်ကကြီးမြတ်တဲ့စစ်သူကြီးပဲ သူ့ကြောင့်သာမဟုတ်ရင်နယ်စပ်ကလူတွေဘယ်မှာအေးချမ်းပါ့မလဲ။ ဦးလေးငယ်ရဲ့စွမ်းဆောင်မှုတွေက အတိုင်းမသိချီးမြှောက်မှုနဲ့ထိုက်တန်တယ်။ နယ်စပ်မှာနေရတာဘယ်လောက်ခက်ခဲလည်းဆိုတာ အိမ်မှာခိုကပ်နေပြီး ပုန်ကန်သောင်းကျန်းဖို့လောက်ပဲတတ်တဲ့ လူဖျင်းတွေတော့သိမှာမဟုတ်ဘူး။ ငါသာဆိုရင်အဲ့လိုအမှိုက်တွေကိုကျင်းထဲထည့်မြှုပ်ပစ်လိုက်ပြီ''
"ပုန်ကန်သောင်းကျန်းတယ်ဆိုတာ ဘာပြောလိုက်တာလဲ ''အေးအေးစက်စက်အသံတစ်ခုကတံခါးဝမှထွက်ပေါ်လာပြီးကောင်းနျန်လှည့်မကြည့်ရသေးခင်ပင်ဆံပင်ကိုခပ်ကြမ်းကြမ်းဆွဲဆုပ်ခံလိုက်ရကာ မျက်နှာနှင့်စားပွဲမိတ်ဆက်သွားသည်။ ထို့နောက်အဆက်မပြတ်ထိုးကြိတ်ကန်ကြောက်မှုများကိုခုခံရန်အချိန်ပင်မရလိုက်ဘဲသွေးလွန်ကာမေ့မြောသွားလေသည်။
ပဉ္စမမင်းသားအသိဝင်လာချိန်လူတွေကိုခေါ်ပြီးမင်းသားခြောက်ကိုဝိုင်းချူပ်ခိုင်းသော်ငြားအချိန်မမှီလိုက်။ စာသင်ခန်းတစ်ခုလုံးဗြောင်းဆန်နှင့်နေပြီ။နောက်ဆုံးမှာတော့ကောင်းနျန်ကိုအစေခံများကထမ်းပိုးဖြင့်ထမ်းလျက်ကောင်းအိမ်သို့ပြန်ပို့လိုက်ရသည်။ ပြန်နိုးလာရင်ဘယ်လိုနေမလဲတော့ ဘယ်သူမှမသိကောင်းလျန်ကတော့ထျန်းချန်နန်းဆောင်ပြေးပြီး သားငယ်အတွက်တရားမျှတမှုကိုတောင်းဆိုနှင့်နေပြီ။+
လီကျင်းထျန်းရဲ့ဇီချန်နန်းဆောင်အပေါ်မျက်နှာသာပေးမှုကြောင့်ကောင်းမင်ခပ်တင်းတင်းမထိရဲပေ။ သို့ပေမယ့်ချီရှိုးကျဲ့နှင့်ဆဌမမင်းသားအား ပထုတ်နိုင်ရင်အမြဲတွေးတောနေသူမို့သူကိုယ်တိုင်ပါဝင်ရောက်အသနားခံလေသည်။
မင်းသားခြောက်၏နေရာမှာမင်းသားငါးပြီးလျှင်တစ်ဆင့်သာကွာသည်မို့ ရဲမတ်များကသူ့ကိုမဖမ်းချူပ်ရဲဘဲ ဇီချန်နန်းဆောင်သို့ပြန်ပို့ကာအထက်အမိန့်ကိုစောင့်ကုန်ကြလေသည်။ လီကျင်းထျန်း ၊ကောင်းမင်ဆီကကောင်းနျန်သတင်းကြားတာနဲ့တော်ဝင်သမားတော်လွှတ်ပြီး အခြေအနေကြည့်ခိုင်းလိုက်သည်။ အခြေအနေကထင်ထားသည်ထက်ပင်ဆိုးဝါးနေသည်မို့ သူဇီချန်နန်းဆောင်ဆီအမြန်ပြေးသွားလိုက်သည်။ သို့သော်ငြားအဝင်ဝတွင်တုန့်ဆုတ်မြဲ။ ဤအေးစက်ခြောက်ကပ်သည့်နန်းဆောင်ထဲသူမရောက်ဖြစ်တာ မည်မျှကြာပြီလဲ။ နှစ်ဘဝရှင်သန်ခဲ့ပေမယ့်သူအပြစ်ရှိဆုံးခံစာရေတာက ကောင်းမင်မဟုတ်ချီရှိုးကျဲ့သာ။ သူကျူးလွန်ခဲ့တဲ့အပြစ်အတွက်ပြန်လည်ပေးဆပ်ရန်ဘယ်သော်အခါမှကျေလိမ့်မည်မဟုတ်။ထို့ကြောင့်ဘဝမှာမျက်နှာချင်းမဆိုင်ရဲဆုံးလူက ချီရှိုးကျဲ့သာဖြစ်သည်။ မည်သူတစ်စုံတစ်ဦးမှထွက်မလာသည်ကို မြင်ကတော့မှသူအထဲကိုတဖြည်းဖြည်းဝင်သွားလိုက်ပြီး အဆောင်အပြင်တံခါးရှေ့တွင်ရပ်နေမိသည်။
ထိုတံခါးအနောက်တွင်မင်းသားခြောက်၏စကားသံကိုသူကြားရသည်။ ''ခမည်းတော်၊ သားတော်လွန်တာသားတော်သိပါတယ်။ ဒါပေမယ့်ဒါကဘယ်လိုမှသည်းခံနိုင်စရာမဟုတ်ဘူးလေ။ ဖမခည်းတော်က ခမည်းတော်ကိုချမ်းသာပေးခဲ့ပြီးပြီပဲကို ဘာလို့ကောင်းနျန်ဆိုတဲ့ကောင်ကသူပုန်လို့စွပ်စွဲနေသေးလဲ''
ချီရှိုးကျဲ့အသံကနေမြဲအတိုင်းပင်တည်ညိမ်နေဆဲ ''ဘာလို့လဲဆိုတော့ သူကကောင်းမျိူးနွယ်မို့ပေါ့''
"ဘာကိစ္စကောင်းမျိူးနွယ်ကိုဂရုစိုက်ရမှာလဲ ကျွန်တော်ကလီမျိူးနွယ်''
ချီရှိုးကျဲ့က ခပ်ဖော့ဖော့ရယ်၏ ''ငတုံးလေး မင်းမျိူးနွယ်ကိုမင်းသိပ်ကြီးကျယ်တယ်များမှတ်နေလား။ဟုတ်ခဲ့ရင်တောင်အရင်ကပဲ။အခု မင်းသူတို့ကိုအာခံလို့မရသလို မင်းအဖေမင်းကြီးကိုယ်တိုင်တောင်သူတို့ကိုမဖယ်ရှားနိုင်ဘူး''
"ဖခမည်းတော်ဘုရား ကတောင်သူ့တို့ကိုမဖယ်ရှားနိုင်ဘူးဟုတ်လား ဒါဘယ်လိုဖြစ်နိုင်မှာလဲ''
မယုံနိုင်သည့်လေသံနှင့်မင်းသားခြောက်ကို ချီရှိုးကျဲ့ကစိတ်ရှည်လက်ရှည်ရှင်းပြသည်။ ''ကောင်းလန်ကညီလာခံကိုလွှမ်းမိုးထားပြီးကောင်းမင်ကစစ်တပ်ကိုချူပ်ကိုင်ထားတာ။ နန်းတော်အတွင်းအပြင်နှစ်ခုလုံးကကောင်းအိမ်ရဲ့လက်ထဲမှာပဲ။ကောင်းကွေ့ကျွင်းကငါတို့ကိုရှင်ဆိုရှင်သေဆိုသေ အစအနဖျောက်လိုက်လို့ရတယ်။ ငါ့အသက်နဲ့ငါ့သားအိမ်ကိုဖျက်ဆီးတာဘယ်သူလို့ထင်လဲ။ကောင်းနျန်ကတော်ဝင်သွေးမဟုတ်ပေမယ့်သူ့နံမည်ရှေ့ကကောင်းဖြစ်နေသ၍မင်းကိုနင်းချေပစ်နိုင်တယ်''+
မင်းသားခြောက်ကအတန်ကြာတိတ်ဆိတ်နေပြီးမှ ခပ်တိုးတိုးမေးလိုက်သည်။ ''ခမည်းတော်ဒီတိုင်းပြည်ကကောင်းမျိူးနွယ်ရဲ့တိုင်းပြည်လား လီမျိူးနွယ်ရဲ့တိုင်းပြည်လား''
"မင်းတိုင်းပြည်ပါ...ဒါပေမယ့်နောက်ပိုင်းကျဘယ်သူပြောနိုင်မှာလဲ'' ချီရှိုးကျဲ့ကသက်ပြင်းချပြီး ''ဒါကြောင့်နောက်ကျရင်ပြသာနာမရှာနဲ့။ သွား ယန်ရှင့်နန်းဆောင်ရှေ့ဒူးထောက်ပြီး ခွင့်လွှတ်ဖို့သနားခံ
ချည်။ မင်းအဖေကိုမျက်နှာပျက်အောင်မလုပ်စမ်းနဲ့''
မင်းသားခြောက်ကသဘောမတူသောလေသံဖြင့်ခပ်တိုးတိုးပြော၏။ ''ဖခမည်းတော်ဘုရား ဘယ်လိုတွေတွေးနေလဲသားတော်ဖြင့်စဉ်းစားမရတော့ဘူး''
လီကျင်းထျန်းမှာထိုစကားများကြားပြီးနောက်ရှက်ရှက်နှင့်ထွက်သွားလေသည်။ ပုံမှန်ဆိုချီရှိုးကျဲ့ဟာ နန်းဆောင်အပြင်မထွက်ဘဲနန်းတွင်းရေးရာနဲ့လည်းမနီးစပ်တာမို့ မသိလောက်ဘူးလို့သူထင်ခဲ့ခြင်းဖြစ်သည်။ အခု ချီရှိုးကျဲ့တောင်မှဒီလိုမြင်ရင်ကျန်အမတ်တွေကရောသူ့ကိုမည်သို့မြင်နေကြမည်နည်း။
လီကျင်းထျန်းဟာသူ့မှတ်ဥာဏ်ထဲက မင်းသားငါးနန်းတက်လာပုံကိုပြန်မြင်ယောင်ပြီး ရင်ဘတ်တစ်ခုလုံးတင်းကြပ်လာခဲ့သည်။ အမတ်တွေအားလုံးကကောင်းမင်နှင့်မင်းသားငါးဖက်မှာရှိပြီး အစစ်အမှန်ရှင်ဘုရင်ဖြစ်သော သူ့အားမေ့နေခဲ့ပြီ။ ထိုအတွေးများကသူ့ကိုဒေါသမာန်နဲ့ခြေလှမ်းသွက်စေသည်။
မင်းကြီးအဝေးကိုရောက်သွားတော့မှ ကျိူးယွင်ရှန့်ကသားကောင်ပေါက်၏ခေါင်းကိုပွတ်သပ်ပြီး ချီးကျူးလိုက်သည်။ ''တော်တယ်ဒါပေမယ့်မင်းသရုပ်ဆောင်တာနည်းနည်းတောင့်နေသေးတယ်။ လူသတ်ဖို့အကောင်းဆုံးအချိန်ကနေ့ခင်းကြောင်တောင်မဟုတ်ဘူး အရိပ်ထဲကဓားကိုင်စောင့်နေတဲ့အချိန်ပဲ။ ဘယ်သူမှသတိမထားမိအောင်သတ်ပစ်လို့ရတဲ့နည်းလမ်းတွေရှိပါလျက်မင်းက ဘာလို့လက်အပေခံသေးလဲ''1
လီရွှီသုန်း က သူ့ဖခင်၏ခါးကိုတင်းကြပ်စွာဖက်ထားပြီး မျက်နှာတင်းတင်းဖြင့်ပြန်ဖြေသည်။ ''ခမည်းတော်ကိုမလေးစားတဲ့ဘယ်သူမဆိုကျွန်တော်သည်းမခံနိုင်ဘူး။ ဒါကြောင့်သူ့ကိုကိုယ်တိုင်အပြစ်ပေးရမှကျေနပ်တယ်''
"တော်လိုက်တဲ့ကလေး'' ကျိူးယွင်ရှန့်က ရယ်မောလိုက်ပြီးချက်ချင်းပင်အစေခံများအား အဆူးပင်များရှာစေကာ လီရွှီသုန်းကို နန်းမဆောင်ရှေ့၌ဒူးထောက်စေသည်။
မင်းသားခြောက်အပြစ်အတွက်ခွင့်လွှတ်ပေးဖို့ယန်ရှင်န့န်းဆောင်ရှေ့ဒူးထောက်စဉ်ကောင်းမင်ကမသနားသည့်အပြင်ဆူးပင်များထပ်ထည့်ပြီးနောက်နေ့နေ့လည်ထိဒူးထောက်ရန်အမိန့်ပေးလိုက်၏။
မင်းသားခြောက်ဒူးတွေကွဲပြီးအရိုးတွေခဲတော့မှကောင်းမင်ကပြန်လွှတ်လိုက်သည်။ ကံကောင်းသည်ကကောင်းနျန်မသေပေ။ နိုးလာသည့်အခါခေါင်းမူး၍အန်ချင်ရုံမှတစ်ပါးအခြားမည်သည့်လက္ခဏာမှမရှိ၍ကောင်းအိမ်သည့်လက်တုန့်ပြန်ရန်လက်လျော့လိုက်ရသည်။ တကယ်လို့ကောင်းနျန်သာသေသွားပါက မင်းသားခြောက်ဟာအသက်နဲ့ပြန်ပေးဆပ်ရလိမ့်မည်။
လီကျင်းထျန်းက လီရွှီသုန်းကိုတော်ဝင်စာကြည့်ဆောင်ခေါ်တွေ့ပြီးပြင်းပြင်းထန်ထန်သတိပေးပြီး ပြစ်ဒဏ်ကိုခြောက်လတိတိတိုးမြှင့်လိုက်သည်။ ဒါပေမယ့်သူ့စိတ်ထဲမှာတော့ဒေါသမရှိ သနားခြင်းသာနက်နက်နဲနဲဖြစ်ပေါ်နေသည်။ အစက မင်းသားငါးနဲ့ခြောက်ဟာသူ့အချစ်ဆုံးသားတွေဖြစ်ခဲ့ပြီးမင်းသားငါးကိုပိုချစ်ပေမယ့်အခုဒီတစ်ခေါက်ကိစ္စမှာ သူ့စိတ်ကမင်းသားခြောက်ဆီအလေးသာချင်ပြီ။
မင်းသားခြောက်ဟာနောက်ခံအင်အားလည်းမရှိ ရိုးရှင်း၍မိဘပေါ်လည်းရိုသေမှုရှိသည်။ အရေးအကြီးဆုံးက သူ့အရေးအချင်းသားမင်းသားငါးထက်သာလွန်ခြင်းပင်။ ဒါကြောင့်သူက တယန်ကောထီးနန်းကိုဆက်ခံဖို့ အသင့်လျော်ဆုံးပင်။ အခုလက်ရှိမေးခွန်းကတော့ သူ့ဒူးဘယ်လောက်များထိခိုက်သွားသလဲဆိုတာပင်။ကောင်းမင်သာသူ့ကိုဒုက္ခိတဖြစ်အောင်လုပ်လိုက်ရင်တယန်ကောကြီးကိုဆက်ခံမယ့်သူ့သားမရှိတော့ဘူးမဟုတ်လား။ မင်းသား၁၂ဟာကောင်းသားအဖကြောင့်သေခဲ့ ပြီးပြီ ။ မင်းသားခြောက်လည်းသုံးစားမရတော့ရင်။ အခြားမင်းသားတွေဟာအရည်အချင်းညံ့ဖျင်းလွန်းတာမို့ တယန်ကောကိုဆက်ခံဖို့အရည်အချင်းမမှီ။ ဒါဆို သူ့ရဲ့တယန်ကောဟာကောင်းမျိူးနွယ်တို့ရဲ့တယန်ကောဖြစ်သွားတော့မှာလား။+
ဆုံးဖြတ်ချပြီးနောက်နန်းလျာရွေးချယ်ရန်သူဆက်အချိန်ဆွဲထားလိုက်သည်။ကောင်းမင်ကိုတော့ မင်းသားငါးဟာအခြားမင်းသားတွေကိုအနိုင်ယူဖို့အတွေ့အကြုံမရင့်ကျတ်သေးမှာစိုးတဲ့အတွက်နှစ်အနည်းငယ်ငယ်လောက်အတွေ့အကြုံယူစေချင်ကြောင်းပြောထားလိုက်သည်။
ကောင်းမင်ဟာလီကျင်းထျန်းရဲ့အလိုလိုက်မှုအပေါ် ကျင့်သားရနေပြီမို့ သူဘာပြောပြောလက်ခံပေးမှာပဲဆိုတဲ့စိတ်နဲ့လီကျင်းထျန်းဆင်ခြေကို သံသယမဝင်မိပေ။ သူ့အစ်ကိုကိုလည်း နန်းလျာရွေးချယ်ဖို့ဆူပူနေကြတဲ့အမတ်တွေကိုညိမ်အောင်ထိန်းခိုင်းထားလိုက်သည်။ ညီလာခံဟာညိမ်ကျသွးပေမယ့်လို့ကောင်းမိသားစုရဲ့အရှိန်အဝါအပေါ် လီကျင်းထျန်းမကျေနပ်မှုကတော့အထွတ်အထိပ်ရောက်နှင့်နေပြီ။
လီရွှီသုန်းနန်းဆောင်ယမုခ်ဝရှေ့အစေခံတွေတွဲကူပြီး ပြန်လာတဲ့အချိန်သူ့ခမည်းတော်ဟာမုခ်ဦးဝရှေ့စောင့်နေသည်ကိုတွေ့လိုက်ရသည်။ မျက်နှာချောချောကမှုန်ကုပ်နေပြီး အကြည့်တို့ကသတ်ဖြတ်လိုဟန်လွှမ်းသော သားကောင်ကဲ့သို့ဖြစ်နေ၏။
သားပေါက်လေးကိုသူကိုယ်တိုင်ခန်းမထဲတွဲခေါ်ပြီး အကည်အသွေးမြင့်ဆေးများဖြင့်ဒဏ်ရာကိုဆေးထည့်ပေးသည်။ မျက်လုံးတို့ကစူးရှနေသော်လည်းအသံကမူ နူးညံ့နေသည်။ ''ကောင်းသွားမှာပါ ငါ့သား။ ဒီလောက်ဒဏ်ရာလေးကတစ်လ၊နှစ်လဆိုပျောက်ပြီ။ ငါအစကအများကြီးဝင်မပါချင်ခဲ့ဘူး။ သူတို့ဘာသာပျက်စီးသွားတာကိုပဲကြည့်နေဖို့ဆုံးဖြတ်ထားတာ။ ဒါပေမယ့်ခုသူတို့ကမင်းတို့ကိုအနိုင်ကျင့်တော့ မင်းဖခမည်းတော်ငါကကောင်းမင်နဲ့လီရွှီယန်းကိုမင်းအတွက်ဖျက်ဆီးပေးမယ်။လောကမှာကြောက်စရာအကောင်းဆုံးအခြေအနေကဘာလဲသိလား။ အဲ့တာဆင်းရဲတာလည်းမဟုတ်ဘူး အထီးကျန်တာလည်းမဟုတ်ဘူး။ မင်းကိုယ်မင်းသုခဘုံပေါ်ရောက်နေပြီလို့ထင်နေတဲ့အချိန်ရုတ်တရက်ငရဲထဲတွန်းချခံရတာပဲ။ မင်းခမည်းတော်ကသူတို့ကိုအဲ့လိုနည်းနဲ့ခံစားစေရမယ်''
ခမည်းတော်သူ့အတွက်စိတ်ပူနေတယ်။ ခမည်းတော်ကသူ့အတွက်လက်တုန့်ပြန်ပေးမှာတဲ့။ ခမည်းတော်ကအရမ်းကြင်နာတတ်တဲ့သူ။ သူကငါ့အတွက်ဒေါသထွက်နေတယ်။ အတွေးများတစ်ခုပြီးတစ်ခုနှင့်အတူအပျော်လွန်နေသော လီရွှီသုန်းမှာခေါင်းညိမ့်ရုံမှတစ်ပါး မည်သည့်စကားမျှမဆိုနိုင်ရှာပေ။1
ခမည်းတော်ကောင်းသားအဖကိုဘယ်လိုငရဲထဲတွန်းချမလဲဆိုတာတော့ သူစိတ်မဝင်စားပါ။ ဘာလို့ဆို ခမည်းတော်ရဲ့အရည်အချင်းကိုအကြွင်းမဲ့သူယုံသည်။

Коментарі