Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 5.9
အခန်း(၅၀) ကျူးစစ်​ယွိဘဝ
ချင်းစယ်​ကအခုတ​လော မင်းသားငယ်​ကိုကယ်​တင်​ဖို့အလုပ်​များ​နေသည်​။ သူအတိတ်​မေ့စဉ်​က မယ်​တော်​ကြီးကလုံခြုံ​ရေးတပ်​ဖွဲ့​တွေကြားမှာထွက်​ပေါက်​တွေအများကြီးဖန်​တီးထားသည်​။ သူပြန်​ရောက်​တော့ သူ့လက်​အောက်​ကစစ်​တပ်​တွေကို မြို့​တော်​ကိုဝိုင်းထားဖို့အမိန့်​ပေးပြီး နန်း​တော်​ကိုအချိန်​မှီပြန်​သိမ်းယူဖို့ ကြံစည်​ထားသည်​။

မင်းသားငယ်​ကိုကယ်​တင်​ဖို့ဆူညံမှု​တွေအများကြီးလုပ်​လို့မရဘူး။ ဒါ​ကြောင့်​အရာအားလုံးကို တိုးတိတ်​စွာကြံစည်​ပြီး စစ်​သည်​တွေတစ်​ယောက်​မှ​သွေး​မြေ မကျရ​အောင်​ပိရိစွာအကွက်​ချထားသည်​။

​နောက်​ဆုံး​တော့ သူစစ်​ခန်းကိုပြန်​လာတုန်းကလွှတ်​လိုက်​တဲ့သူ​တွေက မယ်​တော်​ကြီးရဲ့သားကိုဖမ်း​ခေါ်လာခဲ့သည်​။
တင်းကြပ်​တဲ့စစ်​ဆေး​မေးမြန်းမှုနဲ့ ညှင်းပန်းမှု​တွေကြားမှာ သူတို့သစ္စာ​ဖောက်​စာရင်းကိုရလိုက်​သည်​။​နောက်​တော့ မြို့​တော်​ကိုပြန်​သိမ်းပြီး နန်း​တော်​ကိုရှင်းလင်းဖို့လုပ်​ရသည်​။ စစ်​သူကြီး​တွေ စားပွဲတစ်​လုံးမှာဝိုင်းပြီး ဗျူဟာ​ဆွေ​နွေး​နေကြတုန်း ရဲမတ်​တစ်​ယောက်​ကလာသတင်းပို့သည်​။ ''စစ်​သူကြီးယွိ လူတစ်​ယောက်​က စစ်​သူကြီးကိုလာရှာပါတယ်​''

စစ်​သူကြီးယွိ က ချင်းစယ်​ရဲ့ ညာလက်​ရုံးဖြစ်​ပြီး ကျူးအိမ်​ကိုကာကွယ်​ဖို့အမိန့်​ပေးခံရသည့်​စစ်​သူကြီးတင်းယွမ်​လည်းဖြစ်​သည်​။
စစ်​သေနာပတိမျက်​မှောင်​ကြုတ်​တာမြင်​တော့ သူထွက်​မသွားရဲ ဒါ​ကြောင့်​လက်​ကိုရမ်းပြီး ''ကျူပ်​မှာ​တွေ့ဖို့အချိန်​မရှိဘူး...အခုကအ​ရေးကြီးတဲ့အချိန်​မင်းသားငယ်​ကိုကယ်​တင်​ရမယ်​! ပြန်​လို့​ပြောလိုက်​''

ရဲမတ်​လေးကခဏတွန့်​ဆုတ်​နေပြီးမှဆက်​ပြောသည်​။ ''တစ်​ဖက်​လူက ချင်းမင်​ရွာကကျူးစစ်​ယွိလို့​ပြောပါတယ်​။ သူစစ်​သူကြီးဆီ မြင်းစာလာပို့​ပေးတာပါတဲ့''

စစ်​သည်​တွေက မြင်းမရှိလျှင်​ခရီး​ဝေးလှုပ်​ရှားဖို့ကမဖြစ်​နိုင်​။ ဒါ​ကြောင့်​မြင်းစာကလည်းစစ်​တပ်​အတွက်​အ​ရေးပါသည်​။​ဘေးပတ်​လည်​ကစစ်​သူကြီး​တွေအားလုံး မျက်​လုံးအ​ရောင်​တောက်​သွားပြီး စစ်​သေနာပတိရှိရာကိုကြည့်​လိုက်​ကြသည်​။

ဘာလို့ ကျူးစစ်​ယွိ က ကိုယ်​တိုင်​လာပြီး ယွိချန်​ဆီမြင်းစာလာပို့​ပေးရတာလဲ? ချင်းစယ်​၏မျက်​ခုံးထူထူများကြုတ်​သွားပြီး သူ့ကိုလက်​ကို​ဝှေ့လိုက်​သည်​။ ''​ခေါ်လာခဲ့ ။ ယွိချန်​က​နေခဲ့။ ကျန်​လူ​တွေသွားကြ​တော့''

စစ်​သူကြီး​တွေက ဦးညွှတ်​ပြီးထွက်​သွားကြသည်​။

"မင်းနဲ့စစ်​ယွိ က ဘယ်​လိုပတ်​သက်​တာလဲ?''

စစ်​သေနာပတိရဲ့အသံကအရမ်းမာတာ​ကြောင့်​ယွိချန်​တောင့်​သွားသည်​။ သူမြန်​မြန်​ပဲ ''ကျွန်​တော်​ကျူးကုန်းဇီ ကို စစ်​သေနာပတိကျူးအိမ်​ကို​စောင့်​ကိုအမိန့်​ပေးတုန်းကပဲ မြင်​ဖူးတာပါ။ ကျူးကုန်းဇီ က ဒါကို​ကျေးဇူးတင်​လို့​နေပါလိမ့်​မယ်​''

ဒီအမိန့်​ကို​ပေးခဲ့တာကသူဖြစ်​ပါလျှက်​နဲ့ အကျိူးခံစားရသူကအခြားလူဖြစ်​နေသည်​။ ချင်းစယ်​အရမ်းကိုမနာလိုဖြစ်​နေ​ပေမယ့်​လက်​ရှိအ​ခြေအ​နေအရသူ့သရုပ်​မှန်​ကို​ဖော်​ပြလို့ကမရ။ ဒါ​ကြောင့်​ပုန်း​နေရအုန်းမည်​။ ''သူနဲ့သွားစကား​ပြောလိုက်​.. ငါသူ့ကိုအခုမ​တွေ့နိုင်​သေးဘူး။''

ယွိချန်​က​ကြောင်​သွား​ပေမယ့်​မငြင်းဆန်​ရဲတာ​ကြောင့်​ကျူးကုန်းဇီကိုသွား​တွေ့လိုက်​သည်​။ သူဖျင်​တဲအစကိုမ,တင်​လိုက်​တော့ အဖြူ​ရောင်​ဝတ်​ရုံကိုဝတ်​ဆင်​ထားသည့်​လူငယ်​လေးနဲ့အကြည့်​ချင်းဆုံသည်​။ သူ့နှုတ်​ခမ်း​တွေကသဘာဝအတိုင်းနီရဲ​နေပြီး မက်​မွန်​မျက်​လုံး​တွေကအ​ရောင်​တောက်​နေသည်​။​ကျောက်​မျက်​ရတနာကဲ့သို့တစ်​ဖက်​ကိုပင်​ဖောက်​မြင်​ရ​လောက်​အောင်​ကြည်​လင်​လွန်းလို့ထိုမျက်​ဝန်းများဖြင့်​ကြည့်​မိသူတိုင်းကိုအဆုံးမရှိသည့်​ကြယ်​ပင်​လယ်​ချောက်​နက်​ထဲဆွဲ​ခေါ်သွားနိုင်​လောက်​သည်​။

​နေမင်း၏အ​ရောင်​အဝါကဲ့သို့ သတိမပြု​အောင်​ကြိုးစားဖို့ခက်​လွန်းသည်​။
ယွိချန်​တောင့်​သွားပြီ တစ်​ဖက်​လူရဲ့ကိုယ်​ပေါ်က ကျူးရှားကျစ်​ကိုလိုက်​ရှာလိုက်​သည်​။ ကျူးရှားကျစ်​များကမြင်​သာသည့်​နေရာများ၌သာရှိတတ်​သည်​။ လက်​ကောက်​ဝတ်​မှာမဟုတ်​ရင်​နားသီးနဲ့နဖူး​ပေါ်မှာရှိတတ်​သည်​။ အ​ရောင်​တောက်​လေသားဖွားနှုန်းမြင့်​လေဖြစ်​သည်​။ နဖူး​ပေါ်တွင်​ကျူးရှားကျစ်​ပါ​သော '​ကော' များက အရမ်းကိုအဖိုးတန်​ပြီးဘယ်​သူမဆိုမြင်​တွေ့ချင်​ကြသည့်​နတ်​သားနှင့်​ပင်​ခိုင်းနှိုင်းရ​လောက်​သည်​။

စိတ်​မ​ကောင်းစရာက ယွိချန်​၊ ကျူးစစ်​ယွိ ကိုယ်​ပေါ်က ကျူးရှားကျစ်​ကိုရှာမ​တွေ့ပဲ​ယောက်ျားတစ်​သာဖြစ်​သည်​ကိုနှ​မြောတသနှင့်​လက်​ခံလိုက်​ရသည်​။​ယောက်ျားတစ်​ယောက်​ဒီလိုလှ​နေတာမျိူးက အရမ်းနှ​မြောစရာ​ကောင်းတာပဲ!

သူစိတ်​ထဲက​သောင်းကနင်းဖြစ်​နေ​ပေမယ့်​မျက်​နှာက​တော့ဘာအမူအရာမှမ​ပေါ်ဘဲ ခပ်​တည်​တည်​နှင့်​မေးလိုက်​သည်​၊ ''ကျူးကုန်းဇီ က ကျူပ်​တို့အတွက်​မြင်းစာ​ထောက်​ပံ့​ပေးမယ်​ဆို​တော့ ကျူပ်​တို့ဖက်​ကဘာပြန်​လုပ်​ပေးရမလဲ'' လူတိုင်းဘယ်​အရာမှအလကားမရဘူးဆိုတာ သိတာပဲ။

ကျိူးယွင်​ရှန့်​မူမ​နေဘဲ ''ဖုံးကွယ်​ထားလို့မရဘူးပဲ ။  ဟုတ်​တယ်​ကျွန်​တော်​ခင်​များဆီကတစ်​ခု​တောင်းဆိုချင်​လို့။ လွန်​ခဲ့တဲ့သုံးနှစ်​က ကျူပ်​မိဘ​တွေ​လော့​ရွှေနယ်​ဖက်​မှာဓားပြနဲ့​တွေ့ပြီးအသတ်​ခံလိုက်​တယ်​။ ကျွန်​တော်​အတင့်​ရဲ​ပြောရရင်​လော့​ရွှေကခင်​များလက်​အောက်​မှာရှိတာပါ။ ကျွန်​တော်​စစ်​တပ်​အတွက်​ရိက္ခာထုပ်​နှစ်​ထောင်​ပေးပါမယ်​။အဲ့ဒီအစား ဓားပြအဖွဲ့ကိုရှင်း​ပေးပါ''+

ကျူးစစ်​ယွိ ရဲ့ ဆန္ဒကကျူးအိမ်​ကိုမပြိုလဲ​စေချင်​တာတစ်​ခုထဲဆို​ပေမယ့်​ကျိူးယွင်​ရှန့်​က​တော့အ​သေးအဖွဲ့​လောက်​နဲ့တင်းတိမ်​သူမဟုတ်​။ သူအခြားတစ်​ယောက်​ရဲ့ဘဝကိုယူထားမှ​တော့ သူလုံးဝပြီးပြည့်​စုံ​နေရမည်​။
​သေချာတာက သူ့ရည်​ရွယ်​ချက်​အမှန်​က စစ်​သူကြီးတင်းယွမ်​ရဲ့ သရုပ်​မှန်​ကို​ဖော်​ထုတ်​ဖို့​ပေါ့။ ယွိချန်​က​ခြောက်​ပေရှည်​ပြီးတည်​ညိမ်​တဲ့စရိုက်​ရှိတယ်​။ပြီး​တော့ သူ့ကိုယ်​ပေါ်မှာရင်းနှီး​နေတဲ့​ဆေးလိပ်​အနံ့ ကိုရတယ်​။ ဒါ​ကြောင့်​ဒီလူကသူ့ချစ်​သူဟုတ်​မဟုတ်​သိချင်​သည်​။1

သာမန်​နေ့သာဆိုရင်​ယွိချန်​သူ့​တောင်းဆိုမှုကိုငြင်းမှာမဟုတ်​ပေမယ့်​အခုကအရမ်းကိုက​သောင်းကနင်းဖြစ်​နေတဲ့အချိန်​မို့ အ​သေးအဖွဲ့ကိစ္စ​တွေမှာသူအာရုံမစိုက်​နိုင်​သေးလို့အားနာနာနဲ့​တောင်းပန်​လိုက်​ရသည်​၊ ''စိတ်​မရှိပါနဲ့ ဒီတစ်​ခါ​တော့ကျူးကုန်းဇီရဲ့​တောင်းဆိုမှုကိုကတိမ​ပေးနိုင်​သေးပါဘူး။ အမှန်​ပြောရရင်​ကျူပ်​မှာလုပ်​စရာ​တွေကအများကြီးရှိ​နေတယ်​။ တကယ်​လို့အချိန်​ရခဲ့ရင်​တော့...''

ကျိူးယွင်​ရှန့်​ကသူတို့မယ်​တော်​ကြီးနဲ့ရင်​ဆိုင်​ဖို့ပြင်​ဆင်​နေမှန်းသိသည်​။ သူ​ခေါင်းရမ်းပြီး ရယ်​လိုက်​ကာ ''ကိစ္စမရှိပါဘူး စစ်​သူကြီး ၊ ဒီကိစ္စက​စောင့်​နိုင်​ပါတယ်​။ကျူးအိမ်​ကိုကာကွယ်​ပေးလို့​ကျေးဇူးဆပ်​တဲ့အ​နေနဲ့ ရိက္ခာ​တွေကိုယူထားပါ။ ကျွန်​တော်​ခင်​များကို​ကျေးဇူးမဆပ်​ရ​သေးဘူး''

ယွိချန်​မှာ ကျိူးယွင်​ရှန့်​၏ ခပ်​တည်​တည်​မျက်​နှာနဲ့တင်​မူး​ဝေ​နေပြီး ရယ်​ပါရယ်​လိုက်​တော့သူ့ကိုပိုလို့​တောင်​လှပ​စေပြီး ယွိချန်​လည်းမူး​မေ့လဲမတတ်​ဖြစ်​လာသည်​။ ယွိချန်​မ​နေနိုင်​တော့တာ​ကြောင့်​ကိုလက်​ကိုရမ်းပြီး​ပြောလိုက်​သည်​။ ''ကိစ္စ မရှိပါဘူးဗျာ''
ကျိူးယွင်​ရှန့်​စစ်​စခန်းထဲကြာကြာ​နေလို့မရတာ​ကြောင့်​နှုတ်​ဆက်​ပြီး စခန်းအပြင်​ထွက်​ရန်​ပြင်​လိုက်​သည်​။ ထို့​နောက်​ရုတ်​တရက်​ပြန်​လှည့်​ပြီး ''စစ်​သူကြီး​ဆေးလိပ်​သောက်​ရတာကြိုက်​လား''+

"ဟုတ်​ကဲ့ ကျူးကုန်းဇီ​တောင်​သိတာလား။ ဒီအနံ့ ကိုမုန်းလို့လား'' ယွိချန်​ကသူ့အဝတ်​တွေကိုရှက်​ရှက်​ဆွဲချလိုက်​သည်​။

"မဟုတ်​ပါဘူး ။ ဒါအရမ်း​ကောင်းတဲ့အနံ့ ပါ'' ကျိူးယွင်​ရှန့်​ပြုံးပြီးထွက်​သွားလိုက်​သည်​။ သူဒီအနံ့ ကိုအရမ်းပြင်းလို့အရင်​ကမုန်းခဲ့သည်​။ ဒါ​ပေမယ့်​နှစ်​တွေအများကြီးကြာ​တော့သူ​နေသားကျလာသည်​။ အခု​တော့ဒီအနံ့ ကသူ့ကို​နွေး​ထွေး​စေလာသည်​။

ယွိချန်​ပါးပြင်​ကနီရဲ​နေပြီး​နောက်​ကိုလှည့်​လိုက်​တော့ မည်း​မှောင်​နေ​သောမျက်​နှာကြီးနဲ့အနီ​ရောင်​တောက်​နေ​သောမျက်​ဝန်းတစ်​စုံရှိသည့်​စစ်​သေနာပတိနဲ့တည့်​တည့်​တိုးသည်​။5
16

"မင်းလုံးဝ​ဆေးတံ​သောက်​ခွင့်​မရှိ​တော့ဘူး။ ခုချက်​ချင်းမင်းရဲ့​ဆေးတံ​တွေအကုန်​လွင့်​ပစ်​လိုက်​တော့''6

"...ဘာလို့လဲ''

"မင်းကျန်းမာ​ရေးအတွက်​မ​ကောင်းဘူး။ ရာသီ​ဥတုအေးရင်​မင်း​ချောင်းဆိုးလိမ့်​မယ်​''8

"ဒါမယ့်​စစ်​သေနာပတိ ၊ ခင်​များကကျွန်​တော့်​ထက်​တောင်​ပို​သောက်​သေးတာ​လေ''

"ငါအတိတ်​မေ့​တော့ဖြတ်​လိုက်​ပြီ'' ဒါ​ပေမယ့်​အခု​တော့အဲ့ဒီအကျင့်​ကိုတစ်​ခါပြန်​လုပ်​ရ​တော့မယ်​။8
ဒါကို​တွေးပြီး ချင်းစယ်​ကိုယ့်​လက်​ကိုယ်​မြှောက်​ကာအနံ့ ခံကြည့်​လိုက်​သည်​။ သူ့ဆီမှာ ဆပ်​ပြာရနံ့ ကလွဲရင်​ဘာ​ဆေးလိပ်​နံ့ မှမရ​ပေ။ သူပိုပြီးစိတ်​ဓာတ်​ကျလာသည်​။3
                                ••••••••••••

တစ်​ညမှာ​တော့​သောင်းချီတဲ့စစ်​တပ်​ကြီးက နန်း​တော်​ရဲ့အတွင်းအပြင်​တစ်​ခုလုံးဝိုင်းရံထားလိုက်​သည်​။ မယ်​တော်​ကြီးနဲ့လူ​ပေါင်း၁၃၇​ယောက်​ကိုဖမ်းမိသည်​။ မယ်​တော်​ကြီးက မင်းသားငယ်​ကိုဓားစာခံအဖြစ်​ကြံစည်​ပေမယ့်​မင်းသားငယ်​က​ပျောက်​သွားပြီး သူမသားကနန်းရင်​ပြင်​ရှေ့​ပေါ်လာသည်​။​ကောင်း​သော​ပေါ်လာခြင်းနဲ့​တော့မဟုတ်​နောက်​မှာရဲမတ်​နှစ်​ယောက်​ကချူပ်​ထားပြီး သံမဏိဓားနဲ့လည်​ကို​ထောက်​ထားခံရသည့်​ပုံစံဖြင့်​ပေါ်လာခြင်းဖြစ်​သည်​။

မယ်​တော်​ကြီးလည်းပြန်​မတိုက်​နိုင်​တာ​ကြောင့်​အဖမ်းခံလိုက်​ရသည်​။
​နောက်​တစ်​နေ့နံနက်​မှာ​တော့ လူ​သေ​ခေါင်း​လောင်းသံကမြို့​တော်​အတွင်းအပြင်​တစ်​လျှောက်​ပြန့်​နှံ့ လာသည်​။​လေးဆက်​မြှောက်​ဘုရင်​သေပြီး ထီးနန်းကငါးနှစ်​သားအရွယ်​မင်းသားဆီလွှဲ​ပြောင်းသွားသည်​။ သူ့ကို စစ်​သေနာပတိချင်းစယ်​၊ လက်​ဝဲစစ်​သူကြီးရန်​ရုံ နဲ့ လက်​ယာစစ်​သူကြီး ဟွမ်​ပင်းဝန်​ကူရင်းက ကူညီအုပ်​ချူပ်​ပေးကြသည်​။
တစ်​နိုင်​ငံလုံး သုံးလကြာပူ​ဆွေးကြပြီး သုံးလပြီး​တော့ မင်းသားငယ်​လေးနန်းတက်​သည်​။ ယခင်​အခွန်​ဟောင်း​တွေကိုဖယ်​ရှားပြီး​မေတ္တာတရားနဲ့အတူ တရားမျှတစွာအုပ်​ချူပ်​သည်​။ အဲ့ဒီ​နောက်​မှာ မိုးကရုတ်​တရက်​ရွာချပြီး ချူယွိ​ကော်​ကပြည်​သူ​တွေကိုအသက်​ဆက်​ရှင်​စေသည်​။ ပြည်​သူ​တွေကနန်း​တော်​ရှိရာဖက်​ကိုဦးညွှတ်​ကြပြီး ဧကရာဇ်​ငယ်​လေးကအမှန်​တကယ်​မိုးနတ်​မင်း၏သား​တော်​ဖြစ်​သည်​ဟူ​သော စကားများက တစ်​နိုင်​ငံလုံးပြည့်​နှံ့ သွားသည်​။

နန်းသိမ်းပွဲပြီး​တော့ အာဏာပြန်​ရပြီးဖြစ်​တဲ့ ချင်းစယ်​က စစ်​သည်​ငါး​သောင်းကိုဦး​ဆောင်​ကာ​လော့​ရွှေနယ်​တစ်​လျှောက်​က ဓားပြတပ်​တွေအကုန်​ချေမှုန်းပစ်​လိုက်​သည်​။ တစ်​ပြိုင်​နက်​ထဲမှာပဲ သူ့လူ​တွေကိုကျန်းအိမ်​ဆီလက်​ဆောင်​ပစ္စည်း​တွေပို့ခိုင်းခဲ့သည်​။
ဆန်​တွေနဲ့​ငွေစက္ကူ​တွေကသူ့​ကျေးဇူးဆပ်​မှုအကုန်​မဟုတ်​သေး။ ဒီတစ်​ခါမှာ​တော့ သူ​ရွှေသားနဲ့လက်​ဝတ်​ရတနာ​တွေ၊​မြေယာ​တွေ ကို ကျန်းအိမ်​တံခါးဝအ​ရောက်​သွားပို့ခိုင်းသည်​။ ကျန်းကျား​လွေ့အတွက်​နံမည်​ကြီးဆရာတစ်​ဦးလည်းပို့​ပေး​သေးသည်​။

ကျန်းမိသားစုက ဟုံမိသားစုကလူတစ်​ယောက်​ကယ်​လိုက်​တယ်​ဆိုတဲ့စကားကတစ်​ရွာလုံးပြန့်​နှံ့ သွားပြီး ယခင်​ကသူတို့ကိုအနိုင်​ကျင့်​ခဲ့တဲ့လူ​တွေက ကျန်းရှုလင်း နဲ့ ကျန်းကျား​လွေ့​ကြောင့်​ကြောက်​ကုန်​သည်​။ တစ်​လကြာ​တော့ ကျန်းကျား​လွေ့ကမြို့​တော်​မှာ နန်းတွင်းစာ​မေးပွဲကိုဝင်​ဖြေသည်​။ အဆင့်​ခြောက်​နဲ့​အောင်​ပြီး အခြားစာ​မေးပွဲ​တွေကိုထပ်​ဖြေသည်​။

​နောက်​ဆုံးစာ​မေးပွဲမှာ​တော့ မင်းကြီးငယ်​က ရှန်း​ဝေ့ဟို့ရှစ်​စစ်​အ​ပေါ်​ကျေးဇူးရှိသည့်​ကျန်းအိမ်​၏အ​ကြောင်းကိုကြားပြီး ကျန်းကျား​လွေ့ ကို အဆင့်​သုံး​နေရာကထား​မြှောက်​စားခဲ့သည်​။
ချင်းမင်​ရွာအုပ်​ချူပ်​ရေးမှုက​ကျောက်​ကျိူးပြည်​နယ်​မှူးအဖြစ်​ရာထူးတိုးခံရပြီး ကျန်းကျား​လွေ့ က ချင်းမင်​ရွာအုပ်​ချူပ်​ရေးအသစ်​ဖြစ်​လာသည်​။

ကျန်းကျား​လွေ့ က သူ့​နေရာသူမ​ကျေနပ်​။ သူ့အရည်​အချင်းနဲ့ဆို​တော်​ဝင်​တက္ကသိုလ်​နဲ့သာထိုက်​တန်​သည်​ဟုယုံကြည်​ထားသည်​။ သူ ရှန်း​ဝေ့ဟို့ရှစ်​စစ်​ရဲ့ အိမ်​ကိုအကြိမ်​ကြိမ်​သွားပြီး သူတို့ကြားကပတ်​သက်​မှုကိုရှင်း​အောင်​လုပ်​ဖို့ကြိုးစား​ပေမယ့်​သူတံခါးကို​တောင်​မဖြတ်​လိုက်​ရ​ပေ။ ဒါ​ကြောင့်​မ​ကျေနမနပ်​နဲ့ဒီရာထူးကိုသာလက်​ခံလိုက်​သည်​။

ဒါ​ပေမယ့်​ကျန်းရှုလင်းက​တော့​ပျော်​သည်​။ သူ့ညီ ချင်းမင်​ဒေသအုပ်​ချူပ်​ရေးမှူးဖြစ်​လာ​တော့ သူသည်းညီးခံမ​နေ​တော့ပဲ​ဒေသခံ​တွေကိုမ​ချေမငန်​ဆက်​ဆံဖို့မ​ကြောက်​တော့​ပေ။

သူဝိုင်​ဆိုင်​ဖွင့်​ဖို့ပြင်​ပြီး ဝိုင်​ချက်​ဖို့​ဇောက်​ချသည်​။ ဒါ​ပေမယ့်​ချင်းမင်​ရွာ​မြေ​တွေက စပျစ်​စိုက်​ဖို့​ကောင်းတဲ့​မြေ​တွေသိပ်​မရှိသလို ရှိတဲ့​မြေ​တွေကိုငှါးရမ်းရင်​လည်း​ဈေးကကြီးသည်​။ ဒါ​ကြောင့်​ကိုယ့်​ဘာသာ​မြေဝယ်​ပြီး စိုက်​ဖို့ကြံသည်​။ သူချင်းမင်​ရွယတစ်​ဝိုက်​သုံး​လေးရက်​လျှောက်​ရှာကြည့်​တော့ သူကြိုက်​တဲ့​မြေကို​တွေ့သည်​။ ကျူးအိမ်​မြေမှန်းသိ​တော့ သူ​ဈေးဖြတ်​လိုက်​သည်​။
"ကျူပ်​မ​ရောင်းဘူး'' ကျိူးယွင်​ရှန့်​က ယတိပြတ်​ငြင်းလိုက်​သည်​။

ကျန်းရှုလင်း က လက်​မ​လျော့​နောက်​ထပ်​ဆယ်​ရာခိုင်​နှုန်းထပ်​တိုးပြီး​တောင်းဝယ်​ပြန်​သည်​။
"ကျူပ်​မ​ရောင်းဘူးလို့​ပြောပြီးပြီ'' ကျိူးယွင်​ရှန့်​သူ့ကိုယ်​သူကျန်းအိမ်​အတွက်​အ​လျှော့​ပေးမည်​မဟုတ်​။

ကျန်းရှုလင်းကသူ့ဆီကဝယ်​မရ​တော့အခြား​တောင်​ကုန်း​တွေဖက်​သွားကြည့်​သည်​။ ဒါ​ပေမယ့်​အဲ့​တောင်​ကုန်​တွေဖက်​က​ရေအ​ခြေအ​နေက ကျူး​မြေ​လောက်​မ​ကောင်းလို့ စပျစ်​ကောင်း​တွေသီးနိုင်​မှာမဟုတ်​။ သူက ကန်​ရာသီဖွားဖြစ်​တာ​ကြောင့်​အရမ်း​ချေးများသည်​။ ဒါ​ကြောင့်​ဒီအ​ခြေအ​နေက သူ့ကိုရတတ်​မ​အေးဖြစ်​စေသည်​။
"သူက​ရောင်းဖို့ငြင်းတယ်​ပေါ့'' ကျန်းကျား​လွေ့က ထိုကိစ္စကိုကြား​တော့ ခပ်​မဲ့မဲ့ရယ်​လိုက်​သည်​။ ''ဒါဆိုလည်း ကျွန်​တော်​ကိုယ်​တိုင်​သွား​ပြောလိုက်​မယ်​။''

သူကအခုချင်းမင်​ဒေသအုပ်​ချူပ်​ရေးမှူး ဘယ်​သူကသူ့ကိုမျက်​နှာသာမ​ပေးရဲရမှာလဲ။ ကျူးစစ်​ယွိ က သူ့အစ်​ကိုရဲ့​တောင်းဆိုမှုကိုအကြိမ်​များစွာငြင်းပယ်​ခဲ့တာဟာ သူ့ကိုသွယ်​ဝှိုက်​စော်​ကားရာကျတာပဲ။2

အုပ်​ချုပ်​ရေးမှူးကိုယ်​တိုင်​ရောက်​လာ​တော့ ကျိူးယွင်​ရှန့်​ဒီကိစ္စကို​တော်​တော်​စိတ်​ပျက်​နေပြီ။ သူ ကျန်းကျား​လွေ့ကိုအိမ်​ထဲဖိတ်​ခေါ်လိုက်​ပြီး ဘာ​လောကွတ်​မှ​ချော်​မ​နေဘဲ စီးပွား​ရေးကိစ္စသာထိုင်​ပြောကြသည်​။

"ကျူးကုန်းဇီ ၊ ကျူပ်​အစ်​ကိုအဲ့ဒီ​တောင်​ကုန်းကိုလိုချင်​နေတယ်​။ ကျူပ်​ကို​ဈေးဖြတ်​ပေးပါ''

"ခင်​များက​ဈေး​ပေးနိုင်​မှာမို့လား'' ကျိူးယွင်​ရှန့်​က လက်​ဖက်​ရည်​ကို​အေး​ဆေး​သောက်​ရင်းပြန်​မေးလိုက်​သည်​။

"ဒီ​လောက်​ဆိုရင်​ဘယ်​နဲ့လဲ'' ကျန်းကျား​လွေ့ က​ဈေး​ရေးထားသည့်​စာအိတ်​ကို စားပွဲ​ပေါ်ချလိုက်​သည်​။

ကျိူးယွင်​ရှန့်​ချက်​ချင်းရယ်​မောလိုက်​ပြီး '' ကျူပ်​အဲ့ဒီ​တောင်​ကုန်းကို ၈၂၀နဲ့ဝယ်​ခဲ့တာ ခင်​များကကျူပ်​ကို ၃၂၀​ဈေး​ပေးတယ်​! ကျန်းလူကြီးမင်း  ကျူပ်​တို့စီးပွား​ရေးလုပ်​နေတာလား? ပရဟိတလုပ်​နေတာလား''1

"ကျွန်းကိုင်းမှီ၊ကိုင်းကျွန်းမှီ​ပေါ့ ။ ကျူပ်​တို့နှစ်​ဦးနှစ်​ဖက်​အကျိူးရှိတဲ့နည်းတဲ့အ​ရောင်းအဝယ်​လုပ်​နိုင်​တာပဲ။ ဘယ်​သူမှအရှုံးမရှိ​စေရပါဘူး။ ကျူးကုန်းဇီ က ထက်​မြတ်​တဲ့သူပဲ။ ဘယ်​အရာကို​ရွေးချယ်​သင့်​လည်း ခင်​များသိမှာပါ''

အစိုးရအမှုထမ်းနဲ့ဖက်​ပြိုင်​ရန်​ဖြစ်​တာဟာ ကိုယ့်​ခေါင်းကိုယ်​နံရံနဲ့ဝင်​ဆောင့်​သလိုဆိုတာ လူတိုင်းနားလည်းပြီးသားပဲ။ ကျူးစစ်​ယွိ လို​မြေရှင်​ငယ်​လေးတစ်​ဦးက​ဒေသအုပ်​ချူပ်​ရေးမှူးကိုဘယ်​လို့ဆန့်​ကျင်​နိုင်​မှာလဲ။ ဒါ​ပေမယ့်​ကျိူးယွင်​ရှန့်​က​တော့​ခေါင်းမာသည်​။ သူ့ကိုတွန်းအား​ပေး​လေသူကပြန်​ခုခံ​လေလုပ်​တတ်​သည့်​လူစားမျိူး။
သူကျန်းကျား​လွေ့ကို​အေးစက်​စက်​ပြုံးပြပြီး ''ကျူပ်​မှာခင်​များဆီကလိုချင်​တာဘာမှမရှိ။ ခင်​များရဲ့အကျိူးအမြတ်​ဆိုလည်းကျူပ်​စိတ်​မဝင်​စားဘူး။ ကျူပ်​ဒီ​တောင်​ကုန်းမ​ရောင်းနိုင်​ဘူး။ ကိုယ့်​ရဲ့​နောက်​ဆုံးအချိန်​တွေမှာသာ​ပျော်​ပျော်​နေလိုက်​ပါ ကျန်းလူကြီးမင်း ''
ကျန်းကျား​လွေ့ က သူ့ကိုထပ်​ပြီးငြင်းဆန်​မယ်​လို့မ​မျှော်​လင့်​ထားတာ​ကြောင့်​သူ့မျက်​နှာက​ဒေါသ​ကြောင့်​စိမ်းဖန်​ဖန်​ရောင်​သန်းလာသည်​။ သူအံကိုကြိတ်​ပြီး ''ကျူးကုန်းဇီ ခင်​များဒီဆုံးဖြတ်​ချက်​ကို​နောက်​မှ​နောက်​တမရဖို့​မျှော်​လင့်​တယ်​''

"ဘာလဲ? ခင်​များခုထိရှိ​နေ​သေးတာလား။ ခင်​များက မင်းကြီးကိုတိုင်​ချီးမြင့်​ထားတဲ့ သဒ္ဒါတရားပြည့်​ဝ​သောအိမ်​တော်​ကို ထိခိုက်​အောင်​လုပ်​နိုင်​မယ်​လို့ထင်​နေတာလား? မှတ်​ထားပါ မင်းရဲ့အာဏာကမင်းရဲ့နံမည်​သန့်​ရှင်း​နေသ၍ပဲရှိ​နေမှာ။ ကိုယ့်​နေရာကိုမပြိုလဲဘူးထင်​မ​နေနဲ့အုန်း'' ကျိူးယွင်​ရှန့်​က သူ့​နောက်​က​တော်​ဝင်ကမ္ဗည်းပြားကြီးကိုညွှန်​ပြလိုက်​သည်​။ ထို​ပေါ်တွင်​ရွှေ​ရောင်​ဖောင်းကြွစာလုံးများဖြင့်​'သဒ္ဒါတရားပြည့်​ဝ​သောအိမ်​တော်​' ဟု​ရေးထိုးထားသည်​။
ဒါက ရွာသား​တွေကိုကူညီခဲ့လို့ မင်းကြီးကကျူးအိမ်​ကိုချီးမြင့်​ထားခြင်းဖြစ်​သည်​။ ဒီကမ္ဗည်းပြားနဲ့ဆိုကျူးအိမ်​ကိုတိုက်​ခိုက်​ချင်​သူများက အရင်​ဆုံး​နောက်​ဆက်​တွဲကိုစဉ်းစားရန်​လိုလိမ့်​မည်​။

ကျန်းကျား​လွေ့ က သူ့စကား​ကြောင့်​ပေါက်​ကွဲသွားပြီး​ဒေါသတစ်​ကြီးကျူးအိမ်​ကထွက်​သွား​လေသည်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі