Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 7.10
အခန်း (၇၁) ချီရှိုးကျဲ့ဘဝ+

လီကျင်းထျန်းကျိူးယွင်​ရှန့်​အားအိပ်​ရာ​ပေါ်သို့ပစ်​တင်​ပြီး ကိုယ်​ကိုငုံ့ကိုင်​ကိုင်းလိုက်​သည်​ထိုတစ်​ခဏမျက်​ဝန်းချင်းဆုံးပြီး​နောက်​သူ​ကြောင်​အစွာ​ခေတ္တရပ်​သွား​လေသည်​။ ကျိူးယွင်​ရှန့်​သူ့ကိုနံ​ဘေးသို့တွန်းထုတ်​လိုက်​ကာ ကုတင်​စွန်းတွင်​ထိုင်​လိုက်​သည်​။

လီကျင်းထျန်း၏မျက်​လုံးများက​ရောက်​တည်​ရာရာမရှိ သို့​သော်​လှုပ်​ရှားမှုတို့ကရပ်​တန့်​မသွား​ပေ။ ခြုံ​စောင်​ကိုဆွဲဖြဲပြီးကိုက်​ဆွဲကာ​တော်​သလင်း​ခွေးနှယ်​အကြမ်းပတမ်းပြုမှုရင်းငြီးငြူ​နေ​တော့သည်​။

ကျိူးယွင်​ရှန့်​ပျင်းရိသည်​အထိထိုင်​ကြည့်​ပြီး​နောက်​နန်း​ဆောင်​အပြင်​သို့ထွက်​သွားလိုက်​သည်​။
လီရွှီသုန်းကနန်း​ဆောင်​အပြင်​မှာ​စောင့်​နေပြီး လီကျင်းထျန်း၏​အော်​သံကြားချိန်​တွင်​ဖိနပ်​ကြားမှဓား​မြှောင်​အားဆွဲထုတ်​လိုက်​သည်​။ သို့​ပေမယ့်​ရုတ်​တရက်​အ​ဆောင်​တံခါးပြန်​ပွင့်​လာပြီး ခမည်း​တော်​ဘာမှမဖြစ်​ဘဲပြန်​ထွက်​လာတာအြင်​တော့မှ လီရွှီသုန်းမျက်​လုံးထဲမှ​သွေးဆာမှုများ​ပျောက်​ကွယ်​သွား​လေသည်​။

"ခမည်း​တော်​မင်းကြီးကထိခိုက်​အောင်​လုပ်​လိုက်​သေးလား''

ကျိူးယွင်​ရှန့်​ကပြန်​မ​ဖြေ လီရွှီသုန်းလက်​ထဲမှဓား​မြှောင်​၌သာအကြည့်​ရောက်​နေသည်​။ ''မင်းကဘာလုပ်​မလို့လဲ။​နေ့ခင်း​ကြောင်​တောင်​နန်းတွင်​ထဲ ဘုရင်​ကိုလုပ်​ကြံမလို့လား။​စောက်​ရူး... ငါမင်းကိုဘယ်​နှစ်​ခါ​ပြောရ...''
ကျိူးယွင်​ရှန့်​စကားကမဆုံးလိုက်​ရုတ်​တရက်​ပစ်​ဝင်​လာသည့်​လီရွှီသုန်း​ကြောင့်​ရပ်​သွားရသည်​။ ဒီက​လေးဟာ၁၅သာရှိ​သေး​ပေမယ့်​လို့ လူ​ကောင်​ထွားပြီးအရပ်​ရှည်​တာ​ကြောင့်​သူ့​မေး​စေ့ဟာကျိူးယွင်​ရှန့်​ပုခုံး​ပေါ်ပင်​ရောက်​နှင့်​နေပြီ။ကျိူးယွင်​ရှန့်​ကောင်​က​လေးအား မတွန်းထုတ်​ရက်​ဘာပဲ​ပြော​ပြော ဒီက​လေးကသူ​မွေးထားတဲ့သားမဟုတ်​လား။

"ခမည်း​တော်​မင်းကြီး ကတကယ်​ပဲထိခိုက်​အောင်​မလုပ်​လိုက်​တာ​သေချာရဲ့လား'' လီရွှီသုန်းကထပ်​မံ​မေး၏။ အခန်းတွင်းမှချစ်​တင်း​နှောသံများထပ်​မံထွက်​ပေါ်လာချိန်​သူ​ကြောင်​စီစီဖြစ်​သွားရပြန်​သည်​။ ''ခမည်း​တော်​မင်းကြီး ဘာလုပ်​နေတာလဲ ''

ကျိူးယွင်​ရှန့်​ကဟက်​ခနဲရယ်​ပြီး ''စိတ်​ကူးယဉ်​နေတာ​လေ''

လီရွှီသုန်းထပ်​မ​မေး​တော့ဘဲ ဖြည်းဖြည်းသူ့ရင်​ထဲကစကားများကို​ပြောလိုက်​သည်​။ ''ခမည်း​တော်​၊ ခမည်း​တော်​မင်းကြီး က ဒီ​လောက်​ကြာမှလာလည်​ပြီးခမည်း​တော်​နဲ့ဒီလိုလုပ်​ချင်​ရတာလဲ။ သူကခမည်း​တော်​ကိုလိုသုံးလိုသ​ဘောထား​နေတာမဟုတ်​ရင်​ကောင်းမင်​ကိုရွဲ့တာပဲ​နေမှာ သူခမည်း​တော်​ကိုတကယ်​မချစ်​ဘူး။ ခမည်း​တော်​သူ့ကိုမချစ်​လိုက်​ပါနဲ့​နော်​။ သူက​ကောင်းမင်​ခမည်း​တော်​ကိုအဆိပ်​ခတ်​တုန်းကထိုင်​ကြည့်​နေခဲ့ပြီး​ကောင်းလန်​ကိုလည်းချီအိမ်​ဖျက်​ဆီးဖို့အမိန့်​ပေစခဲ့တာ​လေ။ ခမည်း​တော်​သူ့ကိုမုန်းသင့်​တယ်​။ ခမည်း​တော်​အထီးမကျန်​စေရပါဘူး ကျွန်​တော်​ကခမည်း​တော်​နဲ့ထာရဝအတူရှိ​နေပြီ ရို​သေ​လေးစားလို့​စောင့်​ရှောက်​ပါမယ်​။ သန်​မာလာ​အောင်​ကြိုးစားပြီးလက်​တုန့်​ပြန်​ပေးပါမယ်​။ တစ်​ကမ္ဘာလုံးကရတနာ​တွေအားလုံးကိုလည်းယူ​ပေးမယ်​ပျော်​အောင်​လည်းထားပါမယ်​။ အ​ထေ ကျွန်​တော်​တို့အခြားလူ​တွေကိုဂရုမစိုက်​ဘဲအချင်းချင်းပဲ ဂရုစိုက်​ရ​အောင်​။ ဘယ်​လိုလဲ ဟင်​အ​ဖေ''3

အက်​ကွဲ​နေ​သောအသံတို့က သူ့ဖခင်​အားတစ်​စုံတစ်​ယောက်​ခိုးယူသွားမည်​ကိုမည်​မျှ​ကြောက်​ရွံ​ကြောင်းသိသာလွန်း​နေသည်​။

ကျိူးယွင်​ရှန့်​ထိုက​လေးငယ်​၏ပါးပြင်​အားလှမ်းကိုင်​လိုက်​ပြီးပြုံးလိုက်​သည်​။ ''ဒီနန်း​တော်​ထဲမှာ ငါအ​ရေးစိုက်​တာမင်းတစ်​ယောက်​တည်းပါ။ လီကျင်းထျန်းက​တော့ ငါသူ့ကိုမုန်းမှာမဟုတ်​ဘူး။ ဘာလို့ဆိုမုန်းရတာကအားအင်​သုံးရတယ်​မတန်​ဘူး''1

လီရွှီသုန်းစိတ်​ချမ်းသာသွားပြီး ကျိူးယွင်​ရှန့်​လက်​ကိုကိုင်​ကာ သခင့်​ပွတ်​သပ်​မှုခံယူလာ​သော​ခွေး​ပေါက်​လေနှယ်​တိုး​ဝှေ့​နေ​လေသည်​။1
ကျိူးယွင်​ရှန့်​ဒေါသထွက်​နေ​သော်​လည်း ကြည်​နူးမိ၏။ထိုက​လေးငယ်​ဆီမှလက်​ကိုဖယ်​လိုက်​ပြီး သူသတိ​ပေးလိုက်​သည်​။''လီကျင်းထျန်း ငါ့ကိုထိခိုက်​အောင်​မလုပ်​နိုင်​ပါဘူး။​နောက်​တစ်​ခါဒီလိုကိစ္စ​တွေထပ်​ရှိလာရင်​မင်းအပြင်​မှာပဲ​စောင့်​နေတယ်​။မင်းကသိပ်​တဇွတ်​ထိုးလုပ်​တတ်​လွန်းတယ်​။ခု​နေမင်းသူ့ကိုနန်းတွင်းထဲမှာ သတ်​လိုက်​ရင်​ငါစီစဉ်​ထားသမျှအရာအားလုံးသဲထဲ​ရေသွန်​ဖြစ်​ကုန်​လိမ့်​မယ်​။''

လီရွှီသုန်း​ခေါင်းကိုအထပ်​ထပ်​ညိမ့်​ပြီး ကတိ​ပေးလိုက်​သည်​။ အ​စောက​သွေးဆာ​နေသည့်​သားရဲမျက်​လုံးများကရှာမရ​တော့ချစ်​စရာက​လေးငယ်​တစ်​ဦး၏မျက်​ဝန်းလိုဖြူစင်​နေသည်​။ ဒီက​လေးဟာရိုးကျိူးတတ်​တာ​ကြောင့်​ကျိူးယွင်​ရှန့်​အ​နေနဲ့သူ့ကိုပျိူး​ထောင်​တာဟာမှားယွင်းတဲ့ဆုံးဖြတ်​မဟုတ်​ဟုယုံကြည်​သည်​။ တစ်​ခုရှိတာကသူဟာ နည်းနည်းတဇွတ်​ထိုးဆန်​ပြီး.... အင်း အရမ်းချွဲလွန်းတယ်​။သူ့​ဘေးနားတစ်​ဖန်​ပြန်​ရောက်​လာပြီး တွယ်​ကပ်​နေတဲ့သား​ပေါက်​လေး​ကြောင့်​ကျိူးယွင်​ရှန့်​သက်​ပြင်းသာချမိ​တော့သည်​။

ည​နေခင်းမှား​တေယ့ လီကျင်းထျန်းနိုးလာပြီးကုတင်​ခြေရင်းတွင်​ဝတ်​ရုံဗန်းကိုကိုင်​လျှက်​ဒူး​ထောက်​နေသည့်​ချီရှိုးကျဲ့ကိုမြင်​လိုက်​ရသည်​။ ချီရှိုးကျဲ့မျက်​နှာကဖြူ​ဖျော့​နေပြီး နှုတ်​ခမ်းတို့က​ခြောက်​သွေ့ကာလူကထိုင်းမှိုင်း​နေသည်​။ ထိုတခဏလီကျင်းထျန်း​တောင့်​ခဲသွားပြီးမှတ်​ဥာဏ်​တို့အစီအရီပြန်​ဝင်​လာသည်​။ သူချီရှိုးကျဲ့၏အဝတ်​များကိုဆုတ်​ဖြဲပြီး အကြမ်းပတမ်းကိုင်​တွယ်​ကာ ကိုက်​ခဲပြီးအညှာတာမဲ့ဆက်​ဆံခဲ့သည်​။11

ဒါဟာ အချစ်​မဟုတ်​အဓ္ဓမပြုခြင်းပင်​။

ဒါ​တောင်​မှဒီလူဟာသူ့ကိုမမုန်းတီးပါဘဲ ဝတ်​ရုံကိုင်​လျက်​စောင့်​နေ​သေးသည်​။ လီကျင်းထျန်းမျက်​နှာမ​ဖော်​ဝံ့​အောင်​ရှက်​မိသလို တစ်​ချိန်​တည်းမှာပဲ​ကောင်းမင်​အ​ပေါ်သစ္စာပျက်​မိမှု​ကြောင့်​အပြစ်​ရှိစိတ်​ဝင်​မိသည်​။ ဒီလိုအ​ခြေအ​နေမှာ​တောင်​ကောင်းမင်​ကို​တွေးနိုင်​သေးတဲ့ သူ့အတွက်​ကုရာနတ္တိ​ဆေးမရှိ​တော့ပြီ။1

မိမိကိုယ်​ကိုလိပ်​ပြာမလုံမှု​ကြောင့်​လီကျင်းထျန်းဝတ်​ရုံကိုသွက်​လက်​စွာဝတ်​ပြီး ထွက်​သွား​လေသည်​။ ထို့​နောက်​ဇီချန်​နန်း​ဆောင်​သို့ ဆုလာဘ်​တော်​များစွာပို့လိုက်​လေ၏။
လီကျင်းထျန်းက ဒီအ​ကြောင်းကိုဖုံးကွယ်​လိုတာ​ကြောင့်​ကောင်းမင်​အ​နေနဲ့မည်​သည်​ကိုမှမသိလိုက်​ပါ​ချေ။ လဝက်​ကြာ​တော့သူ့ကိုစစ်​သည်​တွေနဲ့​တောင်​ပိုင်းပို့​ပေးဖို့​တောင်းဆိုလာသည်​။ လီကျင်းထျန်းကအပြင်​ပန်းတွင်​လွယ်​လွယ်​သ​ဘောတူလိုက်​သော်​ငြား အတွင်းကကြိတ်​ကြံ​နေသည်​။ ၁၄နှစ်​နှင့်​အထက်​မင်းသားများအားလုံးကို ညီလာခံတွင်​တာဝန်​ကိုယ်​စီ​ပေးပြီး တသ်​ဖက်​က​ကောင်းစစ်​တပ်​နှင့်​ကောင်းအိမ်​အားနည်းချက်​ကို ရှာ​ဖွေ​နေကာ လီဝမ်​၏စစ်​တပ်​အင်​အားကိုလည်းစုံစမ်း​နေသည်​။​သေချာတာက​တော့ သူတစ်​ချိူ့လုပ်​ရပ်​တွေက အဖြူထည်​မဟုတ်​ခြင်းပင်​။

​ကောင်းမင်​စစ်​ထွက်​မယ့်​နေမှာပဲ​ကောင်းအိမ်​က အဘွား​တော်​ဆုံးပြီဟုအ​ရေး​ပေါ်သတင်း​ရောက်​လာသည်​။ ပုံမှန်​အားဖြင့်​အိမ်​တစ်​အိမ်​တွင်​အကြီးအကဲတစ်​ဦးဆုံးပါက အိမ့်​ဦးစီးသည်​သုံးနှစ်​တာပူ​ဆွေးရသည်​။​ကောင်းလန်​ကထိုကိစ္စအတွက်​နန်းတွင်းရှိ​ကောင်​မင်​ထံသို့​ရောက်​လာခဲ့သည်​။

"မင်းကြီးရဲ့​မေတ္တာကိုအသုံးချပြီး ကျွန်​တော့်​ကိုအစ်​ကို့အတွက်​သုံးနှစ်​တာပူ​ဆွေးမှုကလွှတ်​ငြိမ်​ခွင့်​ပေး​စေချင်​တယ်​ဟုတ်​လား?''​ကောင်းမင်​မျက်​မှောင်​ကြုတ်​လိုက်​၏။
"ငါတစ်​ယောက်​ထဲမဟုတ့ဘူး မင်းအတွက်​ကောပဲ​လေ။ ငါတို့​တောင်​ပိုင်းကိုကူဖို့​နှေး​နေလို့မဖြစ်​ဘူး။ အခုမှငါတို့အိမ်​ကဒီလိုအခွင့်​ထူးမျိူးကိုရတာ ၃နှစ်​တာပူ​ဆွေးမှုကငါ့အစီအစဉ်​တွေအကုန်​လုံးကိုပျက်​ဆီပစ်​လိုက်​မှာ။ မင်းကြီးကမင်းတစ်​ယောက်​တည်းကိုမြတ်​နိုးတာမဟုတ်​တော့ဘူး ချီရှိုးကျဲ့နဲ့ ဆဋ္ဌမမင်းသားကိုလည်းမျက်​နှာသာ​ပေး​နေတာ။ ဒီသုံးနှစ်​အတွင်းသူတို့ မင်းသားရဲ့​နေရာကိုမလုဘူးလို့မ​ပြောနိုင်​ဘူး''+

​ကောင်းလန်​ကစိုးရိမ်​စွာ​ပြော​သော်​လည်း​ကောင်းမင်​ကစိုးရိမ်​ခြင်းမရှိ။ ''ကျွန်​တော်​ချီရှိူးကျဲ့နဲ့မင်းသား၆ကိုလှုပ်​မရ​အောင်​လုပ်​ထားပြီးပြီ ဘာမှစိုးရိမ်​စရာမရှိဘူး။ အစ်​ကို ဘွား​တော်​ကကျွန်​တော်​တို့ကိုငယ်​ငယ်​ကတည်းက​စောင့်​ရှောက်​လာတာ သူအခုဆုံးသွား​တော့ အခြားအရာ​တွေကိုခဏ​ဘေးဖယ်​ထားလို့မရဘူးလားဗျာ။ မင်းကြီး​မေတ္တာကိုအသုံးချဖို့ထပ်​လည်းမ​ပြောပါနဲ့ ။ကျွန်​တော်​သူ့ကိုကြိုးကိုင်​စရာမလိုဘူး သူ့ခံစားချက်​က ကျွန်​တော့်​အ​ပေါ်ဘယ်​အတိုင်းတာထိရှိသလဲဆိုတာလည်းကျွန်​တော်​မသိဘူး။ မလိုအပ်​တာ​တွေကိုမစိုးရိမ်​ပါနဲ့''

​ကောင်းလန်​ခေတ္တစဉ်းစားပြီးမှ မချင့်​မရဲ​ခေါင်းညိမ့်​လိုက်​သည်​။
ညီအစ်​ကိုနှစ်​ဦးလမ်းခွဲသွား​တော့မှ သူလျှိူထိုစကားများကိုမင်းကြီးဆီသို့ပို့လိုက်​သည်​။  လီကျင်းထျန်း စာကိုဖတ်​ပြီး​နောက်​ခပ်​လှောင်​လှောင်​ပြုံးလိုက်​သည်​။ ချီအိမ်​အကြီးအကဲကွယ်​လွန်​တုန်းက ချီအိမ်​ဦးစီးဟာ အိမ်​သာ၂၀​ကျော်​နဲ့ပူ​ဆွေးခြင်းအထိမ်းအမှတ်​ဈာပနပွဲကိုတစ်​နေကုန်​ပြုလုပ်​ခဲ့သည်​။​ကောင်းမင်​နဲ့ကဆီနဲ့​ရေ ။ သူ့ရည်​မှန်းချက်​တွေကသိပ်​ကြီးလွန်းတာပဲ။

ဇီချန်​နန်း​ဆောင်​

​ကောင်းအဘွား​တော်​ဆုံးသည့်​သတင်းကိုကြားသည်​နဲ့ ထို​နောက်​ကွယ်​တွင်​မည်​သူရှိမှန်း ကျိူးယွင်​ရှန့်​သိနှင့်​ပြီးသားပင်​။ လက်​ရှိမှာ​ကောင်းအိမ်​ကိုမရှင်းနိုင်​ပေမယ့်​သုံးနှစ်​အတွင်း တဖြည်းဖြည်းအားနည်းလာ​အောင်​တော့ဖြိုခွဲဖို့လုံ​လောက်​သည်​။ ဒါက ချီအိမ်​ကို ရှင်းသည့်​အခါက လီကျင်းထျန်းသုံးခဲ့သည်​နည်းလမ်း​ဟောင်းကြီးပင်​။ ဤသည်​က သစ္စာ​တော်​ခံများ၏ဘဝပင်​။ မင်းနားခစားကမ်းနားသစ်​ပင်​ဆိုသလို မည်​မျှအင်​အားကြီး​စေအုန်း မင်းမှုထမ်းတို့၏အသက်​သည်​ဘုရင့်​လက်​ထဲတွင်​သာရှိ​လေသည်​။
​နောက်​ရက်​အနည်းငယ်​ကြာတဲ့အခါ သူချီမိသားစု၏အရိုးများကို​တောင်းဆိုမည်​။ ချီမိသားစုကအစုလိုက်​အပြုံလိုက်​အသတ်​ခံရပြီး​နောက်​မြို့ပြင်​တွင်​ပစ်​စလတ်​ခတ်​အမြှုပ်​ခံကြရသည်​။ ဒါ​ကြောင့်​လူစုံရှာရန်​လွယ်​လိမ့်​မည်​မဟုတ်​။ သို့​သော်​လည်း ဤသည်​က ချီရှိုးကျဲ့ဆန္ဒ​ပေမို့ ကျိူးယွင်​ရှန့်​ဖြည့်​ဆည်း​ပေးရအုန်းမည်​။

သူအ​တွေးလွန်​နေစဉ်​မှာပဲ​ချွေးသံတလုံးလုံးနဲ့​လေးမြှားလွယ်​ပြီး ပြန်​လာတဲ့လီရွှီသုန်းဟာ ချက်​ချင်းသူ့ဖခင်​ရဲ့ခါးကိုဖက်​ပြီး​ကျောပြင်​ကိုပါးဖြင့်​ပွတ်​သပ်​ကာ​နေ​လေ၏။

"ဖယ်​စမ်း​ကောင်​စုတ်​လေး ၊ မင်းကိုယ်​က​ချွေး​တွေနဲ့''
ဝံပု​လွေ​ပေါက်​လေးကခုတ​လော ဆာ​လောင်​ငတ်​မွတ်​သည့်​ဒဏ်​ကိုပိုခံစား​နေရသည်​။ ''လွမ်းလိုက်​တာ ခမည်း​တော်​ရယ်​'' အသံကလည်းပိုလိုသြလာသည်​။1

"​လေ့ကျင့်​ကွင်းထဲဆင်းတာ၂နာရီပဲရှိ​သေးတာ လွမ်း​နေရ​အောင်​ဘာလဲ မင်းကခုထိနို့စို့က​လေးလား''
ဒါ​ပေါ့ တစ်​နာရီ​လောက်​ခွဲရရင်​တောင်​လွမ်း​နေရတာကို။ ဒါကို​တော့ဖြင့်​လီရွှီသုန်းပြန်​မ​ဖြေမိ သူ့နှုတ်​ခမ်းများနှင့်​ဖခင်​နားသီးကိုခပ်​ဖွဖွမသိမသာမြန်​မြန်​ဆန်​ဆန်​ရှပ်​တိုက်​ထိ​တွေ့လိုက်​၏။3
ကျိူးယွင်​ရှန့်​က သူ့​ခေါင်းကိုလှမ်းပုတ်​ရင်း ''ငါကြားတာ လီကျင်းထျန်းကအရွယ်​ရောက်​မင်းသား​တွေအားလုံးကို နိုင်​ငံ​ရေးမှာအ​တွေ့ကြုံရ​စေဖို့တာဝန်​တွေခွဲ​ပေးတယ်​ပြောတယ်​။ မင်း​ကောဘယ်​ဌာနကိုသွားဖို့စဉ်းစားလဲ။''

"ကျွန်​တော်​ဝန်​ကြီးများရုံး ဒါမှမဟုတ်​ဘာဏ္ဍာ​ရေးဌာနဖက်​သွားဖို့စဉ်းစားထားတယ်​။''

"အာဏာနဲ့​ငွေ​ကြေး မင်းဒီနှစ်​ခုပဲ​တွေးနိုင်​တာလား?''

"ခမည်း​တော်​ဘာကိုဆိုလိုတာလဲ''

"​တောင်​ပိုင်းကိုသွား''

လီရွှီသုန်းတုန့်​ဆုတ်​စွာနှင့်​တိတ်​ဆိတ်​သွား၏။ သူခမည်း​တော်​ကိုမခွဲချင်​ပေ။

ကျိူးယွင်​ရှန့်​က လီရွှီသုန်းရဲ့စိတ်​အ​ခြေအ​နေကိုခံစားမိတာနဲ့ရှင်းပြလိုက်​သည်​။ ''အာဏာ၊အဆက်​အသွယ်​နဲ့ဥစ္စာစည်းစိမ်​တွေကအတန်းထဲမှာမင်း​နေရာကိုမြင့်​အောင်​လုပ်​ပေးနိုင်​ပေမယ့်​ပုလ္လင်​ထိ​အောင်​အောင်​တော့မစွမ်း​ပေးနိုင်​ဘူး။ ရှို့ ဝမ်းမြို့ကပုန်​ကန်​နေတာသုံးနှစ်​ရှိ​ပေမယ့်​သူတို့ဘယ်​မှမ​ပြောင်းသွားဘူး။ ဘာလို့လဲသိလား။ အ​ဖြေကသူတို့မှာစစ်​တပ်​အင်​အားရှိ​နေလို့ပဲ။ အင်​အားအကြီးဆုံးလူကသာတိုင်းပြည်​ကိုအုပ်​ချူပ်​ဖို့အထိုက်​တန်​ဆုံးဖြစ်​လိမ့်​မယ်​''

ကျိူးယွင်​ရှန့်​ကလီရွှီသုန်းအ​ဖြေကိုမ​စောင့်​ဘဲ ဆက်​ပြောလိုက်​သည်​''မင်းဧကရာဇ်​မဖြစ်​ချင်​ပါဘူးလို့ ငါ့ကိုမ​ပြောလိုက်​နဲ့။ မင်းအစားလီရွှီယန်းသာပုလ္လင်​ပေါ်ထိုင်​လိုက်​ရင်​ငါတို့ဘယ်​လိုအဆုံးသတ်​သွားမလဲ​ပြောပြဖို့လို​သေးလား။​ကောင်းမင်​ကငါတို့ကိုမုန်း​နေတာ လီကျင်းထျန်းအသက်​ရှင်​နေ​သေးလို့သာ သူအတိအလင်းမတိုက်​ခိုက်​ရဲတာ။ ဒါ​ပေမယ့်​လီကျင်းထျန်း​သေသွားရင်​သူငါတို့ကို​နေ့မဆိုင်းသတ်​မှာပဲ။ငါတို့ကဘာမှမတတ်​နိုင်​ဘူးဆိုတာနဲ့ပဲ သူကလွှတ်​ပေးမယ်​လို့မင်းထင်​လား။ မင်းသာဆိုရင်​ကော မင်းရန်​သူအသက်​ရှင်​နေ​သေးရင်​ဘယ်​လိုစိတ်​အေးမှာလဲ။''

လီရွှီသုန်းစိတ်​မ​အေးမှာ​တော့အမှန်​ပင်​။ဒါ​ပေမယ့်​သူဘယ်​လိုလုပ်​ခမည်း​တော်​ကိုနန်းတွင်းထဲတ်း​ယောက်​တည်းထားရစ်​ခဲ့နိုင်​ပါ့မလဲ။ သူ့မျက်​ဝန်း​တွေကစိုးရိမ်​စိတ်​လွှမ်း​နေ​ပေမယ့်​ဒီအချိန်​ဟာစိတ်​ကိုဦးစား​ပေးရမယ့်​အချိန်​မဟုတ်​မှန်းသူသိသည်​။ ခမည်း​တော်​ရဲ့အားကိုးရာဖြစ်​လာရ​စေမယ်​လို့​ပေးထားတဲ့ကတိဟာ ခုအချိန်​ကျလာပြီမဟုတ်​လား။
"ခမည်း​တော်​၊ သား​တော်​တောင်​ပိုင်းကိုသွားမယ်​။ သူတို့အားလုံးကိုအ​ဖေ့အတွက်​ချေမှုန်​ခဲ့မယ်​။ ဒီမှာကိုယ့်​ကိုယ်​ကိုယ်​ဂရုစိုက်​ပါ''+

လီရွှီသုန်း သူ့ဖခင်​ကိုတင်းတင်းကြပ်​ကြပ်​ဖက်​လိုက်​၏။ သူမျက်​ဝန်းများကနီရဲကာ​သွေးတာ​နေသည်​။ တစ်​နေ့​ကောင်းမင်​နှင့်​လီရွှီယန်းကိုသူသတ်​ပစ်​မည်​။ လီကျင်းထျန်းပါ​သေရမည်​။  အဲ့ဒီသုံး​ယောက်​သာဂြိုလ်​မ​မွှေရင်​ခမည်း​တော်​ဘဝကအခုလိုခက်​ခဲ​နေမှာမဟုတ်​ဘူး။6
မင်းသားတစ်​ချိူ့ကဝန်​ကြီးများရုံး၊တစ်​ချိူ့ကအခွန်​ဌာန ၊ တစ်​ချိူ့ကယဉ်​ကျေးမှုဌာန အားလုံးကအာဏာရှိရာ​ရွေးချယ်​လိုက်​ကြတာချည်းပင်​။ လီရွှီယန်းက​တော့​သေချာ​ပေါက်​ဘာဏ္ဍာ​ရေးဌာနကို​ရွေးသည်​ပေါ့။ ကျန်​မင်းသားများက​တော့ကိုယ့်​လမ်းကိုယ်​ရွေးကာ​လျှောက်​ကြသည်​။ မင်းသား​ခြောက်​တစ်​ယောက်​တည်းကသာ​တောင်​ပိုင်းကိုသွားမည့်​စစ်​တပ်​တွင်းသို့ဝင်​ကာအ​တွေ့အကြုံယူလိုသည်​ဟု ဆိုလာသည်​မို့ လီကျင်းထျန်း အံ့အားသင့်​သွားရသည်​။
ထိုသတင်းကိုကြားပြီး​နောက်​ကောင်းမင်​ကခပ်​မဲ့မဲ့ပြုံးလိုက်​၏။ မသန်​မစွမ်း​ကောင်​လေးကစစ်​ထဲဝင်​ပြီး အ​သေခံမလို့လား။ မင်းသား​ခြောက်​ကအတင့်​ရဲလွန်းတာပဲ။ ဒါကသူ့အတွက်​အခွင့်​အ​ရေးပင်​။ စစ်​မြေပြင်​လို့ဓားလှံပြည့်​လျှံ​နေတဲ့​နေရာမှာ မင်းသား​ခြောက်​ကိုရှင်းပစ်​ဖို့ကသိပ်​လွယ်​လွန်းသည်​။ မင်းသား​ခြောက်​သေရင်​ချီရှိုးကျဲ့ရဲ့ဒီဘဝမှာဘာကျန်​အုန်းမှာလဲ။ အရင်​ဘဝကသား​သေသည့်​ဒုက္ခကိုသူခံစားခဲ့ရသည်​မို့ ဒီဘဝမှာချီရှိုးကျဲ့ကိုတစ်​လှည့်​ခံစား​စေမည်​။3

ဒီလိုကျ​တော့လည်း လီကျင်းထျန်းချီရှိုးကျဲ့ကိုချမ်းသာ​ပေးလိုက်​တာ​ကောင်းသားပင်​။​ခေါင်းဖြတ်​လိုက်​ရုံ​လေကသိပ်​ကိုညင်​သာရာကျလွန်းသည်​။

ဒါ​ကြောင့်​ကောင်းမင်​ဟာမဆန့်​ကျင်​ရုံမက မင်းသား​ခြောက်​ကိုမြန်​မြန်​ပို့လိုက်​ဖို့ လီကျင်းထျန်းကိုတိုက်​တွန်းသည်​။ တစ်​ချိန်​တည်းမှာပဲ သက်​သာလာပြီဖြစ်​တဲ့​ကောင်းနျန်​ကိုလည်း စစ်​တပ်​အာဏာအတွက်​တောင်​ပိုင်းသို့ထည့်​လိုက်​သည်​။

လီကျင်းထျန်းကမင်းသား​ခြောက်​ကို စာကြည့်​ခန်းထဲ​ခေါ်ပြီးတစ်​နာရီမျှကြာ​အောင်​သူ့ရည်​ရွယ်​ချက်​ကိုနားလည်​မလည်​သိ​အောင်​စကား​ပြေကြည့်​သည်​။

စစ်​ပွဲဟာ သုံးနှစ်​တိတိကြာလိမ့််​မည်​။

အဲ့ဒီသုံးနှစ်​အတွင်း​ကောင်းမိသားစုစစ်​တပ်​ဟာ လီကျင်းထျန်​ထိန်းချူပ်​မှု​အောက်​ပြန်​ရောက်​လာခဲ့သည်​။  ဆားခွန်​ကြောင့်​လီဝမ်​ဟာသူ့တာဝန်​တွေကိုလှစ်​ဟင်း​နေခဲ့၏။ အလိုလိုက်​ခံထားရတဲ့မင်းသားငါး​လေးဟာလည်း ထင်​ရှားတဲ့အမှားကိုပြုမိပြီး နံနက်​ညီလာခံတွင်​လီကျင်းထျန်း၏ပြသ်​တင်​ဆူပူခြင်းခံရသည်​မို့ အာဏာ​လျော့ကျသွား၏။
ဒါ​တွေအားလုံးထက်​အံ့အားသင့်​စရာ​ကောင်းတာက အညတရမင်းသား​ခုနှစ်​ဟာ တဖြည်းဖြည်းချင်းအစွမ်းစထုတ်​ပြပြီး​ကျော်​ကြားလာခဲ့ခြင်းပင်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі