Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 3.3
အခန်း(၂၄) ရှမ်းရိပင်းဘဝ +

ရှမ်းသားအဖနှစ်​ယောက်​မေးခွန်းဝယ်​မှု​ကြောင့်​ထပ်​မံအပြစ်​မခံရ​တော့ပဲ အိမ်​ပြန်​ရောက်​ခဲ့သည်​။ အမှုပြီးသည့်​အခါတွင်​စာ​မေးပွဲထပ်​ဖြေရန်​ရှမ်းရိပင်းကို မင်းကြီးကရာဇသံ​ပေးသည်​။ သူသာပထမ​နေရာကို မရလျှင်​အနာဂတ်​မှာ မင်းမှုထမ်းတစ်​ယောက်​ဖြစ်​လာ​တော့မည်​မဟုတ်​ပေ။

ထျန်းချန်​မင်းကြီးက ရှမ်းရိပင်းကိုအများကြီး​မျှော်​လင့်​ထားသည်​။ သူသာ ဂုဏ်​ထူး​ဆောင်​နေရာကို ရနိုင်​ပါက သူ့အနာဂတ်​ကခိုင်​မြဲသွားလိမ့်​မည်​။

ရှမ်းသခင်​မကြီးက သူ့သားတင်​ပါးမှာ ပတ်​တီးစည်း​ပေးပြီး​ပျော်​ရွှင်​စွာ​ပြောသည်​။ ''ကျွန်​မသိတာ​ပေါ့ ကျွန်​မသားက​လောကမှာဥာဏ်​အ​ကောင်းဆုံးဆိုတာ။ သူငယ်​ငယ်​ကတည်းက အရမ်း​တော်​တာ''

ရှမ်းသခင်​ကြီးလည်း သူ့သားရဲ့ထက်​မြတ်​မှုကို အရမ်းဂုဏ်​ယူ​နေသည်​။ ဒါ​ပေမယ့်​လည်း နည်းနည်း​တော့စိတ်​ဆိုး​နေ​သေးသည်​။ သူထင်​တာ သူသားက ဒဏ်​ရာရ​နေတဲ့ ကျူံးယုံ​ပေါ့။ အဲ့လိုမဟုတ်​ပါပဲ သက်​သက်​မဲ့ ဖုံးထားတယ်​တဲ့။ အရင်​ရက်​တွေအ​ကြောင်းပြန်​တွေးကြည့်​ရင်​ဒေါသထွက်​သလို​ပျော်​လည်း​ပျော်​မိသည်​။

"ရိပင်း အ​ဖေစဉ်းစားကြည့်​ပြီ။ မင်း​ပြောတာမှန်​တယ်​။ သတ္တမ မင်းသားက မမျှတဘူး။ မင်း ညီမလည်းမမြတ်​နိုးခံရမှ​တော့ အ​ဖေတို့ အခြားမင်းသားကိုပဲ​ထောက်​ပံ့ကြတာ​ပေါ့။'' ရှမ်းသခင်​ကြီးက မုတ်​ဆိတ်​သပ်​ရင်း သက်​ပြင်းချမိသည်​။

"ဒါ​ပေမယ့်​ကျွန်​မတို့ သတ္တမ မင်းသားကိုမကူညီရင်​ချောင်​တန်​ရဲ့အ​ခြေအ​နေကပိုဆိုး မလာနိုင်​ဘူးလား''

"အ​မေ အရှည်​ကိုကြည့်​ပါ။ ရှမ်းအိမ်​မပြိုလဲသ၍ သတ္တမ မင်းသားလည်း ညီမ​လေးကိုမဖယ်​ရှားရဲပါဘူး။ ပြီး​တော့ သားကြားတာ သတ္တမ မင်းသားက ကိုယ်​လုပ်​တော်​ရှဲ့ကိုပဲ ချစ်​မြတ်​နိုးပြီး အခြားမိန်းမ​တွေကို​လေလိုပဲဆက်​ဆံ​နေတယ်​တဲ့။ တကယ်​လို့ သားတို့သာ သတ္တမ မင်းသားကို ကူညီရင်​အကျိူးရမှာက ညီမ​လေးမဟုတ်​ဘူး အချစ်​ခံရတဲ့ရှဲ့ပဲ။ ဒါ​ကြောင့်​သူတို့​ကျေးဇူးတင်​ရ​အောင်​ဘာလို့လုပ်​ရမှာလဲ'' ကျိူးယွင်​ရှန့်​ကသူမိခင်​ရဲ့​ကျောပြင်​ကို ပုတ်​ပြီးနားချလိုက်​သည်​။

ရှမ်းသခင်​မကြီးလည်း လတ်​တ​လောအဖြစ်​အပျက်​တွေကိုပြန်​တွေးကြည့်​တော့ သတ္တမ မင်းသားသူတို့က ကူညီဖို့ ငြင်းဆန်​ပြီး သူ့သမီးကိုအခန်းထဲပိတ်​ထားတာပြန်​သတိရသည်​။ ရှမ်းမိသားစုကတကယ်​ဖုန်​မှုန့်​လိုခါထုတ်​ခံလိုက်​ရတာပဲ။ သူမဆက်​ပြီး အတိုက်​အခံမပြု​တော့​ပေ။

​တော်​ဝင်​မိန်းမစိုးက​မေးခွန်းခိုးထုတ်​ပြီး​ရောင်းချခဲ့တာ​ကြောင့်​ထျန်းချန်​မင်းကြီးက နန်းတွင်းရှိ မသမာသည့်​အမှုထမ်းများကိုဖယ်​ရှားပစ်​လိုက်​သည်​။ လက်​ရှိအ​ခြေအ​နေ​တွေကို ပြင်​မ​ပေါက်​ကြား​အောင်​လည်းထိန်းထားသည်​။ ဒါ​ကြောင့်​သတ္တမ မင်းသားက ထို​ပြောင်​မြောက်​သည့်​အ​ဖြေလွှာကို ရှမ်းရိပင်း​ရေးမှန်းမသိ​ပေ။

ရှဲ့ယွိရို ကပြန်​လည်​မွေးဖွားခဲ့တာ​ကြောင့်​အ​ခြေအ​နေကိုသုံးသပ်​ရာတွင်​အကင်းပါသည်​။ ဘယ်​အမတ်​က သတ္တမ မင်းသားကိုကူညီခဲ့လည်းဆိုတာလည်းသိထားသည်​။ အရင်​ဘဝက သူမအ​တွေ့အကြုံအရ ထိုအ​ဖြေ​ရေးသူမှာ လင်းဝန်​ကျဲ့ ဆိုသည်​လူဖြစ်​သည်​။

မင်းကြီးက အ​ဖြေ​ရေးသူကိုရှာ​နေတယ်​ဆိုတဲ့ သတင်းကြား​တော့ သူမက သတ္တမ မင်းသားကို လင်းဝန်​ကျဲ့အ​ကြောင်း​ပြောပြသည်​။ သူမအမှတ်​မထင်​တွေ့ခဲ့ခြင်း ဖြစ်​သည်​ဟုသာဆိုထား၏။ သတ္တမ မင်းသားလည်း သူ့အ​ဖေကို​ကျေနပ်​စေချင်​တာ​ကြောင့်​လင်းဝန်​ကျဲ့ ကို ကိုယ်​တိုင်​သွား​တွေ့သည်​။

လင်းဝန်​ကျဲ့ သည့်​ကိုယ်​လုပ်​တော်​တစ်​ဦးမှ​မွေး​သောသားဖြစ်​ပြီး 'မယက' တစ်​ဦးဖြစ်​လေသည်​။ သူကစာ​မေးပွဲ ဝင်​ရောက်​ဖြေဆိုလို​သော်​လည်း သူ့ဇနီးက​ထောက်​ခံသူရှာမ​ပေး​ပေ။ အ​စေခံ​တွေကို သူ့ရဲ့ စာ​ပေ ပစ္စည်း​တွေမီးရှို့ ဖို့အမိန့်​ပေးခဲ့သည်​။

သူ့ဘဝကအရမ်းခက်​ခဲပြီး သုံးစွဲရန်​ကဗျာတို ကဗျာစများ​ရောင်းစားရသည်​။ ဒါ​ကြောင့်​သူ့နယ်​တွင်​တော့ လူသိများသည်​။ နန်းတွင်းစာ​မေးပွဲကာလ​ရောက်​လာ​တော့ လူ​တွေကသူ့အိမ်​ရှေ့​ရောက်​လာပြီး ဒီနှစ်​မေးခွန်းအတွက်​အ​ဖြေကို​ရေးခိုင်းသည်​။ သူတို့က သူ့ကိုလုပ်​ငန်းမချဲ့ထွင်​ဖို့​ပြောပြီး​နောက်​ဆို တူညီတဲ့စာမျိူးထပ်​မ​ရေးဖို့လည်း​ပြောထားသည်​။​ပေး​ငွေကလည်း အ​တော်​ရက်​ရောသည်​။

ဒါ​ပေမယ့်​လင်းဝန်​ကျဲ့ က ငတုံးမဟုတ်​။ ထိုအခွင့်​အ​ရေးကိုအသုံးချပြီး ရက်​အနည်းငယ်​စာပြန်​လေ့လာကာ အ​ကောင်းဆုံးအ​ဖြေကိုချ​ရေးသည်​၊ ပြီး​တော့ ဝယ်​သူ​တွေဆီ​ရောင်းသည်​။ သူဟာ ထျန်းချန်​မင်းကြီး သူ့ကို သတိပြုမိလာ​အောင်​ရည်​ရွယ်​ချက်​ရှိရှိ ကြံစည်​ထားခြင်းဖြစ်​သည်​။

ဒါ​ကြောင့်​သတ္တမ မင်းသား လာချိန်​တွင်​သူကဝတ်​ကောင်းစားလှဝတ်​ပြီး တံခါးဝမှာထွက်​ကြို​လေသည်​။

သတ္တမ မင်းသားလည်း သူနဲ့စကားအများကြီး​ပြောပြီး ဒီလူဟာ ထူးခြားတယ်​လို့ သတိထားမိသည်​။ လင်းဝန်​ကျဲ့ အ​ဖြေက စာ​မေးပွဲ​ဖြေဆိုသူ​တွေကြားမှာ ပြန့်​နှံ့​နေပြီး ကျိူးယွင်​ရှန့်​အ​ဖြေက​တော့ ထျန်းချန်​မင်းကြီး ဆီမှာသိမ်းထားသည်​။ ဒါ​ကြောင့်​သတ္တမ မင်းသားက လင်းဝမ်​ကျဲ့၏ အ​ဖြေကိုသာသိထားပြီး အဲ့ထက်​ကောင်းတဲ့အ​ဖြေရှိတာမသိ​ပေ။

လူနှစ်​ဦးမှာ အ​ဖြေတစ်​မျိူးထဲဖြစ်​နေတယ်​ဆိုတာကြား​တော့ လင်းဝန်​ကျဲ့ က​ကြောက်​သွား​ယောင်​ဆောင်​လိုက်​ပြီး
"မူလ အ​ဖြေက ကျွနိုပ်​ရေးတာပါ ကျွန်​တော်​မျိူး အတင့်​ရဲ မိပါတယ်​။ ကျွန်​တော်​မျိူး​သေသင့်​ပါတယ်​''

သတ္တမ မင်းသားက သူ့အလျင်​အမြန်​ဆွဲထူလိုက်​ပြီး မင်းကြီးကသူ့ကိုအပြစ်​မတင်​ကြောင့်​သူ့ကိုရှာ​နေပြီးရုံး​တော်​မှာအမှုထမ်းခိုင်းလို​ကြောင်း ရှင်းပြသည်​။ လင်းဝမ်​ကျီ နှလုံးပီတိဂွမ်းဆီထိသွား​ပေမယ့်​လို့ အကြိမ်​ကြိမ်​ဟန်​ဆောင်​ငြင်းဆို​လေသည်​။ သတ္တမ မင်းသားက နန်း​တော်​မှာအမှုထမ်းရန်​ဆွဲ​ဆောင်​တော့မှသ​ဘောတူလိုက်​သည်​။ 2

ရုံး​တော်​ခန်းမအတွင်း၌ ထျန်းချန်​မင်းကြီးသည်​လင်းဝမ်​ကျဲကို မှုန်​တေ​တေစိုက်​ကြည့်​နေ​လေသည်​။ လင်းဝမ်​ကျဲ့​ကြောက်​ချွေး​တွေပျံ​နေ​တော့မှ သူကို​မေးလိုက်​သည်​။ ''အဲ့ဒီအ​ဖြေက​မောင်​မင်း​ရေးတယ်​ဆို​တော့ ကိုယ်​တော့်​ကိုပြန်​ရွတ်​ပြနိုင်​လား''

လင်းဝန်​ကျဲ့ စိတ်​ကိုတည်​ညိမ်​အောင်​လုပ်​ပြီး ပြန်​ရွတ်​ပြလိုက်​သည်​။ ထျန်းချန်​မင်းကြီး၏​အေးစက်​စက်​မျက်​နှာက အထင်​သေးသည့်​ဖက်​ကို​ပြောင်းသွားပြီး သနားစိတ်​လည်းဝင်​မိသည်​။ ကျိူးယွင်​ရှန့်​သာမရှိလျှင်​ထျန်​ချန်းမင်းကြီး သူ့ရဲ့အ​ဖြေကိုချက်​ချင်း​ရွေးလိုက်​မှာ။ ဒါ​ပေမယ့်​လည်း အခြားအ​ဖြေရဲ့​ရေးသူကို သူအရမ်းစိတ်​ဝင်​စားပြီး​ကောင်းတဲ့လက္ခဏာရှိရင်​ရုံး​တော်​မှာအမှုထမ်း​စေမလို့ပဲ။ သို့​သော်​ငြား ဒီလူက နန်း​တော်​မှာ ထူးခြားတဲ့အ​ဖြေလွှာထွက်​ပေါ်တယ်​ဆိုတာနဲ့ ချက်​ချင်းလာဝန်​ခံတယ်​။ သူ့ရဲ့ အကျိူးလိုစိတ်​ပြင်းထန်​တာကိုအတိုင်းသားမြင်​နေရတယ်​။​ပေါ့ပါးသွက်​လက်​ပြီး ဖြူစင်​တဲ့ ရှမ်းရိပင်းနဲ့ယှဉ်​ရင်​နံ့သာဆီနဲ့အီးပဲ။ 2

"​တော်​ပြီ ။ ဒီအ​ဖြေက​ကောင်းပါတယ်​။ ဒါ​ပေမယ့်​ငါကိုယ်​တော်​ကို​ကျေနပ်​စေ​လောက်​အောင်​တော့မ​ကောင်းဘူး။မင်း​ကောင်း​ကောင်းသင်​ယူပါ ဒါ​ပေမယ့်​အောင်​မြင်​ဖို့အ​လောမကြီးနဲ့'' ထျန်းချန်​မင်းကြီးက အ​ဖြေလွှာတစ်​ခုကို အနီးနားက မိန်းမစိုးက​နေတစ်​ဆင့်​ပေးလိုက်​ပြီး ''ဒါကို ကြည့်​ကြည့်​ပြီး​တော့​မောင်​မင်း ဘာ​ကြောင့်​ရှုံးရသလဲ​လေ့လာ''

လင်းဝန်​ကျဲ့ သူတွက်​ချက်​တာမှားသွားမှန်းသိလိုက်​သည်​။ မင်းကြီး​ပေးတဲ့အ​ဖြေလွှာကိုဖတ်​ရင်း​ကြောက်​စိတ်​ကို နှိမ်​နင်း​နေရသည်​။ ပြီး​နောက်​မျက်​နှာတစ်​ခုလုံးဖြူ​ဖျော့သွား​လေသည်​။

"သတ္တမ​လေး မင်းလည်းကြည့်​ကြည့်​'' ထျန်းချန်​မင်းကြီးက အင်္ကျီလက်​ကို​ဝေ့ရမ်းပြီး​ပြောလိုက်​သည်​။

သတ္တမ မင်းသားလည်း လင်းဝမ်​ကျဲ့ ရဲ့လက်​ထဲက စာရွက်​ယူဖတ်​ပြီး လန့်​သွားသည်​။
"ယုံ​တောင်​မယုံနိုင်​ဘူး။ အ​ရေးအသားကအစ သိပ်​ကိုလှပပြီး အ​ဖြေဟာလည်းထူးခြားလွန်းတယ်​။ ခမည်း​တော်​ဒီအ​ဖြေလွှာပိုင်​ရှင်​မည်​သူဆိုတာ သား​တော်​သိခွင့်​ရှိမလား''

"ဒါမင်း​ယောက်​ဖ​တော်​မဟုတ်​ဘူးလား'' ထျန်းချန်​မင်းကြီးက ရယ်​မောလိုက်​ပြီး ''သူက​ဆော့ကစားချင်​သေးတာ​ကြောင့်​ရှမ်းအမတ်​ရှေ့မှာအသုံးမကျသလိုရူးချင်​ယောင်​ဆောင်​နေတာ။ သူသာ​သေ​ရေးရှင်​ရေးအ​ခြေအ​နေကိုမ​ရောက်​ရင်​ကိုယ်​တော်​လည်း သူဘယ်​ချိန်​ဖုံးကွယ်​ထားမလဲမသိနိုင်​ဘူး''

သတ္တမ မင်းသား ရင်​ထဲထိတ်​သွားပြီး​ကြောင်​အသွားသည်​။

ထျန်းချန်​မင်းကြီးလည်း ဆက်​ရှင်းပြရမှာပျင်းတာ​ကြောင့်​ထလိုက်​ပြီး ''ကိုယ်​တော်​ပင်​ပန်း​နေပြီ ။ မင်းတို့နှစ်​ယောက်​စိတ်​ညိမ်​သွားတဲ့အခါ မှတ်​ထား လူ​တွေရဲ့အလွန်​မှာလူ​တွေရှိသလို၊​ကောင်းကင်​ရဲ့အလွန်​မှာ​ကောင်းကင်​တွေရှိတယ်​'' 7

လင်းဝန်​ကျဲ့ ရှက်​ပြီး ဒူး​ထောက်​ကာ အကြိမ်​ကြိမ်​ဦးတိုက်​တော့သည်​။ သတ္တမ မင်းသားက သူ့ကိုအိမ်​ပြန်​ပို့ပြီး သူနဲ့မဟာမိတ်​ပြုဖို့မစဉ်းစား​တော့​ပေ။ ဖတ်​ခဲ့သည့်​အ​ဖြေလွှာကိုသာ ပြန်​စဉ်းစားမိသည်​။ ဒီလို​ပြောင်​မြောက်​တဲ့အ​ရေးအသားက ရှမ်းရိပင်း ဆီကလာတယ်​ဆိုတာ သူလုံးဝမထင်​ခဲ့မိဘူး။ ဒါ​ပေမယ့်​သူ့အ​ဖေက အ​မျှော်​အမြင်​ကြီးပြီး အရည်​အချင်းအကဲဖြတ်​တဲ့​နေရာမှာ အရမ်း​တော်​တဲ့သူ။ သူက ဟုတ်​တယ်​လို့​ပြောရင်​မမှားနိုင်​ဘူး။

သူ့အ​ဖေရဲ့ချီးကျူးမှုကိုခံချင်​တာ​ကြောင့်​သူအ​တွေးတိမ်​မိသွားသည်​။ သူ့ခမည်း​တော်​ကအခု ရှမ်းရိပင်းကိုအရမ်းအထင်​ကြီး​လေးစား​နေပြီ။ သူ့အ​နေနဲ့ ရှမ်း​ချောင်​တန်​နဲ့ရှမ်းအိမ်​ကို​အေးစက်​စက်​ဆက်​ဆံခဲ့မိတာ ပြန်​တွေးမိ​တော့ အခု ရှမ်းအိမ်​က သူ့ကိုမုန်း​နေမှာပဲ။ သတ္တမမင်းသား၏ ပါးပြင်​မှာ အကြိမ်​များစွာအရိုက်​ခံထားရသကဲ့သို့ ပူထူ​နေ၏။

ရှမ်းရိပင်းက ရာထူးမြင့်​တဲ့​နေရာကို​သေချာ​ပေါက်​ရမှာ ။ ရှမ်းဟွိုက်​ရဲ့​နေရာကလည်း ပိုသြဇာကြီးလာမယ်​။ ရှမ်းရိပင်းနဲ့သူ့အ​ဖေရဲ့အကူအညီကိုဆုံးရှုံးရတာ ညာလက်​ကိုဆုံးရှုံးလိုက်​ရသလိုပဲ။ သတ္တမမင်းသား​နောင်​တရ​လေပြီ။ သူ့ရဲ့ ရှဲ့ယွိရိုက ဒီအကြံကို​ပေးပြီး သူ့ကိုလမ်းမှား​ရောက်​စေတာပြန်​တွေးမိ​တော့ အိမ်​တော်​ပြန်​ရောက်​သည့်​အခါသူမကို အပြစ်​တင်​တော့သည်​။

ရှဲ့ယွိရို ကသူမရှမ်းဟွိုက်​၏ ဂုဏ်​သိက္ခာ ကိုဖျက်​ဆီးပစ်​နိုင်​မည်​ဟု မ​မျှော်​လင့်​သည်​က ရှမ်းရိပင်း​ပေါ်လာပြီး ရှမ်းဟွိုက်​ထက်​ပိုအစွမ်းထက်​နေတာပဲ။ ရှဲ့ယွိရို အရင်​ဘဝက ရှမ်းရိပင်း အ​ကြောင်းကိုပြန်​စဉ်းစားကြည့်​သည်​။ သူမမှတ်​ဥာဏ်​ထဲတွင်​က သူသည့်​မြည်းအ တစ်​ကောင်​သာ။ စာ​ပေမှာပါရမီပါမည်​ဟုထင်​စရာမရှိပါ။

ရှမ်းရိပင်း ဟာ လူ​ပေါ့လူသွမ်းတစ်​ယောက်​ဖြစ်​ပြီး ဖခင်​ရဲ့အရှိန်​အဝါနဲ့​ကောင်းစား​နေသူဖြစ်​သည်​။ ဒီဘဝမှာ သူမက သူတို့မိသားစုကို ပျက်​စီး​စေမယ့်​လမ်းဆုံးထိပို့ခဲ့ပြီးပြီ။ မဟုတ်​မှလွဲ​ရော သူမလည်း​ဇောကြီးမှုက ဒီလိုဖြစ်​စေတာလား။ အနာဂတ်​မှာပိုပြီး ဒုက္ခ​ရောက်​နိုင်​လား။ ရှမ်းအိမ်​ရဲ့အကူအညီမပါရင်​သတ္တမ မင်းသား​ကော ထီးနန်းကိုရနိုင်​ပါ့မလား

ဒါကို​တွေးပြီး ရှဲ့ယွိရုံ ရင်​ထဲမချိဖြစ်​ရသည်​။ သူမကိုယ့်​ကိုယ်​အ​လောတကြီးလုပ်​မိမှု​ကြောင့်​အပြစ်​တင်​ပြီး​ကျောက်​တုံးတစ်​လုံးကို နင်း​ခြေပစ်​ရန်​ပင်​ကောက်​လိုက်​သေးသည်​။ ဒါ​ပေမယ့်​အရင်​ဘဝက သတ္တမမင်းသား အကူညီအပြည့်​အဝရတာနဲ့ သူမကိုပစ်​ထားမှန်းသတိရလိုက်​တယ်​။.ဒီဘဝမှာလည်း အကူအညီရှိ​နေပြီးသားဆို သူမကိုပစ်​သွားနိုင်​တယ်​။ ဒါကို​တွေးပြီး သူမစိတ်​ပြန်​လျော့လိုက်​သည်​။

~~~~~~~~~

စာ​မေးပွဲ​မေးခွန်း​ပေါက်​ကြားသည့်​အဓိကအ​ကြောင်းအရင်းကိုရှာ​တွေ့ပြီး အိမ်​ရှေ့မင်းသား၏​နောက်​လိုက်​အမတ်​အများအပြားရာထူးချခံလိုက်​ရသည်​။ အိမ်​ရှေ့မင်းသားကိုယ်​တိုင်​လည်း ညီလာခံတွင်​ပြင်းထန်​စွာအဆူခံရပြီး မျက်​နှာပျက်​ရသည်​။

နှစ်​ရက်​ကြာပြီး​နောက်​ထျန်းချန်​မင်းကြီးက ဝင်​ခွင့်​စာ​မေးပွဲကိုပြန်​လည်​ကျင်းပပြီး နန်းတွင်းစာ​မေးပွဲအသစ်​ကိုကျင်းပသည်​။

ကျိူးယွင်​ရှန့်​ဝင်​ခွင့်​အောင်​ပြီး နန်းတွင်းစာ​မေးပွဲကို​ဖြေဆိုခွင့်​ရခဲ့သည်​။ ဒီတစ်​ခါ​မေးခွန်းကလည်းရှင်းသည်​။ စိုက်​ပျိူး​မွေးမြူစီးပွား​ရေး။​မေးခွန်းကအနည်းငယ်​တော့ ဇ​ဝေဇဝါဖြစ်​နိုင်​စရာရှိသည်​။ ဒါ​ကြောင့်​ကျောင်းသားအများစု မျက်​မှောင်​ကြုတ်​ပြီး အ​ဖြေ​ဖြေဖို့​သေချာစဉ်းစားကြရသည်​။

ကျိူးယွင်​ရှန့်​မျက်​လုံးကိုခဏမှိတ်​ထားပြီး ပြန်​ဖွင့်​ကာ စာရွက်​ပေါ်စုတ်​တံကို စိမ့်​စမ်း​ရေ စီးသလို ညိမ့်​ညိမ့်​ညောင်း​ညောင်း​ရေးချလိုက်​သည်​။ ပြည်​သူအမျိူးအစား​လေးခု။ စာ​ပေပညာရှင်​၊ လယ်​သမား၊ လက်​မှုပညာသည်​တွေနဲ့ ကုန်​သည်​တွေ။
လူကုန်​တန်​နဲ့ အဆင့်​နိမ့်​ကုန်​သည်​ဆိုတဲ့အချက်​ကိုလျစ်​လျူရှုပြီး ပြည်​သူ​တွေရဲ့အသုံးဝင်​ပုံကိုခွဲခြမ်းစိတ်​ဖြာလိုက်​သည်​။ ကုန်​သည်​တွေနဲ့ တိုင်းပြည်​ရဲ့အ​ရေးကြီးကဏ္ဍမှာရှိ​နေတဲ့သူ​တွေ။ သူစာကိုမချူံ့ ပဲ အကုန်​ရေးလိုက်​သည်​။

အများစု​ရေးကြသည်​က တိုင်းပြည်​ငြိမ်​ချမ်း​ရေးနဲ့ညိမ်​ဝမ်​ပိပြား​ရေးအ​ကြောင်းများသာဖြစ်​သည်​။ ဒါမျိူးက​မေးခွန်းနဲ့သိပ်​မအပ်​စပ်​သလို မင်းကြီးကိုလည်း သ​ဘောကျ​စေမည်​မဟုတ်​။ ကျိူးယွင်​ရှန့်​007နဲ့ မင်းကြီးဘာ​ကြောင့်​အခွန်​ဥပ​ဒေပြင်​လိုသလဲ​လေ့လာပြီးပြီ။ ဘာလို့ဆိုသူက ဆိပ်​ကမ်းကုန်​သွယ်​မှုလုပ်​ငန်းကိုဖွင့်​ပြီး အခြားတိုင်းပြည်​နဲ့ကူးသန်းလိုတာပဲ။ ဒီအ​ဖြေက မင်းကြီးရဲ့စိတ်​ကိုအပြည့်​အဝမ​ကျေနပ်​စေနိုင်​ပေမယ့်​လို့ မင်းကြီးကိုသိချင်​စိတ်​တော့ဖြစ်​စေလိမ့်​မယ်​။

ထျန်းချန်​မင်းကြီး သည်​ပုံမှန်​အားဖြင့်​စာစစ်​ရာတွင်​ပထမနှစ်​ကြောင်းသာဖတ်​ရန်​လိုသည်​။ ဒါ​ပေမယ့်​အ​ဖြေလွှာတစ်​ရွက်​ကို​တော့ အဆုံးထိဖတ်​ပြီးချီးကျူးလိုက်​သည်​။

​ကျောင်းသားအားလုံးလည်းကြည့်​ပြီး ပထမအဆင့်​ဟာမည်​သူမှန်း ခန့်​မှန်းသိရှိသွားကြသည်​။

နန်းတွင်းစာ​မေးပွဲပြီး​နောက်​မင်းကြီးက ကျိူးယွင်​ရှန့်​ကို​ခေါ်​တွေ့ရန်​မ​စောင့်​နိုင်​ပေ။ သူတို့ ရုံး​တော်​ခန်းမထဲမှာ​ဆွေး​နွေးကြပြီး ညနက်​မှ ကျိူးယွင်​ရှန့်​ကိုပြန်​လွှတ်​သည်​။

သုံးရက်​ကြာကြီး​နောက်​အောင်​စာရင်းထွက်​ပြီး ရှမ်းရိပင်း က ပထမအဆင့်​ဂုဏ်​ထူး​ဆောင်​အဖြစ်​နဲ့​တော်​ဝင်​တက္ကသိုလ်​မှာ တာဝန်​ထမ်း​ဆောင်​ခွင့်​ရသည်​။ ဒါဟာသူ့ရဲ့ပထမ​ခြေလှမ်းဖြစ်​ပေမယ့်​လို့ သူဟာမင်းကြီးအနီးနားမှာခစားခွင့်​ရတယ်​။ သူက ၁၇နှစ်​ပဲရှိ​သေးတာ။ ဒီလိုသာနှစ်​အနည်းငယ်​ဆက်​သွားရင်​ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ ညီလာခံမှာပါဝင်​နိုင်​တဲ့အမတ်​တစ်​ဦးဖြစ်​လာနိုင်​သည်​။

ဒီ​နေ့ ရှမ်းရိပင်းဟာ​ပေကျင်းမှာနံမည်​ကြီးတစ်​ဦးဖြစ်​နေပြီး ရှမ်းအိမ်​ရှေ့တွင်​လက်​ထပ်​ရန်​ကမ်းလှမ်းလိုသည့်​မိသားစုများမှ ကိုယ်​စားလှယ်​များဖြင့်​ပြည့်​နေသည်​။ 16

ကျိူးယွင်​ရှန့်​က အလုပ်​ကပထမ၊အိမ်​ထောင်​ရေးက​နောက်​မှ လို့ဆိုထားတာ​ကြောင့်​သူ့မိဘ​တွေလည်း သူ့အ​ကြောင်းပြချက်​ကို မတတ်​သာပဲ သ​ဘောတူကာ သူလုပ်​ချင်​သလိုလုပ်​ခွင့်​ပေးထားရ​တော့သည်​။ 3

သတ္တမ မင်းသား အိမ်​တော်​၌....

သတ္တမ မင်းသားက ရှမ်း​ချောင်​တန်​ရဲ့ လက်​ဆောင်​ပစ္စည်းစာရင်းကိုကြည့်​ပြီး တစ်​ခုခုမှား​နေတာ​ကြောင့်​နောက်​ထက်​သုံးဆထပ်​တိုးလိုက်​သည်​။ ''ရိပင်းက တော်​ဝင်​တက္ကသိုလ်​ကိုသွားရင်​သူနဲ့ဆက်​သွယ်​ဖို့ကလွယ်​တော့မှာမဟုတ်​ဘူး။ မင်းကသူ့ညီမပဲ သူ့ကိုလက်​ဆောင်​များများ​ပေးသင့်​တယ်​'' 3

"ကိုယ်​လုပ်​တော်​သိပါပြီ။ အခုပဲ ပဏ္ဍာတိုက်​ကိုသွားပြီး ကြည့်​လိုက်​ပါမယ်​'' ရှမ်း​ချောင်​တန်​က ချိူသာစွာရယ်​မောလိုက်​သည်​။ ဒါ​ပေမယ့်​လို့ သူမမှာ သတ္တမ မင်းသားနဲ့ပတ်​သက်​ပြီးခံစားချက်​မရှိ​တော့။ သူမသ​န္ဓေမြုံ​ဆေးအခတ်​ခံရတာလည်း သိပြီးပြီမို့ အမြတ်​နိုးခံရဖို့အ​ရေးအခွင့်​အ​ရေးကဆုံးရှုံးနှင့်​ပြီးပြီး ဒါ​ပေမယ့်​သူမမိသားစုက အင်​အား​တောင့်​တင်း​နေမယ်​ဆိုရင်​နန်း​တော်​ထဲမှာ သူမ​နေရာကလည်း ယိုင်​လဲမည်​မဟုတ်​။ သတ္တမ မင်းသား ကို​ကျေနပ်​အောင်​လုပ်​ပေးမယ့်​အစား သူမအစ်​ကို သူမကိုပြန်​ကြည့်​အောင်​လုပ်​တာကမှအကျိူးရှိအုန်းမည်​။ အခုသူမ မိသားစုက သူမ မှီခိုရမယ့်​တစ်​ခုတည်း​တော့​နေရာမဟုတ်​လား။ 2

ရှမ်း​ချောင်​တန်​ပင်​မခန်းမ​ဆောင်​ကထွက်​တော့ အဝင်​ဝမှာ မျက်​တွင်းကျ​နေသည့်​ရှဲ့ယွိရို နဲ့တိုးသည်​။ သူမ မဲ့ပြုံးပြုံးလိုက်​သည်​။ နင်​အချစ်​ခံ​နေရ​တော့​ရောဘာအ​ရေးလဲ။ ရှမ်းအိမ်​မပြိုလဲသ၍ နင်​ငါ့ကို​ကျောလို့မရဘူး။ နင်​အရင်​ကလုပ်​ထားသမျှ ပြန်​ပေးဆပ်​ရမယ်​မှတ်​! 2

Note -

ကျူံးယုံ - ချိူးခြံ၊​ဖြောင့်​မတ်​၊မှန်​ကန်​၊ရိုးသား၊အမှန်​တရားရဲ့ဘက်​တော်​သား၊ထုံးတမ်းလိုက်​နာ၊ တရားမျှတပြီး ဘက်​မလိုက်​တတ်​သူ ။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі