Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 5.10
အခန်း(၅၁) ကျူးစစ်​ယွိ + ချင်းစယ်​+

ကျန်းကျား​လွေ့ ပြန်​သွားပြီ​တော့ သူကျူးအိမ်​နံမည်​ဖျက်​ဖို့နည်းမျိူးစုံစဉ်းစားသည်​။ ပထမဦးဆုံး ကျူအိမ်​အ​စေခံတစ်​ယောက်​ရွာသား​တွေကိုမတရားနှိပ်​စက်​နေပါတယ်​လို့ သတင်းလွင့်​ပြီး အဲ့လူက ကျူး​လောင်​စစ်​၏လူယုံဖြစ်​နေတာနဲ့အဆုံးသတ်​သွားသည်​။ လူတိုင်း ကျူးစစ်​ယွိကကျူး​လောင်​စစ်​နဲ့​သေခန်းဖြတ်​လိုက်​တာကြာပြီမှန်းသိကြာပြီးသား။ ဒါ​ကြောင့်​အဲ့လူရဲ့လုပ်​ရပ်​က ကျူးအိမ်​နဲ့ဆိုင်​တယ်​လို့​တောင်​မ​တွေးကြဘူး။

​နောက်​တော့ လူတစ်​ချိူ့က ရွာထဲကလူကုန်​တန်​တစ်​ယောက်​မတရားအမြတ်​ကြီးစားပြီး ရုံး​တော်​ကိုအခွန်​ဆက်​ဖို့​ရှောင်​နေသည်​ဟုသတင်းပို့သည်​။ သူစုံစမ်းကြည့်​တော့ ဝမ်​နဲ့လီအိမ်​က အခွန်​ရှောင်​ထားသည့်​ကိုသာ​တွေ့ရသည်​။ ကျူးအိမ်​က​တော့လုံးဝသန့်​ရှင်း​နေသည်​။

သူထပ်​ခါထပ်​ခါစုံစမ်းခိုင်း​ပေမယ့်​သူကျူးအိမ်​ကိုသံသယဖြစ်​သမျှအရာအားလုံးက ကျူးအိမ်​ဟာအပြစ်​မဲ့​ကြောင်းသာပြန်​ထွက်​လာသည်​။ သူ့လုပ်​ရပ်​ကကျူးအိမ်​ရဲ့ 'သဒ္ဒါတရားထက်​သန်​သောအိမ်​တော်​' ဆိုတဲ့ဂုဏ်​ပုဒ်​ကိုမဖြုတ်​ချနိုင်​ရုံမက ကျူးစစ်​ယွိနံမည်​ကိုပိုလို့​တောင်​ကြီး​စေသွားသည်​။ ကျန်းကျား​လွေ့တစ်​ယောက်​ဒေါသနဲ့အိပ်​ရေးပျက်​ည​တွေများ​နေ​တော့သည်​။ သူကျူးစစ်​ယွိအရိုးထဲထိမုန်း​နေပြီး တစ်​နေ့ဖြိုလဲပစ်​မည်​ဟု ကြုံးဝါ​လေသည်​။

အဲ့ဒီအချိန်​မှာ ချင်းစယ်​ကမြို့​တော်​ကိုပြန်​ရောက်​လာသည်​။ ဒါ​ပေမယ့်​သူဒဏ်​ရာအပြင်းအထန်​ရထားသည်​။ တကယ်​လို့များ သမား​တော်​တွေကသာ သူ့ကိုချူပ်​မထားပဲ ဝမ်းဗိုက်​ကဒဏ်​ရာကို​ဆေးမထည့်​ပေးပါလျှင်​သူချင်းမင်​ရွာကိုသွားလိမ့်​မည်​။

"မင်းဒီ​နေ့ပဲ ဒီ​သေတ္တာကိုကျူးစစ်​ယွိဆီကိုယ်​တိုင်​သွား​ပေးရမယ်​'' သူသတိမ​မေ့ခင်​ယွိချန်​ကို​သေ​သေချာချာမှာလိုက်​သည်​။

ယွိချန်​ကလည်းတုံ့ဆိုင်းမ​နေဘဲ ကိုယ်​တိုင်​သေတ္တာငယ်​ကိုယူပြီး မြင်းနှင့်​ကျူးအိမ်​ကိုအပြင်းနှင်​လေသည်​။

"စစ်​သူကြီး ကြွပါ ကြွပါ။ ဘာလို့ဒီ​လောက်​တောင်​များအလျင်​လို​နေရသလဲ​မေးလို့ရမလား။ တစ်​ခုခုလိုအပ်​လို့လား'' ကျိူးယွင်​ရှန့်​ထိုလူကိုအံ့သြဝမ်းသာစွာနဲ့​မေးလိုက်​သည်​။

"ဒီ​သေတ္တာ​လေးက ကျူးကုန်းဇီ အတွက်​ပါ'' ယွိချန်​က ဗူးကိုစားပွဲ​ပေါ်တင်​လိုက်​တော့​သွေးညှီနံ့ပြင်းပြင်းက​လေထုထဲ ပြန့်​လွင့်​လာသည်​။
ကျိူးယွင်​ရှန့်​ချက်​ချင်းဗူးကိုပတ်​ထားတဲ့အဝတ်​စကိုဖြည်​လိုက်​ပြီး အဖုံးကိုဖွင့်​ကြည့်​လိုက်​သည်​။ အထဲတွင်​ခေါင်းပြတ်​တစ်​လုံးရှိ​နေသည်​။ ဥသြ​လေးနဲ့လုရှီက​တော့လန့်​ပြီး အားရပါးရ​အော်​လိုက်​ကြ​ပေမယ့်​ကျိူးယွင်​ရှန့်​က​တော့​ပျော်​ရွှင်​စွာရယ်​မောလိုက်​သည်​။+

​ခေါင်းပြတ်​ရဲ့မျက်​နှာ​ပေါ်မှာ ဂဠုန်​ငှက်​ပုံ​ဆေးမင်​ကြောင်​ရှိ​နေသည်​။ ဒါက​လော့​ရွှေ​တောင်​ရဲ့ဓားပြ​ခေါင်း​ဆောင်​ဝမ်​ကျန်းဖိန်​ပဲ ။ ကျူးစစ်​ယွိအ​ဖေကိုသတ်​ခဲ့တဲ့တရားခံ။ ရိက္ခာထုတ်​နှစ်​ထောင်​က အလာဟသပ်​မဖြစ်​ဘူးပဲ။ ကျိူးယွင်​ရှန့်​သက်​ပြင်းပြီး ပြုံးလိုက်​သည်​။

" စစ်​သူကြီးယွိ ခင်​များက​ကျေးဇူးရှင်​ပဲ ကျူပ်​ဒီ​ကျေးဇူးတစ်​သက်​မ​မေ့ပါဘူး'' အဲ့​နေ့ကတစ်​ခဏပဲစကား​ပြောလိုက်​တာကို ဒီလူကသူလိုချင်​တာကိုအခုထိစိတ်​ထဲထည့်​ထား​သေးတယ်​။ မြို့​တော်​ရဲ့အ​ခြေအ​နေကိုညိမ်​သက်​အောင်​လုပ်​ပြီးတာနဲ့ သူ​လော့​ရွှေကိုချက်​ချင်းသွားပြီးသူ့အတွက်​လက်​တုန့်​ပြန်​ပေးရတယ်​။​ခေါင်းပြတ်​ကိုကိုယ်​တိုင်​တောင်​လာပို့​သေးတယ်​။ ဒီလိုကိစ္စမျိူးအကျိူးအမြတ်​မလိုပဲ ဘယ်​သူကလုပ်​ပေးမှာလဲ။ ဒီလူက တကယ်​ပဲ သူရှာ​နေသူများလား?

ကျိူးယွင်​ရှန့်​နှလုံးသား​လေးတထိတ်​ထိတ်​ခုန်​လာသည်​။ မတ်​မတ်​ထိုင်​နေသည့်​လူကိုသူခုန်​နောက်​ဖိကပ်​လိုက်​သည်​။ ထိုလူ​ကြောင်​အ​နေစဉ်​မှာပဲ သူ့လျှာဖျားကိုတစ်​ဖက်​လူခံတွင်းထဲသို့ထည့်​လိုက်​သည်​။​မွှေ​နှောက်​ရင်းစုပ်​ယူကြည့်​၏။5

ယွိချန်​လန့်​ပြီး တွန်းပစ်​ဖို့အင်​အားမရှိ​လောက်​အောင်​လက်​များကအားအင်​မဲ့​နေသည်​။ ကျူးကုန်းဇီရဲ့အနမ်းကအရမ်းကိုဆရာကျလွန်းလို့ သူ့ဝိညာဉ်​တစ်​ခုလုံးစုပ်​ယူခံလိုက်​ရသလိုခံစားရတယ်​။
ဒါ​ပေမယ့်​ကျိူးယွင်​ရှန့်​ဝိညာဉ်​က​တော့ဘာရင်းနှီးကိုမှမခံရ​ပေ။ ယွိချန်​ကသူ့လူမဟုတ်​ဘူး။ သူဘယ်​မှာလဲ။ ကျိူးယွင်​ရှန့်​စိတ်​ဓာတ်​ကျလာသည်​။ သူနမ်းတာကိုရပ်​လိုက်​ပြီး​နောက်​ကို​ခြေလှမ်းအနည်းငယ်​ဆုတ်​လိုက်​သည်​။ ''စစ်​သူကြီးယွိ ၊ကျွန်​တော်​ခင်​များကို မထီ​လေးစားပြုမိပြီ။​ကျေးဇူးပြုပြီး ကျူပ်​ကိုခွင့်​လွှတ်​ပါ။နှုတ်​ဆက်​ပါတယ်​'' သူဦးညွှတ်​ပြီး လက်​တစ်​ဖက်​ကို​ရှေ့ဆန့်​ကာ တစ်​ဖက်​လူကိုထွက်​သွားရန်​ပြလိုက်​သည်​။

ယွိချန်​အတင်းအကြပ်​အနမ်းခံလိုက်​ရ​ပေမယ့်​ဘယ်​လိုခုခံရမလဲ​မေ့​နေခဲ့သည်​။ သူအသိစိတ်​ပြန်​ကပ်​လာ​တော့ သူ့ကိုယ်​သူမြင်း​ကျော​ပေါ်မှာ ချင်းမင်​ရွာနဲ့အ​တော်​ဝေး​ဝေး​ရောက်​နေပြီမှန်းသတိထားမိ​တော့သည်​။ သူတပ်​ထဲကိုပြန်​ရောက်​လာ​တော့ စစ်​သေနာပတိချူပ်​ဘေးမှာ ငူငူကြီးထိုင်​နေပြီး နှုတ်​ခမ်း​တွေကထုံ​နေဆဲဖြစ်​သည်​။
တစ်​နာရီ​လောက်​ကြာ​တော့​မေ့​ဆေးပြယ်​ပြီးချင်းစယ်​နိုးလာသည်​။
"မင်းသူ့ဆီပို့ပြီးပြီလား'' ယွိချန်​ကိုမြင်​တာနဲ့သူချက်​ချင်း​မေးလိုက်​သည်​။
"ပို့ပြီးပြီ'' ယွိချန်​ပါးပြင်​များကနီရဲလာသည်​။ ပြီးမှ အသံနိမ့်​နိမ့်​နဲ့ '' ဟုံရယ်​...တကယ်​လို့..တကယ်​လို့​ယောက်ျားတစ်​ယောက်​ကခင်​များကိုစိတ်​ဝင်​စား​နေရင်​ခင်​များဘယ်​လိုလုပ်​မလဲ?''

"ဘယ်​ယောက်ျားကမင်းကိုစိတ်​ဝင်​စား​နေလို့လဲ'' ချင်းစယ်​သ​ရော်​ပြုံးနဲ့​မေးလိုက်​သည်​။

"ကျူးကုန်းဇီ​လေ..သူကျွန်​တော့်​ကိုနမ်းလိုက်​တယ်​ဗျာ'' ယွိချန်​သူ့မျက်​နှာသူလက်​နဲ့အုပ်​ပြီး ''ကျွန်​တော်​ရွံ​တောင်​မရွံမိဘူးဗျာ...ကျွန်​တော်​လေ....ဟုံရယ်​...ကျွန်​တော်​တော့သွားပါပြီ။ကျူးကုန်းဇီသာ​ကော ဆိုရင်​ကျွန်​တော်​ချက်​ချင်းလက်​ထပ်​ပစ်​မှာ။ ဒါ​ပေမယ့်​အဲ့လိုမဟုတ်​ရင်​တောင်​....ကျွန်​တော်​သမာရိုးကျမ​တွေးနိုင်​တော့ဘူးဗျာ''
ချင်းစယ်​တစ်​ယောက်​အိပ်​ရာ​ပေါ်ကပြုတ်​ကျ​တော့မလို​တောင်​ဖြစ်​သွားရှာသည်​။ သူ့မျက်​လုံး​တွေက​အေးစက်​ပြီး စူးရှလာကာ ယွိချန်​၏အ​ရေပြားကိုဆုတ်​ခွာချင်​စိတ်​တောင်​ပေါက်​လာသည်​။4
ယွိချန်​က​ကြောက်​ကြောက်​လန့်​လန့်​နဲ့ ''ဟုံ...ဟုံရယ်​ဘာဖြစ်​နေတာလဲ။ ဘာလို့ကျွန်​တော့်​ကိုအဲ့လိုကြီးကြည့်​နေတာလဲ''

"သူဘာလို့မင်းကိုနမ်းရတာလဲ? အဲ့​သေတ္တာကငါ​ပေးလိုက်​တာလို့မင်းမ​ပြောဘူးလား!!"​သေစမ်းဒီ​ကောင်​...သူ့​ရွှေတွင်းကိုထပ်​နှိုက်​သွားပြန်​ပြီ!ပထမက အိမ်​စောင့်​တာ အခုဓားပြ။2

"...ကျူးကုန်းဇီ မနမ်းခင်​ကျွန်​တော်​ပြောဖို့အချိန်​တောင်​မရလိုက်​ပါဘူးဗျာ'' ယွိချန်​အခုမှသူ့အမှားသူနားလည်​သွားရှာသည်​။ စစ်​သေနာပတိချူပ်​ကြီး တစ်​ဝက်​ပွင့်​နေတဲ့အဝတ်​ပါး​လေးနဲ့အပြင်​ပြေးထွက်​သွားတာ သူဖမ်းလို့​တောင်​မမိလိုက်​ပေ။2
အ​စေခံတစ်​ယောက်​က ရှန်း​ဝေ့ဟုံရှီးစစ်​လာလည်​တယ်​လို့သတင်းပို့​တော့ကျိူးယွင်​ရှန့်​က​တော့ ဘယ်​ဆီဘယ်​ဝယ်​မှန်းမသိတဲ့သူ့ချစ်​သူ​ကြောင့်​စိတ်​ဓာတ်​ကျ​နေဆဲ။

ရှန်း​ဝေ့ဟုံ...​ရှောင်​ဟေး? သူကဒီဘာလာလုပ်​တာလဲ? သူစဉ်းစား​နေတုန်းမှာပဲ...ဖရိုဖရဲပုံစံနဲ့လူတစ်​ယောက်​အိမ်​မကြီးထဲ​ပြေးဝင်​လာသည်​။ အနက်​ရောင်​ဝတ်​ရုံကိုဖြစ်​သလိုဝတ်​ထားပြီး​သွေးစွန်း​နေသည့်​ပတ်​တီးစကအနည်းငယ်​ပွင့်​နေသည်​။ သူ့မျက်​နှာ​ချော​ချောက​တော့​ဒေါသများ​ကြောင့်​နီရဲရှုံ့ မဲ့​နေသည်​။
"မင်းသိဖို့လိုတယ်​။ ဒီအိမ်​ကို​စောင့်​ဖို့ ယွိချန်​ကိုအမိန့်​ပေးပါကျူပ်​ပဲ။​လော့​ရွှေကဓားပြ​တွေကိုလည်း မင်းအတွက်​ကျူပ်​ကိုယ်​တိုင်​သုတ်​သင်​ခဲ့တာ...ပြီး​တော့ '' သူ့ကျိူးယွင်​ရှန့်​နားကပ်​လာပြီး လက်​ကိုကျိူးယွင်​ရှေ့ဆန်​ထုတ်​လိုက်​သည်​။ သူ့မျက်​လုံးကမီးဝင်းဝင်း​တောက်​နေ၏။1
"ဒါ...''​ဆေးလိပ်​နံ့ က ကျိူးယွင်​ရှန့်​နှာ​ခေါင်းထဲအလုံးအရင်းဝင်​ရောက်​လာပြီး သူ့ကိုမူး​ဝေသွား​စေသည်​။

"ဒါ​ကြောင့်​မင်း​ကျေးဇူးတင်​သင့်​သူကကျူပ်​ပဲ။ မင်းစိတ်​ဝင်​စားသင့်​တဲ့သူကလည်းကျူပ်​ပဲ ယွိချန်​မဟုတ်​ဘူး။ မင်းနမ်းသင့်​တဲ့လူကလည်းကျူပ်​ပဲ ယွိချန်​မဟုတ်​ဘူး။​နောက်​တစ်​ခါ ကျူပ်​ပိုင်​တဲ့အနမ်း​တွေအခြား​ယောက်ျားတစ်​ယောက်​ထပ်​ခိုးသွားရင်​ကျူပ်​သူတို့လျှာကို ဖြတ်​ပစ်​ရလိမ့်​မယ်​'' ချင်းစယ်​ပြောပြီးတာနဲ့ချက်​ချင်း ကျိူးယွင်​ရှန့်​၏နှုတ်​ခမ်းရဲရဲကိုခပ်​ကြမ်းကြမ်းနမ်းလိုက်​တော့သည်​။12

လျှာဖျားနှစ်​ခုထိ​တွေ့သွားပြီး သွားရည်​များ​ပေါင်းစည်းသွားသည်​နှင့်​ရင်းနှီးသည့်​ခံစားမှုကကျိူးယွင်​ရှန့်​ဝိညာဉ်​ဆီသို့စီးဆင်းသွားသည်​။ သူတို့စိတ်​တွေက​နွေး​ထွေးပြီးမီးလို​တောက်​ပ​နေသည်​။ ဒါက တစ်​လောကလုံးက​ပျော်​ရွှင်​မှု​တွေအကုန်​သူတို့ပိုင်​ဆိုင်​လိုက်​ရသလိုပင်​။ နှစ်​ဦးသားဖက်​ထားပြီး အနမ်း​တွေကိုပိုနက်​ရှိုင်း​စေလိုက်​သည်​။ နာရီဝက်​လောက်​ကြာ​တော့ သူတို့ခွာလိုက်​ကြပြီး နှုတ်​ခမ်းနှစ်​ခုကြား​ငွေ​ရောင်​အမျှင်​တန်းတစ်​ခုကျန်​ရစ်​ခဲ့သည်​။11
"...တကယ်​ပဲခင်​များကိုး!" ကျိူးယွင်​ရှန့်​ကျေနပ်​စွာသက်​ပြင်းချပြီး​နောက်​ရုတ်​တရက်​မျက်​နှာကမည်းသွားသည်​''ခင်​များကျန်းရှုလင်းနဲ့​စေ့စပ်​ပြီးသားမဟုတ်​လား??''+

"ကိုယ်​သူနဲ့အတူရှိခဲ့လို့လား'' ချင်းစယ်​၊ ကျိူးယွင်​ရှန့်​နဖူး​ပေါ်က​ပေါင်​ဒါကိုဖျက်​လိုက်​ပြီး ထိုအနီစက်​လေးကိုထပ်​ခါထပ်​ခါနမ်း​လေသည်​။
"​ကောလဟာလ​တွေ အတည်​တွေဖြစ်​ကုန်​ပြီ။ လူ​တွေအားလုံးက ကျန်းရှုလင်းကို ဟုံရယ်​ရဲ့ကြင်​ယာ​လောင်းလို့သိထားကြတာ။ ခင်​များကျန်းအိမ်​ကိုလက်​ဆောင်​တွေအများကြီး​ပေးထားတာ ကျန်းရှုလင်းကိုတင်​တောင်းတာမဟုတ်​ဘူးလား။ အဲ့လိုဆိုရင်​ဘာလို့ကျွန်​တော့်​ကိုလာရှုပ်​နေ​သေးလဲ! ထွက်​သွားစမ်းပါ!" ကျိူးယွင်​ရှန့်​၊ ချင်းစယ်​ခြေ​ထောက်​ကိုပိတ်​ကန်​ပစ်​လိုက်​သည်​။ [Nya.... Gii 😾]2

ချင်းစယ်​က ကျိူးယွင်​ရှန့်​မျက်​နှာ​လေးကိုကိုင်​ပြီး မျက်​လုံး​တွေကိုတည့်​တည့်​ကြည့်​ကာရှင်းပြ​လေသည်​၊ ''ကိုယ်​ကျန်းအိမ်​အ​ပေါ်တင်​နေတဲ့အ​ကြွေးကိုပြန်​ပေးတာပါ။ ကိုယ်​သူတို့ကိုလက်​ဆောင်​တွေ​ပေးတာကလည်း​ကျေးဇူးဆပ်​တာပါကွာ...​ကျေးဇူးက​ကျေးဇူး၊ အချစ်​ကအချစ်​ပါ။​ကျေးဇူး​ကြောင့်​နဲ့ဘဝတစ်​လျှောက်​လုံးရဲ့​ပျော်​ရွှင်​မှုကိုကိုယ်​မလဲပါဘူး။ ကျူးစစ်​ယွိ ကိုယ်​မင်းတစ်​ယောက်​ထဲကိုပဲချစ်​တာပါ။ မင်းက​ယောက်ျားတစ်​ယောက်​လို့ထင်​တုန်းက​တောင်​ကိုယ်​မင်းကိုချစ်​ခဲ့တာ။ ကိုယ့်​တစ်​ဘဝလုံးမင်းဆီကိုပုံ​ပေးပြီး မင်း​နောင်​တမရ​စေရပါဘူး။ မင်းမယုံရင်​ကိုယ့်​နှလုံးသားကိုထုတ်​ပြီးကြည့်​လို့ရတယ်​''5

သူ သူ့ချစ်​သူ​လေးရဲ့လက်​ကို ပတ်​တီးပတ်​ထားသည့်​ရင်​ဘတ်​ပေါ်တင်​ပေးလိုက်​သည်​။ ကျိူးယွင်​ရှန့်​လည်းပြန့်​လာတဲ့​သွေး​တွေကိုမြင်​တော့ ချက်​ချင်းစိတ်​ပြေသွားသည်​။ သူ ဥသြ​လေးကို​ဆေး​သေတ္တာအမြန်​ယူလာခိုင်းပြီး ချင်းစယ်​က​တော့​သေချာ​ပေါက်​ညအိပ်​တာ​ပေါ့။

သူတို့တစ်​ယော​က်​နဲ့ တစ်​ယောက်​လဝက်​လောက်​တွယ်​ကပ်​နေကြပြီး လဝက်​ကြာ​တော့လက်​ထပ်​ပွဲအတွက်​ချင်းစယ်​ကမပြန်​ချင်​ပြန်​ချင်​နဲ့မြို့​တော်​ကိုပြန်​သွားသည်​။ ဟုတ်​တယ်​၊ ကျိူးယွင်​ရှန့်​... သြဇာအာဏာကြီးလှပါတဲ့ ရှန်း​ဝေ့ဟုံရှီးစစ်​ကိုလက်​ထပ်​ဖို့သ​ဘောတူလိုက်​တယ်​လေ။ သူတို့ကအဆက်​ဟောင်း​တွေပဲ။ ဘဝတစ်​ချိူ့​တောင်​အတူရှိခဲ့ကြပြီးပြီ။ အခုမှမူ​နေရင်​ကြောင်​သူ​တော်​လုပ်​ရာမကျဘူးလား။ သူတတ်​နိုင်​တဲ့ဒီအချိန်​လေးကိုသူအပြည့်​အဝတန်​ဖိုးထားမယ်​။ ဘာလို့ဆို​နောက်​ဘဝဘာဖြစ်​မယ်​သူမသိနိုင်​ဘူး​လေ။​နောက်​တစ်​ခါ ဒီလူဘယ်​နား​ရောက်​နေမလဲ ဒါမှမဟုတ်​သူအခြားတစ်​ယောက်​ကိုချစ်​သွားရင်​ဘယ်​နဲ့လုပ်​မလဲ။
ကျန်းကျား​လွေ့ က​တော့ဒီလဝက်​မှာအညိမ်​မ​နေ။ သူလူ​တွေစုပြီး ကျူးအိမ်​ရဲ့လျှိူ့ ဝှက်​ချက်​ကိုထုတ်​ဖော်​သည်​။​နောက်​ဆုံးမှာ​တော့ သူကုန်​ခဲ့တာနဲ့အဖတ်​တင်​အောင်​ပြန်​ရသည်​၊ ကျူးအိမ်​ကနှင်​ထုတ်​ခံလိုက်​ရတဲ့ အ​စေခံမတစ်​ယောက်​က ကျူးစစ်​ယွိက​ကော တစ်​ယောက်​ပါလို့​ပြော​လေသည်​။ သူ့နံဖူး​ပေါ်က ကျူးရှားကျစ်​ကို​ပေါင်​ဒါနဲ့ဖုံးထား​လေ့ရှိသည်​ဟုလည်း​ပြော​လေသည်​။+

ကျူးစစ်​ယွိ မျက်​နှာက​ယောက်ျားတစ်​ယောက်​အ​နေနဲ့အရမ်းလှလွန်းသည်​ကအမှန်​ပင်​။ ကျန်းကျား​လွေ့ ဒီသတင်းကိုမယုံမရှိပဲ အမှန်​လှုပ်​ရှား​တော့သည်​။

ကျူးစစ်​ယွိ​ဈေးထဲလှည့်​ပတ်​ကြည့်​နေချိန်​မှာ သူ့​ခေါင်း​ပေါ်​ရေ​တွေ​လောင်းချခံရပြီး အဖွားကြီးတစ်​ယောက်​က သူ့နဖူးကိုရုတ်​တရက်​လာသုတ်​လေသည်​။ နီရဲ​နေသည့်​ကျူးရှားကျစ်​ကိုမြင်​ပြီး နံ​ဘေးကလူ​တွေအားလုံး တတွတ်​တွတ်​ဖြစ်​ကုန်​သည်​။

ဒီလိုရှားပါးတဲ့ သတင်းကတစ်​ရွာလုံးပြန့်​သွားဖို့ တစ်​ရက်​ပင်​မကြာလိုက်​ပေ။ ကျန်းကျား​လွေ့ က အချိန်​ကိုက်​ကျူးစစ်​ယွိအတွက်​အိမ်​ထောင်​ဖက်​ရှာ​ပေးသည်​။ ထိုလူကမူလဇာတ်​ကြောင်းက ကျူးအိမ်​ကိုပြာကျ​စေပြီးကျူးစစ်​ယွိကို​သေတာထက်​ဆိုး​စေတဲ့ဘဝဖြစ်​အောင်​လုပ်​မယ့်​လောင်းကစားသမားပင်​။
​အောင်​သွယ်​တော်​က​လောင်းကစားသမားကိုအိမ်​ဝ​ခေါ်လာ​တော့ ကျိူးယွင်​ရှန့်​ပြုံးပြီးသူတို့ကိုဝင်​ခိုင်းလိုက်​သည်​။ သူတို့ထိုင်​ပြီး ဘယ်​သူကမှစကားမစရ​သေးခင်​မှာပဲ အ​စေခံတစ်​ယောက်​ကသတင်းပို့သည်​'' ရှန်း​ဝေ့ဟုံ ပြန်​ရောက်​ပါပြီ''

"ဟုံ..ဟုံရယ်​? သူကဘယ်​လိုလုပ်​ဒီ​ရောက်​လာတာလဲ။ မင်းတို့နှစ်​ယောက်​ကဘာ​တွေလဲ''​အောင်​သွယ်​တော်​က ကျန်းအိမ်​နဲ့ ရှန်း​ဝေ့ဟုံရှီးစစ်​ကြားကသတင်းကို​တော့သိသည်​။ ကျူးအိမ်​နဲ့ရှန်း​ဝေ့ဟုံကြားကဆက်​ဆံ​ရေးကို​တော့ဖြင့်​မကြာဘူး။အဲ့လိုမှမဟုတ်​ရင်​ကျန်းလူကြီးမင်း က ကျူးစစ်​ယွိ ကို တဲ့ကြီးတိုက်​ခိုက်​ပါ့မလဲ။1
"သူ​ရောက်​လာရင်​ခင်​များတို့သိပါလိမ့်​မယ်​'' ကျိူးယွင်​ရှန့်​လက်​ဖက်​ရည်​ကိုသာစိမ်​ပြေနယ်​ပြေ​သောက်​နေလိုက်​သည်​။ ဒီကိစ္စ​တွေအ​ကြောင်း သူချင်းစယ်​ကိုမ​ပြောပြရ​သေး။ ကျန်းကျား​လွေ့ က ကိုယ့်​သေတွင်းကိုယ်​တူးချင်​မှ​တော့ သူကလည်းတားမ​နေဘူး။ သူဒီကိစ္စကို ဖြစ်​အောင်​သက်​သက်​မဲ့ကြံစည်​ခဲ့ခြင်းဖြစ်​သည်​။ မဟုတ်​ရင်​အဲ့ဒီအဖွားကြီး သူ့နားအလွယ်​တကူဘယ်​ကပ်​နိုင်​မှာလဲ။

ချင်းစယ်​က တင်း​တောင်းသည့်​ပစ္စည်း ၁၂၀ကိုဂို​ထောင်​ထဲသွင်းဖို့ သူ့လူ​တွေကိုအမိန့်​ပေးပြီး သူက​တော့အိမ်​မကြီးထဲဝင်​လာသည်​။ သူ့ချစ်​သူ​လေးထိုင်​နေတာကိုမြင်​တော့ ချက်​ချင်းအနားကို​လျှောက်​ပြီး ဆံနွယ်​တစ်​စကိုကိုင်​ကာနမ်းရှိုက်​လိုက်​သည်​။ သူ့ရဲ့အမြဲတ​စေ​အေးစက်​နေတတ်​သည့်​မျက်​လုံးတို့က အချစ်​များနှင့်​နွေး​ထွေး​နေ​လေသည်​။
​အောင်​သွယ်​တော်​နဲ့​လောင်းကစားသမားက မတ်​မတ်​ထိုင်​ပြီး သူတို့ခန္ဓာကိုယ်​က​အေးစက်​တောင့်​တင်း​နေ​လေသည်​။ တိတ်​တိတ်​ပုန်းချစ်​သူက ကျန်းအိမ်​မှာမဟုတ်​ဘဲ ကျူးအိမ်​မှာဖြစ်​နေတာပဲ! ကြည့်​ရတာ ကျူးစစ်​ယွိကမှသူ့​စေ့စပ်​ထားတဲ့သူဖြစ်​ပုံပဲ။

"သူတို့ကဘယ်​သူ​တွေလဲ'' ချင်းစယ်​က ထိုလူနှစ်​ယောက်​မျက်​ခုံးပင့်​ကြည့်​လိုက်​သည်​။

"တစ်​ယောက်​က​အောင်​သွယ်​တော်​၊ တစ်​ယောက်​ကကျန်းအိမ်​ကကျွန်​တော့်​အတွက်​စီစဉ်​ပေးထားတဲ့သတို့သား​လောင်း။ ခင်​များမသိဘူးလား။ လွန်​ခဲ့တဲ့လက ကျန်းရှုလင်းကျွန်​တော့်​တောင်​ယာကိုဝယ်​ချင်​တာ ကျွန်​တော့်​ကသ​ဘောမတူ​တော့ သူတို့ကျွန်​တော့်​အတွက်​လက်​ထပ်​ဖို့စီစဉ်​လိုက်​ကြတယ်​လေ။ သူတို့ကျွန်​တော့်​ရဲ့ကျူးအိမ်​ကိုရှင်းထုတ်​ဖို့လုပ်​နေတာ။ ပြီး​တော့ ဘယ်​ကစမှန်းမသိတဲ့​ကောလဟာလ​တွေအရ ကျွန်​တော့်​က အကြင်​နာတရားမရှိတဲ့ မ​ကောင်းဆိုးဝါးသူ​ဋ္ဌေးတဲ့​လေ...အခုဒီအ​ခြေအ​နေပဲ ကြည့်​ပါ​တော့ာ...'' ကျိူးယွင်​ရှန့်​က ကိုယ့်​စကားကိုခပ်​မဲ့မဲ့ပြုံးလိုက်​သည်​။

ချင်းစယ်​က​ဒေါသထွက်​ပြီး ကျိူးယွင်​ရှန့်​လက်​ကိုကိုင်​ကာနမ်းလိုက်​သည်​။ အဲ့ဒီ​နောက်​အေးစက်​စက်​လေသံနဲ့ ''ဘာကျန်းလူကြီးမင်းလဲ? ငါဆန္ဒရှိရင်​သူ့ကိုအဲ့လို​ခေါ်လို့ရတယ်​။ ငါဆန္ဒမရှိရင်​သူကဘာ​ကောင်​မှမဟုတ်​ဘူး'' သူအ​ကြော​သေ​နေတဲ့​အောင်​သွယ်​တော်​ကိုကြည့်​လိုက်​ပြီး ''ကျန်းကျား​လွေ့ ကိုပြန်​ပြောလိုက်​! သူ့ကိုတိမ်​ပေါ်တင်​ပေးထားတာ ကျူပ်​ပဲ
၊ ဒါ​ကြောင့်​ချောက်​ထဲလည်းပစ်​ချနိုင်​တယ်​။ ကြိုတင်​ပြင်​ဆင်​ထားလိုက်​လို့''

​အောင်​သွယ်​တော်​က အထပ်​ထပ်​အခါခါ​ခေါင်းညိမ့်​ပြီး​လောင်းကစားသမားလက်​ကိုဆွဲကာတစ်​ချိူးထဲလှစ်​တော့သည်​။ ဒါ​ပေမယ့်​ကျိူးယွင်​ရှန့်​ရဲ့စကားမှာ​တောင့်​ခဲသွား​လေသည်​၊ ''ဘယ်​လို​ခွေးမျိူးလဲ...ငါ့ရဲ့အိမ်​ထဲကိုဝင်​ပြီးငါ့ကိုလက်​ထပ်​ဖို့​တောင်​လုပ်​ရဲ​သေးတယ်​။ သူကိုယ့်​သူဘယ်​လိုအသက်​ရှင်​ရမလဲ​တောင်​မသိရှာဘူးပဲ။လာကြစမ်း သူ့လက်​တွေကိုကျူပ်​ဆီယူလာခဲ့!'' အဲ့ဒီလက်​ညစ်​ပတ်​တွေက ကျူးစစ်​ယွိ ကို​သေလမ်းဝအကြိမ်​ကြိမ်​ပို့မယ့်​လက်​တွေ။ သူဘယ်​လိုလုပ်​အလွှတ်​ပေးရမှာလဲ။+

​လောင်းကစားသမားက​သေ​လောက်​အောင်​ကြောက်​ပြီး သနားဖို့​တောင်းပန်​လေသည်​။ ဒါ​ပေမယ့်​ချင်းစယ်​က​တော့​ကျေနပ်​စွာရယ်​လေသည်​။ သူအ​စောင့်​တွေကိုလက်​ဝေ့ရမ်းပြပြီး​နောက်​သူ့ချစ်​သူရဲ့ပါးပြင်​နုနု​လေးကိုနမ်းလိုက်​သည်​။ အ​စောင့်​နှစ်​ယောက်​က လက်​ပြတ်​နေတဲ့​လောင်းကစားသမားကိုသယ်​သွားပြီး အိမ်​ပြင်​ပစ်​ထုတ်​လိုက်​ကြသည်​။1

အိမ်​ထဲကို​ဆောင့်​ကြွားကြွားဝင်​လာတဲ့လူနှစ်​ယောက်​အခု​တော့​ခွေး​ပြေးဝက်​ပြေး​ပြေးရ​လေပြီ။ ဒါကိုရွာသားအားလုံမြင်​ကြသည်​။​အောင်​သွယ်​တော်​ကလည်း အုပ်​ချူပ်​ရေမှူးဆီ​ပြေးသွားပြီး အကုန်​ပြန်​ပြောလိုက်​သည်​။

ကျန်းကျား​လွေ့ဖြူ​ဖျော့သွားပြီး အိမ်​ပြန်​ကာ သူ့အစ်​ကိုနဲ့ပြန်​တိုင်​ပင်​တော့သည်​။ ကျန်းရှုလင်းက ဟုံရယ်​ရဲ့အသက်​သခင်​မို့ သူပစ်​ပစ်​ခါခါ​တော့မလုပ်​လောက်​ဘူး​လေ။ ကျန်းရှုလင်း ရင်​ထဲက​တော့ခါးသက်​နေသည်​။ ဒါ​ပေမယ့်​သူ့ညီအနာဂတ်​အတွက်​သူကျူးအိမ်​ကို​ပြေးပြီး ရှန်း​ဝေ့ဟို့ရှစ်​စစ်​ကိုသွားရှာသည်​။ သူတို့ကသူ့ကိုအထဲဝင်​ခွင့်​မ​ပြေးတာ​ကြောင့်​သူအပြင်​ကသာ​စောင့်​ရ​တော့သည်​။ ချင်းစယ်​အပြင်​ထွက်​လာတာ​စောင့်​ရတာ တစ်​ည​တောင်​ကြာသွားသည်​။
"​ရှောင်​ဟေး...ခဏ​နေပါအုန်း'' သူအမြန်​လိုက်​လိုက်​သည်​။

"မင်းဘယ်​သူ့ကို​ခေါ်​နေတာလဲ'' ချင်းစယ်​ကခပ်​မာမာ​မေးလိုက်​သည်​။

"ဟုံရယ်​ခဏ​လောက်​နေပါအုန်း...ကျွန်​တော်​ပြောစရာရှိလို့ပါ'' ကျန်းရှုလင်းအ​ခေါ်အ​ဝေါ်အမြန်​ပြောင်းလိုက်​ရသည်​။

"ကျူပ်​မှာ​တော့မင်းကို​ပြောစရာမရှိဘူး။ ကျူပ်​မင်းအ​ပေါ်တင်​နေတဲ့အ​ကြွေး​တွေကိုအကုန်​ဆပ်​ပြီးပြီ။ ကျူပ်​မင်းကို အစားအစာ၊​မြေ၊ကြွယ်​ဝမှု​တွေအကုန်​ပေးပြီးပြီ။မင်းသာတင်းတိမ်​တတ်​ရင်​ကောင်း​ကောင်း​နေသွားရမှာ။ ဒါ​ပေမယ့်​အခု​တော့ မင်းကကျူပ်​ဇနီးရဲ့​မြေကို​လောဘတက်​တယ်​။ သူ့ရဲ့ကြွယ်​ဝမှု​တွေကိုဖဲ့ယူဖို့ကြံပြီး​တော့ သူ့ဘဝကို​တောင်​အတင်းအကြပ်​လက်​ထပ်​ခိုင်းပြီးထိန်းချုပ်​ချင်​လိုက်​သေးတယ်​။ မင်းကိုယ့်​ကို သူ​တော်​စင်​ယောင်​ဆောင်​နေ​ပေမယ့်​မင်းမျက်​နှာကအကုန်​မြင်​နေရပြီ။ မင်းကိုကြည့်​ရတာ ကျူပ်​ကို​အော်​ဂလီဆန်​စေတယ်​။ အိမ်​ပြန်​ပြီး ကျန်းကျား​လွေ့ ကို​ပြောလိုက်​ကျူပ်​သူ့ကိုအလွှတ်​မ​ပေးဘူးလို့!"

[IC - I feel bad for ZSL. :( ]6

ကျန်းရှုလင်း​ပြောစရာမဲ့သွားသည်​။ သူအကူအကယ်​မဲ့မတ်​တပ်​ရပ်​လျှက်​မြင်းစီးထွက်​သွားသည့်​ချင်းစယ်​နောက်​ကျောကိုသာ​ငေးကြည့်​နေမိ​တော့သည်​။2
ကျန်းကျား​လွေ့ က တစ်​ညလုံးမတ်​တပ်​ရပ်​စောင့်​နေသည်​။ သူ့မျက်​နှာကအို​နေပြီး ဆံပင်​တွေကစုတ်​ဖွာ​နေသည်​။ သူ့အစ်​ကိုပြန်​လာ​တော့ သူ့အစ်​ကိုပုံစံကိုကြည့်​ပြီး သူ့မတ်​တပ်​ရပ်​ဖို့​တောင်​အင်​အားမကျန်​ပဲ​ခွေကျသွားသည်​။

သူခန့်​မှန်းမိခဲ့ရမှာ ကျူးစစ်​ယွိကဒီ​လောက်​လှပြီး ချမ်းသာတာ ဘယ်​လိုလုပ်​ချင်းစယ်​ငြင်းဆန်​နိုင်​မှာလဲ။4
"အစ်​ကို...ကျွန်​တော့်​တို့ဘယ်​လိုလုပ်​ရမလဲ'' သူအခုက​လေးလိုပြန်​ဖြစ်​သွားပြီး နှလုံးကွဲမတတ်​ငို​လေ​တော့သည်​။ လက်​ထဲဆုပ်​ကိုင်​ထားတဲ့ပတ္တမြားကအခု​တော့ သူ့​နေရာသူပြန်​ရောက်​သွားပြီ။

ကျန်းရှုလင်းလည်းဘာမှမတတ်​နိုင်​တော့။​ရှောင်​ဟေး အဲ့​လောက်​အသည်းမမာပါဘူးလို့သာနှစ်​သိမ့်​ရ​တော့သည်​။ ဒါ​ပေမယ့်​အမှန်​တကယ်​ချင်းစယ်​သည်​အသည်းမာသည်​။ သူ့အကြင်​နာများက ကျိူးယွင်​ရှန့်​ဆီမှာသာရှိပြီး သူ့အချစ်​လေးကိုထိခိုက်​စေသူမှန်​သမျှလက်​တုန့်​ပြန့်​ဖို့ဝန်​မ​လေး​ပေ။4

ကျန်းကျား​လွေ့​နောက်​ပိုင်းမှာ အကျင့်​ပျက်​ခြစားတဲ့အဖွဲ့ထဲပါပြီး အချူပ်​ထဲ​ရောက်​သည်​။ သူ့နံမည်​နဲ့ရာထူးလည်းအပယ်​ခံရသည်​။ ကျန်းရှုလင်းကသူ့မိသားစုပိုင်​ဆိုင်​သမျှအကုန်​ထုခွဲ​ကောင်းချပြီး ကျန်းကျား​လွေ့ကို​ထောင်​ကပြန်​ထုတ်​ပေးခဲ့သည်​။ ကျန်းအိမ်​ဂုဏ်​သိက္ခာကဆိုးဆိုးဝါးဝါးကျဆင်းပြီး သွား​လေကာ အ​ငေါအတူးအဆဲအဆိုခံရသည်​၊ လူ​တွေက ကျန်းကျား​လွေ့ကို သူ့မိတ်​တွေသူ​ချောက်​ချလို့ဝဋ်​လည်​တာလို့​ပြောကြပြီး ကျူးစစ်​ယွိကသာ ဟုံရယ်​နဲ့ထိုက်​တန်​တာလို့..စသည်​ဖြင့်​ပြောဆိုကြ​လေသည်​။

ကျန်းမိသားစုက ချင်းမင်​ဒေသမှာရှက်​လို့မကုန်​နိုင်​တော့ အိမ်​ပြောင်းပြီးအသစ်​ပြန်​စကြသည်​၊ ဒါ​ပေမယ့်​သူတို့မှာအ​ခြေခံကမရှိ၊​ငွေကမရှိ​တော့ ဘယ်​လိုလုပ်​ဘဝကလွယ်​ပါ့မလဲ။ ကျန်းရှုလင်းလည်းအကြံ​ကောင်းတစ်​ခုစဉ်းစားပြီး​ငွေရှာဖို့လုပ်​တိုင်း အကြံအခိုးခံရလိုက်​နှောင့်​ယှက်​ခံလိုက်​ရနဲ့။ ဒီအခက်​အခဲ​တွေက ကျူးစစ်​ယွိ လိုမြေရှင်​နဲ့​တွေ့ခဲ့ရတာသူဘယ်​လောက်​ကံ​ကောင်း​ကြောင့်​ပိုပိုသ​ဘော​ပေါက်​လာသည်​။2

ကျန်းကျား​လွေ့ ရည်​မှန်းချက်​ကအရမ်းကြီးသည်​။ ဒါ​ပေမယ့်​သူပြန်​မတည်​ဆောက်​နိုင်​တော့ဘူး။ သူ့အလုပ်​အကိုင်​ပျက်​သွား​တော့ သူ့ဘဝလမ်းဆုံး​ရောက်​သွား​ပြီလို့​တွေးပြီး စိတ်​ဓာတ်​ပျက်​ပြားသွား​လေသည်​။ လူ​ပေါင်းမှားပြီး​နောက်​အရက်​သောက်​၊​လောင်းကစားလုပ်​ပြီးအခြားအကျင့်​ဆိုး​တွေပါတတ်​လာသည်​။​နောက်​ဆုံးမှာ​တော့ သူလူ့အမှိုက်​တစ်​ယောက်​လုံးလုံးဖြစ်​သွား​လေသည်​။+

လူ​တွေက​တော့တစ်​ယောက်​ယောက်​သူ့နံမည်​ပြောတိုင်း​ခေါင်းရမ်းသက်​ပြင်းချ​လေ​တော့သည်​။

•••••

Arc 5 (အချစ်​၏မာယာ) ပြီး။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі