Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 4.4
အခန်း(၃၄) လင်းချန်​စယ်​ဘဝ+

Translator - Mayhoney127

နောက်ဆုံးမှာတော့ အခန်းတံခါးပွင့်လာတယ်။ ဝူထောင်နဲ့ Boaကလည်း မပြန်သေးဘဲ ခပ်လှမ်းလှမ်းက စောင့်နေတယ်။ ယုမေလျန်က သူဖြေမှာ မစောင့်နိုင်တော့ဘဲ

"ဘယ်လိုလဲ?"

ကျိုးယွင့်ရှန်က သူ့လက်ကိုင်ပုဝါကိုခေါက်ကာ အိတ်ထဲထည့်ရင်း

"ကျွန်တော် ရလာပြီ။ နောက်၃ရက်ကြာရင် ဒီကိုကြေညာရိုက်ဖို့လာရမယ်တဲ့။ အမ ကျွန်တော် ပိုက်ဆံအရမ်းလိုနေလို့ ဈေးကောင်းရအောင် ညှိပေးပါဦး"

ယုမေလျန်က အခိုင်အမာပဲ

"စိတ်မပူပါနဲ့။ မင်းကအသစ်ဆိုပင်မယ့် AYAမှာ ပိုက်ဆံတွေအများကြီးရှိတာ စိတ်မပျက်ရစေပါဘူး"

ကျိုးယွင့်ရှန်က သူ့ပုခုံးကို ပုတ်လိုက်ပြီး

"ဒါဆို ကျန်တာတွေ မကြီးကိုပဲ အပ်ထားလိုက်တော့မယ်။ ကျွန်တော် အတန်းတက်စရာရှိလို့ နောက်မှတွေ့မယ်"

သူ့ကိုစိတ်ရှုပ်စွာကြည့်နေတဲ့ ဝူထောင်ရယ်၊ မျက်ထောင့်နီကြီးနဲ့ Boaရယ်ကို တည်ငြိမ်စွာ ခေါင်းတချက်ဆက်ပြရင်း ပြုံးပြပြီး ကျော်ထွက်လာလိုက်တယ်။

ဒီ၃ရက်အတောအတွင်း ယုမေလျန်က သူ့ကိုphခေါ်ပြီး AYAကြော်​ညာခ ၅သိန်းရတယ်လို့ ပြောတယ်။ ဒါက လူသစ်တစ်ယောက်အတွက် အရမ်းကံကောင်းတဲ့ ဈေးပဲ။ ဒါကြောင့် သူ့ကိုမတိုင်ပင်ဘဲ သူမသဘောတူခဲ့တယ်။ လူသစ်တစ်ယောက်အတွက် ကြေညာတစ်ခုက သိန်းနဲ့ချီပြီးရနိုင်သလို သောင်းကျော်ကျော်လေးပဲလည်း ရနိုင်တယ်။ ကျိုးယွင့်ရှန်လည် ဒီဈေးကိုသိတော့ ယုမေလျန်ရဲ့ ကြိုးစားမှုအတွက် အရမ်းကျေးဇူးတင်ခဲ့တယ်။
သူအင်္ကျိဝတ်ရင်း တမင်းစားခန်းတံခါး ဖွင့်လိုက်တော့ မနက်အစောကြီးရှိသေးတယ်။ လူငယ်လေးရဲ့ အသားအရည်က နို့ရည်လို ဖွေးဥစိုပြေနေတယ်။ နေရောင်အောက်မှာ တောက်ပတဲ့ သူ့ဆံပင်တွေကို လက်ချောင်းနဲ့ထိုးဖွလိုက်တော့ ပိုရှုပ်သွားပင်မယ့် ဆွဲဆောင်မှုရှိလွန်းနေတယ်။ မက်မွန်သီးလေးတဲ့တူတဲ့ သူ့မျက်ဝန်းတွေက အခုမှနိုးတော့ ရီဝေဝေဖြစ်နေတယ်။ သူ့ခန္တာကိုယ်က ပိန်ပါးလွန်းတဲ့အပြင် ရှပ်အင်္ကျိကို ကြယ်သီးမတပ်ရသေးတော့ လှပလွန်းတဲ့ ညှပ်ရိုး၊ ပျော့ပျောင်းရုံသာမက သန်မာလွန်းတဲ့ ခါးတစ်ပိုင်းတစ်စနဲ့ သပ်ရပ်စီရီစွာရှိနေတဲ့ packsတချို့ကို ဖော်ပြနေတယ်။ သူ့ရိုးရှင်းတဲ့ပုံစံက ချစ်ဖို့ကောင်းနေတယ်။+

စားပွဲကိုရောက်တော့ ညာဘက်လက်နဲ့ မေးထောက်ပြီး ဘယ်ဘက်လက်နဲ့ ဇွန်းကိုကိုင်ကာ စွပ်ပြုတ်ပူ မွှေနေတယ်။ သူအိပ်ချင်မူးတူးနဲ့ သမ်းလိုက်တော့ သူ့မက်မွန်သီးလိုမျက်လုံးထဲက မျက်ရည်စက်တွေက ပါးပေါ်အထိတော့ စီးမကျပင်မယ့် မျက်ခွံထူထူမှာ တွဲကျနေတယ်။ အမြင်အာရုံနည်းနည်းဝါးသွားပင်မယ့် ဒီပျင်းတိပျင်းရွဲအမူအယာအတိုင်း ဆက်လုပ်နေတုန်းပဲ။ သူ့စိမ်ပြေနပြေလုပ်နေမှုကို ဆူညံသံတစ်ခုက ဖျက်စီးသွားတယ်။ ဖိတ်ကျလာတဲ့ စွပ်ပြုတ်တွေကိုရှောင်ရင်း ရှေ့ကကောင်လေးကို မျက်ခုံးပင့်ကြည့်လိုက်တော့ ကျိဟန်ယွိရဲ့ မျက်နှာရဲရဲကို မြင်လိုက်ရတယ်။

ဖန်းယို့ရမ်က အဝတ်စုတ်တစ်ခုနဲ့ မီးဖိုထဲက အပြေးထွက်လာရင်း

"ကလေးလည်းမဟုတ်ဘဲနဲ့ ဘယ်နှယ့် စွပ်ပြုပ်ပန်းကန်တောင် ကျကွဲရတာလဲ? ဘာဖြစ်သွားတာတုန်း?"

ကျိဟန်ယွိက သူ့စွပ်ပြုပ်ပဲ စိတ်ဝင်စားနေတဲ့ လင်းချန်စယ်ကိုကြည့်ပြီး တုံဆိုင်းစွာနဲ့

"ငါ . . . ငါ့မိသားစုကို လွမ်းလို့"
သူလင်းချန်စယ်ကို မုန်း​ပေမယ့်လည်း ဒီကောင်လေးရဲ့ရုပ်ရည်က အရမ်းပြည့်စုံလွန်းတယ်ဆိုတာ လက်ခံလိုက်တယ်။ ဒီရက်ပိုင်းတွင်းမှာ သူ့ကိုမမြင်တာကြာလို့လားမသိ မျက်နှာအမူအရာက ပွင့်လင်းလာတယ်။ အရင်သောက်စားပျော်ပါးပြီး ဘာမှအလေးအနက်မထားတဲ့ပုံစံကလည်း ပျောက်နေပြီးတော့ ပျင်းရိတည်ငြိမ်မှုတွေ အစားထိုးလာတယ်။ အဲ့လိုမျက်စိစုံမှိတ်ကာ နေပူစာလှုံနေတဲ့ ကြောင်လေးလိုပုံစံက သူ့ရင်တလှပ်လှပ်ခုန်စေတယ်။5

ဖန်းယို့ရမ်က ဖန်ကွဲစတွေကောက်ခါ ဖိတ်သွားတဲ့ စွပ်ပြုပ်တွေကို သုတ်ရင်း နူးညံ့စွာ

"အိမ်ကကိစ္စတွေအကြောင်း မတွေးပါနဲ့ကွာ။ မင်းက 3rd yearရောက်နေတော့ ကျောင်းကဖိအားတွေလည်း များနေသေးတာကိုး"

ကျိဟန်ယွိက ခေါင်းငြိမ့်လိုက်တယ်။ ပြီးတော့ ဖန်းယို့ရမ်ဆီက အဲ့လိုပြောသံကြားလိုက်တော့ သူရင်ဘတ်အောင့်သွားတယ်။ လင်းချန်စယ်ကို ကြည့်လိုက်တော့ ဘာမှစိတ်သက်သာရအောင် ပြောမပေးဘူး။ အဲ့တော့ မကျေနပ်မှုကနေ ဒေါသနဲ့အထင်သေးမှုကို ပြောင်းသွားတယ်။

လင်းချန်စယ်က ဇာတ်လိုက်နှစ်ယောက်ကြားက သိသာလွန်းတဲ့အခြေအနေကို လျစ်လျူရှုကာ မျက်လွှာချပြီး သူ့စွပ်ပြုပ်ကို သောက်နေရင်းက

"ငါဒီရက်ပိုင်း ကျောင်းလစ်စရာတွေရှိလို့ ကူညီဦး။ ငါ့မှာလုပ်စရာလေးတွေရှိလို့"

ကျိဟန်ယွိက ဒေါသနဲ့

"မင်းမှာ ဘာလုပ်စရာရှိလို့လဲ? နောက်Juneမှာ စာမေးပွဲရှိတာ မေ့နေလား!"

လင်းချန်စယ်က ဇွန်းကိုပစ်ချပြီး ပါးစပ်သုတ်ကာ

"ငါလုပ်စရာရှိတယ်လို့ပြောတာ လုပ်စရာရှိလို့ပဲ! စိတ်အနှောင့်အယှက် လာလာမပေးစမ်းနဲ့!"

ပြီးတော့ မြည်နေတဲ့ ဖုန်းကိုမကိုင်ပဲ ထမင်းစားခန်းကနေထွက်ကာ တိုက်ခန်းကနေပါ ထွက်သွားတော့တယ်။ ကျိဟန်ယွိ ပြတင်းပေါက်ကနေ ငုံချောင်းကြည့်လိုက်တော့ သူAudi
ကားပေါ်တက်သွားတာ မြင်လိုက်ရတယ်။
"ပျက်စီးနေတဲ့အကောင်ကတော့ အမြဲပျက်စီးနေမှာပဲ။ ပိုကြည့်ကောင်းလာလေလေ ပိုအပေါစားဆန်လာလေလေပဲ"
မနက်စာပန်းကန်တွေကို သေချာဆေးနေတဲ့ကောင်လေးကိုကြည့်တော့ သူစိတ်ပြန်ငြိမ်သွားတယ်။ ပြီးတော့ သူလင်းရဲ့အလှအောက်မှာ ကြွေမိသွားတဲ့ အခိုက်အတန့်ကို စိတ်ထဲကနေ ထုတ်ပစ်လိုက်တယ်။
ကျိုးယွင့်ရှန်နဲ့ ယုမေလျန်တို့ AYA companyအခွဲကို သွားကြတယ်။ ဝန်ထမ်းတွေက studioမှာ cameraတွေ မီးတွေsettingတွေ သေချာပြင်ဆင်ပြီးသွားပြီးတော့ ရိုက်ကွင်းစဖို့ကို စောင့်နေကြတယ်။ ယုမေလျန်ကာ ဆံပင်ရွှေရောင်နဲ့ နိုင်ငံခြားသားကြီးကို+
"Mr.Orlandoရှင့် ကျွန်မတို့ကို ဇာတ်ညွှန်းပေးဖို့ မေ့နေတာလား?"

Orlandoက သူ့ကိုပြောနေတဲ့ ယုမေလျန်ကိုကျော်ပြီး လူငယ်လေးကို နွေးထွေးစွာပြုံးပြရင်း

"Oh~ ~ ~ နောက်ဆုံးတော့ ငါ့နတ်သူငယ်လေး ရောက်လာပြီပဲ။ မြန်မြန် အဝတ်သွားလဲလိုက်နော်"2

"မင်းနှမပဲ နတ်သူငယ်ဖြစ်ကွာ!" လို့ ကျိုးယွင့်ရှန် စိတ်ထဲက ဆဲမိသော်လည်း တည်ကြည်တဲ့အပြုံးကို ပန်ဆင်ကာ ခေါင်းငြိမ့်ပြလိုက်ပြီး Stylishနောက် လိုက်သွားလိုက်တယ်။4

ယုမေလျန်က Orlandoရဲ့ ရှပ်အင်္ကျီကို လှမ်းထိလိုက်ပြီး ယဉ်ကျေးစွာနဲ့

"Mr.Orlando ဇာတ်ညွှန်းကို မေ့နေပါတယ်ရှင့်။ ဇာတ်ညွှန်းမပေးဘဲ ကျွန်မတို့ဘယ်လိုရိုက်ရပါ့"

Orlandoက ဆံပင်ကို လက်နဲ့သပ်ရင်း

"ငါပြောဖို့ မေ့သွားတယ်။ ဒီကြေညာမှာ ဇာတ်ညွှန်းမရှိဘူး။ ငါ့နတ်သူငယ်လေး ထွက်လာတာနဲ့ ငါ့တို့တန်းရိုက်တော့မှာ"

တံခါးဝမှာ လူရိပ်တစ်ခုပေါ်လာတာတွေ့တာနဲ့ နှုတ်ဆက်ဖို့ တန်းသွားတယ်။ ယုမေလျန်လည်း လည့်ကြည့်လိုက်တော့ ရင်ဘတ်တစ်ခုလုံးတင်းလာကာ ကွဲကြေသွားတော့တယ်။ ကြောက်ဖို့ကောင်းအောင် အဲ့ဒီလူက ချောင်းမို့ခွန်းဖြစ်နေတယ်။ ချောင်းမို့ခွန်းကို အရိုးမကျန် အကုန်စားပစ်တဲ့ ငါးမန်းဖြူကြီးလို့ လူသိများကြတယ်။ သူက ပထမတန်းစား မိသားစုတွေတောင် လက်ပြလိုက်ရုံနဲ့ ပျက်စီးအောင် လုပ်ပစ်လိုက်နိုင်တယ်။
"သူဒီကိုဘာလာလုပ်တာပါလိမ့်​ဟုတ်သားပဲ။ ဒီလူက လှတဲ့မိန်းမယောက်ျားမရွေး အကုန်စားတဲ့နေရာမှာ နာမည်ဆိုးထွက်တဲ့သူပဲ။ သူတို့ကို သူစိတ်ပါသလောက် ဘယ်သူမှတားမရဘူး။ သူသာ လင်းချန်စယ်ကို တွေ့သွားရင် . . ."
ယုမေလျန် မျက်စိပျက် မျက်နှာပျက်နဲ့ ပြန်လှည့်လိုက်တယ်။ Agentအများစုက အနည်းနဲ့အများ ပြည့်တန်ဆာခေါင်းပုံစံမျိုးပဲ။ သူတို့ဒီလိုလုပ်ဖို့ ဆန္ဒမရှိ​ပေမယ့်လည်း ပတ်ဝန်းကျင်ရဲ့ ခိုင်းစေမှုအောက်မှာ လုပ်ဖြစ်သွားကြတယ်။ အာဏာရှိတဲ့သူတွေကို ကလန်ကဆန်လုပ်မိရင် ဘယ်သူကများ သူတို့ကိုလာကာကွယ်ပေးမှာမလို့လဲ။ ရလဒ်ကတော့ မတွေးရဲစရာကြီး။ ဒါ​ပေမယ့်လည်း လင်းချန်စယ်လေးက ငယ်သေးတယ်။ ပြီးတော့ မိဘမဲ့လေး။ ဒါကိုသူဘယ်လိုစိတ်မျိုးနဲ့ ရင်ဆိုင်ရပါ့မလဲ။ ယုမေလျန်က ချောင်းမို့ခွန်း လင်းချန်စယ်ကို မျက်စိကျမှာမဟုတ်လို့တောင် မတွေးမိဘူး။ လင်းချန်စယ်ကို တွေ့သမျှလူတိုင်း ကန်းမနေရင် သမင်လည်ပြန်လောက်တော့ ကြည့်ကြတာပဲလေ။

မျက်ကန်းကျိဟန်ယွိ : ". . ."5

ကျိုးယွင့်ရှန်က ယုမေလျန် သေလောက်အောင်ညစ်နေတာလည်း မသိနိုင်ဘူး။ သူ့ဟာသူ ဘောင်းဘီဇစ်အတင်းဆွဲရင်း အလုပ်ရှုပ်နေလေရဲ့။
သူအသက်ဝအောင်ရှုပြီး ဗိုက်ကိုချပ်ကာ
"ဒါအရမ်းမကျပ်ဘူးလား? ကျွန်တော် လမ်းတောင်လျှောက်လို့မရချင်တော့ဘူး"

Stylishက လူငယ်လေးရဲ့ ဝမ်းဗိုက်ကြွက်သွားအမြောင်းလိုက်တွေ၊ တင်းရင်းနေတဲ့ တင်ပါးလုံးလုံးလေးတွေ၊ ခြေချောင်းသွယ်သွယ်လေးတွေကို မျက်စိကျလွန်ပြီးတော့ သရေကျလုနီးပါးနဲ့

"ဒါမကျပ်ပါဘူး။ ဒါပုံမှန်ပဲလေ"

ကျိုးယွင့်ရှန်က ပါးစပ်လေးလှုပ်ရုံနဲ့

"အပေါ်ဝတ်ရော?"

"အပေါ်ဝတ် မပါဘူး။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗြောင်နဲ့ပဲရိုက်မှာ"

ခြေထောက်လေးကို လှုပ်ပြရင်း

"ဖိနပ်ရော?"

"ဖိနပ်လည်းမပါဘူး"

Stylishက သူ့ကိုယ်ပေါ်က အကြည့်ကိုမနည်းခွာရင်း သူ့ကိုတွန်းကာ

"ဒါဆိုရပြီ။ ငါမင်းကို ဒီကမြန်မြန်ထုတ်ပေးမှ မဟုတ်ရင် Orlandoဒေါသနဲ့တွေ့နေမယ်"

Orlandoက ပါးစပ်ကို လက်ဝါးနဲ့ အုပ်ရင်း1

"OMG! Babyလေးက အခုမှဖုတ်ထားတဲ့ Chese cakeပူပူနွေးနွေးလေးကျနေတာပဲ စားချင်လိုက်တာ!!!"12

Staffတွေအကုန်လုံးကလည်း အနားက ဖြတ်လျှောက်နေကြရင်း ငမ်းနေကြတယ်။ ကျိုးယွင့်ရှန် အကြည့်တွေကြားက အပြင်းဆုံးအကြည့်နောက်လိုက်မိတော့ ဒါရိုက်တာဘေးမှာ အနည်းဆုံး အရပ် 190cmလောက်ရှည်တဲ့သူကို တွေ့လိုက်ရတယ်။ ဈေးကြီးသပ်ရပ်လွန်းတဲ့ဝတ်စုံက တောင့်တင်းသန်မာလွန်းတဲ့ သူ့ခန္ဓာကိုယ်နဲ့ လိုက်လွန်းတယ်။ ဆံပင်တွေကို အကုန်နောက်လှန်ဖြီးထားတော့ တိကျခန့်ညားလွန်းတဲ့ မျက်နှာကိုပေါ်စေတယ်။ မျက်တောင်တခတ်အတွင်းမှာ ပါးလွှာလှတဲ့နှုတ်ခမ်းတွေက အပြုံးတစ်ပွင့်ပေါ်လာတော့ သူက အရမ်းချောလွန်းတဲ့ နတ်ဆိုးတစ်ကောင်လိုပဲ။
ကျိုးယွင့်ရှန် မူလပိုင်ရှင်ရဲ့ မှတ်ဥာဏ်ထဲက မနည်းတွေးယူလိုက်ရတယ်။ ချောင်းမို့ခွန်း!!!
သူOrlandoကို ကြည့်လိုက်ပြီး+

"ကျွန်တော် ဒီကြေညာကို ဘယ်လိုရိုက်ရမှာလဲဗျ? အမကပြောတယ် ဇာတ်ညွှန်းမရှိဘူးလို့"

Orlandoက ကောင်လေးကို ပွင့်ဖတ်တွေအပြည့်ခင်းထားတဲ့ studioထဲကို တွန်းပို့ရင်း

"အင်း ဘာဇာတ်ညွှန်းမှ မလိုဘူး။ ငါတို့မင်းရဲ့ ရူထောင့်တွေ လှုပ်ရှားမူတွေ အမူအယာတွေပဲ ရိုက်မှာ။ ပြီးရင် အလှဆုံးနဲ့ဆွဲဆောင်မှုအရှိဆုံး ရိုက်ချက်တွေပဲ ပြန်စီပြီး ကြေညာလုပ်မှာ"

ကျိုးယွင့်ရှန်က သူ့ခြေထောက်အောက် ပွင့်လွှာထုကြီးကိုကြည့်ရင်း
"မော်ဒယ်လုပ်တာက တကယ့် ရုပ်ရည်ကိုပြစားရတာပဲ"

ချောင်းမို့ခွန်းက လူငယ်လေးသူ့ကိုမြင်ရင် အရင်လိုရှက်ကိုးရှက်ကန်းပုံလေးဖြစ်လိမ့်မယ် ထင်မိပင်မယ့် အခုလိုသူ့ကိုမသိသလိုပဲ တချက်လောက်ငဲ့ကြည့်ပြီး ပြန်လှည့်သွားလိမ့်မယ်လို့ မမျှော်လင့်မိဘူး။ အိတ်ထဲက စီးကရက်ကိုထုတ်ကာ ပါးစပ်အပြည့် ငုံခဲလိုက်ပြီး ''မင်းက ပြန်အလိုက်ခံချင်နေတာကိုး"
လို့ တွေးမိလိုက်တယ်။4

ကျိုးယွင့်ရှန်က ပွင့်လွှာတွေပါမှာ အနည်းငယ် လမ်းလျှောက်ပြီးတာနဲ့ Orlandoကို လက်ပြပြီး

"ကျွန်တော် ဝိုင်နီတစ်ပုလင်းလောက် ရနိုင်မလား? သုံးစရာနည်းနည်းရှိလို့"

"အလှတရားရယ် ဝိုင်နီရယ် ပန်းတွေရယ် . . .ရေမွှေး . . .ပေါင်းလိုက်ရင် အရမ်းမိုက်သွားမှာ"

Orlandoက အတွေးနဲ့တင် ရစ်မူးနေပြီး ဝိုင်နီတစ်ပုလင်းပေးခိုင်းလိုက်တယ်။

ကျိုးယွင့်ရှန်က ပါးစပ်အပြည့် အငမ်မရသောက်လောက်တော့ ဝိုင်နီတွေက သူ့ Jaw lineကနေ ရှည်သွယ်တဲ့လည်ပင်း၊ စွဲဆောင်မှုရှိတဲ့ ညှပ်ရိုး၊ ချပ်ရပ်နေတဲ့ ဗိုက်သားလေးတွေအထိ စီးကျသွားတယ်။ ပုလင်းကိုချလိုက်တော့ သူ့ပါးမို့လေးတွေ ရဲနေပြီး မျက်ဝန်းလေးတွေက ရီဝေဝေဖြစ်လာတယ်။ သူ့ပုံစံက အရမ်းမူးနေသလို အရမ်းလည်း ညို့အားပြင်းနေတယ်။1
Studioတစ်ခုလုံး တံတွေးမြိုချသံတွေကြီးပဲ။ Orlandoက ပုလင်းပြန်ယူဖို့ လက်ပြရင်း2

"ဒါရိုက်ဖို့အတွက် feelဝင်သွားပြီလား? ဒါဆိုစရိုက်တော့မယ်နော်"

ကျိုးယွင့်ရှန်က ပုလင်းကိုပြန်မပေးခင် ပုလင်းဝကို စုပ်နမ်းလိုက်သေးတယ်။ ချောင်းမို့ခွန်း မျက်နှာက အဲ့ဒါကိုမြင်တော့ ချက်ချင်းအေးခဲသွားတယ်။ သူ့လက်ထောက်က ချောင်းဟန့်ရင်း သတိအမြန်ပေးရတယ်။
"Boss ကျေးဇူးပြုပြီး လူတွေအကုန်လုံး လင်းချန်စယ်ပဲ အာရုံရောက်နေတုန်း ထိုင်ကြည့်လိုက်ပါဗျာ . . ." တကယ်လို့ တစ်ယောက်ယောက်သာမြင်သွားရင် သိက္ခာကျပြီဗျ !9

နောက်ဆုံးစကားကိုတော့ သူ့Bossရဲ့ ထိုးထောင်နေတဲ့ဂွကြားကို ကြောင်ကြည့်ရင်း ပြောမထွက်တော့ဘူး။ ချောင်းမို့ခွန်းလည်း မရှက်နိုင်တော့ဘဲ ဒါရိုက်တာဘေးမှာ ခုံကောင်းကောင်းတစ်ခုံပေါ် ထိုင်လိုက်ရတယ်။ စူးရှလွန်တဲ့ အကြည့်တွေကတော့ လူငယ်လေးရဲ့ ကိုယ်ပေါ်က နည်းနည်းလေးမှ မခွာဘူး။

ကျိုးယွင့်ရှန် မူးလာသလို ခံစားရတယ်။ သူcameraဘက်ကို ရီဝေဝေနဲ့ပြုံးပြလိုက်တယ်။ ဝိုင်ရဲ့အရသာက အရမ်းကောင်းတော့ သူအိပ်ချင်လာသလိုဖြစ်လာတယ်။ ဒါကြောင့် ပွင့်ဖတ်လွှာတွေအပေါ် လှဲချလိုက်ပြီး သမ်းလိုက်တယ်။ သူ့ခန္ဓာကိုယ်လည်း နည်းနည်းအေးလာတော့ ပွင့်ချပ်တွေကို သူ့ရင်ဘက်ပေါ်ကြဲချလိုက်တယ်။ ပြီးတော့ သူရိုက်ကွင်းမှာဆိုတာ သတိရတော့ မျက်လုံးပြန်ဖွင့်ကာ cameraဘက် လှည့်လိုက်တယ်။ ပြီးတော့ လက်ဝါးလေးကို ပါးပြင်ပေါ်နူးနူးညံ့ညံ့ဖိကပ်ကာ ဖြူစင်စွာ ရယ်ပြလိုက်တယ်။ ဒါ​ပေမယ့် မျက်ဝန်းတွေကတော့ ရီဝေနေဆဲပဲ။

"အား!!! အဲ့အပြုံးလေး အရမ်းမိုက်တယ်!!! ဒါကို ရအောင်ရိုက်!!! "

Orlandoက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တယ်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі