Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 6.6
အခန်း(၅၇) အိုးစစ်နန်ဘဝ+
Translator - Jas_astra

ဒါက တကယ့်​ကို​လေးနက်​တဲ့ သီချင်းဖြစ်ပြီး အချိန်​နှောင်းခဲ့တဲ့စကား​တွေပင်​။ သူ့အ​ဖေရဲ့ အချစ်​တွေဟာ​တောင်​တစ်​တောင်​လို​လေးလံသည်​။ အဲ့တာက အမြဲတမ်း အိုးစစ်​နန်​ကို ဖိအား​တွေခံစားရပြီးမလှုပ်​နိုင်ခဲ့​ပေ။ သူ့အ​ဖေရဲ့ စိတ်​ပျက်​တဲ့ အမူအရာ​တွေကို မြင်​ရမှာ​ကြောက်​ခဲ့သည်​။ ဒါ​ကြောင့်​သူ့ကိုယ်​သူ သန်​မာဖို့ အတင်း ဖိအား​ပေးခဲ့သည်​။ ဒါ​ပေမယ့်​အဲ့ဒါ က သူ့ကို​ကြောက်​မက်​ဖွယ် ပြသာနာ​တွေထဲ တွန်းပို့ခဲ့ပြီး အဲ့ဒီက​နေ သူမလွတ်​မြောက်​နိုင်​ခဲ့​ပေ။ တူရိယာ ၁၈ မျိုးကို ကျွမ်းကျင်​စွာ တီးခတ်​နိုင်​တဲ့သူက ဘယ်​လိုလုပ်​ဂီတဆိုင်​ရာ အရည်​အချင်း မရှိတာတဲ့လဲ။
သူ့အ​ဖေ မဆုံးပါးခင်​လေမှာပင်​မမြင်​ခဲ့တဲ့ မြူ မှုန်​တွေကြားက​နောက်​ဆုံး အလင်း​ပေါက်​သွား​စေကာ များစွာ​သော ခွန်​အားနဲ့ အရင်းခံ အ​ကြောင်း​တွေနှင့်​ပြည့်​လာသည်​။ သူ့ရဲ့ ဖိနှိပ်​ခံထားရတဲ့ အချစ်​တွေ ၊ စိတ်​ဓာတ်​ကျမှု​တွေ ၊ ကူကယ်​ရာမဲ့မှု ၊ နာကျင်​မှု​တွေ အားလုံးကို သီချင်းထဲမှာ​ပေါင်းထည့်​လိုက်​သည်​။

၀ိ​ရောဓိ အားလုံး ရုန်းကန်​လှုပ်​ရှားမှု​တွေ အချစ်​တွေ တုန်​လှုပ်​ခြောက်​ခြားမှု​တွေ ပါ​နေတဲ့ သီချင်းဟာ ကျိုးယွင့်​ရှန်​သီဆိုမှုက​နေ ထွက်​ပေါ်လာသည်​။ လူအများဟာ​မေ့​လျောစွာနဲ့ မျက်​ရည်​တွေ ကျလာပြီး ကျိုးယွင့်​ရှန်​က အိုးစစ်​နန်ရဲ့ ခံစားချက်​လက်​ကျန်​တွေ လွမ်းမိုးခံထားရပြီး မျက်ရည်​တို့ဖြင့်​မွန်းကြပ်​လာသည်​။ သူ့ရဲ့ အသံကတုန်​နေပြီး​နောက်​ဆုံးသူ့လက်​ချောင်း​တွေက ဆက်​မလှုပ်​ရှားနိုင်​တော့​ပေ ။1
စန္ဒရား သံက ရုတ်​ခြည်း ရပ်​သွားပြီး ကျိုးယွင့်​ရှန်​က သူ့မျက်​ရည်​တွေကို ကွယ် ဖို့ သူ့မျက်​နှာကို ကာလိုက်​သည်​။ ရုတ်​တရက်​အိုးပိုင်​ပေါ်ရဲ့ မျက်နှာ​က ကြီးမားတဲ့ LED screen မှာ​ပေါ်လာသည်​။သူက ကင်​မရာတစ်​လုံးကို ကိုင်​ထားပြီး မှန်းဘီလူးကို သူ့ဘက်​ညွှန်​ကာ
"ကျွန်​တော့အတွက်​သီချင်း​တစ်​ပုဒ်​ရေး​ပေးပြီး ဆိုပြမယ်​လို့ ကျွန်​တော့်​သားက​ပြောခဲ့တယ်​။ ကျွန်​တော်​ရှေ့ကို​စောင့်​ကြည့်​နေပါတယ်​။ "1

သူက ကင်​မရာကို​ရွှေ့လိုက်​ပြီး စန္ဒရား​ရှေ့မှာ ထိုင်​နေတဲ့ ကြည့်​ကောင်းတဲ့ လူငယ်​လေးကို ရည်​ညွှန်း လိုက်​သည်​။အိုးမိသားစုပိုင်​villa ဖြစ်​ကြောင်း အိမ်​ထောင်​ပရိ​ဘောဂ​အပြည့်​အစုံက ညွှန်​ပြ​နေသည်​။
လူငယ်​လေးက အရမ်းစိတ်​လှုပ်​ရှားသွားကာ ရှပ်​အကျီင်္ အ​ပေါ်ကြယ်​သီး နှစ်​လုံးကို​ဖြေ​လျှော့ လိုက်​သည်​။ သူ​ချောင်းဆိုးလိုက်​ပြီး​ဖြေး​ဖြေး​ပြောလိုက်​သည်​။
" ဒီသီချင်းက 'Because Of You' လို့​ခေါ်ပါတယ်​...အ​ဖေ...ကျွန်​တော်​အမြဲတမ်း​ပြောချင်​ခဲ့တာ​တွေအားလုံး ဒီမှာ ထည့်​ထားတယ်​။ ဂရုတစိုက်​နဲ့ နား​ထောင်​ပေးပါ အ​ဖေ..."
အိုးပိုင်​ပေါ်က ကတိ​ပေးခဲ့သည်​။ သူ့က screen​ပေါ်မှာ အကြာကြီး မရှိ​ပေမယ့်​သူ့အသံက စစ်​မှန်​တဲ့ သာယာမှု နဲ့ နှစ်​သိမ့်​ပေးမှု​တွေ ရှိ​နေသည်​။+
ပရိသတ်​ထဲက လင်းစစ်​ချင်းရဲ့ fan​တွေက ပါးစပ်​အ​ဟောင်းသားနဲ့ စိုက်​ကြည့်​နေကြပြီး သူ့တို့ရဲ့ စိတ်​ဟာ အလွန်​အမင်း ရှက်​ရွံမှု​တွေနဲ့ ပြည့်​နေသည်​။ လင်းစစ်​ချင်း တရားရုံး မှာ တင်​ပြခဲ့တဲ့ သက်​သေ​တွေက သူ့ရဲ့ blog မှာ တင်​ပြီးသားပင်​။ 'Because Of You' ရဲ့ လက်​ရေးမူ​တွေမှာ တံဆိပ်​နှိပ်​ထားတာက သူ့ဆရာ​သေဆုံးပြီး​နောက်​မှာ သူ ဖန်​တီးခဲ့​တယ်​ဆိုတာကို ပြသ​နေသည်​။
ဒါ​ပေမယ့်​ဗီဒီယိုထဲမှာ​တော့ အိုးပိုင်​ပေါ်က အသက်​ရှင်​နေဆဲပင်​။ အိုးစစ်​နန်​က သီချင်း​ရေးပြီးသား။ ပြီး​တော့ သူုမျက်​နှာ​ရှေ့မှာပင်​သီချင်းဆို​နေ​သေးသည်​။ ဘယ်​သူက ကူးတဲ့သူလဲ ။ အ​ဖြေက​တော့ ကိုယ်​တိုင်​သက်​သေပြ​နေသည်​။ လင်းစစ်​ချင်း တင်ပြထားတဲ့​လက်​ရေးမူ​တွေက သူအပြစ်​ကြောင့်​မငြင်းနိုင်​အောင်​သက်​သေပြ​နေသည်​။
တီးလုံးကတူသည်​။ သီချင်းကလည်း တူ​နေသည်​။ ဒါ​ပေမယ့်​သီဆိုခြင်းက တစ်​၀က်​မှာ ရပ်​သွားသည်​။ အိုးစစ်​နန်​က စန္ဒရား​ပေါ်မှာသူ့​ခေါင်းကိုတင်​ကာ​မှောက်​ချလိုက်​သည်​။ အမဲ​ရောင်​နဲ့ အဖြူရောင်​key​တွေ​ပေါ် မျက်​ရည်​စက်​ကြီး​တွေ ကျဆင်းသွားသည်​။ သူ့အ​ဖေ မလွဲမ​သွေ​သေဆုံးမှာက သူ့ကို အားငယ်​မှု​တွေ နာကျင်​မှု​တွေ ခံစားရ​စေသည်​။
အိုးပိုင်​ပေါ်က ဂွမ်း​စောင်​ကို ဖယ်​လိုက်​ပြီး ယိုင်​တိုင်​တိုင်​ဖြင့်​သူ့သား​ဘေးနား​လျှောက်​လာသည်​။ သူ့သား​ဘေးမှာ ငုံ့ထိုင်​ချလိုက်​ပြီး သူ့လက်​တွေနဲ့ တင်းကျပ်​စွာ ဆုပ်​ကိုင်​ထားပြီး​ပြောခဲ့သည်​။
"စစ်​နန်​...ဒီသီချင်းက ကြီးကျယ်​ခမ်းနားတယ်​...ငါ့ဘ၀မှာ နား​ထောင်​ဖူးသမျှထဲမှာ အ​ကောင်းဆုံး သီချင်းပဲ ။ အ​ဖေ သားကို​ပြောစရာ​တွေ ရှိတယ်​။ "

"ဘာလဲဟင်​..."
လူငယ်​လေးက သူ့ကိူ ပြန်​လှည့်​ကြည့်လိုက်​သည်​။ သူ့မျက်​လုံးနဲ့ နှာ​ခေါင်းက အနီ​ရောင်​သမ်း​နေသည်​။ ကြည့်​ရတာ ထိခိုက်​လွယ်​သ​ယောင်​ပင်​။ ဒါ​ပေမယ့်​ချစ်​ဖို့​လည်း​ကောင်း​နေ​သေးသည်​။
အိုးပိုင်​ပေါ်က ရယ်​လိုက်​ပြီး
"သားက အ​ဖေ့ကို ဘယ်​တုန်းကမှအောက်မကျေ​စခဲ့ဘူး..ဆန်​ကျင်​ဘက်​ပဲ...သားက အ​ဖေ့ရဲ့ ဂုဏ်​ယူစရာ...သားက သားအ​ဖေရဲ့ ဂုဏ်​ယူစရာပဲ..."

ဒီဝန်​ခံချက်​အတွက်​အိုးစစ်​နန်​က ဆယ်​နှစ်​ထက်​မနည်း ရုန်းကန်​လှုပ်​ရှားခဲ့ရသည်​။ သူ့နားကိုသူမယုံကြည်​နိုင်​။​ရှော့ခ်​ရ​နေ​သေးသည်​။ အိုးပိုင်​ပေါ်က သူ့ကို က​လေးငယ်လေးလို သူ့လက်​မောင်း​တွေကြား ဆွဲသွင်းကာ နူးညံ့စွာပွေ့ဖက်​ထားခဲ့သည်​။တဖြည်းဖြည်းနဲ့ တင်းကျပ်​စွာဖက်​တွယ်​ထားမှုက အား​လျော့လာပြီး​နောက်​ဆုံး မှာ ရပ်ကျသွားသည်​။ အိုးစစ်​နန်​ထိတ်​လန့်​စွာနဲ့ သူ့အ​ဖေကို လှည့်​ကြည့်​လိုက်​သည်​။ ဒါ​ပေမယ့်​သူ့အ​ဖေရဲ့ မျက်​လုံး​တွေက မှိတ်​နေပြီး နှုတ်​ခမ်းမှာ ငြိမ်းချမ်းတဲ့ အပြုံး​သေး​သေး​လေး ရှိ​နေသည်​။

သူက​ကျေနပ်​စွာနှင့်​သေသွားခြင်းပင်​။

"မဟုတ်​ဘူး....အ​ဖေ...ကျွန်​တော့်​ကို မထားခဲ့ပါနဲ့...​ကျေးဇူးပြုပြီး.....ကျွနိ​တော်​ကြောက်​လို့ပါ....."
အသည်းခိုက်​အောင်​ငို​ကြွေး မှု​တွေက​မျှော်​စင်​အပြည့်​ပင်​။ ကြမ်းတမ်းလှတဲ့ စိတ်​ပျက်​အားငယ်​မှု​တွေ နာကျင်​မှု​တွေက ဓားထက်​ထက်​တစ်​ချောင်း ရင်​ဘတ်​ထဲ ထိုးသွင်းက နှလုံးကို အစိတ်​စိတ်​အမွှာမွှာ မွှန်းလိုက်​သလိုပင်​။ စင်​အောက်​ကပရိသတ်​တွေကလည်း ၀မ်းနည်းမှု နာကျင်​မှု​တွေ​ခံစား​နေရသည်​။​တောက်​ပတဲ့ အလင်း​ရောင်​အောက်​မှာ သူတို့ မျက်​၀န်းထဲက မျက်​ရည်​တွေက အလင်းပြန်ေ​နပြီးရပ်​တန့်​ရန်​ဆန္ဒမရှိကြ​ပေ။
LED screen က​မှောင်​ကျသွားသည်​။ ကျိုးယွင့်​ရှန်​မတ်​တတ်​ရပ်​လိုက်​ပြီး မီး​ရောင်​အောက်​ထွက်​က မိုက်​ရှေ့ရပ်​ပြီး ဖြည်းညင်းစွာ​ပြောလိုက်​သည်​။
"ဒါက ကျွန်​တော့်​အ​ခေ​သေဆုံးသွားတဲ့ ပုံရိပ်​ပါ...ကျွန်​တော်​ဘယ်​တော့မှာ ထပ်​မကြုံချင်​တော့တဲ့ မှတ်​ဥာဏ်​တွေပါပဲ ..လူအများက အ​ဖေ့ကို အရမ်းအားနည်းတာပဲလို့ မြင်​မှာစိုးလို့ ကျွန်​တော်​ဒါကို ထုတ်​ပြဖို့ တုံ့ဆိုင်း​နေ​သေးတယ်​..ကျွန်​တော့်​ရဲ့ စိတ်​ထဲမှာ အ​ဖေက အင်​အားအရှိဆုံး မပျက်​ဆီးနိုင်​ဆုံး လူသားပါ..."2

အဲ့အချိန်​မှာပဲ သူ့ဆို့နင့်​လာပြီး​ခေါင်းကို ငုံ့ကာ အသက်​ရှူ လိုက်​သည်​။ သူပြန်​ကြည့်​ကာ ဆက်​ပြောသည်​။
"ခင်​ဗျားတို့ ကျွန်​တော့်​ကို ဆဲလို့ရတယ်​ငြင်းလို့ရတယ်​...ဒါ​ပေမယ့်​အ​ဖေ့ကို​တော့ ငြင်းဆန်​လို့ မရဘူး..အ​ဖေ​ကောင်းကင်​မှာ ငြိမ်းချမ်းစွာ အနားယူ​နေတာကို ဘယ်​သူ့ ကိုမှာထပ်​ပြီး ကျွန်​တော်​နှောင့်​ယှက်​ခွင့်​ပြုမှာ မဟုတ်​ဘူး ..."

သူ့မျက်​လုံးကို ပိတ်​လိုက်​ပြန်​ပြီး ပြန်​ဖွင့်​လိုက်​သည်​။ သူ့ရဲ့ ၀မ်းနည်း မှု​တွေအစား​ဒေါသတို့က​နေရာယူလာသည်​။ သူ့အသံက​ရေခဲလို​အေးစက်​ကာ ဓားသွားလို ထက်​နေသည်​။
"ဒီသီချင်းက drum​တွေ bass​တွေ လျှပ်​စစ်​ဂီတာ​တွေ လျှပ်​စစ်​တွေ​ရော​နေဖို့မလိုဘူး...သူက စန္ဒရားသံစစ်​စစ်​နဲ့ပဲ လို​က်​ဖက်​ဖို့လိုတာ...ဒီသီချင်းက ဆင်​ခြေ​တွေ အနာတရ ငို​ကြွေး မှု​တွေ ပြည့်​နေတဲ့ အချစ်​ဒုက္ခသီချင်း မဟုတ်​ဘူး...ကျွန်​တော့်​အ​ဖေအတွက်​ပေးခဲ့တဲ့ ဓမ္မတေး​လေးပါပဲ...လင်းစစ်​ချင်း မင်း ငါ့စာသား​တွေကို​ပြောင်းပစ်​ခဲ့တုန်းက ငါနဲ့ ငါ့အ​ဖေအတွက်​ဒီသီချင်းက ဘယ်​လောက်​အ​ရေးပါတယ်​ဆ်ိုတာ ဘယ်​တုန်းက မှ မ​တွေးခဲ့ဖူးဘူးလား...မင်းက ငါ့ယုံကြည်​မှုကို အလွဲသုံးစားလုံးပြီး ငါ့ဂီတကို ထိခိုက်​ခဲ့သည်​။ ငါမင်းကို ဘယ်​တော့မှ ခွင့်​မလွှတ်​ဘူး.၊ဘယ်​တော့မှ..."+

လူငယ်​လေးက ကင်​မရာ ကို စိုက်​ကြည့်​နေပြီး ဖန်​သားပြင်​ပေါ်မှာ သူ့ရဲ့​အေးစက်​ပြီး ရက်​စက်​ထက်​ရှတဲ့ မျက်​၀န်းတစ်​စုံက​ပေါ်​နေသည်​။

ပရိသတ်​က ခြိမ်း​ခြောက်​ခံလိုက်​ရသည်​။ screen​ပေါ်က​နေ သူ​ပျောက်​သွား​တော့မှသာ သူတို့ သတိဝင်​လာပြီး တစ်​ယောက်​နဲ့တစ်​ယောက်​ကြောင်​တောင်​တောင်​ကြည့်​နေကြသည်​။ သူတို့ဒီကိုလာတာ လင်းစစ်​ချင်း နဲ့ ကောမုန့်ရှူ တို့အတွက် လက်​စား​ချေဖို့​လေ။
ဒါမတိုင်​ခင်​တုန်းကအရည်​အချင်းရှိတဲ့ လင်းစစ်​ချင်း ကသာလျှင်​ဒီလိုထိမိတဲ့သီချင်းကိုရေးနိုင်​ပြီး ပထမတန်းစား အဆိုပညာရှင်​ကောမုန့်ရှူ ကသာလျှင်​ပြည့်စုံစွာ အဓိပ္ပါယ်​ကောက်​ပေးနိုင်​တယ်​လို့ သူတို့ခိုင်​ခိုင်​မာမာ ယုံကြည်​ခဲ့ကြသည်​။ သူတို့နဲ့ ယှဉ်​ရင်​အိုးစစ်​နန်​က ဘာထိုက်​တန်​လို့လဲ။ ဒါ​ပေမယ့်​ပထမဆုံး တမ်းတမ်းစွဲ သီချင်း အပုဒ်​၂၀ ပြီး​တော့ သူ့တို့ ဦး​နှောက်​ကျင်းခံလိုက်​ရသည်​။သူတို့ကို အပြည့်​အ၀ လွှမ်းမိုးနိုင်​ခဲ့သည်​။

ဒီသီချင်း အပုဒ်​၂၀ကို သူ့​ပေါ့​ပေါ့ပါးပါး သီဆိုခဲ့သည်​။ သီချင်းအားလုံးက နာမည်​ကြီး ဖို့ အလားအလာ ကြီးကြီးမားမားရှိပြီးသားပင်​။ လင်းစစ်​ချင်း က အိုးပိုင်​ပေါ်ရဲ့ အရည်​အချင်း ကို လုံးဝ မယှဉ်​နိုင်​ပေ။ အိုးစစ်​နန်​ရဲ့ အရည်​အချင်းက အိုးပိုင်​ပေါ်ထက်​တောင်​သာလွန်​နေပြီးသား။
လင်းစစ်​ချင်းက သူ ပွဲဦးထွက်​ထဲက သီချင်း အများကြီး​ရေးကာ album အများအပြား ထုတ်​ခဲ့သည်​။ ဒါ​ပေမယ့်​သူ့ရဲ့ အ​ကောင်းဆုံး သီချင်းက​တောင်​အိုးစစ်​နန်​ရဲ့ အပုဒ်​၂၀ ထဲက တစ်​ပုဒ်​နဲ့မှ မယှဉ်​နိုင်​ပေ။
လင်းစစ်​ချင်း နဲ့ အိုးစစ်​နန်​ကြားက ကွာခြားချက်​က ကြီးမားလွန်းသည်​။ အမာခံ ပရိသတ်​တွေ​တောင်​ဒါကို ၀န်​ခံကြသည်​။
ပရိသတ်​အားလုံး တိတ်​ကျ​နေပြီး အလွန်​အမင်း စိတ်​ဓာတ်​ကျမှု​တွေ ခံစား​နေရသည်​။ ကျန်​တဲ့သူ​တွေက ရိုးရိုးသားသားပဲ ဘက်​ပြောင်းလိုက်ကြသည်​။ သီချင်းတိုင်းက သူတို့ကို ယုံကြည်​သူ​တွေအဖြစ်​ဖြည်းဖြည်း ချင်း​ပြောင်းလဲ​ပေးသည်​။ ပြီး​တော့ စစ်​မှန်​တဲ့ ပရိသတ်​တွေ အဖြစ်​ပေါ့။ idol က မတရားခံရ​တာ​ကို သိ​တော့ သူတို့ stick​တွေကို​ဝှေ့ ယမ်း ကာ
"အိုးစစ်​နန်​မင်းက အ​တော်​ဆုံးပါ.. .မင်းက ငါ့တို့အတွက်​လည်း ဂုဏ်​ယူစရာပါပဲ...ငါတို့ အမြဲတမ်း မင်းကို အား​ပေး​နေမှာ...ကြိုးစားထား..."

" အရှုံးမ​ပေးပါနဲ့..."

"ပြန်​လာပါ.. နှစ်​နာရီက မလုံ​လောက်​ဘူး..."

"မင်းကြိုးစားရမယ်​လေ...ကြယ်ေ​တွက အမြဲ လင်းတယ်​လေ.."
ကြယ်​မျှော်​စင်​အနှံ အား​ပေးသံ​တွေက တစ်​ယောက်​ပြီး တစ်​ယောက်​ထွက်​ပေါ်လာသည်​။ လင်းစစ်​ချင်း နဲ့ ကောမုန့်ရှူ ရဲ့ ပရိသတ်​တွေ​တောင်​မှ ပိုရှက်​ရွံ့ပြီး​ဒေါသထွက်​နေကြသည်​။ ရှက်​တာက သူတို့ အိုးစစ်​နန်​ကို အထင်​လွဲပြီး အများကြီး အနိုင်​ကျင့်​ခဲ့တာ​ကြောင့်​ပင်​။​ဒေါသထွက်​တာက သူ့တို့ idol ရဲ့ လှည့်​စားမှု​ကြောင့်​ပင်​။+
လင်းစစ်​ချင်း က ပွဲဦးထွက်​ထဲကပုံရိပ်​ကောင်း ရှိခဲ့သည်​။ သူ့ရဲ့ဂီတအရည်​အ​သွေး က သူ့ကို ဂီတ နတ်​ဘုရား နယ်​ပယ်​ရောက်​အောင်​တွန်းပို့ခဲ့သည်​။ သူ့ပရိသတ်​အများစု အရွယ်​ရောက်​ပြီးသား အတတ်​ပညာ ရှင်​အမျိုးသားအမျိုး​သမီး​တွေပင်​။ သူတို့မှာ ကိုယ်​တိုင်​အကဲဖြတ်​ပြီး ဆုံးဖြတ်​ချက်​ချနိုင်​ကြသည်​။ အဲ့အချက်​ကပဲ သူတို့ကို မျက်​နှာနီ​စေသည်​။ သူတို့မျက်​နှာ​တွေကင်​အရှက်​ရမှု​တွေဖြင့်​ဖုံးအုပ်​ထားသည်​။
ကြယ်​မျှော်​စင်​လည်း အနားမရ။ ပရိသတ်​တွေက သူတို့ခုံ​တွေမှာအချိန်​အ​တော်​ကြာ မြဲမြထိုင်​နေကာ ထွက်​ခွာဖို့ ငြင်းဆန်​ခဲ့ကြသည်​။1
"အိုးစစ်​နန်​.. .​တောင်းပန်​ပါတယ်​.."

"အား....ငါတို့ မှားခဲ့ပါတယ်​...ငါတို့ကို​ကျေးဇူးပြု ပြီး ခွင့်​လွှတ်​ပါ​နော်​..."

"အိုးစစ်​နန်​.. မင်းက ငါ့ idol ပါ..ငါ မင်းကို ချစ်တယ်​..."
​အပြစ်​ရှိတဲ့လူ​တွေက​နေရာတကာပင်​။လက်​စား​ချေဖို့ ပြုမူ​နေကြတဲ့ အသက်​ကြီးတဲ့ ပရိသတ်​တွေက မကန့်​ကွက်​ကြ။​တောင်းပန်​ဖို့က လိုအပ်​သည်​ပဲ​လေ။

ကောမုန့်ရှူ ရဲ့ ပရိသတ်​အများစုက​ကောင်​လေး​ကောင်​မ​လေး​တွေဖြစ်​ကြပြီး သူတို့က စိတ်​ခံစားချက်​သိပ်​မထိန်းနိုင်​ကြ။ အနည်းစုက မြည်​တွန်​ကြပြီး ဒီဗီဒီယိုက အတု ဖြစ်​နိုင်​တယ်​လို့​ပြောကြသည်​။ ဒါ​ပေမယ့်​ချက်​ချင်းပဲ သူ့တို့ပတ်​လည်​က​ဒေါသတကြီး ကြည့်​နေကြတာမြင်​တော့​နောက်​ဆုံး ပါးစပ်​ပိတ်​သွားကြသည်​။

လုံခြုံ​ရေး နဲ့ ရဲ​တွေက လူထုကြီးကို​ဘေးကင်းရာ​စတင်​ရွှေ့ကြသည်​။ သူတို့ကလည်း ပြပွဲကို အပြင်းအထန်​၀င်​ရောက်​ကြသည်​။ ဒါ​ပေမယ့်​ကိုးရိုးကားယား တွန်းထုတ်​ခံလိုက်​ရကြရှာသည်​။
စွင်းရွှီမုမှာ အရိပ်​များကြားတွင်​ရပ်​နေပြီး မီးအလင်း​ရောင်​အောက်​က​ကောင်​လေးကိုစိုက်​ကြည့်​နေသည်​။​ကောင်​လေးက​တောက်​ပလွန်းကာမျက်​စိစွဲမက်​စရာဖြစ်​ပြီး ယှဉ်​လို့မရတဲ့ညှို့ငင်​နိုင်​စွမ်းကိုလည်းပိုင်​ထား​သေးသည်​။

သူက နူးညံ့လှ​သောဝိုင်​တစ်​ခွက်​ဖြစ်​သလို မူးယစ်​ဆေးပြင်းတစ်​ခုလည်းဖြစ်​နေပြန်​သည်​။ ဘယ်​သူကမှ သူ့စွဲ​ဆောင်​မှုကိုမတွန်းလှန်​နိုင်​သလို ဘယ်​သူကမှလည်း သူ့ရဲ့ဖမ်းစားခြင်းက​နေ​ပြေးမလွတ်​နိုင်​ပေ။

ဒီ​ကောင်​လေးစင်​ပေါ်တက်​ဖို့အခွင့်​အ​ရေးရသွားတာနဲ့​အောင်​မြင်​လာမယ်​ဆိုတာ စွန်းရွှီမုသိသည်​။ သို့​သော်​သူ​တကယ်​အောင်​မြင်​သွား​သော်​လည်း လူ​တွေအားလုံးရဲ့ ပူ​လောင်​လှတဲ့အကြည့်​တွေ​ကောင်​လေး​ပေါ်​ရောက်​နေတာကိုသည်းမခံနိုင်​ပေ။

တစ်​ဖက်​က​ကောင်​လေး သူ့ဆီလှမ်းလာတာကြည့်​ရင်း​သွေး​တွေဆူပွက်​လာသည်​။ သူ့လက်​မောင်း​တွေထဲဆွဲသွင်းချင်​ပြီး အရှက်​မထားတော့ပဲနမ်းရှုံ့ကာ အခန်းတစ်​ခန်းထဲ​သော့ခတ်​ပြီး​ကောင်​လေးနှင့်​အတူ​မွေ့​လျော်​ကာ သူ့ရဲ့တင်းမာ​နေတဲ့အရာနှင့်​ဆောင့်​ကာ ရူးသွပ်​မှုထဲ​ပျော်​၀င်​သွားချင်​သည်​။5

သူ့ရဲ့စိတ်ဆန္ဒကိုအဆမတန်​ထိန်းချုပ်​ထားပြီး ဖုန်​မှုန့်​ပမာ ပြိုကွဲသွားရသည်​။ သူ့ရဲ့​ခြေ​ထောက်​တွေက
ကြမ်းပြင်​ပေါ်​ခေါင်း​ကြောမာမာကပ်​တွယ်​နေပြီး လှုပ်​ရှားလို့မရ​တော့​ပေ။

စွင်းရွှီမုမှာ ဒီချစ်​ခြင်းအ​ကြောင်းကို တစ်​ဖက်​လူကို​ပြောပြဖို့နည်းလမ်းမစဉ်းစားတတ်​...ဒါ​ကြောင့်​စိတ်​ရော​ထွေး​နေတဲ့ရှားရှားပါးပါးပုံစံ​လေးဖြစ်​နေမိသည်​။

ကျိုးယွင်​ရှန့်​လမ်း​လျှောက်​လာကာ​မေးလိုက်​သည်​။
"ဘာဖြစ်​လို့လဲ... ဘာလို့စိတ်​ရှုပ်​နေတဲ့ပုံ​ပေါ်​နေတာလဲ"

စွင်းရွှီမု လည်​စေ့မှာ အ​ပေါ်​အောက်​လှုပ်​ရှားသွားသည်​။ အကြာကြီးစဉ်းစား​နေပြီး​တော့မှပြန်​ဖြေလိုက်​သည်​၊
"မင်းဒီညတကယ်​ကောင်း​ကောင်းလုပ်​ခဲ့တာပဲ...ကိုယ်​ထင်​ထားထက်​ပိုပြီး​တော့​ပေါ့။ မင်းအတွက်​ဂုဏ်​ယူတယ်​"
ကျိုးယွင်​ရှန့်​မှာ ရုတ်​တရက်​အနားတိုးလာကာ လက်​တွေကိုဆန့်​တန်းလိုက်​ပြီး စွင်းရွှီမုကို​ထောင့်​နား​ချောင်​ပိတ်​ထားလိုက်​ပြီး​နောက်​ဖြည်းဖြည်းချင်း​ပြောလိုက်​သည်​။
"ကျွန်​တော်​... တစ်​ခု​လောက်​စမ်းသပ်​ချင်​လို့.. ကျွန်​တော်နဲ့အတူ​ဆောင်​ရွက်​ပေးဖို့​မျှော်​လင့်​ပါတယ်​.."+

စွင်းရွှီမုတံ​တွေးမြိုချလိုက်​သည်​။သူ့ရဲ့ တဒိန်းဒိန်း ကျယ်​လောင်​လှတဲ့နှလုံးခုန်​သံကိုလျစ်​လျူရှုပြီး​မေးလိုက်​သည်​။"ဘာကိုလဲ.." အရမ်းနီးကပ်​လွန်းလို့ သူ​ကောင်​လေးကို တကယ်​နမ်းချင်​မိသည်။

သူ့အ​တွေး​တွေ တကယ်​လက်​တွေ့မလုပ်​သေးခင်​မှာပဲ လူငယ်​လေးက လက်​တွေကို သူ့လည်​ပင်းနားရစ်​တွယ်​ကာ​ခေါင်းကိုငုံ့ဆွဲချပြီး နှုတ်​ခမ်း​တွေအချင်းချင်းဖုံးအုပ်​လိုက်​သည်​။

​နွေး​ထွေးလှတဲ့လျှာဖျားက ဆန့်​ထွက်​လာပြီး သူ့ရဲ့လျှာနဲ့ ရစ်​ပတ်​သွားသည်​။သူရဲ့နှလုံးနဲ့ဝိဥာဉ်​တို့ရဲ့ နက်​ရှိုင်းမှု​တွေကို ရှင်းပြလို့မရတဲ့ ရင်​ခုန်​သံတို့က ဖြတ်​သန်းလာသည်​။​မွှေးပျံ့လှတဲ့ပန်းရနံ့​တောက်​ပလှတဲ့ မီးရှူးမီးပန်း​တွေကလွဲပြီး သူတခြားဘာကိုမှမ​တွေးနိုင်​တော့​ပေ။စွင်းရွှီမုအကြည့်​တွေနက်​ရှိုင်း​ကာမည်း​မှောင်​သွားသည်​။သူ့ရဲ့ဘယ်​ဘက်​လက်​က​ကောင်​လေးရဲ့​နောက်​ကျောကိုတွန်းတင်​ထားကာ ညာဘက်​လက်​က​တော့​ကောင်​လေးခါးကိုတင်းတင်း​ကျပ်​ကျပ်​ရစ်​တွယ်​ထားပြီး နီးကပ်​သထက်​နီးကပ်​အောင်​အနားသို့ဆွဲလိုက်​သည်​။ဒါမှသာ သူတို့​တွေ​ဝေးကွာ​နေ​တော့မည်​မဟုတ်​ပေ။
(Jas-😤ရိုလိုက်​ကြတာ)(Tae Ra...hote pa😂)

သူတို့ကိုဂုဏ်​ပြုရန်​လာ​သောဝန်​ထမ်းများ​မှာချက်​ချင်းပင်​ပြန်​လှည့်​ပြေး​လေကြပြီ။ သူတို့​တွေဘာမှမမြင်​လိုက်​သလို ဟန်​ဆောင်​ကြ​ပေမဲ့ သူတို့ရဲ့စိတ်​က​တော့ တစ်​စိတ်​တစ်​၀မ်းတည်း​တွေး​နေကြသည်​။ သူ​ဌေးက အိုးစစ်​နန်​ကို ဒီ​လောက်​အများကြီးရင်းနှီးမြုပ်​နှံ​ပေးချင်​တာလည်းအံ့သြစရာမရှိ​တော့ဘူး သူတို့​တွေက ဒီလိုဆက်​ဆံ​ရေးကိုး...အကိုင်းမြင့်​မြင့်​ပေါ်တက်​မှ​တော့ အိုးကျစ်​နန်​အောင်​မြင်​လာဖို့ကအချိန်​အနည်းနဲ့အများအတွင်းဖြစ်​လာမှာပဲ ။ အင်း...အနည်းဆုံး​တော့ သူ့မှာတကယ်​အရည်​အချင်းရှိလွန်းတယ်​လေ။1

3-12-18

IC - Arc 6အတွက်အမြင်ကတော့ ယုံကြည်ချက်နဲ့စပွန်စာမရှိရင် အရည်အချင်းရှိလည်းဖွက်ချီးပဲလို့ပြောနေသလိုပါပဲ။ (သူများတွေရဲ့မုလှလှလေးကိုဂွစာကျပြီးဖျက်ဆီးလိုက်ပါပြီ 😛)
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі