Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 1.7
အခန်း(၇) ကျိူးယွင်​ရှန့်​ဘဝ +

နံနက်​ငါးနာရီကျိူးယွင်​ရှန့်​နှိုးသည်​နှင့်​အကျင့်​အတိုင်းနံ​ဘေးမှခန္ဓာ​နွေး​နွေးကိုဖက်​လိုက်​သည်​။ ထိုလူ၏ဆံပင်​များကရှုပ်​ပွ​နေပြီး သူ၏​ချော​မော​သောမျက်​နှာက​အေးချမ်း​နေသည်​။ အမြဲလိုလိုစူးရှလျှက်​ကြောက်​စရာ​ကောင်း​သောမျက်​ဝန်းတို့ကပိတ်​လျှက်​ရှိ​နေပြီး ကျိူးယွင်​ရှန့်​ကိုနမ်းချင်​လာ​အောင်​ဆွဲ​ဆောင်​နေသည်​။

System ရဲ့ထိန်းချူပ်​ခြင်းကိုခံခဲ့ရတဲ့Gayတစ်​ယောက်​အ​နေနဲ့ ကျိူးယွင်​ရှန့်​၏ယခင်​relationshipများကအလွန်​ခက်​ခဲခဲ့သည်​။ တစ်​စုံတစ်​ယောက်​ကိုချစ်​ရန်​အတင်းဖိအား​ပေးခံရပြီး ကိုယ်​လက်​ရင်းနှီးသည့်​အလုပ်​များအထိလုပ်​ဆောင်​ခဲ့ရသည်​။ ထိုအချိန်​များတွင်​System ကသူ့ခန္ဓာကိုထိန်းချူပ်​ထားပြီးသူ့ဆန္ဒအတိုင်းလှုပ်​ရှားခွင့်​မ​ပေးခဲ့​ပေ။သူနဲ့အတူ​နေမယ့်​အစား​အော်​ဟစ်​နေကြ​သော၊အ​သေခံရန်​ကြံစည်​ကြ​သော၊အသက်​ရှင်​ရန်​ကုပ်​ခြစ်​ကြိုးစား​နေကြ​သော မိန်းမများကိုကြုံခဲ့ရသည်​။ အမှန်​တကယ်​က သူကသာ​အော်​ဟစ်​ပြီး​သေဖို့၊ရှင်ဖို့ကြိုးစားရင်း အခြားသူ​တွေထက်​အကြိမ်​ပေါင်းများစွာသေခဲ့ရခြင်းသာ။ 7

နာကျင်​စရာအတိတ်​ဟောင်း​တွေကို​မောင်းထုတ်​လိုက်​ပြီး ကျိူးယွင်​ရှန့်​သူ့​ဘေးမှလူ၏ ဆွဲ​ဆောင်​မှုရှိပြီး​သေသပ်​သော​မြေးရိုးဆွဲညစ်​လိုက်​သည်​။ထို​နောက်​အားပါပါနမ်းလိုက်​၏။
သူ့ ဇနီး​လေးမျက်​လုံးဖွင့်​သည်​အချိန်​၌တုရွှီလန်​မှာလည်းနှိုး​နေပြီးဖြစ်​သည်​။ သို့​ပေမယ့်​သူမျက်​လုံးမဖွင့်​သူ့ချစ်​သူမှာ အကျင့်​တစ်​ခုရှိသည်​။ အရင်​နှိုး​နေရင်​သူ့မျက်​နှာကိုအကြာကြီးစိုက်​ကြည့်​နေတတ်​ပြီး သူ​ကျေနပ်​သွားရင်​ခပ်​ပြင်းပြင်းနမ်းတတ်​သည်​။

သူချစ်​သူ၏ရုပ်​ရည်​ကခန့်​ညားပြီးသိမ်​မွေ့သည်​။နှုတ်​ခမ်းမှာလည်းအပြုံး​သေး​သေး​လေးတစ်​ခုအမြဲရှိ​နေတတ်​သည်​။ ဒါ​ပေမယ့်​အမှန်​တကယ်​က​တော့ သူသည်​အရမ်းကိုမာ​ကြော​သောစိတ်​ဓာတ်​ရှိသူဖြစ်​သည်​။ ထိုအရာကပင်​သူတို့၏ အချစ်​လမ်းခရီးကို စစ်​သူရဲတို့၏တိုက်​ပွဲလို ၊ စွဲမက်​စေသည်​၊ရင်​ခုန်​လှိုက်​မော​စေသည်​။ တစ်​ခါမြည်းစမ်းကြည့်​ပြီး​နောက်​မတင်းတိမ်​နိုင်​တော့​ပေ။

တုရွှီလန်​နှစ်​ကြိမ်​ရယ်​လိုက်​သည်​။ထို့​နောက်​သူ့ချစ်​သူရဲ့ခါးနုနုသွယ်​လေးကိုဆွဲယူပြီးရင်​ဘတ်​ပေါ်ထပ်​လိုက်​သည်​။ အခုလက်​ရှိချစ်​သူ​လေးအ​ပေါ်သူ့ခံစားချက်​ကတကယ်​အတည်​ဖြစ်​သည်​။အစက​တော့သူဒီ​လောက်​ထိကြိုးစားပြီးလိုက်​ဖို့စိတ်​ကူး​တော့မရှိခဲ့။ သို့​ပေမယ့်​အချိန်​တွေကြာလာ​လေ တစ်​ချိန်​ကမရင့်​ကျတ်​သေးတဲ့မျက်​နှာနုနု​လေးကတဖြည်းဖြည်းရင့်​ကျတ်​တည်​ညိမ်​လာပြီး​နေ​ရောင်​အောက်​မှာလှပစွာပွင့်​ဖူးလာတဲ့ပန်း​တွေလိုပဲ။ သူ့ရဲ့ဆွဲ​ဆောင်​မှု​တွေကအနားမှာရှိမ​နေပဲနဲ့​တောင်​အ​တွေးထဲစိုးမိုးထားနိုင်​တာမျိူး။ ဒါ​ကြောင့်​လည်းရုတ်​တရပ်​တွေးမိတာက သူ့ကိုထာဝရပိုင်​ဆိုင်​ခွင့်​ရပြီးချစ်​သွားဖို့ဘယ်​လိုလုပ်​ရမလဲလို့။
ကျိူးယွင်​ရှန့်​က​တော့တုရွှီလန်​၏အ​တွေးကိုမသိ​ပေ။ သူထင်​သည်​က တုရွှီလန်​ဒီ​နေ့စိတ်​လှုပ်​ရှား​နေဟုသာ။ နှစ်​ဦးသားအိပ်​ရာထဲမှာ ၂နာရီ​ကျော်​လောက်​လူးလိမ့်​နေကြပြီးမှရပ်​လိုက်​ကြသည်​။​တော်​သေးတာက သူ့ခန္ဓာကိုယ်​ရဲ့dataကအဆင့်​မြင့်​နေလို့​ပေါ့ မဟုတ်​ရင်​ခါးကျိူးနိုင်​ဖွယ်​ရှိသည်​။ 11

သူတို့​ရေချိူးပြီး​တော့တိုက်​တိုက်​ဆိုင်​ဆိုင်​ဖုန်းဝင်​လာသည်​။ ကျိူးယွင်​ရှန့်​ဖုန်း IDကိုကြည့်​လိုက်​ပြီး မျက်​ခုံးများမြင့်​တက်​သွားသည်​။ ကျိူးဝန်​အန်​!

"​ကောင်းပြီး ငါပြန်​လာခဲ့မယ်​'' တိတ်​တိတ်​လေးဖုန်းနား​ထောင်​ပြီး​နောက်​စကားတစ်​ခွန်းသာပြန်​ဖြေပြီး သူဖုန်းကိုအိပ်​ရာ​ပေါ်ပစ်​ချလိုက်​သည်​။ထို့​နောက်​အထုပ်​အပိုးစပြင်​တော့သည်​။

"ဘာဖြစ်​တာလဲ '' တုရွှီလန်​သူ့ချစ်​သူမျက်​နှာမ​ကောင်းတာ​ကြောင့်​မေးလိုက်​သည်​။

"ကျိူး​ဟောက်​သေ​တော့မယ်​။ သူတို့က ကျွန်​တော့်​ကပြန်​လာခိုင်း​နေတယ်​'' ကျိူးယွင်​ရှန့်​ခေါင်းပင်​မ​မော့ပဲ ပြန်​ဖြေလိုက်​သည်​။ မျက်​နှာက​တော့ချစ်​ရသူတစ်​ဦးဆုံးရှုံးရ​တော့မှာမို့ဝမ်းနည်းသည့်​ဟန်​မ​ပေါ် စိတ်​ဝင်​စားစရာတစ်​ခုခုကြုံရ​တော့မှာမို့​ကျေနပ်​နေသည်​အရိပ်​အ​ရောင်​တောင်​ပေါ်​နေ​သေးသည်​။ သူလက်​ကောက်​ဝတ်​ကAIကိုကြည့်​လိုက်​သည်​။ Mission ပြီး​မြောက်​ဖို့Barက ဘယ်​ဖက်​ထောင့်​မှ၅၀ရာခိုင်​နှုန်းအထိမြင့်​တက်​သွားသည်​။ သူNoah universal ကိုစတင်​တည်​ထောင်​ချိန်​ကပင်​ထိုBarက​ပြောင်းလဲမရှိခဲ့။ ကျိူး​ဟောက်​၏​သေဆုံးခြင်းက ဒီမူရင်းခန္ဓာပိုင်​ရှင်​၏ ကံကြမ္မာဆိုးစတင်​ရာအချိန်​ဖြစ်​သည်​။ အကယ်​၍သူသာဒီအဖြစ်​အပျက်​ကိုဝင်​နှောက်​ယှက်​ပစ်​ပါလျှင်​ဒီ​လောကကြီးကံကြမ္မာကိုလုံးဝ​ပြောင်းလဲပစ်​နိုင်​သည်​။ ကျိူးယွင်​ရှန့်​နှုတ်​ခမ်းကိုလျှာဖြင့်​သပ်​လိုက်​သည်​၊သူ့အ​နေနဲ့ စိတ်​လှုပ်​ရှားမှုကိုဖုံးကွယ်​ထားလို့ပင်​မရ​တော့​ပေ။

နှစ်​ယောက်​သားအထုပ်​သိမ်း၊လက်​မှတ်​နှစ်​စောင်​ဝယ်​ပြီး ကျိူးအိမ်​ကိုညခင်းတွင်​ရောက်​လာကြသည်​။

"အစ်​ကိုကြီးပြန်​လာပြီ​ပေါ့'' ကျိူးဝန်​အန်​ခပ်​သွက်​သွက်​ပြေးလာပြီး ကျိူးယွင်​ရှန့်​ကိုခပ်​တင်းတင်းဖက်​ထားလိုက်​သည်​။ သူ့မျက်​လုံးတို့ကရဲ​နေပြီးမျက်​ရည်​တို့ပင်​မ​ခြောက်​သေး​ပေ။ တကယ်​လို့တုရွှီလန်​သာ သူ့အ​ကြောင်းသိမထားရင်​အော်​စကာရ သရုပ်​ဆောင်​ကွက်​ထဲ​မြောမိသွားမှာပဲ။

"အ​ဖေ​ရော?'' ကျိူးယွင်​ရှန့်​၊ ကျိူးဝန်​အန်​ကိုတွန်းပြီး​မေးလိုက်​သည်​။ သူ့ပုံစံကအရမ်းကိုတည်​ညိမ်​နေပြီး သူ့အသံကလည်းသာမန်​ဖြစ်​နေသည်​။ သူသည်​လည်းသရုပ်​ဆောင်​မညံ့​ပေ ပူ​ဆွေး​သောက​ရောက်​နေသည့်​မျက်​နှာထားမျိူးချက်​ချင်းဖန်​တီးနိုင်​သည်​။ သို့​ပေမယ့်​သူ့အင်​အားကပြိုင်​ဖက်​ထက်​ကျော်​လွန်​နေပြီ ဒါ​ကြောင့်​လုပ်​ကြံဟန်​ဆောင်​ဖို့ဆန္ဒမရှိ​ပေ။

"အ​ဖေကအ​ပေါ်ထပ်​မှာ။ ဆရာဝန်​က​ပြောတယ်​သူဒီည​တောင်​ကျော်​နိုင်​မှာမဟုတ်​ဘူးတဲ့။​ဆေးရုံမှာ​နေရတာကသူသက်ေ​တာင့်​သက်​သာမဖြစ်​ဘူးလို့​ပြောတယ်​'' ကျိူးဝန်​အန်​နှစ်​ယောက်​လုံးကိုလမ်းပြပြီး အမှတ်​တမဲ့ထပ်​မေးလိုက်​သည်​။ ''ဒါနဲ့ တုအတွင်း​ရေးမှူးကဘယ်​လိုလုပ်​ရောက်​လာတာလဲ။နှစ်​ယောက်​သားနိုင်​ငံခြားမှာ​တွေ့ကြတာလား''

ကျိူးယွင်​ရှန့်​ပင်​မ​ပြောရ​သေး တုရွှီလန်​က​အေး​ဆေးပြန်​ဖြေလိုက်​သည်​။ ''ငါတို့အမှတ်​တမဲ့​တွေ့တာမဟုတ်​ဘူး အခုငါတို့တွဲ​နေကြတာ။ ငါကယွင်​ရှန့်​ရဲ့ချစ်​သူ'' 1

​ယောက္ခထီး​သေခါနီးမှ​ပေါ်လာ​ပေမယ့်​တုရွှီလန်​က​တော့သူ့​ယောက္ခထီးကို​အေး​အေးချမ်းချမ်း​သေ​စေချင်​ပုံမ​ပေါ်​ပေ။ အာ...ယွဲ့ကျန်း(မိန်းမဖက်​ကအ​ဖေ)မဟုတ်​ဘူး​လောင်​ကုန်းကုန်း(​ယောက်ျားဖက်​ကအ​ဖေ) လို့​ခေါ်ရမလား။ ကျိူးယွင်​ရှန့်​ရင်​ထဲက​ကျေနပ်​မိသည်​။ အ​စောကထိဘာထူးခြားမှုမှမရှိ​သောမျက်​လုံးတို့ကပြုံးရိပ်​သန်းလိုက်​ပြီး မှန်​ကြောင်း​ခေါင်းညိမ့်​ပြလိုက်​သည်​။
ကျိူးဝန်​အန်​ခြေ​ချော်​ပြီး​လှေကားကပင်​ချော်​ကျမတတ်​ဖြစ်​သွားသည်​။ ကံ​ကောင်းသည်​က​နောက်​ကလိုက်​လာသည်​အိမ်​တော်​ထိန်းကြီးကအချိန်​မှီလှမ်းဖမ်းလိုက်​သည်​။ 3

"မင်းသွား ၊ ကိုယ်​အပြင်​က​စောင့်​မယ်​''

ကျိူးယွင်​ရှန့်​ထူးဆန်းသည်​ဟုမထင်​ပေ။ တုရွှီလန်​၏မျက်​နှာ​ချော​ချောကို တစ်​ချက်​လှမ်းထိပြီး အခန်းထဲဝင်​သွားလိုက်​သည်​။​မှောင်​မည်းမည်းကအခန်းက​ဆေးနံ့များနှင့်​ပြည့်​နေပြီး​သေခါနီးအရိပ်​အ​ရောင်​များအပြည့်​ဖြစ်​နေသည်​။ ကျိူး​ဟောက်​ခန္ဓာကိုယ်​တွင်​ကြိုးများဖြင့်​ရှုပ်​နေပြီးရင်​ဘတ်​ကလည်းနိမ့်​ချည်​မြင့်​ချည်​ဖြစ်​နေသည်​။ 2

"အ​ဖေ အစ်​ကိုပြန်​လာပြီ'' ကျိူးဝန်​အန်​နှစ်​ကြိမ်​မှာ သူ့အ​ဖေနားနား​အော်​ပြောလိုက်​သည်​။ သူ့အ​ဖေဘာတုန့်​ပြန်​မှုမ​ပေးတာ​ကြောင့်​ကျိူးယွင်​ရှန့်​ကိုအခန်းထဲ​မောင်းထုတ်​ဖို့သူမ​စောင့်​နိုင်​တော့​ပေ။

"ယွင်​ရှန့်​ပြန်​လာပြီလား'' နှစ်​ယောက်​လုံးတံခါးနား​ရောက်​ချိန်​မှသူတို့အ​ဖေနှိုးလာသည်​။ ကျိူး​ဟောက်​ကခက်​ခက်​ခဲခဲဆက်​ပြောသည်​။ ''ယွင်​ရှန့်​အ​ဖေ​တောင်းပန်​ပါတယ်​မင်းအ​မေကို​တောင်းပန်​ပါတယ်​ငါသူ့ကိုသတ်​လိုက်​တာ...''

"အ​ဖေ အဲ့တာ​တွေပြီးသွားပြီ။ ကျွန်​တော်​တို့အ​ဖေ့ကိုအပြစ်​မတင်​ပါဘူး။ အ​မေကကိုယ့်​ကိုယ်​ကိုသတ်​သေသွားတာ အ​ဖေနဲ့မဆိုင်​ပါဘူး။ သက်​သက်​သာသာ​နေပါ​လျှောက်​မ​တွေးပါနဲ့​တော့'' ကျိူးဝန်​အန်​သူ့အ​ဖေဆီ​ပြေးသွားပြီး အားနဲ့ သူ့အ​ဖေကိုပြန်​ဖိချလိုက်​သည်​။ 3

လူ​တွေက​ပြောတယ်​လူ​တွေကအမှန်​တရားကို​သေချိန်​မှ​ပြောတယ်​တဲ့။ သူ့အ​ဖေကျိူးယွင်​ရှန့်​ကိုပြန်​ခေါ်ခိုင်း​နေကတည်းကဒီအ​ကြောင်း​တွေ​ပြောပြဖို့ဆိုတာသူသိ​နေတယ်​။​ခြေလှမ်း၉၉လှမ်း​လောက်​ကလှမ်းပြီး​နေပြီး တစ်​လှမ်းအလိုမှ ဒီနှစ်​တွေမှာကြိုးစားခဲ့သမျှကိုသူဘယ်​လိုလက်​လွှတ်​ရမှာလဲ?

ကျိူးသခင်​ကြီးပြင်းပြင်းထန်​ထန်​နာကျင်​ရသည်​။ သူ့သားမျက်​လုံးထဲတွင်​ထိုအမှန်​တရားများကိုငရဲထိသယ်​သွားရန်​ပြော​နေသည့်​အရိပ်​အ​ရောင်​များမြင်​နေရသည်​။ သူ့အ​ဖေပြန်​အိပ်​ပြောသွားတာမြင်​တာ​ကြောင့်​ကျိူးဝန်​အန်​စိတ်​လျော့သွားသည်​။
ကျိူးယွင်​ရှန့်​က သူတို့နဲ့သုံးမီတာအကွာမှာရပ်​နေပြီး သူ့နှုတ်​ခမ်းက​လှောင်​ပြုံးတစ်​ခုကိုပြုံးထား​လေသည်​။

ထိုအချိန်​ကကျိူးဝန်​ကျင့်​လည်း ကျိူးအိမ်​ကိုပြန်​ရောက်​လာသည်​။ထို့အတူ သူ့ဦး​လေးကိုမြင်​လိုက်​ရ​သော​ကြောင့်​အံ့အားသင့်​သွားရသည်​။

"​နောက်​မှရှင်းပြမယ်​။ မင်း​ကောဝင်​မကြည့်​ချင်​ဘူးလား'' တုရွှီလန်​စီးကရက်​ကိုင်​ထားသည့်​လက်​ဖြင့်​ညွှန်​ပြလိုက်​သည်​။ သူ့အခုထိုင်​နေတာ စာကြည့်​ခန်းထဲမှာဖြစ်​ပြီးအားလုံးကိုကြား​နေရသည်​။

ကျိူး​ဟောက်​၏စာကြည့်​ခန်းနှင့်​အိပ်​ခန်းကတစ်​ဆက်​ထဲဆက်​ထားပြီးအလယ်​တွင်​နံရံပါးပါး​လေးတစ်​ချပ်​သာခြားသည်​။ ကျိူးဝန်​ကျင့်​ခဏ​လောက်​တွေ​ဝေ​နေပြီးမှ စာကြည့်​ခန်းမှာပဲ​နေဖို့ဆုံးဖြတ်​လိုက်​သည်​။

ကျိူးယွင်​ရှန့်​၏အကြားအာရုံကအခြားလူများထက်​သာလွန်​သည်​။ ထို့​ကြောင့်​ခြေသံတစ်​စုံကိုလည်းကြားရသည်​။ သူကုတင်​ဘေးကဆိုဖာမှာ​အေး​အေး​ဆေး​ဆေးဝင်​ထိုင်​ပြီးသူ့အ​ဖေကို​မေးလိုက်​သည်​။
"အ​ဖေ အ​ဖေကျွန်​တော့်​ကို​တောင်းပန်​နေတာကျွန်​တော့်​အ​မေကိုသတ်​လိုက်​လို့လား''

ကျိူးသခင်​ကြီးရုတ်​တရပ်​မျက်​လုံးဖွင့်​လိုက်​ပြီးပြင်းပြင်းထန်​ထန်​ချောင်းဆိုး​တော့သည်​။ ကျိူးဝန်​အန်​ကလည်း သူ့ရဲ့လန့်​သွားတဲ့အမူအရာကိုဖုံးကွယ်​ပြီး သူ့အ​ဖေရင်​ဘတ်​ကိုသပ်​ပေးရင်​သူ့အစ်​ကိုသူဆူလိုက်​သည်​။ ''အစ်​ကိုကြီးဘယ်​လို​ပြောလိုက်​တာလဲ ။ အ​မေကသူ့ကိုယ်​သူသတ်​သေသွားတာ''

"သူ့ကိုအ​မေလို့​ခေါ်ဖို့မင်းမှာဘာအခွင့်​အ​ရေးရှိလို့လဲ?မင်းကသူ့သားလား?'' ကျိူးယွင်​ရှန့်​ဆိုဖာကိုမှီပြီး​ခြေချင်းချိတ်​ထိုင်​လိုက်​သည်​။

ကျိူးဝန်​အန်​မျက်​နှာပျက်​သွားသည်​။ နား​ထောင်​နေသည့်​နှစ်​ယောက်​ကလည်းအသက်​ရှူမြန်​လာ​တော့သည်​။ ရုတ်​တရပ်​မောနီတာက တီ...ဆိုသည့်​ကျယ်​လောင်​သည့်​အသံတစ်​ခုထွက်​လာပြီး လုံးဝရပ်​တန့်​သွားသည်​။ သူတို့အ​ဖေအလန့်​လွန်​ပြီး​သေသွားခြင်းဖြစ်​သည်​။ သို့​ပေမယ့်​အခန်းထဲနှစ်​ယောက်​စလုံးမလှုပ်​ကြ ကျိူး​ဟောက်​ရှိရာကိုကြည့်​ပင်​မကြည့်​ကြ​ပေ။ဒီအ​ခြေအ​နေကို​ရောက်​လာမှ​တော့ ကျိူးဝန်​အန်​လည်းဖုံးကွယ်​မ​နေ​တော့ပဲ ကျိူးယွင်​ရှန့်​ဆန့်​ကျင်​ဖက်​တွင်​ဝင်​ထိုင်​ရင်း ဆံပင်​များကိုလှန်​တင်​လိုက်​သည်​။ ဖုံးကွယ်​ထားသည်​နတ်​ဆိုးမျက်​နှာကအခု​မှပေါ်လာသည်​။

"မင်းဘယ်​လိုသိလဲ''

"မင်းလက်​မကမင်းကိုသစ္စာ​ဖောက်​တာ​လေ''ကျိူးယွင်​ရှန့်​ဟက်​ခနဲရယ်​လိုက်​ပြီး''မင်းလက်​မအရိုးကသာမန်​ထက်​ပိုတိုတယ်​။ ပုတိုတိုနဲ့ရုပ်​ဆိုးတယ်​။ ဒါ မျိူးကမျိူးရိုးလိုက်​တတ်​တယ်​။ ငါ့အ​မေနဲ့ကျိူး​ဟောက်​လက်​ကပုံမှန်​ပဲ။ အဲ့တာဘာအဓိပ္ပါယ်​လည်းဆိုတာငါရှင်းပြဖို့လို​သေးလား'' 3

ကျိူးဝန်​အန်​လက်​သီးကိုခပ်​တင်းတင်းဆုပ်​ပြီး အတန်​ကြာ​တော့ရယ်​လိုက်​သည်​။ ''မင်းသိသွားလဲ ဘာအ​ရေးလဲ။ ငါ့အပိုင်​တွေမင်းယူသွားလို့မရ​တော့ဘူး။ ကျိူးကငါ့အပိုင်​ဖြစ်​နေပြီ။ အိုး...မင်းရန်​ရှီရဲ့အ​မွေ​တွေကိုပြန်​ယူလို့ရတယ်​။ မင်းရန်​အိမ်​ကိုငါနဲ့ပူး​ပေါင်းဖို့လည်း​တောင်းဆိုလို့ရတယ်​။ ဒါ​ပေမယ့်​စိတ်​မ​ကောင်းတာက မင်းမသိ​သေးဘူးထင်​တယ်​။ ရန်​အုပ်​စုက
ကျွန်းတစ်​ထောင်​မြို့နဲ့ချန်​တူမြို့ကြားမှာ​ရေ​အောက်​လှိုင်​ခေါင်း​ဆောက်​ဖို့စာချူပ်​ချူပ်​ထားတာ။ ကျိူးအုပ်​စုက ၂ဘီလီယံရင်းနှီးမြှုပ်​နှံဖို့ကတိ​ပေးထားတယ်​။ တကယ်​လို့ကျိူးအုပ်​စုသာနုတ်​ထွက်​လိုက်​ရင်​ရန်​အုပ်​စု ကဇာတ်​သိမ်းပြီ။​ဒေဝါလီခံလိုက်​ရမှာပဲ။''

ကျိူးဝန်​အန်​ကသူ့စကားသူအရမ်းကိုသ​ဘောကျပြီးအားရပါးရရယ်​တော့သည်​။ ရန်​အုပ်​စုကိုဖျက်​ဆီးပစ်​တာသူ ဘယ်​လိုလုပ်​မ​ပျော်​ပဲ​နေပါ့မလဲ။ ဒါ​ပေမယ့်​ကျိူးယွင်​ရှန့်​၏တုန့်​ပြန်​မှုကသူ့ကိုစိတ်​ပျက်​သွား​စေသည်​။ ကျိူးယွင်​ရှန့်​၊ ကျိူးဝန်​အန်​ရယ်​လို့မပြီးမချင်းညိမ်​ညိမ်​လေးထိုင်​ကြည့်​နေသည်​။ ပြီး​တော့မှ​မေးလိုက်​သည်​။

"ငါ့အ​မေကိုသတ်​တာတကယ်​ပဲ ကျိူး​ဟောက်​လား?''

"မင်းမှန်းကြည့်​ပေါ့''

"ငါနိုင်​ငံခြားမှာရှိ​နေတဲ့နှစ်​အတွင်းမှာမင်းငါ့ကိုသတ်​ဖို့ကြိုးစား​သေးလား? Elsaရဲ့ အဆိပ်​စီးကရက်​က​ရောငါ့အတွက်​လား?''

"သနားစရာပဲ'' ကျိူးဝန်​အန်​ခပ်​ညစ်​ညစ်​ပြုံးလိုက်​သည်​။ ဒီကိစ္စကိုတစ်​ဖက်​လူသိ​အောင်​သူ​ပြောမှာမဟုတ်​ဘူး။

ကျိူးယွင်​ရှန့်​ရယ်​လိုက်​ပြီး ကျိူးဝန်​အန်​၏ပါးပြင်​ကိုတဖက်​ဖက်​ရိုက်​လိုက်​သည်​။ '' မင်းရဲ့​နောက်​ဆုံးပွဲ​လေးမှာ​ပျော်​လိုက်​ပါ။ ချစ်​ညီ​လေး'' အဲ့ဒီ​နောက်​တံခါးကိုဖွင့်​ပြီးအပြင်​ထွက်​သွားလိုက်​သည်​။

စာကြည့်​ခန်းမှာနား​ထောင်​နေကြတဲ့နှစ်​ယောက်​က​တော့အ​စောကသူတို့ကြားခဲ့တဲ့မယုံနိုင်​စရာစကား​ကြောင့်​တိတ်​ဆိတ်​နေကြသည်​။ ကျိူးသခင်​မကြီး​သေဆုံးရသည့်​အ​ကြောင်းကိုတုရွှီလန်​ပြန်​စဉ်းစားကြည့်​သည်​။ထို့​နောက်​က​လေးနှစ်​ယောက်​ဘယ်​လိုလုပ်​မွေး​နေ့တူကြသလဲဆိုသည့်​အ​ကြောင်းကိုပါ​တွေးမိသည်​။ မသင်္ကာစရာအချက်​များအားလုံးစုစည်းလိုက်​တဲ့​နောက်​မှာ ဖုံးထားသည့်​ချူပ်​ရိုးရာကဘွင်းဘွင်းကြီး​ပေါ်လာ​တော့သည်​။ ကျိူးယွင်​ရှန့်​ရဲ့ထိုးထွင်းသိမြင်​နိုင်​စွမ်းက​တော့သြချ​လောက်​ပါ​ပေတယ်​။ဒါ​တွေအားလုံးကဘယ်​တုန်းကသိတာလဲ။ဘယ်​အချိန်​ကများလဲ။ အ​ဖေအရင်းကအ​မေကိုသတ်​တဲ့တရားခံ၊ညီကရန်​သူရဲ့သား ၊ ဘယ်​လိုစိတ်​မျိူးနဲ့သူဒီ​နေ့ထိ​နေထိုင်​ခဲ့ရမလဲ။
ကျိူး​ဟောက်​အ​ပေါ်သနားခြင်းမရှိတာ၊ကျိူးဝန်​အန်​အ​ပေါ်ဆက်​ဆံ​ရေး​ပြောင်းလဲသွားပုံ​တွေကဘာမှမဆန်း​တော့ဘူး။ တုရွှီလန်​ရင်​တွင်းကချစ်​သူ့အတွက်​ရင်​နာမိသည်​။ 9

ကျိူးဝန်​ကျင့်​၏မျက်​နှာကလည်းလုံးဝမ​ကောင်း​ပေ။ အတူရှိချိန်​ကသူ့ကိုဂရုစိုက်​ပေးခဲ့သည့်​လူကသူ့ရန်​သူအစစ်​ဖြစ်​နေမယ်​လို့မထင်​ခဲ့မိ​ပေ။ ကြင်​နာမှု​တွေ၊​ဖေးမမှု​တွေ၊လက်​ဆောင်​တွေ... အရာအားလုံးကအတုအ​ယောင်​တွေပဲ။ဒီနှစ်​တွေမှာသူကကျိူးဝန်​အန်​လက်​ထဲအရူးလုံးလုံးဖြစ်​ခဲ့တာပဲ။ သူ့အ​ဖေကို​တော့သူစဉ်းစားမနေ​တော့ဘူး။ ကျိူးဝန်​ကျင့်​ဘဝမှာအ​ဖေဆိုတာအ​စောကြီးကတည်း​သေလူပဲ။သူကျိူးဝန်​အန်​ကိုလည်​ပင်းညစ်​ဖို့မ​စောင့်​နိုင်​တော့​ပေ။ ဒါ​ပေမယ့်​ကျိူးယွင်​ရှန့်​အခန်းထဲကထွက်​လာတာ​ကြောင့်​စိတ်​ကိုပြန်​ထိန်းထားလိုက်​သည်​။

အ​စေခံများကလည်းဈာပနအခမ်းအနားအတွက်​ပြင်​ဆင်​ကြကကုန်​သည်​။

"မင်းအ​မေကငါ့အ​မေ​ကြောင့်​သေတာမဟုတ်​ဘူး'' ကျိူးယွင်​ရှန့်​မျက်​ခုံးကိုပင့်​လိုက်​ပြီးဆက်​ပြောလိုက်​သည်​။ ''အဲ့ဒီ​တော့ငါမင်းကိုအ​ကြွေးမတင်​တော့ဘူး''

ကျိူးယွင်​ရှန့်​ဒီလို​ပြော​တော့ ကျိူးဝန်​ကျင့်​စိတ်​သက်​သာသွားတယ်​ဆိုတာက​တော့ဝန်​ခံရမည်​။ ကျိူးယွင်​ရှန့်​ပေါ်ကသူ့အမြင်​ဟာလည်းတဖြည်းဖြည်း​ပြောင်းလဲသွားသည်​။ဒါ​ပေမယ့်​လို့ဆယ်​စုနှစ်​အ​တော်​ကြာမုန်းတီးခဲ့တဲ့အမုန်း​တွေကလွယ်​လွယ်​နဲ့​တော့လွင့်​ပြယ်​မသွားနိုင်​ဘူး​ပေါ့။ ကျိူးယွင်​ရှန့်​သနားဖို့​ကောင်းတာက​တော့သူဝန်​ခံသည်​။

"မင်းဘာ​ပြောချင်​သေးလဲ'' ကျိူးယွင်​ရှန့်​စိတ်​ရှည်​လက်​ရှည်​နဲ့​မေးလိုက်​သည်​။

"ငါ​ပြောချင်​တာက....ငါမင်းကိုလက်​တုန့်​မပြန်​တော့ဘူး။ဒါ​ပေမယ့်​ကူညီမှာလည်းမဟုတ်​ဘူး။​နောက်​ဆိုမင်းဘာသာမင်းကြည့်​ပြီး​နေ​တော့'' ကျိူးယွင်​ရှန့်​ကခပ်​လျှိုလျှို​နေတတ်​တဲ့အတွက်​ကျိူးဝန်​ကျင့်​ကသူ့ကိုဘာအင်​အားမှမရှိသည့်​ကျောင်းသားတစ်​ယောက်​ဟုသာထင်​ထားသည်​။ သူလို့​ငွေပုံ​ပေါ်ထိုင်​နေတဲ့လူအတွက်​ကျိူးယွင်​ရှန့်​က အထင်​သေးစရာပင်​။

ကျိူးယွင်​ရှန့်​၏အနိုင်​ကျင့်​မှုများကိုသူဘယ်​တော့မှခွင့်​လွှတ်​နိုင်​မည်​မဟုတ်​သော်​လည်း သနားစရာ​ကောင်း​သော​ကြောင့်​တစ်​ခါ​တော့မျက်​နှာလွှဲထားလိုက်​တော့မည်​။ သူ့အတွက်​ဒါဟာအဆုံးစွန်​သနားကြင်​နာမှုပဲ ထပ်​ပြီးဘာမှအ​လျော့မ​ပေးနိုင်​တော့ဘူး။ ဒီစကား​တွေဟာ ရှင်းလုံအုပ်​စုဥက္ကဋ္ဌ၊တုမိသားစု​ခေါင်း​ဆောင်​ရဲ့တူအ​နေနဲ့​ပြောတဲ့စကားပဲ။ တကယ်​လို့သူသာအမှန်​ကို​ပြောပြလျှင်​ကျိူးယွင်​ရှန့်​မနာလိုလွန်းလို့​သွေးပွက်​ပွက်​ဆူမည်​ဟုထင်​သည်​။ အခုသူ့ဦး​လေးက​တောင်​သူ့ကိုအား​ပေးဖို့​ရောက်​လာတယ်​လို့သူထင်​နေသည်​။ 6

ကျိူးယွင်​ရှန့်​ခဏတာနှုတ်​ဆိတ်​သွားပြီး​နောက်​ကျိူးဝန်​ကျင့်​၏ပြတ်​သားသည့်​ဆုံးဖြတ်​ချက်​နှင့်​မျက်​လုံးများကို​ရှောင်​လိုက်​သည်​။

''သူကိုယ့်​ကိုယ်​ကိုအရမ်းအထင်​ကြီး​နေတာမဟုတ်​ဘူးလား။​လေသံဘာကြီးလဲ သူကျွန်​တော့်​ကိုလမ်း​ဘေး​ခွေးလို့ထင်​နေတာလား။ ကျွန်​တော့်​ကိုဥပက္ခာပြုလိုက်​တာက ကြင်​နာမှုကြီးလား'' ည​ရောက်​သော်​ကျိူးယွင်​ရှန့်​၊ တုရွှီလန်​၏လည်​စည်းကိုဆွဲပြီး​မေးလိုက်​သည်​။ 2

တုရွှီလန်​ကလည်းသူ့ချစ်​သူ​လေးရဲ့ခါးကိုဆွဲဖက်​လိုက်​ပြီး​တောင်းပန်​လေသည်​''ကိုယ့်​အမှားပါ ကိုယ်​ကောင်း​ကောင်းမသွန်​သင်​လို့ဖြစ်​ရတာ။​ဘေဘီ ကိုယ်​တို့ဒီအ​ကြောင်း​တွေကိုအိပ်​ရာထဲ​ရောက်​မှဆက်​ကြရ​အောင်​လား?'' 23

".....''

ကြည့်​ရတာ​တော့တစ်​မိသားစုလုံးကျိူး​ဟောက်​ဈာပနကို​မေ့ကုန်​ကြတဲ့ပုံပါပဲ။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі