Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.10
Chapter (10) ပျားပန်းတုန်းတွေ ဝိုင်းနေသည့် ကိုယ့်ချစ်သူ(zawgyi+Unicode)


ဒိုင်တွေက အမှတ်အနည်းဆုံးသူကို ပြိုင်ပွဲမှ ထုတ်လိုက်လိုက်ပြီးနောက်  ပထမ ဒါမှမဟုတ် ဒုတိယ ရနေကျ Emilyက နံပါတ်ငါးနေရာကို ကျဆင်းသွားတော့သည်။ Hayden၏အောက်တွင် ပြိုင်ပွဲဝင်တစ်ယောက်သာ ကျန်တော့ပြီး မကြာခင် ထုတ်ခံရတော့မည့် အခြေနေကို ရောက်လို့နေသည်။  အမှတ်အနည်းဆုံး ကောင်လေးနှင့်အတူ    Bonnie ရှေ့တွင် ဆုံးမစကားနားထောင်နေရသဖြင့် သူ မေ့လဲသွားမလို ဖြစ်နေသည်။ Hayden၏ ဘဝတွင် ဒီလို ရှက်စရာအဖြစ်မျိုးရောက်လာမည်ဟု စိတ်ပင်မကူးဖူးပေ။

နားနေဆောင် ပြန်ရောက်သောအခါ   ချုပ်တည်းထားရသမျှအားလုံး  Hayden ဖောက်ခွဲပစ်လိုက်တော့သည်။ သူက  ရခဲသေတ္တာထဲက ဘီယာဘူး အကုန်ယူလာကြီး သောက်တော့ အခြားပြိုင်ပွဲဝင်တွေ အကုန်လုံး အခြေနေ မဟန်သဖြင့် သူနှင့်ဝေးရာကို ထွက်ပြေးသွားကြသည်။

ကျိုးယွင်ရှန့်က   ရေချိုးပြီးနောက် ဒုတိယထပ်သို့ တက်သည့်  လှေကားထစ်နားတွင် မတ်တပ်ရပ်နေပြီး ဧည့်ခန်းထဲတွင် ဘီယာသောက်နေသည့် Hayden ကို လှမ်းကြည့်လိုက်သည်။  အခု သူက Haydenကို အရမ်းချစ်နေပြီး သူဘယ်လောက်ပဲ မကောင်းသည့်လူဖြစ်ပါစေ   ရှောင်ဖယ်မသွားနိုင်တဲ့ တဖက်သတ်ချစ်နေသည့်  Romeoအဖြစ် သရုပ်ဆောင်နေသည်။

" နင် ဒီမှာ ဘာလုပ်နေတာလဲ။ အခြားလူအားလုံး Hayden နဲ့ ဝေးဝေး ရှောင်နေတာ မမြင်ဘူးလား။   Hayden ဘယ်လောက် စိတ်တိုနေလဲ  နင်သိတာပဲ။  နင့်ကို မြင်ရင် သူက နင့်ကို နာကျင်အောင် လုပ်လိမ့်မယ်။ "

Ivana က  သူ့လက်မောင်းကို ဆွဲကာ ထိုနေရာမှ ထွက်သွားဖို့ ကြိုးစားလိုက်သည်။ ကျိုးယွင်ရှန့်  သူမကို စိတ်ထဲမှ ကျေးဇူးတင် မိ သော်လည်း ဝေခွဲမရဟန်ဖြင့် တိုးတိုးလေးပြောလိုက်သည်။

"ဒါပေမယ့် အခု သူ့အခြေနေက အရမ်း သနားဖို့ ကောင်းနေတယ်။ သူ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ တကယ်လို့ ငါ့အပေါ် သူ စိတ်ထွက်ပေါက်အဖြစ် တခုခုပြောဆိုလိုက်ရရင် သူ့စိတ်အခြေနေ ပြန်ကောင်းလာနိုင်တယ်။  "

" သြ...ဟုတ်တယ်။ သူ နင့် လည်ပင်းကို ကန်ချိုးလိုက်ပြီးရင် သူ့စိတ်အခြေနေ ပြန်ကောင်းလာမှာသေချာတယ် သိလား။   Emilyတောင် သူ့ကို လန့်ပြီး ရှောင်နေတာ မမြင်ဘူးလား။ သူတောင်  နင့်ထက် ပိုစဉ်းစားတတ်သေးတယ်။ အရူးလေးရဲ့ "

Ivana က အားမလိုအားမရဖြင့် ကျိုးယွင့်ရှန့်၏ နဖူးကို လက်ညိုးနဲ့ ထိုးကာ ပြောလိုက်သည်။
ကျိုးယွင်ရှန့်က သွားဖို့ကို တွန့်ဆုတ်နေချိန် ဧည့်ခန်းထဲက  ကျယ်လောင်တဲ့အသံကို ကြားလိုက်ရလို့  သူတို့နှစ်ယောက် အောက်ထပ်ကို  အမြန် ပြေးကြည့်လိုက်တော့  Haydenက  ဘီယာဘူးဖြင့်  ပထမရထားသည့် Romeo ၏ဓာတ်ပုံဆီကို ပစ်ပေါက်လိုက်တာကို တွေ့လိုက်ရလေသည်။

ဓာတ်ပုံဘောင်နှင့် အပေါ်မှာ ဖုံးအုပ်ထားသည့် မှန်ချပ်အားလုံး  အပိုင်းအစများအဖြစ် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲလို့နေသည်။  Haydenက သူ့လက်ကို သေနတ်ပုံစံ လုပ်လိုက်ကာ Romeo ရဲ့ ပိုစတာကို ပစ်လိုက်သည်။  ဘီယာဘူး ပစ်လိုက်တဲ့ အရှိန်ကြောင့် မှန်ဘောင်ပတ်လည်မှ ထွန်းထားသည့် အလှဆင် မီးသီး  ပျက်ဆီးသွားပြီး   မှိတ်တုတ် မှိတ်တုတ် ဖြစ်ပြီးသည့်နောက်တွင်  ထိုနေရာ မှောင်မည်းသွားတော့သည်။

ကျိုးယွင်ရှန့်၏ အမူယာက ငေးကြောင်သွားပြီးနောက် စိတ်ဓါတ်ကျသွားသည့်ပုံဖြင့် မျက်ဝန်းပြာများထဲ  မျက်ရည်များ ပြည့်လာတော့သည်။ သူမျက်နှာ ဖြူလျော်သွားပြီး သူ့ဓာတ်ပုံကို Hayden ဒီလို ဖျက်ဆီးပစ်လိမ့်မည်ဟု မတွေးမိခဲ့ပေ။ တကယ်လို့ သူသာ   Hayden အရှေ့  သွားရပ်နေမိရင် အသတ်ခံရမည်ထင်သည်။

Ivana က  ရုတ်တရက်  ဘာဖြစ်သွားသည်ကို သိသွားချိန်တွင်   ကြောက်လန့်နေသည့် ကောင်လေးကို ဆွဲဖက် ကာ နှစ်သိမ့်ပေး တော့သည်။

" စိတ်မကောင်း မဖြစ်နဲ့။ မကြောက်ပါနဲ့။ သူက နင့်ကို ဘာမှ မလုပ်ရဲဘူး။ သူက နင့်ပိုစတာကို ဖျက်စီးပြီးတော့ပဲ သူ့ဒေါသကို ဖောက်ခွဲရဲတဲ့ကောင်ပါ။ ဒီ  ငကြောက်ကောင်က  သူ့ရဲ့ အမှားတွေကို  နင့်ပေါ် ပုံချချင်နေတာ။ အလကား သူရဲဘောကြောင်တဲ့ကောင်။  Fuck ....  သူ့လိုသောက်ကောင်ကို  ချစ်နေဖို့ ဘာမှ မတန်ဘူး။ နင့်ကို ကူညီခဲ့ တယ်ဆိုတာလည်း ဟန်ဆောင်ပြတာပဲဖြစ်မယ်။ ငတုံးလေး...  အိပ်မက်ကနေ နိုးပါတော့ "

Ivana က စိတ်တိုလာပြီး ကောင်လေးကို တင်းကြပ်စွာ ဖက်ထားရင်း    ပခုံးကို ကိုင်လှုပ်ခါပြီး သတိပေးတော့သည်။

ကျိုးယွင်ရှန့်က သူမကို တွန်းပြီး သူ့အခန်းထဲက စောင်အောက်မှာ ရှိုက်ကြီးတငင် ငိုကြွေးနေလိုက်တော့သည်။ ဂျွန်က စောင်ကို ဖယ်ပြီး  ငိုနေတဲ့ကောင်လေးကို နှစ်သိမ့်ချင်တဲ့ စိတ်တွေ ကို အသည်းအသန် ထိန်းချုပ်နေရသည်။ သူ့ တာဝန်က မှတ်တမ်းတင်ဖို့ဖြစ်လို့ ဒီကောင်လေး ငိုနေတာကို နှစ်သိမ့်ချင်ပေမယ့် သူ ဘာမှ မလုပ်ပေးနိုင်ခဲ့ပေ။


ကျိုးယွင်ရှန့်က ရှိုက်ကြီးတငင် ငိုမယ်တဲ့လား။ ဟာသပဲ။

Hayden က သူ ခန့်မှန်းထားတဲ့အတိုင်း တထပ်တည်း လုပ်လိုက်လို့ အရမ်းကို ကျေနပ်သွားပြီး ခေါင်းနဲ့ခေါင်းအုံး ထိလိုက်တာနဲ့ အိပ်ပျော်မလို ဖြစ်သွားပေမယ့် သူက အိပ်မပျော်ခင် မျက်ရည်ကြောင်းတွေ ကျဆင်းလာအောင် မမေ့မလျော့လုပ်ပြီးမှ အိပ်သွားခဲ့သည်။
Ivana က  စောင်ကိုလှပ်လိုက်တဲ့အခါ   ငိုကြွေးရင်းအိပ်ပျော်သွားတဲ့ ကောင်လေးကို တွေ့လိုက်သည်။ သူ့ရဲ့   နှာခေါင်းတွေက နီရဲနေပြီး မျက်လုံးထောင့်မှာ မျက်ရည်စီးကြောင်းနှင့် သနားစဖွယ်ကောင်းလွန်း လှသည်။

" ဒီကမ္ဘာပေါ်မှာ လူကောင်းတွေ အများကြီး ရှိလျက်နဲ့ ဘာလို့ Hayden ကို  ကြိုက်ရတာလဲဟာ။ အဲ့ဒီအစား သူက  Mr. Achesonကို ကြိုက်လို့ရတဲ့ဟာကိုကွာ။ ဒါပေမယ့် Romeo က Mr.Achesonကို ရအောင် လုပ်နိုင်မယ် မထင်ဘူး။ ဒါပေမယ့်  Mr.Acheson ကတော့ သူ့ကို နာကျင်အောင် မလုပ်လောက်ဘူး။ "

Ivanaက တစ်ယောက်တည်းပြောရင်း သူမရဲ့ အနီရောင် ဆံပင်တိုလေးကို ဖွကာ   စိတ်ဖိစီးနေသည့် ပုံဖြင့် ထိုင်နေသည်။

ဒီအဖြစ်ပျက်ကို မော်နီတာမှတဆင့် Gustav ထိုင်ကြည့်နေရင်း    ပြုံးနေသည့်မျက်နှာက မျက်မှောင်ကြုတ်သွားတော့ကာ တီးတိုးရေရွတ်လိုသည်။

" Romeoက Mr.Achesonကို ရအောင် လုပ်နိုင်မယ် မထင်ဘူး ဟုတ်လား။  သူ မကြိုးစားပဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ။  ကိုယ့်အနားကို တိုး ခဲ့စမ်းပါ Romeo လေးရေ။ အဲ့ဒီအချိန်ဆို ငါ့အသည်းနှလုံးတစ်ခုလုံး မင်း ပိုင်နေပြီဆိုတာ အလိုလိုသိလာလိမ့်မယ်။"


အဖွဲ့ခေါင်းဆောင်က သူ့ကို တွေ့ဖို့ လာတဲ့အချိန် Screenရှေ့မှာ  တီးတိုးရေရွတ်နေတဲ့ သူ့ပုံကို မြင်လိုက်ရတော့ နှစ်ယောက်လုံး  ကြောင်သွားပြီးတော့မှ Gustavက သူ့ရဲ့   ယဉ်ကျေး တဲ့ ပုံစံပေါ်လာပြီး မေးလိုက်သည်။

" အားလုံး ပြင်ပြီးသွားပြီလား။ "

" ဟုတ်ကဲ့။ ကွဲသွားတဲ့ မီးသီးတွေနဲ့ ပြင်ဆင်ဖို့ လိုတဲ့ဟာတွေ အားလုံး ပြင်ပြီးသွားပါပြီ။ ကုန်ကျစရိတ်ကိုလည်း  Mr. Brown ဆီကို ပို့ပေးလိုက်ပါပြီ။ Bonnieက အခု Hayden ဆီသွားပြီး သူ့ခံစားချက်ကို ထိန်းချုပ်ဖို့ အကြံပေးနေပါတယ်။ သူဌေး ကျွန်တော်တို့ ရိုက်မိထားတဲ့ အပိုင်းကို ဘယ်လိုလုပ်လိုက်ရမလဲ။ "

Haydenရဲ့ မိသားစု နောက်ခံက အရမ်းကို တောင့်တင်းလွန်းတော့  Mr.Acheson က ဒီဟာကို ဘယ်လို ကိုင်တွယ်မည်ကို ဝန်ထမ်းခေါင်းဆောင်က မသေချာသဖြင့် မေးလိုက်သည်။

" ဒါကို ဘာမှ ဂရုစိုက်မနေနဲ့။ ဘာမှ မဖြတ်တောက်ပဲ ဒီအတိုင်း ပြလိုက် "

Gastav က  Brown မိသားစုကို   အခွင့်အရေး ပေးခဲ့ပြီးပြီ။ နောက်ထပ် ဒုတိယ အခွင့်အရေး ထပ်မပေးနိုင်တော့ဘူး။ ဘယ်သူမှ   မတွန်းချတောင်  Hayden က သူ့ဘာသာ ဖျက်ဆီးသွားမယ့် လူမျိုး ဖြစ်သည်။

အပိုင်း (၄)ကို နောက်တနေ့  အဓိက အချိန်မှာ ထုတ်လွှင့်ပြသပြီးနောက်   ကြည့်ရှုသူနှုန်းဟာ အရင် တစ်ပတ်ထက် 2 % တိုးနေလေသည်။ ချက်ချင်း ထောင်တက်လာတဲ့ Voteတွေကြောင့် ဒီသန်းပေါင်းများစွာသော လူတွေက Romeo အတွက် ဒီအစီစဉ်ကို ကြည့်နေကြတယ်ဆိုတာ ပိုသေချာသွားသည်။

ပရိသတ်တွေက Romeoရဲ့ ငယ်စဉ်ကလေးဘဝက ဘယ်လောက်တောင် ကြမ်းတမ်းခက်ခဲခဲ့မလဲဆိုတာ  ပုံဖော်ကြည့်လို့မရအောင် ဖြစ်နေကြသည်။ အခြား ပြိုင်ပွဲဝင်များက ပရိတ်သတ်၏ စာနာသနားမှုကို ရဖို့ ကင်မရာရှေ့မှာ သူတို့ကလေးဘဝက နာကျင်မှုကို ဖွင့်ပြောပြလေ့ရှိပေမယ့် ဒီကောင်လေးက စကားလုံး အနည်းငယ်သာ ဖော်ပြပြီး အမြဲတမ်းနူတ်ဆိတ်နေလေ့ရှိသည်။

အဲ့ဒီ့အပိုင်းက အသက်ကြီးတဲ့ ပရိသတ်တွေကို မျက်ရည်စမ်းစမ်းနဲ့ဖြစ်စေပြီး   ထိုကောင်လေးနဲ့ Ivanaတို့ရဲ့ နင်သာ မိန်းကလေးဖြစ်ခဲ့ရင်  နင်သာ ယောကျ်ားလေး ဖြစ်ခဲ့ရင် ဆိုတဲ့ အပိုင်းကိုကြည့်ပြီး  ပရိတ်သတ်တွေ လှိုက်လှိုက်လှဲလှဲ ရယ်မောခဲ့ရသည်။
သူတို့အားလုံးက ဒီကောင်လေးကိုလုံးဝစွဲလမ်းနေကြပြီ ဖြစ်သည်။
ကြောင်ချစ်သူတွေကတော့ သူရဲ့ နားရွက်ကုပ် ကြောင်အဖြစ် သရုပ်ဆောင်တာကို ကြည့်ပြီး လည်ချောင်းကွဲမတတ် အော်ဟစ်အားပေးလိုက်ကြပြီး ကောင်လေးကို ပြန်ပေးဆွဲပြီး သူတို့ ကိုယ်ပိုင်အဖြစ်ခေါ်ထားချင်စိတ်တွေ ပေါ်လာစေသည်။  Romeoနဲ့ ကျားသစ်ပေါက်လေးရဲ့ ဓာတ်ပုံလေးက သူတို့ကို နင့်ခနဲနေအောင် ခံစားသွားရစေသည်။

ဒီအကောင်ပေါက်လေး နှစ်ကောင်ရဲ့ သနားစဖွယ် မျက်လုံး တွေက မရေမတွက်နိုင်လောက်တဲ့ ပရိတ်သတ်တွေကို  ရင်ကွဲပက်လက်ဖြစ်သွားစေသည်။


" Oh .. ငါ   မခံစားနိုင်ဘူး။ ငါ့ကို အဲ့ဒီမျက်လုံးနဲ့  မကြည့်ကြပါနဲ့။ "

ပရိတ်သတ်တော်တော်များများ ဒီပုံလေးကိုကြည့်ပြီး တစ်ပုံစံတည်းနီးပါး  ဒီလိုတွေးလိုက်မိကြသည်။ ဆယ်ကျော်သက် ကောင်လေးရဲ့ ဓာတ်ပုံက တီဗွီ Screen  မှာပေါ်လာတဲ့အခါ ပရိတ်သတ် အများစုက  သူတို့မျက်နှာအုပ်ပြီးညည်းတွားလိုက်မိကြသည်။

ဒီကောင်လေးဟာ ထိခိုက်လွယ်တယ် ထင်ရပေမယ့် သန်မာသည်။ ဒီကောင်လေးက ဖြူစင်လွန်းပြီး တစ်ခါတစ်ရံ စိတ်အားငယ်တတ်ပေမယ့် တစ်ခါတစ်ရံ အရမ်း တတ်ကြွနေသည်။ တစ်ခါတစ်ရံ  ခပ်တုံးတုံးဖြစ်နေပြီး တခါတရံတော့  စဉ်းစားတတ်တဲ့ ကောင်လေး ဖြစ်နေပြန်တယ်။ သူကဆန့်ကျင်ဘက်တွေ တစ်ပြိုင်တည်း ပိုင်ဆိုင်ထားသည့် ထူးခြားသည့် ကောင်လေး ဖြစ်သည်။

တောရိုင်းသတ္တဝါများ ထိန်းသိမ်းကာကွယ်ရေး အဖွဲ့အစည်းက ဒီကောင်လေးရဲ့ ဓာတ်ပုံကို တင်ပြီးတဲ့ ညမှာပဲ ရုတ်တရက်   ရန်ပုံငွေတွေထိုးတက်သွားတာကြောင့် ကြောင်အသွားကြသည်။  သူတို့တွေ အတွေးထဲ အလှူငွေ  ဒေါ်လာ 70,000 အထိ ရတာအရမ်းကောင်းလွန်းနေပြီ။ ဒါပေမယ့်  Mr.Achesonက  သူ့နာမည်နဲ့  ဒေါ်လာ တစ်သန်းအထိ လှူမယ်လို့ မထင်ထားခဲ့မိကြပေ။ ဒါကြောင့် သူတို့အားလုံး  အတော်လေး ကျေနပ်သွားကြသည်။

Romeoနဲ့  ပရိတ်တွေ အရူးအမူးဖြစ်နေကြသလို တဖက်က   Aerial နဲ့ Haydenကို ရှုံ့ချပြောဆိုကြသည်။ ဒီအစီအစဉ်က  Aerial ဘာကြောင့် ထွက်သွားသည်ကို  မရှင်းပြခဲ့ပေမယ့် ပရိတ်သတ် အတော်တော် များများက အကြောင်းအရင်းကို ခန့်မှန်းနိုင်ခဲ့သည်။  Aerial က Brown မိသားစု ဖက်ရှင်လုပ်ငန်းရဲ့ ပင်တိုင် Modelဖြစ်ပြီး သူ့နေရာ တည်မြဲဖို့ သူက  Haydenအတွက် ကျန်တဲ့ ပြိုင်ပွဲဝင်တွေကို ဖယ်ရှားတာဖြစ်ရမည်။ သူမက Romeoရဲ့ နူးညံ့တဲ့ ဆံပင်ကို ကတုံးတုံးပစ်စေချင်ခဲ့သည်။ ဒီအချက်က  ပရိတ်သတ်တွေကို ေ ဒါသထွက်စေခဲ့ပြီး   Romeo ပြောတဲ့ လူမျက်နှာနဲ့  ကြက်ဥဖြူဖြူဆိုတဲ့   ပြန်ပုံလေးက ပရိတ်သတ်တွေကို ရယ်ရမလို ရယ်ရမလို ဖြစ်သွားစေသည်။ ဒီကောင်လေးက အရမ်း ရိုးသားလွန်းလို့ သူ့ကို ဘယ်လိုလုပ်ပေးရမလဲ ဆိုတာ မသိတော့ပေ။

Valentine Brown ရဲ့ Personal Website မှာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဝေဖန်စာတွေ ထောင်ချီပို့ခံလိုက်ရပြီး   သံသယတွေကို ဖြေရှင်းဖို့   သူတို့က Aerialကို အလုပ်မှ ထုတ်ပစ်လိုက်သည်။ Brown မိသားစုက Fashion လောကမှာ သြဇာလွှမ်းမိုးသောကြောင့်  Aerial အတွက် အခြား Company မှာ အလုပ်သစ်ရဖို့ အရမ်းခက်ခဲသွားစေသည်။
ပိုဆိုးသွားတာက  ့ Romeoကို ပြောခဲ့တဲ့ သူမရဲ့ ဖက်ရှင် အမြင်ကို ယုံကြည်ပါ ဆိုပြီး ထပ်တလဲလဲပြောရင်း    Romeoရဲ့  ဆံပင်ကို ကတုံးတုံးလိုက်ဖို့ ပြောလိုက်တာဖြစ်ပြီး သူမလုပ်ရပ်နဲ့ ဖက်ရှင်အမြင်က ဆန့်ကျင်ဘက်ဖြစ်နေသည်။

ဖက်ရှင်လောကတွင် ကျင်လည်နေသည်ဖြစ်စေ မကျင်လည်သည်ဖြစ်စေ လူတိုင်းတွင်  အမြင် ရှိကြသည်။ တကယ်လို့   မင်းမှာ ဖက်ရှင်နဲ့ ပတ်သတ်ပြီး အမြင်မရှိဘူးလို့ လူတွေက မြင်သွားမယ်ဆိုရင် ဖက်ရှင်လောကမှာ မင်း ဘယ်လိုမှ ကျင်လည်ဖို့ အခွင့်ရေးရှိတော့မည် မဟုတ်ပေ။ ဒါကြောင့်    Aerialကို ငှားရမ်းသည့်နှုန်း တဟုန်ထိုးကျသွားတော့သည်။ သူမရဲ့ ဖက်ရှင် အမြင်မရှိမှု သတင်းဟာ ဒီဇိုင်းနာတွေကြားမှာ ပျံ့နှံ့ပြီး အတင်းပြောစရာဖြစ်သွားသည်။

ဘယ်သူမှ ဖက်ရှင် အမြင်မရှိတဲ့ မော်ဒယ်ကို သူတို့ အင်္ကျီ ကြော်ငြာဖို့ မဌားချင်ကြပေ။ သူမက သူတို့ရဲ့ Brand ကို တန်ဖိုးကျသွားစေလိမ့်မည်ကို စိုးရိမ်ကြသည်။  Aerial သည်  အကျပ်အတည်းများစွာနှင့် ရင်ဆိုင်လိုက်ရပြီး တကယ်လို့သာ အချိန်ကို  နောက်ပြန်ဆုတ်ခွင့်ရရင် Hayden ရဲ့  ခိုင်းစေမှုတွေကို အတင်း ငြင်းဆန်မိမှာသေချာသည်။ အခုတော့ Hayden ကြောင့် သူ့အလုပ်က အဖတ်ဆည်မရအောင် ပျက်ဆီးသွားခဲ့လေပြီ။

Aerialနှင့် ဆန့်ကျင်ဖက်  ဒီအစီအစဉ်ကို ကြည့်တဲ့  ဒီဇိုင်းနာတိုင်းက Romeo ကို အရမ်း သဘောကျသွားသည်။ သူ့ရဲ့ ထူးခြားသည့်  ပုံစံလေး က ဒီဇိုင်နာတွေရဲ့ ခေါင်းထဲ ဒီဇိုင်းအသစ်တွေ တီထွင်ဖို့ နှိုးဆွပေးနေသလို ခံစားလိုက်ရသည်။ ဒီကောင်လေးက နာမည်ကြီးမော်ဒယ် မဖြစ်သေးခင်မှာပဲ နာမည်ကျော် ဒီဇိုင်နာများစွာ၏ စိတ်ကူးစိတ်သန်း အသစ်ကိုနှိုးဆွပေးနိုင်သည့် လူငယ်လေးတစ်ဦးဖြစ်နှင့်လို့နေလေပြီ။

တစ်ချိန်တည်းမှာပဲ Haydenက ကားပေါ်တွင် သူ့ရဲ့ ကြွက်သားတွေကို ညစ်ပြတဲ့ ပုံကိုကြည့်မိတဲ့ ပရိတ်သတ်တွေကို ဟာသပဲလို့ ပြောဆိုခံရပြီး   Achesonကို စိန်ခေါ်နေတာကို မြင်ရတော့ မဖြစ်နိုင်တာကို လိုက်ပြိုင်သည့်   မောက်မာနေတဲ့  ကောင်လေးဆိုပြီး  ဝိုင်းဟားကြတော့သည်။ သူ့ရဲ့ ဆုက်ကိုင်မှုကြောင့် နာကျင်အော်ဟစ်နေတဲ့ မျောက်ကလေး  ပုံကို တွေ့လိုက်ရတော့ ပရိတ်သတ်တွေက  Hayden ကို စိတ်ပျက် သွား တော့သည်။   Romeoရဲ့ ပိုစတာကို  Hayden ဖျက်ဆီးလိုက်သည့် အချိန်တွင်   ကြည့်မိသူတိုင်း  ကြောက်လန့် ကြောင်အသွားပြီးနောက်   ဒေါသထွက်လာကြတော့သည်။

" Hayden က ရိုင်းစိုင်းကြမ်းတမ်းတဲ့ စိတ်သဘောထားတွေ ရှိနေတယ်။ ဒီအစီစဉ်တင်ဆက်သူတွေက သူ့ကို  ပွဲက အမြန်ထုတ်ပစ်လိုက်ပါ။ မဟုတ်ရင် သူ Romeo ကို ထိခိုက်အောင်လုပ်လိမ့်မယ်။ "

" သူ့ကို ငါ့ရဲ့ အဖိုးတန်ကြောင်လေးနဲ့ ဝေးဝေး  ထားပေးစမ်းပါ ! "

" Romeo  ကိုယ့်ရဲ့အချစ်လေး  Romeo ရယ် .. သူ့အစားကိုယ့်ကိုသာ ချစ်လိုက်ပါလားကွာ "
[ ချောမောတဲ့ ယောကျ်ားတစ်ယောက်ပုံ တွဲထားလျက် ပရိတ်သတ်တစ်ဦးထံမှ ပေးစာ]

ပရိတ်သတ်ကြီးရဲ့ Romeo အပေါ်ကို ထားတဲ့ အချစ်က  များပြားလွန်းတာကြောင့် Hayden ကို လူတွေ  ပိုပြီး မုန်းလာကြသည်။  ပွဲစီစဉ်သည့်အဖွဲ့ကို တိုင်ကြားသည့် စာများက  မရေမတွက်နိုင်အောင် ရောက်လာတော့သည်။ Haydenရဲ့ မဲအရေအတွက်လည်း အောက်ဆုံးထိ ထိုးကျသွားပြီး စုစုပေါင်း ထောင်ဂဏာန်းလောက်ပဲ ကျန်သည်အထိ  အခြေအနေဆိုးသွားသည်။

  Gustavရဲ့ စားပွဲပေါ်မှာ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ စာရွက်တွေအပြင် တိုင်တန်းစာတွေပါ စုပြုံလျက် ရှိနေလေသည်။

Bonnie က စားပွဲပေါ်က တိုင်စာတွေကို  ကြည့်ပြေီး စိတ်ပျက်စွာ ဖွင့်ဖတ်လိုက်လေသည်။
" Egou, Marcel, YSL ကမ္ဘာ့ နာမည်အကြီးဆုံး ကုမ္ပဏီ အကုန်လုံးက Romeo ကို သူတို့ရဲ့ Debut Model အဖြစ်နဲ့ ဝိုင်းပြီး  ဖိတ်ခေါ်နေကြတယ်။ ငါ အခုအချိန်မှာ   ပြိုင်ဘက်ကင်း အမျိုးသမီး Super Model ဖြစ်နေတာတောင်   တစ်ခါမှ အလုအယက် ဖိတ်ခေါ်မခံဖူးဘူး။ ကြည့်စမ်း   Valentineက အစ သူ့ကိုခေါ်နေတယ်။ ငါက Haydenကြောင့်  Romeo ကို မုန်းနေမယ် ထင်နေတာ "

ဒီကိစ္စကို ကြားလိုက်တော့ Gustav အတော်လေး စိတ်ပျက်သွားသည်။ သူက ခပ်လှောင်လှောင်ပြောလိုက်သည်။

  " သူက နည်းပေါင်းစုံနဲ့ ကြောင်ပေါက်လေးကို သူ့ဘက်ပါအောင် ဆွဲဆောင်မှာပဲ "

Bonnieက သူ ဘာပြောချင်သည်ကို အချိန်တိုအတွင်း နားလည်သွားသည်။ Valentineက Gayတစ်ယောက်ဖြစ်ပြီး  အတွင်းသတင်းတွေအရ Susan နဲ့ လက်ထပ် ထားတယ်ဆိုတာ  သူ့အဘိုးကို အရူးလုပ်ဖို့ သက်သက်ဖြစ်သည်။  "

"  Romeo က ဒီလောက် ချစ်ဖို့ကောင်းနေတာ   ဒီလူကြီးရဲ့ စိတ်ဝင်စားမှုကို မခံရပဲ ဘယ်နေမလဲ။ ကျွန်မ အထင် ရှင်တော့ ကံကောင်းဖို့လိုနေပြီထင်တယ်။ ရှင် လိုချင်နေတဲ့ကောင်လေးက တစ်ကမ္ဘာလုံး လိုချင်တဲ့ကောင်လေး တစ်ယောက် ဖြစ်နေပြီ။ "

Bonnie က ကျေနပ်စွာ ပြုံးကာ ပြောလိုက်တော့ Gustavက သူမကို ကြောက်စရာကောင်းတဲ့ အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။   သူ အမြန် လှုပ်ရှားမှဖြစ်တော့မည်။  မဟုတ်လျှင် သူ့ကြောင်ပေါက်ကို အခြားလူက အလစ်သုတ်သွားတော့မည်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі