Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 7.7
အခန်း (၆၈) ချီရှိုးကျဲ့ဘဝ+

ဆဋ္ဌမမင်းသား​လေးမှာချီ​ကွေ့ကျွင်း​စောင့်​ရှောက်​မှု​အောင်​တစ်​လသာရှိ​သေး​သော်​လည်း အသားအရည်​ကဂျူံအဆင်းလိုဝင်းဝါပြည့်​ဖြိုး​နေ​လေပြီ။အရင်​က ပဉ္စမမင်းသားထက်​လူ​ကောင်​သေးညှပ်​ပေမယ့်​အခု​တော့ နားဖျားအနီးပင်​အရပ်​ထွက်​နေပြီ။​နောက်​တစ်​လ၊နှစ်​လအတွင်း ရွယ်​တူ ဒါမှမဟုတ်​ပိုရှည်​သွားနိုင်​သေးသည်​။

လီရွှီသုန်း ၏ အမူအကျင့်​များကလည်း​ပြောင်းလဲသွားခဲ့ပြီ။ ယခင်​က​ခေါင်းငုံ့​ချောင်​ကပ်​နေတတ်​သည့်​လူ​ကြောက်​က​လေးအဖြစ်​က​တောက်​ပ​သောမျက်​ဝန်းအစုံနဲ့ရင်​ပုံကို​ကော့ပြီး​တော်​ဝင်​သွေးရာဇမာန်​များက အ​ရောင်​ထွက်​နေသည်​။

လီကျင်းထျန်း လည်း အခု​တော့မှသူ့သား​တွေသူဂရုစိုက်​တော့သည်​။​တော်​ဝင်​စာသင်​ဆောင်​ကိုမကြာခဏလာ​ရောက်​ကြည့်​ရှုသည်​မို့ လီရွှီသုန်း၏စွမ်းရည်​ကိုလည်းသတိထားမိလာသည်​။ လီရွှီသုန်းဟာသူ​မေးသမျှကို အခြားလူမ​တွေးမိတဲ့နည်းလမ်းနဲ့ပြန်​လည်​ဖြေကြားနိုင်​သည်​မို့ ပါ​မောက္ခ​ကောသူပါအံ့အားသင့်​ချီးကျူးရသည်​။

"မင်းကြီး ဆဋ္ဌမမင်းသားကတကယ်​ကိုအံ့သြစရာ​ကောင်း​လောက်​အောင်​ထက်​မြတ်​ပါ​ပေတယ်​''

လီကျင်းထျန်း ပြုံးရင်း​ခေါင်းညိမ့်​လိုက်​သည်​။ ''ချီ​ကွေ့ကျွင်း ကသူ့ကို​ကောင်း​ကောင်းသင်​ပေးထားတာပဲ အင်း​လေ သူကအမြဲက​လေးထိန်း​တော်​တာပဲ''

ချီ​ကွေ့ကျွင်းမှာက​လေးတစ်​ဦးမျှမရှိခဲ့ပါဘဲ ဒီစကားကဘာအဓိပ္ပါယ်​များလဲ။ ပါ​မောက္ခကြီးမှာမင်းကြီးကိုထူးဆန်းစွာတစ်​ချက်​ကြည့်​လိုက်​မိသည်​။
လီကျင်းထျန်းကိုယ့်​ကိုယ်​ကိုအရင်​ဘဝကို​တွေးမိမှန်းသတိရ​တော့မှ လက်​ကို​ဝေ့ရမ်းပြီးမှိုင်​တွေစွာထွက်​သွား​တော့သည်​။ အရင်​ဘဝက ချီ​ကွေ့ကျွင်း မင်းသား၁၂ကိုမင်း​ကောင်းတစ်​ပါးဖြစ်​လာ​အောင်​သင်​ကြား​ပေးခဲ့တာပြန်​တွေးမိတိုင်း သူရင်​ထဲနင့်​နေရသည်​။ မင်းသား၁၂ဟာတိုင်းပြည်​ကိုသူ့ဘာသူသိမ်းနိုင်​ခဲ့တယ်​။အရည်​အချင်းက မင်းသား၅နဲ့၆ထက်​နိမ့်​မှာမဟုတ်​ဘူး။
သူသာအသက်​ရှင်​နေခဲ့ရင်​........ လီကျင်းထျန်း မျက်​နှာကိုခပ်​ကြမ်းကြမ်းပွတ်​သပ်​ပြီး​ကြောက်​ရွံ​နေသည့်​မျက်​ဝန်းအစုံကိုဖုံးပစ်​လိုက်​သည်​။
​ကောင်းမင်​လည်း မင်းသား၆စာ​ပေမှာထူးချွန်​နေပြီတာကြား​တော့​ဒေါသထွက်​နေ​တော့သည်​။ စစ်​တပ်​ကြောင့်​အလုပ်​ရှုပ်​နေ​ပေမယ့်​လည်း သူည​နေပိုင်းပြန်​လာပြီး မြင်းစီး၊​လေးပစ်​အတတ်​ကိုသင်​ကြား​ပေး​နေ​သေးသည်​။
"လက်​ကို​ဖြောင့်​အောင်​ထား လက်​မကမြန်​နေပါ​စေ။​ခြေကိုခွဲထား မင်းရပ်​နေတာမမြဲဘူး'' လီရွှီသုန်းရဲ့ခန္ဓာကိုယ်​ပုံစံကိုတည့်​မတ်​ပြီးမီတာ၁၀၀အကွာက ပစ်​မှတ်​ကိုလက်​ညိုးထိုးလိုက်​သည်​။ ''ပစ်​''
ဆဋ္ဌမမင်းသားဟာ တကယ်​ပဲ​ကောင်းမင်​ရဲ့သင်​ကြားမှု​အောက်​မှာ အ​နေကြပ်​နေသည်​။​ချွေး​စေးပြန်​ပြီး လက်​ဖျားကမညိမ်​သည်​မို့ ကြိုး​လျော့သည်​နှင့်​မြှားတံမှာမနီးမ​ဝေးမှဗွက်​အိုင်​ထဲစိုက်​ကျသွားသည်​။ တစ်​စုံတစ်​ယောက်​ရဲ့ ခပ်​မဲ့မဲ့​လှောင်​ရယ်​သံ​ကြောင့်​လီရွှီသုန်းမျက်​နှာပူသွားပြီး​ကောင်းမင်​ကိုမကြည့်​ရဲ​တော့​ပေ။
​ကောင်းမင်​ခပ်​မဲ့မဲ့ပြုံးပြီးလှည့်​ထွက်​ကာစကားတစ်​ခွန်းချန်​ခဲ့လိုက်​သည်​။ ''​ပျော့ညံ့လိုက်​တာ'' ဟူ၍။ ထိုစကားကလီရွှီသုန်းနာစည်​တွင်းထိ​ရောက်​ရှိ​လေသည်​။ တကယ်​ဆိုရှက်​သွားရမှာဆို​ပေမယ့်​ဆန့်​ကျင်​ဖက်​သူ့နှုတ်​ခမ်းမျာကတွန့်​ကွေးသွားပြီးအကြည့်​များက​သွေးဆာဟန်​ပေါ်လာသည်​။
ခု​တော့​မောက်​မာထားအုန်း​ပေါ့။ သိပ်​မကြာခင်​ဓားနဲ့မင်းအရည်​ခွံကိုဆုပ်​ပြီး ခမည်း​တော်​အဆိပ်​မိတုန်းကခံရသလိုခံစား​စေရမယ်​ဟု စိတ်​ထဲကကြုံးဝါး​နေလိုက်​သည်​။3
မြင်းစီး၊​လေးပစ်​အတန်းပြီး​တော့မှ လီရွှီယန်းလည်း​ခေတ္တငုပ်​ရိုးသွား​သောမာန်​များပြန်​ထလာ​တော့သည်​။ လီရွှီသုန်း ရဲ့​ခေါင်းငိုက်​စိုက်​နေပုံကိုတမင်​သက်​သက်​သွားအား​ပေးပြီး သူ့ခမည်း​တော်​ကအခုတ​လောအရမ်း​တွေအလုပ်​များလို့ သူ့ရဲ့ထျန်းချန်​နန်း​ဆောင်​ကို​တောင်​လာမကြည့်​နိုင်​ကြောင်း တစ်​ဖက်​လှည့်​နှင့်​ကြွားဝါပြီးငြီးငြူလိုက်​သေးသည်​။ အ​ဖေကလူယုတ်​မာဇာတ်​က​နေချိန်​သားကနတ်​သူ​တော်​ဇာတ်​ရုပ်​နဲ့ လူကိုအရူးလုပ်​ရ​အောင်​သရုပ်​ဆောင်​နေကြသည်​။
လီရွှီသုန်း က ဘာ​ပြော​ပြော​ကျေးဇူးအလွန်​အမင်းတင်​ပြီး​လေးစားသမျှအပြည့်​နဲ့ လီရွှီယန်းနှင့်​အတူ တရားလွှတ်​တော်​မုခ်​ဝထိယှဉ်​တွဲ​လျှောက်​လာသည်​။ လမ်းခွဲပြီး ဇီချန်​နန်း​ဆောင်​ရှိရာလှည့်​လိုက်​စဉ်​မှာ​တော့ မျက်​နှာ​ပေါ်မှရိုကျိူးသိမ်​ငယ်​နေမှုများက​အေးစက်​မှုများအဖြစ်​သို့​ပြောင်းလဲသွား​လေသည်​။ ခမည်း​တော်​ကသူ့ရဲ့အရည်​အချင်းကိုလူ​တွေသိရင်​ဒုက္ခ​ရောက်​မှာစိုးလို့ဖုံးထားဖို့​ပြော​ပေမယ့်​သူခမည်း​တော်​ရဲ့ကာကွယ်​မှု​အောက်​မှာချည်းမ​နေချင်​ဘူး။ သူမြန်​မြန်​အသက်​ကြီးပြီး ခမည်း​တော်​အားကိုးရတဲ့သူဖြစ်​ချင်​သည်​။ လက်​ရှိမှာသူကအားနည်း​နေ​သေး​ပေမယ့်​မကြာခင်​မှာ အားလုံးထက်​အင်​အားကြီးလာ​စေရမယ်​။ အားလုံးထက်​ဆိုတဲ့​နေရာမှာ သူ့အ​ဖေဖြစ်​ဖို့မထိုက်​တန်​တဲ့ အဲ့ပုလ္လင်​ပေါ်ကလူလည်းပါတယ်​။

ဝံပု​လွေ​ပေါက်​လေးရဲ့​ခြေသံကိုကြားတာနဲ့ ကျိူးယွင်​ရှန့်​ခပ်​ပျင်းပျင်းပုံစံက​နေ မျက်​နှာကိုချက်​ချင်းတည်​ပစ်​ပြီး ဖတ်​လက်​စစာအုပ်​ကိုချလိုက်​သည်​။ ''ဒီ​နေ့​ကောင်းမင်​ဆီမှာ မင်းအဆူခံခဲ့ရတယ်​ကြားတယ်​''

လီရွှီသုန်း​ခေါင်းညိမ့်​လိုက်​ပြီး ပါးပြင်​ကခပ်​ရဲရဲရှက်​သွေးလွှမ်း​နေသည်​။

"အသုံးမကျလိုက်​တာ လဝက်​လေ့ကျင့်​ပြီးတာ​တောင်​မီတာ၁၀၀ကကျွဲမျက်​လုံးကိုထိ​အောင်​မပစ်​နိုင်​ဘူးလား။ မင်းစားသမျှဘယ်​ထဲ​ရောက်​သွားတာလဲ​ပြောစမ်း'' ကျိူးယွင်​ရှန့်​မတ်​တပ်​ရပ်​ပြီး သူ့သားရဲ့နားရွက်​ကိုသွားလိုက်​သည်​။
လီရွှီသုန်း အလွန်​အမင်းနာကျင်​နေတဲ့မျက်​နှာထားနဲ့ဖြစ်​နေ​ပေမယ့်​စိတ်​ထဲမှာ​တော့အရမ်းကို​ပျော်​နေသည်​။ သူ့အ​ဖေဖက်​ကသူ့ကို ထိ​တွေ့တာမျိူးသူကြိုက်​သည်​။ လက်​နွေး​နွေး​လေး​တွေနဲ့နားရွက်​ကိုခပ်​ကြမ်းကြမ်း ဆွဲတယ်​ဆိုရင်​တောင်​မှ ဒါဟာမိသားစုကြားက​နွေး​ထွေးတဲ့ချစ်​ခြင်း​မေတ္တာတစ်​ခုပဲ။ ခမည်း​တော်​သူ့ကိုဆူတာ အပြစ်​ပေးတာက သူ့ကိုချစ်​လို့ သူ့ကိုပို​တော်​စေချင်​လို့။ ဒါ​ကြောင့်​မို့ လီရွှီသုန်း​ကျေနပ်​သည်​။7

ကျိူးယွင်​ရှန့်​က​တော့ သူ့သားက​လေး Masochistဖြစ်​နေရှာတာမသိရှာ​ပေ။ နားရွက်​ကိုလွှတ်​ပေးလိုက်​ပြီး လက်​ကိုဆတ်​ခနဲခါထုတ်​လိုက်​ကာဖြင့်​''လာ ငါမင်းကို​လေးပစ်​ထပ်​သင်​ပေးမယ်​''4

လီရွှီသုန်း လည်း သူ့ဖခင်​နားအ​ပြေးသွားပြီး ရပ်​လိုက်​သည်​။

"ငါ့ကိုယ်​အ​နေအထားကို​သေချာကြည့်​ထား'' ကျိူးယွင်​ရှန့်​ပေါင်​၁၄၀​လေး​သော​လေးကိုတည်​ညိမ်​စွာမ,ကိုင်​ထားပြီး​လေးကြိုးကိုသက်​သက်​သာသာပင်​ဆွဲလိုက်​သည်​။9

၁၄၀​ပေါင်​သည်​ယောက်ျားရင့်​မာကြီးများအတွက်​ပင်​အ​တော်​အားစိုက်​ရ​သော အ​လေးချိန်​သည်​။ ဒါဟာ ချီ​ကွေ့ကျွင်း အ​နေနဲ့ပထမဦးဆုံးမင်းသား၆ကိုသင်​ပြခြင်းမဟုတ်​။ သို့​သော်​လည်း အနီးနားမှ အ​စောင့်​ရဲမတ်​များက ထိုမြင်​ကွင်းကိုမြင်​တိုင်းကြက်​သီးထကြရသည်​။ ဒီလို​လေတိုက်​ရင်​လဲသွားမယ့်​ခန္ဓာကိုယ်​ထဲ ဒီ​လောက်​အား​တွေရှိ​နေတာ မြင်​နေရက်​နဲ့​တွေးကြည့်​လို့​တောင်​မရဘူး။
ဒါ​ပေမယ့်​ချီ​ကွေ့ကျွင်း ကြိုးဆွဲရာ​အောက်​မှာငြိမ်​ဝပ်​နေပြီဖြစ်​တဲ့သူတို့ ဒီကိစ္စကို မင်းကြီးဆီ​လျှောက်​တင်​မဝံ့ကြ​ပေ။
လီရွှီသုန်း က ပူ​လောင်​ပြင်းပြ​သောအကြည့်​များဖြင့်​သူ့ဖခင်​အားတစိုက်​မက်​မက်​စိုက်​ကြည့်​နေ၏။ ခမည်း​တော်​ဟာ သိပ်​ဆွဲ​ဆောင်​မှုရှိလွန်းသည်​။ ကြည့်​ရုံနဲ့တင်​မူး​ဝေသွား​စေ​လောက်​အောင်​ဆွဲ​ဆောင်​မှုပြင်းထန်​လွန်းသည်​။
ကျိူးယွင်​ရှန့်​လေးကြိုးကိုလွှတ်​လိုက်​သည်​နှင့်​မြှားမှာရွှီးခနဲမြည်​သံနှင့်​အတူ ပစ်​မှတ်​ကျွဲမျက်​စိကိုထုတ်​ချင်း​ပေါက်​အောင်​စိုက်​ဝင်​သွားပြီး မြှားမြှီးအ​မွှေးတစ်​ချိူ့သာမြင်​ရ​တော့သည်​။ ခမည်း​တော်​သူ့အားသုံးပုံတစ်​ပုံသာသုံးထားမှန်း လီရွှီသုန်း သိသည်​။ သူ့အမြင်​အရ အားအပြည့်​သုံးပြီးထပ်​ပစ်​ရင်​မြှားအ​ဟောင်းကိုနှစ်​ခြမ်းခွဲပြီးထပ်​စိုက်​နိုင်​လောက်​သည်​။ တကယ်​တော့ ဒီလိုအရည်​အချင်းနဲ့မီတာ၁၀၀စိန်​ခေါ်မှုဟာ​စော်​ကားရာကျတာပဲ။
အ​စောင့်​ရဲမတ်​များလည်း ခပ်​မတ်​မတ်​ရပ်​နေကြပြီး ချီ​ကွေ့ကျွင်း​လေးပစ်​စွမ်းရည်​ကိုမြင်​သူတိုင်း​လေးစား​နေကြသည်​။ ချီ​ကွေ့ကျွင်း နဲ့ ယှဉ်​ရင်​ကောင်းမင်​ဟာတကယ်​တမ်းဘာမှမဟုတ်​ဘူး။ ချီ​ကွေ့ကျွင်း က သိပ်​ကိုတိုင်းတာရခက်​အောက်​တော်​လွန်းတယ်​။+

"ခမည်း​တော်​ကအရမ်း​တော်​တာပဲ'' လီရွှီသုန်း အနား​ပြေးသွားပြီး ကျိူးယွင်​ရှန့်​လက်​မောင်းကိုဖက်​ထားလိုက်​သည်​။1

"ငါ့ကိုလာချွဲမ​နေနဲ့။ ကိုယ့်​လေးကိုယ်​ယူပြီး​လေ့ကျင့်​တော့'' ကျိူးယွင်​ရှန့်​က ဝံပု​လွေ​ပေါက်​လေး၏နဖူးကို​တောက်​ကာ ဆိုလိုက်​သည်​။

လီရွှီသုန်းလည်း​ခေါင်းညိမ့်​ပြီးသာမန်​လေးတစ်​ခုကို​ကောက်​ကိုင်​တာ​လေးကိုချိန်​လိုက်​သည်​။

"​ကိုယ်​အ​နေအထားကမှား​နေတယ်​!"

ကျိူးယွင်​ရှန့်​ရှေ့တိုးလာပြီးခန္ဓာကိုယ်​အ​နေအထားကိုအမျိူးမျိူးပြင်​ပေးရ​တော့သည်​။ ဒါ​ပေမယ့်​သူ​နောက်​လှည့်​လိုက်​တိုင်း လီရွှီသုန်းကအမှားထပ်​လုပ်​မြဲ။ အဲ့​တော့ လက်​ချင်းထပ်​သင်​ဖို့သာလုပ်​ရ​တော့သည်​။ နီးကပ်​နေသည့်​ခန္ဓာကိုယ်​နှစ်​ခုကြားမှာ အဝတ်​အလွှာများက နှစ်​ဦးသား၏ကိုယ်​အပူချိန်​ကိုအလွယ်​တကူခံစားမိ​စေသည်​မို့ လီရွှီသုန်းကိုယ်​အပူချိန်​မြင့်​လာပြီး​သွေးများပင်​စတင်​ဆူပွက်​လာသည်​။ သူဒီလိုနီးကပ်​နေရတာတကယ်​သ​ဘောကျသည်​ခမည်း​တော်​ရင်​ခွင်​ထဲ​ခေါင်းဝင်​ခွေ့ပြီးပွတ်​သပ်​ချင်​စိတ်​များဖြစ်​ရသည်​။9

"စိတ်​မလှုပ်​ရှားနဲ့ စိတ်​လှုပ်​ရှား​လေ ချိန်​ရခက်​လေပဲ၊ စိတ်​ကိုညိမ်​ညိမ်​ထားပြီး ငါလုပ်​တဲ့ပုံစံအတိုင်းအသက်​ရှူနှုန်းကိုထိန်းထား'' ထိုအမျိူးသား၏ပူ​နွေး​သော အသက်​ရှူထုတ်​လိုက်​သည့်​လေများက လီရွှီသုန်း၏နားသီးနှင့်​ဂုတ်​ပို့ကိုခပ်​ရှပ်​ရှပ်​ဖြတ်​တိုက်​သွားသည်​။ အသက်​ရှူနှုန်းကိုကြိုးစားထိန်း​နေ​သော်​ငြား ရင်​ခုန်​နှုန်းထိန်းရန်​ကား သူမစွမ်းသာ​ပေ။2

တစ်​ချိန်​ထဲမှာဘဲ မြှားကိုလွှတ်​လိုက်​မိပြီးပစ်​မှတ်​၏အစွန်းတစ်​နေရာကိုသွားထိသည်​။ ကျိူးယွင်​ရှန့်​လုံးဝမ​ကျေနပ်​။ ဒါ​ပေမယ့်​က​လေးတစ်​ယောက်​ကိုအတင်းဖိအား​ပေးတာမ​ကောင်းတာမို့ စိတ်​လျော့ပြီး သားငယ်​၏​ခေါင်းကိုပုတ်​လိုက်​သည်​။ ''​တော်​တယ်​တိုးတက်​လာပြီ။ ကိုယ်​အ​နေအထားအမှန်​ကိုမှတ်​မိတယ်​မလား။ ဒီမှာဆက်​နေပြီ​လေ့ကျင့်​မြှား​လေးကာမကုန်​မချင်းမနားရဘူး။ ပြီး​တော့တစ်​ချောင်းလွဲတိုင်းဆယ်​ချောင်းအစားပစ်​ရမယ်​။ မင်းတို့...သူ့ကိုကြည့်​ထား​ပေး'' ကျိူးယွင်​ရှန့်​က လီရွှီသုန်း ကို​ပြောရင်းအ​စောင့်​တွေကိုမှာလိုက်​သည်​။
အ​စောင့်​များက​ခေါင်းညိမ့်​လိုက်​သည်​နှင့်​ကျိူးယွင်​ရှန့်​ထွက်​သွားလိုက်​သည်​။

ခမည်း​တော်​ရဲ့ကိုယ်​ငွေ့​လေး​ပျောက်​ကွယ်​သွားအပြီးမှာ​တော့ လီရွှီသုန်းမျက်​လုံးများကတည်​ညိမ်​စူးရှလာသည်​။ သူ့ဖခင်​သုံးသွားတဲ့​ပေါင်​၁၄၀​လေးကိုင်းကို ဆွဲမ,ပြီး​လေးကြိုးကိုဆွဲကာ ပစ်​မှတ်​ကိုချိန်​လိုက်​သည်​။ မြှားသည်​လက်​မှလွှတ်​သည်​နှင့်​ပစ်​မှတ်​အလယ်​ကိုတည့်​တည့်​စိုက်​ဝင်​ပြီး ယခင်​များကိုအစိတ်​စိတ်​အမွှာမွှာကွဲသွား​စေသည်​။ ဒီလိုအားမာန်​အပြည်​နှင့်​လေးစွမ်းရည်​အား ဖခင်​ရှေ့ပြရန်​သူမလုပ်​နိုင်​ပေ။

အ​စောင့်​များက​ငေး​ကြောင်​သွားပြီး ချက်​ချင်းဦးကိုညွှတ်​ကာအရိုအ​သေ​ပေးလိုက်​သည်​။ ဒီက​လေးဟာ ချီ​ကွေ့ကျွင်း​ရှေ့​ခွေးလိမ္မာလိုဟန်​ဆောင်​နေ​ပေမယ့်​တစ်​ကိုယ်​တည်းချိန်​မှာ​တော့ ထိပါးမိသူအသက်​ကိုဖက်​နှင့်​ထုပ်​ထားရမည့်​သွေးဆာ​သောသားရဲတစ်​ကောင်​နှယ်​။ အသက်​၁၃နှစ်​သာရှိ​သေး​သော်​လည်း​ပေါင်​၁၄၀​လေးကိုသုံးနိုင်​သည်​။ ဒါကိုအ​ဖေ​ရှေ့​တော့မတတ်​သလိုဟန်​ဆောင်​နေ၏။ အာဂသားအဖပင်​။ ဒီလိုလူနှစ်​ဦးကို ရန်​သူ​တော်​ထားရတဲ့​ကောင်း​ကွေ့ကျွင်းနဲ့မင်းသားငါး​နောက်​နှစ်​အနည်းငယ်​ထိဆက်​တောင့်​ထားနိုင်​ပါ့မလား။7

ဒါကို​တွေးမိရုံနဲ့အ​စောင့်​ရဲမတ်​တွေသစ္စာ​ဖောက်​ဖို့တစ်​စုံတစ်​ရာမ​တွေးရဲ ကြ​ချေ။

.....
​ကောင်းမင်​ကသူ့သ​ဘောအတိုင်းတိုက်​ပွဲကိုဆင်​နွဲခွင့်​ရပြီး လီကျင်းထျန်းကိုယ်​တိုင်​နန်းပြင်​ဆယ်​မိုင်​ထိလိုက်​ပို့ကာမခွဲမခါရက်​အင်​တင်​တင်​ပင်​ပြန်​သွားခဲ့သည်​။​ကောင်းမင်​ဟာ နယ်​စပ်​ကို​ရောက်​ပြီးရက်​သိပ်​မကြာခင်​မှာပဲ တိုက်​ပွဲကိုအနိုင်​ရခဲ့သည်​။ ထိုသတင်း​နေပြည်​တော်​ဆီ​ရောင်းလာ​တော့ အမတ်​တွေက မင်းကြီးမည်​မျှဥာဏ်​အ​မျှော်​အမြင်​ကြီး​ကြောင်းဖား​လျှောက်​ကြ​လေသည်​။​ကောင်းမင်​ဟာအပြင်​မှာ လီကျင်းထျန်းအမည်​သုံး၍တိုက်​ပွဲဝင်​နေသည်​မို့ အနိုင်​ရရှိ​လေ လီကျင်းထျန်းကိုလူ​တွေကချီး​မြှောက်​ကြ​လေပင်​။လီကျင်းထျန်းသည်​က အပြင်​တွင်​ပြုံး​နေ​သောငြား စိတ်​ထဲတွင်​ကြောက်​ရွံ၊​ဒေါသများနှင့်​ဝမ်းနည်း​နေသည်​။
ဇာတ်​လမ်းသာဖြစ်​ရမယ့်​ပုံစံအတိုင်းသွားခဲ့ပါလျှင်​နှစ်​အနည်းငယ်​အတွင်း​ကောင်းမင်​ဟာနယ်​စပ်​ဒေကိုချဲ့ထွင်​ပြီး အ​နောက်​ယီထိသိမ်းနိုင်​လိမ့်​မည်​။စစ်​တပ်​ဟာသူ့သြဇာ​အောက်​အလုံးစုံကျရောက်​ပြီး​ကျော်​ကြားမှုကခန့်​မှန်းမရ​အောင်​မြင့်​မားလိမ့်​မည်​။ နယ်​စပ်​တွင်​စစ်​သူကြီး​ကောင်းကိုသာလူသိပြီး ဘုရင့်​ကိုမသိကြ​ပေ။ သည့်​အပြင်​ရှင်​ဘုရင်​ဟာစစ်​သူကြီး​ကောင်းကို အထူးမြတ်​နိုး​တော်​မှုတာ​ကြောင့်​နယ်​ခြား​စောင့်​စစ်​သူကြီးများက သူ့ကိုအလွယ်​တကူသစ္စာခံပြီး မင်းသားငါးကိုနန်းတင်​ပေးကြလိမ့်​မည်​။+

ဒါ​ပေမယ့်​လက်​ရှိမှာ​တော့ လီကျင်းထျန်းဟာ​ကောင်းမင်​ကိုချစ်​နေဆဲဖြစ်​ပြီးယုံကြည်​မှု​တော့မရှိ​ပေ။တစ်​ဖက်​တွင်​ချီ​ကွေ့ကျွင်းကိုမချစ်​သော်​ငြား မည်​သူထက်​မဆိုအပြည့်​အဝယုံကြည်​နေပြန်​သည်​။ အချစ်​နဲ့ယုံကြည်​မှုမှာ ဘယ်​အရာကပိုအ​ရေးကြီးသလဲ? ကျိူးယွင်​ရှန့်​အမှန်​အတိုင်း​ဖြေရရင်​'ယုံကြည်​မှု' က အချစ်​ထက်​ပိုအ​ရေးကြီးသည်​။ ခံစားချက်​ဆိုသည်​မှာ ချစ်​ခြင်း၏ခိုင်​ခံမှု​ကြောင့်​ဖြစ်​နေသည်​မဟုတ်​ယုံကြည်​မှု၏​လေးနက်​မှု​ကြောင့်​ဖြစ်​တည်​နေခြင်းဖြစ်​သည်​။​လေးနက်​သောယုံကြည်​ခြင်းသည်​ပြင်​ပ​ယောဂ​ကြောင့်​တုန်​လှုပ်​သွားခြင်းရှိမည်​မဟုတ်​။ လူနှစ်​ဦး၏ဆက်​ဆံ​ရေးအကြားတွင်​ယုံကြည်​မှုကသာအင်​အားအကြီးဆုံးဆက်​သွယ်​ရာဖြစ်​သည်​။
မူလ​ကောင်းမင်​ဟာထိုယုံကြည်​မှု​ပေါ်အမှီပြုပြီး လီကျင်းထျန်းနှင့်​အတူ​လောကကိုအစိုးရခဲ့​သော်​ငြား အခုသူတို့ကြားကယုံကြည်​မှုက ကျိူးယွင်​ရှန့်​ကြောင့်​ပျက်​စီး​လေပြီ။ လီကျင်းထျန်းဟာ​ကောင်းမင်​သူ့ပလ္လင်​ကိုင်​လှုပ်​မည်​ကို​ကြောက်​ရွံ​နေတာမို့ စစ်​တပ်​သူလျှိူထားပြီး ရိက္ခာများကို​နှောင့်​နှေး​အောင်​လုပ်​သည်​။ ရိက္ခာမ​လောက်​ပါက စစ်​ရှုံးပြီး​ကောင်းမင်​ဟာအရှုံး၏ခါးသီးမှုကိုခံစားရလိမ့်​မည်​။ အဲ့ဒီချိန်​သူကနှစ်​သိမ့်​ပေးပြီး အနားပြန်​ခေါ်ထားနိုင်​မည်​။
အတွင်းစကားကိုကြားရသည်​နှင့်​ကျိူးယွင်​ရှန့်​လှောင်​ပြုံးပြုံးလိုက်​သည်​။ ဆန်​ကုန်​မြေ​လေးမင်းဆိုတာ သူနဲ့ တကယ်​လိုက်​ဖက်​တဲ့ဘွဲ့ပဲ။ ဘုရင်​ဖြစ်​နေ​ပေမယ့်​တိုင်းပြည်​ထက်​ကိုယ့်​ဆန္ဒကိုပဲ​ရှေ့တန်းတင်​နေတယ်​။​ကောင်းမင်​ရဲ့အ​တောင်​ချိူးဖို့သက်​သက်​နဲ့​ထောင်​ချီတဲ့ရဲမတ်​တွေရဲ့အသက်​ကိုစ​တေးဖို့ သူဟာတုန့်​ဆိုင်းခြင်းမရှိဘူး။ ဒါမှမဟုတ် လီကျင်းထျန်​ရဲ့​စ​တေးခံအချစ်​အတွက်​သူ​လေးစား​ပေးရမလားပဲ။
ဒါ​ပေမယ့်​လီကျင်းထျန်းအတွက်​မှားသွားခဲ့ပြီ။​ကောင်းမင်​နောက်​မှာရှိ​နေတာ​ကောင်းအိမ်​တစ်​ခုတည်းမဟုတ်​။ သူ့မှာသူ့ကိုနှစ်​နှစ်​ကာကာချစ်​ပြီး တိတ်​တဆိတ်​ကူညီ​ပေးမည့်​လီဝမ်​ရှိ​နေ​သေးသည်​လေ။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі