Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 3.6
အခန်း(၂၇) ရှမ်းရိပင်းဘဝ

အ​ရှေ့နန်း​ဆောင်​သို့ ကျိူးယွင်​ရှန့်​အ​ခေါ်ခံရသည်​။.သူ့​ရောက်​သည့်​အခါ မင်းသားက ကြီးမားသည့်​ကြေးမှုံ​ရှေ့တွင်​ရပ်​နေပြီး သူ့ကိုယ့်​သူမှုန်​တေ​တေမျက်​နှာဖြင့်​ကြည့်​နေသည်​။

မင်းသားက ဝတ်​ရုံချွတ်​ထားပြီး​ဘောင်းဘီကိုသာဝတ်​ဆင်​ထားသည်​။ သူ့ရဲ့​ကျောပြင်​နဲ့ရင်​ဘတ်​ကြွက်​သားများက​တောင့်​တင်း​နေပြီး​ကောက်​ကြောင်းများက​ချော​မွေ့သည်​။​ရေယက်​သဏ္ဌာန်​လှိုင်း​နှစ်​ခုက ဝမ်းဗိုက်​အဆုံးမှ​ပေါင်​ခြံသို့ သွယ်​ယှက်​ဆင်းသွားပြီး​သေသပ်​လှပသည့်​ဝမ်းဗိုက်​ကြွက်​သားကို​ပေါ်လွင်​စေသည်​။​ကြေးနီ​ရောင်​အသားအရည်​က ပိုလို့​တောင်​ဆွဲ​ဆောင်​မှုရှိ​စေပြီး တစ်​ချက်​ကြည့်​မိရုံမျှဖြင့်​ရင်​ဖို​စေနိုင်​သည်​။ 5

ဝတ်​ရုံကိုကိုင်​ထားကြသည့်​နန်းတွင်းသူနှစ်​ဦးမှာလည်း ရှက်​သွေးဖြာပြီး ခိုးကြည့်​နေမိကြသည်​။ 3

ကျိူးယွင်​ရှန့်​တောင့်​ခဲသွားပြီး ချက်​ချင်း​ခေါင်းငုံ့ ဦးညွှတ်​လိုက်​သည်​။ သူကသန်​မာပြီးခန့်​ညားသည့်​ယောက်ျား​တွေကိုသ​ဘောကျသည်​။ ပြီး​တော့ မင်းသားကလည်းသူ့သ​ဘောကျသည့်​ယောက်ျားပုံစံမျိူးဖြစ်​နေသည်​။ ( ৺ ◡৺ ) 43

"မင်း​ရောက်​လာပြီကိုး'' မင်းသားက အ​စေခံ​တွေကိုအပြင်​ထွက်​ခိုင်းပြီး ဝမ်းဗိုက်​ကြွက်​သားကိုပွတ်​သပ်​ရင်း​မေးသည်​။ ''မင်း...ဒီပုံစံက ပြီးပြည့်​စုံတယ်​လို့​ပြောလို့ရနိုင်​လား''

ကျိူးယွင်​ရှန့်​အမြန်​မော့ကြည့်​ပြီး​ခေါင်းညိမ့်​လိုက်​သည်​။

မင်းသားကပြုံးပြီး​အေးစက်​စွာ​ပြောသည်​''အပြင်​က​တော့ ပြီးပြည့်​စုံ ပါတယ်​။ အတွင်းက​တော့​ဆွေး​မြေ့ပြီး အခွံဖြစ်​နေတာကြာပြီ''

မင်းသား၏မျက်​လုံးထဲတွင်​အမုန်းတရားများကခို​အောင်းနေပြီး အခြားမ​ကောင်းသည့်​ခံစားချက်​များရှိ​နေသည်​။ ထိုခံစားချက်​များက အသက်​ရှူဖို့ပင်​ခက်​ခဲ​စေသည်​။

ကျိူးယွင်​ရှန့်​မျက်​လုံးမှိတ်​ပြီး ဖြည်းဖြည်းချင်း​ပြောလိုက်​သည်​။ ''တကယ်​လို့ ထိုက်​စစ်​တျန့်​ရှ သာ ဟန်​ရှစ်​စန်း ကိုဖြတ်​လိုက်​မယ်​ဆိုရင်​နှစ်​အနည်းငယ်​အတွင်း အ​ကောင်းပကတိပြန်​ဖြစ်​နိုင်​ပါတယ်​''

"ဖြစ်​နိုင်​ပါ့မလား'' မင်းသားကဝတ်​ရုံကို ဝတ်​လိုက်​ပြီး​ရှေ့သို့​လျှောက်​လာသည်​။ ၁၀စင်​တီမီတာအရပ်​ကွာခြားမှုက ကျိူးယွင်​ရှန့်​ကို အနည်းငယ်​ဖိအားဖြစ်​စေသည်​။

"အရှင့်​သား​ဆေးမဖြတ်​ရင်​ရေငတ်​တာကိုအဆိပ်​သောက်​သလိုဖြစ်​နေမှာပါ။ ငါးနှစ်​ကြာတဲ့အခါ ထိုက်​စစ်​တျန့်​ရှ........​သေရပါလိမ့်​မယ်​'' ကျိူးယွင်​ရှန့်​နောက်​ကိုနှစ်​လမ်းဆုတ်​လိုက်​ပြီး ဟိုမုန်းထုတ်​လွင့်​မှုကို ဟန့်​တားလိုက်​ရသည်​။ 3

မင်းသားကအတန်​ကြာတိတ်​ဆိတ်​နေပြီးမှ လက်​ကို​ဝေ့ရမ်းကာ​ပြောလိုက်​သည်​။ ''​ကောင်းပြီ​လေ။ ဖြတ်​တာ​ပေါ့''

ကျိူးယွင်​ရှန့်​ဦးညွှတ်​လိုက်​ပြီး ''အရှင်​မင်​သား ကျွန်​တော့်​ကိုသက်​ညှာ​ပေးဖို့​တောင်းဆိုပါတယ်​။ ကုသတဲ့အချိန်​အတွင်းမှာ ကျွန်​တော့်​ရဲ့အပြုအမှု​တွေက မ​လေးစားရာကျ​ကောင်းကျနိုင်​ပါတယ်​။ အရှင့်​သား ကျွန်​တော့်​ကိုအပြစ်​မ​ပေးဖို့​တောင်းဆိုပါတယ်​။''

မင်းသားကဘာမှမ​ပြောပဲ သူ့ကိုပဲ​လေးနက်​ပြီးမခန့်​မှန်းနိုင်​သည့်​အကြည့်​ဖြင့်​ကြည့်​နေ​လေသည်​။

ကျိူးယွင်​ရှန့်​ကဆက်​ပြောသည်​''တကယ်​လို့ ထိုက်​စစ်​တျန့်​ရှ သာ တစ်​ခုခုဖြစ်​ခဲ့ရင်​ဒီအမတ်​ငယ်​မင်းသားနဲ့အတူ စမ်း​ချောင်းဝါကိုဖြတ်​ဖို့ အ​ဖော်​ပြု​ပေးပါမယ်​'' အဲ့ဒီ​နောက်​ကြည်​လင်​တောက်​ပ​သောမျက်​လုံးတို့နှင့်​မော့ကြည့်​လိုက်​သည်​။ 9

မင်းသားကသူ့စကားမှာခံစားမိသွားပုံရသည်​အေးစက်​နေသည့်​သူ့မျက်​နှာက​နွေး​ထွေးလာပြီး ခဏ​အကြာမှာ​ခေါင်းညိမ့်​လိုက်​သည်​။ ''မင်​နဲ့စာရွက်​ယူလာခဲ့''

မျက်​စိတစ်​မှိတ်​အတွင်းမှာပဲ​ခြောက်​လဆိုသည့်​အချိန်​ကကုန်​ဆုံးသွားခဲ့ပြီ။ ကျိူးယွင်​ရှန့်​မင်းသားရဲ့​ခြေလက်​တွေကိုတုပ်​နှောင်​ထားတဲ့ ကြိုး​တွေကို​ဖြေလိုက်​ပြီး သက်​ပြင်းချလိုက်​သည်​။

"ထိုက်​စစ်​တျန့်​ရှ ဘယ်​လိုခံစားရလဲ။'' မင်းသားရဲ့​ခြေလက်​ပေါ်ကအနီ​ရောင်​ပွန်းပဲ့ရာ​တွေကို​ဆေးလိမ်းရင်းသူ​မေးလိုက်​သည်​။

မင်းသားက လက်​ကိုဒူး​ပေါ်တင်​ထားပြီး ကျိူးယွင်​ရှန့်​၏ ညင်​သာသည့်​လှုပ်​ရှားမှုကိုကြည့်​နေသည်​။ ဘယ်​လိုခံစားရလဲ။ သန်​မာရာက အားနည်းသွားတာ အဆင်​မ​ပြေသလို သာမန်​လည်းမဟုတ်​ဘူး။ ဒီနှစ်​ဝက်​အတွင်း သူအရိုး​တွေကွဲလုနီးနာကျင်​မှုကိုခံစားခဲ့ရသည်​။ ဒါ​ပေမယ့်​ယခင်​က​လေးလံ​နေသည့်​ခန္ဓာနှင့်​စာရင်​သူ့စိတ်​ကအရမ်းကိုလွတ်​လပ်​ပေါ့ပါး​နေသည်​။ အရင်​ကလုပ်​ရပ်​တွေပြန်​တွေးကြည့်​ပြီး အခုမှ အိမ်​မက်​ကနိုးလာသလိုပင်​။

"ကိုယ်​တော်​ဘယ်​နှနှစ်​လောက်​အသက်​ရှင်​နိုင်​အုန်းမလဲ''​ဆေးကိုဖြတ်​လိုက်​ရင်​သူအသက်​လည်းဆုံးရမည်​ကိုသိသည်​။

"ကျွန်​တော်​မသိပါဘူး။ ဒါ​ပေမယ့်​မင်းသားခံနိုင်​ရည်​ရှိသ​လောက်​ရှင်​နိုင်​အုန်းမှာပါ''

"ခံနိုင်​ရည်​ရှိသ​လောက်​? ဒီလိုအ​ခြေအ​နေမှာ ကိုယ်​တော်​စိတ်​ကဘယ်​လိုလုပ်​ခံနိုင်​ရည်​အားကို​မွေးမြူနိုင်​မှာလဲ'' မင်းသားတီးတိုးဆိုရင်း ရယ်​၏။ သူ့မျက်​ဝန်းထဲ၌ ကိုယ့်​ကိုယ်​ကို​လှောင်​ရိပ်​များသန်း​နေသည်​။

ကျိူးယွင်​ရှန့်​ဘာမှမ​ပြော​တော့ပဲ ဦးညွှတ်​ပြီးထွက်​သွားလိုက်​သည်​။ မူး​နေတဲ့မင်းသားက ရူး​နေတဲ့မင်းသားထက်​ရင်​ဆိုင်​ရခက်​တယ်​။ အရင်​က သူကမတည်​ညိမ်​ပေမယ့်​လို့ သူ့စိတ်​ကိုခန့်​မှန်းလို့ရ​သေးတယ်​။ ဒါ​ပေမယ့်​အခု​တော့ ပင်​လယ်​ကြီးလိုပဲ ဘာအရိပ်​အ​ယောင်​မှမရှိဘူး။

​ခြောက်​လအတွင်း သူ့ကိုယ်​သူ​ရောဂါ​ကြောင့်​အ​ရှေ့​ဆောင်​မှာပိတ်​နေခဲ့သည်​။ ဒါ​ပေမယ့်​မင်းကြီးရဲ့မျက်​နှာသာ​ပေးခံရမှုပြန်​ရ​အောင်​လည်း ကြိုးစားသည်​။ ဒုတိယ၊တတိယနဲ့စတုတ္ထမင်းသား​တွေကို အမှား​တွေဆက်​တိုက်​လုပ်​အောင်​စီစဉ်​သည်​။ လွန်​ခဲ့​သောလအနည်းငယ်​အတွင်း သူ့တို့ရဲ့အ​ရေးပါမှုက​လျော့ကျသွားသည်​။ ကျန်​သောမင်းသားများလည်း သတင်း​ကြောင့်​တုပ်​တုပ်​မလှုပ်​နိုင်​ပေ။

အရင်​လို ထက်​မြတ်​တဲ့စိတ်​အ​ခြေအ​နေကိုပြန်​ရောက်​သွားပြီလို့ထင်​ရ​ပေမယ့်​ကျိူးယွင်​ရှန့်​က​တော့ မင်းသားစိတ်​က​ပြောင်းလဲသွားသည်​ဟုသာသိသည်​။ သူ့ရဲ့အကြင်​နာတရား​တွေအားလုံး က ဖုန်​တွေလို​ပျောက်​ကွယ်​သွားပြီး အခုအမုန်း​တွေပဲကျန်​ရှိ​တော့တယ်​။ 1

မင်းသားကလည်း သူ့ရဲ့ကုသမှုက သူ့ကိုတစ်​နေ့တစ်​ခြားအားနည်းလာ​စေသည့်​ကိုမြင်​တော့ စိတ်​အ​ခြေအ​နေလည်းမ​ကောင်းပဲထိုင်းမှိုင်းလာသည်​။ ''မင်းအ​ဖေနဲ့မင်းက ကိုယ်​တော့်​ကို​ရွေးချယ်​ခဲ့တာ မထင်​ခဲ့ဘူးမလား ကိုယ်​တော်​ကတစ်​ပိုင်း​သေပြီးသားဖြစ်​နေမယ်​လို့။ မင်းတို့ရှမ်းအိမ်​ကို နှစ်​တစ်​ရာ​ကောင်းချီး မ​ပေးနိုင်​မှာစိုးမိတယ်​''

"ထိုက်​စစ်​တျန့်​ရှ က​ဖြောင့်​မတ်​တဲ့လူပါ။ ကျွန်​တော်​မျိူးအခုလိုခစားခွင့်​ရတာနဲ့တင်​ဂုဏ်​ရှိလှပါပြီ'' ကျိူးယွင်​ရှန့်​ဦးညွှတ်​လိုက်​သည်​။ သူမင်းသားရဲ့စိတ်​ကိုမမှန်းဆနိုင်​တာ​ကြောင့်​သူ့တာဝန်​မပြီးခင်​မင်းသားလက်​နဲ့အသတ်​မခံရ​အောင်​သာကာကွယ်​ရမည်​။ သူ့ဝိညာဉ်​က မ​သေနိုင်​ပေမယ့်​လို့ ရှမ်းရိပင်း က​တော့​သေနိုင်​သည်​။

မင်းသားကလည်း ထို​ကောင်​လေးဆီက ဘာကိုကြားချင်​နေမိမှန်းမသိ။ သူ့ကိုရည်​မှန်းချက်​ကြီး​စေတာလားမသိ။ ဒါမှမဟုတ်​အခုလိုကူညီရတာက ကိုယ်​ကျိူးမပါတဲ့စိတ်​ရင်း​ကြောင့်​လို့ ကျိန်​ဆို​စေချင်​တာလား။ ခင်​များဘယ်​သူပဲဖြစ်​ဖြစ်​ဘယ်​နေရာပဲ​ရောက်​ရောက်​ကျွန်​တော်​ခင်​များကိုခွဲမသွားဘူးလို့လား။ 6

ဘာလဲ။ ဘာ​ကြောင့်​သူ ဒီ​ကောင်​လေးရဲ့နှလုံးသားကိုလိုချင်​နေရတာလဲ။

မင်းသားလည်းနားလည်​လိုသည်​။ သူ ကျိူးယွင်​ရှန့်​ကိုစိုက်​ကြည့်​လက်​ဝေ့ရမ်းကို ထွက်​သွားခိုင်းလိုက်​သည်​။

"​နောက်​ကျရင်​ကျူပ်​ကို ကူစစ်​နျန်​လို့​ခေါ်လို့ရတယ်​''

ထိုအသံနက်​နက်​ကိုကြားချိန်​ကျိူးယွင်​ရှန့်​က တံခါးဝမှာ​ရောက်​နှင့်​နေပြီ။ စစ်​နျန်​— ထိုစာလုံးနှစ်​လုံးက သူ့ကိုလန့်​သွား​စေပြီး​နောက်​ကိုအမြန်​လှည့်​ကြည့်​မိသည်​။ 3

"炎炎(ရန်​) ဆိုတဲ့​တောက်​လောင်​ခြင်း ၊
景 (ကျင်း) ဆိုတဲ့​တောက်​ပခြင်း၊曆(လီ) ဆိုတဲ့​ခေတ်​၊
億萬 斯年 (ရီဝမ့်​စစ်​နျန်​) ဆိုတဲ့ နှစ်​ပေါင်း ကု​ဋေကုဋာ။
ဒါကအရမ်းကို အထီးကျန်​စရာ​ကောင်းတဲ့နံမည်​ပဲ။ မင်းမှာ​ကောရှိလား'' မင်းသားကို​မေးကို​မော့ရင်း​မေးသည်​။ 2

"ယွင်​ရှန့်​၊ အမတ်​ငယ်​ကို ယွင်​ရှန့်​လို့​ခေါ်နိုင်​ပါတယ်​'' ဖြူ​ရော်​နေသည့်​အမျိူးသားကိုသူစိုက်​ကြည့်​ရင်း​ဖြေလိုက်​သည်​။

"ယွင်​ရှန့်​၊ ရင်းနှီး​နေသလိုပဲ။ '' မင်းသားက​တွေ​ဝေ​နေဟန်​ရှိ၏။

ကျိူးယွင်​ရှန့်​ပြေးပြီး​ကော်​လန်​ဆွဲကာ ဘယ်​မှာကြားဖူးတာလဲလို့​မေးမိ​တော့မလို့ ဒါ​ပေမယ့်​သူ့စိတ်​သူပြန်​လျော့ထားရသည်​။ အဲ့ဒီလူက codeအတွဲသက်​သက်​ပဲ။​သေသွားတာကထာဝရ​ပျောက်​ကွယ်​သွားတာပဲ။ သူ့​နောက်​ဘယ်​လိုလိုက်​လာမှာလဲ။ ပြီး​တော့ နဉ်​စစ်​နျန်​က ဘယ်​လိုလုပ်​ကျိူးယွင်​ရှန့်​ဆိုတဲ့နံမည်​ကိုသိနိုင်​ပါ့မလဲ။ 16

သူ့ရဲ့တထိပ်​ထိပ်​ခုန်​နေတဲ့ နှလုံးသားကိုထိန်းပြီး သူထပ်​ပြောလိုက်​သည်​''ထိုက်​စစ်​တျန့်​ရှ မစိုးရိမ်​တော်​မူပါနဲ့။ အရှင့်​သားခန္ဓာကိုယ်​ကပြန်​ကောင်းလာမှာပါ။ ကျွန်​တော်​နည်းလမ်းစဉ်းစားလိုက်​ပါအုန်းမယ်​။'' သူ့စကား​တွေက​မျှော်​လင့်​ချက်​မရှိ​ပေမယ့်​လို့ ဒီကမ္ဘာမှာ ဝိညာဉ်​စမ်း​ရေ နဲ့ပြန်​မွေးဖွားလာတဲ့ မိန်းမတစ်​ယောက်​ရှိ​နေတာပဲ။ မင်းသားအတွက်​ရ​အောင်​သူနည်းလမ်းရှာရမည်​။

​ကောင်​လေးရဲ့မျက်​လုံး​တွေက ကြည်​လင်​နေပြီး အသံကလည်းခိုင်​မာသည်​။ သူ့စကားအတွက်​တစ်​ဘဝလုံးအသုံးပြုပြီး ဖြည့်​ဆည်းမယ့်​ပုံ​ပေါ်သည်​။ မင်းသားကရုတ်​တရပ်​သူ့ရဲ့တစ်​ကိုယ်​ကောင်းဆန်​မှုကိုခံစားမိသည်​။ သူ့အနားမှာ ဒီ​ကောင်​လေးရှိ​နေသ၍ လုံ​လောက်​ပါပြီ ။

"မင်းရဲ့စကား​တွေ။ ကိုယ်​တော်​မှတ်​ထားမယ်​။ ကူစစ်​နျန်​ဘုန်းတန်​ခိုး​တောက်​ရင်​ရှမ်းအိမ်​လည်း အကျိူးခံစားရမယ်​''

ကျိူးယွင်​ရှန့်​ရှမ်းအိမ်​နဲ့ပတ်​သက်​ပြီး စိတ်​မပူပါ။ သူမင်းသားကို​ကျေးဇူးတင်​အပြုံးပြုံးပြလိုက်​ပြီး ဦးညွှတ်​ကာ ထွက်​သွားလိုက်​သည်​။

သုံးနှစ်​ကြာပြီး​နောက်​—

အိမ်​ရှေ့မင်းသား က အိပ်​ရာထဲတွင်​လဲ​နေရသည်​။ သူ့စိတ်​ကိုပြန်​ကောင်းလာပြီဆို​ပေမယ့်​လို့ သူ့ခန္ဓာကိုယ်​က ပိုပိန်​လှီလာသည်​။ အသားအရည်​က စက္ကူလိုဖြူ​ဖျော့​နေပြီး မျက်​လုံးများက မည်းနက်​ကာ နှုတ်​ခမ်းတို့က​သွေး​ရောင်​ကဲ့သို့နီမြန်း​နေသည်​။ သူ့ကိုကြည့်​နေရင်းနဲ့ပင်​စိတ်​ဆင်းရဲစရာ​ကောင်းလွန်းသည်​။

သူ့ရဲ့အရင်​ကြမ်းတမ်းတဲ့စိတ်​တွေ​ပျောက်​သွား​တော့ ထျန်းချန်​မင်းကြီးက သူ့ကိုတာဝန်​တွေခဏခဏ​ပေးသည်​။ သူ့လုပ်​ဆောင်​ချက်​တွေ​သေသပ်​ကောင်းမွန်​တာ​ကြောင့်​ထက်​မြတ်​တဲ့လူ​တွေ​တောင်​မှ သူ့အားနည်းချက်​ကိုရှာမရ​ပေ။ ထျန်းချန်​မင်းကြီးက သူ့ကိုလအ​တော်​ကြာ​လေ့လာပြီး​နောက်​ဆုံး​တော့ စိတ်​ချသွားသည်​။

အခုတ​လော လျန်​ကျန်း​ဒေသကမြစ်​တွေကတိုက်​စားမှုများလို့ ဧရိယာကျယ်​လာပြီး ဆည်​တမံပြိုကျကာ​ရေလွှမ်းမှုကြီးဖြစ်​မယ့်​ပုံ​ပေါ်​နေသည်​။ ဒါ​ကြောင့်​မို့အနီးအနား ရပ်​ရွာကပြည်​သူများကစိုးရိမ်​နေကြသည်​။ ပြည်​နယ်​အုပ်​ချူပ်​ရေးအရာရှိ​တွေက ဒီကိစ္စကို မင်းကြီးဆီ​လျှောက်​တင်​ပြီး ဆုံးဖြတ်​ပေးဖို့​တောင်းဆိုကြသည်​။ ထျန်းချန်​မင်းကြီးက အိမ်​ရှေ့စံနဲ့သတ္တမမင်းသားကို ထိုကိစ္စစီမံရန်​ကိုယ်​စားလွှတ်​လိုက်​သည်​။

အိမ်​ရှေ့မင်းသား ရဲ့ ကြိုးကိုင်​မှု​ကြောင့်​အခြားမင်းသား​တွေက ထျန်းချန်​မင်းကြီး၏မျက်​လုံးထဲတွင်​မရှိ​တော့ပဲ ရို​သေတတ်​ပြီးလိမ္မာပါးနပ်​သည့်​သတ္တမမင်းသားသာကျန်​ရှိသည်​။ ဒီခရီးစဉ်​သာ​အောင်​မြင်​ခဲ့ပါလျှင်​မင်းကြီး​ရှေ့တွင်​သူမျက်​နှာပိုရနိုင်​သည်​။

သတ္တမမင်းသားက အလွန်​ပျော်​ရွှင်​နေပြီး အပြင်​ပန်းတွင်​တော့ အိမ်​ရှေ့မင်းသားကိုကူညီပါမယ်​လို့​ပြောပြီး စိတ်​ထဲမှာ​တော့ တစ်​ကိုယ်​တော်​ဘယ်​လိုလှုပ်​ရှားရမလဲ​တွေး​နေသည်​။

အလုပ်​သမားဝန်​ကြီးဌာနတွင်​ဝန်​ကြီးအဖြစ်​ခန့်​အပ်​ခြင်းခန့်​ရသည့်​ကျိူးယွင်​ရှန့်​လည်း ထိုခရီးတွင်​လိုက်​ပါခဲ့သည်​။

သူတို့လျန်​ကျန်းသို့​ရောက်​သည့်​အခါ​ရေလွှမ်းမှုကို ခန့်​မှန်းမရဖြစ်​နေသည်​။ လျန်​ကျန်းနယ်​စား ယု​ပေါင်​ထျန်း က အနီးအနား​ဒေသကပြည်​သူ​တွေဆီကိုယ်​တိုင်​သွား​ရောက်​ပြီး နှစ်​သိမ့်​စကားဆိုသည်​။ အိမ်​ရှေ့မင်းသား​ရောက်​လာသည်​ကိုကြား​တော့ အိမ်​တော်​တွင်​ကြိုဆိုပွဲကျင်းပ​ပေးသည်​။

ကြိုဆိုပွဲဆိုတာ ချဲ့ကား​ပြောခြင်းသာ။ အမှန်​တကယ်​က စားပွဲဝိုင်း​ပေါ်တွင်​အေးစက်​နေသည့်​ဆန်​မုန့်​အချိူ့ နဲ့ ဆား​ရေစိမ်​သီးနှံတစ်​ချိူ့ သာရှိသည်​။​ရေ​နွေးကြမ်းသာမပါပါက မြိုချ၍ပင်​မရနိုင်​လောက်​ပေ။

အိမ်​ရှေ့မင်းသားက ဒါကိုမြင်​တော့ မျက်​နှာကမှုန်​ကုပ်​သွားသည်​။ သတ္တမ မင်းသားက​တော့​အေး​ဆေး​နေသည်​။

ယု​ပေါင်​ထျန်း ကသတိမပြုသလိုနဲ့ အိမ်​ရှေ့မင်းသားကို ဆန့်​မုန့်​နဲ့ ချဉ်​ဖတ်​အချိူ့ကို ရိုရို​သေ​သေဆက်​သပြီး​ပြောသည်​''​ရေလွှမ်းမိုးမှု​ကြောင့်​မြို့မှာရိက္ခာ​တွေကပြတ်​လပ်​နေတယ်​။ ကျွန်​တော်​မျိူး ထိုက်​စစ်​တျန့်​ရှ အတွက်​ဝိုင်​ကောင်းမရှာ​ပေးနိုင်​တာ တျန့်​ရှခွင့်​လွှတ်​ပေးပါ။''

ဟန်​ရှစ်​စန်း ကိုဖြတ်​နေစဉ်​တွင်​အိမ်​ရှေ့မင်းသားသည်​သေရည်​ကိုဖြတ်​ပြီးခဲ့ပြီ။ ဒါ​ပေမယ့်​လို့ တစ်​လောကလုံး၏ အမြင်​မှာ​တော့ သူဟာ​သေ​သောက်​ကြူးသည့်​မင်းသားအဖြစ်​သာရှိ​နေ​သေးသည်​။ ယု​ပေါင်​ထျန်း က အမှန်​တရား၏ဘက်​တော်​သားဖြစ်​ပြီး မင်းသား၏ အရင်​အပြုအမူများကို​ဝေဖန်​ရဲသည့်​တစ်​ဦးတည်း​သောလူလည်းဖြစ်​သည်​။ ဒါ​ကြောင့်​အိမ်​ရှေ့မင်းသားကို ရိုရို​သေ​သေဆက်​ဆံဖို့စိတ်​ကူးမရှိ​ပေ။ မင်းသားကလည်း သူ့ကိုမျက်​လုံးထဲတွင်​ဆူး​ညှောင့်​ခလုတ်​လိုမြင်​နေသည်​။

သူတို့ဟာ တစ်​ယောက်​နဲ့တစ်​ယောက်​သ​ဘောမကျဖြစ်​နေတာထင်​ရှားလွန်းသည်​။

မင်းသား၏မျက်​နှာက အမူအရာမဲ့​သော်​လည်း မျက်​လုံးများကမူခက်​ထန်​နေ၏။

သတ္တမ မင်းသားက တိတ်​ဆိတ်​နေပြီး အိမ်​ရှေ့မင်းသား ရုတ်​တရပ်​တိုက်​ခိုက်​မည်​ကို​စောင့်​နေသည်​။ ယု​ပေါင်​ထျန်းက လူအများရို​သေ​လေးစားရတဲ့အမတ်​ဖြစ်​သလို ထျန်းချန်​မင်းကြီးရဲ့ လူယုံ​တော်​။ ဒီ​ရေ​ဘေးဒုက္ခအတွက်​အ​ရေးကြီးတာဝန်​ကို​ပေးအပ်​ခံထားရတဲ့သူ။ တကယ်​လို့ မင်းသားက ဒီလိုအမတ်​ကို အန္တရာယ်​ပြုရင်​ဒီခရီးစဉ်​ကပျက်​စီးလိမ့်​မည်​။ ဒါဟာ သူ့အတွက်​အခွင့်​အ​ရေးပဲ။ 5

မင်းသားက လက်​ထဲကတူညစ်​ရင်း နှစ်​ပိုင်းချိူးလိုက်​မိသည်​။ သူ့စကား​ပြောဖို့ပြင်​လိုက်​စဉ်​မှာပဲ ခုံ​အောက်​က နူးညံ့​နွေး​ထွေးတဲ့လက်​တစ်​ဖက်​သူ့လက်​ကိုလာ​ရောက်​ဆုပ်​ကိုင်​သည်​ကို ခံစားလိုက်​ရသည်​။ သူ့စိတ်​တွေခဏတုန်​ရီသွား​သော်​လည်း မျက်​နှာကမူမပြ​ပေ။ နံ​ဘေးတွင်​ထိုင်​နေသည့်​ကျိူးယွင်​ရှန့်​ကိုလှည့်​ကြည့်​လိုက်​သည်​။

သုံးနှစ်​ကြာပြီး​နောက်​မှာ​ကောင်​လေးရဲ့မျက်​နှာက ပိုပြီးရင့်​ကျတ်​လာခဲ့ပြီ။ ပိုပိုပြီးလှလာသလို မျက်​ဝန်း​တွေကပိုလို့​တောက်​ပလာတယ်​။ သူ့ကိုကြည့်​လိုက်​ရင်း ရင်​ထဲကငလျင်​အ​သေးစား​လေးလှုပ်​ခတ်​သွားပြီး​နေမသိထိုင်​မသာခံစားရသည်​။ 9

သူကျိူးယွင်​ရှန့်​ရဲ့လက်​ကို ပြန်​လည်​ဆုပ်​ကိုင်​ပြီး ခပ်​ဖွဖွညစ်​လိုက်​သည်​။ ''ယုအရာရှိမင်းက​ပေကျင်းမှမ​နေလို့ မသိဘူးထင်​ပါတယ်​။ ကိုယ်​တော်​သေရည်​ဖြတ်​လိုက်​တာကြာပြီ။ အခု ပြည်​သူ​တွေက ဒုက္ခ ခံစား​နေရတာ ကိုယ်​တော်​သနားမိတယ်​။ ပြည်​သူ​တွေလည်း စားဖို့​သောက်​ဖို့ လွယ်​ကူမှာမဟုတ်​တာ ကိုယ်​တော်​သိပါတယ်​။ ပြည်​သူ​တွေကို ကူညီဖို့အရင်​အစီစဉ်​ဆွဲရမယ်​နှောင့်​နှေးလို့မဖြစ်​ဘူး''

ယု​ပေါင်​ထျန်း အကြီးအကျယ်​အံ့အားသင့်​သွား​လေသည်​။ ဒီစကား​တွေကို​မောက်​မာတဲ့အိမ်​ရှေ့မင်းသားဆီကထွက်​လာတယ်​လို့ သူ့မယုံနိုင်​ပေ။ သတ္တမ မင်းသားလည်းပဲ သူ့အစ်​ကို​တော်​ကြည့်​ပြီး​ကြောင်​အ​နေ​တော့သည်​။

သူတို့နှစ်​ယောက်​ငေး​ကြောင်​နေစဉ်​မှာပဲ မင်းသားက ဆန်​မုန့်​နှစ်​ခုကို​ကောက်​ပြီး တစ်​ခုကို ကျိူးယွင်​ရှန့်​ဆီ​ပေးကာ တစ်​ခုကိုသူစားသည်​။ ပြီး​နောက်​ထွက်​သွား​လေသည်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі