Arc 7.3
အခန်း(၆၄) ချီရှိုးကျဲ့ဘဝ+
ညီလာခံတစ်ခုလုံးကချီရှိုးကျဲ့ကိုလွှတ်ပေးဖို့တစ်လနီးပါး ငြင်းဆိုချက်တင်သွင်းကြပေမယ့်လီကျင်းထျန်းကတော့တုပ်တုပ်မျှမလှုပ်ပေ။ သည့်အပြင်ချီရှိုးကျဲ့၏မူလနေရာကိုပါပြန်ပေးလိုက်သေးသည်။
ညတိုင်းမှာ အထီးကျန်အေးစက်နေတဲ့အအေးနန်းတော်ထဲ ချီရှိုးကျဲ့တစ်ယောက်ထဲသူ့ကမ္ဗည်းပြားကိုငေးစိုက်ကြည့်ရင်း ငိုကြွေးနေသည်ကိုသူအိမ်မက်မက်သည်။ အပူရုပ်ကိုဟန်လုပ်ပြီး ရွှမ်ဝမ်ကိ်ုအတင်းပြုံးပြနေရရှာတဲ့ ချီကျိူးကျဲ့မျက်နှာက လီကျင်းထျန်း၏အာရုံကိုပြင်းပြင်းထန်ထန်ထိုးဆွလေ၏။ သူသေဆုံးပြီးနောက်မှာ ချီရှိုးကျဲ့ကတော့ရွှေပေါ်မြတင်ဂုဏ်စည်းစိမ်နှင့်နေရလိမ့်မည်ဟုထင်ခဲ့သည်။ ယခုသူမြင်နေရတာကတော့ ချီရှိုးကျဲ့ဟာသူ့အတွက်အမှန်တကယ်ပူဆွေးနေခြင်းပင်၊ သူအသက်ရှင်နေရသည့်အကြောင်းပြချက်ကသူ့အတွက်လက်စားချေရန်တစ်ခုတည်းသာဖြစ်နေသည်။
ဒီလိုကျပြန်တော့အရင်သေတဲ့လူက ပူဆွေးဒုက္ခနဲ့အကြပ်အတည်းတွေကလွှတ်မြောက်ခဲ့လို့ကံကောင်းသည်ဟုယူဆရတော့မလိုပင်။
ချီမိသားစုကလည်းသူတို့အင်အားအားလုံးကို တိုင်းပြည်ပြန်ရရေးမှာထည့်သုံးကြသည်။ အိမ်တွင်သက်ကြီးရွယ်အိုများနှင့်ကလေးများသာကျန်သည်အထိတော်လှန်ရေးကိုကြိုးစားခဲ့ကြသည်။ ချီရှိုးကျဲ့ဟာလည်းနောက်ဆုံးမှာ စည်းစိမ်တစ်စုံတစ်ရာမခံစားရဘဲသူနဲ့အတူလိုက်ပါသေဆုံးပေးခဲ့သေးသည်။ ထိုအိမ်မက်များကြောင့်နိုးထလာရတိုင်း လီကျင်းထျန်းစိတ်နှလုံးတစ်ခုလုံးတင်းကြပ်စွာခံစားရသည်။
ချီရှိုးကျဲ့ဘယ်လိုနေနေသလဲသူသိချင်ပေမယ့်သူဟာမျက်နှာချင်းဆိုင်ဖို့ကြောက်နေမိပြန်သည်။ တစ်ချိန်ထဲမှာပဲ ဒီအိမ်မက်တွေကိုအစစ်အမှန်တွေပါလို့သူယုံနှင့်နေပြီ။ ဒါပေမယ့်ကောင်းမင်ကိုထိခိုက်အောင်လုပ်မယ့်အစား သူအနောက်ဆောင်တစ်ခုလုံးကိုသာပြာချလိုက်မည်။ကောင်းမင်စိတ်မငြိုငြင်ရလေအောင်သူကောင်းအိမ်ကိုရှင်းပစ်မည်မဟုတ်။ သူတို့ဘာလုပ်မလဲဆိုတာဆက်စောင့်ကြည့်နေလိုက်မည်။
လက်ရှိမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အနောက်ရီကြောင့်မှုးမတ်တွေဟာချီရှိုးကျဲ့ကိုသတ်ဖို့ဆက်လက်မတင်လျှောက်ကြတော့ပေ။ လီဝမ်ကရှေးဦးစွာ အနောက်ရီကိုတိုက်ဖို့စစ်တပ်တပ်စေလွှတ်ရန်လျှောက်တင်ပြီး ထိုနောက်မှကောင်းလန်နှင့်ညီလာခံတစ်ခုလုံးပါ သံပြိုင်ဆိုလာသည်။
လီကျင်းထျန်းဟာလည်းအနောက်ရီကိုအနိုင်လိုချင်တာကြောင့်ချက်ချင်းပဲသဘောတူလိုက်သည်။
"မင်းကြီးကိုအတင့်ရဲစွာမေးလျှောက်ပါရစေ။ မင်းကြီးစိတ်ထဲစစ်သူကြီးနေရာနဲ့သင့်တော်သူများစဉ်းစားမိထားပါရဲ့ လား'' လီဝမ်ကမေးလေတော့ လီကျင်းထျန်း က ''မရှိသေးဘူး မင်းဆီမှာထောက်ခံပေးချင်တဲ့သူများရှိလား''
"ကျွန်တော်မျိူးကတော့ကောင်းမင်ကိုစစ်သူကြီးအဖြစ်ခန့်အပ်ပေးစေလိုပါတယ်။ မင်းကြီးဘယ်လိုသဘောရပါသလဲ''
လီဝမ်စကားကညီလာခံတ်းခုလုံးကိုထိတ်လန့်သွားစေသည်။ သူတို့အားလုံးကောင်းမင်ဘယ်သူဆိုတာသိကြသလို အနောက်ဆောင်ကိုဝင်မလာခင်ကသူဟာနယ်စပ်မှာတာဝန်ယူခဲ့ဖူးကြောင်းလည်းသိထားကြသည်၊ ဒါပေမယ့်အခုကနန်းတော်ရဲ့တော်ဝင်ကိုယ်လုပ်တော်ဖြစ်နေပြီးသားတော်လေးပါမွေးထားပြီးပြီ ဘယ်လိုလုပ်တပ်ထဲပြန်သွားမှာလဲ။ ဒါမဖြစ်နိုင်တာပဲ! တစ်ချိူ့မှူးမတ်တွေကဆန့်ကျင်ချင်ပေမယ့်ကောင်းလန်ကရှေ့တက်ပြီး သူ့ညီကိုထောက်ခံလိုက်သည်။ လီကျင်းထျန်းကောင်းမင်ကိုဘယ်လောက်တန်ဖိုးထားသလဲသူသိထားတဲ့အတွက်လီဝမ်နဲ့ပူးပေါင်းပြီးအခုလိုအတင့်ရဲတဲ့တောင်းဆိုချက်ပြုရဲခြင်းပင်။+
လီကျင်းထျန်း က အမှန်တကယ်ကောင်းမင်ကိုချစ်ပါသည်။ အရင်ကသာဆိုချက်ချင်းထအမိန့်ပေးပြီးကောင်းမင်ပျော်အောင်လုပ်ပေးလိုက်လောက်ပြီ။ ဒါပေမယ့်အခုက သူဟာမျက်လုံးစည်းထားခံရရာက ရုတ်ချည်းအလင်းရသလို ညီလာခံရဲ့အဖုံးအကာများကိုမြင်သွားလေပြီ။
ဆန့်ကျင်လိုသည့်မှူးမတ်တို့ကောင်းလန်တက်လာတော့မလှုပ်ရဲကြတော့။ကောင်းလန်နဲ့လီဝမ်နှစ်ယောက်သာဆိုဘယ်လောက်အာဏာကြီးသလဲဘယ်သူမဆိုသိတယ်လေ။ တစ်ချိူ့မှူးမတ်များကတော့ထောက်ခံကြသည်။ အခုလက်ရှိမှာကောင်းမင်ကမင်းကြီးအချစ်တော်အခြားကိုယ်လုပ်တော်မိဖုရားတွေအကုန်လျစ်လျူရှုခံထားရတာ။ မင်းကြီးမနှစ်သက်တော်မှုတဲ့သူတွေအားလုံးကကောင်းမင်ကြောင့်အသက်ဆက်ရှင်နေကြရတာပဲ။
နန်းတွင်းကကောင်းအိမ်ရဲ့လောကကြီးဖြစ်နေပြီလား။ ဘုရင့်နေရာလေးတောင်မကျန်တော့ဘူးလား။ ဘာကြောင့်လီဝမ်ကကောင်းမင်ကိုထောက်ခံရသလဲ။ သူတို့ဆက်ဆံရေးကရိုးမှရိုးရဲ့လား။
လီကျင်းထျန်း ရင်ထဲပူလောင်နေ၏ ဒါပေမယ့်မျက်နှာမှာတော့မပြဘဲ စဉ်းစားမယ်ဆိုပြီးအချိန်ဆွဲလိုက်သည်၊ကောင်းလန်နဲ့လီဝမ်ကလည်းသူ့ကိုဖိအားမပေး ဘာကြောင့်ဆို နန်းဆောင်ကိုပြန်ရောက်တာနဲ့ကောင်းမင်းစည်းရုံးနိုင်မယ်ဆိုတာ သူတို့ယုံတယ်လေ။
ကောင်းမင်ကအခုနန်းတွင်းတံတိုင်းတွေနောက်မှာ ပိတ်မိနေတာစိတ်ကျဉ်းကြပ်တာကြာလှပြီ။ လီကျင်းထျန်း ယန်ရှင်းနန်းဆောင်ကိုပြန်ရောက်တော့သူခဏခဏပူဆာတော့သည်၊ လီကျင်းထျန်းက ကလေးကိုအကြောင်းပြပြီးမလွှတ်ဘူးဟုငြင်းဆို၏၊ ထိုအခါကောင်းမင်ကဒူးထောက်ချလိုက်ပြီးအေးစက်စွာပြောလိုက်သည်။
"မင်းကြီးတစ်ခါကပြောခဲ့ဖူးတဲ့ မင်းနဲ့အတူလက်ချင်းတွဲယှဉ်လျှောက်ကြမယ်ဆိုတာလှောင်အိမ်ထဲပိတ်ထားတာကိုဆိုလိုချင်တာလား။ ဒါဆိုကျွနိုပ်ကအရှင့်အိမ်မွေးတိရစ္ဆာန်လေးပေါ့။ ကျူပ်ခင်များကိုသေတဲ့အထိကာကွယ်ပေးခဲ့တာ ခင်များကဒီဆန္ဒလေးတစ်ခုတောင်မဖြည်းဆည်းပေးနိုင်ဘူးလား''
သူ့မျက်လုံးများကလီကျင်းထျန်းမျက်လုံးများကိုစိုက်ကြည့်နေပြီး နာကျည်းမှုများစုဝေးနေ၏။ ထိုနာကျည်းမှုများကယခင်ဘဝထက်ပို၍နောက်ကျိကာပိန်းမှောင်နေသေးသည်။ သူတို့အတူနေတာကြာလေ အဲ့ဒီနာကျည်းချက်ကပိုပြင်းထန်လာလေ။ သူနှလုံးသားကိုဖွင့်ပြီး လီကျင်းထျန်းကိုလက်ခံရနိုင်တော့မည်ဟုထင်ခဲ့မိသေးသည်။ ဒါပေမယ့်တစ်ဖက်လူက ချီရှိုးကျဲ့ ကိုလွှတ်ပေးလိုက်သောအခါ နာကျည်းချက်မီးစာကအရှိန်မသေဘဲ ပြင်းထန်လာခဲ့ပြန်သည်။
တစ်ချိန်ထဲမှာပဲ သူ့ကိုယ်သူကောအဖြစ်မွေးလာရသည်ကိုမုန်းမိ၏။ သိက္ခာမရှိသောအဓိပ္ပါယ်မဲ့ဘဝကြီးတွင်ရှင်သန်နေရသည်ကို သူလွန်စွာမှစက်ဆုတ်လှသည်။ သံချပ်ကိုဆင်မြန်းပြီးဓားကိုဆွဲလို့ရှေ့တန်းမှာယောက်ျားတွေကိုသူတိုက်ခိုက်လိုသည်။
သူတို့နှစ်ဦးသားသေချာထိုင်ဆွေးနွေးပါကပြေလည်နိုင်ကောင်းသည်။ ဒါပေမယ့်အခုတော့ လီကျင်းထျန်းဟာကောင်းမင်မျက်လုံးကနာကျည်းမှုမှာထိုးနက်ခံလိုက်ရသည်။ကျောက်တုံးတောင်မှ သုံးနှစ်ကြာအပူပေးလျှင်အရည်ဖျော်နိုင်မည်ဟု သူထင်ခဲ့မိသည်။ကောင်းမင်နှလုံးသားသည်ကားကျောက်စိုင်ထက်ပင်မာကြောအေးစက်နေ၏။ကောင်းမင်ဆီမှာယခင်ဘဝကနာကျည်းချက်တွေကျန်ရှိနေသေးပြီး သူနဲ့ဘဝတစ်ပါးအတူဖြတ်ရန်အလိုမရှိလောက်ပေ။ ထိုနားကျည်းချက်များက သူ့ကိုတစ်နေ့ပုန်ကန်သူဖြစ်လာစေလိမ့်မည်။ အဲ့သည်အခါ လီကျင်းထျန်မှာကာကွယ်ရန်မည်သည်အရာမျှရှိတော့မည်မဟုတ်ပေ။
လီကျင်းထျန်းကျောစိမ့်သွားသည်။ သူတို့ပြန်မွေးဖွားပြီးရင်ကောင်းမင်နဲ့ပျော်ပျော်ရွှင်ရွှင်နေရမယ်လို့ ရူးနှမ်းနှမ်းတွေးနေမိတာပဲ၊ သူကောင်းမင်ကိုအတန်ကြာစိုက်ကြည့်နေပြီးမှ ထွက်သွားလိုက်သည်။+
လီကျင်းထျန်းဦးတည်ရာမဲ့လျှောက်သွားရင်း မရည်ရွယ်ပါပဲဇီချန်နန်းဆောင်ရှိရာကိုလျှောက်လာခဲ့သည်။ နန်းဆောင်ရှေ့တွင်အချိန်အတန်ကြာသူတွေဝေနေပြီးမှ ဝင်လိုက်သည်။
ချီရှိုးကျဲ့ကခေါင်းငုံ့ လျှက်စာရေးနေပြီး မျက်နှာအမူအရာကိုကားမမြင်ရ။ အသံကြားရာကိုလှည့်တော့မှ အံ့သြဝမ်းသာမျက်ဝန်းများနှင့်ဦးကြိုလာသည်။
"မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ''
ချီရှိုးကျဲ့ကတရိုတသေဦးညွှတ်ပြီး နှုတ်ခွန်းဆက်သလိုက်သော်လည်း လီကျင်းထျန်းကပြန်မဖြေ ရည်ရွယ်ချက်မရှိအတန်ကြာစိုက်ကြည့်နေ၏။ တစ်အောင့်ကြာမှ ''မင်းအဆင်ပြေရဲ့လား''
"တင်ပါ့ အရှင်ကျွန်အဆင်ပြေကြောင်းပါ''
လီကျင်းထျန်းလန့်သွား၏။ ဒီလိုဗလာနတ္တိအေးစက်ပြီးအဆောင်အယောင်အချွေအရံမဲ့နေရာကနေရာက အဆင်ပြေသတဲ့လား။ဒါပေမယ့်ဒါကထောင်ထက်စာရင်ပိုကောင်းတယ်တော့ဆိုရမှာပေါ့လေ။ လီကျင်းထျန်းစိတ်မသန့်မှုကြောင့်ရင်ထဲခုလုခုလုဖြစ်လာသည်။ သူထိုင်ခုံပေါ်ထိုင်ခိုင်လိုက်ပြီးမှ လက်ကိုဝေ့ရမ်းလိုက်၏။ ''ထတော့''
ကျိူးယွင်ရှန့်ကမထ ဆက်ဒူးထောက်နေပြီး ''ဒီကျွန်မှာသိချင်တာတွေရှိနေလို့မထရဲကြောင်းပါ''
လီကျင်းထျန်းမှုန်ကုပ်သွား၏၊ အမေးကိုသိနေသည့်အလား နဖူးထောင့်ချိူးကိုပွတ်သပ်ပြီး သူနွမ်းနယ်စွာခွင့်ပြုလိုက်သည်။''မေး''
ကျိူးယွင်ရှန့်နဖူးနဲ့မြေပြင်တိုက်ပြီးကြေကွဲဆို့နင့်သံနဲ့မေးလိုက်သည်။ ''အရှင်မင်းကြီးကိုမေးလျှောက်ပါရစေ။ ဘာကြောင့်ကျွန်ုပ်မိသားစုကိုသုတ်သင်ပစ်ရတာပါလဲ။ ကျွနိုပ်တို့ဘာများမှားခဲ့လို့ပါလဲ''
"မင်းအဖေနဲ့ရွှမ်ဝမ်ကတိတ်တဆိတ်ပုန်ကန်ဖို့လုပ်နေတာ မင်းမသိဘူးလား''ဖြေလိုက်ပြီးတော့လီကျင်းထျန်းခေါင်းထိုးကိုက်လာ၏။ တကယ်တမ်းချီအိမ်ကိုမြေလှန်ရှာတဲ့အချိန်မှာ ဘာသက်သေကိုမှမတွေ့ခဲ့ရပါ။ သူ့ဆုံးဖြတ်ချက်မှန်ခဲ့သလား သူမသေချာတော့။ အဖြစ်မှန်ကိုပြန်လည်စုံစမ်းပြီး ရလာမယ့်အဖြေကိုလည်းလက်ခံဖို့ သူအားမရှိပြန်ဘူး။
ကျိူးယွင်ရှန့်မျက်လုံးများပိုနက်မှောင်သွား၏။ မျက်နှာကညှိုးကျသွားပြီး ပြင်းထန်တဲ့ရှက်ရွံမှုခံစားရသလိုမြေပြင်နဲ့နဖူးကိုထပ်မံတိုက်လိုက်သည်။ ''ဒီလိုအဖြစ်မျိူးရှိနေတာလ ကျွနိုပ်မသိခဲ့ဘူး။ မင်းကြီးကိုမျက်နှာမပြဝံ့ပါဘူး အကျွန်ုပ်ကိုသေဒဏ်ပေးတော်မှုပါ!"မြေပြင်ကိုအားနှင့်ဆောင့်ထားသည့်အတွက်ကျိူးယွင်ရှန့်နဖူးမှာသွေးစို့နေလေပြီ။
လီကျင်းထျန်းအမြန်ပဲဆွဲထူကာ သူ့မျက်လုံးများကိုကြည့်မိ၏။ ထိုမျက်လုံးက ရှက်ရွံမှု၊အပြစ်ရှိစိတ်နဲ့ကြေကွဲမှုများမှလွဲ၍ ပကတိဖြူစင်နေသည်။ ထူးဆန်းတာတစ်ခုက ချီရှိုးကျဲ့ဟာအမုန်းတရားတစ်စုံတစ်ရာမရှိဘဲ သူပါလိုက်သေလိုခြင်းပင်။ သူ့ရဲ့သစ္စာရှိမှုကကောင်းမင်နဲ့ယှဉ်ရင်တောင်အယောင်မမှိန်ီုင်လောက်ဘူး။ ဟင်အင်း... မှားနေတယ်သူ့သစ္စာတရားကကောင်းမင်ထက်တောင်ကြီးနေသေးတယ်။ အရင်ဘဝက ချီရှိုးကျဲ့ဟာဘဝင်မြင့်သူဟုနံမည်ကြီးသော်ငြား သူ့ရှေ့တွင်အစဉ်အမြဲရိုးကျိူးခဲ့သည်။ကောင်းမင်ကသူ့ရဲ့သစ္စာတရားနဲ့သူ့ကိုကာကွယ်ရင်းသေခဲ့ပေမယ့်ချီရှိုးကျဲ့ကအသက်ရှင်လျှက်သေနေသောဘဝကိုဖြတ်သန်းခဲ့ရပြီး သူ့အတွက်သွေးကြွေးချေရန်ဆန္ဒတစ်ခုနဲ့ပဲရှင်သန်ခဲ့သည်။ သူ့ရင်ထဲဘယ်လောက်နာကျင်နေမလဲဘယ်သူသိမှာလဲ။နောက်ဆုံးမှာ ဘာစည်းစိမ်မှမခံစားရပါဘဲ ဇီချန်နန်းဆောင်မှာဆွဲကြိုးချသေဆုံးခဲ့ရသည်။
သူ့ရှေ့ကရိုကျိူးနေတဲ့လူကိုကြည့်ရင်း ဒီလူဟာသူ့အတွက်အရာအားလုံးပေးဆပ်ခဲ့သူလို့အသိဝင်တဲ့အခါ လီကျင်းထျန်းရင်ထဲဓားစိုက်သလိုခံစားလိုက်ရသည်။ အရင်ဘဝကသူလူမှားချစ်ခဲ့ပြီး အခုဘဝမှာလူမှန်ကိုချစ်နေပေမယ့်ကံကြမ္မာကြီးကစုံနဲ့ခေါင်းတစ်ဖက်ထဲမကျသလိုပဲ ဘာမှမထူးဘူး။ ချီရှိုးကျဲ့က သူ့အတွက်အရာအားလုံးလုပ်ပေးခဲ့ပေမယ့်ဘာမှမပြောဘူး။ကောင်းမင်ကတော့သူ့ရဲ့အနစ်နာခံမှုနဲ့အမြဲကိုင်ပေါက်လေ့ရှိတယ်။ သူနှစ်ဘဝတောင်မှားခဲ့ပြီ၊ ဒါပေမယ့်သူအခုကောင်းမင်ကိုအရမ်းချစ်သည်။ ဒါကြောင့်ကူကယ်ရာမဲ့နေ၏။ ဒါပေမယ့်ချီရှိုးကျဲ့ကသူ့ထက်သနားစရာကောင်းနေပြန်သည်။+
သူတို့အားလုံးကံကြမ္မာလှည့်စားမှုကိုခံနေရတာပဲ
ကောင်းမင်ရဲ့နားကျည်းမှုနဲ့ချီရှိုးကျဲ့ရဲ့ရိုးကျိူးမှုကိုပေါင်းစည်းလိုက်တော့ လီကျင်းထျန်ရင်ထဲအပြစ်ရှိစိတ်ဟာပိုလို့ကြီးလာလေပြီ။သူချီရှိုးကျဲ့ကိုထိုင်ခုံမှာသေချာထိုင်ခိုင်းပြီးပြောလိုက်သည်။ ''ကိုယ်တော်မင်းကိုအပြစ်မယူပါဘူး'' ထို့နောက်ခေတ္တရပ်ပြီး''ကိုယ်တော်မင်းကိုစောင့်ရှောက်ပါမယ်။ မင်းလိုသမျှဖြည့်ဆည်းပေးမယ်''
ကျိူးယွင်ရှန့်ခေတ္တတိတ်ဆိတ်နေပြီးမှ မျက်လုံးအသာလှန်ကြည့်ကာ တွန့်ရွံရွံဖြင့်''ဒီကျွန်က ကလေးတစ်ယောက်လိုချင်ပါတယ်ဆို အရှင်မင်းကြီးပေးနိုင်မလား''
လီကျင်းထျန်းအကြံအိုက်သွားသည်။ သူတို့ပြန်မွေးဖွားပြီးတာနဲ့ကောင်းမင်ကသူ့သားကိုသေစေတဲ့လူကိုသံသယရှိတဲ့ချီရှိုးကျဲ့ကိုအဆိပ်ခတ်ခဲ့သည်လေ။ပြောရရင်သူလည်းအလိုတူအလိုပါပင်။ ချီရှိုးကျဲ့ရဲ့သားအိမ်ကလုံးဝပျက်စီးနေပြီမို့ ကလေးရနိုင်မည်မဟုတ်တော့ပေ။
အရင်ဘဝကလည်း ရွှမ်ဝမ်ရဲ့အနောက်ဆောင်ချီရှိုးကျဲ့က ကိုယ့်ကိုယ်ကိုယ်အဆိပ်ခတ်ပြီး ရွှမ်ဝမ်ရဲ့ကိုယ်ဝန်ကိုမလွယ်ရအောင်လုပ်ခဲ့သည်၊ ဒီလူ့အပေါ်သူ့အကြွေးတွေများလွန်းနေပြီ။ ချီရှိုးကျဲ့မျက်နှာကိုပင်သူဆက်မကြည့်ရဲတော့ပေ။
ချီရှိုးကျဲ့ကလည်းအကြောင်းပြချက်ကိုသတိထားမိလို့ထင်တွန့်ဆုတ်တွန့်ဆုတ်နဲ့ ''အရှင်ကျွန်သွေးသားအရင်းကိုတောင်းဆိုတာဟုတ်ပါဘူး။ ချီမိသားစုကသေလောက်တဲ့အပြစ်ကိုကျူးလွန်ထားတာ ဘယ်လိုလုပ်မင်းကြီးရဲ့မျက်နှာသာပေးမှုကိုတောင့်တရဲပါ့မလဲ။ အခြားကိုယ်လုပ်တော်တွေမှာ ကလေးတွေအများကြီးတာ အရှင်ကျွန်ကတစ်ယောက်လောက်မွေးစားချင်ရုံပါ။ ဒီနန်းဆောင်ကြီးကအရမ်းကိုအထီးကျန်ဆန်...''
ချီရှိုးကျဲ့ရဲ့စကားတွေဟာ ဓားတုံးတုံးဖြင့်လီကျင်းထျန်းရင်ကိုဖြတ်နေသလိုပင်။နှေးကွေးစွာပြင်းထန်သောနာကျင်မှုကိုခံစားရသည်။ အထီးကျန်တယ်ဆိုတဲ့အဓိပ္ပါယ်ကိုသူနားလည်တယ်တကယ်လို့သူ့မှာအသက်ရှင်ပေးစရာလူမရှိရင်ချီရှိုးကျဲ့ဟာကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိမ့်မယ်၊ လီကျင်းထျန်းရဲ့ ချီရှိုးကျဲ့အပေါ်အမုန်းတွေကအပြစ်ရှိစိတ်ကိုကူးပြောင်းသွားပြီမို့ 'မင်းသဘောကျတဲ့တစ်ယောက်ယူ' ဟုသာပြောပြီး အလျင်အမြန်ပြန်ထွက်သွားလိုက်သည်။ သူ့ပါးပြင်နှစ်ဖက်ကတော့အချက်ပေါင်းများစွာအရိုက်ခံထားရသလိုထူပူနေသည်။

Коментарі