Arc 7.4
အခန်း(၆၅) ချီရှိုးကျဲ့ဘဝ4
ကျိူးယွင်ရှန့် ကရောကပါးထွက်သွားသောလီကျင်းထျန်းကို မျက်နှာသေနှင့်စိုက်ကြည့်နေခဲ့၏။ အရိပ်အယောင်ပျောက်သွားတော့မှ လက်တစ်ဖက်နှင့်နဖူးမှသွေးများကိုသုတ်ပစ်လိုက်ကာ ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။ သူ့အစေခံတွေအားလုံးက စိတ်ညှို့ ခံထားရတာမို့ သူ့အပေါ်သစ္စာရှိပြီးခေါင်းကိုငုံ့ထားကြတာမကြား၊မမြင်သယောင်ရပ်နေကြလေသည်။
လီကျင်းထျန်း ယန်ရှင်းနန်းဆောင်ကိုမသိလိုက်ဘဲပြန်ရောက်လာပြီး စားပွဲပေါ်ကသဝဏ်လွှာများကိုတွေငေးကြည့်နေမိသည်။ ထိပ်ဆုံးမှအမည်စာရင်းများက အမတ်ချူပ်ချင်ထျန်းကိုယ်တိုင်အသေအချာစီပေးထားသည်နံမည်များဖြစ်သည်။ ထိုထဲတွင်'ယွီကောကုန်း'ဆိုသည့်စာလုံးကတော့ မင်နှင့်ဝိုင်းထားခံရပြီးကောင်းမင်ကဒီလူဟာကောင်းလန်ပါလို့ပြောပြထားသည်။ ယွီကောကုန်း....ဒုတိယအိမ်မက်မှာလည်းကောင်းလန်ကသူ့ကိုယ်သူယွီကောကုန်းလို့ပြောခဲ့တယ်မလား။ ဒါဆို အိမ်မက်တွေကအမှန်လား။
လီကျင်းထျန်း လက်များတဆတ်ဆတ်တုန်လာပြီးသဝဏ်လွှာများကိုအကြမ်းပတမ်းတွန်းချပစ်လိုက်သည်။နောက်ကျသွားပြီ အားလုံးကကောင်းလန်ရာထူးတိုးမှာကိုသိနှင့်ကြပြီးပြီ။ကောင်းမင်စိတ်ကြည်အောင်လို့ သူကောင်းလန်ကိုအိမ်တော်တစ်ခုပါချီးမြှင့်ထားပြီးပြီ။အခုဆိုကောင်းအိမ်ကလူတွေအားလုံးပြောင်းနေကုန်ကြပြီ။
လီကျင်းထျန်း ယင်ကောင်တစ်ထောင်မြိုချမိသော်လည်းပြန်အန်မထုတ်နိုင်သည့်ခံစားချက်မျိူးခံစားနေရသည်။ ပရဆေးလက်ဖက်ရည်တစ်အိုးပြီးတစ်အိုးသောက်နေသော်ငြား သူ့စိတ်များကမတည်ညိမ်နိုင်ပေ။ ထိုစဉ်အစေခံတစ်ဦးကကောင်းကွေ့ကျွင်း၏အစေခံတစ်ဦးကအခစားဝင်လိုကြောင်း လာလျှောက်တင်သည်။
"ခစားစေ'' လီကျင်းထျန်းသိပ်ကိုတုန်လှုပ်နေပေမယ့်သူပြန်မလွှတ်ရဲပေ ဘာကြောင့်ဆိုသူကောင်းမင်ကိုသိပ်ချစ်သည်လေ။
"အရှင်ကျွန်မမင်းကြီးကိုအရိုအသေပေးပါတယ်။ ကျွန်မသခင်ကအရှင်မင်းကြီးအတွက်စကားပါးလိုက်ပါတယ်အရှင်။ ဒီနေ့ ချီကွေ့ကျွင်းကတော်ဝင်စာသင်ဆောင်ကိုဝင်လာပြီး မင်းသားတစ်ပါးကိုခေါ်ဆောင်မယ်ပြုနေပါတယ်။ အဲ့တာ...အရှင်မင်းကြီးဘယ်လိုများမိန့်ကြားလိုပါသလဲ'' အစေခံမိန်းကလေး၏မျက်နှာသည်ချီရှိုးကျဲ့အားအထင်သေးမှုများနှင့်ပြည့်နေမှန်းသိသာလွန်းသည်။သူကဘယ်လိုအရည်အချင်းနဲ့များမင်းသားတစ်ပါးကိုသူကမွေးစားမယ်ပြုရတာလဲ။
"ဘာမိန့်ကြားရမှာလဲ ချီကွေ့ကျွင်းကလေးမွေးစားမှာကိုခွင့်ပြုပေးလိုက်တာငါကိုယ်တော်ပဲ။ ငါကိုယ်တော်ကိုဘယ်သူအာခံဝံ့သလဲ''လီကျင်းထျန်မာထန်စွာဟိန်းဟောက်လိုက်၏။ကောင်းမင်ကိုသူချစ်လွန်းတာနဲ့ပဲ ဘာမဟုတ်တဲ့အစေခံကတောင်စည်းကျော်တတ်နေပြီ။
အစေခံမလည်း မင်းကြီးရဲ့အေးစက်တဲ့အရှိန်အဝါတွေကြောင့်မှားမှန်းသိပြီး မြန်မြန်ပြန်ထွက်သွားတော့သည်။
တော်ဝင်စာသင်ဆောင်တံခါးဝရှေ့မှာတော့ ကျိူးယွင်ရှန့်နှင့်ကောင်းမင်တို့ထိပ်တိုက်တွေ့လျှက်ရှိသည်။
ရက်အတော်ကြာနှိပ်စက်ခံထားရတာတောင်မှကျောရိုးဆန့်လျှက်မော်ကြွားရောင်သာပြည့်နေသည့်ချီးရှိုးကျဲ့ကိုကောင်းမင်နားမလည်နိုင်။ ချီအိမ်ကဘာမှမရှိတော့ဘဲ သူတစ်ယောက်ပဲကျန်တာကိုများဘာအားကိုးနဲ့မော်ကြွားနေနိုင်သေးတာလဲ။ဒါကိုတွေးရင်းကောင်းမင်ခပ်မဲ့မဲ့ပြုံးလိုက်၏။ သို့သော်အပြုံးသည်မရှည်ကြာလိုက်အစေခံတစ်ဦး၏တီးတိုးကပ်ပြောသံကြောင့်သူ့မျက်ဝန်းများပြူးကျယ်သွားရသည်။
ကျိူးယွင်ရှန့်ကပြုံးလိုက်ပြီးလက်ကိုဝေ့ရမ်းလိုက်ကာဖြင့်''ဒါဖြင့်ကျွနိုပ်ကိုခွင့်ပြုပါအုန်း'' ဟုဆိုပြီးတော်ဝင်စာသင်ဆောင်ထဲဝင်သွားလိုက်သည်။
"မင်း မင်းကြီးကိုဘာမိစ္ဆာခေါ်ပြီးပြုစားလိုက်လို့ သူမင်းကိုချမ်းသာလိုက်လဲငါမသိဘူး။ ဒါပေမယ့်ငါကတော့မင်းကိုကောင်းကောင်းနေခွင့်ပေးမှာမဟုတ်ဘူးဆိုတာသိထားလိုက်!"ကောင်းမင်အေးစက်စွာခြိမ်းခြောက်လိုက်၏။ထို့နောက်သူ့ပုံစံကကိုယ်လုပ်တော်အချင်းချင်းဘုရင့်အချစ်လုနေသည့်ပုံမျိူးပေါက်နေလေရာ မျက်နှာကရုတ်ချည်းခက်ထန်သွားလေသည်။
ကျိူးယွင်ရှန့်ခပ်မဲ့မဲ့ရယ်လိုက်ပြီး စာသင်ဆောင်ထဲဝင်လိုက်သည်။ စာသင်နေချိန်ကိုသူတမင်မသွားဘဲနေ့လယ်စာစားချိန်မှသူဝင်ရခြင်းက ဒီအချိန်ဟာ ကလေးတွေကိုအကုန်လုံးမြင်နိုင်တဲ့အချိန်ဖြစ်တာကြောင့်ပင်။+
သူ့ပုံစံကရောက်တတ်ရာမွေးစားလိုက်ပုံပေါက်ပေမယ့်တကယ်တမ်းကအကြံစည်နှင့်ဖြစ်သည်။ သူကအနာဂတ်ဘုရင်လောင်း လီရွှီယန်းရဲ့သစ္စာစောင့်ဆဋ္ဌမမင်းသား။ ဆဋ္ဌမမင်းသားနံမည်က လီရွှီသုန်း။ မိခင်ကနယ်စပ်နိုင်ငံငယ်လေးကဆက်သလိုက်တဲ့ ကချေသည်တစ်ဦးမို့ သူမနေရာကမယ်မယ်ရရမရှိဘဲ မီးဖွားရင်းသေဆုံးခဲ့သည်။ လီကျင်းထျန်း ပြန်ဝင်စားလာသည့်အခါမှာ သူ့အာရုံကကောင်းမင်နဲ့ကောင်းမင်သား ပဉ္စမမင်းသားဆီမှာသာရှိပြီး အခြားကလေးတွေရဲ့သေရေးရှင်ရေးကိုတောင်ဂရုမစိုက်ပေ။2
ဆဋ္ဌမမင်းသားရဲ့ဘဝဟာနိမ့်ကျပြီး ကာကွယ်မယ့်သူမရှိတာကြောင့်နန်းတွင်းမှာဆိုးဝါးစွာဆက်ဆံခံရသည်။ အခုအချိန်မှာအနိုင်ကျင့်ခံနေရပေမယ့်နောက်ပိုင်းအစေခံသုံးဦးသတ်လိုက်ပြီးကောင်းမင်ရဲ့အာရုံစိုက်သနားမှုကိုခံရလိမ့်မည်။ ထို့နောက်ဂရုတစိုက်ပျိူးထောင်ပေးလိမ့်မည်။ လီရွှီသုန်း ဟာဒေါသကြီးပြီးခက်ထန်ပေမယ့်လို့ကျေးဇူးသိတတ်သူတစ်ယောက်ဖြစ်သည်။ကောင်းမင်ရဲ့ကျေးဇူးကိုဆပ်ဖို့ကောင်းမင်နောက်လိုက်ပြီး တိုက်ပွဲဆင်နွဲရင်းသူဟာပါရမီရှိသူဖြစ်ကြောင်းပြသနိုင်လိမ့်မည်။
ကျိူးယွင်ရှန့်လိုချင်သည်မှာနောက်ဧကရာဇ်တင်မြှောက်ရန်ဖြစ်သည်မို့ အလားအလာအကောင်းဆုံးသူကိုရွေးချယ်လိုက်ခြင်းကအမှန်အကန်ဆုံးဆုံးဖြတ်ချက်ပေ။ကောင်လေးကအသက်၁၃နှစ်ရှိပြီဖြစ်တာကြောင့်ကိုယ်ပိုင်အသိဥာဏ်ရှိပြီးဆုံးဖြတ်တတ်သည့်အရွယ်ရောက်နေပြီ။ ဒါပေမယ့်ကောင်းမင်တောင်သူ့ကိုပျိူးထောင်နိုင်တယ်ဆိုမှတော့ ကျိူးယွင်ရှန့်ကရောသူ့ကိုမပျိူးထောင်နိုင်စရာလား။ ပြီးတော့ သူဟာဒီမင်းသားလေးကိုဘုရင်တစ်ပါးဖြစ်လာအောင်မပျိူးထောင်နိုင်ရင်ကောင်းမင်ကိုဖျက်ဆီးဖို့ကအခြားနည်းရှာရလိမ့်မည်။
ဒါကိုတွေးရင်းကျိူးယွင်ရှန့်ထမင်းစားခန်းတလျှောက်ပတ်ကြည့်လိုက်၏။ ထမင်းဟင်းနံများကသွားရေကျဖွယ်မွှေးပျံ့နေပြီး လီရွှီယန်ကအခြားမင်းညီမင်းသားများခြံရံလျှက်ဝံ့ကြွားနေသည်။ထောင့်တစ်နေရာမှာတော့ ပိန်ပါးပါးမင်းသားလေးတစ်ပါးထမင်းဗူးကိုကိုင်ရင်း ဆာလောင်မွတ်သိပ်စွာဖြင့်စားသောက်နေသည်။
"ညီတော်လေး ဖြည်းဖြည်းစားပါကွ။နင်နေပါအုန်းမယ်ဒီမှာဝက်နံရိုးပေါင်းလေးစား'' လီရွှီယန်းသည်ပေါင်းသင်းဆက်ဆံရေးအလွန်ကောင်းပြီး လူကိုချော့၍ပါအောင်မြူတတ်သည်။+
အပြုအမူကြမ်းသည်က လီရွှီသုန်း။ ထမင်းဗူးကိုချက်ချင်းဗုံးကာ ရှက်ရွံ့စွာဖြင့်လီရွှီယန်းကိုကျေးဇူးတင်ပြီးသူဝပြီဖြစ်ကြောင်းပြောလေ၏။ မင်းသားငယ်လေးကထောင့်တစ်နေရာကိုကပ်သွားပြီး ခပ်လှောင်လှောင်ပြုံးလိုက်သည်။ လီရွှီယန်းဟာတကယ်ပဲကြင်နာတတ်သလား?ဝေးပါသေး တကယ်ကြင်နာတတ်ရင်သူဒုက္ခရောက်နေကြောင်းမသိဘဲနေမလား။ အစေခံတွေနေ့တိုင်းသူ့ထမင်းဟင်းတွေခိုးစားနေမှန်းသိလျှက်ဘေးကကြည့်နေပြီးမှသူတော်ကောင်းလာလုပ်ပြနေတာ။ကြောင်သူတော်ကြွက်သူခိုးစရိုက်နှင့်လီရွှီယန်းကို လီရွှီသုန်းအော့နှလုံးနာမိသည်။
ပြတင်းနားမှကျိူးယွင်ရှန့်ကထိုမြင်ကွင်းကိုကြည့်ရင်း ရယ်လိုက်မိ၏။ သူကကောင်းသားအဖ လီရွှီသုန်းကိုသိမ်းသွင်းပြီးလောက်ပြီလိုအထင်ကြီးမိထားတာ။ ဟုတ်ပါတယ်လေ လက်ရှိ လီရွှီသုန်းကဘာအစွမ်းအစမှမရှိတဲ့လူတစ်ယောက်ပဲ ဘယ်လိုလုပ်ကောင်းမင်မျက်လုံးထဲဝင်ပါ့မလဲ။ကောင်းမင်ဟာလူအကဲခတ်တော်တာတော့ သူဝန်ခံရမည်။ လီရွှီသုန်းဟာ ဝံပုလွေအရိုင်းပေါက်စလေးတစ်ကောင်ဖြစ်ပြီး အန္တရာယ်ပြုလာသူမှန်သမျှကိုက်တတ်သလို တစ်ခါကျေးဇူးပြုလိုက်ပါကတစ်သက်လုံးသစ္စာရှိမည့်လူစားမျိူးလည်းဖြစ်သည်။2
ကျိူးယွင်ရှန့်အထဲဝင်သွားသည့်အခါ လီရွှီယန်းအပြင်မင်းသားငယ်အားလုံးကိုသူ့ကိုဦးညွှတ်နှုတ်ဆက်ကြလေသည်။ ဒါပေမယ့်သူ့အာရုံမှာအဲ့ကလေးတွေမရှိခြေလှမ်းတို့က လီရွီသုန်းရှိရာအရပ်ဆီသို့သာ တစိုက်စိုက်မတ်မတ်ဦးတည်ထားလိုက်သည်။ ထို့နောက်လီရွှီသုန်းလက်ထဲကထမင်းဗူးကိုအတင်းဆွဲလုယူလိုက်သည်။1
"ဆန်လုံးညိုနဲ့မုန်လာထုပ်ရေလုံပြုတ်ဘယ်သူကမင်းကိုဒီလိုမျိူးကျွေးတာလဲ'' ထမင်းဗူးဟာပြောင်စင်နေပေမယ့်လို့ ကျိူးယွင်ရှန့်နှာခေါင်းကတော့အနံ့ ကိုကွဲကွဲပြားပြားခွဲနိုင်သေးသည်။
လီရွှီသုန်းကကြောင်အစွာနှင့်ကျိူးယွင်ရှန့်ကိုမော့ကြည့်နေလေသည်။ ချီကွေ့ ကျွင်းဘာကြောင့်သူ့ကိုလာအာရုံစိုက်နေသလဲသူနားမလည်။
"မင်းအစေခံဘယ်မလဲ။ခေါ်ခဲ့စမ်း'' လီရွှီသုန်းကမဖြေဘဲဆက်ညိမ်နေတော့ ကျိူးယွင်ရှန့်သူ့နားရွက်ကိုဆွဲလိုက်သည်။
ထိုအခါမှလီရွှီသုန်းလည်းအသိပြန်ဝင်လာတော့သည်''အပါးတော်မြဲက ဝါးခန်းမထဲမှာနေ့လယ်စာစားနေတုန်းပါ။ သူပြီးရင်လာပါလိမ့်မယ်''
ကျိူးယွင်ရှန့်အနီးနားကမိန်းမစိုးတစ်ဦးကိုလက်ဟန်ပြပြီး လီရွှီသုန်းရဲ့အစေခံကိုသွားခေါ်ခိုင်းလိုက်သည်။ ထို့အတူ စားမကုန်သေးသည့်ထမင်းဗူးပါ ပါလာ၏။
ကျိူးယွင်ရှန့်ထမင်းဗူးကိုငုံကြည့်ရင်း ခပ်ရွဲ့ရွဲ့ပြုံးလိုက်သည်။ ''ဆန်ချိူမွှေး၊ကြက်ပေါင်းဟင်း နဲ့လေးရာသီပင်လယ်စာ စွပ်ပြုတ်ပါလား သိပ်ကောင်းတဲ့နေ့လယ်စာပဲ။မေးပါရစေအုန်း မင်းကမင်းသားလား သူကမင်းသားလား''
အစေခံရဲ့ခြေထောက်တွေဟာကြောက်ရွံမှုကြောင့်တုန်ရီလာပြီး အမြန်ဒူးထောက်ဦးကုန်းချရင်အသနားခံတော့သည်။ သို့ပေမယ့်ကျိူးယွင်ရှန့်က ဂရုမစိုက်လီရွှီသုန်းကိုသာဆွဲခေါ်သွားလေသည်။ အများအမြင်မှာတော့ သူဟာဆိုင်းငံ့ခံထားရသည့်အပြစ်သားသက်သက်သာဖြစ်နေသေးသည်။ အစေခံတစ်ယောက်ကို ကိုယ်တိုင်အပြစ်ပေးလိုက်ရင်မလိုအပ်တဲ့ကောလဟာလတွေပြန့်သွားနိုင်တာမို့ ဒီကျွန်ကိစ္စကိုတော့ လီကျင်းထျန်းလက်ထဲသာထိုးထည့်လိုက်တော့မည်။
"ချီကွေ့ကျွင်း ကျွန်တော့်မှာအတန်းရှိသေးတယ်။ ဒီလိုထွက်သွားရင်ဆရာစိတ်ဆိုးလိမ့်မယ်ဗျ'' လီရွှီသုန်းက ပူထူနေတဲ့နားရွက်ကိုပွတ်ရင်းဆိုလိုက်သည်။ သူ့အနေနဲ့အခုလို ရင်းနှီးလွန်းသည့်အသားချင်းထိကပ်မှုမျိူးမွေးကတည်းကပင်မခံစားခဲ့ရဖူးချေ။3
"ဘာအတန်းလဲ ။ ငါတို့ဒီနေ့ပဲဇီချန်နန်းဆောင်ကိုပြောင်းကြမှာ။ အခုချိန်ကစပြီး မင်းကငါ့သားပဲ'' ကျိူးယွင်ရှန့်ဆဋ္ဌမမင်းသားလေးကဲ့ခေါင်းကိုကိုင်ရင်းပြောလိုက်သည်။
အဟာရချိူ့တဲ့မှုကြောင့်လီရွှီသုန်းဟာ လီရွှီယန်းထက်လူကောင်သေးပြီး ၁၀နှစ်သားသာသာထင်ရသည်။ တကယ်တမ်းမှာ သူတို့ဝါအသက်တူတူဖြစ်ပြီးမွေးနေ့တောင်မှလအနည်းငယ်သာကွာကြသည်။
"ကျွန်တော်ကခင်များသား?'' လီရွှီသုန်း အံ့အားသင့်မှုကြောင့်ရုတ်တရက်သူ့ခေါင်းပေါ်ကလက်ကိုဖမ်းဆုပ်လိုက်မိသည်။+
"ငါ့မှာမိသားစုနောက်ခံမရှိပေမယ့်မင်းကိုတော့ကာကွယ်ပေးနိုင်ပါတယ်။ ငါကတစ်ကိုယ်တည်း၊ မင်းကလည်းမိဘမဲ့ဆိုတော့နောက်ကျရင်တစ်ယောက်ကိုတစ်ယောက်မှီခိုနေထိုင်သွားကြတာပေါ့ ဟုတ်ပြီလား'' ကျိူးယွင်ရှန့်ကိုယ်ကိုကိုင်းပြီးကောင်လေးရဲ့မျက်ဝန်းတွေကိုနူးညံ့စွာကြည့်ရင်းပြောလိုက်သည်။
သူ့မျက်လုံးတွေကကြည်လင်တောက်ပနေပြီး စိတ်ညှို့စွမ်းအင်သုံးထားခြင်းမဟုတ်ဘဲ အမှန်တကယ်စိတ်ရင်းပါသည့်အကြည့်များနှင့်ဖိတ်ခေါ်ခြင်းဖြစ်သည်။ ဒီစကားတွေကပေါသောနိုင်ပေမယ့်လို့ တကယ်တမ်းလိုအပ်သူကိုပြောတဲ့အခါမှာတော့ အမှန်တကယ်နွေးထွေးလွန်းသည်။ လီရွှီသုန်း ရဲ့ အိမ်မက်ဟာလည်း တစ်စုံတစ်ယောက်ကိုချစ်ဖို့နဲ့အချစ်ခံရချင်တာဖြစ်သည်။ နီရဲလာတဲ့မျက်ဝန်းတွေကိုမျက်ရည်တွေကိုထွက်မကျလာအောင်ထိန်းပြီး သူခေါင်းခပ်ကြမ်းကြမ်းညိမ့်လိုက်၏။
ကျိူးယွင်ရှန့်ကိုယ်ကိုပြန်မတ်ကာရယ်မောလိုက်သည်။နေရောင်ခြည်ကသူ့အပေါ်တောက်ပစွာဖြာကျနေသည်ကို လီရွှီသုန်း မင်သက်စွာငေးရင်းရောသောရယ်မောလိုက်မိ၏။1
....
ယန်ရှင်းနန်းဆောင်မှာတော့တော်ဝင်အထိန်းတော်ကြီးကမင်းကြီးကိုအချိန်ကိုက်လျှောက်တင်သည်။ ''မင်းကြီး ချီကွေ့ကျွင်းက ဆဋ္ဌမမင်းသားကိုမွေးစားလိုက်ပါတယ်''
"ဆဋ္ဌမ? ဘာလို့ မင်းသား၁၂မဟုတ်တာလဲ '' လီကျင်းထျန်းထူးဆန်းသည်ဟုခံစားလိုက်သည်။ အရင်ဘဝကချီမိသားစုကမင်းသား၁၂ကိုဖွက်ထားပြီးနန်းတင်ခဲ့တာပါ။ ဒါကြောင့်ချီရှိုးကျဲ့ကိုလည်းတူတူပဲလုပ်လောက်မယ်ထင်တာ။
မင်းသား၁၂ကခြောက်နှစ်သားပဲရှိသေးပြီး အငယ်ဆုံးမင်းသားလေးဖြစ်သည်။ သူ့ မှာကိုယ်ပိုင်အသိဥာဏ်ဆိုတာမရှိသေးတာကြောင့်မင်းသား၆ထက်ဘဝကြမ်းလေသည်။
အထိန်းတော်ကြီးက အသက်ကိုမရဲတရဲရှူပြီး ''မင်းကြီး....မေ့သွားပြီလား။ မင်းသားလေး၁၂က မရှိတော့ဘူးလေ''
"မရှိတော့! ဘယ်လိုဖြစ်တာလဲ'' လီကျင်းထျန်းလန့်သွား၏။
အထိန်းတော်မိန်းမစိုးကြီးက တုန်ရင်စွာဦးညွှတ်ပြီး ''လွန်ခဲ့တဲ့သုံးနှစ်က မင်းသား၅အဆိပ်မိပြီးမေ့မျောနေတုန်း မင်းကြီးကသမားတော်အားလုံးကိုထိုက်ချန်းနန်းဆောင်မှာခစားခိုင်းတဲ့အချိန်မင်းသားလေး၁၂ကလည်းအပြင်းဖျားနေခဲ့တာပါ။ ဒါကြောင့်သူ... သူ''
မိန်းမစိုးကြီးပြောလို့မပြီးပေမယ့်လီကျင်းထျန်းအလုံးစုံနားလည်လိုက်သည်။ သမားတော်တွေက မင်းသား၅ကိုအာရုံစိုက်ဖို့အမိန့်ပေးခံထားရတာကြောင့်မင်းသား၁၂ကိုကုသဖို့နှောင့်နှေးသွားရတာပဲ ။ သူ့နေရာကိုဆက်ခံမယ့်နောက်ဆုံးသွေးဆက်ကမရှိတော့ဘူးတဲ့လား။ ချီမိသားစုကငါးနှစ်လုံးဖွက်ထားခဲ့တဲ့ကလေးက မရှိတော့ဘူး...။
လေးလံတဲ့ကြောက်ရွံမှုက လီကျင်းထျန်းရင်ဝကိုဆောင့်ဝင်လာပြီး ပလ္လင်ပင်ယိုင်နဲ့လုခံစားလိုက်ရသည်။ သူထင်ခဲ့တာ ဒီဘဝတော့အရာအားလုံး အကောင်းဖက်မှာရှိနေခဲ့မယ်ပေါ့။ သူမှားနေခဲ့တာပဲ။ အရာအားလုံး သူ့ထိန်းချူပ်မှုအောက်မှာလို့ထင်ထားပေမယ့်တကယ်တမ်းသူ့လက်ထဲက လွှတ်ထွက်နေခဲ့တယ်။
လီကျင်းထျန်းတုန်ရီလာသည်။ မင်းသား၁၂ဘုရင်ဖြစ်လာတယ်ဆိုတာ ကျိူးယွင်ရှန့်ဖန်တီးထားတဲ့အတုအယောင်မှတ်ဥာဏ်မှန်း သူမသိရှာ။ ကျိူးယွင်ရှန့်လိုချင်သည်ကလည်း သည်အချက်ပေ။ လူတစ်ယောက်ရဲ့အာနည်းကကြောက်ရွံခြင်းပဲမဟုတ်လား။ကြောက်ရွံ့ ခြင်းသာဝါးမျိူသွားရင်ကျေးဇူးတရားဟာလည်းပျောက်ကွယ်သွားလိမ့်မည်။ လီကျင်းထျန်းအခုချိန်ကစပြီးကောင်းမင်ရဲ့ကျေးဇူးတွေအစား အမှားတွေကိုသာမြင်နေတော့မှာအသေအချာပင်။
လူ့ပင်ကိုယ်သဘာဝကိုကထိခိုက်လွယ်တာကိုး။

Коментарі